Saturday, August 23, 2014

ဆေးနဲ့ တွဲဖက် မစားသင့်တဲ့ အစာများ

ဆေးနဲ့ တွဲဖက် မစားသင့်တဲ့ အစာများ လူတွေ အများ စုက ဆေးကို ဘယ်အ ရည်နဲ့ မဆို သောက်ရင် ပြီးရော ဆိုပြီး ဖြစ်သလို နေတတ် ကြပါ တယ်။ဒါပေမယ့် ဆေးတွေ မှာလည်း သူတို့နဲ့ တွဲဖက် စားမ သုံးသင့်တာတွေ ရှိပါတယ်။အဲဒါ တွေက တော့... ၁။ Grape Fruit Juice က ဆေးတွေကို ချေဖျက် စေပါ တယ်။ ၂။Orange , tomato Juice ပိုးသတ် ဆေး ပိဋိဇီဝ ဆေးကို ခန္ဒာက စုပ်ယူခြင်း ကို နှောက်ယှက် စေပါ တယ်။ ၃။ အစိမ်း ရောင်ရှိ ဟင်းသီိး ဟင်းရွက် (ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ကညွန့်...) စတာ တွေက vitamin-K ဓာတ်တွေ အများကြီး ပါဝင် ပါတယ်။vitamin-K များ တာက သွေးကြဲ ဆေးကို သောက်သူတွေ အတွက် နှောင့်ယှက်ပါတယ်။ ၄။ နို့ နဲ့ နို့်ထွက် ပစ္စည်း ဆိုရင် သံဓာတ်စုပ် ယူမှု နှောက်ယှက် စေတာကြောင့် သံဓာတ် အားဆေး နဲ့ သံဓာတ် ချို့တဲ့သူဟာ နို့ နဲ့ နို့ထွက် သောက်ရာ မှာ သတိထား သင့်ပါ တယ်။ ၅။ Fibers က ဆေးစုပ် ယူမှု ပြောင်းလဲ စေပါ တယ်။ဆေးတိုင်းနဲ့ မတွဲသင့်ပါ ဘူး။နှလုံးဆေး , Digitals ,Penicillin စတဲ့ ဆေး အချို့နဲ့ တွဲဖက် မစားသင့် ၆။ Coffee , Cola စတဲ့ ကာဖင်း ပါတဲ့ အစား အသောက်က ပန်း နာရင် ကျပ် ဆေး အာနိ သင်နဲ့ တူပါတယ်။asthma ဆေး ဖြစ်တဲ့ thephylline စတာ သောက်ရင် caffeine မသောက် သင့်ပါဘူး။နိုးကြား စေပါ တယ်။ဒါကြောင့် ဆန့်ကျင်ဘက် ဆေးတွေကို မသုံးသင့်ပါဘူး။ ၇။ Wine နဲ့ Cheese တွဲ ဖက်သောက်ရင် စိတ်ဓာတ် ကျရာမှာ သုံးတဲ့ Anti-depressant ဆေးရဲ့ မကောင်းတဲ့ အာနိသင် ထက်တောင် ပိုဆိုးနိုင် ပါတယ်။ အခန့် မသင့် ရင် အသက်တောင် သေစေ နိုင်ပါ တယ်။ ကဲ...ဘယ်လိုပဲ ဖြစ်ဖြစ် နော် ဆေးတွေကို ရေနဲ့ သောက်တာ အန္တရာယ် အကင်း ဆုံးပါပဲ...... health digest

Auto CAD သင်ကြားရေးစာအုပ်များစုစည်းမှု ( ၄ အုပ် )

Auto CAD သင်ကြားရေးစာအုပ်များစုစည်းမှု ( ၄ အုပ် ) ၁၀.စာအုပ်စဉ်ပြတိုက်Add PhotosTagEdit Auto CAD သင်ကြားရေးစာအုပ်များစုစည်းမှု ( ၄ အုပ် ) အတွဲလိုက်အဆက်သင်ကြားရေးစာအုပ်များဖြစ်ပါသည် ... သက်သက်စီမပာုတ်ပါ ... Credit To MM ITHELPER AUTO CAD ( အပိုင်း ၁ ) - http://adf.ly/cebaX AUTO CAD ( အပိုင်း ၂ ) - http://adf.ly/ceble AUTO CAD ( အပိုင်း ၃ ) - http://adf.ly/cebpZ AUTO CAD ( အပိုင်း ၄ ) - http://adf.ly/cebuA အပိုင်း (၄) မှာသင်ကြားရေး Video တွေပါ ၊ ပါပါတယ်

ချစ်သူအားရင်တုန်စေမည့်အနမ်း (၁၀)မျိုး

ချစ်သူအားရင်တုန်စေမည့်အနမ်း (၁၀)မျိုး လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျား/မ မရွေးအတွက် ရည်စူးပြီး ကောင်းရာညွှန်လက်လိုက်ပါတယ် :D (၁) ရေတံခွန်အနမ်း= ချစ်သူနဲ့တွေ့တဲ့အခါ တောင်အမြင့်ပေါ်က စီးကျလာတဲ့ ရေတံခွန်လို ချစ်သူ့ကိုယ်လုံးလေးကို ခပ်ကြမ်းကြမ်း ပွေ့ဖက်ထားပြီး အားပါးတရ တရစပ် နမ်းခြင်း။ (၂) ရွှင်ပျော်ပျော်အနမ်း= ချစ်သူ့ကိုယ်ပေါ်မှာရှိတဲ့ ယားတတ်တဲ့ နေရာတွေကို လက်ချောင်းလေးတွေနဲ့ တို့ဆိပ်ရင်း ရယ်ရွှင်လာ အောင်လုပ်ပြီးမှ နမ်းခြင်း၊ (၃) ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀အနမ်း= ချစ်သူရဲ့နှုတ်ခမ်းကို ငုံစုပ်ပြီး မနမ်းပဲ အပေါ်ယံနှုတ်ခမ်းသားလေးတွေအပေါ် လျှာဖျားလေးနဲ့ တို့ထိကလိ ပေးလျှက် နမ်းခြင်း၊ (၄) စွမ်းအင်ပြည့်အနမ်း= နှုတ်ခမ်းကို လုံးဝမထိမိစေပဲ ချစ်သူ့တစ်ကိုယ်လုံးကို ရင်ခွင်ထဲထည့်ကာ ချစ်သူ့ကျောပြင်ကို လက်ချောင်း များဖြင့် ပွတ်သတ်ပေးခြင်းဖြင့် နမ်းခြင်း၊ (၅) ရေခဲစိမ်အနမ်း= ပူအိုက်တဲ့ရာသီမှာ ချစ်သူနဲ့အတူ ရေခဲမုန့်စားခြင်းဖြင့်ဖြစ်စေ၊ အအေးသောက်ခြင်းဖြင့်ဖြစ်စေ၊ နှစ်ဦးစလုံးရဲ့ နှုတ်ခမ်းများကို အေးစက်အောင်လုပ်ပြီးမှ နမ်းခြင်း၊ (၆) မူဟန်ကြွယ်အနမ်း= ချစ်သူနဲ့အတူနေတဲ့အခါ အလျှင်စလိုမနမ်းမိစေပဲ ချစ်သူလိုလားမှန်းသိသည့်တိုင် မသိယောင်ဆောင်နေပြီး သူ့ဘက်က အငမ်းမရတောင်းတလာမှ နမ်းခြင်း၊ (၇) တူးတူပုန်းအနမ်း= ချစ်သူနဲ့ပြေးလွှားဆော့ကစားရင်း ကိုယ်အချင်းချင်းပွတ်သတ်ထိတွေ့စေပြီး ပျော်ရွှင်အူမြူးအောင်လုပ်ပြီးမှ နမ်းခြင်း၊ (၈) အာရှအနမ်း (သို့) မွှေးမွှေးပေးခြင်း= နှုတ်ခမ်းချင်းမထိစေပဲ ချစ်သူရဲ့ နဖူးပြင်၊ ပါးပြင်စသည်ကို မွှေးမွှေးပေးခြင်းဖြင့်နမ်းခြင်း၊ (၉) သကာစိမ်အနမ်း= ချော့ကလက်သကြာလုံးစသည်ကို တစ်ဦးပါးစမ်းထဲ တစ်ဦးပါးစပ်ဖြင့်ထည့်ပေးလျှက် အပြန်အလှန်နမ်းခြင်း၊ (၁၀) ငတက်ပြားအနမ်း= ချစ်သူနဲ့အတူ တွဲသွားတဲ့အခါ ပတ်ဝန်းကျင်လူ အခြေအနေကြည့်လျှက် လစ်ရင်လစ်သလို နမ်းခြင်း၊ ဟု အနမ်း (၁၀)မျိုးကို မှတ်သားရပါကြောင်း။ Credit - Original Writer

ကျရှုံးမှုကို စိန်ခေါ်မှုအဖြစ် အစားထိုးခြင်း

ကျရှုံးမှုကို စိန်ခေါ်မှုအဖြစ် အစားထိုးခြင်း +++++++++++++++++++++ လက်ရှိဆုံးရှံးသွားတဲ့ အခွင့်အရေးတစ်ခုအပေါ် ခံစားနေမယ့်အစား နောက်ထပ် ရရှိလာမည့် အခွင့်အရေးအတွက် စိန်ခေါ်မှုတစ်ခု အသွင် ပြောင်းလဲပစ်ကြရမည်။ ဘ၀မှာ ကြိုးစားမှုနဲ့ လိုက်ပြီး အခွင့်အလမ်းအသစ်တွေများစွာရောက်လာတတ်ပါတယ်၊ ဒါက ရှေ့ ဆက်ရင်ဆိုင်ဖို့  လက်တို့ လိုက်တာလည်း ဖြစ်သည်။ ဒါနဲ့ ပက်သတ်ပြီးတော့ ပြောစရာလေး တစ်ခုရှိလာပါသည်။ ဂျက်ဖရီအာချား( JEFFREY ARCHER)လို့ ပြောလိုက်တာနဲ့ သူ့ရဲ့တတိယ မြောက် KANE and ABLE ဆိုတဲ့စာအုပ်လေးကို မြင်မိမယ်ထင်ပါတယ်။ သူရဲ့ ပထမဆုံး နာမည်ကျော်စာအုပ်ကလေး ဖြစ်လာပုံဟာ တော်တော် စိတ်ဝင်စားဖို့ ကောင်းပါသည်။ ဂျက်ဖရီအာချားက သန်းကြွယ်သူဌေးပေါက်စလေးပါ။ ၁၉၇၃ ခုနှစ်၊ ကနေဒီယံကုမ္ပဏီမှာဒေါ်လာတစ်သန်းရင်းနှီးမြှုပ်နှံဖို့ စီးပွား ရေးနယ်ပယ်က မိတ်ဆွေတွေက သူ့ ကို တိုက်တွန်းကြသည်။ သူကလည်း ပွပြီဆိုပြီးတော့ ပိုင်ဆိုင်သမျှ ဒေါ်လာတစ်သန်းကို အကုန်လုံးကို အစုရှယ်ယာအဖြစ် ရင်းနှီးမြှုပ်နှံလိုက်ပါသည်။ နောက်တစ်နှစ်ခန့် ကြာတော့ " စကော့တကန်ယာ့ဒ် " စုံထောက်အဖွဲ့ ကြီးက တာဝန်ရှိတဲ့သူတွေ သူ့ ဆီရောက်လာပြီး 'လူကြီးမင်း မြှုပ်နှံရင်းနှီးထားတဲ့ အစုရှယ်ယာတွေ တစ်ပြားမှ တန်ဖိုးမရှိတော့ဘူး၊ အားလုံးအသုံးမကျတဲ့ စက္ကူစုတ်တွေ ဖြစ်ကုန်ပြီ ' လို့ ပြော ကြသည်။ ဒီလိုနဲ့ သူလည်း သန်းကြွယ်သူဌေးပေါက်စလေးဘ၀ကနေ ချူးတစ်ပြားမှမရှိတော့တဲ့ ဘ၀ကိုနေ့ ချင်း၊ ညချင်းကို ရောက်သွားပါ သည်။ လက်ရှိအချိန်မှာ သူက အင်္ဂလန်အောက်လွှတ်တော်ရဲ့ အသက်အငယ်ဆုံး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်ပါ သည်။ ထိုသို့ အလိမ်ခံရတဲ့ဂယက်ကြောင့် နောက်နှစ်မှာ သူ့ ကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှလည်း ရပ်နားလိုက်ရသည်။ ဒါပေမယ့် ဂျက်ဖရီအာချားကတော့ ဒါကို အဆိုးလို့ မမြင်ဘူး၊ အရှုံးမပေးဘူး။ မိမိစီးပွားရေးပါးမ၀လို့ သာ ခုလို အလိမ်ခံရတာပဲလို့  သဘောထားလိုက်သည်။ ဒါကို အကြောင်းပြုပြီး ' Not A Penny More, Not A Penny Less ' (မပိုကြေး၊ မလိုကြေး) အမည်ဖြင့် ၀တ္ထုတစ်ပုဒ်ရေးထုတ်လိုက်ပါသည်။ ဒီဝတ္ထုဟာ ၁၉၇၆ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ ဂျိုနေသန်ကိပ်စာအုပ်တိုက်မှ ထုတ်ဝေခဲ့ရာ ယနေ့ အထိ ရိုက်မလောက်ရောင်းတိုင်းစွံ နေတုန်းပါပဲ။ ဒီအချိန်ကစပြီး ဂျက်ဖရီအာချားရဲ့ဘ၀လည်း လုံးဝပြောင်းလဲပြီး သန်းကြွယ်စာရေးဆရာတစ်ယောက်အဖြစ်သို့ ရောက် ရှိသွားသည်။ ပြောချင်တာက ပြောင်းလဲလိုက်တဲ့အမြင်တစ်ခုဟာ ဘ၀ရဲ့စိန်ခေါ်မှုတစ်ခု ဖြစ်လာခြင်းဆိုတာလေးပါ။ ငွေတွေသန်းချီပြီး ရှုံးတာကို မခံစားဘဲ၊ အခြားအမြင်တစ်ခုကနေပြောင်းလဲပြီး မဆုတ်မနှစ်ကြိုးပမ်းအားထုတ်လိုက်တဲ့ ဂျက်ဖရီအာချားက ဒါကို သက်ပြေခဲ့တာပါ။ အခွင့်အရေးဆိုတာ တစ်ကြိမ်တည်းလာတာ မဟုတ်ပါဘူး၊ ကြိုးစားနေရင် အကြိမ်ကြိမ် ရောက်ရောက်လာပါသည်။ သို့ သော် အမြဲတမ်း တော့ ရောက်မလာဘူးပေါ့။ ရှုံးနိမ့်သွားတာ မပြစ်မဟုတ်ပါဘူး၊ ဆက်ပြိုင်လိုစိတ်မရှိတော့ခြင်းသာ အပြစ်ပါ။ လဲကျတာ အပြစ်မဟုတ်ပါ၊ ပြန်ပြီးမထတော့ခြင်းကသာ အပြစ်ဖြစ်ပါသည်။ ကျရှုံးမှုတွေကို အောင်မြင်မှုတဖြစ် ပြောင်းလဲလာအောင် စိန်ခေါ်မှုနဲ့ ပြောင်းလဲမြင်လိုက် ရအောင်ပါ။ (JEFFREY ARCHER ရဲ့ KANE and ABLE ကို မောင်ပေါ်ထွန်းဘာသာပြန်တဲ့ 'ကမ္ဘာရန်' စာအုပ်ထဲမှတစ်ချို့  ကောက်နုတ်တင်ပြ ထားပါသည်)
မြန်ဆန်လွန်းတဲ့ အင်တာနက်ခေတ်မှာ Q သောသူ နှင့် ချစ်သောသူကို ကွဲကွဲပြားပြား သိဖို့တော့လိုလိမ့်မယ်…. Q သောသူ - ညသန်းခေါင် မင်းဆီဖုန်းဆက်ပြီး ညဥ့်နက်သည်အထိ ဖုန်းပြောတတ်တယ်။ ချစ်သောသူ - သင့်ကို ညသိပ်မနက်ဖို့ပြောလိမ့်မယ်။ Q သောသူ - သူကမင်းကို လုပ်စရာရှိတာမလုပ် ခိုင်းဘဲ သွားလည်ဖို့ခေါ်လေ့ရှိတယ်။ ချစ်သောသူ - သူကမင်းကို အလုပ်ကောင်းကောင်းလုပ် ဖို့လောဆော်နေလိမ့်မယ်။ Q သောသူ - မင်းနေမကောင်းချိန်မှာ၊ နားဝင်ချိုတဲ့စကားတွေပြောပြီး မင်းကိုဂရုစိုက်ပြလိမ့်မယ်။ ချစ်သောသူ - မင်းနေမကောင်းချိန်မှာ၊ သူ့ဂရုစိုက်မှုတွေက စိတ်ရှုပ်လောက်အောင်ကို ရှိပြီး ဆရာဝန် အတင်းသွားကြည့်ခိုင်းတတ်တယ်။ Q သောသူ - သူကမင်းကို စကားအကောင်းတွေပြောပြီး မင်းရဲ.နှစ်သက်မှုကိုရယူဖို့ ကြိုးစားလေ့ရှိတယ်၊ မင်းကလဲဒါကိုဘဲ မွေ့လျော်နေတတ်တယ်။ ချစ်သောသူ - သူပြောသမျှစကားတွေက မင်းကိုဂရုစိုက်တဲ့စကားတွေဖြစ်ပြီး အများအားဖြင့် မင်းကို အမိန့်ပေးတာမျိုးနဲ့ပြောလေ့ရှိတယ်။ Q သောသူ - သူကမင်း အလိုကိုလိုက်တတ်ပြီး မင်းပျော်နေရင်ရပြီ။ ချစ်သောသူ - သူကမင်းကို အမှားအမှန်တွေ ခွဲခြားပြတတ်ပြီး မင်းကတော့သူ့ကို တော်တော်လျှာရှည်တတ်သူလို့ သတ်မှတ်တတ်တယ်။ Q သောသူ - သူကမင်းကို အပျော်ဆုံးပေးမယ်လို့ ပြောလေ့ရှိတယ်။ ချစ်သောသူ - သူကတော့ မင်းကို သူနဲ့အတူရှိနေခြင်းဟာ သူ့ရဲ. အပျော်ရွှင်ဆုံးအချိန်ဆိုတာကိုဘဲ ကတိပေးလိမ့်မယ်။ Q သောသူ - သူက မင်းရဲ. လှုပ်ရှားမှု အသေးစိတ်ကို သတိထားလိမ့်မယ်၊ မင်းမှားတာလုပ်မိရင်တောင် မင်းကို ထောက်ပြမှာမဟုတ်ဘူး။ ချစ်သောသူ - သူက မင်းရဲ. လုပ်ပုံကိုင်ပုံ ကို သတိထားပြီးဘယ်နေရာမှာ မှားနေလဲဆိုတာကို ထောက်ပြလိမ့်မယ်။ ဘယ်နေရာမှာ ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုလူတွေနဲ့ဆက်ဆံရမှာကို ပြောပြလေ့ရှိတယ်။ Q သောသူ - မင်းဘာလုပ်နေသလဲ၊ ဘယ်သူနဲ့ တွဲနေသလဲဆိုတာကို ဂရုစိုက်မှာမဟုတ်ဘူး။ ချစ်သောသူ - မင်းဘာတွေလုပ်နေသလဲ၊ ဘယ်သူနဲ့တွဲနေလဲ ဆိုတာကို အရမ်းအလေးထားတတ်ပြီး မင်းကို ဘယ်လိုလူတွေနဲ့ မပေါင်းသင့်ဘူးဆိုတာကို သတိပေးတတ်တယ်။ Q သောသူ - သူကအခုချိန်ကိုဘဲစဉ်းစားတယ်။ ချစ်သောသူ - သူကရှေ့ရေးကိုတောင်မျှော်မှန်းနေပြီး မင်းစိတ်ချမ်းသာအောင် ဘယ်လိုကြိုးစားရမလဲဆိုတာကို တွေးခေါ်တတ်တယ်။ Q သောသူ - သူက ငါမင်းကို ကြိုက်တယ်လို့ ပြောလေ့ရှိတယ်။ ချစ်သောသူ - သူကတော့ ငါမင်းကိုချစ်တယ် လို့ ပြောတတ်တယ်။ တကယ်လို့မင်းသာ တစ်ယောက်ယောက်ကို ချစ်ခဲ့ဖူးတယ် သို့မဟုတ် ချစ်ခံ ခဲ့ ရဖူးတယ်ဆိုရင်တော့ ဒီစာတွေဟာသိပ်ကိုမှန်ကန်တယ်လို့ ခံစားရပါလိမ့်မယ်။ Credit : HZ Zane

ကျောက်ကပ်ရောဂါအတွက် ဆေးတစ်လက်

ကျောက်ကပ်ရောဂါအတွက် ဆေးတစ်လက် ======================= လရောင်ရဲ့ ဖခင်ဟာ ကျောက်ကပ်ပျက်စီးသွားသောကြောင့် ကျောက်ကပ်တု သွေးသန့် စင်ခန်း မှာ သုံးရက်လျင် တစ်ကြိမ် ၅၀၀၀၀ ခန့်  ကုန်ကျ နေ ပါ တယ် ။ လေး ရက်မြောက် ဆေးမဲ့ နေ့  ညမှာ လုံးဝ အိပ်စက်ဖို့  အဆင် မပြေ ဖြစ်လာရှာ ပါတယ် အရမ်းအမော လာပါတယ် ။ ယ္ခု အခါ (ကုန်းကတက် ) ပင် ရဲ့ အခေါက်ကို သွေး ပြီး သံပုရာသီး အစစ်နဲ့ တစ်နေ့  တစ်ကြိမ် သောက်သုံး လာခဲ့ ရာ ခြောက်ရက်လျင် တစ်ကြိမ်သာ ကျောက်ကပ်ဆေး ခြင်း ပြုလုပ် နေရပြီး ညစဉ်တိုင်းမှာလည်း လုံးဝ မမော တော့ပါ ။ အခြားအမော ရောဂါသည် များလည်း သိသာစွာ သက်သာ လာပါတယ် ။ မန္တလေးတိုင်း အတွင်းမှာပင် ကျောက်ကပ် ပျက်စီးသူ ၁၀၀၀ ခန့် ရှိနိုင် ပြီး တစ်နိုင်ငံလုံး အတိုင်းတာဖြင့် ဆိုလျင် များစွာ ရှိနေပါလိမ့် မယ် ။ ထိုရောဂါ စွဲကပ်လာပါက မည်သူုမဆို တစ်လ လေးသိန်း ငါးသိန်းခန့်  ကုန်ကျပါမှ အသက်ရှင် နေထိုင်ခွင့် ရသလို မိသားစု လိုက် ဆင်းရဲမွဲတေ စေတဲ့ ရောဂါ တစ်ခု ဖြစ်ပါတယ် ။ သို့ ပါ သောကြောင့် ထိုဆေးနည်း ဖြင့် ဖြစ်ပြီးသား ဝေဒနာ ရှင်များ သက်သာ ပါစေကြောင်း နှင့် ဖြစ်ခါစ ဝေဒနာ ရှင်များ ပျောက် ကင်း ပါစေကြောင်း စေတနာ စစ်စစ်ဖြင့် ဖော်ပြ ပေး လိုက်ပါတယ် ။ ဖိုးလရောင်

AIDS ရောဂါပိုးကိုနိုင်သည့် တိုင်းရင်းဆေးနည်း

AIDS ရောဂါပိုးကိုနိုင်သည့် တိုင်းရင်းဆေးနည်း -------------------------------------------------------- ပြည်တွင်းမှာ AIDS လူနာ (ဆေးစစ်၍ သိရသူ) တသိန်းနှစ်သောင်းကျော် ရှိတဲ့အနက် ART (ဝေဒနာရှင်များအတွတ် ကမ္ဘာ့ ကျန်းမားရေးဌာနမှ အထူးထုတ်ထားသည့် ဆေး)မပေးနိုင်သူ နှစ်သောင်းကျော်ရှိနေတော့စိတ်ကျရောဂါဖြစ်ပြီး ဒီဆေးရတဲ့အထိစောင့်နေစရာမလိုပါဘူး။ ဒီရောဂါပိုးရှိနေတယ်လို့ သိရတဲ့သူတော်တော်များဟာ စိတ်ထိခိုက်ခြင်း-စိတ်ဓါတ်ကျခြင်းကြောင့် ရောဂါတွေတိုးလာကြတာများတယ်၊ တချို့ ဝေဒနာရှင်တွေဟာ ရှက်စိတ်နဲ့  တချို့ ကလည်း ဆေးရုံမှာဆေးမစစ်ရဲ့ ကြဘူး ဟိုရောဂါလို ဒီရောဂါလိုလိုနဲ့ အသေခံသွားကြတယ်။ ဒီလိုဘဲဆေးရုံက ဆေးကုသရင် စရိတ်တွေ အကုန်မခံနိုင်တဲ AIDS ဝေဒနာရှင်တဦးက ရောဂါ တနေ့ တခြားဆိုးလာလို့  သူမိသားစု တွေပြောရင်လဲ ၀ိုင်းပါယ်ကြမှာစိုးပြီး လူရှင်းတဲ့ ခြံတခုမှာ သေဘို့ ဆုံးဖြတ်ပြီး တဦးတည်း တဲထိုးနေရင်း လဲနေရင်း ရောဂါကလဲဖေါက်နေချိန်မှာ- အနာတွေပေါက်နေတဲ့ ခွေးပိန်ညောင် တကောင်ဟာ သူ့ အနားက ရှားဇောင်းပင်ကို လာကိုက်ပြီး ထွတ်လာတဲ့ အနှစ်တွေကို ရှာနဲ့လျှက်နေတာတွေ့ ရတယ်...။ ပြီးတော်ရှားဇောင်ပင်နားမှာဘဲ အိပ်နေတယ်၊သူလဲအားနည်းပြီး အိပ်ပျော်သွားခဲ့ပြီး နောက်တနေ့ မှာ ခွေးပိန်က လန်းလန်းဆန်းဖြစ်နေတာတွေ့ ရတယ် ပြည်တွေနဲ့ စိုနေတဲ့အနာတွေလည်းခြောက် သွားတယ်။အဲဒီဝေဒနာရှင် ဟာ ခွေးပိန်ရဲ့ ဆေးကုနည်းကိုအတုခိုးပြီး ရှားဇောင်းလက်ပတ်ပင်တွေ ကို နေ့ စဉ်မှီဝဲရာက ယနေ့ တိုင်းကျန်းကျန်းမာမာနဲ့  အသက်ရှင်နေပါတယ်။ အောက်မှာဖေါ်ပြထားတာကတော့ ဒေါက်တာဖြိုးသီဟဇော်ရဲ့  တိုင်းရင်းဆေးနဲ့ ကုတဲ့နည်း ++++++++++++++++++++++++++++++++++ ၁..။ ကျွန်တော်တို့ သိတဲ့ Aloevia ( ရှားစောင်းလတ်ပတ် ။ တစောင်းလတ်ပ် ) ပင်ဟာ ကိုယ်ခံအားတတ်စေတဲ့အကျိုးအာနီသင် အပြည့်ရှိတယ် လို့  နိုင်ငံတကာ ကလက်ခံယုံကြည် ထားပါတယ်..။ ဒီ ရှားစောင်းလတ်ပတ်ထဲက အသား ( ဂျယ်လီ တုံး ) ပုံလေးတွေကို ချစ် ယူပြီး သကြားနဲ့  အစိမ်းလိုက်ဖြော်ရည်လုပ်သောက် ခိုင်းထားတာတွေ့ ရပါတယ်....။ ဒီလို သောက်သုံး ချင်းအားဖြင့် ကိုယ်ခံအား ကို မြှင့် တင်ပေးပြီး.... အသားအရည်ကိုလည်း စိုပြည်စေတာတွေ့ ရှိရပါတယ် ခင်ဗျာ...။ ဒီလို လုပ်နည်းကို မြနှ်မာမှာသာမက အနောက်နိုင်ငံကြီးများ , Korea , Africa စတဲ့နိုင်ငံတွေမှာပါအခုလက်ရှိသုံးနေကြတာကို တွေ့ ရှိရပါတယ်ခင်ဗျာ........။ တစောင်းလက်ပတ်ဖျော်ရည်ကို တစ်နေ့ သုံးခွက် မှန်မှန်သောက်ပေးရင် CD4 Cell တွေပြန် တက်လာတဲ့လူနာတွေအခုမြန်မာနီင်ငံမှာလက်ရှိရှိနေပါတယ်ခင်ဗျာ....။နောက်တစ်ခုကတော့............................................. ၂ ။ ကြက်သွန်နီ ပါခင်ဗျာ..။ ဒီဟာကတော့ ကျွန်တော်သိတာ မကြာသေးပါဘူး...။ မြန်မာ့ ဆေးကျမ်း ထဲက တိုင်းရင်းဆေးဆရာကြီးတွေ သုံးခဲ့တဲ့နည်းလို့ ဆိုပါတယ်......။ ဒီ ကြည်သွန်နီနဲ့  ရောဂါ ပြင်းထန်ရာကနေ သက်သာသွားတဲ့လူတွေ ရှိနေတာအခု လက်ရှိမှာ တွေ့ နေရပါတယ်.........။ ဘာကြောင့်လဲဆိုတာ မသိပေမယ့် ....... AIDS ဖြစ်လို့  ကိုယ်ခံနာ မှာ ယားနာပေါက်တာ တွေ . ၀မ်းသွားတာတွေ . အနာဖြစ်တာတွေ . အားလုံး သက်သာပြီးပျောက်ကင်းသွားတာ တွေ့ ရှိနေရပါတယ်။လူလောကတစ်ခုလုံးက ကုသလို့ မရဘူးဆိုတဲ့ .....ဒီရောဂါ ဆိုးကြီးကို....( ကြက်သွန်နီ ) ဥ က သက်သာအောင်လုပ်ပေးတာ ကျွန်တော်လဲအစကမယုံပါဘူး....။ နောက်မှ ရောဂါရှင်ကိုယ်တိုင် လာပြောမှ သာလက်တွေ့ ယုံခဲ့ပါတယ်.......။ ၀မ်းသာစရာပါခင်ဗျာ....။ သုံးပုံသုံးနည်းက တော့ - ကြက်သွန်နီ ဥကြီး ၃ ဥလောက်ကိုနေ့ စဉ် အခွံနွာ ... ကြက်သွန်နီဘေးမှာရှိတဲ့ မိုမဲမဲလေးတွေကို ရေစင်အောင်ဆေးပြီး .....အရည်ရအောင် ထောင်းပါ ..။ ထောင်းတဲ့ ငရုပ်ဆုံ ကလည်း သီးသန့် ဖြစ်ဖို့ လိုပါတယ်...။သန့် ရှင်းရပါမယ် .....။ ရလာတဲ့ အရည်ကို ....တစ်နေ့  သုံးခွက်မှန်မှန် သောက်ပေးပါ.....။ ၁ လ အတွင်းမှာ ရောဂါသက်သာလာတာ .... လက်တွေ့ မြင်ရမှာပါ ခင်ဗျာ.....။ သောက်သုံးနေစဉ်အတွင်း ... ၃ . ၄ ရက် အတွင်းမှာ အရေပြားမွေးညှင်းလေးတွေထဲက နေ ရွ စိ ရွစီ နဲ့ ပိုးလေးတွေ ထွက်လာတယ်လို့  ဆေး ပညာရှင်တွေက ဆိုထား ပါတယ်.....။ ဆက်သာသောက်ပါ..။ စိုးရိမ်စရာမရှိပါဘူး ....။ နည်းနည်းတော့ အနံ့တော့ဆိုး မှာပေါ့ခင်ဗျာ........။ ရောဂါသက်သာသွားရင်လဲ နေ့ တိုင်းတစ်နေ့ သုံးခွက်သာပုံမှန် သောက်သွား ပါတဲ့.........။ သက်တမ်းစေ့အောင် ကျန်းမာစွာ နေနိုင်မှာ ဖြစ်ပါတယ်လို့  တိုင်းရင်းဆေးဆရာများက လက်တွေ့ ဆိုထားပါတယ် ။ Credit to Min Burma သက်ရှည်ကျန်းမာ www.facebook.com/pages/သက်ရှည်ကျန်းမာ/364484143692148

လုံလောက်ပြီ

လုံလောက်ပြီ ************* ကျောက်ဆည် မင်းဘာမှ ထပ်မလုပ်နဲ့.. သန်းရွှေကို မွေးထုတ်ပြီးကတည်းက မင်းတာဝန်ကျေပြီ။ သူလိုလူ နောက်ထပ်မမွေးဖို့ သမိုင်းကို ကတိပေးလိုက်။ မိကြိုင်.... ညည်းယောက်ျား ခွေးဝဲစားကို လွှတ်မထားနဲ့.. လူကို လူလို့မမြင်တဲ့ ကောင်ကို ညည်းလင်တော်ချင်တော် ပြည်သူဆီကို ရှူးတိုက်မကိုက်ခိုင်းနဲ့...။ O.T.S အပတ်စဉ် (၉).. မင်းသာသူ့ကို ကျောင်းဆင်းမပေးပဲ စားဖိုဆောင်မှာပဲ ထားခဲ့ရင် ငါတို့တွေ အခုလို ငတ်ပြတ်နေမှာ မဟုတ်ဘူး။ ဗိုလ်ချုပ်ကြီး ဦးနေ၀င်း... ခင်ဗျားမှားတယ်.. ဘာပဲဖြစ်ဖြစ် သူ့ကို ဗဟိုနိုင်ငံရေး တက္ကသိုလ်မှာပဲ နည်းပြအဖြစ် ထားခဲ့လိုက်ရမှာ...၊ ခင်ဗျား ယုံကြည်ပြီး အဆင့်တွေ အတင်းတက်ပေးလို့ အခုတော့ ကျုပ်တို့ကို ပညာပြနေပြီ၊ ခင်ဗျားသေတာတောင် နေ့ချင်းသဂြိုလ်ခိုင်းတယ်လေ။ တပ်မ ၈၈.. မင်းလက်မ မထောင်နဲ့အုံး.... ဗကပ ၈၁၅ လက်အောက်ခံတပ်တွေ တိုက်လို့ ကျခဲ့တဲ့ အမှတ် ၃ ကချင်သေနတ်ကိုင် တပ်ရင်းဌာနချုပ်နဲ့ စစ်သည်တွေကို သတိရအုံး..၊ အဲဒီတုန်းက သူက မင်းရဲ့ တပ်မမှူးလေ။ ဗိုလ်ချုပ်မှူးကြီး စောမောင်.. ခင်ဗျား လူကဲခတ် ညံသွားပြီဗျ၊ ရေမြွေထင်လို့ ဒုကာ/ချုပ် ခန့်ပေမယ့် သူမလုပ်ချင်တဲ့ လမ်းဖောက်တံတားဆောက်ခိုင်းပြီး ဦးခင်ညွန့်ကို ပွဲထုတ်နေတာကိုး..၊ အခုတော့ ခင်ဗျား နောက်ကျော ဓားနဲ့ထိုးခံရပြီ။ ဗိုလ်ချုပ်ကြီး ခင်ညွန့်.. ခင်ဗျားဖြစ်ချင်တဲ့ ဒုကာ/ချုပ် နေရာကို ၂ နှစ်လောက် ဘယ်သူ့မှ မခန့်ဘဲ ထားကတည်းကိုက သူကခင်ဗျားရဲ့ ထက်မြက်မှုကို ကြောက်နေတယ် ဆိုတာ သိဖို့ကောင်းတယ်....၊ အခုတော့ ခင်ဗျားလည်း ဆန်ခိုးတုန်းမမိပဲ ဖွဲခိုးမှ မိဆိုသလို ဖြစ်ရပြီ။ ပြည်ထဲရေးနဲ့ သာသနာရေးဝန်ကြီး ဦးမင်းဂေါင် ခင်ဗျားကိုတော့လေးစားတယ်ဗျာ၊ ၈၈ မှာ ဆန္ဒပြသူ ၇၁ ဦးဖမ်းတုန်းက ၄၁ ယောက် သေသွားတာ ခင်ဗျားမှာ တာဝန်ရှိတယ်လို့ ၀န်ခံခဲ့လို့ပါ။ အငြိမ်းစား ဗိုလ်မှူးကြီး ဦးအောင်သောင်း.. ဖားတာလည်း ဖားပေါ့ဗျာ၊သိပ်အာမချောင်နဲ့ဗျ၊ ခင်ဗျား အာချောင်လို့ ကျုပ်တို့တွေ မိုးထဲလေထဲ ကြက်ဆူပင်တွေ စိုက်ခဲ့ရတာ အခုထိ ငှက်ဖျားက ထလို့ကောင်းတုန်း။ န.တ.ခ တိုင်းမှူး ဦးမြင့်အောင် ... ခင်ဗျားမေ့နေမလားပဲ... " တပြည်လုံး ဒီမိုကရေစီ ရရင်တောင် ငါ့တိုင်းမှာတော့ မစဉ်းစားနဲ့၊ ငါ့တသက်ဘယ်တော့မှ မပေးဘူး" ဆိုတာလေ၊အဲလို မာန်အတက်ကောင်းလို့ လယ်/စိုက် ၀န်ကြီးခန့်ပြီး တပ်နဲ့ ခပ်ကင်းကင်း ထားလိုက်တာ သဘောပေါက်။ ဦးထွန်းကြည်၊ ဦးကျော်ဘနဲ့ ဦးအေးသောင်.. ခင်ဗျားတို့ သုံးယောက်လွန်တာပေါ့ဗျ၊ သုံးယောက်ပေါင်းပြီး မြန်မာပြည်တောင် နှစ်ပိုင်းခွဲလို့ရတယ်ဆို... သူက ကြောက်တတ်တယ်ဗျ... အာ့ကြောင့် ခင်ဗျားတို့ကို ၀န်ကြီးခန့်ပြီး နှိပ်ကွပ်လိုက်တာ... ဒါပေမယ် ကံကောင်းပါတယ်ဗျာ.... စားပေါက်ကြီးမှာ တာဝန်ကျတာကိုးဗျ။ လ.ပ.ခ တိုင်းမှူးထွန်းကြည်... ခင်ဗျားက သူခိုးကြီး "ထောကြည်" ပါဗျ. ခင်ဗျားလုပ်လို့ ကျုပ်တို့ နန်းစိုက်မြို့လည်း အခုတော့ တရုတ်မြို့ ဖြစ်တော့မယ်... ကုန်သွယ်ရေးမှာ ခိုးထားတာတောင် မန္တလေးကို ရောင်းစားခဲ့တာ အံ့ရောဗျာ။ သမ္မတကြီး ဦးသိန်းစိန်.. ခင်ဗျားလည်း ဟန်လုပ်မနေပါနဲ့ဗျာ၊ နှလုံးခုန်စက်လေး ရပ်သွားပါအုံးမယ်... ခင်ဗျား လာဘ်မစားဘူးချည်း အော်မနေနဲဗျ.. ခင်ဗျားဆရာရဲ့ သွားရေတွေ သိမ်းပေးပါအုံး၊ မြန်မာပြည်လည်း ခရုခွံ ဖြစ်နေပြီ။ မစ္စတာ ဂန်ဘာရီ.. ခင်ဗျားဗျာ ကုလရဲ့ ကိုယ်စားလှယ် လုပ်နေပြီး ဦးသိန်းစိန်တို့ ဆရာတပည့်နှစ်ယောက်ရဲ့ လှည့်ကွက်ကိုတောင် မသိလိုက်ဘူးလား... ခင်ဗျားလိုပါပဲဗျာ ကျုပ်တို့ တတိုင်းပြည်လုံးလဲ အခုထိ အလူးအလဲပဲဗျို့။ ကာ/ချုပ် မှူးကြီး မင်းအောင်လှိုင် ... ခင်ဗျားကတော့ အတိတ်ကောင်းပါတယ်... ဆိုးတာက သူ့စီးတော်ကျား ဖြစ်နေတာပဲ.. ကြည့်လုပ်ဗျာ.. ကျနော်တို့ အနာဂတ်က ခင်ဗျားနဲ့လည်း ဆိုင်တယ်။ ဦးအောင်ဆန်းဦး.. ခင်ဗျားလည်း နဲနဲပါးပါး စဉ်းစားလေ.. အဲဒီခွေးတွေ မြှောက်ပေးတိုင်း ဒီမြေကွက်လေး လာလုမနေနဲ့.. အဖေ့မျက်နှာလည်း ပြန်ကြည့်အုံး... ခင်ဗျားညီမမှာ ဒါလေးပဲ ချမ်းသာတာ.. အဖေရှိရင် ခင်ဗျား ပါးရိုက်ခံရမှာ မလွဲဘူး။ ဧရာဝတီရေ.. ခင်ဗျားတော့ ခန အနားရပြီ... သူတောင်းစားက နားပြီလေ.... စိတ်တော့မချနဲ့အုံး.. သူ့ခွေးတွေက ရှိသေးတယ်။ လက်ပန်းတောင်းတောင်နဲ့ လယ်တီသိမ်.. ကျုပ်တို့တော့ ခံလိုက်ရပြန်ပြီ.. ခင်းဗျားတို့ကို ကယ်ဖို့မပြောနဲ့ ဘုန်းကြီးတွေကိုတောင် မီးသင်္ကန်းတွေ လှူလိုက်သေးတယ်.... ကျုပ်တို့လူတွေတောင် မလွတ်သေးဘူး.... ဖွတ်မရ ဓားမ ဆုံးပြီလေ။ ခင်ဗျားတို့ထုတ်တဲ့ ငွေစက္ကူ တွေ.. ကျုပ်တို့မှာ တိုင်းတပါးသားရှေ့ မကိုင်ရဲဘူးဗျ.. ခြင်္သေ့ကြီးက အ၀တ်မကပ်တော့ သူတို့လည်း ရှက်နေမှာပေါ့။ နိုင်ငံခြားသားတွေကို အထင်မကြီးပါဘူး.. သူတို့တွေ အင်ဗာတာကို မသုံးတတ်ဘူးဗျ၊ မီးအားမြှင့်စက်တောင် မကိုင်တတ်ကြဘူးတဲ့.. အဲ့ဒါတော့ ကျုပ်တို့က သာသွားပြန်ရော... ခင်ဗျားကျေးဇုးတွေ -ီးတောင် မမေ့ဘူး။ ခွေးသူခိုးတွေ စားခွက်လုနေတာနဲ့ပဲ .. ပြည်တန်ခွက်က ခွေးစားခွက်ဖြစ်ခဲ့ပြီ။ ဆေးကြောပြီး တန်းမြှင့်ပေးမယ့် လက်ကိုကျတော့ ၀ိုင်းဆွဲနေသေးတယ်

လေဖြတ်ထားခြင်းရှိမရှိ ဘယ်လိုသိနိုင်မလဲ

လေဖြတ်ထားခြင်းရှိမရှိ ဘယ်လိုသိနိုင်မလဲ ========================== အသားကင်ဆိုင်တွင် အမျိုးသမီးတစ်ဦး ချော်လဲကျသည်။ ဖိနပ်အသစ်စီးလာ၍ ခြေချော်လဲကျတာပါဟုပင် သူမကပြန်ပြောလိုက်သေးသည်။ သူမကအ၀တ်အစားတွင် ကပ်နေသောဖုန်များကိုခါ၍ သန့်ရှင်းလိုက်ပြီး ပန်းကန်ပြားတစ်ချပ်ဆွဲကာ ညနေစာစားသည်။ သူမကိုကြည့်ရသည်မှာ တစ်ညနေလုံးအေးအေး ဆေးဆေး။ ညနေခြောက်နာရီရောက်တော့ သူမအမျိုးသားက အသားကင်ဆိုင်ကို ဖုန်းဆက်သည်။ ညနေခြောက်နာရီမှာ သူမဆုံးပါးသွားခဲ့သည်ဟူ၍။ ဆရာဝန်၏အဆိုအရ လေဖြတ်ခြင်းကြောင့် သူမလဲကျခဲ့ခြင်းဖြစ်ပြီး သုံးနာရီအတွင်း ဆေးရုံရောက်ရှိလာပါက အသက်မသေအောင် ကယ် ဆယ်နိုင်သည်ဟုဆိုသည်။ သို့ဆိုလျှင် အချိန်မီကယ်တင်နိုင်ရန် လူတစ်ဦးလေဖြတ်မဖြတ် ဘယ်လိုစမ်းသပ်သိရှိနိုင်မည်လဲ။ ဦးနှောက်နှင့် အာရုံကြောဆရာဝန်များက အဆင့် (၃) ဆင့်ပါဝင်သော စမ်းသပ်နည်းတစ်ခုကို တီထွင်ထားသည်။ အတိုကောက်အားဖြင့် STR ဟု မှတ်နိုင်သည်။ (၁) S – SMILE၊ လေဖြတ်မဖြတ်သိရှိနိုင်ရန် ဒဏ်ရာရသူကို ပြုံးခိုင်းပါ။ (၂) T – TALK၊ ၀ါကျတစ်ခွန်းကို သဒ္ဒါမှန်မှန်၊ ယုတ္တိကျကျပြောခိုင်းပါ (ဥပမာ။ ။ ယနေ့နေသာသည်) (၃) R – RAISE BOTH ARMS၊ လူနာကို လက်နှစ်ဘက်လုံးမြှောက်ခိုင်းပါ။ အထက်ပါစမ်းသပ်မှု သုံးခုစလုံးအနက် တစ်ခုခုမလုပ်နိုင်ပါက ဆေးရုံချက်ချင်းပို့ပါ။ ထိုနည်းများနှင့် စမ်း၍ မသေချာပါက လူနာကိုလျှာထုတ်ခိုင်းပါ။ လျှာလိပ်နေလျှင်ဖြစ်စေ၊ လျှာတစ်ဖက်ဖက်သို့စောင်းနေလျှင်ဖြစ်စေ လေဖြတ်နေခြင်းဖြစ်နိုင်သည်။ အထက်ပါနည်းလမ်းများကို သိထားသူအနေနှင့် အခြားလူ (၁၀) ဦးကိုမျှဝေပေးပါက အနည်းဆုံး အသက်တစ်ချောင်းကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း ဆရာဝန်များက တိုက်တွန်းထားသည်။

အင်ဂျင်အမျိုးအစားများ အပိုင်း(၂)

အင်ဂျင်အမျိုးအစားများ အပိုင်း(၂) Turbocharged Petrol Engines ======================== သူကတော့ များသောအားဖြင့် ခရီးသည်တင် ဘတ်စ်ကားတွေမှာ အသုံးများတာ တွေ့နိုင်ပြီး ဒီအင်ဂျင်စနစ်က စွမ်းအင် ထုတ်လုပ်မှု ကောင်းမွန်တာကြောင့် အသုံးပြုတာ ဖြစ်ပါတယ်။ နောက်ပြီးတော့ အင်ဂျင်ရဲ့ အရွယ်အစား အလိုက် စွမ်းအင် ထုတ်လုပ်မှု ကောင်းမွန်တာကြောင့် ခရီးသည်စီး ကားတွေမှာ ဆိုရင် အင်ဂျင်ခန်း နေရာပိုမို ပေးစွမ်းနိုင်တာကြောင့် အင်ဂျင် အရွယ်အစား ကြီးကြီးမားမား ဖန်တီး တည်ဆောက်ပြီး တပ်ဆင်ထုတ်လုပ်လေ့ရှိတာ တွေ့ရပါတယ်။ ဒီနေရာမှာ Turbochargedစနစ်ရဲ့ သဘောက နေရာစား သက်သာပြီး စွမ်းအင် ထုတ်လုပ်မှု ပိုမို ကောင်းမွန်အောင် ရည်ရွယ်တာကြောင့်လည်း တကယ်လို့သာ Petrolအင်ဂျင် စနစ်မှာ Turboစနစ် မပါဘူးဆိုရုင် အခုထက်ကိုပဲ အင်ဂျင် အရွယ်က ပိုမို ကြီးမားအောင် ဖန်တီးရလိမ့်မယ်ဆိုတာကိုတော့ သိထားရမှာ ဖြစ်ပါတယ်။ အလွယ်ဆုံး ဥပမာ တစ်ခု ပေးရမယ် ဆိုရင် Porsche 944ရဲ့ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု စွမ်းရည်ရော၊ စွမ်းအင် ထုတ်လုပ်နိုင်မှု အပိုင်းမှာပါ သူက အင်ဂျင် အရွယ်သေးပြီး Turboစနစ် ပါဝင်တာကြောင့် သူ့ထက် အင်ဂျင် အရွယ်ကြီးမားတဲ့ Porsche 928လောက်ထိအောင် စွမ်းဆောင်ရည် ကောင်းမွန်တာကို တွေ့နိုင်တာပဲ ဖြစ်ပါတယ်။ နောက်ပြီးတော့ Turbochargingစနစ်က Superchargingစနစ်ထက် ထုတ်လုပ်မှု စရိတ် ပိုမို နည်းပါးတာကြောင့် Turboစနစ်က အသုံးများတာ ဖြစ်သလို Superစနစ်နဲ့ နှိုင်းစာမယ်ဆိုရင်လည်း အားသာချက် တစ်ချက်က အကျိုးသက်ရောက်မှု အပိုင်းမှာ ပိုမိုတာကြောင့် ကုမဏီ တော်တော်များများက သဘောကျ အသုံးများတာ တွေ့ရပါတယ်။ နောက်ပြီးတော့ လက်ရှိမှာ အိမ်စီးကားတွေမှာ အသုံးများတဲ့ Turboစနစ်ရဲ့ နောက်ဆက်တွဲ စနစ်တွေ ဖြစ်တဲ့ Twin-turboလို့ လူသိများတဲ့ biturboစနစ်နဲ့ Twin-scroll turboစနစ်တွေကလည်း ပုံမှန် Turboတွေထက် စွမ်းဆောင်ရည် ကောင်းမွန်သလို နေရာစားလည်း လျော့နည်းအောင် ဖန်တီးလာနိုင်တာ တွေ့ရပါတယ်။ ကောင်းပါပြီ၊ ကျွန်တော်တို့ ဆက်ပြီးတော့ Turbo Petrolစနစ်ရဲ့ သမိုင်းကြောင်းကို ဆက်ကြည့်ရအောင်ပါနော်။ ၁၉၆၂ခုနှစ်မှာ နာမည်ကျော် General Motorsက ပထမဆုံး Turbochargeredအင်ဂျင် စနစ်ကို ထုတ်လုပ်ခဲ့တာ တွေ့ရပြီး သူ့မှာ Oldsmobile Jetfireထည့်သွင်းတပ်ဆင်ထားတဲ့ Turbo Jetfireengineကို အသုံးပြု ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲဒီ ပထမဆုံး Turbpစနစ်မှာ စွမ်းအင် ထုတ်လုပ်မှု အပိုင်းက ပုံမှန်ထက် သိသိသာသာတိုးတက်ကောင်းမွန်လာတာ တွေ့ရပေမယ့် အင်ဂျင် အပေါ် ယု့ကြည်စိတ်ချရမှု အပိုင်းမှာတော့ အားနည်းတာ တွေ့ရသလို မထင်ရင် မထင်သလို မောင်းနှင်နေရင်းမှာကိုပဲ ရပ်တန့် ချို့ယွင်းတတ်တာကြောင့် ၁၉၆၃ခုနှစ်မှာ GMက လက်လျှော့ပြီး ထုတ်လုပ်မှုကို ရပ်နားလိုက်ပါတယ်။ အဲဒီနောက် ၁၉၇၃ခုနှစ် အရောက်မှာတော့ BMWက Turboစနစ်ကို ပြန်လည် အသက်သွင်းလာတာ တွေ့နိုင်ပြီး ၁၉၇၃ခုနှစ်အတွင်း ဖရန့်ဖတ်မှာ ကျင်းပခဲ့တဲ့ ကားပြပွဲမှာ ၂.၀လီတာသုံး ကုမဏီထုတ် Turboအင်ဂျင်ကို ထည့်သွင်းမိတ်ဆက်ခဲ့တာ တွေ့ရသလို အောင်မြင်မှု ရခဲ့ပေမယ့် ၁၉၇၃-၇၄ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ စက်သုံးဆီ အကျပ်အတည်းကြောင့် ၁၉၇၄ခုနှစ် အရောက်မှာ BMWရဲ့ အိပ်မက်လည်း ချုပ်ငြိမ်းသွားပြန်ပါတယ်။ ဒါပေမယ့် BMWရဲ့ လုပ်ငန်းတွေ ရပ်တန့်သွားပြီး ၁၉၇၄ခုနှစ်အတွင်းမှာပဲ ပြိုင်ဖက် Porscheက 911 Turboအမည်ရှိ အင်ဂျင် စနစ်တစ်ခုကို မိတ်ဆက်လာတာ တွေ့ရပြီး အောင်မြင်မှုတွေ ရရှိခဲ့သလို အဲဒီ အချိန်က 911 Turboက အမြန်ဆုံး စွမ်းဆောင်နိုင်တဲ့ အင်ဂျင် စနစ်လည်း ဖြစ်လာပါတယ်။ အဲဒီလို Porscheရဲ့ အောင်မြင်မှုက Turboစနစ်ကို အင်ဂျင်စနစ်တွေရဲ့ လောကထဲ တည်မြဲစွာ ရပ့်တည်နိုင်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ Saabကလည်း ၁၉၇၇ခုနှစ်မှာ Sabb 99အမျိုးအစား Turbochargedအင်ဂျင်ကို မိတ်ဆက် ထုတ်လုပ်လာတာ တွေ့ရသလို ၁၉၇၈ခုနှစ် အရောက်မှာ Buickကလည်း Buick Regal V6ကို Turboစနစ်သုံးပြီး ထုတ်လုပ်လာတာ တွေ့ရပါတယ်။ တစ်ဆက်တည်း အနေနဲ့ Turboစနစ်တွေရဲ့ နောက်ဆက်တွဲ စနစ်တွေ အကြောင်းကိုလည်း ပြောချင်ပါသေးတယ်။ ပထမဆုံး ပြောချင်တာကတော့ Twin-turboစနစ်တွေရဲ့ အကြောင်း ဖြစ်ပြီးတော့ သူက လွယ်လွယ် နားလည်အောင် ပြောရမယ်ဆိုရင် Turboစနစ်ကို ပုံမှန် တစ်ခုံးနေရာမှာ နှစ်လုံးထိုင်ပြီး တည်ဆောက်ထားတဲ့ စနစ် ဖြစ်ပါတယ်။ နောက်ထပ် စနစ်တစ်ခုက Parallelစနစ် ဖြစ်ပြီးတော့ အထိုင် ပုံစံမှာ Twinက နေရာ ရသလို ထိုင်တတ်ပေမယ့် Parallelကတော့ အပြိုင်ပုံစံထိုင်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ သူကတော့ V Seriesအင်ဂျင်တွေမှာ ထိုင်တတ်တဲ့ ပုံစံ ဖြစ်ပြီးတော့ Twinကတော့ ပုံမှန် ထိုးပြွန်အထိုင် အင်ဂျင် စနစ်တွေမှာ အသုံးပြုလေ့ရှိတာ တွေ့နိုင်ပါတယ်။ Sequentialစနစ်ကတော့ Twinစနစ်ရဲ့ နောက်ဆက်တွဲ စနစ် ဖြစ်ပြီးတော့ သူက Turboစနစ် နှစ်ခုလုံး အပြိုင် လည်ပတ် လုပ်ဆောင်တဲ့ စနစ်ဖြစ်ကာ စွမ်းအင် ထုတ်လုပ်မှု အားနည်းနေတဲ့ Turboစနစ်တစ်ခုက သူ့ထက် စွမ်းအင် ထုတ်လုပ်မှု အားကောင်းတဲ့ Turboစနစ်ကို ထောက်ပံ့ လုပ်ဆောင်ပေးတဲ့ စနစ် ဖြစ်ပါတယ်။ ဒါကြောင့် Sequentialစနစ်မှာက အင်ဂျင်ရဲ့ လည်ပတ်အား မြန်ဆန်စွာ မြှင့်တင်နိုင်တာ တွေ့ရသလို ကားရဲ့ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုလည်း ပုံမှန်ထက်ကောင်းမွန်တာ တွေ့ရပါတယ်။ နောက်ထပ် အမျိုးအစား တစ်ခုကတော့ Triple-Turboစနစ် ဖြစ်ပြီး သူက ထုတ်လုပ်သူ နည်းပါးတာ တွေ့ရပြီး BMWရဲ့ နာမည်ကျော် M3မှာ ဆိုရင် Turboစနစ်ကို သုံးလုံးထိအောင် အထိုင်ထားပြီး ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ နောက်ဆုံး ပြောရမယ့် အမျိုးအစားကတော့ Quad-Turboစနစ် ဖြစ်ပြီးတော့ သူကတော့ Supercarတွေမှာ တပ်ဆင်တာမျိုး တွေ့ရပြီးတော့ နာမည်ကျော် Bugattiရဲ့ W 16အင်ဂျင်တွေမှာ Quadစနစ်ကို တပ်ဆင်ထားတာ တွေ့ရပြီး Bugatti Veryon EB110ဟာဆိုရင်လည်း Quadစနစ်သုံး V12အင်ဂျင်တပ် မော်ဒယ် ဖြစ်ပါတယ်။ Turboစနစ်ကို မော်တော်ကား ပြိုင်ပွဲဝင် မော်ဒယ်တွေမှာလည်း ထည့်သွင်းသုံးစွဲတာ တွေ့နိုင်ပြီးတော့ ၁၉၇၀မော်ဒယ်နဲ့ ထုတ်လုပ်ထားတဲ့ Toyota 7မော်ဒယ်မှာဆိုရင် Twinစနစ်သုံး Turboကို ထိုင်ထားတဲ့ ပြိုင်ကားကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး နာမည်ကျော် F1လို ပြိုင်ပွဲတွေမှာလည်း ၁၉၇၇ခုနှစ်ကစပြီး ၁၉၈၈ခုနှစ်လောက်ထိအောင် Renault, Honda, BMWနဲ့ Ferrariတွေက Turboစနစ်သုံး ပြိုင်ကားတွေနဲ့ ယှဉ်ပြိုင်ခဲ့တာ တွေ့ရသလို နောက်ပိုင်းမှာ ပြိုင်ပွဲ အတွင်း Turboအင်ဂျင်တပ် စနစ်တွေ ဖယ်ထုတ်လိုက်ကာမှာ ပြိုင်ပွဲဝင်မှု ရပ်တန့်သွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြောင်းလဲမှု တစ်ခုအနေနဲ့က ဒီနှစ်မှာ F1ပြိုင်ပွဲမှာ Turboစနစ်တွေ ပြန်လည် သုံးစွဲခွင့်ပြုလိုက်ပြီ ဖြစ်ပြီး နောက်ပိုင်းမှာ Turboစနစ်သုံးပြိုင်ကားတွေ ပြန်လည် မြင်တွေ့ရတော့မှာလည်း ဖြစ်ပါတယ်။ Rallyပြိုင်ပွဲတွေမှာတော့ Turboစနစ်က အရင်ကတည်းက အသုံးပြုခွင့်ပေးထားတာ ဖြစ်ပြီး ကန့်သတ်ချက် အနေနဲ့ ၂၀၁၂ခုနှစ်က နောက်ဆုံး ထုတ်ပြန်ချက် အရ ၃၄မီလီမီတာထက် မပိုတဲ့ Turboတွေ တပ်ဆင်ခွင့်ပေးထားတာ တွေ့ရပါတယ်။ လင်းလင်း (IA)

Download Tuibo

"Download" Tuibo ==== Android OS အသုံးပြုသူများအတွက် Tuibo ဆိုသည့် App သည် Youtube Video နှင့် Music များကို မိုဘိုင်းဖုန်းမှတဆင့်ဖွင့်ပြီး အိမ်တွင်ရှိသော TV နှင့် Wireless ဖြင့် ချိတ်ဆက်ကာ TV ပေါ်တွင် ကြည့်ရှုနိုင်မည့် App တစ်ခု ဖြစ်သည်။ Tuibo App ကို အသုံးပြု၍ Youtube ပေါ်က HD Video ဖိုင်များကို LCD သို့မဟုတ် LED TV များပေါ်မှတဆင့် ကြည့်ရှုနိုင်မှာဖြစ်သလို၊ အကယ်၍ ကြည့်ရှုခြင်းမရှိပါက မိမိလက်ရှိ ကြည့်ရှုနေသော အစီအစဉ်ကို ပြန်ဖွင့်ပေးနိုင်မည်ဖြစ်သည်။ Tuibo App ကို အသုံးပြုခွင့်အတွက် ယခင်က ကန်ဒေါ်လာ ၄.၉၉ ပေးသွင်းရမှာဖြစ်ပြီး၊ ယခုအခါမှာတော့ အခမဲ့ Download ပြုလုပ်ခွင့် ရရှိထားမှာဖြစ်ပါတယ်။ Download ရယူလိုသူများအတွက် ===> http://www.internetjournal.com.mm/content/14071

အိမ်ထောင်သည်များ သာယာတဲ့ဘ၀ကို တည်ဆောက်လိုလျှင်

အိမ်ထောင်သည်များ သာယာတဲ့ဘ၀ကို တည်ဆောက်လိုလျှင် ===================================== ၁။ တစ်ယောက်နဲ့တစ်ယောက် ၊ ကြည်ဖြူစွာ ချစ်နေဖို့ ၊ တစ်ယောက်အပေါ်တစ်ယောက် ၊ အကောင်းမြင်ဆန္ဒတွေနဲ့ သာ ၊ ဆက်ဆံပြောဆိုရပါမယ် ။ တစ်ယောက်မကောင်းတာကို တခြားသူ အပေါ်မပြောဆိုမိဖို့ ၊ လိုအပ်ပါတယ် ။ တစ်ယောက်မကောင်းတာကို အကြံပေး ၊ ပြုပြင်ပေးရပါမယ် ။ ၂။ မင်းတို့တွေ အရမ်းချစ်တယ် ၊ ဆိုရင်ဒါလေးတွေ လုပ်ပေးဖို့ ၊ မင်းမမေ့ပါနဲ့ ။ရုပ်ရှင်ကြည့်တဲ့ အချိန်မှာ သူကိုနမ်းရှိုက်ပေးပါ ။ သူလက်ကလေးတွေကို ယုယစွာ ၊ဆုပ်ကိုင်ထားပါ ။ ပါးစပ်ကလည်း ၊ သူကို ( မင်းဟာအရမ်းလှတယ်လို့ ) ၊ တစ်ကြိမ်ထက် မနည်းပြောပေးပါ ။ ၃။ သတိထားရပါ့မယ် ။ သူမနေမကောင်းဖြစ်နေတဲ့ အခါမှ ၊ မိသားစု ၊ သူငယ်ချင်းများ ၊ ကိုအရမ်းသာကော ၊ မပြောမိပါစေနဲ့ ၊ အထူးသဖြင့် ၊ သူမမနှစ်သက်သော သူများကိုမပြောမိစေပါနဲ့. ၊ ဥပမာ - သူနေမကောင်းဖြစ်ပြန်ပြီးကွာ ။ ( စိတ်ဓာတ်ကျသံ ) နဲ့ မပြောမိပါစေနဲ့ ။ ၄။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုထားပါ ။ မင်းမှားနေတဲ အခါ ( Sorry)ဆိုတဲ့ စကားလေးပြောဖို့ ၊ မေ့ပါနဲ့ ။ မင်းမှန်နေတယ် ဆိုရင်လည်း ၊ တိတ်တိတ်လေး ၊ နေပေးလိုက်ပါ ။ ၅။ လူတွေအများကြားမှာ မင်းဇနီး စကားပြောတာ ၊ မှားနေသည် ဖြစ်စေ ၊ မှန် သည် ဖြစ်စေကြားမှ ၊ ၀င်ရောက်ပြီး ၊ ဟန့်တားပြောဆိုတာမျိုး ၊ (သို့) အမှားပြင်ပေး တာ ၊ မျိုးမလုပ်ပါနဲ့. ၊ လူတွေနဲ့ကင်းရာကိုခေါ်သွားပြီး ၊ မှားနေတာကိုပြောဆိုရှင်းပြပေးပါ ။ ၆။ မင်းဟာ ငြင်းခုံတဲ့ စကားတွေ ပြောဆိုတာ မျိုးဖြစ်လာတဲ့ အခါမှာ လည်း ၊ မိးလောင်နေတဲ့အိမ်ကိုမြင်လို့ ၊ ကြောက်လန့်စွာအော်ဟစ်နေတဲ့ ၊ အသံမျိုးနဲ့ ၊ မပြောဆိုပါနဲ့.၊ တီးတိုး အေးဆေး ညင်သာစွာ ပြောဆိုပါ ။ ၇။ တနေ့မှာ တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေတာ ၊ ကြုံလာတဲ့ အခါမှာ ၊ မင်းတို့တွေ တစ်ယောက်နဲ့ တစ်ယောက် ၊ အသက်မက ချစ်ခဲ့ကြတယ် ၊ ဆိုတာကို သတိရပါ ။ ( Credit : Tin Maung Hlaing )

Confidence မရှိဘူးဖြစ်နေလား?

Confidence မရှိဘူးဖြစ်နေလား? ကျွန်တော်တို့တွေဟာ ငယ်ငယ်လေးထဲက confidenceကျဆုံးဖို့ အကြောင်းရင်းများစွာရှိခဲ့ပါတယ်။ ဥပမာ ငယ်ငယ်ကသီချင်းမဆိုတတ် ဆိုတတ်နဲ့ဆိုခဲ့တယ်။ အဲဒိအချိန်မှာ မိဘတွေ၊ဆွေမျိုးတွေ၊သူငယ်ချင်းတွေ ရဲ့ "မင်းအသံကဆိုးလိုက်တာကွာ" စတဲ့နောက်ပြောင်တဲ့စကားလုံးများဟာ ငယ်ငယ်ရွယ်ရွယ်အသဲနုနုပေါ်မှာ tatooအထိုးခံလိုက်ရပါတယ်။ အကျိုးဆက် အနေနဲ့ နောက်ဘယ်တော့မှာသီချင်းမဆိုချင်တော့ပါဘူး။ သီချင်းဆိုတိုင်း ယုံကြည်မှုမရှိသလိုခံစားရပါတယ်။ ဒါဟာ ဥပမာတစ်ခုပဲဖြစ်ပြီးအခြားအရာများစွာ ရှိပါသေးတယ်။ "မင်းဖြစ်မှာမဟုတ်ပါဘူးကွာ" "မင်းလုပ်နိုင်မှာမဟုတ်ပါဘူးကွာ" ဆိုတဲ့စကားတွေအောက်မှာ ကျွန်တော်တို့ရဲ့မရှိမဲ့ရှိမဲ့ယုံကြည်မှုလေးတွေ ပျောက်ဆုံးခဲ့ရတယ်။ အမေရိကားမှာက ကလေးတွေကိုငယ်ငယ်ကတည်းကကိုယ့်ကိုကို ယုံကြည်မှုရှိအောင်လုပ်ပေးကြတယ်။ သူတို့သားသမီး ငယ်ငယ်လေးထဲက သီချင်းဆိုတာဝါသနာပါတယ်ထင်ရင် အသံဘယ်လောက်ဆိုးဆိုး အားပေးတယ်။ ပြီးတော့ သားသမီးတွေရဲ့ရည်မှန်းချက်ဖြစ်မြောက်အောင် Vocal trainingတွေ ပို့ပေးတယ်။ ကျွန်တော်က မြန်မာနိုင်ငံကမိဘတွေကို အပြစ်တင်နေတာမဟုတ်ပါဘူး။ ကျွန်တော်တို့တွေ confidence နည်းရခြင်းအကြောင်းရင်းကိုပေါ်လွင်အောင်ယှဉ်ပြခြင်းသာဖြစ်ပါတယ်။ "America's got talent" ဆိုတဲ့အစီအစဉ်ကိုကြည့်ဖူးကြပါသလား? အမေရိကားကကလေးတွေက အသားမဲတာ၊ရုပ်ဆိုးတာ၊ ဒုက္ခိတဖြစ်တာတွေအတွက် confidenceမကျပါဘူး။သူတို့က ယုံကြည်မှုအပြည့်နဲ့သူတို့လုပ်တတ်တာကို စင်ပေါ်မှာတတ်လုပ်ပြကြပါတယ်။ကတာပဲဖြစ်ဖြစ်၊သီချင်းဆိုတာပဲဖြစ်ဖြစ်၊ တယောတီးတာပဲဖြစ်ဖြစ်၊ ကြိုက်တာတတ်လုပ်လို့ရပါတယ်။ ကဲထားလိုက်ပါတော့ဒါက အမေရိကားကအကြောင်းပါ။ ကျွန်တော်တို့ရဲ့ကျနေတဲ့ confidenceကိုဘယ်လိုပြန်တက်အောင်လုပ်ကြမလဲ စဉ်းစားရအောင်။ တကယ်တော့ကျွန်တော်တို့အားလုံးက မွေးရာပါအောင်မြင်နိုင်သူတွေပါ။ ကိုယ့်အရည်အချင်းတွေကိုမသိတာပဲရှိကြပါတယ်။တစ်ချို့ကလည်း ကိုယ့်အရည်အချင်းတွေကို ဘယ်လိုဖော်ထုတ်ရမလဲမသိကြပါဘူး။ -ဆင်းရဲလို့မအောင်မြင်တာလို့မပြောပါနဲ့။ စာအုပ်တစ်အုပ်ဖတ်ရဖို့ မိုင်ပေါင်းထောင်ချီလမ်းလျှောက်ခဲ့တဲ့လင်ကွန်းကိုအားနာပါ။ -ခန္တာကိုယ်အစိတ်အပိုင်းချို့ယွင်းလို့ မအောင်မြင်ဘူးလို့မပြောပါနဲ့။ နားမကြား၊မျက်စိမမြင်ပဲနဲ့ ဘ၀ကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့တဲ့ Helen Keller ကိုအားနာပါ။ ‪#‎Confidence‬ တက်အောင်ဘယ်လိုလုပ်မလဲ? -comfort zoneထဲကထွက်ပါ။ comfort zoneဆိုတာကတော့ သက်တောင့် သက်သာရှိတယ်လို့သင်ထင်တဲ့နေရာမျိုးပါ။ ဥပမာ သင်ကအရင်က သင့်ကိုယ်သင်ယုံကြည်မှုမရှိလို့သူငယ်ချင်းအသစ်တွေနဲ့သိပ်စကားမပြောဖြစ်ဘူးဆိုရင် အခုကစပြီးစမ်းကြည့်ပါ။ သင်သာအပြုံးချိုချိုလေးနဲ့စိတ်ပါလက်ပါ ကြိုးစားမယ်ဆို သင့်ကိုခင်လာကြမှာပါ။ -အဖွဲ့အစည်းနဲ့နေတတ်အောင်ကြိုးစားပါ။လူဆိုတာ အဖွဲ့အစည်းနဲ့နေတတ်တဲ့ အမျိုးပါ။ ဒါကြောင့် တစ်ယောက်ထဲမနေပါနဲ့။ ကြာလာရင် သင့်ကိုသင်ယုံကြည်မှုတွေကျဆင်းပြီး သင်ဟာဒီလောကကြီးမှာဘာမှ အရေးမပါတဲ့သူတစ်ယောက်လို့်ကိုယ့်ဘာသာကိုထင်လာပါလိမ့်မယ်။ အကျိုးဆက်အနေနဲ့စိတ်ကျရောဂါအထိပါ ရနိုင်ပါတယ်။ အခုကစပြီး အဖွဲ့အစည်းနဲ့နေတတ်အောင်ကြိုးစားပါ။ -သင်က ဆန့်ကျင်ဘက်လိင်နဲ့စကားပြောရတာရှက်တတ်တယ်ဆိုရင် သင်စကားပြောနေတဲ့သူကိုလူသားတစ်ယောက်လို့ပဲသဘောထားပါ။ စကားပြောဆက်ဆံမှုဆိုတာနေရာတိုင်းမှာလိုအပ်ပါတယ်။ဒီတော့ ယုံယုံကြည်ကြည်ပြောဆိုဆက်ဆံပါ။ လူတစ်ယောက်နဲ့လူတစ်ယောက် စကားပြောကြတာအဆန်းကြီးမဟုတ်ပါဘူး။ မရှက်ပါနဲ့။ယဉ်ကျေးဖို့ပဲလိုတာပါ။ -မှောင်နေတဲ့နေရာကိုကြောက်ရင် အဲဒိမှောင်တဲ့နေရာကိုသွားကြည့်ပါ။ လုပ်ရမှာကြောက်နေတဲ့အရာတွေကိုမလုပ်သ၍ သင်ဘယ်တော့မှာသင့်ကို သင်ယုံကြည်လာမှာမဟုတ်ပါဘူး။ ဆိုရိုးတစ်ခုရှိတယ်။ "အရင်မရဖူးတဲ့ အရာတွေကိုလိုချင်ရင် အရင်ကမလုပ်ဖူးတဲ့အရာတွေကိုလုပ်ရလိမ့်မယ်တဲ့"။ ရိုးရိုးရှင်းရှင်းနဲ့အရမ်းကိုထိရောက်ပါတယ်။ သင်ကအရင်ကမရှိတဲ့ "confidence" ဆိုတဲ့အရာကိုလိုချင်တာလေ။ အရင်အတိုင်းပဲနေနေလို့ကတော့ ဘယ်တော့မှရမှာမဟုတ်ပါဘူး။ ဒါကြောင့်မို့အရင်ကကြောက်နေတဲ့အရာတွေကို လုပ်ဖြစ်အောင်လုပ်ပါ။ -မှားတယ်ဆိုတာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ လူသားတိုင်းမှားတတ်ကြပါတယ်။ မှားတာကိုသင်ခန်းစာယူတတ် ဖို့ပဲလိုတာပါ။ ဒါကြောင့် သင်မှားတဲ့အခါတိုင်း ယုံကြည်မှုမကျသင့်ပါဘူး။ ဒီတစ်ခါမှားရင် နောက်တစ်ခါမှန်အောင်လုပ်မယ် ဆိုပြီးကြိုးစားသင့်ပါတယ်။ အောင်မြင်သူတိုင်း ရုပ်ချောချင်မှချောမယ်၊ပိုက်ဆံရှိချင်မှရှိမယ်။ ဒါပေမဲ့ သူတို့မှာ ယုံကြည်မှုအပြည့်ရှိပါတယ်။ အရင်က confidence မရှိခဲ့ရင်လည်း အခုကစပြီး confidenceရှိအောင် ကြိုးစားကြတော့နော်။Confidenceဆိုတာအောင်မြင်မှုရဲ့ပထမလှေကားထစ်ပါ။ မိုးရှင်း (I.M.T)

ရေတွင်း ပြန်တူးကြမယ်

ရေတွင်း ပြန်တူးကြမယ် --------------------------- တစ်ခါက လူတစ်ယောက်ဟာ သူ့ရဲ့ ယာတောမှာ ရေလိုလို့ ရေတွင်းတစ်တွင်း တူးပါတယ်။ အတောင် (၂၀)လောက်လည်း ရောက်ရော လူလည်း တော်တော်ကြီးကိုမောပန်းနေပါတယ်။ ဒါပေမယ့် ရေတွေ့မယ့် အရိပ်အယောင် အနံ့အသက်တောင်မှ မရသေးပါဘူး။ ဒါနဲ့ အမောဖြေနေတုန်း လူတစ်ယောက်ရောက်လာပြီး ပြောပါတယ်။ “ခင်ဗျားဗျာ ၊ ဒီလို နေရာမှာ ရေတွင်းတူးလို့ ဘယ်ရေတွေ့မှာလဲ။ လာ ကျွန်တော်ပြတဲ့နေရာမှာသာ တူးလိုက် ၊ အတောင် (၂၀)မပြည့်ခင် ရေမတွေ့ရင် ကျုပ်ကို ပြောချင်သလိုပြော” ဆိုပြီး နေရာသစ်တစ်ခုကို လိုက်ပြပါတယ်။ အဲဒါနဲ့ အဲဒီလူပြတဲ့နေရာမှာ သူ ဆက်ပြီးတူးပါတယ်။ အတောင် (၂၀)ကျော် အစိတ်လောက် ရောက်လည်း ရေက မတွေ့ပါဘူး။ သူလည်း မောကလည်းမော ၊ စိတ်ကလည်း တော်တော်ပျက်နေပါတော့တယ်။ အဲဒီတုန်း နောက်ထပ် ဆရာတစ်ယောက် ရောက်လာပြန်ပါတယ်။ သူကလည်း ပြောတယ် .. . “ဟာ - ဒီလူတွေ ရေကြောအကြောင်း ဘာမှ မသိဘဲနဲ့ လျှောက်ပြောနေကြတာ ၊ ဒုက္ခပါဘဲ ၊ လာလာ ၊ ကျွန်တော်နောက်လိုက်ခဲ့ ၊ ကျွန်တော် ပြတဲ့နေရာမှာသာတူးလိုက်၊ အတောင် (၂၀) နဲ့ အစိတ်ကြားလောက်မှာ ရေတွေ့ကို တွေ့ရမယ်” ဆိုပြီး နေရာသစ်တစ်ခုကို လိုက်ပြ ပြန်ပါတယ်။ ဒါနဲ့ သူလည်း “အင်း ဒီလူပြောတာတော့ ဟုတ်ဟန်တူတယ်။ နေရာသစ်ကို တူးမှ ” ဆိုပြီး နေရာသစ်မှာ နောက်ထပ်ရေတွင်းတစ်တွင်း တူးပြန်ပါတယ်။ ဟိုလူပြောသလို အတောင် အစိတ်ကျော်ပြီး (၃၀) နားကပ်လာတာတောင် ရေက အရိပ်အငွေ့တောင် မမြင်ရပါဘူး။ လူကလည်း ဖတ်ဖတ်မောနေပါပြီ။ ဒါနဲ့ သူလည်း အမောဖြေရင်း ထိုင်စဉ်းစားတယ်။ “အင်း - ပထမဆုံးတူးခဲ့တာ အတောင်(၂၀) ၊ ဒုတိယတွင်းမှာ အတောင် အစိတ် ၊ တတိယတွင်းမှာ အတောင်(၃၀)နဲ့ ပေါင်းလိုက်ရင် ငါတူးခဲ့တာ အတောင်(၇၀)တောင်ကျော်နေပါကောလား” “ငါ့ဟာငါ ဆက်တူးနေရင် ဒီနယ်မှာ အတောင် (၆၀)ကျော်အောင် တူးရတဲ့ ရေတွင်း ခပ်ရှားရှားရယ်။ သူများစကားနားယောင်ပြီး ဟိုတွင်းတူး ၊ ဒီတွင်းတူးနဲ့ မောတာသာ အဖတ်တင်တယ်၊ ငါ့တွင်းဘဲ ငါဆက်တူးတော့မယ်” ဆိုပြီး သူ ပထမဆုံးတူးခဲ့တဲ့ တွင်းဆီပြန်သွားပြီး စိုက်လိုက်မတ်တပ်နဲ့ တူးလိုက်တာ အတောင် (၄၀)ကျော်လောက်မှာ ရေတွင်းက အောင်သွားပြီး ရေတွေ့သွားပါတော့တယ်။ --------------------------------------------------------------------------- ကျွန်တော်တို့ဘ၀မှာလည်း ဒီလိုဘဲ အစကတော့ အားကြိုးမာန်တက်နဲ့ စခဲ့ကြပေမယ့် တစ်ဝက်တစ်ပျက်ရောက်ခါမှ အကြောင်းအမျိုးမျိုးနဲ့ ရပ်နားထားတဲ့ အလုပ်တွေ ၊ စီမံကိန်းတွေ ၊ ဘ၀ရည်မှန်းချက်တွေ ဘယ်လောက်တောင်မှ များခဲ့ပြီလဲ။ ကြီးမားတဲ့ ဘ၀ရည်မှန်းချက်တွေသာမက အတတ်ပညာတစ်ခု သင်ယူတာ ၊ ပညာရပ်ဆိုင်ရာ သင်တန်းတစ်ခု တက်တာ ၊ ကိုယ်အလေးချိန်ချတာ . . . စတဲ့ ကိစ္စလေးတွေအပါအ၀င်ပေါ့။ ခင်ဗျားတို့တော့ မသိဘူး . . . ကျွန်တော့်မှာတော့ ဒီလိုကိစ္စတွေ မရေမတွက်နိုင်အောင် များခဲ့လှပါပြီ။ ရလဒ်ကတော့ ဘာကိုမှ အောင်မြင်ပြီးစီးအောင် မလုပ်နိုင်ဘဲ သူလိုငါလို ဘ၀မှာဘဲ ယောင်ချာချာ ဖြစ်နေရတာပါဘဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ကျဆင်းလာပါတယ်။ အထက်က ရေတွင်းတူးတဲ့လူလို စ, ပြီး တူးမိတဲ့ ရေတွင်းတစ်ခုကိုသာ ရေတွေ့သည်အထိ ပြီးစီးအောင် တူးမယ် ၊ ပြီးရင် နောက်တစ်တွင်း ဆက်ပြီး တူးမယ်ဆိုရင် ကျွန်တော်တို့မှာ ရေထွက်နေတဲ့ ရေတွင်းပေါင်းများစွာ ပိုင်ဆိုင်နေပြီပေါ့။ အခုတော့ ရေမထွက်တဲ့တွင်းတွေ ဟိုမှာလည်း တစ်တွင်း ၊ ဒီမှာလည်း တစ်တွင်းနဲ့ တွင်းတွေသာများနေပြီး ဘာမှ သောက်လို့မရ၊ သုံးလို့မရနဲ့ အသုံးမကျတဲ့ ရေတွင်းပိုင်ရှင်တွေဘဲ ဖြစ်နေရတော့တာပေါ့။ ကဲ - မိတ်ဆွေ ၊ ကျွန်တော်နဲ့အတူတူ ခင်ဗျားလည်း ကနေ့ကနေစပြီး ခင်ဗျားတူးလက်စ ရေတွင်းတွေထဲက ခင်ဗျားအတူးချင်ဆုံး ရေတွင်းတစ်တွင်းကို ပြန်ရွေးချယ်လိုက်ပြီး ပြန်တူးကြရအောင်လား။ ရေထွက်သည့် တိုင်အောင်ပေါ့ ။ ကိုယ်တူးလိုက်တဲ့ ရေတွင်းက ရေထွက်လာတဲ့ အောင်မြင်မှု နဲ့ ၊ ကျေနပ်ပီတိဖြစ်ရမှုတို့ကို ကျွန်တော်တို့ ခံစားရယူကြမယ်လေ။ “ငါ လုပ်နိုင်တယ်” “ငါ ရအောင်ယူနိုင်တယ်” ဆိုတဲ့ ယုံကြည်မှုတွေကို ကျွန်တော်တို့ ဘ၀မှာ ပြန်ပြီး တည်ဆောက်ယူကြမယ်။ ကျွန်တော်တို့ စိတ်ဓာတ်ခွန်အားတွေ မွေးပြီး ပြန်ကြိုးစားကြရအောင်လား။ ကျွန်တော်တို့မှာ တူးလက်စ ရေတွင်း တစ်ခုမဟုတ် တစ်ခု ကတော့ ကိုယ်စီ ရှိနေကြတာဘဲ မဟုတ်လား။ ဒီတော့ အခုဘဲ စ, လိုက်ကြပါစို့။ အချိန်မနှောင်းသေးပါဘူး။ ကျွန်တော်တို့ ရေတွင်း ပြန်တူးကြမယ်လေ။ ((( ဇွဲနဲ့သာ စိုက်လိုက်မတ်တပ်တူး . . နောက်ဆုံး ရေတွေ့ရမှာ မလွဲပါဘူး ))) ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ

မိုဘိုင်းဖုန်းအသုံးပြုလျှင် သတိထားရန် အချက်များ

မိုဘိုင်းဖုန်းအသုံးပြုလျှင် သတိထားရန် အချက်များ ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတ အချို့ မျှဝေလိုက်ပါတယ်။ မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့် ဆဲလ်ဖုန်း (မိုဘိုင်းဖုန်း)ကို အိပ်ယာဘေးထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများက ဦးနှောက်ကို ထိခိုက်စေပါတယ်။ အကျိုးဆက်များကတော့- skin rashes-အရေအပြား အနီကွက်ထခြင်း၊ headaches (ခေါင်းကိုက်ခြင်း)၊ migraines (ခေါင်းတစ်ခြမ်းကိုက်ခြင်း) , skin irritation (အရေအပြား ဓာတ်မတည့်ခြင်း) , insomnia (အိပ်မပျော်ခြင်း), dizziness (ခေါင်းမူးခြင်း), nausea (မအီမသာဖြစ်ခြင်း), heart palpitations (နှလုံးခုနှုန်း မမှန်ခြင်း), heart pain (နှလုံးအောင့်ခြင်း), concentration problems (အာရုံစူးစိုက်မှုနည်းခြင်း), fatigue (ပင်ပန်းနွမ်နယ်ခြင်း), tingling sensations (တစစ်စစ် တွေ့ထိသလို ခံစားရခြင်း), anxiety attacks (စိုးရိမ်ကြောင့်ကျခြင်း), memory problems (မှတ်သားမှု အားနည်းခြင်း), vision problems )အမြင်ဝေဝါးခြင်း, swollen lymph nodes (အရည်ကြည်ဖုထခြင်း), indigestion reddening of skin (အရေပြားမှရေဒီယိုလိုင်းအား ဆုပ်ယူခြင်း) စတာတွေ ဖြစ်နိုင်ပါတယ်။ ကားပေါ်တွင် မိုဘိုင်းဖုန်း (ဆဲလ်ဖုန်း) အသုးံမပြုပါနှင့် မိုဘိုင်းဖုန်းများဟာ (ဘတ်စ်ကား၊ ကား၊ ရထား) အစရှိသဖြင့် စက်တင် ယာဉ်ပေါ်မှာဆိုရင် ရေဒီယိုလိုင်း ထုတ်လွင့်မှု (radiation) မြင့်မားပါတယ်။ ဒါကြောင့် ဖုန်းမပြောသင့်ပါဘူး။ မဖြစ်မနေပြောရမယ်ဆိုရင်တော့ ခေါင်းနဲ့ သိပ်မကပ်ပဲ လိုရင်းတိုရှင်းပြောပြီး ဖုန်းချသင့်ပါတယ်။ အသက် ၁၆ နှစ်အောက် နှင့် မိုဘိုင်းဖုန်း အသက် ၁၆ နှစ်အောက် ကလေးငယ်များအနေနဲ့ မိုဘိုင်းဖုန်း အသုံးမပြုသင့်သေးပါဘူး။ သူတို့ရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲသာဖြစ်ပြီး ဦးခေါင်းခွံ ပါးနေပါသေးတယ်။ ဒါကြောင့် သူတို့ဟာ သာမန်လူတွေထက် Radiation ကို ပိုမို ခံရပါတယ်။ မိုဘိုင်းဖုန်းကို ဘောင်းဘီအိပ်ထဲမထည့်ပါနှင့် မိုဘိုင်းဖုန်းကို ဘောင်းဘီအိတ်ကပ်ထည့်တဲ့ အလေ့အကျင့်ရှိရင် ရှောင်ရှားစေလိုပါတယ်။ ရေဒီယိုလှိုင်းရဲ့ ဓာတ်ပြု ရိုက်ခက်မှုကြောင့် ယင်းအလေ့အထက ကြာလာရင် မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကို သေစေပြီး ကလေးမရနိုင်တဲ့ အမြုံဖြစ်စေနိုင်ပါတယ်။ မိုဘိုင်းဖုန်းကို ဓာတ်ဆီ၊ ဒီဇယ်ဆီဆိုင်များအတွက် အသုံးမပြုပါနှင့် ဒါကအင်မတန် အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း တားမြစ် ထားပြီး ဖြစ်ပါတယ်။ ဆီဖြည့်နေစဉ် ဖုန်းပြောရင်တော့ ပိုပြီးတော့ အန္တရာယ်ဖြစ်မယ့် အလားအလာ ရှိပါတယ်။ မိုဘိုင်းဖုန်းမှာ လွတ်လိုက်တဲ့ Electro magnetic wave/ radio wave တွေဟာ static electricity ဖြစ်ပေါ်စေပါတယ်။ ပြီးတော့ မီးပွင့်လာတဲ့အတွက် လေကနေ ဓာတ်ကူးပြီး အငွေ့ပြန်နေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့အထိ မီးကူးသွားပါတယ်။ အကျိုးဆက်ကတော့ ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်လာနိုင်စေပါတယ်။ လောင်စာဆီတွေမှမဟုတ်ပဲ၊ ဓာတုဗေဓ ပစ္စည်းထားသိုရာ နေရာအချို့ မှာတောင် အန္တရာယ်ရှိတဲ့အတွက် တားမြစ်ထားပါတယ်။ လောင်စာဆီ ဖြည့်စဉ် ဖုန်းပိတ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းနှင့် အခြားရောဂါ ဝေဒနာ မိုဘိုင်းဖုန်းကြာကြာအသုံးပြုသူတွေဟာ ရေဒီယိုလှိုင်းများကြားမှာ အသက်ရှင်နေကြပါတယ်။ ယင်းလိုင်းရဲ့ ရိုက်ခတ်မှု များကြောင့် ဦးနှောက်သွေးဆဲလ်တွေမှာ ပါဝင်တဲ့ melatonin, serotonin, dopamine , norepinephrine အစရှိသဖြင့် ဟိုမုန်းများကို ပြောင်းလဲစေပြီး ဦးနှောက်နဲ့ပက်သက်တဲ့အခြားရောဂါများ အလွယ်တကူ ဖြစ်စေ ပါတယ်။ ပြီးတော့ မိုဘိုင်းဖုန်းအမြဲအသုံးပြုသူဟာ စိတ်ကျရောဂါမျိုးလည်း ခံစားတတ်ရပြီး ကိုယ်ခံအားပါ ကျဆင်းစေပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်းကို လိုအပ်မှသာ အသုံးပြုစေဖို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ နေ့စဉ် မိုဘိုင်းဖုန်းကို တစ်နာရီ၊ နှစ်နာရီ ဆက်တိုက်ပြောဆိုတဲ့အလေ့ကျင့်ကိုလည်း မလုပ်ဖို့ တားမြစ်ထားပါတယ်။ မိုဘိုင်းဖုန်းကို မိနစ်ပိုင်းအတွင်း ပြောဆိုခြင်းသာ သင့်တော်တယ်လို့ဆိုပါတယ်။ အထက်ပါအချက်အလက်များကို WHO မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်း အသုံးပြုသူများ အနေနဲ့ ဖုန်းဘေးအိပ်ခြင်း၊ ကားပေါ်တွင်ဖုန်းပြောခြင်း၊ ဘောင်းဘီအိပ်ထဲ ထည့်ခြင်း၊ လောင်စာဆီ အနီးတွင် ပြောဆိုခြင်း၊ ဖုန်းကြာကြာပြော ဆိုခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။ -- အောင်ခမ်း TechSpace Journal

မိန်းကလေးများရဲ့ ထက်မြတ်မှုများ

မိန်းကလေးများရဲ့ ထက်မြတ်မှုများ ၁) မိန်းကလေးရဲ့ ဦးနှောက်ဟာ ယောက်ျားလေးထက် သေး တယ် ဆိုသော်ငြားလည်း မိန်းကလေးတွေရဲ့ မှတ်ဥာဏ်က ယောက်ျားလေးထက် ၃%မြင့်ကြောင်း စမ်းသပ်မှုအရ သိရ တယ်။ ဒါပေမယ့် မိန်းကလေးအများစုက ကိုယ့်ချစ်သူ ပိုထက်တယ်လို့ ထင်မြင်စေအောင် လူအများရှေ့မှာ တုံးအချင် ဟန်ဆောင် တတ်ကြသည်။ ၂) မိန်းကလေးတွေက ရေတာဖမ်းစက်နဲ့ တူတယ်။ သူတို့ရှေ့မှာ လိမ်ဖို့ ကြိုးစားလို့ မရဘူး။ မိန်းကလေးတွေရဲ့ ဦးနှောက်မှာ ခန္ဓာစကား (body language) ကို နားလည်တဲ့ အစွမ်းရှိတာ ကြောင့် ယောက်ျားလေးတွေကို ကိုယ်အမှုအရာတွေနဲ့ လှည့်စား လို့ရတယ်။ ၃) မိန်းကလေးတွေက တစ်ဖက်မှာ စကားကို အကျယ်ကြီး ပြောရင်း တစ်ဖက်မှာ စဉ်းစားတယ်။ ယောက်ျားလေးတွေက အဲဒီလို မဟုတ်ဘူး။ ဒါကြောင့်ယောက်ျားလေးတွေက မိန်းကလေးတွေကို ပစိပစပ်များတယ်လို့ ထင်ကြတယ်။ ၄) မိန်းကလေးတွေက သူတို့မကျေနပ်တာ၊ စိတ်ညစ်တာတွေကို ရင်ဖွင့်တာဟာစိတ်ဖိအားကို လျော့စေချင်လို့ဖြစ်တယ်။ ယောက်ျားလေးတွေ ဆီကနေ အကြံဥာဏ်ရချင်လို့ မဟုတ်ပါဘူး။ သူတို့ရင်ဖွင့်တာကို နားထောင်ပေးမယ့်လူရှိဖို့ပါပဲ။ ၅) ယောက်ျားလေးတွေက ကိုယ့်ချစ်သူကို ချစ်တဲ့အကြောင်း စိတ်ခံစားမှုကိုစာစီပြီး မဖွဲ့နွဲ့ပြတတ်ဘူး။ဒါကြောင့် ကိုယ့်ချစ်သူကို ကတ်လေးတွေ လက်ဆောင်ပေးတဲ့အခါ ကိုယ်ရေးဖို့နေရာမရှိအောင် စာတွေ အများကြီးပါတဲ့ ကတ်ကိုပဲ ရွေးဝယ်တတ်ကြတယ်။ ၆) မိန်းကလေးတွေက စပြီး လမ်းခွဲစကား ပြောတာဟာ ယောက်ျားလေးတွေ ပေးကမ်းတဲ့ လက်ဆောင် ပစ္စည်းတွေ မလုံလောက်လို့ မဟုတ်ဘူး။ သူတို့အတွက် အချစ်တွေ မလုံလောက်ဘူးလို့ ထင်လို့ပါ။ ၇) မိန်းကလေးတွေက တစ်နေ့ကို စကားလုံးပေါင်း ၂သောင်းကျော် သုံးပြီး စကားပြောတတ်ကြတယ်။ ယောက်ျားလေးတွေက ၇ထောင်ကျော်ပဲ သုံးတယ်။ ၈) အချစ်ရေးမှာ အဆင်မပြေတဲ့ မိန်းကလေးတွေက အလုပ်ကို စိတ်ဝင်တစား မလုပ်တတ်ကြဘူး။ အလုပ်အဆင်မပြေတဲ့ ယောက်ျားလေးတွေက အချစ်ရေးကို စိတ်ဝင်မစားကြဘူး။ ၉) ယောက်ျားလေးတွေက တစ်ကြိမ်မှာ အလုပ်တစ်ခုပဲ လုပ်နိုင်တယ်။ ဥပမာ ကားရပ်ပြီး ကားကက်ဆက်ကို ပိတ်ပြီးမှ လမ်းညွှန် မြေပုံကို ကြည့်တတ်ကြတယ်။ မိန်းကလေးတွေက တစ်ကြိမ်ထဲမှာ အလုပ်အများကြီး လုပ်နိုင်တယ်။ ဥပမာ တီဗွီကြည့်ရင်း ဖုန်းပြောရင်း လက်သည်းတွေ ပြင်နေတတ်သလို ဖုန်းပြောရင်းကြော်လှော်နေလို့ရတယ်။ ၁၀) ယောက်ျားလေးအများစုက ကိုယ့်ချစ်သူနဲ့ ဈေးဝယ်ထွက်ပြီး မိနစ်၂၀ ကြာရင် ဦးနှောက် သွေးယိုစီးတဲ့ လက္ခဏာ ဖြစ်တတ်တယ်။ ၁၁) ယောက်ျားလေးတွေရဲ့ ဦးနှောက်ထဲမှာ ၁၅% ကနေ ၂၀% အထိလောက်က မိန်းကလေးဆန်တဲ့ အစိတ်အပိုင်းရှိပြီး မိန်းကလေးတွေမှာ ၁၀% လောက်သာ ယောက်ျားဆန်တဲ့ အစိတ်အပိုင်းရှိတယ်။ ဒါကြောင့် ယောက်ျားလိင်တူ ချစ်ကြိုက်နှုန်းဟာ မိန်းကလေးလိင်တူ ချစ်ကြိုက်နှုန်းထက် များခြင်းဖြစ်တယ်။ Credit - Original Writer
အမေး – ကျမတို့ လင်မယားနှစ်ယောက်မှာ ပြဿနာတစ်ခု တက်နေပါတယ်ရှင့်။ ကျမက အခုအသက်၂၃ နှစ်ရှိပါပြီရှင့်။ ကျမတို့ မိန်းကလေး သဘာဝအရ ယောက်ျားလေးနဲ့  စပြီး နေတဲ့နေ့မှာ သွေးကျရမယ်လို့ ကျမအမျိုးသားက ပြောပါတယ်။ ကျမ အဲလိုသွေးမကျဘူးတဲ့။ အဲဒါကြောင့် ကျမကို အပျို မစစ်ဘူးလို့ ပြောပါတယ်။ ပြီးတော့ ဘယ်သူနဲ့ ဘာလုပ်ခဲ့လဲဆိုပြီး နေ့စဉ် အဲဒါကိုပဲ ပြဿနာလုပ်နေပါတယ်။ အမှန်တကယ်ကို ကျမသူနဲ့မရခင် ဘယ်သူနဲ့မှ ဘာမှမဖြစ်ခဲ့ပါဘူး။ သူ့ကို ပြောပြတော့လဲ သူကကျမကို မယုံပေးပါဘူး။ ဘာကြောင့်များ ကျမ သူများတွေနဲ့ မတူပဲ ခုလိုမျိုး ဖြစ်နေရသလဲ ဆိုတာကို ကျမအမျိုးသား ယုံအောင်ကျမမှာ ဆေးပညာ ဗဟုသုတ မရှိတဲ့အတွက် ကျမတို့ကို ကူညီပေးပါလို့ တောင်းခံပါရစေရှင့်။ အဖြေ – “Medico-legal cases ဆေးပညာနဲ့ မှုခင်းဆိုင်ရာ အငြင်းပွါးမှု” တွေမှာ သုံးနိုင်တဲ့ Virginity of female မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့အချက် (၈) ချက်ရှိတယ်။ 1. Breasts of virgin အပျိုစစ်တယောက်ရဲ့ ရင်သားတွေဟာ လုံးဝန်းပြီး တင်းနေမယ်။ အလုံးတခုကို ထက်ခြမ်း ခြမ်းထားလိုရှိတယ်။ နို့သီးထိပ်ဖျားကလဲ ဖွံ့ထွားမှု မပြည့်စုံသေးဘူး။ နို့ထိပ်အရောင်ရင့် အဝိုင်း အရောင်က အသားဖြူသူတွေမှာ ပန်းရောင်၊ အသားရောင် သိပ်မဖြူရင် ညိုတိုတို၊ ဒါမှမဟုတ် အသားနက်ရင် မဲနေမယ်။ 2. Labia majora မ-အင်္ဂါနှုတ်ခမ်းသား အကြီးဟာ ထူမယ်၊ တင်းတင်းရင်းရင်း ရှိတယ်၊ ဆန့်နိုင်-ကျုံ့နိုင်စွမ်း ရှိမယ်။ ဘေးအနားသတ်က လုံးဝန်းတယ်။ ဘယ်နဲ့ညာ နှုတ်ခမ်းသားတွေက (ဗဂျိုင်းနား) အဝကို လုံးဝ ဖုံးထားနေမယ်။ 3. Labia minora မ-အင်္ဂါနှုတ်ခမ်းသား အသေးဟာ သေးငယ်တယ်၊ ပါးလျပြီး ပျော့ပြောင်းမယ်။ ထိကိုင်ရင် အာရုံခံအသိ သိပ်များတယ်။ အရောင်နုမယ်။ သူ့ကို မ-အင်္ဂါနှုတ်ခမ်းသား အကြီးကဖုံးထားမယ်။ (အရောင် ပိုရင့်သူတွေလဲ ရှိတယ်။ လိုတာထက် ပိုရှည်-ပိုကြီးနေသူတွေလဲ ရှိတယ်။ “Labia မ-အင်္ဂါ နှုတ်ခမ်းသား လှဘို့လိုသလား” ကို ဖတ်နိုင်ပါတယ်။) 4. Clitoris မ-အစိဟာ သေးငယ်ပြီး ပန်းရောင်ရှိမယ်။ သူ့ကို မ-အင်္ဂါနှုတ်ခမ်းသား အကြီးကနေ ဖုံးအုပ်နေမယ်။ (အရောင်က တသမတ်တည်း မဟုတ်ပါ။ အရွယ်အစားကလဲ သိသာသူရှိသလို သေးငယ်သူလဲ ရှိတယ်။ တယောက်တည်းမှာ ဆက်ဆံမှုအကြိမ် များရင်များသလို၊ အသက်ရရင်ရသလို ပိုကြီးလာမယ်။ ဟော်မုန်း ရောဂါ ရှိရင် ကျားအင်္ဂါလို ဖြစ်နေမယ်။) 5. Vaginal opening ဗဂျိုင်းနား အပေါက်ဝအကျယ်ဟာ ၁ဝ နှစ်သမီးအရွယ်မှာ လက်သန်းထိပ် လောက်သာ ဝင်လိုရမယ်။ အရွယ်ရောက် အမျိုးသမီးဆိုရင် လက်တချောင်းစာလို့ ပြောနိုင်တယ်။ ရာသီသွေး ဆင်းတဲ့ အလုပ်ကိုသာ တာဝန်ထမ်းရဘူးသေးတယ်။ 6. Vagina ဗဂျိုင်းနား-လှိုင်ခေါင်းဟာ တင်းကြပ်နေမယ်။ ကျဉ်းတယ်။ မျက်နှာပြင် ကြမ်းတမ်းနေမယ်။ အပေါက်ဝနဲ့ သားအိမ်အဝကြား အကွာအဝေးက တိုတိုလေးဘဲ ရှိမယ်။ ကြွက်သားနဲ့ အရွတ်တွေနဲ့ တည်ဆောက် ထားတာမို့ ဆန့်နိုင်-ကျုံ့နိုင်၊ ကျဉ်းနိုင်-ကျယ်နိုင်တယ်။ ဒါပေမဲ့ ဒီလို တခါမှ မလုပ်ဘူးသေးဘဲ အရိုင်းသက်သက် ဖြစ်နေမယ်။ သွေးမဆုံးခင်အထိ အရည်ရှိနေလို့ အမြဲတန်းလို စိုစွပ်နေတယ်။ စိုစွပ်မှု များနေချိန်မှာ ထိုးသွင်းမှုကို ပိုပြီး ခံနိုင်ရည် ရှိစေမယ်။) 7. Hymen အပျိုမှေးဟာ အရေပြား-အနုစား ဖြစ်တယ်။ ဗဂျိုင်းနားအဝကို ဖုံးနေတယ်။ ၁ မီလီမီတာ ထူတယ်။ အလည်နေရာက ပိုပါးတယ်။ ပုံမှန်ဆိုရင် အပေါက်ငယ်ငယ်လေးသာ ရှိမယ်။ အပေါက်ပုံစံက မတူကြ ဘူး။ ဒေါင်လိုက်၊ အဝိုင်း၊ လခြမ်းပုံ၊ အနားမညီမညာ ရှိမယ်။ ဒီပုံစံအားလုံးက ပုံမှန်ဖြစ်ပါတယ်။ (တကယ်လို့ ထိခိုက်မှု၊ ထိုးသွင်းမှု၊ ဆက်ဆံမှု တခုခုရှိရင် စုပ်ပြဲသွားမယ်။ စုပ်ပြဲမှုကလဲ ဒဏ်အပေါ်မှာ မူတည်တယ်။ ဒဏ်ပြင်းတာ၊ ထိုးသွင်းတဲ့အရာ ကြီးတာ၊ ထိုးသွင်းမှု အရှိန်-အကြိမ်တွေ အပေါ် မူတည်တယ်။ စုတ်ပြဲချိန်မှာ နာမယ်။ ဒဏ်တူတာဖြစ်ပေမဲ့ အနာခံနိုင်စွမ်း မတူကြဘူး။ အတော်များများ အပျိုလေးတွေ ပဌမအကြိမ် ဆက်ဆံရင် မျက်ရည်ကျတဲ့အထိ နာတယ်။ သွေးထွက်မယ်။ တကယ်လို့ သေးတာ၊ နည်းတာနဲ့သာ ကြုံဘူးထားရာကနေ ပိုကြီးတာ၊ ပိုများတာနဲ့တွေ့ရင် နဲနဲသာနာမယ်၊ နဲနာသာ သွေးထွက်မယ်၊ သွေးမထွက် တာလဲ ဖြစ်နိုင်တယ်။) 8. Fourchette commissure မ-အင်္ဂါနှုတ်ခမ်းသား အကြီးနှစ်ခု အောက်ဖက်မှာ ဆုံတဲ့နေရာကို ခေါ်တယ်။ ဒီ အရေပြား-အနုစားလေးက စုပ်ပြဲမသွားသေးဘဲ မိမွေတိုင်း ရှိနေရတယ်။ (ဒီအချက်က Hymen အပျိုမှေးလို အရေးပါပေမဲ့ လူပြော သိပ်မများဘူး။ မွေးလမ်းကနေ ကလေး မမွေးဘူးသူတိုင်း တင်းတင်းရင်းရင်း ရှိနေတယ်။) အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ “အသုံးပြုနိုင်တယ်” လို့ ပြောတာဟာ ဒါနဲ့ မကိုက်ရင်တော့ မဟုတ်ပါဘူးလို့ ဘယ်သူက အဆုံးအဖြတ်ကို ပေးမှာလဲ။ မြန်မာပြည် တရားခွင်မှာ ဆရာဝန်တွေက (သိရ သလောက်တော့) ထွက်ချက် မပေးရပါ။ ခင်ပွန်းလောင်းက ထည့်စဉ်းစားနိုင်ပေမဲ့ ကံသေကမ္မ ပြောမရလို့ ချွင်းချက် ထားသင့်တယ်။ ဒီလို အဆုံးအဖြတ်မျိုးဟာ မိန်းကလေးတယောက်ရဲ့ တကယ့် ကိုယ်ပိုင် ပိုင်ဆိုင်မှု အစစ်ဖြစ်တယ်။ ကံဆိုးသူတွေမှာ ဒီဝိသေသဟာ (မေးတဲ့သူလို) တကယ့်ပြဿနာ ဖြစ်စေနိုင်တယ်။ Definitions of virginity loss အပျိုရည်ပျက်ခြင်း အဓိပ္ပါယ်ဖွင့်ဆိုချက်များ “Virginity (ဗာဂျင်နတီ) အပျိုစစ်” ဆိုတာ Sexual intercourse လိင်ဆက်ဆံမှု တခါမှမရှိသေးတာကို ခေါ်တယ်။ လိင်ဆက်ဆံမှုဆိုတာ အစဉ်အလာ လက်ခံထားတဲ့ အချက်ကတော့ Vaginal penetration with penis (ဗဂျိုင်းနား) ထဲကို ကျား-လိင်အဂ်ါ ထိုးသွင်းနည်းနဲ့ ဆက်ဆံတာကို အလိုတူဖြစ်ဖြစ်၊ အလိုမတူဖြစ်ဖြစ် အနည်းဆုံးတကြိမ် ရှိဘူးတာကို ခေါ်တယ်။ “Vagina-virginity (ဗဂျိုင်းနား) က (ဗားဂျင်း) ဖြစ်တယ်” လို့ အတိအကျခေါ်တယ်။ မေးဘို့ လိုသေးတာက ပါးစပ် သုံးနည်း တခုထဲသာ ရှိဘူးတာလား၊ စအိုနည်းတခုတည်းဆိုလဲ ထည့်ရမှာဘဲ။ ယောက်ျားနဲ့ဖြစ်ဖြစ် Lesbians မိန်းကလေးချင်း ဖြစ်ဖြစ် (မာစတာဘေးရှင်း) လုပ်ဘူးတာလား။ ဒီအမျိုး အစားတွေသာ ရှိတာကို “Physiological virginity ဇီဝကမ္မ-အပျိုစစ်” လို့ ခေါ်တယ်။ (မာစတာဘေးရှင်း) မှာလဲ ဗဂျိုင်းနားထဲကို ထိုးသွင်းဘူးတာက ဘာနဲ့လဲ။ ဥပမာ Dildo ခေါ်တဲ့ ကျား-လိင်အင်္ဂါအတုကို ထည့်သွင်းဘူးတာ၊ ကိုယ်တိုင် လက်နဲ့သာ (မာစတာဘေးရှင်း) လုပ်တာလား။ ၂ မျိုးလုံးကိုလဲ အပျိုရည်ပျက်စာရင်းထဲ ထည့်သွင်းလေ့ မရှိပါ။ အမေရိကားမှာ ၁၉၉ဝ နောက်ပိုင်း “Technically virgin နည်းလမ်းအရ ပြောရရင် အပျိုပါဘဲ” ဆိုတဲ့ ဖွင့်ဆိုချက်က ခေတ်စားလာတယ်။ သမားရိုးကျ လိင်ဆက်ဆံမှုတော့ မပြုဘူး၊ တခြားနည်းနဲ့သာ သာယာမှု ရှာတာပါလို့ လျှောက်လဲချက်ဖြစ်တယ်။ အဲဒါလောက်သာ လုပ်တာမို့ ကျမလဲ အပျိုစာရင်း ဝင်ပါတယ်လို့ ပြောတာကို Virginity pledges ခေါ်တယ်။ (ယေးလ်) တက္ကသိုလ်က ပညာရှင် Peter Bearman နဲ့ Hannah Brueckner တို့က အဲလို အပျိုစာရင်း ဝင်ပါတယ်လို့ ပြောထားသူတွေကို နောက် ၅ နှစ်နေတော့ ဆန်းစစ်တဲ့အခါ (STDs) လိင်ကတဆင့် ကူးစက်ရောဂါ ဖြစ်နှုန်းက အဲလို မပြောသူတွေနဲ့ အတူတူဘဲ ရှိကြတာ တွေ့ရ တယ်။ လိင်ဆက်ဆံမှု မရှိဘဲလဲ အထက်ကရေးခဲ့တဲ့ အချက်တချို့ ပျက်ယွင်း နေနိုင်တယ်။ ဥပမာ စက်ဘီးစီးတာ၊ မြင်းစီးတာ၊ အားကစား ပြင်းပြင်းထံထံ လုပ်တာ၊ ဂျွမ်းဘားကစားတာတွေ ပါတယ်။ ဒီလိုကြောင့် အပျိုမှေး ပေါက်ပြဲမယ်ဆိုရင် မိန်းကလေး ကိုယ်တိုင်တောင်မှ စုပ်ပြဲသွားခဲ့တာကို သိချင်မှသိမယ်။ ဒီမိန်းကလေးမျိုးဟာ တကယ်တန်း ယောက်ျားနဲ့ ဆက်ဆံတဲ့ ပဌမဆုံးအကြိမ်မှာ သွေးထွက်ချင်မှ ထွက်မယ်။ ဒါမျိုးကို အပျိုရည်ပျက်ယွင်းတယ်လို့ သတ်မှတ်တာ တရားပါသလား။ ထင်မြင်ချက်တခုက မိန်းကလေး မွေးကတည်းက အပျိုမှေး ပါမလာကော မဖြစ်နိုင်ဘူးလား။ ဒီထောက်ပြချက်ဟာ မမှန်ပါ၊ မိန်းကလေးတိုင်းမှာ မွေးကတည်းက အပျိုမှေးဟာ လုံလောက်အောင် ရှိနေနိုင်တဲ့ အကျန် အကြွင်းတခု ဖြစ်ပါတယ်။ Imperforate hymen အပျိုမှေး ပေါက်မနေတာသာ ဖြစ်နိုင်တယ်။ ဒီလိုဖြစ်နေသူတိုင်းကိုတော့ Hymenotomy လုပ်ပေးရမယ်။ တချို့ အမျိုးသမီးတွေက ဘယ်နည်းနဲ့ ပေါက် သွားသွား Hymenorrhaphy or Hymenoplasty ခွဲစိတ်နည်းနဲ့ ပြုပြင်ကြပြီးသကာလ “Born again virginity ပြန်လည်ရှင်လာသော အပျိုဖြစ်ခြင်း” လို့ ခေါ်ကြတယ်။ မိန်းကလေးတယောက်မှာ ယောက်ျားနဲ့ ပထမဆုံး လိင်ဆက်ဆံမှုရှိသွားပြီဆိုတဲ့ အချက်ကို ယဉ်ကျေးမှု အများစုမှာ “ပုဂ္ဂိုလ်ရေး သမိုင်းမှတ်တိုင်တရပ်” လို့ အလေးအနက် သဘောထားကြတယ်။ ဘာအဓိပ္ပါယ် ဆောင်ပါ သလဲ။ Saving oneself ကိုယ့်အပျိုရည်ကို ထိန်းထားနိုင်စွမ်းရှိသူ။ Losing one’s virginity ကိုယ့်အပျိုဘဝကို ပေးအပ်လိုက်သူ။ Taking someone’s virginity အပျိုရည်ဘဝတခုကို ရယူလိုက်သူ။ Deflowering ပန်းကောင်း အညွန့်ချိုးခြင်း စသဖြင့် သုံးစွဲကြတယ်။ ဒီလိုဖြစ်သွားသူတယောက်ဟာ “ဖြူစင်မှု၊ တည်ကြည်မှု၊ သန့်စဉ်မှု ကုန်ဆုံးသွားပြီ” လို့ တချို့က ဆိုကြတယ်။ ဘာသာရေးတချို့ကလဲ အဲလိုယူတာဘဲ။ တချို့အသိုင်းအဝိုင်းတွေမှာ အပျိုစစ်ဖြစ်ခြင်းကို “ဂုဏ်တရပ်၊ ဖြစ်နိုင်ရင် အသက်နဲ့လဲပြီး ထိန်းသိမ်းကာကွယ်ရမဲ့ ကိုယ်ပိုင်တန်ဘိုးတရပ်” လို့ ယူဆကြတယ်။ မိန်းမအင်္ဂါထဲကို Tampon, Menstrual cup လို ရာသီ လာတဲ့အခါ သုံးတဲ့ပစ္စည်း ထည့်သွင်းတာအပြင် Medical examinations မျိုးပွါးလမ်းကြောင်းထဲ လက်-ကရိယာ ထည့်ပြီး ဆေးစစ်တာကိုပါ တချို့က လက်သင့်မခံချင်ကြဘူး။ ဒီအချက်ကိုတော့ သဘောမတူပါ။ ၂ နှစ်အတွင်း မွေးကာစ မိန်းကလေး ၂ ယောက်ထက်မနည်း မွေးကတည်းက (ဗဂျိုင်းနား) ပိတ်နေတာကို မိဘတွေကသိလို့ လာပြတယ်။ ထုံဆေးလေးနဲ့ အပေါက်ငယ်လေး လုပ်ပေးလိုက်တယ်။ ဒီမိန်းကလေးတွေကို ဘယ်သူ ဘယ်ဝါ ဖြစ်တယ်လို့ ဆရာဝန်က သူများမပြောပါ။ မိဘတွေကလဲ သူတို့သမီးလေးတွေ ဒီလို လုပ်ထားတယ်လို့ ပြောမယ် မထင်ပါ။ ဒီတော့ မိန်းကလေးတွေ ကိုယ်တိုင်လဲ သိနိုင်ကြမယ် မဟုတ်ပါ။ တခြားမှာလဲ ဒီလို လုပ်ထားသူတွေ ရှိပါမယ်။ ဖေါက်ပေးလိုက်တာက လိုတာထက် ကျယ်သွားရင် ဒီမိန်းကလေးမျိုး မင်္ဂလာဦးမှာ နာတာ၊ သွေးထွက်တာ မဖြစ်နိုင်ပါ။ အချိန်တန်ပေမဲ့ ရာသီမလာနိုင်လို့ အပျိုမှေး အပေါက်ပိတ်တာကို ခွဲစိတ်ပေးရင်လဲ ဒီလိုဘဲရှိမယ်။ အပျိုဖြစ်ခြင်းရဲ့ တန်ဘိုးကို ငွေကြေးနဲ့ဖြတ်တာဟာ ကိုယ်ခန္ဓာကိုရင်းပြီး စီးပွါးရှာတဲ့နေရာမှာ သိသာတယ်။ အပျိုမဟုတ်သူ တယောက်ရဲ့ တညတာ သတ်မှတ်ချက်ထက် အပျိုတယောက်ကို အနည်းဆုံး (၁ဝ) ဆ ထားလေ့ရှိတယ်။ တကယ်တော့ တညဟာ တဘဝတာ ပြီးဆုံးခြင်းသာ ဖြစ်ပါတယ်။ ဂျပန်မှာ (ဂေးရှား) မယ်လေးတွေရဲ့ အပျိုဘဝကို Mizuage ခေါ်တဲ့ ပွဲလမ်းသဘင်မှာ (လော့ဒ်) တွေက ရယူခွင့်ရှိတယ်။ ပိုက်ဆံပေးရင်တော့ ချမ်းသာခွင့် ပေးတာလဲရှိသတဲ့။ ပုဂံခေတ်ဦး အရည်းကြီးတွေလဲ ဒီသဘော လုပ်ခဲ့ကြ တယ်။ စေတနာနဲ့ ပညာပေးတာလို့ ဆိုပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာနဲ့ ဘုရင်အနော်ရထာ ကျေးဇူးနဲ့ ပန်းဦးလွှတ်တဲ့ အကျင့်ပျောက်ကွယ်စေခဲ့တယ်။ Proof of virginity အပျိုစစ် သက်သေခံချက် တချို့အသိုင်းအဝိုင်းတွေမှာ သတို့သမီးဘက်က အပျိုစစ်ပါတယ်ဆိုတာ သက်သေပြနိုင်ဘို့ လိုတယ်။ Intact hymen အပျိုမှေးရှိနေတယ်ဆိုတဲ့ Certificate of virginity ဆရာဝန် ထောက်ခံချက် လိုတယ်။ ဒါမှမဟုတ် အပျိုမှေးပေါက်သွားလို့ ထွက်တဲ့သွေး Nuptial blood-spotted bed sheet အိပ်ယာခင်းမှာ သွေးစွန်းတာ ပြရတယ်။ Virginity test ဆိုတာလဲ ရှိပါတယ်။ အပျိုမှေးကို စစ်ဆေးတာပါဘဲ။ မတိကျဘူးလို့ အငြင်းပွါးကြပါတယ်။ ၂၃-၁၁-၂ဝ၁၁ နေ့က AI လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက လူ့အခွင့်အရေး ချိုးဖေါက်တာလို့ ထောက်ပြဘူးတယ်။ ၂ဝ၁၁ အီဂျစ်တော်လှန်ရေးကာလမှာ စစ်တပ်ကနေ အဓမ္မပြုကျင့်ခံရတယ်လို့ဆိုသူ အမျိုးသမီးတွေ ကို ထိန်းသိမ်း ထားတုံးမှာ Virginity test လုပ်ခဲ့တာကို ဝန်ခံပြီး ၂၇-၁၂၂ဝ၁၁ မှာ ဒီလိုလုပ်တာကို အစိုးရက တားမြစ်လိုက်ပါတယ်။ ဗြိတိန်မှာလဲ လုပ်ဘူးသေးတယ်။ Fiancee visa သတို့သမီးလောင်း (ဗီဇာ) လို့ ခေါ်တယ်။ ၁၉၇၉ ဇန္နဝါရီလထဲမှာ မင်္ဂလာဆောင်ဘို့ ဝင်လာသူ အမျိုးသမီးတယောက်ကို Virginity test လုပ်စေခဲ့တယ်။ နောက်တော့ ပြင်လိုက်ပါတယ်။ အိန္ဒိယမှာလဲ အဓမ္မ ကျင့်ခံရပါတယ်လို့ ပြောသူတိုင်းကို ဒီလိုဆေးစစ်တာမျိုး ၂၉-၁-၂ဝ၁၂ နေ့အထိ လုပ်ခဲ့တယ်။ အပျိုမှေးစစ်တာအပြင် Laxity of vaginal muscles ဗဂျိုင်းနား ကြွက်သားတွေ တင်းမာမှုအခြေအနေကို လက် ၂ ချောင်းစမ်းသပ်နည်းနဲ့ လုပ်တယ်။ ရုပ်ရှင်တကားမှာ ပါတယ်။ဒီနည်းက တိကျမှု မရှိတာ ကိုလဲ ငြင်းကြပါတယ်။ အာဖရိက နိုင်ငံတချို့မှာ ငယ်ငယ်ကလေးကတည်းက မ-အင်္ဂါ နှုတ်ခမ်းသား အကြီးနှစ်ခုကို ဆွဲချုပ်ပေးတာကို Infibulation ခေါ်တယ်။ မင်္ဂလာမဆောင်ခင် ချုပ်ကြိုး အစစ်ခံကြရတယ်။ ဒီအလေ့အကျင့်မျိုးတွေကို ခေတ်မီသူတွေက ရှုတ်ချကြတယ်။ ဒါပေမဲ့ ၂ဝဝ၄ မှာ (ဇင်ဘာဘွေ) ခေါင်းဆောင်တဦးက ဒီလိုလုပ်တာကြောင့် HIV ကူးစက်တာကို သက်သာစေတယ်လို့ ပြောတော့ မငြင်းနိုင်ကြဘူး။ အမျိုးသမီး အများစုဟာ ယောက်ျားနဲ့ ပထမဆုံး လိင်ဆက်ဆံရင် - အပျိုမှေးပေါက်သွားလို့ သွေးထွက်မယ်၊ ၁-၃ ရက်အထိ နည်းနည်းထွက်မယ်။ - မ-အင်္ဂါ ဖူးရောင်နေမယ်၊ ၁-၃ ရက်ကြာ နာနေမယ်။ - ၃ ရက်ထက် ပိုကြာနေရင်၊ သွေးဆင်းတာလဲ များမယ်ဆိုရင် ဆရာဝန်ပြပါ။ “Romantic love စိတ်လှုတ်ရှားမှုက ရတဲ့အချစ် နဲ့ Sexual jealousy လိင်ပိုင်းဆိုင်ရာ သဝန်တိုမှုဟာ Universal features of human relationships နေရာတကာမှာ မှန်ကန်တဲ့ လူမှုဆက်ဆံရေး ဖြစ်တယ်” လို့ ဆိုရှယ်-စိတ္တဗေဒ ပညာရှင်တွေက ဆိုကြပါတယ်။ ဒေါက်တာတင့်ဆွေ
လူတိုင်း အသက်ရှုတာ တူကြပေမယ့် မိမိကိုယ်ကို ယုံကြည်မှုရှိတာခြင်းကတော့ တူမည်မထင်ပါ။ ဘ၀မှာ နေရာတစ်ခုကို အခိုင်အမာရထားတဲ့ သူတွေဟာ မိမိကိုယ်ကို ယုံကြည်ခဲ့ကြလို့ ပဲ ဖြစ်ပါတယ်။ မိမိကိုယ်ကို ယုံကြည်တတ်ဖို့ လွယ်တယ် မထင်ပါနဲ့ ။ ဒါ အင်မတန်ခက်ခဲပါတယ်။ အလုပ်တစ်ခုကို ပထမဆုံးစလုပ်တဲ့အချိန်မှာ လူတစ်ယောက်အတွက် အင်မတန်အရေးပါ ပါတယ်။ သူဟာဒီအလုပ်နဲ့ သူရဲ့ ယုံကြည်မှုကို အစပျိုးခဲ့တာ ဖြစ်ပါတယ်။ သူပထမဆုံး အားခဲထားတဲ့ အဲ့ဒီအလုပ် မအောင်မြင်ဘူးဆိုရင် အဲ့ဒီလူဟာ ယုံ ကြည်မှု ယိုင်သွားပါပြီ ။ အဲ့လို ယုံကြည်မှုနည်းသွားပြီဆိုရင် သူရဲ့ ဘ၀ဟာလည်း အားအင်ချိနဲ့  သွားပြီ။ မိမိကိုယ်ကို ယုံကြည်မှုနည်းတဲ့ သူတိုင်းကို သတိထားလေ့လာကြည့်ပါ၊ မိမိကိုယ်ကို တန်ဖိုးမထားကြသလို မိမိရဲ့အလုပ်ကို လည်း တန်းဖိုးမထားတတ်ကြဘူး။ ဒါကြောင့်လည်း ဘ၀မှာ ရေစုံမျောနေကြတာပေါ့။ သူတို့ က ကိုယ့်ရဲ့ယုံကြည်မှု နည်းတဲ့ စိတ်ကို မပြုပြင်တဲ့အပြင် ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုပါ အမှောင်ဖုံးစေချင်တဲ့သူမျိုးတွေပါပဲ။ ကိုယ်ကိုတိုင် အရာရာ အားနည်းနေတဲ့သူဆိုမှတော့ သူများ အားသွားပေးချင်လို့ ဘယ်ရပါ့မလည်း၊ ကိုယ့်ရဲ့အားနည်းချက်တွေ ပါ သူများကူးကုန်မှာပေါ့။ ကိုယ့်ရဲ့မပြည့်မှုတွေကို အရင်ဖြည့်ဖို့ လိုတယ်။ ပြီးတော့လည်း ယုံကြည်မှုရှိတဲ့သူတွေကို အတ္တကြီး တယ်လို ခေါင်းစဉ် မတပ်ကြပါနဲ့ ။ သူတို့ ဘ၀အတွက် သူတို့ လုပ်သင့်တာကို မှန်မှန်ကန်ကန်နဲ့ လုပ်ကြတာပါ။ ယုံကြည်မှုရှိခြင်း ဟာ အတ္တကြီးခြင်း မဟုတ်ပါဘူး။

ဘီလ်ကိတ်ပြောတဲ့ ဘဝ (၁၁) ခု

ဘီလ်ကိတ်ပြောတဲ့ ဘဝ (၁၁) ခု ======================= ဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ကိတ်က ဒီလိုအကြံဥာဏ်ပေး ဟောပြောခဲ့ပါတယ်။ ၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။ ၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။ အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့ လောကကြီးက ပိုမျှော်လင့်တယ်။ ၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်း ဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက် ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။ ၄) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင် တစ်နေ့ခင်ဗျားတို့ ကုမ္ပဏီသူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။ သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။ ၅) ဟမ်ဘာဂါဆိုင်မှာ အလုပ်လုပ်လို့ ကိုယ့်ကို အသုံးမကျဘူးလို့ မထင်နဲ့။ ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။ အဲဒါက "အခွင့်အရေး" တဲ့။ ၆) ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။ ဒါကြောင့် ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့။ အမှားထဲက သင်ယူပါ။ ၇) ခင်ဗျားမမွေးဖွားခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။ သူတို့ အခုလို ထိုင်းမှိုင်းရတာက ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့၊ ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့၊ ကိုယ့်ကိုယ်ကိုတော်ကြောင်း အပြောကြီးတဲ့ ခင်ဗျားရဲ့စကားကို နားထောင်နေရလို့ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို ခင်ဗျား ပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ရာကို အရင်သန့်ရှင်းလိုက်ပါ။ ၈) ကျောင်းမှာ နိုင်သူနဲ့ ရှုံးသူဆိုတာရှိတယ်။ ဘဝမှာ မရှိဘူး။ ကျောင်းက ခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။ တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။ ၉) တီဗွီထဲ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။ တကယ့်ဘဝက လူတိုင်း ကော်ဖီဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။ ၁ဝ) စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ထဲက တစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်။ ၁၁) လူ့ဘဝမှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။ ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကို ညှိနှိုင်းပေးမှာမဟုတ်ဘူး။ ဒါကြောင့် ကိုယ့်အားလပ်ချိန်ကို အသုံးပြုပါ။ Credit- Original Translator

ပျားရည်ကို ဘာကြောင့် မှီဝဲသင့်သလဲ

ပျားရည်ကို ဘာကြောင့် မှီဝဲသင့်သလဲ ဘယ်လိုရောဂါတွေ အတွက် ကောင်းပါသလဲ ပျားရည်ဟာ ကြာရှည်ခံသော အစားအစာ ဖြစ်ရုံတင် မကဘဲ ဆေးဘက် ဝင်သော အရည်တစ်မျိုး ဖြစ်ပါတယ်။ အထူးသဖြင့် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင် ရုံတင်မကာဘဲ အခြားသော ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ပျားရည်ဟာ ချိုမြိန်သော အရသာ ရှိသည့်အတွက် လူတိုင်းကြိုက်နှစ် သက်လို့ မှီဝှဲရန် အဆင်ပြေတဲ့ အစားအစာ တစ်မျိုးဖြစ် ပါတယ်။ ပျားရည်ကို မှီဝဲလို့ ကာကွယ်ပေး နိုင်တဲ့ ရောဂါတွေ ကတော (၁) ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ (၂) နှလုံးရောဂါ များကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ (၃) ပြည်တည်နာနှင့် အနာဆွေး၊ အနာဟောင်း အတွက်လည်း ပျားရည်ဟာ အသုံးဝင်ပါတယ်။ (၄) ခန္ဓာကိုယ်အတွက် ခွန်အားကို ပေးစွမ်းပါတယ်။ (၅) ချောင်းဆိုးခြင်းများ အတွက်လည်း မှီဝဲပေးနိုင်ပါတယ်။ (၆) အစာကို အလွယ်တကူ ကြေစေနိုင်တဲ့ သတ္တိရှိပါတယ်။ (၇) မီးလောင်နာနှင့် ပြတ်ရှနာများ အတွက်လည်း ကောင်းမွန်ပါတယ်။ (၈) နို့ပူပူလေး တစ်ခွက်ကို ပျားရည်တစ် ဇွန်းခန့်ရော စပ်ပြီး အအေးခံသောက်သုံးပါက အိပ်မပျော်သူများ အိပ်ပျော်စေနိုင်ပါတယ်။