Saturday, October 26, 2013
TechSpace Journal
ငမွဲအဖြစ်အား ရပ်တန့်ခြင်း (၁)
THA
သင်ရဲ့ လစာနဲ့ ပိုက်ဆံတွေ သင့်လက်ချောင်းတွေ ကြားထဲက ထိန်းလို့မရအောင် ကြပ်ပျောက် ငှက်ပျောက် ပျောက်နေပါလား. ? သင့်အနေနဲ့ နေ့ရော ညရော ကြိုးစားပမ်းစားနဲ့ လူနဲ့ မတူအောင် အလုပ်တွေ လုပ်နေရ သလိုမျိုး ခံစားနေရတာတောင် သင်လက်ထဲမှာ ပြစရာ ချူးတစ်ပြားမှ မရှိပါဘူးလား?
ဒီလိုဆိုရင် သင့်မှာ ငွေကြေးသုံးစွဲမှုကို ထိန်းချုပ်တဲ့ အလေ့အကျင့် မရှိတာ ဖြစ်ပါလိမ့်မယ်။ အဲ့ဒီအစား တစ်လွဲ အသုံးပြုနေလို့ ဖြစ်ပါလိမ့်မယ်။ လစာငွေကြေးကို မိမိစီမံမှုအောက်မှာ အကန့်အသတ်နဲ့ထိန်းထားနိုင်တာဟာ ငွေကို ထိန်းသိမ်း ကိုင်တွယ်နိုင်တာထက် သင့်ကိုယ်သင် လေးစား တန်ဖိုးထားတာ ဖြစ်ပြီး၊ ဘ၀ရဲ့ မျှခြေတစ်ခုကို ရှာဖွေနိုင်တာ၊ ဘ၀မှာ သက်တောင့် သက်သာ ရှိအောင် နေနိုင်တာလဲ ဖြစ်ပါလိမ့်မယ်။
ငမွဲဖြစ်ခြင်း ငွေပျက်ခြင်းကို ရပ်တန့်ဖို့ အတွက် သင့်ရဲ့ ဘာအရေးကြီးသလဲဆိုတာတွေကို သင့်တင့်မျှတအောင် ချိန်ညှိဖို့ လိုအပ်သလို သင့်ကိုယ်သင် ဂရုတစိုက်နဲ့ စောင့်လျှောက်ဖို့လည်း လိုအပ်ပါတယ်။
ဒါကိုဘယ်လိုလုပ်မလဲဆိုတဲ့ အချက်တွေကတော့
၁။ သင်ကိုယ်တိုင်မှ စတင်ပါ
အချိန်ရှိတိုင်း ဘိုင်ပျက်ပြီး ငမွဲဖြစ်နေတာဟာ သင့်ကိုယ်သင် တက်နိုင်သလောက် သင်ကိုယ်တိုင် ဂရုတစိုက် မစောင့်ရှောက်လို့ပဲ ဖြစ်ပါတယ်။ သင့်ကိုယ်သင် တန်ဖိုးမထားဘူး ဆိုရင် သင့်ရဲ့ လစာငွေနဲ့ ပိုက်ဆံကိုလည်း ဘယ်လိုနည်းနဲ့မှ တန်ဖိုးထားဖြစ်မှာ မဟုတ်ပါဘူး။ ရတာနဲ့ အလွယ်သုံးပစ် မိပါလိမ့်မယ်။ ငွေသုံးတာ၊ ငွေစုတာ၊ ငွေချေးယူတဲ့ နေရာတွေမှာ သင့်ရဲ့ ဆုံးဖြတ်ချက်တွေဟာ သင့်ရဲ့ ဘ၀မှာ ဘယ်လို အရည်အချင်းမျိုးနဲ့ နေထိုင်သွားမလဲဆိုတာကို သက်ရောက်မှု ရှိပါလိမ့်မယ်။ အောက်မှာ ဖော်ပြမဲ့ အချက်တွေက သင့်ကို ငွေကြေးအရ တည်ငြိမ်မှုရှိတဲ့ အခြေအနေတစ်ခု ရောက်အောင် လမ်းကြောင်းမှန်ပေါ် ပြန်တည့်မတ်ပေး နိုင်ပါလိမ့်မယ်။
- ပိုက်ဆံ သို့မဟုတ် ငွေ အသုံးနိုင်ခြင်း
ပိုက်ဆံ သုံးနိုင်တယ်ဆိုတာ သင့်ရဲ့ ကိုယ်ပိုင်တန်ဖိုးနဲ့ ထပ်တူ မကြပါဘူး။ပိုက်ဆံဟာ သင်ဘာဖြစ်တယ်ဆိုတာကို မဖော်ပြနိုင်သလို သင့်မှာ Power ဘယ်လောက်ရှိတယ်ဆိုတာကို ဖော်ပြနေခြင်းလည်း မဟုတ်ပါဘူး။ တကယ့် Power ဆိုတာက ကိုယ်ပိုင်စွမ်းရည်နဲ့ မိမိ အတွင်းပိုင်းမှာ ရှိတဲ့ အရည် အချင်းပဲ ဖြစ်ပါတယ်။ ပိုက်ဆံကို အသုံးပြုပြီး ငါ့မှာ Powerful ဖြစ်တယ်လို့ ခံစားနေရတာဟာ မိမိအတွင်းမှာ ပိုင်ဆိုင်တဲ့ အရည်အချင်းတွေကို လက်ခံတန်ဖိုးထားခြင်း မပြုဘဲ၊ တစိမ်းပြင်ပြကလူတွေ အသိအမှတ်ပြု လက်ခံတာကို ရရှိအောင် ကြိုးစားယူချင်တဲ့ ပုံစံမျိုး ဖြစ်ပါတယ်။
- Suze Orman ကပြောပါတယ်။ ကျွန်တော်တို့ သိမ်ငယ်နေတဲ့ အချိန်မှာ ငွေကို ပိုသုံးမိကြပါတယ်တဲ့ "spend more than when we feel less than. သင်ဘယ်လောက် အဖိုးတန်တာကို သင်ကိုယ်တိုင် မခံစားမိတဲ့အချိန်မျိုးမှာ သင့်ရဲ့ ငွေအသုံးပြုမှုတွေကို ထိန်းချုပ်လို့ မရတော့အောင်ကို ဖြုန်းတီးမိတက်ပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကို သိမ်ငယ်တယ် ခံစားရပြီး သင့်အနားမှာ ရှိတဲ့ ပိုငွေသုံးနိုင်တဲ့သူတွေနဲ့ အပြိုင် ငါလည်း သုံးနိုင်တယ်ဆိုတာကို ဖော်ပြချင်တဲ့ အတွက်ပဲ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ မိမိရဲ့ အတွင်းပိုင်း အရည်အချင်းတွေကို မကြည့်မိတော့ပဲ ပြင်ပခံစားချက်တွေကိုပဲ ပိုကြည့်မိပြီး ဒါဟာ ကျွန်တော်တို့ကို အဓိက အန္တရာယ်ပေးမဲ့ အချက်ပဲ ဖြစ်ပါတယ်။
- သင့်ကိုယ်သင် မလေးစားနိုင်တဲ့အချက်က သင်မ၀ယ်နိုင်တဲ့ အရာတစ်ခုကိုယ် ၀ယ်ဖို့ပဲဖြစ်ပါတယ်။ အဲ့ဒီ အချိန်မျိုးမှာ သင့်အတွင်းစိတ်မှာ နာကျဉ်ခံခက်ဖြစ်ပြီး၊ ငါလိုချင်တာကို ၀ယ်ဖို့ လုံလောက်အောင် ပိုက်ဆံမပေးနိုင်ခြင်း၊ စားချင်တာကို စားဖို့ ပိုက်ဆံမရှိလေခြင်းဆိုတာမျိုး ဖြစ်ပြီး ဘယ်တော့မှ မကြေနိုင်တော့မဲ့ အကြွေးတွေ ထားမိတာ အကြွေးသံသယာကို စတင်မိစေပါလိမ့်မယ်။ အဲ့ဒီအပြင် အခြားသူတွေကိုလည်း ဒါကိုဖြင့် မလုပ်ပေးနိုင်လေးခြင်းဆိုပြီး အပြစ်ရှာကာ မျက်စောင်းတခဲခဲ ဖြစ်နေပါလိမ့်မယ်။
-နောက်မှားတက်တဲ့ အချက်ဟာ ကိုယ့်လက်ထဲမှာ ငွေ အလုံအလောက် ရှိနေတဲ့ အချိန်မျိုးမှာ အသေးအဖွဲ ငွေပမာဏတွေကို ဂရုမပြုတော့ဘဲ လက်ဖွာမိတာ ဖြစ်ပါတယ်။
- သဘောကောင်းတဲ့ လုပ်ငန်းဖော်က ငွေကြေးအရ ကူညီကောင်း ကူညီပါလိမ့်မယ်။ ဒါပေမဲ့ မိမိကိုယ်တိုင်က ချင့်ချင့်ချိန်ချိန်မသုံးဘဲ အကုန်သုံး၊ မရှိမှ ဘိုင်ပျက် ငုတ်တုတ်ထိုင်နေတာမျိုး အမြဲဆိုရင်တော့၊ မိမိ အသုံးစရိတ်ကို မချိန်တွယ်ဘဲ အရမ်းကာရော သုံးနေတာမျိုး ဖြစ်နေရင်တော့ ဒါဟာ မကောင်းတဲ့အချက် ဖြစ်တဲ့အတွက် ကိုယ်ကိုယ် ငွေကြေးအရ ကူနေတဲ့သူတွေကို ၀န်ထုတ်ဝန်ပိုး ဖြစ်စေပါလိမ့်မယ်။ ငွေကြေးပြဿနာကို အဓိကက မိမိကိုယ်တိုင် မဖြေရှင်းဘဲ သူများမကူလို့ စိတ်အခဲ မကြေဖြစ်နေရင် အလွန်ဟာ မိမိကိုယ်တိုင်ဘဲ ဖြစ်ပါလိမ့်မယ်။
Ref: How to Stop Being Broke by Lisa
လီကွမ်ယု၏ ဖြေကြားချက်များတွင် စင်ကာပူ၏ အိမ်နီးချင်းတို့မှာ မွတ်ဆလင် နိုင်ငံများဖြစ်နေပြီး စင်ကာပူမှာ အကြမ်းဖက် တိုက်ခိုက်မှုများ၏ ပစ်မှတ်တစ်ခု ဖြစ်လာစရာ အလားအလာရှိနေပုံကို ထင်ဟပ်ဖော်ပြထားပါသည်။)
အစ္စလာမ္မစ်အစွန်းရောက်ဝါဒ၏ အနာဂတ်
From : .. the voice
အစ္စလာမ္မစ် အစွန်းရောက်ဝါဒက အနောက်အတွက် ဖန်တီးလိုက်တဲ့ ခြိမ်းခြောက်မှုကဘာလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒရဲ့ ဇာစ်မြစ်တွေက ဘာတွေလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒကို မီးထိုးပေးရာမှာ အစ္စလာမ်ကိုယ်၌က ပါဝင်တဲ့အခန်းကဏ္ဍက ဘာလဲ။ အစ္စလာမ္မစ် အစွန်းရောက်တွေရဲ့ အဓိက ရည်မှန်းချက်တွေက ဘာတွေလဲ။ အစ္စလာမ္မစ် အစွန်းရောက်တွေအတွက် ဒီရည်မှန်းချက်တွေ အောင်မြင်နိုင်စရာ အလားအလာ ဘယ်လောက်ရှိသလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒရဲ့ အနာဂတ်ကို ထိခိုက်စေမယ့် အကြောင်းခြင်းရာတွေက ဘာတွေလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒကို တိုက်ခိုက်ရာမှာ ပျော့ပျောင်းတဲ့ မွတ်ဆလင်တွေ ပါဝင်ရမယ့် အခန်းကဏ္ဍက ဘာလဲ။ အစ္စလာမ္မစ် အစွန်းရောက်ဝါဒက တစ်ကမ္ဘာလုံးရဲ့လုံခြုံရေးကို ဘယ်လောက်ကြာအောင် ခြိမ်းခြောက် အန္တရာယ်ပေးနေမှာလဲ။ ဤမေးခွန်းများအပေါ်
လီကွမ်ယု၏ ဖြေကြားချက်များတွင် စင်ကာပူ၏ အိမ်နီးချင်းတို့မှာ မွတ်ဆလင် နိုင်ငံများဖြစ်နေပြီး စင်ကာပူမှာ အကြမ်းဖက် တိုက်ခိုက်မှုများ၏ ပစ်မှတ်တစ်ခု ဖြစ်လာစရာ အလားအလာရှိနေပုံကို ထင်ဟပ်ဖော်ပြထားပါသည်။
အစ္စလာမ္မစ် အစွန်းရောက်ဝါဒက အနောက်အတွက် ဖန်တီးလိုက်တဲ့ ခြိမ်းခြောက်မှုက ဘာလဲ။
ကွန်မြူနစ်နိုင်ငံတွေနဲ့ ဒီမိုကရေစီ နိုင်ငံတွေအကြားမှာ ကြီးမားတဲ့သဘော ကွဲလွဲမှုမရှိတော့ဘူး။ အခု အဲဒီလို သဘော ကွဲလွဲမှုက မွတ်ဆလင် အကြမ်းဖက်သမား တွေကတစ်ဖက် ယူအက်စ်၊ အစ္စရေးနဲ့ သူတို့ကို ထောက်ခံသူတွေက တစ်ဖက် အကြားမှာရှိနေတာ။ ဆင့်ပွားတိုက်ပွဲ ကတော့ စစ်သွေးကြွ အစ္စလာမ္မစ်နဲ့ စစ်သွေးကြွမဟုတ်တဲ့ ခေတ်သစ်ဝါဒီ အစ္စလာမ်တွေကြားက တိုက်ပွဲပဲ။ လူမှုဖွံ့ဖြိုး တိုးတက်မှုသမိုင်းမှာ အရင်က ရင်မဆိုင်ခဲ့ဖူးတဲ့ အခြေအနေသစ် တစ်ခုနဲ့ ကျွန်တော်တို့ ရင်ဆိုင်နေကြရတာ ဖြစ်တယ်။ ကျွန်တော်တို့မှာ တခြားသူတွေ ထိခိုက်ပျက်စီးဖို့ ကိုယ့်ကိုယ်ကိုယ် လိုလိုလားလား ဖျက်ဆီးပစ်မယ့် လူတစ်စုရှိနေတယ်။ သူတို့အရင် ရှိခဲ့တာက တမီးလ်ကျားတွေ။ ဒါပေမဲ့ သူတို့က အခိုင်အမာရှိတဲ့ အကြောင်းပြချက် တစ်ခုအတွက် တိုက်ခဲ့ကြတာ။ သီရိလင်္ကာက တမီးလ်တွေ နေစရာကိုယ်ပိုင် ဒေသတစ်ခုရဖို့ အတွက်ပဲ။ အခုဟာက ဘာသာရေးခံယူချက်က ပေါက်ဖွားလာတဲ့ တခြား အကြောင်းပြချက် တစ်ခုအတွက်၊ အစ္စလာမ်အတွက် တိုက်နေကြတာ။
အယ်လ်ကေဒါစတိုင် အကြမ်းဖက် ဝါဒက တစ်ကမ္ဘာလုံးအနှံ့ ပျံ့တာကြောင့် ဆန်းသစ်ပြီး တစ်မူထူးတယ်။ မော်ရော့ကို နိုင်ငံက အဖြစ်အပျက်တစ်ခုဟာ အင်ဒိုနီးရှား မှာရှိတဲ့ အစွန်းရောက် အုပ်စုတွေရဲ့ ဆန္ဒဇောကို လှုံ့ဆွပေးနိုင်တယ်။ ကမ္ဘာတစ်ဝန်းလုံးက ဒီအစွန်းရောက်သမား ပေါင်းစုံ တွေထဲမှာ တူညီတဲ့ တစ်ယူသန် အစွဲကြီးစိတ် ရှိတယ်။ ဒီအစ္စလာမ္မစ် အကြမ်းဖက်ဝါဒတွေ တစ်ဟုန်ထိုး အုံကြွလာတာကို နှိမ်နင်းဖို့က နှစ်ပေါင်း အတော်ကြာလိမ့်မယ်။ လောလောဆယ် ကမ္ဘာကြီးမှာ ဒီအကြမ်းဖက်သမား တွေလက်ထဲ ဖျက်အားပြင်း လက်နက်တွေ ရောက်သွားမယ့် အန္တရာယ် ရှိနေတယ်။ ဒီလို သာရောက်သွားခဲ့ရင် ကြောက်မက်ဖွယ် ကောင်းတဲ့ သတ်ဖြတ်ပွဲကြီး ဖြစ်လာလိမ့်မယ်။ ရန်လိုတဲ့ နိုင်ငံတွေရဲ့ နျူကလီးယား အစီအစဉ်တွေကို ဒါကြောင့် ရပ်ဆိုင်းပစ်ရ မယ်။ သူတို့ သိုလှောင်ထားတဲ့ လက်နက်တွေ၊ ပစ္စည်းတွေကိုလည်း သိမ်းရမယ်။
အစ္စလာမ်က ဘာပြဿနာမှ ရှိခဲ့တာ မဟုတ်ဘူး။ သို့သော်လည်း ခေတ်ပြိုင် ရက်ဒီကယ် အစ္စလာမ်ဆိုတဲ့ အစ္စလာမ်ဝါဒက ပြဿနာ။ ရေနံနဲ့ မရောယှက်တဲ့ အစ္စလာမ် ဝါဒက အန္တရာယ် ပေးနိုင်တယ်။ ဒါပေမဲ့ အစ္စလာမ်ဝါဒ အပေါင်း ရေနံကတော့ အန္တရာယ်ပေးဖို့ လွယ်ကူတဲ့ အရောအဖက် ဖြစ်သွားပြီ။ အစ္စလာမ်ဝါဒအပေါင်း ရေနံ အပေါင်း ဖျက်အားပြင်းလက်နက် ညီမျှခြင်း အန္တရာယ်ပဲ။ နျူကလီးယား ထုတ်လုပ်နိုင်စွမ်းရှိတဲ့ အီရန်နိုင်ငံက ပထဝီနိုင်ငံရေး ချိန်ခွင်လျှာကို သိသိသာသာ ပြောင်းပစ်လိမ့်မယ်။ တခြား အရှေ့အလယ်ပိုင်း နိုင်ငံတွေကလည်း နျူကလီးယားလက်နက် ရချင်လာကြလိမ့်မယ်။ WMD (ဖျက်အားပြင်းလက်နက်) အတွက် နျူကလီးယားစွမ်းအင် ထုတ်လုပ်နိုင်စွမ်း ရှိတဲ့ ပစ္စည်းတွေ အကြမ်းဖက် သမားတွေလက်ထဲ ရောက်သွားမယ့် အခွင့်အလမ်း တွေလည်း ပိုများလာလိမ့်မယ်။
အစ္စလာမ္မစ် အစွန်းရောက်ဝါဒရဲ့ ဇာစ်မြစ်တွေက ဘာတွေလဲ။
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခက အစ္စလာမ္မစ် အကြမ်းဖက်ဝါဒ ပေါ်ပေါက်ရတဲ့ အကြောင်းရင်း မဟုတ်ဘူး။ မွတ်ဆလင်တွေ အထူးသဖြင့် အရှေ့အလယ်ပိုင်းက မွတ်ဆလင် တွေကြားမှာ အနောက်က သူတို့အပေါ် နှိမ့်ချ ဆက်ဆံခဲ့တာ ကြာလှပြီ။ အခု သူတို့ခေတ် ရောက်ပြီလို့ အလေးအနက် ယုံကြည်နေကြတယ်။ ၁၉၅၀ ပြည့်နှစ်တွေနဲ့ ၁၉၆၀ ပြည့်နှစ်တွေမှာ အာရပ်မျိုးနွယ်လုံး ဆိုင်ရာ အမျိုးသားရေးဝါဒက မွတ်ဆလင်ကမ္ဘာ စည်းလုံးညီညွတ်ရေးကို ဆောင်ရွက်မပေးနိုင်တော့ အစ္စလာမ် အစွဲသန်စိတ်က ညီညွတ်အောင် ပေါင်းစည်းပေးမယ့် တခြားရွေးစရာ အင်အား တစ်ခုဖြစ်လာခဲ့တယ်။
အောင်မြင်မှု သိပ်မရကြသူတွေ အတွင်းမှာ ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ဖြစ်ပေါ်လာတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကင်းမဲ့စိတ်၊ အပယ်ခံစိတ်တွေပေါ် မှီပြီး စစ်သွေးကြွအစ္စလာမ်က ရှင်သန်တာ။ ဒါ့အပြင် ဂလိုဘယ်လိုက်ဇေးရှင်းကို အဓိက အားဖြင့် ယူအက်စ်က ဦးဆောင်ပြီး မောင်းနှင်တာ ဆိုတော့ စစ်သွေးကြွအစ္စလာမ်က အမေရိကားနဲ့ အမေရိကန်တွေဟာ အစ္စလာမ်ကို ခြိမ်းခြောက်သူအဖြစ် သတ်မှတ်လိုက်ကြတယ်။ အမေရိကားက အစ္စရေးကို အခိုင်အမာ ထောက်ခံတာကလည်း သူတို့စိုးရိမ် ထိတ်လန့်စိတ်ကို ဆွပေးနေတာပဲ။ ဒါပေမဲ့ အရှေ့အလယ်ပိုင်း ပြဿနာ ဖြေရှင်းပြီးသွားရင်တောင် အကြမ်းဖက်ဝါဒက ဆက်ရှိနေဦးမှာ။
အစ္စရေးနိုင်ငံ ထူထောင်လိုက် ကတည်းက အရှေ့အလယ်ပိုင်း အာရပ်တွေက သူတို့ စာသင်ကျောင်းတွေ၊ ဘာသာရေး ကျောင်းတွေ၊ ဗလီတွေမှာ ဂျူးမုန်းတီးရေး၊ အစ္စရေးမုန်းတီးရေးကို သင်ပေးနေ ခဲ့ကြတာ။ ဒါကို အသိမ်းပိုက်ခံ ပါလက်စတိုင်း နယ်မြေထဲ အင်အားကြီးမားတဲ့ အစ္စရေးရဲ့ စစ်ရေး ကျူးကျော်မှုတွေကို ထပ်တလဲလဲပြနေတဲ့ မီဒီယာပုံရိပ်တွေနဲ့ မကြာခဏ အားဖြည့်ပေး ကြတယ်။ ကွက်တိကွက်ကြား စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ အနှစ် ၄၀ နောက်ပိုင်းမှာ တစ်ချိန်က ဂုဏ်ယူ ဝင့်ကြွားလောက်တဲ့ အစ္စလာမ် လူမှုအဖွဲ့အစည်းဟာ အနောက် အထူးသဖြင့် အမေရိကားကြောင့် ဆုတ်ယုတ်သွားပြီး အမေရိကားရဲ့ လိင်မှုကိစ္စလော်လီတဲ့ ယဉ်ကျေးမှုကြောင့် ဖောက်ပြန် ပျက်စီးသွားပြီ ဆိုပြီး အာရပ်တွေ ဒေါသထွက် အရှက်ရကြတယ်။
ပါလက်စတိုင်း ပဋိပက္ခ ချုပ်ငြိမ်းသွားရင် အစွန်းရောက်တွေ အတွက် အလွယ်တကူ လှုံ့ဆော်စည်းရုံးစရာ အချက်တစ်ခု လက်လွတ်သွားမယ်။ ဒါပေမဲ့ အာရပ်နိုင်ငံ တွေနဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေ အုပ်ချုပ်တဲ့ နိုင်ငံတွေမှာ စစ်သွေးကြွ အုပ်စုတွေ ကျရှုံးသွားတာ မတွေ့ရသေးရင် အာရပ်မဟုတ်တဲ့ မွတ်ဆလင်ကမ္ဘာက ဂျမားအစ္စလာမီယားနဲ့ တခြားစစ်သွေးကြွ အုပ်စုတွေက အစွန်းရောက်တွေ စုဆောင်းတာ ဆက်လုပ်နေကြဦးမှာပဲ။ အစ္စရေး- ပါလက်စတိုင်း ပြေငြိမ်းမှု ရသွားရင်တောင်မှ အာရပ်မဟုတ်တဲ့ မွတ်ဆလင်တွေကို တစ်ယူသန်ဝါဒနဲ့ စစ်သွေးကြွလှုပ်ရှားမှုဟာ အောင် မြင်ဖို့ အလားအလာ မရှိကြောင်း ရှင်းရှင်းလင်းလင်း လက်တွေ့ပြသနိုင်အောင် ယူအက်စ်နဲ့ သူ့အနောက်တိုင်း မဟာမိတ်တွေက အစ္စလာမ် စစ်သွေးကြွဝါဒကို စီးပွားရေး၊ စစ်ရေးအပြင် တခြားနည်းလမ်း တွေနဲ့ပါ အသေအချာ ချေမှုန်းပစ်ရမယ်။
အရှေ့တောင်အာရှက အစ္စလာမ်ရဲ့ သဘောသဘာဝက လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ အတွင်းမှာ ပြောင်းလဲသွားခဲ့တယ်။ ပထမဦးဆုံး ၁၉၇၃ ခုနှစ်တုန်းက ရေနံဈေးလေးဆ တက်သွားပြီးတဲ့ နောက်ပိုင်းမှာ ဆော်ဒီအာရေးဗီးယား နိုင်ငံက တစ်ကမ္ဘာလုံးမှာ ဗလီတွေ၊ ဘာသာရေးကျောင်းတွေ ဆောက်ပေးပြီး ဘာသာရေးဆရာတွေ လစာထောက်ပံ့တဲ့ သာသနာပြု လှုပ်ရှားမှုကို ရက်ရက်ရောရော ငွေကြေးပံ့ပိုး ပေးခဲ့တယ်။ အဲဒီနောက် ၁၉၇၉ ခုနှစ် အီရန်မှာ ရှားဘုရင်ကို ဖယ်ရှား ပစ်လိုက်တာက အစ္စလာမ်ရဲ့ ပါဝါအပေါ် မွတ်ဆလင်တွေ ယုံကြည်သက်ဝင်ကြပုံကို အကြီးအကျယ် သြဇာ သက်ရောက်ခဲ့တယ်။
နောက်ဆုံးအနေနဲ့ ၁၉၈၀ ပြည့်နှစ်တွေ နဲ့ ၁၉၉၀ ပြည့်နှစ်တွေအတွင်း အာဖဂန်နစ္စတန် ဂျီဟတ်စစ်ပွဲကို အရှေ့တောင်အာရှက မွတ်ဆလင်ပေါင်းများစွာ ပါဝင် ဆင်နွှဲကြ တဲ့အတွက် အရှေ့တောင်အာရှ မွတ်ဆလင် အတော်များများ အစွန်းရောက်တွေ ဖြစ်သွားကြတယ်။
ကျွန်တော်တို့ဆီက မွတ်ဆလင်တွေကို "ခင်ဗျားတိုလိုက်နာတဲ့ ဘာသာရေး ကျင့်စဉ်တွေက ဘာကြောင့်အလွန်အမင်း စည်းကမ်းကြီးလာကြတာလဲ" လို့ မေးတဲ့ အခါ သူတို့ကဖြေတယ်။ "ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့က ပညာပိုတတ်တယ်။ ဒီတော့ ဘယ်ဟာကို လိုက်နာစောင့်ထိန်း ကြရမယ်ဆိုတာ ပိုသိတယ်" ဒါပေမဲ့ ဒီ့ထက် အရေးပါတဲ့ အကြောင်းရင်းက မွတ်ဆလင် ကမ္ဘာရဲ့ အချက်အချာမှာရှိတဲ့ ဘာသာတူတွေရဲ့ ဖိအားပဲ။ ဗလီတွေ၊ မဒရာဆာ ဘာသာရေးကျောင်းတွေ၊ ဘာသာရေးဆရာ တွေကို ထောက်ပံ့ပေးတဲ့ ဆော်ဒီရန်ပုံငွေ တွေကြောင့် ကမ္ဘာအနှံ့ ဘာသာရေးစိတ် ပြင်းပြမှုတွေ တိုးလာတာနဲ့အမျှ အဲဒီလူတွေ အားလုံးက အသင့်အနေအထားနဲ့ နိုးကြား နေကြတယ်။ အဲဒီနောက် စိတ်ဇောသန်သူ တွေထဲက တချို့ကို ဂျီဟတ်စစ်သည်တွေ ဖြစ်လာအောင် အစွန်းရောက် ရယ်ဒီကယ် တွေက အပိုင်စီး ထိန်းထားလိုက်ကြတယ်။ အယ်လ်ကေဒါနဲ့ သူတို့ဒေသခံ အစွန်းရောက် တွေက ဗလီတွေမှာ သူတို့ကိုယ်ပိုင် ဘာသာရေး သင်တန်းတွေအတွက် သင့်တော်မယ် ထင်တဲ့သူ လူသစ်တွေ စုဆောင်းကြတယ်။
ဒီသင်တန်းတွေမှာ ကမ္ဘာအနှံ့ အဖိနှိပ်ခံ မွတ်ဆလင်တွေ အတွက် တိုက်ပွဲဝင်ဖို့က ဘာသာရေးကိုင်းရှိုင်းတဲ့ မွတ်ဆလင် အားလုံးရဲ့တာဝန်ဖြစ်တယ်။ လိုအပ်ရင် ဒီအရေးအတွက် အသက်ပေးပြီး အာဇာနည်တွေ လုပ်ကြရမယ်လို့ သင်ကြားကြတယ်။
အရှေ့တောင်အာရှမှာ မွတ်ဆလင် တွေက တခြားမွတ်ဆလင်တွေနဲ့ မတူဘူး။ သူတို့က စိတ်အေးလက်အေး ရှိတယ်။ ပေါင်းရသင်းရတာ အဆင်ပြေတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်ကျော်အတွင်း ရေနံအကျပ်အတည်း ဖြစ်ကတည်းက ရေနံဒေါ်လာတွေက မွတ်ဆလင်ကမ္ဘာမှာ အဓိကသြဇာ သက်ရောက်တဲ့ အချက်ဖြစ်လာတယ်။ အစွန်းရောက်တွေက ဘာသာရေး သိမ်းသွင်းတာတွေ လုပ်ခဲ့ကြတယ်။ ဝါဟာဘီဝါဒကို သင်ကြားပေးတဲ့ ဗလီတွေ၊ ဘာသာရေး ကျောင်းတွေ ဆောက်ခဲ့ကြတယ်။ တရားဟော ဆရာတွေ စေလွှတ်ခဲ့ကြတယ်။ ညီလာခံတွေ ကျင်းပခဲ့ကြတယ်။ ကမ္ဘာအနှံ့ ဖြန့်တာ ကွန်ရက်ဖွဲ့တာတွေ လုပ်ခဲ့ကြတယ်။
(တန်ဖိုးအဆင့်သတ်မှတ်တဲ့) ရွှေစံချိန်က ဆော်ဒီအာရေးဗီးယား ဖြစ်တယ်။ ဆော်ဒီအာရေးဗီးယား ဟာ တကယ့်အစစ်အမှန် ဘာသာရေးကိုင်းရှိုင်းတဲ့ မွတ်ဆလင်တွေ ဖြစ်တယ်ဆိုတဲ့ အကြောင်း အရှေ့တောင်အာရှ မွတ်ဆလင်တွေ တကယ်တော့ ကမ္ဘာ တစ်ဝန်းလုံး မွတ်ဆလင်တွေကို တဖြည်းဖြည်းနဲ့ လက်ခံ ယုံကြည်လာအောင် လုပ်ခဲ့ကြတယ်။
အမျိုးသား တွေမှာ ရောဂါ ဝေဒနာ ခံစား ရတာနဲ့ ဆေးကုသမှု ခံယူရတာ တွေကြောင့် လိင်စိတ်လျော့ နည်းမှု ဖြစ်တတ် ပါတယ်။
အမျိုးသား တွေမှာ လိင်စိတ် ဆန္ဒလျော့ နည်းမှု ဖြစ်စေတဲ့ အကြောင်းရင်း တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။
- ပန်းသေ ပန်းညှိုးရောဂါ
ပန်းသေတာ ဒါမှမဟုတ် ပန်းသေ ပန်းညှိုး ရောဂါဟာ လိင်စိတ် လျော့နည်း တာနဲ့ မတူပါဘူး။ လူငယ် ခုနစ်ရာခိုင်နှုန်း ကသာ ပန်းသေ ပန်းညှိုး ဖြစ်တတ် ကြပါတယ်။ ပန်းသေ ပန်းညှိုး ရောဂါက အသက်ကြီးလာ လေလေ၊ ဖြစ်နိုင်ခြေ ပိုများ လေလေပါ။ အသက် ၄၀ အရွယ်မှာ ပန်းသေ ပန်းညှိုးဖြစ်နိုင် ခြေ ၁၂ ရာခိုင်နှုန်း၊ အသက် ၅၀-၅၉ နှစ်အရွယ်မှာ ရောဂါ ဖြစ်နိုင်ခြေ ၁၈ ရာခိုင် နှုန်းနဲ့ အသက် ၆၀ ကျော် အရွယ်မှာ ရောဂါဖြစ် နိုင်ခြေ ၂၅-၃၀ ရာခိုင်နှုန်း အထိ သိသိသာသာ မြင့်တက်လာ ပါတယ်။ ပန်းသေ ပန်းညှိုးရောဂါနဲ့ စိတ်ဖိစီးမှုက အပြန်အလှန် ဆက်နွှယ် မှုရှိပြီး လိင်စိတ်လျော့ နည်းမှုကို ဖြစ်စေနိုင်ပါတယ်။ သတင်းကောင်း အနေနဲ့ ပန်းသေ ပန်းညှိုး ဖြစ်ရတဲ့ အကြောင်းရင်းပေါ် မူတည်ပြီး ဆေး ကုသမှု ခံယူနိုင် ပါတယ်။
- ပူပင်သောကများလွန်းခြင်း
အမျိုးသားတွေမှာ ပူပင်သောက များလွန်းတဲ့ အခြေအနေကြောင့် သုက်လွှတ် စောတာမျိုး ဖြစ်တတ် ပါတယ်။ အဲဒီလို ဖိအားများတဲ့အခါ လိင်စိတ်လျော့ နည်းမှု ဖြစ်ပေါ် တတ်ပါတယ်။
- စိတ်ဖိစီးမှုများခြင်း
လုပ်ငန်းခွင် စိတ်ဖိစီးမှု များပြီး စိန်ခေါ် လုပ်ကိုင်ရ တဲ့အခါ အောင်မြင်အောင် မလုပ်ဆောင် နိုင်ရင် အမျိုး သားတွေက ကိုယ့်ကိုယ်ကိုယ် လေးစား စိတ်လျော့နည်း လာပါတယ်။ ဒီအတွက် ကြောင့်လည်း အိမ်ထောင် ရေးမှာ မသာယာတဲ့ အဖြစ်မျိုး တွေ့ကြုံ နိုင်ပါတယ်။
- ကျန်းမာရေး အခြေအနေ
အမျိုးသား တွေမှာ နာတာရှည် ရောဂါ ဝေဒနာ တွေကြောင့် လိင်မှုဘဝကို ထိခိုက်စေနိုင် ပါတယ်။ ကင်ဆာနဲ့ စိတ်ကျ ရောဂါတို့လို ပြင်းထန်တဲ့ နာမကျန်း မှုတွေကြောင့် လိင်စိတ်ကို လျော့ကျ စေနိုင်ပါတယ်။ နှလုံးသွေး ကြောရောဂါ၊ သွေးတိုး ရောဂါနဲ့ ဆီးချိုရောဂါ တွေကြောင့် မျိုးပွား အင်္ဂါအပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံး ဆီကို သွေးရောက် ရှိမှု လျော့နည်းသွား ပြီး လိင်စိတ်လျော့နည်း စေပါတယ်။ အရက်စွဲ တာနဲ့ အရက်ကို အလွန်အမင်း သောက် သုံးတာ ကြောင့်လည်း လိင်ဆန္ဒကို လျော့ပါး စေပါတယ်။ သိုင်းရွိုက် ပြဿနာနဲ့ ပီကျူထရီဂလင်း အကျိတ် ရှိတာ ကြောင့်လည်း လိင်စိတ်ကို လျော့ကျ စေပါတယ်။
- ဆေးကုသမှု
စိတ်ကျဝေဒနာ ကုသဆေး SSRI ဟာ လိင်စိတ်ကို ဟန့်တားနိုင်သလို သွေးတိုးကျဆေး ကလည်း လိင်စိတ်ကို လျော့ကျ စေပါတယ်။ မူးယစ် ဆေးတွေ သုံးရင်လည်း လိင်စိတ်ကို လျော့ကျ စေပါတယ်။
- အိမ်ထောင်ရေး အဆင်မပြေခြင်း
မပျော်ရွှင်တဲ့ အိမ်ထောင်ရေး အခြေအနေကြောင့် အမျိုးသား တွေမှာ လိင်စိတ်လျော့နည်းမှု ဖြစ်ရသလို အိပ်ခန်း ထဲကို ဒေါသနဲ့ စိတ်ပျက်လက်ပျက် ဖြစ်ကာ စိတ်ကုန်တဲ့ အတွေးတွေ ယူဆောင် သွားတာကြောင့် လိင်စိတ်လျော့နည်း ရတတ်ပါတယ်။
- မွေးကင်းစ ကလေးငယ် ပြုစု စောင့်ရှောက်ရခြင်း
တချို့ အမျိုးသားတွေ အတွက် ကလေးငယ်မွေး ဖွားပြီးနောက် လိင်ဆန္ဒအတွက် အဟန့်အတား ဖြစ်လာ ပါတယ်။ မွေးကင်းစ ကလေးငယ်ကို ပြုစုစောင့် ရှောက် ရတဲ့အတွက် ပင်ပန်းမှုကြောင့် လိင်စိတ် လျော့နည်း ရတတ် ပါတယ်။
Q: ဆရာခင်မျာ။ ကျွန်တော့် အသက်က ၃ဝ နှစ်ဝန်းကျင်ပါ။ ကျွန်တော် မေးချင်တာက လိင်မှုဆက်ဆံရေးနဲ့ ဆိုင်ပါတယ်။ ကျွန်တော့် ရည်းစားနဲ့ လိင်ဆက်ဆံမှု ပြုတဲ့အခါတိုင်း ကျွန်တော့်လိင်အင်္ဂါက စပြီး ၁ဝ မိနစ်လောက်ဆို ကျသွားပါတယ်။ ပြန်မာအောင် လုပ်ပြီး ထပ်လုပ်ပြန်ရင်လဲ၊ ၁ဝ မိနစ် ဝန်းကျင်ဆို ပြန်ပြန်ကျသွားတတ်ပါတယ်။
တခါတခါ ပြီးဖို့လဲ အတော်လေး ကြာတဲ့အပြင် လိင်ဆက်ဆံရင်းနဲ့ မပြီးဖြစ်ဘူး။ အမြဲတမ်း Hand-job လုပ်ပေးမှ ပြီးသွားတတ်ပါတယ်။ တခါ ပြီးရင်တော့ ၁ နာရီလောက် နားပြီး၊ ပြန်ဆွပေးရင် ပြန်မာလာပြန်ပါတယ်။ ဒါပေမယ့် အခုနလိုပဲ လိင် ဆက်ဆံမှု ပြန်နေရင်းနဲ့  ပြန်ကျသွားတတ် ပြန်ပါတယ်။ ကျွန်တော့်ရဲ့ စိတ်ဆန္ဒက လိင်ဆက်ဆံမှုပြုရင်း ပြီးချင်သူပါ။ မိန်းကလေးနဲ့  လိင်ဆက်ဆံတဲ့ အကြိမ် ကျွန်တော့်မှာ အတော်လေး နည်းပါးပါတယ်။ များသောအားဖြင့် Masturbation လုပ်တာ များပါတယ်။ ကျွန်တော် စိုးရိမ်တာက Masturbation အလုပ်များလို့ လက်ရဲ့အားကို လိင်ဆက်ဆံမှုလုပ်တာ မလိုက်နိုင်တာလား၊ ဒါမှမဟုတ် ပန်းသေပန်းညိုးများ ဖြစ်နေပြီလား ဆိုတာကိုပါ။ များသောအားဖြင့် သုက်လွှတ် မြန်တာကို ထိန်းဖို့ ကြိုးစားတဲ့ကြားမှာ ကျွန်တော်က ပြောင်းပြန် ဖြစ်နေတော့ အရမ်းကို စိုးရိမ်နေမိပါတယ်။
A: (မာစတာဘေးရှင်း) ဆိုတာ လူငယ်တိုင်း မကင်းပါ။ သူတို့တတွေ ရည်းစားသနံထား၊ အိမ်ထောင်ရက်သား ကျကြတာပါဘဲ။ ငယ်တုံးက အကျင့်ကြောင့် နောင် ဆက်ဆံရေးကိစ္စမှာ အနှောင့်အယှက် ကြီးကြီးကျယ်ကျယ် မဖြစ်ပါ။
လိင်စိတ်ဝင်စားသူနှစ်ဦး အသားချင်း မထိတွေ့ရခင် ဆန္ဒဖြစ်ပေါ်လာတဲ့အခါ အင်္ဂါစိုစွပ်၊ သန်မာလာတာဟာ စိတ်ကြောင့် ဖြစ်လာတာပါ။ နောက်တဆင့် အင်္ဂါတွေ ထိတွေ့လာရင် ဆန္ဒဖြစ်ပေါ်မှု၊ အင်္ဂါစိုစွပ်မှု၊ အင်္ဂါသန်မာမှုတွေဟာ ပိုမို မြင့်မား လာစေတယ်။ ဒါပေမဲ့ အဲလို အချိန်မျိုးမှာတောင် စိတ်မှာ တစုံတရာ အတားအဆီး ရှိလာတယ်ဆိုရင် နောက်ကို ပြန်ကျ၊ တစ်ကနေ ပြန်စရတယ်။ တယ်လီဖုံးလာလို့၊ တံခါးခေါက်လို့ ဆိုတာမျိုး။ ဒါ ရောဂါတခုရဲ့ လက္ခဏာ မဟုတ်ပါ။ ဇီဝကမ္မ (ဖီဇီယိုလော်ဂျီကယ်) ဖြစ်စဉ်တရပ်သာ ဖြစ်ပါတယ်။
မေးတဲ့သူမှာ ပန်းညှိုးရောဂါ မရှိပါ။ ရှိတဲ့သူတွေက ၁ဝ မိနစ် မပြောနဲ့ စတောင် မစနိုင်ကြရှာပါ။ အင်္ဂါချင်း ထိတွေ့မှုအဆင့် ရောက်နေရင်းကနေ ပြန်ကျသွားတာမျိုးက ပြင်ပပယောဂ မပါဘဲ ဖြစ်တယ်ဆိုရင် ရုပ်ပိုင်းက ကောင်းနေတာမို့ စိတ်ပိုင်းကို ပြင်ဘို့ လိုမယ်။ “အင်္ဂါသန်မာမှု” ဆိုတာ စိတ်ဖြစ်ပေါ်မှုနဲ့ အများကြီး ဆိုင်တယ်။ Viagra ဆေး ဆိုတာတောင်မှ ပန်းသေ-ပန်းညှိုးကို ဆေးတန်ခိုး တခုထဲနဲ့ မဟုတ်ဘဲ၊ စိတ်ထဲက ဖြစ်ပေါ်လာမှ သွေးတွေ ပိုလျှောက်လာလို့ သန်မာလာစေတာ ဖြစ်တယ်။
စိတ်ဖြစ်ပေါ်မှုကို ဘယ်လိုရအောင် လုပ်မလဲ။ ရိုးရိုးပြောရင် စိတ်ကိုနိုးဆွစေနိုင်တဲ့ အတွေး၊ အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့၊ ဆိုတဲ့ အာရုံခြောက်ပါး ဖြစ်ပါတယ်။ တယောက်နဲ့ တယာက် မတူပါ။ ဂီတ၊ အစားအသောက်၊ ကြိုက်တာခြင်း မတူကြသလိုပါဘဲ။ ခက်တာက စိတ်ကို အာရုံတခုမှာ စူးစိုက်ထားနိုင်အောင် လူတိုင်းမလုပ်နိုင်ဘူး။ Zen ကို ဒီလိုကိစ္စနဲ့ တွဲရေးတာမျိုး ဖတ်ချင် ဖတ်ဘူးကြလိမ့်ပါမယ်။
လက်ကိုသုံးလို့ ပိုအဆင်ပြေတာကို ထောက်ရင် လက်ရဲ့ လှုတ်ရှားမှုတွေဟာ စိတ်ကျေနပ်-သာယာမှုကို ပိုပေးနိုင်ပြီး၊ မ အင်္ဂါကို အသုံးပြုခြင်းက ဒီလောက် အဆင်မပြေတဲ့ သဘော ဖြစ်နေတယ်။ အဆင်ပြေအောင် လုပ်လို့ ရပါတယ်။ ကျားနဲ့ မ၊ ရုပ်နဲ့ စိတ်၊ လေးချက်ရှိတယ်။
ကျားအင်္ဂါရဲ့ ခန္ဓာဗေဒနဲ့ ဇီဝကမ္မဖြစ်စဉ်အရ လိင်စိတ်ကျေနပ်မှုကို ဖြစ်စေတဲ့ အချက်အလက်၊ အခြေအနေတွေ သိဘို့ လိုလာတယ်။ Male orgasm ယောက်ျားပြီးခြင်း ကိုဘဲ ရွေးထုတ်ပြောကြ တာပေါ့။ ကိုယ့်လက်ကို အသုံးချတဲ့အခါ ဘယ်နေရာကို နိုးဆွမှုဖြစ်စေသလဲ။ စိတ်ထဲမှာ ဘယ်လို ထင်မြင်-ခံစားနေရင်းနဲ့ ပြီးဆုံးသလဲ။ ကိုယ့်အဖေါ်နဲ့ ဆက်ဆံရာမှာ အဲလို အခြေအနေ မျိုးအတိုင်း ဖြစ်အောင်လုပ်ပါ။
ကျားအင်္ဂါရဲ့ ထိပ်ဖျားပိုင်းဟာ အဓိကကျပါတယ်။ ထိပ်ဖျားပိုင်းမှာ အာရုံကြောတွေ စုဝေးနေတယ်။ တိတိကျကျ ပြောရရင် ထိပ်ဖျား (ခေါင်း) နဲ့ သူ့ရဲ့အောက် အလည်နေရာတွေက အရေးပါတယ်။
အရေပြား တွဲနေသလိုရှိတဲ့ နေရာပါ။ ဆွဲကြည့်ရင် မြားဦးပုံမျိုး။ သူ့ကို ဆွဲတင်းခြင်းဟာ အင်္ဂါကို သန်မာစေအောင် ဖြစ်စေသလို ခံစားမှုလည်း အများဆုံး ရစေတယ်။ လက်ကို အသုံးပြုရင်လည်း ဒါကို ဖြစ်စေအောင် လုပ်တာပါဘဲ။ ဒီတော့ ဆက်ဆံချိန်မှာလည်း အဲဒါမျိုး ဖြစ်အောင်လုပ်ပါ။
မ အင်္ဂါကလည်း အဆင်ပြေဘို့ လိုသေးတယ်။ မွေးလမ်းဟာ ကလေးဖွါးရပြီဆိုတာနဲ့ အနည်းနဲ့အများ ပျက်စီးသွားရတယ်။ မွေးလမ်းကြောင်း ချဲ့မွေး၊ ပြင်ချုပ်ပေးတာတောင် မတူတော့ပါ။ တချို့က ပြန်မချုပ်ဖြစ်ပါ။ ချုပ်အုံးတော့ ချုပ်ရိုး မကောင်းတာ ဖြစ်တတ်တယ်။ ပြန်ချုပ်ရာမှာလည်း ကြွမ်းကျင်မှု လိုသေးတယ်။ ကလေး မွေးဘူးတာနဲ့ မ အင်္ဂါအဝရဲ့ အောက်တည့်တည့် နေရာက စုတ်ပြဲသွားတော့တယ်။ ကလေး မမွေးဘူးရင်တောင်မှ တချို့စုတ်သွားတတ် သေးတယ်။ တင်းအား လျှော့သွားလို့၊ ထိမိစေတာကို နည်းသွားစေတယ်။ မ-အင်္ဂါကို လိုတယ်ထင်ရင် ခွဲစိတ်ပြုပြင်ပြီး၊ အပျိုနဲ့ မခြားအောင် ဆရာဝန်များက ပါရမီ ဖြည့်ပေးနိုင်တယ်။
အပျိုစစ်-မစစ်ဆိုသူတွေမှာ ကွာခြားသွားပါပြီ။ ဒါကလည်း အကောင်း အဆိုးရှိသေးတယ်။ အတွေ့အကြုံ ရလာလို့ ပိုအဆင်ပြေစေတာလည်း ရှိတတ်တယ်။ “တခုလပ်နဲ့ အပျိုစင် ဘယ်ဒင်းသာလို့ယဉ်” ဆိုတာလိုပေါ့။
နောက်ပြီး မ အင်္ဂါအဝသာမက အဲဒီနေရာတဝှိုက်က ကြွက်သားနဲ့ အရွတ်တွေ သန်မာနေဘို့ လိုတယ်။ တချို့ဆိုရင် ထိန်းအား၊ တင်းအား၊ ပင့်အားတွေ လျှော့ကျပြီး၊ Prolapse of the Uterus “သားအိမ်ကျရောဂါ”ဖြစ်ရတယ်။ သားအိမ်ကျတယ် ဆိုတာ ခြုံပြောတာပါ။ အမှန်က သားအိမ်က မွေးလမ်းထဲ၊ မွေးလမ်းအပြင်ကို ထွက်လာတဲ့အဆင့်ထိ မရောက်သေးတာက ပိုတောင် များသေးတယ်။ သားအိမ်ကျတယ်လို့သာ ပြောတာ အမှန်က သားအိမ်ရှေ့က ဆီးအိမ် ကျ (ကြွံ) တာ Cystocele က အဖြစ်အများဆုံး။ ပိုဆိုးသူတွေက မွေးလမ်းနောက် (အောက်) ဖက်မှာရှိတဲ့ အစာဟောင်းအိမ် ကျ (ကြွံ) တာ Rectocele ဖြစ်တယ်။ ကံမကောင်းရင် ဆီးအိမ်၊ သားအိမ်၊ အစာဟောင်အိမ် သုံးခုလုံး တပြိုင်နက် ဖြစ်တယ်။ ခွဲစိတ်လို့ ရပါတယ်။
ကလေးမီးဖွါးရလို့ မဟုတ်ဘဲ၊ အနေအထိုင် လိုလို့ သားအိမ်ကျသူ အပျိုလေးတွေကို ခွဲစိတ်ပေးရဘူးတယ်။ အလေးအပင် မ တာ၊ အထိုင်အထ လုပ်ရတာ၊ အကြာကြီး ချောင်းဆိုးတာ၊ နှာချေတာ၊ ဝမ်းညှစ်သွားရတာ စတဲ့ ဗိုက်ထဲမှာ (ပရက်ရှာ) ဖြစ်စေတဲ့ ဖြစ်စဉ်တွေမှာ မဆင်ခြင်မိလို့ ဖြစ်ကြရတယ်။ (ဗဂျိုင်းနား) ဆိုတာ လုံခြုံမှုရှုဒေါင့်က ကြည့်ရင် (ဝိခ်-ပွိုင့်) အားနည်းချက်တခု ဖြစ်နေတယ်။ ဗိုက်ထဲမှာ တင်းအား၊ ဖိအားဖြစ်လာတိုင်း သူ့အပေါ် သက်ရောက်စေတယ်။ လူကြီး သူမတွေက မိန်းကလေးတွေကို ငယ်ငယ်ကတည်းက “မိန်းကလေးလိုထိုင်” လို့ သင်တတ်တယ်။ ယဉ်ကျေးမှုအရသာမက ကျန်းမာရေး အရပါ ကောင်းတယ်။ ဆောင့်ကြောင့် မထိုင်သင့်ဘူး။
ဒီအင်္ဂါတွေမှာ ခန္ဓာဗေဒအရ အထိန်းတွေက ရှိနေပြီးသားပါ။ အထိန်းတွေဆိုတာ ကြွက်သားတွေနဲ့ အရွတ်ပြားတွေ ဖြစ်တယ်။ ဒါတွေကနေ စုစည်း မ တင်ပေးထားတယ်။ ဒါပေမဲ့ သတိမထားဘဲ၊ မထိန်းဘဲ၊ အမှတ်တမဲ့ဆိုသလို ချောင်းဆိုး၊ နှာခြည်၊ အလေးအပင် မ၊ အထိုင်အထတွေ လုပ်ရရင် ဒီကြွက်သားတွေကို အားနည်း၊ ပျက်စီးစေနိုင်တယ်။ ဒီလိုဖြစ်ရင် စုစည်း မ-တင်ပေးတဲ့အား လျှော့နည်းပြီး၊ ထွက်ပေါက်ဖြစ်နေတဲ့ မွေးလမ်းဆီကို ဦးတည်ပြီး ကျ၊ ထွက်၊ ကြွံ ဖြစ်လာတော့တယ်။ ဆက်ဆံရာမှာ လာထိခိုက်တယ်။
ဒီကြွက်သားတွေက စိတ်ကနေထိန်းလို့ရတဲ့ အမျိုးအစားတွေဖြစ်တာ ကံကောင်းတယ်။ အားနည်းတယ်ဆိုရင် လေ့ကျင့်ခန်း လုပ်ပြီး ပြန်ကောင်းအောင် လုပ်နိုင်တယ်။ Pelvic floor exercise လို့ခေါ်တယ်။ သိပ်မခက်၊ သိပ်အပမ်းမကြီးပါ။ ဘယ် ကြွက်သားတွေလဲ ဆိုတာသိဘို့ အရင်သင်ပေးရတယ်။ ဆီသွားနေတုံး မပြီးခင် ရပ်သွားအောင် အထိန်းခိုင်းတဲ့အခါ နေရာတဝှိုက်က ကြွက်သားတွေကို စိတ်ကနေ ကြုံ့ပေးရတယ်။ ဘယ်ကြွက်သားတွေဆိုတာ သဘောပေါက်ပြီဆိုရင် တကယ် ဆီးမသွားဘဲ နေရင်း-ထိုင်ရင်း၊ အလုပ်လုပ်ရင်း၊ လှဲနေရင်း အဲဒီကြွက်သားတွေကို စိတ်ကနေ တင်းလိုက်၊ လျှော့လိုက် လုပ်ပေးတာက လေ့ကျင့်ခန်း ဖြစ်တယ်။ တခါလုပ်ရင် ၁ဝ-၂ဝ ကြိမ်၊ နေ့တိုင်း ၂ ကြိမ် လုပ်ပါ။
နောက်တချက် လိုသေးတယ်။ (ပိုတက်ဆီယမ်) ဓါတ်ဆား နည်းနေရင် ကြွက်သား အားမကောင်းဘူး။ အစားအစာထဲမှာ နည်းနေတာနဲ့ ဝမ်းပျက်တာတွေကြောင့် ဖြစ်တတ်တယ်။ (ပိုတက်ဆီယမ်) ကြွယ်ဝတဲ့အစားတွေက ငှက်ပြောသီး၊ လိမ်မော်သီး၊ စပျစ်သီး၊ ဆီးသီး၊ ဖရုံ၊ ဟင်းနုနွယ်၊ အာလူး၊ ပဲသီးတောင့်၊ ကွမ်းသီးဂေါ်ဖီထုပ်၊ မုံလာဥ၊ ဒိန်ချဉ်၊ စတာတွေ ဖြစ်တယ်။ လက်ဖက်ရည်ကြမ်းနဲ့ အုန်းရည် သောက်တာ ကောင်းတယ်။ လိုရင် Potassium ဆေးသောက်ပါ။
ဆက်ဆံတာကို ဆက်ကြရအောင်။ ဆက်ဆံနေစဉ် ကျား အင်္ဂါက အပေါ်ဖုံးအရေပြားကလည်း ဆွဲလှန်၊ ဆွဲပိတ်၊ လှုတ်ရှားမှု လုပ်တယ်။ လက်နဲ့လည်း ဒါမျိုလုပ်တာဘဲ။ အင်္ဂါနှစ်ခုလုံး သုံးတာလည်း ဒီဖြစ်စဉ်က အချိန်အများဆုံး ယူရတယ်။ ကျားအင်္ဂါ ထိပ်ဖျားကိုရော ပြောခဲ့တဲ့ ခေါင်းအောက်နေရာ ကိုရော ထိမိစေတာဖြစ်ရင် ခံစားမှု အများဆုံး ရစေတယ်။ မ အင်္ဂါဟာ အဝနဲ့ အတွင်းပိုင်းတွေက မတူကြဘူး။ အဝက ကျဉ်းတဲ့အပြင် ကြွက်သားက လှုတ်ရှားနိုင်တယ်။ ဒါ့ကြောင့် ကျားအင်္ဂါက အာရုံကြော အများဆုံးနေရာနဲ့ မ အင်္ဂါရဲ့ အကျဉ်းဆုံးနေရာ နှစ်ခု ထိမိစေတာဟာ ကျားအတွက် ပြီးချင်စိတ် ပိုစေတယ်။ ပြောခဲ့သလို မ အင်္ဂါကလည်း ကျန်းမာနေမှ ပိုကောင်းတယ်။
နောက်ဆုံးအချက်က မ စိတ်။ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် တယောက်နဲ့ တယောက် လိင်စိတ် အနည်းအများ မတူကြပါ။ အတွေ့အကြုံ၊ အသက်၊ အခြေအနေအရ မတူကြပါ။ (လယ်ဗယ်) တူတွေဆိုရင် အဆင်ပြေဆုံးပါ။ မတူပေမဲ့ တယောက် ယောက်ကနေ ဦးဆောင်နိုင်တယ်။ တဦးနဲ့တဦး ချစ်ခင်စိတ်ရှိသူများမှာသာ အကောင်းဆုံးဖြစ်တယ်။ ကိုယ့် (ပါတနာ) ကိုပါ ပူးပေါင်း ဆောင်ရွက်ဘို့ စည်းရုံးပါ။
တယောက်က ခံစားမှု ကောင်းတဲ့ အခြေအနေဟာ နောက်တယောက် အတွက်လည်း အတူတူဘဲ။ အနေအထား၊ နည်းလမ်း၊ လှုတ်ရှားမှု၊ စကား၊ အနံ့၊ စတာတွေ အားလုံးဟာ နှစ်ဦးလုံးအတွက် အကောင်းဆုံး ဖြစ်နေစေသင့်တယ်။ စိတ်မစောပါနဲ့။ မစိုးရိမ်လွန်းပါနဲ့။ ဆက်ဆံကြတာဟာ တခါတလေ ပြီးပြီးပျောက်ပျောက်၊ တခါတလေ တမေ့တမြော။ တခါတလေ စီစီစဉ်စဉ်။ တခါတလေ ဟောဟောဒိုင်းဒိုင်း။ ဒါ့ကြောင့် အမြဲ (ပါဖက်) ချည်း မဖြစ်တတ်တာမို့ မဟုတ်တဲ့ အခါမျိုးအတွက် သောက မထားပါနဲ့။ အရည်အတွက်ကနေ အရည်အသွေး တိုးတက်လာတာ စုံတွဲတိုင်းပါ။
အောက်က ရေးပြီးသားစာတွေကို အချိန်ရရင် ဖတ်စေချင်ပါတယ်။
1. Physiology of Erection ကျားအင်္ဂါ သန်မာခြင်း၏ ဇီဝကမ္မဗေဒ
2. Early ejaculation (2) သုက်လွှတ်စောခြင်း အဆက်
3. Kegel exercises for Men ယောက်ျားများ စိတ်ဝင်စားကြသည်
4. Masturbation (မာစတာဘေးရှင်း)
5. Early ejaculation (1) သုက်လွှတ်စောခြင်း
By ဒေါက်တာတင့်ဆွေ
၂၀၁၄ တွင် ကားတင်သွင်းခွင့် မူဝါဒအချို့ ပြောင်းမည် ကားဟောင်းအပ်၍ သွင်းသူများကို ၂၀၀၀ မော်ဒယ်မှ အမြင့်ဆုံး ၂၀၀၈ မော်ဒယ် အထိသာ သွင်းခွင့်ပြုမည်
လာမည့် ၂၀၁၄ ခုနှစ်တွင် ကားတင်သွင်းခွင့် ပြုရာ၌ တင်သွင်းခွင့်ပေးမည့် ကားမော်ဒယ်များကို ပြောင်းလဲသွားမည်ဖြစ်ပြီး ကားဟောင်းအပ်၍ သွင်းသူများ အနေဖြင့် ၂၀၀၀ မော်ဒယ်မှ ၂၀၀၈ မော်ဒယ် အထိသာ တင်သွင်းရတော့မည် ဖြစ်ကြောင်း မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီ တာဝန်ရှိသူများထံမှ သတင်းရရှိသည်။
၂၀၁၁ ခုနှစ်မှစ၍ ကားဟောင်းအပ်၍ ကားသစ်ပြန်လည် တင်သွင်းမည့် သူများအား ၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်သို့ ကူးပြောင်းရာတွင် လည်းကောင်း၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်သို့ ကူးပြောင်းရာတွင် လည်းကောင်း တင်သွင်းခွင့် ပြုထားသော အခြေခံ ကားမော်ဒယ်အား တစ်နှစ်စီ တိုးမြှင့်ခွင့်ပြု ပေးခဲ့ခြင်း ဖြစ်သည်။
၂၀၁၁ ခုနှစ် စတင်စဉ်က မော်တော်ယာဉ်ဟောင်း အပ်နှံကာ အသစ်တင်သွင်းမည့် သူများအား အနိမ့်ဆုံး ၁၉၉၅ မော်ဒယ်မှ အမြင့်ဆုံး ၂၀၀၅ မော်ဒယ်အထိ တင်သွင်းခွင့် ပြုထားရာမှ ၂၀၁၂ ခုနှစ်သို့ ကူးပြောင်းရာတွင် ၁၉၉၆ မော်ဒယ်မှ ၂၀၀၆ မော်ဒယ်အထိ ကားများကို တင်သွင်းခွင့်ပြုရန် ပြောင်းလဲ သတ်မှတ်ခဲ့သည်။
ထို့နောက်တွင် ၂၀၁၃ ခုနှစ်သို့ ကူးပြောင်းသည့်အခါ ကားဟောင်းအပ်၍ ကားသစ် သွင်းသူများအား အနိမ့်ဆုံး ၁၉၉၇ မော်ဒယ်မှ အမြင့်ဆုံး ၂၀၀၇ မော်ဒယ်အထိ တင်သွင်းရန် ပြောင်းလဲပြင်ဆင် သတ်မှတ်ပေးခဲ့သည်။
ထိုကဲ့သို့ မော်ဒယ် တစ်နှစ်စီ တိုးသွားသည့် စနစ်အရ ဆိုပါက ၂၀၁၄ ခုနှစ် အရောက်တွင် ကားဟောင်းအပ်၍ ကားသစ်သွင်းသူများ အနေဖြင့် ၁၉၉၈ မော်ဒယ်မှ ၂၀၀၈ မော်ဒယ်အထိ သွင်းခွင့်ရရှိကြမည် ဖြစ်သည်။
သို့သော် လာမည့် ၂၀၁၄ ခုနှစ်တွင်မူ ထိုကဲ့သို့ သွင်းခွင့်ပြုမည် မဟုတ်ဘဲ အနိမ့်ဆုံးအား ၂၀၀၀ မော်ဒယ်မှ အမြင့်ဆုံး ၂၀၀၈ မော်ဒယ် အထိသာ သွင်းခွင့်ပြုတော့မည် ဖြစ်ကြောင်း မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။
လူပုဂ္ဂိုလ် တစ်ဦးချင်း အနေဖြင့် သွင်းခွင့်ပြုသည့် ကားများအတွက်မူ မော်ဒယ်အား ယခင်က ချမှတ်ထားသည့် အတိုင်း ခုနှစ်တစ်ခု ကုန်ဆုံးတိုင်း မော်ဒယ်တစ်နှစ်စီ တိုးပေးသည့် စနစ်ဖြင့်သာ ဆက်လက်ခွင့်ပြု ပေးမည်ဟု သိရသည်။
ထို့အတွက် ယခု ၂၀၁၃ ခုနှစ်တွင် လူတစ်ဦးချင်း ကားတင်သွင်းမှုအား ၂၀၀၈ မော်ဒယ်အထက် အားလုံး တင်သွင်းခွင့် ပြုထားရာ လာမည့် ၂၀၁၄ ခုနှစ်တွင် ၂၀၀၉ မော်ဒယ်နှင့် အထက်ကားများကို တင်သွင်းခွင့် ပြုမည်ဖြစ်သည်။
ကားဟောင်းအပ်၍ ကားသစ်သွင်းသူများအပြင် ကားအရောင်း စင်တာများမှ တင်သွင်းရောင်းချရန် သတ်မှတ်ထားသည့် ကားမော်ဒယ်များကို ပြောင်းလဲသတ်မှတ် ခွင့်ပြုပေးထားကြောင်း သိရသည်။
ယခင်က ကားအရောင်း စင်တာများ အနေဖြင့် ကားဟောင်းအပ်၍ ကားသစ်တင်သွင်းမည့် သူများကိုသာ ရောင်းချရမည့် ကားများကို ရောင်းချခွင့် ပြုထားခြင်း ဖြစ်သော်လည်း ယခုအခါ တစ်ဦးချင်း ပုဂ္ဂိုလ် အနေဖြင့် တင်သွင်းမည့် သူများပါ ၀ယ်ယူနိုင်မည့် ကားများကိုပါ တင်သွင်းရောင်းချခွင့် ပြုထားသည်။
၂၀၁၄ ခုနှစ်တွင် ကားအရောင်း စင်တာများ အနေဖြင့် ကားဟောင်းအပ်၍ ကားသစ် သွင်းသူများအတွက် ၂၀၀၀ မော်ဒယ် မှ ၂၀၀၈ မော်ဒယ်အထိ လည်းကောင်း လူတစ်ဦးချင်း ၀ယ်ယူလိုသူများ အတွက် ၂၀၀၉ မော်ဒယ်မှ ၂၀၁၂ မော်ဒယ်အထိ လည်းကောင်း တင်သွင်းရောင်းချခွင့် ရရှိမည်ဖြစ် ကြောင်း၊ ကားအရောင်း စင်တာများကို ၂၀၁၂ မော်ဒယ်အထိ တင်သွင်း ရောင်းချခွင့် ပြုထားပြီး ၂၀၁၃ မော်ဒယ်နှင့် ၂၀၁၄ မော်ဒယ် ကားသစ်များကို တင်သွင်းရောင်းချခွင့် မပြုကြောင်း သိရသည်။
၂၀၁၃ မော်ဒယ်နှင့် ၂၀၁၄ မော်ဒယ်များကို ကားသစ်သီးသန့် တင်သွင်းရောင်းချမည့် ကားအရောင်း ပြခန်းများကိုသာ တင်သွင်းရောင်းချခွင့် ပြုမည်ဖြစ်ပြီး ၎င်းတို့ အနေဖြင့်လည်း ဘယ်မောင်းကားသစ် သီးသန့်ကိုသာ တင်သွင်းရောင်းချရန် သတ်မှတ်ထားကြောင်း သိရသည်။
Source: Eleven media group
Subscribe to:
Posts (Atom)