Saturday, March 22, 2014
ပါကင်ဆန်ရောဂါ အကြောင်း ...........
ပါကင်ဆန် (Parkinson ) ရောဂါဆိုတာ ဦးနှောက်နှင့် အာရုံကြောပိုင်းဆိုင်ရာဖြစ်သော ရောဂါတစ်မျိုးပါ ။ ဇရာတရားကြောင့် အသက်ကြီးသည့် လူကြီးပိုင်းများတွင် အဖြစ်များသောရောဂါလည်းဖြစ်ပါသည် ။ အသက်ကြီးရင့်လာသည့်နှင့်အမျှ ခန္ဓာကိုယ့်သည် ငယ်ရွယ်စဉ်ကဲ့ လှုပ်ရှားဆောင်ရွက်နိုင်ခြင်း မရှိတော့ဘဲ လေးလံနှေးကွေးလာခြင်း ၊ တုန်တုန်ရီရီများဖြစ်ပေါ်လာပါသည် ။ အသက်အရွယ်အပိုင်းခြားကြောင့် အသက်ကြီးရင့်သည့် သူများတွင် အာရုံကြောများအားနည်းလာခြင်း ဦးနှောက်နာ့ဖ်ကြောတွေ ပျက်ဆီးယိုယွင်းလာခြင်းတို့ ကြောင့် ပါကင်ဆန်ဆိုသည့်ရောဂါကို အသက်ကြီးပိုင်းအရွယ်များတွင် ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည် ။
ရောဂါလက္ခဏာများမှာ ခြေတွေလက်တွေ မှာရှိသည့် ကြွက်သားနေရာတွေများ တင်းတင်းဖြစ်ပြီး ကွေးရဆန်ရမကောင်းဖြစ်လာခြင်းကြောင့် လမ်းလျှောက်သည့်အခါ ခြေလက်တွဲလျှောက်ရတာ ခက်ခဲမှု့ တွေဖြစ်လာမယ် ။
လက်တွေ ခြေတွေ တုန်တုန်ရီရီဖြစ်လာမယ် ။ လက်ခြောက်လေးတွေ တုန်တုန်ခါခါနေသည့်အချိန်ဆိုရင် ရောဂါအနေဖြင့် အဆိုးဆုံးဖက်သို့ ရောက်ရှိသည့် အချိန်ပိုင်းတွင် အဖြစ်များပါသည် ။
မိမိကိုယ်တိုင်ပင် မတ်တပ်ရပ်ဖို့ ပင် အနေအထားအဖြစ်သို့ ရောက်ရှိလာပြီး ရပ်လိုက်ရင်ဖြင့် လဲသွားမည့် အနေအထားအဖြစ်ဖြစ်ပေါ်လာပါသည် ။ ထိုအချိန်မျိုးတွင် လဲခြင်းဖြစ်ပေါ်လာပါက အရိုးကျိုးခြင်း အရိုးအက်ခြင်း ဖြစ်ပြီး အိပ်ယာထက်ပေါ်တွင် လဲနေရသည့်အနေထားဖြစ်ပြီး မိမိကိုယ်တိုင်ပင် လမ်းပင် မလျှောက်နိုင်တော့ဘဲ တွန်းလှည်းဖြင့် သွားလာရသည့် အနေအထားအဖြစ်သို့ ပင် ဖြစ်ပါသည် ။
ပါကင်ဆန်ရောဂါဖြစ်ပါက ကုသရန် မလွယ်ကူသော ရောဂါတစ်မျိုးလည်းဖြစ်ပါသည် ။
လူနာကို အမျှင်များသောအစားအစာများကို ကျွေးပါ ၊ အဆီအဆိမ့်များသော အစားအစာများလုံးဝရှောင်ပေးပါ ၊ မပင်ပန်းသော ကိုယ်လက်လေ့ကျင့်ခန်းများကို လုပ်ဆောင်ပေးပါ ၊ စိတ်ပျော်ရွှင်စေသော စကားများဆိုခြင်း ပြသပေးခြင်းလုပ်ဆောင်ပေးပါ ၊ စိတ်တည်ငြိမ်စေရန် တရားအလုပ်ပေးပါ ၊ မိတ်ဆွေအပေါင်းအသင်းများနှင့် မကြာမကြာတွေ့ ဆုံ စကားပြောပြောခြင်းဖြင့် စိတ်ဓာတ်ခွန်အားကို ပေးပါ ။
အနှစ်ချုပ်အနေဖြင့် ပြောလိုသည်မှာ သက်ကြီးအရွယ် ဇရာအိုသောအချိန်ခါမှာ ပါကင်ဆန်ရောဂါစွဲကပ်သည်လူနာကို မိသားစုဝင် သားသမီးများ ၊ဆွေမျိုးများနှင့် ကျန်းမာရေး စောင့်ရှောက်သူများ တို့ သည် အသက်ကြီးရွယ်အို ဘဝတွေဆိုပြေစေဖို့ အတွက် နှလုံးသားလှ စိတ်ကောင်းများ ဖြင့် ကြင်ကြင်နာနာ ကူညီဖေးမ စေတနာထားကာ စောင့်ရှောက်ပေးကြပါ ။
အသက်ရာကျော် ရှည်ပါစေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment