Tuesday, May 15, 2012
U Thant
“သည်းမခံနိုင်ခြင်းကလွဲလို့ အားလုံးကို သည်းခံနိုင်ဖို့ ကျွန်တော် အလေ့အကျင့် လုပ်ထားခဲ့တာပါ။ သည်းခံခြင်း စိတ်ဓာတ်ကို မွေးမြူဖို့ စိတ်ဓာတ်ရေးရာ၊ စာရိတ္တ ရေးရာ အရည်အသွေး တွေကို တန်ဖိုးထားဖို့ ကျွန်တော့် ဘ၀ တစ်လျှောက် သွန်သင်ခံခဲ့ရတယ်။ အထူးသဖြင့် နှိမ့်ချမှု၊ ရိုးရိုးကုပ်ကုပ် နေထိုင်မှု၊ ကြင်နာမှုနဲ့ အရေးအကြီးဆုံးကတော့ စိတ်ခံစားမှု မျှခြေကို ထိန်းသိမ်းထားဖို့ အသွန်သင် ခံခဲ့ရတယ်။ တရားထိုင်ခြင်းနဲ့ သမာဓိတို့ရဲ့အကူအညီနဲ့ ခံစားချက်တွေကို ထိန်းချုပ်ဖို့ သွန်သင်ခံခဲ့ရတယ်။ ပုထုဇဉ် လူသားတစ်ယောက်သာ ဖြစ်နေပြီး ရဟန္တာ မဖြစ်သေးတဲ့ အတွက် ကျွန်တော့် ခံစားချက် တွေကို အလုံးစုံ ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော် အလွယ်တကူ မတုန်လှုပ်ဘူး၊ စိတ်မလှုပ်ရှားဘူး။
Monday, May 14, 2012
ဗုံးခွဲရန် ကြံစည်မှု၊ နိုင်ငံတော်အကြီးအကဲများကို လုပ်ကြံရန် စီစဉ်မှုစသည့် စွဲချက်မျိုးစုံဖြင့် သေဒဏ်ကျခံစေရန် အမိန့်ကို ကြုံတွေ့ခဲ့ရသူ ကိုဇော်သက်ထွေး၏ ကိုယ်တွေ့ပြောကြားချက် by-EMG
ရန်ကုန်မြို့ရှိ အထင်ကရနေရာများကို ဗုံးခွဲရန်ကြံစည်မှု၊ နိုင်ငံတော်အကြီး အကဲများကို လုပ်ကြံရန် စီစဉ်မှုစသည့် အခြားစွဲချက်မျိုးစုံဖြင့် သေဒဏ်ကျခံစေရန် အမိန့်ချခံရပြီး ထောင်အတွင်း၌ ၁၇ လ အကြာအချုပ်ခံရကာ ပြန်လည်လွတ် မြောက်လာသူ ကိုဇော်သက်ထွေးက ‘ကျွန်တော်က နိုင်ငံရေး လှုပ်ရှားခဲ့တဲ့အတွက်ကြောင့် ၁၉၉၀ပြည့်နှစ်ကနေ ၁၉၉၅ ခုနှစ်အထိ ထောင်ကျခဲ့ပါတယ်။ ပြန်လွတ်လာတော့ ကျွန်တော် အေးအေးဆေးဆေးပဲ နေထိုင်ခဲ့တယ်။ ၂၀၀၀ပြည့် နှစ်မှာ First Eleven အားကစားဂျာနယ်မှာ အယ်ဒီတာချုပ် တာဝန်ယူခဲ့ပါတယ်။ ကျွန်တော့်ရဲ့နာမည် က ဂျာနယ်ထဲမှာပါတော့ ထောင်ထဲက ခင်တဲ့ သူငယ်ချင်းတွေကလည်း ဂျာနယ်က တစ်ဆင့်ကျွန်တော့်ကို ဆက်သွယ်ကြတယ်။ သူတို့က ကျွန်တော့်ကို နေကောင်းလား။ အဆင်ပြေလားစတဲ့ မိတ်ဆွေ အပေါင်းအသင်း သဘောမျိုးနဲ့ နိုင်ငံခြားကနေဖုန်း တစ်ခါတလေဆက်ပါတယ်။ တစ်နေ့မှာ အသက် ၇၀ ကျော်လောက် ရှိတဲ့ အဘိုးကြီးတစ်ယောက်က သူက မြဝတီက လာတာပါ။ ခင်ဗျားတို့ဂျာနယ်ကို ကိုယ်စားလှယ် လိုချင်တယ်လို့ ကျွန်တော့် ကိုလာပြောတယ်။ ဒါနဲ့ ရုံးကလုပ်ပေးခဲ့ တယ်။ နောက်တစ်နေ့ကျတော့ အဲဒီအဘိုး ကြီးကပဲ ခင်ဗျားရဲ့ထိုင်းမှာရှိတဲ့ သူငယ်ချင်း တစ်ယောက်က ဒီစာလေးပေးလိုက်ပါတယ်လို့ပြောလို့ သူ့ရှေ့မှာပဲ ဒီစာကိုဖောက် ဖတ်ခဲ့ပါတယ်။ စာထဲမှာက ပန်းချီကားချပ်နှစ်ချပ်နဲ့ မန္တလေးသိန်းဇော်ဗီစီဒီ တစ်ချပ်ကို လူကြုံပေးလိုက်ပါလို့ ပါတယ်။ ဒါနဲ့ ကျွန်တော်က အဲဒီအဘိုးကြီးကို ကျွန်တော် ဒီကိစ္စမလုပ်ပေးနိုင်ဘူးလို့ ပြောပြီးတော့ သူ့ရှေ့မှာပဲ အဲဒီစာကို ဖြဲပြီး အမှိုက်ပုံးထဲ လွှင့်ပစ်ခဲ့ပါတယ်။
ဟီးနိုးကားကြီးနဲ့ ခေါ်တင်သွားတယ်။ ပြီးတော့ မင်းတို့ပူးပေါင်းကြံစည်တဲ့ သူအချင်းချင်းတွေ တွေ့ရပြီလို့ ပြောတယ်။ ကားပေါ်ရောက်တဲ့အခါမှာ အခြား သူတွေကို ကြည့်လိုက်တော့ သူတို့ကို တစ်ခါမှမမြင်ဖူးဘူး။ သိလည်းမသိပါဘူး။ စစ်ကြောရေးမှာ ကျွန်တော့်ဆီလာသွားတဲ့ ဦးမျိုးချစ်အကြောင်း မေးတော့ ထောက်လှမ်းရေးတွေက . . .
နောက်တစ်ရက် မှာ ကျွန်တော်အလုပ်လုပ်နေတဲ့ First Eleven ဂျာနယ်တိုက်ကို အကူ(၂) ထောက်လှမ်းရေးအယောက် ၃၀ လောက် က ဝုန်း၊ ဝုန်း၊ ဝုန်းဝင်လာပြီးတော့ တွေ့ တဲ့ဝန်ထမ်းတွေကို ကြမ်းပြင်ပေါ်မှာ ထိုင်ခိုင်းပြီးတော့ ကျွန်တော့်ကိုလူအများ ရှေ့မှာပါးရိုက်ပြီး စစ်ကြောရေးဆောင်ရွက် စရာတွေရှိပါတယ်ဆိုပြီး ခေါ်သွားပါတယ်။ သူတို့တွေက မင်းကဖောက်ခွဲရေးသမား တွေနဲ့ အဆက်အသွယ်လုပ်ပြီးတော့ ရန်ကုန်မှာ ဖောက်ခွဲရေးတွေလုပ်ဖို့ စီစဉ်နေတယ်လို့ ပြောတယ်။ သူတို့ပြောတဲ့အရာတွေအားလုံး ကျွန်တော်ဘာမှမသိဘူး။ ကျွန်တော့်ဆီကို လာသွားတဲ့ အဘိုးကြီးရဲ့ နာမည်က ဦးမျိုးချစ်လို့ သိရတယ်။ သူတို့တွေက ကျွန်တော့်ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ စစ်ကြောရေးမှာ စစ်တဲ့အခါမှာ ကြမ်းလွန်းလို့ အသက်အန္တရာယ် တော်တော်လေးကို စိုးရိမ်ခဲ့ရပါတယ်။ တစ်ခါတစ်လေဆိုရင် သေပြီလို့တောင် ထင်ရပါတယ်။တစ်ရက်မှာ ဟီးနိုးကားကြီးနဲ့ ခေါ်တင်သွားတယ်။ ပြီးတော့ မင်းတို့ပူးပေါင်းကြံစည်တဲ့ သူအချင်းချင်းတွေ တွေ့ရပြီလို့ ပြောတယ်။ ကားပေါ်ရောက်တဲ့အခါမှာ အခြားသူတွေ ကို ကြည့်လိုက်တော့ သူတို့ကို တစ်ခါမှ မမြင်ဖူးဘူး။ သိလည်းမသိပါဘူး။ စစ်ကြောရေးမှာ ကျွန်တော့်ဆီလာသွားတဲ့ ဦးမျိုးချစ် အကြောင်းမေးတော့ ထောက်လှမ်းရေးတွေက အဲဒီအဘိုးကြီးက အသက်အရွယ်ကြီးလို့ ရောဂါနဲ့ သေသွားပြီလို့ ပြောတယ်။ တရားရုံးရောက်တဲ့ အခါမှာအမှုတွဲထဲမှာ ဦးမျိုးချစ်ဆိုတဲ့ အဘိုးကြီးနာမည် မပါခဲ့ပါဘူး။ ကျွန်တော်တို့ ရှေ့နေငှားခွင့်တောင်း ခဲ့ပေမယ့် မပေးခဲ့ဘူး။ သူတို့ပေးတဲ့ရှေ့နေနဲ့ပဲ ရင်ဆိုင်ခဲ့ရတယ်။ အဲဒီရှေ့နေကလည်း ကျွန်တော်တို့ကို ဒီအမှုက သေဒဏ်ပဲချမယ့် အမှုလို့ပဲပြောတယ်။ ထောင်ထဲမှာ ပူးပေါင်း ကြံစည်တယ်လို့ စွပ်စွဲတဲ့ လူရှစ်ယောက်နဲ့ ကျွန်တော်စကားပြောဖြစ်တယ်။ ဒီအခြေအနေထိ ရောက်အောင် ပြန်သုံးသပ်ကြည့်တဲ့အခါမှာ အဓိက ဒါရိုက်တာကတော့ ဦးမျိုးချစ်ပဲ။ စစ်ကြောရေးစစ်တဲ့အခါမှာ ဦးမျိုးချစ်က ကျွန်တော့်ဆီ လာပေးတဲ့ စာကိုထောက်လှမ်းရေးက မိတ္တူဆွဲပြီးသား ပြတယ်။ ဒါကြောင့်၂၀၀၃ ခုနှစ်၊ နိုဝင်ဘာလမှာ သေဒဏ်အမိန့်ချခဲ့တယ်။ သေဒဏ်ချမှတ်တဲ့ စီရင်ချက်ထဲမှာ ILO ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်ကို တရားမဝင်အဖြစ် ရေးသားထားတယ်။ ဒါကိုသိ သွားတဲ့ ILO က တာဝန်ရှိသူတွေက ဒီက သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ကျွန်တော် တို့အမှုကို ဆွေးနွေးခဲ့တယ်။ ထောက်လှမ်းရေးက စွပ်စွဲထားတဲ့ အကြောင်းအရာတွေ ထဲမှာ ILO ဖွဲ့စည်းပုံဥပဒေ စာအုပ်ကိုင်ဆောင်မှုနဲ့လည်း စွပ်စွဲထားတဲ့အကြောင်း အရာတွေပါလို့ သူတို့ဆွေးနွေးခဲ့ပါတယ်။ ပြီးတော့ International Amnesty တာဝန်ရှိသူတွေနဲ့ ထောင်ထဲမှာ ကျွန်တော်တို့ တွေ့ဆုံခွင့်ရခဲ့တယ်။ ဒီတော့ ကြိုတင် ကြံစည်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဆိုတာ နိုင်ငံတကာက သိသွားတယ်။ ၂၀၀၄ ခုနှစ်၊ မေလ ၁၃ ရက်နေ့မှာ သေဒဏ်ကနေ ထောင်ဒဏ် ၃ နှစ်အမိန့်ကို ပြောင်းလဲ ထုတ်ပြန်ခဲ့တယ်။ ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလမှာ ထောင်ဒဏ် ၂ နှစ်ကို ထပ်မံ ပြောင်းလဲပေးခဲ့တယ်။ ၂၀၀၅ ခုနှစ်၊ ဇန်န ဝါရီလ ၃ ရက်နေ့မှာ လူသားချင်းစာနာမှုအရ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ပါတယ်။ အဲဒီနေ့မှာ ပူးပေါင်းကြံစည်တယ်လို့ စွပ်စွဲထားတဲ့ ၉ ယောက်အဖွဲ့က ၄ ယောက် ကလွတ်မြောက်ခဲ့တယ်။ ၂ ဦးက ထောင်ထဲမှာပဲ သေဆုံးခဲ့တယ်။ နောက် ၂ ဦးက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သာယာဝတီ အကျဉ်းထောင်ကနေ လွတ်မြောက်ခဲ့တယ်။ သူ့တို့ ဆိုရင်(၈)နှစ်ကျော်(၉)နှစ်နီးပါး ထောင်ထဲမှာနေခဲ့ရတယ်။ ကျန်တစ်ယောက်ကတော့ အခုချိန်ထိ ဘာသတင်းမှ မရသေးဘူး။ ဒီရက်ပိုင်းမှာ လွတ်သွားတဲ့နှစ်ဦးကို လည်း ကျွန်တော့်ကို စာလာပေးတဲ့ အဘိုးကြီး ဦးမျိုးချစ်ကပဲ မင်းတို့လျှပ်စစ်ပစ္စည်းတွေ အကြွေးပေးမယ်။ အရောင်းအဝယ် လုပ်မလားလို့ ပြောတော့ စိတ်ဝင်စားလို့ ရန်ကုန်ကို ပစ္စည်းတွေလိုက်ယူရင်းနဲ့ စစ်ကြောရေးထဲ ရောက်ပြီး သေဒဏ်ချမှတ် ခံရတဲ့သူတွေ ဖြစ်ပါတယ်။ ဘာအပြစ်မှမရှိ ဘူး။ သူတို့ဆင်တဲ့ အကွက်ထဲမှာ သူတို့လုပ်ချင်ရာ လုပ်ပြီးတော့ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ဒီလိုလုပ်လိုက်တဲ့ အတွက်ကြောင့် ကျွန်တော့်အနေနဲ့ တရားရေး မဏ္ဍိုင်ကို အများကြီးသံသယဝင်ခဲ့တယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေက အမှန်တရားကိုဘယ်လို ကာကွယ်စောင့်ရှောက် နေလဲဆိုတာကို ကျွန်တော်ဘယ်လိုမှ နားမလည်နိုင်ပါဘူး။ ကျွန်တော့်လိုပဲ ဒီလို ဘဝမျိုးခံစားနေရတဲ့သူတွေကို ကိုယ်ချင်း စာပါတယ်။ တကယ်အပြစ်ရှိရင် အပြစ်ပေးခံရတာ မထူးဆန်းဘူး။ ဒါပေမယ့် ဘာမှမလုပ်ခဲ့တဲ့သူတွေ ထောင်ကျသွားရင်တော့ ဘယ်လိုလျော်ကြေးမျိုးနဲ့မှ ပြန်လည် ပေးဆပ်လို့မရပါဘူး။ အခုထောင်ထဲမှာ ကျန်ရှိနေသေးတဲ့ သူတွေထဲမှာ ဖောက်ခွဲ ရေးပုဒ်မအမျိုးမျိုးနဲ့ ၁၇(၁)(၂)တွေအမျိုးမျိုး ထောင်ဒဏ် ချမှတ်ခံရသူတွေ အများကြီး ကျန်ပါသေးတယ်။သူတို့ကိုလည်း ကျွန်တော့်လိုပဲ ကံကောင်းစေချင်တယ်။ လွတ်မြောက်စေချင်ပါတယ်။ ထောင်ထဲမှာ ဒီလို နိုင်ငံရေး အကျဉ်းသားတွေ အများကြီးရှိနေတုန်းပါပဲ။ သူတို့ကို ပြန်လွှတ်ပေးစေလိုပါတယ်။’ဟု ပြောပြပါသည်။
ဓါတ်ပုံ-၂၇-၇-၂၀၀၃ နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ကိုဇော်သက်ထွေး ဖမ်းဆီးခံခဲ့ရသော ဖြစ်စဉ်နှင့်
ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ သတင်းဖော်ပြချက်
Sunday, May 13, 2012
Myanmar Joke
မော်တော်ပီကေကို ဘဲဥနဲ့ ပေါက်ပါက ရဲစခန်းသို့ရောက်ရအံ့။
သံပုရာသီးကို ပါးစပ်ထဲညစ်ထည့်ပါက ဘီလူးရုပ်မျက်နှာမျိုးဖြစ်အံ့။
ဗလီရှေ့ဝက်သားသွားရောင်းပါက ဝိုင်းအဆော်ခံရကာ၊ မံမီဖြစ်ရလတ္တံ့။
နွားနို့နှင့်သံပုရာသီးရောနှောသောက်လျှင်exportအကြီးအကျယ်လုပ်ရအံ့။
ရဲစခန်းရှေ့မီးရှုးမီးပန်း၊ ဗောက်အိုးသွားဖောက်ပါက အချုပ်ခန်းသို့ရောက်အံ့။
ညအချိန် အိမ်တံခါးဖွင့်အိပ်ပါက ရှိသမျှပစ္စည်းအကုန်ပြောင်အံ့။
နှစ်ထပ်တိုက်ပေါ်မှ ခုန်ချလျှင်ဆေးရုံရောက်အံ့၊ ရှစ်ထပ်တိုက်ပေါ်မ
ွ ခုန်ချလျှင်မသာဖြစ်လတ္တံ့။
ဆားကို ပါးစပ်ထဲထည့်ပါက မျက်နှာကျုံ့အံ့။
ဓာတ်ဆီကို မီးရှို့ပါက မီးလောင်အံ့။
ဆောင်းဥတုတွင် ရေခဲရေဖြင့်ရေချိုးပါက နှာစေ၊ အအေးပတ်ကာ
ကျောင်းကျုရှင်ခွင့်ယူရအံ့။
မိန်းကလေးဆံပင်သွားဆွဲပါက ပါးအရိုက်ခံရပြီး ရပ်ကွက်ရုံးရောက်ရအံ့။
အခြောက်မကို မျက်စသွားပစ်ပါက ထွက်ပြေးရလတ္တံ့။
ပိုက်ဆံမပါပဲ ဟိုတယ်မှာ ထမင်းသွားစားပါက အင်္ကျ ီ၊ အဝတ်အစားများအပေါင်ပေးရ၊
ကြမ်းတိုက်၊ ပန်းကန်ဆေးရအံ့။
ဖလန်းဖလန်းထ၊ Super Starဖြစ်ချင်တဲ့သူများ ရေချိုးပြီး
ခွေးလှေယားမှု န့်လိမ်းပေးပါက Super Starဖြစ်ရအံ့။
မီးသည်ပူလတ္တံ့။
ရေသည်အလွန်အေးသောကြောင့်ခဲသွားသည်၊ ထို့ကြောင့်ရေခဲဖြစ်ရလတ္တံ့။
ဆံပင်မှန်သမျှ မဲလတ္တံ့။
သူတောင်းစားခွက်ထဲမှ ပိုက်ဆံသွားနှိုက်လျှင် အဆဲခံရအံ့။
ခေါင်းမှန်လျှင် ပုခုံးနှစ်ဖက်ကြားတွင်ရှိအံ့။
လျှပ်စစ်ကိုကိုင်လျှင် ဓာတ်လိုက်ကာ နှာခေါင်းမီးလင်းအံ့။
မီးချောင်းမီးသီး မှန်လျှင် မီးလင်းအံ့၊ မီးမလင်းပါက မီးမလာ၊
ဖန်ချောင်းကျွမ်းနေသောကြောင့်ဖြစ်ဧ။်။
မီးသွေးဟူသည် မဲအံ့။
သွေးဟူသည် နီအံ့။
ကြမ်းပြင်ပေါ်သို့ကြက်ဥကျပါက ကွဲရအံ့။
အစားအသောက်ဟူသမျှ ပန်းကန်ထဲသို့ထည့်စားရအံ့။
အီးဟူသမျှနံအံ့။
ငါးမှန်သမျှ ရေထဲတွင်နေအံ့။
ယာဉ်ရှုပ်ထွေးနေချိန် မီးနီအတင်းဖြတ်ကူးပါက မသာဖြစ်ရလတ္တံ့။
ငရုတ်သီးကို စားပါက စပ်ရအံ့။
သကြား၊ ထန်းလျက်၊ ကြံသကာကို စားပါက ချိုအံ့။
ဘောလုံးမှန်သမျှ လုံးအံ့။
အဝတ်လျှော်စက်မှန်လျှင် အဝတ်ဟူသမျှလျှော်အံ့၊ အဝတ်မပြောင်လျှင်
ဆပ်ပြာမကောင်းသောကြောင့်ဖြစ်ဧ။်။ Okiဆပ်ပြာနဲ့လျှော်ပါ။
လေအေးစက်သည် လေအေးထုတ်ပေးသည်၊ မအေးလျှင်
ဂျီးပိတ်နေပါသောကြောင့်ဖြစ်သည်၊ ခေါ်ဆေးခိုင်းလိုက်ပါ။
မုန့်၊ ထမင်း၊ ဟင်းဟူသမျှ ပါးစပ်ပေါက်ထဲသို့သွပ်စားရအံ့
Sunday, May 6, 2012
မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းကောက်ဖို့ ဘာကြောင့် အရေးကြီးသလဲ
မကြာခင်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံကို လာသွားတဲ့အခါ ထူးခြားမှုတစ်ခုကတော့၊ ကုလသမဂ္ဂ စာရင်းအင်းကော်မရှင် (UNSC)၊ ကုလ လူဦးရေဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (UNFPA) တို့ရဲ့ အကူအညီနဲ့ လာမယ့် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံတ၀ှမ်း သန်ခေါင်းစာရင်း ကောက်ယူနိုင်တော့မယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။
မြန်မာ့သမိုင်းကိုကြည့်ရင် ညောင်ရမ်းခေတ်မှာ သာလွန်မင်း သန်းခေါင်စာရင်း ကောက်ဖူးတယ် ဆိုတာကလွဲလို့၊ သူ့အရင်ကော နောက်နောင်မင်းတွေလက်ထက်မှာပါ တိုင်းပြည်လူဦးရေကိစ္စ စိတ်ဝင်စားပုံ မရှိခဲ့ပါဘူး။ ဒါတောင် သာလွန်မင်း ကောက်ခဲ့တဲ့ လူဦးရေစာရင်း ဘယ်ရွေ့ဘယ်မျှဆိုတဲ့ မှတ်တမ်းအတိအကျကို မတွေ့ရပါဘူး။ အခြားတိုင်းရင်းသားဒေသတွေရဲ့ လူဦးရေဆိုတာလည်း သက်ဆိုင်ရာ ဒေသအုပ်ချုပ်သူတွေ ကောက်ယူခဲ့တာ မကြားဖူးသလို၊ ဗမာမင်းတွေလည်း စိတ်မ၀င်စားခဲ့ပါဘူး။
ဒါပေမဲ့ ဗြိတိသျှတို့ အုပ်ချုပ်တဲ့ကာလအတွင်း ၁၈၇၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ မြန်မာနိုင်ငံကို ဆယ်နှစ်တစ်ကြိမ် သန်းခေါင်စာရင်း ပုံမှန် ကောက်ယူခဲ့ပါတယ်။ ဗြိတိသျှတို့ကတော့ ခေတ်သစ်နိုင်ငံအုပ်ချုပ်ရေးမှာ အဓိကအရေးကြီဆုံးအလုပ်က သန်းခေါင်စာရင်း ကောက်ယူရေးဆိုတာကို ကောင်းကောင်း သဘောပေါက်သူတွေ ဖြစ်ပါတယ်။
သူတို့ကောက်ခဲ့တဲ့ မြန်မာတစ်နိုင်ငံလုံး လူဦးရေက ၁၈၉၁ ခုနှစ်မှာ ၇.၇၇၂ သန်း၊ ၁၉၀၁ ခုနှစ်မှာ ၁၀.၅ သန်း၊ ၁၉၁၁ ခုနှစ်မှာ ၁၂.၁၁ သန်း၊ ၁၉၂၁ ခုနှစ်မှာ ၁၃.၂၁ သန်း ရှိပါတယ်။
နောက် အင်္ဂလိပ်က ကြေးတိုင်နဲ့ မြေစာရင်း ဌာနတည်ပြီး မြန်မာနိုင်ငံမြေပုံကို အတိအကျ အချိန်ယူရေးဆွဲတယ်။ အောက်မြန်မာပြည်မှာ စိုက်ပျိုးမြေဧကတွေ ဖော်တယ်။ သူတို့ လိုချင်တဲ့ ထုတ်ကုန်အတွက် ဗမာ့လူဦးရေနဲ့ မလုံလောက်တော့ ချစ်တီးကုလားတွေ အိန္ဒိယက မချလာတယ်။ နောက် ဆန်စက်တွေ တည်ပြီး ကမ္ဘာ့ဆန်စပါး အထွက်ဆုံးနိုင်ငံ ဖြစ်အောင် လုပ်ခဲ့တယ်။ ပြောချင်တာက ကိုလိုနီအစိုးရဖြစ်ဖြစ် ကိုယ်ပိုင်အစိုးရဖြစ်ဖြစ် တိုင်းပြည်အတွက် စီးပွားရေး လူမှုရေး မူဝါဒတွေ ချမှတ်လုပ်ဆောင်ရတဲ့အခါ လူဦးရေ သန်းခေါင်စာရင်းကောက်ယူမှုက အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံး ဖြစ်တယ် ဆိုတာကိုပါ။
လွတ်လပ်ရေး ရပြီးချိန်ကစပြီး အခု ၂၀၁၂ ခုနှစ်အထိ မြန်မာအစိုးရအဆက်ဆက် လက်ထက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်း နှစ်ကြီမ်ပဲ ကောက်ယူခဲ့ပါတယ်။ မဆလခေတ် ၁၉၇၃ ခုနှစ်နဲ့ ၁၉၈၃ ခုနှစ်တို့ကပါ။
ဒီအရင် ပါလီမန်ဒီမိုကရေစီခေတ်မှာ နိုင်ငံ့ဘဏ္ဍာငွေ အတော်များများ ရှိပေမဲ့၊ ပြည်တွင်းစစ်ကြောင့် မကောက်ယူနိုင်ခဲ့ပါဘူး။ တိုင်းပြည် အတော်တန် တည်ငြိမ်လာပြန်တော့လည်း ၀န်ကြီးချုပ်ဦးနုက ဆဋ္ဌသင်္ဂါယနာတင်ဖို့နဲ့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ဖြစ်ရေးလောက်သာ အာရုံကျနေတော့က၊ ဒီအလုပ်ကို ခေါင်းထဲ ထည့်ပုံမရဘူး။ ဒီဘက် န၀တ နအဖ ခေတ်ကျတော့လည်း လူဦးရေစာရင်းကိစ္စကို လှေလှော်သဘင်နဲ့ သစ်သီးဝလံပြပွဲလောက် အရေးပါတယ်လို့ကို ထင်ပုံမရဘူး။
၁၉၈၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးစာရင်းကောက်ယူမှုအရ တစ်နိုင်ငံလုံးမှာ လူဦးရေ ၃၅ သန်းကျော် (၃၅,၄၄၂,၉၇၂) ရှိတယ်လို့ တရားဝင် ဖော်ပြပါတယ်။ အဲဒီနောက်ပိုင်း သန်းခေါင်စာရင်း ကောက်ယူတာ မရှိတော့တဲ့အတွက် ဒီကနေ့ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ သန်း ၅၀ လည်းဖြစ်နိုင်သလို၊ သန်း ၆၀၊ ၇၀၊ ၈၀ လည်း ဖြစ်နိုင်ပါတယ်။ ခန့်မှန်းပြီး ကြုံသလို ပြောနေကြရတာပါပဲ။
နောက် လူဝင်မှုကြီးကြပ်ရေးဌာနစာရင်းမှာ မ၀င်ဘဲ မွေးလာကြ သေသွားကြသူတွေဟာ မရေမတွက်နိုင်အောင်ပါပဲ။ အထူးသဖြင့် တောင်တန်းဒေသ၊ လူမျိုးစုဒေသတွေနဲ့ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ သေသာသွားရော နိုင်ငံသားမဖြစ်လိုက်ရသူတွေ အများကြီးပါပဲ။ တိုင်းပြည်အတွက် အဖက်ဖက်က ဆုံးရှုံးမှုကြီးပါပဲ။
လူအရေအတွက်သက်သက် မဟုတ်
Census ဆိုတဲ့ စကားကို သန်းခေါင်းစာရင်းလို့ မြန်မာမှု ဘယ်သူ စခဲ့လဲတော့မသိပါ။ လူဦးရေစာရင်း ကောက်ယူရတဲ့အခါ ညသန်းခေါင် လူခြေတိတ် အားလုံးအိပ်မောကျချိန်မှာ အလစ်အငိုက် စာရင်းဝင်ကောက်ရတာကြောင့် ဒီစကား ဖြစ်လာပုံရပါတယ်။ အရင်က ဧည့်စာရင်းစစ်သလိုမျိုး လုပ်ခဲ့တာဖြစ်ပါမယ်။ အဲဒီလုပ်ရပ်ကို သာလွန်မင်း ထွင်ခဲ့သလား၊ အင်္ဂလိပ်တွေပဲ လုပ်ခဲ့သလား မဆိုတတ်ဘူး။
ဒါပေမဲ့ ဒီကနေ့ခေတ် Census ကောက်ယူတဲ့အခါ လူဦးရေစာရင်းတင် မကတော့ဘဲ၊ နိုင်ငံ့နယ်နမိတ်အတွင်းရှိ ဒေသအသီးသီးက လူမျိုးပေါင်းစုံရဲ့ demography ကိုပါ စာရင်းယူရတာ ဖြစ်တော့ ညသန်းခေါင်မှာတင် လုပ်လို့ရတာမျိုး မဟုတ်တော့ဘူး။
demography ဆိုရာမှာ ဒေသအသီးသီးက လူမျိုးတွေရဲ့ အသက်အရွယ်၊ ပျမ်းမျှသက်တမ်း၊ နှစ်စဉ်မွေးဖွားမှုနှုန်း၊ အရွယ်မတိုင်မီ သေဆုံးမှုနှုန်း (infant mortality rates) သေဆုံးမှုနှုန်း (death rates)၊ လူဦးရေ အတက်အကျ၊ လူငယ်ဦးရေ၊ သက်ကြီးရွယ်အို ဦးရေ၊ မှီခိုသူဦးရေ၊ မသန်စွမ်းသူဦးရေ၊ စာတတ်မြောက်သူဦးရေ၊ ဘွဲ့ရဦးရေ၊ အလုပ်လက်မဲ့၊ လက်လုပ်လက်စား၊ လယ်ယာလုပ်ကိုင်သူ၊ လယ်ပိုင်သူ၊ အိမ်ပိုင်ခြံပိုင်ရှိသူ၊ တစ်ဦးချင်းဝင်ငွေ၊ ၀င်ငွေအချိုးအစား ကွာဟမှု၊ ဒေသအလိုက် နေထိုင်သူဦးရေ အချိုးအစား၊ လူမျိုးစုများ၊ အလုပ်အကိုင်အမျိုးအစား၊ လယ်ယာစွန့်ခွာပြီး မြို့ပြရွှေ့ပြောင်းသူ ဦးရေ၊ နိုင်ငံရပ်ခြားထွက်ခွာသူဦးရေ စတဲ့ အချက်အလက်တွေ ပါဝင်အောင် ကောက်ယူရတာ ဖြစ်ပါတယ်။
အဲဒီ လူဦးရေနဲ့ demography စာရင်းတွေပေါ် အခြေခံပြီးမှ မူဝါဒရေးဆွဲသူတွေက ကိုယ့်တိုင်းပြည်ဒေသ၊ လူမျိုးအခြေအနေတွေနဲ့ ကိုက်မယ့် ဖြစ်နိုင်ခြေရှိမယ့် စီမံကိန်းတွေ ချမှတ်ရပါတယ်။ census မှာ ဖော်ပြတဲ့ အချက်အလက်တွေကို အမြဲကိုင် စဉ်းစားပြီးမှ သွင်းကုန် ထုတ်ကုန် လုပ်ငန်းတွေ၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ ဈေးကွက်၊ ဘဏ်လုပ်ငန်း၊ ပုဂ္ဂလိကပိုင်ဆိုင်ခွင့် စာတာတွေကို အသေးစိတ် သူ့နေရာနဲ့သူ ရွေးချယ်ပြီး မူဝါဒတွေချမှတ် ဆောင်ရွက်ရပါတယ်။
အဲဒီကမှ တိုင်းပြည်အမျိုးသားဝင်ငွေ၊ စုစုပေါင်း ပြည်တွင်းထုတ်ကုန် တို့ဆိုတဲ့ အမျိုးသားကြီးပွားမှု ပုံမှန်ဖြစ်နေအောင် တာဝန်ယူသူတွေက စီမံရပါတယ်။ နောက် census ကပေးတဲ့ အချက်လက်ဒေတာတွေပေါ်ကနေမှ စီးပွားရေး၊ ပညာရေး စီမံကိန်းတွေ၊ ကျန်းမားရေးစတဲ့ social welfare လုပ်ငန်းတွေနဲ့ လူထု လုံခြံမှုရှိရေးအတွက် ပြင်ဆင်မှုတွေ လုပ်ကြရပါတယ်။
ဥပမာ၊ အင်္ဂလန်ဆိုရင် ၁၈၀၁ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ သန်းခေါင်စာရင်းကို ဆယ်နှစ်တစ်ကြိမ် ပုံမှန်ကောက်လာခဲ့တယ်။ ဒါကြောင့် အင်္ဂလန်ဟာ သူတို့ရဲ့ နှစ်စဉ် မွေးနှုန်း သေနှုန်း၊ လူငယ်ဦးရေ၊ သက်ကြီးရွယ်အို၊ အခွန်ဆောင်သူဦးရေ၊ ကုမ္ပဏီတွေရဲ့ ငွေကြေး စတာကနေ၊ နိုင်ငံမှာနေ့စဉ်ထွက်တဲ့ မော်တော်ကား၊ လေယာဉ်၊ လက်နက်၊ ဇွန်ခရင်း၊ ဆပ်ပြာ၊ အပ်ချောင်း အထိ တစ်ခုချင်းစီကို အတိအကျ စာရင်းတင်နိုင်တယ်။ အဲဒီကမှ ဘတ်ဂျက်ခွဲဝေမှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လိုအပ်တဲ့ စီမံကိန်းတွေကို စဉ်းစားနိုင်ကြတယ်။
ပြောရရင် မြန်မာအစိုးရအဆက်ဆက် လုပ်ခဲ့သမျှ စီမံကိန်းတွေ မအောင်မြင်ခဲ့တာက လူထုနဲ့ပတ်သက်တဲ့ အခြေခံစာရင်းအင်းတွေကို ကောက်ယူမှုမရှိတာ၊ မကောက်ယူဘဲ လုပ်ခဲ့တာတွေကြောင့်ပါပဲ။ ဆည်တွေဆောက်တာ ဒေသခံလူထု တကယ်လိုအပ်နေတာလား၊ ကန်ထရိုက်တာ လိုအပ်တာလား ဆာဗေးမရှိဘူး။ ဦးတည်ရာမဲ့ စီမံကိန်းတွေကိုဆိုတာ ပြောလို့မကုန်နိုင်ဘူး။ စာရင်းအင်းဒေတာမရှိ၊ ဆာဗေးမရှိလေတော့ မျောက်လက်ထဲ ဥယာဉ်ခြံရောက်သလိုပဲ၊ စီမံကိန်းလုပ်ဟန်ဆောင်သူနဲ့ လုပ်စားသူတွေကြားမှာ၊ တိုင်းပြည် အခြေအနေ ဆိုးခဲ့ရပြီး၊ လူထုက ကိုယ့်တာဝန်ကိုယ်ယူ ကိုယ့်ပြဿနာကိုယ်ရှင်းပါပဲ။
တရုတ်နဲ့ အိန္ဒိယ သန်းခေါင်စာရင်း
ပြီးခဲ့တဲ့နှစ်တွေမှာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနှစ်နိုင်ငံဖြစ်တဲ့ ကမ္ဘာ့လူဦးရေအထူထပ်ဆုံး တရုတ်နဲ့ အိန္ဒိယမှာ သန်းခေါင်စာရင်း ကောက်ခဲ့တယ်။ သူတို့ စာရင်းကောက်တဲ့ လုပ်ပုံကိုင်ပုံတွေက စိတ်ဝင်စားစရာဖို့ကောင်းပါတယ်။
တရုတ်မှာ မိသားစု အိမ်ခြေပေါင်း သန်း ၄၀၀ ရှိပါတယ်။ စာရင်းလိုက်ကောက်တဲ့ လူကချည်း ၆ သန်း ရှိပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် ကောက်ယူကြတယ်။ ဒါဟာ ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံကြီးမှာ ၆ ကြိမ်မြောက် လူဦးရေစာရင်းကောက်တာဖြစ်ပါတယ်။ ဘယ်သူ့ အကူအညီမှ မယူဘဲ အစိုးရ ဘတ်ဂျက် ဒေါ်လာ ၁၀၄ သန်း အကုန်ခံ လုပ်ခဲ့တယ်။ ၂၀၁၁ ဒီဇင်ဘာ ၃၁ ရက်နေ့ စာရင်းထုတ်ပြန်မှုအရ တရုတ်မှာ လူဦးရေ ၁.၃၄ ဘီလီယံ (သန်း တစ်ထောင့်သုံးရာကျော်) ရှိပါတယ်။
တရုတ် ဒုသမ္မတ ရှီကျင်ပင်း က “လူဦးရေစာရင်းကောက်ခံမှုဟာ တရုတ်ပြည် စီးပွားရေးနဲ့ လူမှုရေးအတွက် သိပ်အရေးကြီးတယ်။ လူဦးရေ demography ရဲ့ ရှင်းလင်းတဲ့ ရုပ်ပုံကားချပ်ရမှ စီမံကိန်းကောင်းတွေ ဆက်ရေးဆွဲနိုင်မယ်။ ပညာရေး၊ ကျန်းမာရေး၊ အိမ်ယာ၊ ပင်စင် စတဲ့ ပြည်သူ့လုပ်ငန်းတွေ ဒီထက် အသက်ဝင်လာအောင် ဆောင်ရွက်ပေးနိုင်မယ်” လို့ စီအင်အင် သတင်းဌာနကို ပြောခဲ့ပါတယ်။
လူဦးရေစာရင်းသစ်ကနေ တရုတ်အစိုးရအတွက် စဉ်းစားစရာတွေ အများကြီးရှိလာတယ်။ ပြီးခဲ့တဲ့ နှစ် ၃၀ က တစ်အိမ်ထောင် ကလေးတစ်ယောက်နှုန်း ချမှတ်ခဲ့တာကြောင့် ၂၀၅၀ ခုနှစ်ကျရင် သက်ကြီးရွယ်အိုတွေ ပိုများနေမယ်။ နှစ်စဉ် လူ ၁၀ သန်းကျော်က ကျေးလက်တွေကို စွန့်ခွာပြီး မြို့ပြတွေကို ပြောင်းရွှေ့နေတယ်။ တိုင်းပြည်ချမ်းသာလာပေမဲ့ ဆင်းရဲ ချမ်းသာ၊ မြို့ပြနဲ့ ကျေးလက်၊ ကမ်းရိုးတမ်းနဲ့ အတွင်းပိုင်း ကွာဟမှုတွေ ရှိနေတယ်။ နောက်သန်းခေါင်စာရင်းကောက်တာကို အခွန်ကောက်ဖို့လို့ ယူဆပြီး ထွက်ပြေးရှောင်နေကြတဲ့ အခက်အခဲတွေလည်း ကြုံရတယ်။
၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက် စာရင်းအရ အိန္ဒိယလူဦးရေကလည်း ၁.၂၁ ဘီလီယံ (သန်း တစ်ထောင့်နှစ်ရာကျော်) ရှိနေတယ်။ အိန္ဒိယက လူဦးရေ ထိန်းချုပ်မှုမရှိတဲ့အတွက် ၂၀၃၀ ခုနှစ်မှာ တရုတ်ကို ကျော်လွန်ပြီး ကမ္ဘာ့လူဦးရေအများဆုံး ဖြစ်လာမယ်။ သန်းခေါင်စာရင်းကောက်သူ ၂.၇ သန်းက အိန္ဒိယ မြို့ပေါင်း ၇ ထောင်နဲ့ ကျေးရွာ ၆ သိန်းကျော်ကို ကွင်းဆင်း ကောက်ယူခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယရဲ့ ပြဿနာကတော့ ယောက်ျားလေးဦးရေက မိန်းကလေးထက် များတာ (မိန်းကလေးမွေးရင် သတ်ပစ်တာ)၊ စာမတတ်သူ အရေအတွက် များနေသေးတာ၊ အိမ်ခြေမဲ့တွေ များပြားနေတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံကြီးနှစ်နိုင်ငံရဲ့ သန်းခေါင်စာရင်းအသစ်တွေက စီးပွားရေးမှစပြီး လူမျိုးရေး၊ ဘာသာစကားတွေအထိ ရှေ့အနာဂတ် စီမံကိန်းသစ်အတွက် အထောက်အကူ အများကြီးရမှာ သေချာတယ်။
ဝေဖန်သူတွေလည်း စာရင်းအင်းလို
အခု မြန်မာနိုင်ငံမှာ ၂၀၁၄ ဧပြီလမှာ စပြီး ၃၁ နှစ်အတွင်း ပထမဆုံးအကြိမ် နိုင်ငံတကာ စံချိန်စံနှုန်းမှီ သန်းခေါင်စာရင်း ကောက်ယူမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (UNFPA)နဲ့ ကုလသမဂ္ဂ စာရင်းအင်းကော်မရှင် (UNSC) တို့က အကူအညီပေးတာ ဖြစ်ပါတယ်။
အဲဒီ သန်းခေါင်စာရင်းသစ်က မြန်မာနိုင်ငံသားအားလုံးအတွက် အရေးကြီးသလို၊ နောက်နောင် အစိုးရတွေရဲ့ စီမံကိန်းများအတွက် အရေးပါနေလိမ့်မယ်။ အတိုက်အခံ နိုင်ငံရေးပါတီများအဖို့လည်း census က ဖော်ပြတဲ့ စာရင်းအင်း အချက်အလက်သစ်တွေကနေ အစိုးရ စီမံကိန်းတွေရဲ့ အားသာချက် အားနည်းညံ့ဖျင်းချက်တွေကို ပိုပြီးစနစ်တကျ ဝေဖန်ထောက်ပြလာနိုင်မှာ ဖြစ်ပါတယ်။
Saturday, May 5, 2012
အင်ဂျင်ပါဝါ ၁၃၀၀ စီစီအောက် ကားများကို ပါမစ်သီးခြားမလိုပဲ လွတ်လပ်စွာ တင်သွင်းခွင့်ပြုမည်
မေလ ၅ ရက်၊ ၂၀၂၁ ခုနှစ်၊ (YPI)
အင်ဂျင်ပါဝါ ၁၃၀၀ စီစီအောက် ကားများကို ပါမစ်သီးခြားမလိုပဲ လွတ်လပ်စွာ တင်သွင်းခွင့်ပြုမည်ဆိုသည့် အတည်မပြုနိုင်သေးသော သတင်းထွက်ပေါ်ပြီးနောက် ရန်ကုန်မြို့ကားဈေးကွက်တွင် ကားဈေးထိုးကျသွားကြောင်း ဟံသာဝတီကားဝိုင်းမှ ကားရောင်းဝယ်သူများက ပြောသည်။
ယခုသတင်းကြောင့် ကားဈေးသာမက ကားပါမစ်ဈေးများလည်း သိသိသာသာ ကျဆင်းသွားကြောင်း ကားဝယ်ရောင်းများ၏ ပြောဆိုချက် အရသိရသည်။
ဝယ်ရောင်း ကားပိုင်ရှင်တဦး ဖြစ်သူ ဦးသက်လင်းက “မနေ့ညနေက ဈေးကွက်မှာ ၁၃၀၀ စီစီအောက် ကားတွေကို လွတ်လပ်စွာတင်သွင်းခွင့်ပြုဖို့ စည်းဝေးနေပြီဆိုတဲ့ သတင်းထွက်ပြီး ကားဈေးတွေ သိန်း ၃၀၊ ၄၀ ကျသွားတယ်၊ ဘယ်သူမှ မဝယ်တော့ပဲ ဖြစ်နေတယ်” ဟု YPI သို့ပြောသည်။
အခြားကားဝယ်ရောင်း တဦးကလည်း ယမန်နေ့ညနေက ကားဈေးကွက်တွင် ဈေးကျဆင်းသွားသည်မှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။
အင်ဂျင်ပါဝါ ၁၃၀၀ စီစီအောက်ကားများတွင် မီနီဆလွန်း ကားအမျိုးအစား၊ ဆူဇူကီ ဝေဂွန်အာပလပ်စ် ကားမျိုးလို ကားအငယ်များ ပါဝင်နိုင်ပြီး ယင်းသို့ လွတ်လပ်စွာ တင်သွင်းခွင့်ပြုပါက အငှားယာဉ် နှင့် မြို့တွင်းအိမ်သုံးစီးသူများ အနေဖြင့် ဈေးနှုန်းသက်သာစွာ ဝယ်စီးနိုင်မည့် အလားအလာရှိကြောင်း ကားဝယ်ရောင်းများက ခန့်မှန်းပြောဆိုသည်။
ယမန်နှစ် လယ်ကစတင်လိုက်သည့် ယာဉ်အိုယာဉ်ဟောင်းများ အပ်နှ၍ ကားအစားထိုးတင်သွင်းခွင့်ပြုသည့် အစီအစဉ်ကြောင့် ဆယ်စုနှစ် တခုကျော်မြင့်တက်ခဲ့သည့် ကားဈေး ၃ ချိုး ၂ ချိုး ကျဆင်းခဲ့သည်။
ယခင်နှစ်နှစ်ဝန်းကျင်က သိန်း ၁ ထောင်ကျော် ရှိခဲ့သည့် တိုယိုတာ မတ်တူးဆလွန်း (ရွှေငါး) အမျိုးအစားမှာ ယခုအခါတွင် ကျပ် သိန်း ၃၀၀ မှ ၃၅၀ ဝန်းကျင်သာရှိသည်အထိ ကျဆင်းလာသည်ကို တွေ့ရသည်။
ထို့နောက် နိုင်ငံခြားငွေ ဒေါ်လာ ၁ သိန်းရှိသည့် ကုမ္ပဏီများ၊ ဝင်ငွေခွန်ပေးဆောင်ထားသူ ပြည်ပတွင် အလုပ်လုပ်ကိုင်ခဲ့သူများ၊ နိုင်ငံခြားသင်္ဘောသားများ ကိုပါ တင်သွင်းခွင့်ပြုခဲ့ရာမှ ကားဈေးမှာ တစထက်တစကျဆင်းလာခဲ့သည်။ ။
အစားအသောက်များမှ မမြင်နိုင်သော လူသတ်ကောင်များ
အစားအသောက်များမှ မမြင်နိုင်သော လူသတ်ကောင်များ 7Day News Journal အတွဲ (၁၁)၊ အမှတ်(၂) ဒေါက်တာစိုးသိမ်း
by သံလွင် သူ on Tuesday, March 27, 2012 at 1:49pm
လူ့ခန္ဓာကိုယ်သည် ဒြပ်စင်(Element)ပေါင်း ၃၃ မျိုးဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။ ခန္ဓာကိုယ်အတွက် အကျိုးပြုသော ဒြပ်ပေါင်းများ(Compounds) နှင့် သတ္တုဓာတ်များ (Minerals)ကို အစားအသောက်များ စားသောက်ခြင်းဖြင့် အစာလမ်းကြောင်းမှတစ်ဆင့် ရရှိပါသည်။
အမှန်ဆိုရသော် ဓာတုဒြပ်ပေါင်းအတော်များများသည် အဆိပ်အတောက်ပစ္စည်းများ (Toxic Materials) များပင်ဖြစ်သည်။ လူ့ခန္ဓာကိုယ်အတွက် အကျိုးပြုသောဒြပ်ပေါင်း များမှာမူ အရေအတွက်အားဖြင့် နည်းပါးပါသည်။ ဥပမာအားဖြင့် ရေ၊ အငန်ဓာတ်ပါသော အိမ်သုံးဆား (Sodium Chloride)၊ အချိုဓာတ်ပါ သကြားတွင်ပါဝင်သော ဂလူးကို့စ်(Glucose)၊ အချဉ်ဓာတ်ရှိ စားသောက်ဖွယ်ရာများတွင် ပါရှိသော Citric Acid နှင့် Acetic Acid ဓာတ်၊ ခါးသောအစားအ စာများတွင်ပါဝင်သော Alkaloid ဓာတ်များ၊ နို့နှင့် နို့ထွက်ပစ္စည်းများတွင်ပါဝင်သည့် Lactose ဓာတ်၊ ဆန်၊ဂျုံပြောင်းတို့မှရရှိသော ကစီဓာတ်(Carbon hydrate)၊ အသားငါးဥနှင့်ပဲအမျိုးမျိုးမှ ရရှိသောအသားဓာတ်(Protein)အစရှိသည်တို့ဖြစ်ပါသည်။
လူ၏ ခန္ဓာကိုယ်အတွင်းသို့ အကျိုးပြုဒြပ်ပေါင်းများကို အစာလမ်းကြောင်းမှတစ်ဆင့်ရရှိသလို အကျိုးမပြုသော ဒြပ်ပေါင်းများကိုလည်း ယင်းအစာလမ်းကြောင်းမှပင် အများဆုံးရရှိသည်။ အကျိုးပြုသည့်ဒြပ်ပေါင်းများကိုရရှိလျှင် ကျန်းမာရေးအတွက် လွန်စွာအထောက်အကူပြုသလို အကျိုးမပြုသည့်ဒြပ်ပေါင်းများ ရရှိပါကကျန်းမာ အသက်ရှည်ရေးအတွက် အလွန်ဒုက္ခပေးပါသည်။
ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိလာသည့် အကျိုးမပြုသော ဒြပ်ပေါင်းများသည် ခန္ဓာကိုယ်က အလိုမရှိသည့် အဆိပ်ပစ္စည်း(Toxic Materials)ဖြစ်သဖြင့် ယင်း
အဆိပ်တွေကို အသည်းက ချေဖျက်ပေးရသည်။ အသည်းကလည်း နိုင်သလောက်ဝန်ကိုသာ ချေဖျက်ပေးနိုင်သဖြင့် အဆိပ်တွေများလာလျှင် မချေဖျက်ပေးနိုင်တော့
ချေ။ ထိုရောအခါ အသည်းကလပ်စည်း(Cell)များတွင် ကင်ဆာဝေဒနာဖြစ်ရပါ တော့သည်။ ထို့အတူပင် ယင်းအဆိပ်ဓာတ်များသည် အစာလမ်းကြောင်းတစ် လျှောက်ရှိ လည်ချောင်း၊ အစာအိမ်နှင့် အူ စသည့်အင်္ဂါအစိတ်အပိုင်း(Organ)အမျိုးမျိုးကို ဖြတ်သန်းသွားသဖြင့် ထိုအင်္ဂါအစိတ်အပိုင်းတို့သည် အကာအကွယ်မဲ့(Exposure)သွားကာ အဆိပ်ဓာတ်များနှင့်ထိ တွေ့မှု (Contact) ဖြစ်ပြီး အင်္ဂါအမျိုးမျိုးတွင် ကင်ဆာဝေဒနာ အမျိုးမျိုးကို ဖြစ်ပွားစေ ပါတော့သည်။
အကျိုးမပြုဘဲ အန္တရာယ်ပေးသည့်ဒြပ်ပေါင်းများ အစာလမ်းကြောင်းမှတစ် ဆင့် ခန္ဓာကိုယ်အတွင်းသို့ ၀င်ရောက်သည့် ဥပမာ သာဓကများကိုတင်ပြပါမည်။ အစားအ သောက်ဆိုးဆေး(Edible Dye) မဟုတ်ဘဲ ဈေးပေါပြီး လူကို ဒုက္ခပေးသည့် အ၀တ်အထည်ချည်မျှင် ဆိုးဆေး (Textile Dye)များဖြင့် ပြုပြင်စီမံထားသော မျှစ်၊ အသားကင်အမျိုးမျိုး၊ ၀က်သားတုတ်ထိုး၊ ၀က်ဆီဖတ်ကြော်၊ ၀က်အူချောင်း၊ ကြက်အူချောင်း၊ ဆတ်သား၊ ဆိတ်သား-အမဲခြောက်၊ အအေးဖျော်ရည်အမျိုးမျိုး၊ ဆီးထုပ်၊ ယိုစုံအမျိုးမျိုး၊ လက်ဖက်၊ ငရုတ်ဆီ၊ ငရုတ်အရောင်တင်မှုန့် အစရှိသည်တို့ဖြစ်ပါသည်။ မှတ်မိသလောက်သာ ဖော်ပြထားခြင်းဖြစ်ဖြစ်ပါသည်။ ယင်းပစ္စည်းများမှာ “ပြောမဆုံးပေါင် တောသုံးတောင်”ဆိုသလို များပြားလှပါသည်။ အမျိုးအမည်အမျိုးမျိုးကို စာရှုသူများ ဉာဏ်ဗဟုသုတဖြင့် ဆင်ခြင်ကြည့်ကြစေလိုပါသည်။
ဤသည်မှာ ဆိုးဆေးကိစ္စကိုသာ ပြောနေရင်းဖြစ်ပါသည်။ ဆိုးဆေးမဟုတ်ဘဲခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိနိုင်သည့် အခြားအန္တရာယ်ပြု ဒြပ်ပေါင်းများအကြောင်းကို ဆက်လက်၍ ဖော်ပြပါဦးမည်။ လက်ဖက်ရည်နှင့် နို့ထွက်ပစ္စည်းလောကအကြောင်းကိုပြောပါမည်။ ဤကိစ္စနှင့်ဆက်စပ်၍ စာရေးသူ ၏အတွေးသည် လွန်ခဲ့သော ၂၅ နှစ်
ခန့်က ဖြစ်ရပ်တစ်ခုဆီသို့ ရောက်ရှိသွားပါသည်။ စာရေးသူ စစ်တက္ကသိုလ်၊ ဓာတုဗေဒဌာနတွင် စတင်တာဝန်ထမ်းဆောင်စဉ်ကာလများဖြစ်ပါသည်။ ထိုစဉ်က မိမိ၏
အထက်အရာရှိ လုပ်ဖော်ကိုင်ဖက်နောင်တော်ကြီး စစ်တက္ကသိုလ်အမှတ်စဉ်(၈) ဆင်း စာပေထူးချွန်ဆု(သိပံ္ပ) ရရှိခဲ့သူသည် ဓာတုဗေဒဌာန ပါမောက္ခ/ဌာနမှူး ယာယီ
ဒုဗိုလ်မှူးကြီးဘ၀တွင် အသည်းကင်ဆာဖြင့် ကွယ်လွန်ခဲ့ရရှာပါသည်။ အဖိုးတန်ပညာတတ် ပုဂိုလ်တစ် ဦး အကြေစောခဲ့ရ၍ နှမြောတသ ယူကျုံးမရဖြစ်ခဲ့ရပါသည်။ နောင် တော်ကြီးသည် ဘ၀ကို အလွန်ရိုးသားစွာဖြတ်သန်းလာခဲ့သူဖြစ် သည်။ အရက်မသောက်၊ ကွမ်း မစား၊ ဆေးလိပ်မသောက်၊ ဘာ အပျော်အပါးမှ မလိုက်စားချေ။
သို့သော် နောင်တော်ကြီး သည် လက်ဖက်ရည်နှင့် မလိုင်မုန့် ကို အင်မတန်ကြိုက်ရှာသည်။ သူ မန္တလေးတက္ကသိုလ်တွင် ဘွဲ့လွန် သင်တန်းသွားတက်တော့ သူနေ သည့်အဆောင်အခန်း၌ နို့ဆီဘူး ခွံတွေ၊ မလိုင်မုန့်ဘူးခွံတွေ တောင် လိုပုံနေသည်ဟု အခန်းနီးချင်းနေ စာရေးသူ၏ မိတ်ဆွေ တက္ကသိုလ် ဆရာကပြောပြပါသည်။
ထိုစဉ်က ပြည်တွင်းဖြစ် နို့ဆီတွေ စတင်ခေတ်စားချိန်ဖြစ်ပါသည်။ အချို့ နို့ဆီများတွင် တာ ရှည်အထားခံအောင် အဆိပ်အတောက်ဖြစ်ပြီး ဓာတုဒြပ်ပေါင်း တစ်မျိုး ဖြစ်သည့် Formalin ခေါ် Formaldehyde ကို လောဘသား စီးပွားရေးလုပ်ငန်းရှင်အချို့ က တရားမဲ့ ရောစပ်ထားကြောင်း သတင်းစကားများ ကြားသိခဲ့ရဖူး ပါသည်။ ယင်း Formalin ခေါ် For-maldehyde ဒြပ်ပေါင်းကို ဆေး သုတေသနလုပ်ငန်းများအတွက် အသုံးဝင်သည့် သေဆုံးသွားသူ များ၏ ခန္ဓာကိုယ် အစိတ်အပိုင်း များကို တာရှည်ခံအောင် ဆေးရည်စိမ်ခြင်း၊ နာရေးအသုဘများတွင် ကွယ်လွန်သူ၏ ရုပ်အလောင်းကို မပုပ်မသိုးအောင် ဆေးသွင်း ခြင်းကိစ္စများ၌ အသုံးပြုလေ့ရှိပါသည်။
ထိုစဉ်က မန္တလေးလက်ဖက်ရည်လောကတွင် ဂယက်တစ်ခု ရိုက်ခတ်သွားခဲ့ဖူးပါသည်။ “လက်ဖက်ရည်ဆို ရှယ်ပဲသောက်မယ်၊ ရိုးရိုးမသောက်ရဲဘူး။ အသည်းကင်ဆာ ဖြစ်မှာစိုးလို့”ဟု ပြောစမှတ်ပြုခဲ့ဖူးသည်ကို ယခုခေတ် လူငယ်များအား အသိပေးပြောလို ပါသည်။ ဖော်ပြပါ နောင်တော်ကြီး သည် လက်ဖက်ရည်နှင့် မလိုင်မုန့် ကို အလွန်ကြိုက်နှစ်သက်ကာ နှစ် ပေါင်းများစွာ သုံးဆောင်မှီဝဲခဲ့ရာ ၎င်းအစားအသောက်များတွင် ပါရှိနိုင်ခဲ့သည့် Formalin တန်ခိုး ဖြင့် သက်ဆိုးမရှည်ခဲ့သည့် သာဓ ကကို တခုတ်တရဖော်ပြအပ်ပါ သည်။ စကားစပ်သဖြင့် အရက် လောကကို ပြောပါဦးမည်။ လူ တွေသောက်နေကြသော အရက် အမျိုးမျိုးမှာ အီသိုင်းအယ်လ်ကို ဟော - Ethyl Alcohol ဒြပ်ပေါင်းဖြစ်သည်။ ၎င်းဓာတ်ပစ္စည်းသည် အဆိပ်အတောက်ပစ္စည်းစင်စစ် မဟုတ်သော်လည်း ခန္ဓကိုယ်အ တွက် လိုအပ်သော ဓာတ်ပစ္စည်း မဟုတ်သဖြင့် အသည်းက အလကားသက်သက် အလုပ်ပိုကာ ချေဖျက်ပေးနေရသည်။ ကြာလာ တော့လည်း အသည်းက မနိုင် ၀န်ထမ်းနေရသည့် ဒုက္ခကြောင့် အသည်းကျုံ့ခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းအဆီ ဖုံး ခြင်း စသည့်ဝေဒနာများကို ခံစား ရပါတော့သည်။
ပို၍ဆိုးသည်က တောအ ရက်များနှင့် အရက်တုများ၏ အန္တ ရာယ်ဖြစ်သည်။ အရက်တုကိစ္စ ပြောပါဦးမည်။ အရက်တွင်ပါသော Ethyl Alcohol နှင့် အနံ့အရသာခွဲမရ အောင်တူသည့် အလွန်အဆိပ် ပြင်းသည့် ဓာတုပစ္စည်း Methyl Alcohol ၏ အန္တရာယ်မှာ လွန် စွာကြောက်မက်ဖွယ်ကောင်းပါ သည်။ နည်းနည်းသောက်မိလျှင် မျက်စိကွယ်မည်၊ လေဖြတ်မည်။ အတော်အတန်သောက်မိလျှင် သေဆုံးမည်။ သတင်းစာနှင့် ဂျာ နယ်များတွင် Methyl Alcohol ပါသည့် အရက်တုများ သောက် မိသဖြင့် လူရာနှင့်ချီ၍ သေဆုံး ရသောသတင်းများကို မကြာခဏဖတ်ရသည်။
သီးနှံဟင်းသီးဟင်းရွက် လောကအကြောင်းပြန်၍ ကောက်ပါဦးမည်။ အဖေတို့၊ အမေတို့ပြော ခဲ့ဖူးသည့် “အသီးအရွက်များများစား အားရှိတယ်”ဆိုသောစကားသည် ယခုခေတ်တွင် ရာနှုန်းပြည့် မမှန်နိုင်တော့ပေ။ ခေတ်ပြောင်း သွားခဲ့ပါပြီ။ သိပံ္ပပညာထွန်းကား လာခြင်း၊ လူတို့၏ အတတ်ကျူး လာခြင်းနှင့် မဆင်မခြင်စည်းမဲ့ကမ်းမဲ့ ဆောင်ရွက်မှုများကြောင့် စိုက်ပျိုးရေးလောကတွင် အန္တ ရာယ်ကြီးလှသော ပိုးသတ်ဆေး များ(Insecticides နှင့် Pesticides ကို ပရမ်းပတာသုံးလာကြ သည်။ သက်ဆိုင်ရာ တာဝန်ရှိသူ များက ယင်းပိုးသတ်ဆေးများကို စနစ်တကျသုံးစွဲရန် ပညာပေးညွှန်ကြားထားသော်လည်း တောင် သူ/စိုက်ပျိုးရေးသမား အတော် များများက စိတ်မ၀င်စားကြချေ။ သူတို့ စိတ်ဝင်စားသည်က သီးနှံများ ရောင်းပန်းလှ ဈေးကောင်း ရရေးသာဖြစ်သည်။ ပိုးသတ်ဆေး ဖျန်းအပြီး သုံးပတ်အကြာမှ ဆွတ်ခူး ရိတ်သိမ်းရမည်ဖြစ်သော်လည်း တောင်သူ/စိုက်ပျိုးရေးသမား အတော်များများက အသိပညာ၊ ဗဟုသုတ၊ မေတ္တာစေတနာ နည်း လှစွာဖြင့် ယင်းစည်းကမ်းကို မလိုက်နာကြချေ။
ထိုရောအခါ ဈေးကွက်သို့ ရောက်ရှိလာသော သီးနှံဟင်းသီး ဟင်းရွက် အတော်များများတွင် အဆိပ်ဓာတ်များပါသည့် ပိုးသတ် ဆေးဓာတ်ကြွင်းများ(Toxic Residues of Insecticides and Pesticides)ပါရှိနေပေသည်။ ၎င်းအန္တရာယ်ကို မျက်စိဖြင့်လည်း မမြင်နိုင်၊ အနံ့အားဖြင့်လည်း မဆုံးဖြတ်နိုင်၊ အရသာအားဖြင့် လည်း မသိရှိနိုင်ပါပေ။ လူတွင် ၎င်းအန္တရာယ်ကို ရှာဖွေနိုင်သောကိရိယာ(Instrument)မရှိပေ။ဓာတ်ခွဲခန်း၌သာ ၎င်းအန္တရာယ်ကိုစစ်ဆေးအဖြေရှာနိုင်ပါသည်။ စာရေးသူမှာ နံနက် လမ်း လျှောက်ရင်း ကိုယ်တိုင်ဈေးဝယ် သူဖြစ်၍ ဈေးအတွင်းရှိ ချော ချောလှလှဖွံ့ဖွံ့ထွားထွား ဟင်းသီး ဟင်းရွက်များကိုမြင်တိုင်း ကြက် သီးတဖြန်းဖြန်းထပါသည်။ ဆရာ ကြီးရွှေဥဒေါင်း၏ စာရေးဟန်အ တိုင်းပြောရပါလျှင် “ကျွန်ုပ်သည် ပိုးသတ်ဆေးဓာတ်ကြွင်းများ၏ အန္တရာယ်ကို လွန်စွာကြောက် လန့်လှပါသည်။ သင်တို့ ယခု ရောင်းချနေသော ချောချောလှ လှဖွံ့ဖွံ့ထွားထွား ဟင်းသီးဟင်း ရွက်များကို ကျွန်ုပ် စိုးစဉ်းမျှ အလိုမရှိပါ။ မီးယပ်ပိန် မီးယပ်ခြောက် ပိုးစားလောက်ကိုက် ဟင်းသီးဟင်းရွက်များကိုသာ ကျွန်ုပ်ရွေးချယ် ၀ယ်ယူပါတော့မည်”ဟု ဆိုရမလို ဖြစ်ပါတော့သည်။
စာရေးသူသည် ထိုပိုးစား လောက်ကိုက် ဟင်းသီးဟင်းရွက် များကို ဈေးတွင် ခက်ခက်ခဲခဲ ရှာ ဖွေဝယ်ယူရပါသည်။ သို့သော် လည်း ချက်ပြုတ်အပြီး မသဒီလှသေး သဖြင့် ကောင်းစွာ မျိုမကျ ချေ။ အခွံပါသော အသီးများကို တော့ အနည်းငယ်သဒီပါသေး သည်။ အခွံပါ အသီးအမျိုးမျိုးတို့ သည်လည်း ယနေ့ခေတ်တွင် မယုံကြည် စိတ်မချရတော့ချေ။ အသီး အမျိုးမျိုးသည် အသိဉာဏ်နုန့် နည်းသည့် လောဘသား စီးပွား ရေးသမားအချို့၏ စည်းမဲ့ကမ်းမဲ့ လုပ်ရပ်တွေကြောင့် မသန့်စင်တော့ ကြောင်းကို အလျဉ်းသင့်၍ ဖော်ပြရပါဦးမည်။ အချို့ အုန်းသီး၊ ငှက်ပျောသီးဆိုင်ရှင်တို့သည် ငှက် ပျောသီးအစိမ်းများကို ၀ယ်ယူစု ဆောင်းထားပြီး အချိန်ကိုက် အမြန်မှည့်အောင် ရောင်းပန်းလှ တွက်ခြေကိုက်အောင် ဆောင် ရွက်ကြပါသည်။ ပြုလုပ်ပုံမှာ ငှက် ပျောသီးအဖီးလိုက်၊အခိုင်လိုက်ကိုဓာတုဗေဒပစ္စည်းတစ်မျိုးဖြစ်သည့် Ethylene Oxide အရည်တွင် စိမ်ပစ်လိုက်ခြင်းဖြစ်ပါသည်။ ဤ ဓာတုဒြပ်ပေါင်းမှာ ဆန်၊ဂျုံ၊ပဲများ သိုလှောင်ရာတွင် ပိုးမထိုးစေရန် အသုံးပြုသည့် ပိုးသတ်ဆေးတစ်မျိုး ပင်ဖြစ်ပါသည်။ ကဲ..စာရေးသူတို့ စားသုံးနေကြသည့် ဟင်းသီးဟင်းရွက်ကအစ သစ်သီးအဆုံး ဘယ်ဟာမှ မသန့်စင်တော့ချေ။
နိဂုံးချုပ်ပြောရလျှင် အစားအသောက်များမှ မမြင်နိုင်သော လူသတ်ကောင်များ၏ အန္တရာယ်ကို ပညာဗဟုသုတဉာဏ် မျက်စိဖြင့်ကြည့်၍ ဝေးစွာရှောင်ရှားကြစေလို ကြောင်း စေတနာကောင်းဖြင့်တင်ပြလိုက်ရပါသည်။
Monday, April 30, 2012
ဦးနှောက်ကိုထိခိုက်ပျက်စီးစေသောအမူအကျင့်(၉)ချက်
နံနက်စာ မစားတဲ့သူတွေ ဟာ သွေးထဲမွာ သကြားဓာတ်ပမာဏနည်းပါးတတ်ပါတယ်။သကြားဓာတ်
ပမာဏ နည်း လို့ ဦးနှောက်ို လုံလောက်တဲ့ အဟာရ မပံ့ပိုးပေးနိုင်လို့
ဦးနှောက်ကို ယိုယွင်းစေပါတယ်။
*
**အစားအလွန်အကျွံစားသုံးခြင်း။*
အစာကို အလွန် အကျွံစားသုံးတဲ့အခါ ဦးနှောက်သွေးလွတ်ကြောကို မာစေပြီး
စိတ်စွမ်းအားကို လျော့ကျ စေပါ တယ်။
*
**ဆေးလိပ်သောက်ခြင်း။*
ဦးနှောက်ကို ကျုံစေလို့ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားစေတတ်ပါတယ်။
*သကြားအများအပြားစားသုံးခြင်း။*
သကြားစားသုံးမှုများလွန်တာဟာ ပရိုတိန်းနဲ့ အာဟာရဓာတ်တွေ စုပ်ယူမှုကို
အဟန့်အတားဖြစ်စေလို့ အာဟာရ ဓာတ် ချို့ တဲ့ပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို အနှောင့်
အယှက်ဖြစ်စေပါတယ်။
*လေထုညစ်ညမ်းခြင်း။*
ခန္ဒာကိုယ်ထဲမှာ ဦးနှောက်ဟာ အောက်စီဂျင်ကို အများဆုံးသုံးစွဲသူဖြစ်ပါတယ်။
ညစ်ညမ်းတဲ့ လေထုကို ရှူလိုက် တဲ့ အခါ ဦးနှောက်ကို
အော်စီဂျင်ပို့လွှတ်မှုလျော့နည်းသွားလို့ ဦးနှောက်စွမ်းရည် လျော့ကျမှုဖြစ်ပွားတတ်
ပါ တယ်။
*အိပ်ရေးပျက်ခြင်း။*
အိပ်စက်တာဟာ ဦးနှောက်ကို အနားရစေပါတယ်။တာရှည် အိပ်ရေးပျက်တာဟာ ဦးနှောက်ဆဲလ်တွေ
သေဆုံးမှုကို တိုးပွားစေပါတယ်။
*ခေါင်းစွပ်နှင့်အိပ်ခြင်း။*
ခေါင်းစွပ်နှင့် အိပ်စက်တာဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် စုစည်းမှုကိုတိုးမြင့်စေပြီး
အောက်စီဂျက်စုစည်းမှုကို လျော့ကျစေတဲ့အတွက် ဦးနှောက်ပျက်စီးမှုကို
ဖြစ်စေနိုင်ပါတယ်။
*နေမကောင်းစဉ် ဦးနှောက်ကို အလုပ်ပေးခြင်း။*
နေမကောင်းတုန်း အလုပ်တို ပင်ပင်ပန်းပန်းလုပ်မယ်၊ စာကြိုးစားမယ်ဆိုရင်
ဦးနှောက်စွမ်းရည်လျော့ကျပြီး ဦးနှောက် ကို ထိခိုက်စေပါတယ်။
*
**နိုးကြားတဲ့ အတွေးအခေါ်မရှိခြင်း။*
ဦးနှောက်ကို လေ့ကျင့်ပေးဖို့ တွေးခေါ်တာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
ဦးနှောက်ကို နှိုးဆွတဲ့ အတွေးအခေါ်မရှိတာဟာ ဦးနှောက်ကျုံတတ်ပါတယ်။
အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ။
Subscribe to:
Posts (Atom)