Thursday, April 11, 2013
လက်အဆစ် ချိုးလျှင်
လက်အဆစ် ချိုးလျှင်
လက်အဆစ် ချိုးခြင်းက အဆစ်ရောင်နာ ဖြစ်နိုင်လားလို့ မေးခွန်းများ ရှိခဲ့ ဖူးပါတယ်။ သို့ပေမယ့် လက်ဆစ်ချိုးခြင်းက အဆစ်ရောင်ခြင်း မဖြစ်နိုင် ပါဘူး။ သို့ပေမယ့် သူ့မှာလည်း ဆိုးကျိုးတော့ ရှိပါတယ်။
လက်ဆစ်ချိုးလို့ အသံမြည်တယ်ဆိုတာ ယင်းအရိုးအဆစ်တွေကြားက တစ်ရှုးများ ပျက်ဆီးသွားခြင်း ဖြစ်ပါတယ်။ လက်ဆစ်တစ်ခါ ချိုးတိုင်း ယင်း အဆစ်တွေကြားက ခြင်ဆီများအပေါ်လည်း သက်ရောက်မှု ရှိပါတယ်။ အဓိက ကတော့ ဆဲလ်တစ်ရှုးများအား သေစေပါတယ်။
နောက်ဆက်တွဲ ဆိုးကျိုးကတော့ ယင်းအဆစ်များ အားနည်းခြင်း ဖြစ်ပါတယ်။ လက်ချိုးတယ်ရယ်လို့မဟုတ်ပဲ ချိုးတဲ့ အဆစ်များအားလုံး ဟာ အကြိမ်ပေါင်း၊ နှစ်ပေါင်းများလာရင် အားနည်းလာပြီး အသက်ကြီးလာရင် လေဖြတ်ဖို့ ပိုအခွင့်အလှမ်းများတယ်လို့ ဆေးပညာရှင်များက ဆိုထားတယ် လို့ သိရပါတယ်။
Wednesday, April 10, 2013
မျိုးမတူ ဇာတ်ခြားသတိထားလော့(ရွှေမြန်မာအားလုံးအတွက်)"
မျိုးမတူ ဇာတ်ခြားသတိထားလော့(ရွှေမြန်မာအားလုံးအတွက်)"
*********************************************
ရှေးသရောအခါ ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း လက်ထက်၌ ဘုရားလောင်းသည် တောတွင်းဝယ် ကြွက်မင်းမျိုး၌ ဖြစ်၏။ ခန္ဓာကိုယ်ပမာဏမှာ ၀က်ငယ်ပမာဏ ရှိ၏။ အခြွေအရံကြွက်များမှာ ရာပေါင်းများစွာ ရှိလေသည်။
တနေ့သ၌ မြေခွေးတစ်ကောင်သည် အစာရှာစဉ် ဘုရားလောင်းကြွက်နှင့် ကြွက်အပေါင်းကို တွေ့မြင်သွား၏။ ထို့နောက် ကြွက်အပေါင်းကို လှည့်စား၍ ငါစားအံ့-ဟူသောအကြံဖြင့် ကြွက်တို့၏ အနီး၌ နေမင်းသို့မျက်နှာမူကာ ပါးစပ်ကိုဟလျက် ခြေတချောင်းဖြင့်သာ ရပ်နေ၏။
ဘုရားလောင်းကြွက်မင်းသည် မြေခွေးကိုမြင်လျှင် ဤမြေခွေးသည် သီလရှိရာ၏-ဟုကြံ၍ မြေခွေးကို မေးသည်။အရှင်မြေခွေး၊ အရှင်၏ နာမည်ကား အသို့ပါနည်း။
အို-ကြွက်မင်း ငါ၏နာမည်ကား ဓမ္မိက (တရားကျင့်သူ) မည်၏။
အရှင်သည် အဘယ်ကြောင့် ခြေတစ်ချောင်းဖြင့်သာ မြေ၌ ရပ်သနည်း။
ငါ၏ ခြေအားလုံးတို့ကို မြေ၌ထားလျှင် ဤမဟာပထ၀ီမြေကြီးက ဆောင်ထားခြင်းငှါ မစွမ်းနိုင်။ ထို့ကြောင့် ခြေတစ်ချောင်းဖြင့်သာ မြေ၌ ရပ်၏။
ပါးစပ်ကို အဘယ့်ကြောင့် ဖွင့်ဟထားသနည်း။
ငါက အခြားအစာကို မစားဘဲ လေကို စား၏ ထို့ကြောင့် ပါးစပ်ကို ဖွင့်ဟထား၏။
အဘယ့်ကြောင့် နေမင်းသို့ မျက်နှာမူ၍ ရပ်နေသနည်း။
ငါသည် နေမင်းကို ရှိခိုး၏။ ထို့ကြောင့် နေမင်းသို့ မျက်နှာမူ၍ ရပ်၏။
မြေခွေး၏စကားကိုကြားလျှင် ဘုရားလောင်းသည် မြေခွေးအပေါ်၌ ကြည်ညိုသွား၏။ လေးစားသွား၏။ ထို့နောက် ဘုရားလောင်းသည် အခြွေအရံနှင့်တကွ မြေခွေးထံ နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် ဆည်းကပ်သည်။ မြေခွေးလည်း ကြွက်အပေါင်းတို့ ဆည်းကပ်၍ ပြန်သွားလျှင် နောက်ဆုံးကြွက်ကို ကိုက်သတ်ကာ စား၏။ ကြွက်အပေါင်းလည်း အစ၌ သတိမထားမိသော်လည်း ရက်ပေါင်းအတော်ကြာသော် ကြွက်များ လျော့နည်းခြင်းကို သတိထားမိလာသည်။
ဘုရားလောင်းကြွက်မင်းသည် ကြွက်အပေါင်း လျော့နည်းရခြင်း၏အကြောင်းကို စဉ်းစားလတ်သော် မြေခွေးအပေါ်၌ သံသယဖြစ်ကာ နောက်တစ်နေ့ မြေခွေးကို ဆည်းကပ်၍ပြန်ရာ၌ အခြားကြွက်တို့၏ နောက်ဆုံးမှ ပြန်လာ၏။ မြေခွေးလည်း ထုံးစံအတိုင်း နောက်ဆုံးကြွက်ကို ဖမ်းစားရန် ပြေးလာ၏။ ဘုရားလောင်းကြွက်မင်းသည် မြေခွေးပြေးလာသည်ကို မြင်လျှင်- ဟယ် မြေခွေး၊ သင်၏အကျင့်သည် တရားသဘောအားဖြင့် မဟုတ်၊ စင်စစ်ကား သူတပါးတို့ကို ညှဉ်းဆဲခြင်းငှါ တရားကို တံခွန်ပြု၍ ကျင့်၏-ဟုပြော၍ မြေခွေး၏ မေးအောက်ရှိ ရေမျိုကို ကိုက်ဖောက်လေ၏။ မြေခွေးလည်း ထိုနေရာ၌ပင် သေဆုံးသွား၏။ ထိုအခါမှစ၍ ကြွက်အပေါင်းတို့သည် အန္တရာယ်ကင်းရှင်းစွာ သွားလာနေထိုင်ကြရလေ၏။
ဘုရားရှင်သည် ဤဗိဠာရ၀တဇာတ်ကို သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် (မြေခွေးဖြစ်ခဲ့ဖူးသော) ကုဟက ရဟန်းကို (လူအပေါင်းကို အံ့သြဘနန်း ဖြစ်အောင်၊ အထင်ကြီးအောင် ကျင့်ဆောင်သောရဟန်းကို) အကြောင်းပြု၍ ဟောတော်မူ၏။(ဧကကနိပါတ်)
ဒီဇာတ်တော်မှာ မှတ်သားဖွယ်ရာကတော့ မြေခွေးဆိုတာမျိုးသည် ကောက်ကျစ်၏၊ စဉ်းလဲ၏။ ယုတ်မာ၏။ ရက်စက်၏။ ကြမ်းကြုတ်၏။ အယောင်ဆောင်တတ်၏။ မိမိ၏ ယုတ်မာစဉ်းလဲ ကောက်ကျစ်သော အကျင့်ကို ဖုံးကွယ်ပြီး သူတော်ကောင်းယောင်ဆောင်၏။ သူတစ်ပါး အထင်ကြီးအောင် လေးစားအောင် အပြောကောင်း၏။ စည်းရုံးတတ်၏။ ထူးခြားချက်ကား မြေခွေးအချင်းချင်းပေါ်တွင် မဟုတ်ဘဲ မိမိနှင့် မျိုးမတူ ဇာတ်ခြား ကြွက်မင်းနှင့်တကွ ကြွက် အပေါင်းတို့အား အထင်ကြီးလေးစားလာအောင်၊ ယုံကြည်လာအောင် သိမ်းသွင်းခြင်းပင်ဖြစ်၏။ စည်းရုံးခြင်းပင်ဖြစ်၏။ ယုံကြည်မှုကို အလွဲသုံးစားလုပ်ကာ ကြွတ်မျိုးတုံးအောင် ရက်ရက်စက်စက် အရှက်မဲ့စွာကိုက်သတ်စားသောက်၏။
သို့သော် မြတ်စွာဘုရားအလောင်းတော် ကြွက်မင်း၏ ဥာဏ်ပညာကြီးမားမှု၊ ရဲရင့်မှု၊ ဖျတ်လတ်မှု၊ သန်မာမှု၊ ဆုံးဖြတ်ချက်မှန်ကန်မှု၊ စဉ်စားတွေရာ၌ လိမ္မာမှု မိမိအမျိုးကို ထိပါးလာပါက အင်အားကြီးမှု၊ မကြီးမှုကို အဓိကမထား၊ မိမိအသက်ကိုပဓာနမထား၊ မိမိအမျိုးကိုထိပါးလာပါက သတ်ရဲတဲ့သတ္တိ၊ မိမိကို ကိုးကွယ်ဆည်းကပ် အားထားနေသူ ကြွက်အပေါင်း၏ ခေါင်ဆောင်ကောင်းတစ်ဦးနှင့်အညီ မားမားမတ်မတ်ရပ်တည်၊ မိမိအမျိုးဘက်မှ ရန်သူ မျိုးမတူ ဇာတ်ခြားမြေခွေးယုတ်ကို စာနာ ထောက်ထားနေမှုမရှိဘဲ အချိန်မှီ သတ်ဖြတ်နိုင်ခဲ့လေသောကြောင့် ကြွက်အပေါင်း အသက်ချမ်းသာရာ ရခဲ့ခြင်း စတဲ့ မှတ်သားဖွယ်ရာများစွာရရှိပါတယ်။
ဒီမှတ်သားဖွယ်ရာများကို အတုယူပြီး ဦးဇင်းတို့ဘာသာဝင်များလည်း မျိုးမတူ ဇာတ်ခြားတို့၏ ဖျားယောင်းမှု၊ သွေးဆောင်မှု၊ စည်းရုံးမှု၊တို့ကို နားမယောင်မိဖို့၊ အယုံမလွယ်ဖို့၊ ရှင်းရှင်းပြောရရင် မယုံမိဖို့ လိုအပ်ပါတယ်။ ကိုယ်နဲ့ အမျိုးမတူ ဇာတ်မတူဆိုသူတို့နှင့်ပေါင်းသင်းမိပါက အကောင်းဆိုတာမျိုးဖြစ်မလာနိုင်ဘဲ အဆိုးနှင့်သာ အဆုံးသတ်ရမည်ဖြစ်၏။ အပြောထက် အလုပ်သက်သေဆိုသလို မျိုးမတူ ဇာတ်မတူ ဘာသာမတူများနှင့် ပေါင်းသင်းဆက်ဆံမိလို့ ဒုက္ခရောက်သူများဒုနဲ့ဒေးပင်။ ဒီဇာတ်တော်ထဲကိုပဲ ကြည့်လိုက်ပါ။ ဘာသာတူ လူမျိုးတူ ဇာတ်တူသူက မိမိအမျိုးကို၊ မျိုးမတူ ဇာတ်ခြားရဲ့ မျိုးတုံးသတ်ဖြတ်မှုမှ အချိန်မီကာကွယ်လိုက်ခြင်းပင်ဖြစ်၏။
ထိုနည်းတူစွာ ဘာသာတူ လူမျိုးတူအချင်းချင်းလည်း သစ္စာစောင့်သိမှု၊ မိမိအမျိုး ဘက်မှ ရဲဝံ့စွာ ရပ်တည်ပေးမှု၊ မျိုးမတူ ဇာတ်ခြားများက ရန်ပြုလာတဲ့အခါ ငြိမ်မနေဘဲ ကူညီပေးမှုများ အမှန်တကယ်လိုအပ်ပါတယ်။ မြတ်စွာဘုရားအလောင်းတော်ကြွက်မင်းသည်ပင်လျှင် မိမိအမျိုးကို ထိပါးလာပါက ချက်ချင်း လက်တုံ့ပြန်ခဲ့တာကိုသတိပြုပါ။ ခေါင်းဆောင်ကောင်းဆိုတာ ဒီနည်းကို အတုယူသင့်ပါတယ်။ ခေါင်းရှောင်လို့မရပါဘူး။ ခေါင်းဆောင်က ခေါင်းရှောင်လိုက်မည်ဆိုရင် အောက်လက်ငယ်သား၊ မိမိအားမှီခိုနေသူ အပေါင်း ဆင်းရဲဒုက္ခကြုံရမည်ဖြစ်၏။ အကယ်၍သာ ဒီဇာတ်တော်မှာ မြတ်စွာဘုရားအလောင်းတော်က မျိုးမတူ ဇာတ်ခြား မြေခွေးယုတ်၏ လိမ်လည်ကောက်ကျစ်စွာ မျိုးတုံးသတ်ဖြတ်မှုကို ဒီတိုင်း ကြည့်နေ၍သော်လည်းကောင်း၊ မပြတ်မသားဖြစ်ခဲ့လျှင်သော်လည်းကောင်း၊ ရဲရင့်မှုမရှိခဲ့လျှင်သော်လည်းကောင်း၊ ဆုံးဖြတ်ချက်မှားယွင်းခဲ့လျှင်သော်လည်းကောင်း၊ မသိကျိုးနွံပြုခဲ့လျှင်သော်လည်းကောင်း၊ မျိုးတုံးသတ်ဖြတ်မှုကို စာနာထောက်ထားခဲ့လျှင်သော်လည်း မိမိလက်အောက်ခံ ကြွက်အပေါင်းတို့ မုချသေပွဲဝင်ရမည်သာဖြစ်၏။
ထို့ကြောင့်ခေါင်းဆောင်လုပ်သူများအနေနဲ့လည်း တစ်ဖက်မျိုးမတူဇာတ်ခြားများနှင့်ပတ်သတ်လာလျှင် စာနာထောက်ထားမှု၊ မပြတ်မသားဖြစ်မှု၊ သူရဲဘောကြောင်မှု၊ ဆုံးဖြတ်ချက်မှားယွင်းစွာဖြစ်မှုများ မရှိအောင်ဂရုစိုက်ရမည်ဖြစ်သလို၊ အောက်လက်ငယ်သားများအနေနဲ့လည်း မျိုးမတူ ဇာတ်ခြားများနှင့် ပတ်သတ်လာလျှင် အယုံအကြည်လွယ်၊ ပေါင်းသင်းဆက်ဆံမှု၊ အရောတဝင်လုပ်မှုများကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း အသိပေးလိုက်ပါသည်။ သို့မှသာ တစ်မျိုးသားလုံး မျိုးတုံးသတ်ဖြတ်ခြင်း အန္တရာယ်မှကင်းဝေးမည်ဖြစ်ကြောင်း အသိပေးရေးသားလိုက်ရပါသည်။
မှတ်ချက်။ ။မည်သူတစ်ဦးတစ်ယောက်ကိုမျှမရည်ရွယ်ဘဲ ဇာတ်တော်မှာလာတဲ့အတိုင်း ရရှိတဲ့ဗဟုသုတအပေါ် မိမိလူမျိုး ဘာသာ သာသနာအတွက် အမြင်မှန်ရစေရန် ချပြခြင်းမျှသာဖြစ်ပါသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
မြန်မာနိင်ငံမှ တာဝန်ထမ်းဆောင်နေသော ဗိုလ်ကြီးများ၏ လူသိနည်းသည့် အချက်(၈)ချက်
မြန်မာနိင်ငံမှ တာဝန်ထမ်းဆောင်နေသော ဗိုလ်ကြီးများ၏ လူသိနည်းသည့် အချက်(၈)ချက်
၁။ စက္ကန် တိုင်း မြန်မာငွေ ၃.၄၇ ကျပ်ဝင်ငွေရှိပြီး ၁ ရက်တာ ကာလအတွက် မြန်မာငွေ ၅၀၀၀ ကျပ်ရှိပြီး တနှစ်တာ ၀င်ငွေအတွက် ၁၈သိန်းရှိသည်။
၂။ အကယ်၍ သူသည် မြန်မာငွေ ၁၀ တန် ပြုတ်ကျသွားခဲ့သည် ဆိုပါလျှင် ဘယ်တော့ မှ ပြန်ကောက်လိမ့် မည်မဟုတ်ပါ။ အဘယ်ကြောင့် ဆိုသော် အဆိုပါ ပြန်လည်ကောက်ယူမည့် အချိန် ၄ စက္ကန့်  အတွင်းပင်သူသည် မြန်မာငွေ ၁၃ ကျပ် ပြန်လည်ရရှိခဲ့ပြီး ဖြစ်သောကြောင့်တည်း။
၃။ မြန်မာနိုင်ငံ၏ ဘောလုံးကလပ် ဇေယျာရွှေမြေ မှ ဘောလုံးသမား ကျော်ကိုကို၏ ရန်ကုန်ုယူနိုက်တက်သို့ ပြောင်းရွှေ့ကြေးသည် အကယ်၍ သိန်း တစ်ထောင့်ငါးရာဖြစ်ခဲ့ ပါမူ… အဆိုပါ တန်ကြေးရရှိရန် ၈၅ နှစ် မစားမ သောက်ရပဲ နေရမည်ဖြစ်သည်။
၎။ သူတို့ ပိုင်ဆိုင်သော ၁ လတာ ၀င်ငွေဖြင့် ၁၀၀ တန် နေကြာစေ့ထုတ်များ ၀ယ်ကျွေးလျှင် လူပေါင်း ၁၅၀၀ သာ ကျွေးနိုင်မည် ဖြစ်သည်။
၅။ အကယ်၍ သူတို့ ၏ ၁ ရက်တာ ပိုင်ဆိုင်မှု ၅၀၀၀ အား ရန်ကုန်မြို့ တွင် Taxi စီးပါက မြောက်ဒဂုံနှင့် ရွှေတိဂုံအား အသွားတကြောင်းနှင့် အပြန် အတွက် ၁၀၀၀ ကျပ် အကြွေတင်မည် ဖြစ်သည်။
၆။ အကယ်၍ ရတနာပုံ ယူနိုက်တက်တွင် ကစားနေသော ဘောလုံးကစား သမား ရန်ပိုင်၏ ၁ လတာ ၀င်ငွေ ၁၅ သိန်း အား မှီရန်အတွက် ၁၀ လ မစား မသောက်ပဲ စုရန်လိုသည်။
၇။ ၁ လတာ ရရှိသော လစာအား ယူနီဖောင်း ၃ သောင်းတန်ချုပ်မည်ဆိုပါက ၅ စုံသာ ရမည် ဖြစ်သည်။
၈။ သို့ရာတွင် မိန်းမရှိသော သူများအဖို့  သူတို့ ရရှိသော လစာသည် ဇနီးသည် အား အပ်နှံရသည်ဆိုပါ က လစာထုတ်ပြီးပြီးခြင်း အကုန်ပြောင် လေသည်။
(ပုံရိပ်စစ်)
ပင်ကိုအလှပိုပေါ်လွင်မှု ရှိရအောင်
ပင်ကိုအလှပိုပေါ်လွင်မှု ရှိရအောင်
လူတိုင်းမှာ အလှကိုယ်စီ ရှိကြပါတယ်။ ရှိပြီးသား ပင်ကိုအလှတွေက လူတစ်ယောက်ရဲ့ ပြင်ဆင် နေထိုင်ပုံ တွေကြောင့် ပိုမိုတင့်တယ် တောက်ပသွား တတ်တာကြောင့် ပင်ကိုအလှ ပိုမို ပေါ်လွင်မှု ရှိစေဖို့ အောက်ပါ နည်းလမ်းတွေကို လိုက်နာပေးဖို့ လိုအပ်ပါတယ်။
(၁) မတ်မတ်ရပ်ပါ
မတ်မတ်ရပ်တာက သင့်ကို စမတ်ကျကျ ကြည့်ကောင်းစေတဲ့ အပြင် ကျောရိုးမကြီး ကိုလည်း ပျော့ပျောင်း သန်စွမ်းကာ ဖြောင့်မတ်စေ ပါတယ်။ တကယ်လို့ မတ်မတ်ရပ်ရတာကို ညောင်းညာတယ်လို့ ခံစားလာရရင် ဒူးတွေကို အနည်းငယ်ကွေးပြီး ခြေထောက် နှစ်ချောင်းကို အနည်းငယ်ခြားကာ ရပ်ပါ။ ဝမ်းဗိုက် ကြွက်သားတွေကို ရှပ်ထားပြီး ပခုံးတွေကို အနားပေးကာ ဦးခေါင်းနဲ့ လည်ပင်းကို ပခုံးနဲ့ တစ်တန်းတည်း ထားပေးဖို့ လိုပါတယ်။
(၂) မကြာခဏ ရယ်မောပါ
ရယ်မောတာကြောင့် ဖိစီးမှုနဲ့ စိတ်ပင်ပန်းမှုတို့ လျော့ပါးပြီး ခန္ဓာကိုယ် တင်းအားတွေကို လျော့ကျစေပါတယ်။ ရယ်မောတာဟာ နှလုံးရောဂါ ထနိုင်ခြေကို ၄၀ ရာခိုင်နှုန်း လျော့ကျစေပြီး သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်း ထိန်းပေးနိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။
(၃) အကောင်းမြင်ပါ
ဘဝမှာ နေထိုင်ရင်း တွေ့ကြုံလာသမျှ အကောင်းအဆိုး တို့ကို အကောင်းဘက်က လှည့်တွေးပြီး မြင်ကြည့်ပါ။ ဘဝမှာ နေထိုင်ရတာ ပိုပျော်လာပြီး သင့်ရုပ်လည်း ပိုကြည်လင်လာမှာ ဖြစ်ပါတယ်။
(၄) ကျေးဇူးစကား ဆိုပါ
ကျေးဇူးတင်ရမယ့် သူတွေကို ကျေးဇူးတင်တယ်လို့ တွေးတာက အကောင်းမြင် ခံစားမှုကို တိုးစေပြီး နာကျင်မှုနဲ့ ညောင်းညာမှုတို့ကို လျော့ကျစေပါတယ်။ ဒါ့အပြင် ကျောင်းနဲ့ အလုပ်မှာပါ စွမ်းဆောင်နိုင်စွမ်း မြင့်တက်စေပါတယ်။ ကျေးဇူးတင်တတ်တဲ့ စိတ်ထားကြောင့် တခြားသူတွေနဲ့ ပေါင်းသင်းရတဲ့အခါ ပိုမိုအဆင်ပြေ နေပါလိမ့်မယ်။
(၅) ပျော်ရွှင်ကြည်နူးမှု ရှာဖွေပါ
ငြီးငွေ့နေတဲ့ အချိန်မှာ ကခုန်တာ၊ သီချင်းနားထောင်တာ၊ စာဖတ်တာ၊ ပန်းချီဆွဲတာ စတဲ့ သင်ကြိုက်တဲ့ အလုပ်တစ်ခုကို လုပ်ပေးပါ။ အဓိကကတော့ ကလေးတစ်ယောက်လို အပြစ်ကင်းတဲ့ ပျော်ရွှင်မှုကို ရရှိဖို့ပဲ ဖြစ်ပါတယ်။ အဲဒီအခါ စိတ်အပန်းပြေပြီး လန်းဆန်းပေါ့ပါးတဲ့ ခံစားချက်ကို ရရှိလာပါလိမ့်မယ်။
(၆) ရက်ရောပါ
လူမှုရေးကိစ္စတွေမှာ စေတနာ့ဝန်ထမ်း အဖြစ် ပါဝင်တာ၊ တန်ဖိုးရှိတဲ့ အရာတွေကို လှူဒါန်းတာ ..စတဲ့ ဖေးမကူညီမှုတွေကို လုပ်ဆောင်ပေးတာက ဦးနှောက်ထဲမှာ စိတ်ခံစားမှု ကောင်းစေတဲ့ ဓာတုပစ္စည်းတွေကို ထွက်ရှိနှုန်း ကောင်းစေပါတယ်။
(၇) မျှမျှတတ ရပ်တည်ပါ
လူတွေနဲ့ ထိတွေ့ ဆက်ဆံတဲ့အခါ လူသားတစ်ဦးချင်းစီကို တန်ဖိုးထားပြီး ဆက်ဆံပါ။ အထူးသဖြင့် တခြားသူတွေကို ရိုသေလေးစားတဲ့ စိတ်နဲ့ ပေါင်းသင်းပြီး ကိုယ့်ကိုယ်ကိုယ်လည်း တန်ဖိုးထားပါ။ အပြန်အလှန်အနေနဲ့ သင့်ပတ်ဝန်းကျင်က အပေါင်းအသင်း၊ မိတ်ဆွေသူငယ်ချင်းတွေကလည်း သင့်ကို ပြန်လည်လေးစား တန်ဖိုးထား လာပါလိမ့်မယ်။
Myanmar News Update
ဂဏန်းဗေဒင်မှလာသော သင်၏ချစ်သူအကြောင်း
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 1st, 10th, 19th, 28th မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. ==သင်၏ချစ်သူဟာ.. နံပါတ် (၁) သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 2nd, 11th, 20th, 29th မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == သင်၏ချစ်သူဟာ.. နံပါတ် (၂) သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 3rd, 12th, 21st, 30th မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == သင်၏ချစ်သူဟာ.. နံပါတ် (၃) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 4th, 13th, 22nd, 31st မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၄) သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 5th, 14th, 23rd မှာ မွေးဖွားခဲ့မယ်ဆိုရင်..
== သင်၏ချစ်သူဟာ.. နံပါတ် (၅) သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 6th, 15th, 24th မှာ မွေးဖွားခဲ့မယ်ဆိုရင်..
== သင်၏ချစ်သူဟာ.. နံပါတ် (၆) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 7th, 16th, 25th မှာ မွေးဖွားခဲ့မယ်ဆိုရင်..
== မင်းဟာ.. နံပါတ် (၇ သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 8th, 17th, 26th မှာ မွေးဖွားခဲ့မယ်ဆိုရင်..
== သင်၏ချစ်သူဟာ.. နံပါတ် (၈ သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 9th, 18th, 27th မှာ မွေးဖွားခဲ့မယ်ဆိုရင်..
== သင်၏ချစ်သူဟာ.. နံပါတ် (၉) သမား...
ဒီနေရာမှာ သင်၏ချစ်သူကို မင်းလို့ နာမ်စားသုံးကြပါစို့.......
နံပါတ် (၁)
မင်းဟာ..ပါးနပ်တယ်..စကားကိုရှင်းရှင်း ပြောတက်တယ်..ဟာသဥာဏ်ရွှင်တယ်..
ခေါင်းမာတယ်. ရိုးသားတယ်.. တဖက်သားကို မနာလို ၀န်တိုတတ်တယ်. . ကြင်နာတက်တယ်..ဒေါသလွယ်တယ်..
ဖော်ရွှေတယ်..တာဝန်ယူလိုစိတ်ရှိတယ်..အမြဲတမ်း ကျော်ကြားသူ တယောက်ဖြစ်ချင်တယ်..
လူတွေအားလုံးရဲ့ အထက်မှာပဲ နေချင်တယ်.. တခါတရံမှာ လွတ်လပ်မှုကို
မြတ်နိုးတယ်.. သူတပါးရဲ့ အုပ်ချုပ်မှုကို မခံချင်ဘူး.
မိမိကိုယ်ကို ယုံကြည်တက်တဲ့ လူစားမျိုးဖြစ်တယ်..
ငယ်ငယ်ရွှယ်ရွှယ်နဲ့ အချစ်ကို တွေ့တက်ကြတယ်..ဒါပေမယ့်..
ရင့်ကျက်တဲ့ အရွယ်ရောက်မှပဲ လက်ထက်ဖြစ်ကြတာများပါတယ်..
အမြင်မတူတဲ့ သူတွေနဲ့ ပြဿနာတက်ရတာကို နှစ်သက်တယ်..
အငြိုးအတေးကြီးပြီး..လက်စားချေတက်ကြတယ်..အသုံးအဖြုန်းကြီးသူ တယောက်ဖြစ်ပေမယ့်.. မင်းမှာ အလုပ်အကိုင်ကောင်းတွေ ရတက်ပါတယ်..
မင်းသာ အမျိုးသားဆိုရင်..အရမ်းနာမည်ကျော်မယ်..
ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေမှာဖြစ်ပြီ..လူတိုင်းက မင်းကို
လေးစားနေပါလိမ့်မယ်..မင်းဟာ.နေရာစုံ ၀င်ဆန့်နိုင်တဲ့သူ တယောက်ဖြစ်တယ်..
ရပ်ကွက်ထဲမှသည်.. ဟိုအပေါ် ပါလီမန်တွေထိကို မင်းက နေရာစုံသွားနိုင်သူပါ.. ဘာဖြစ်လို့လဲ
ဆိုတော့..ကိစ္စတော်တော်များများကို မင်းက တဖတ်ကမ်း ခတ်အောင် သိနေတက်တယ်လေ..
ဒါပေမယ့်..မင့်ရဲ့ဘ၀မှာ..တချို့လူတွေက
မင်းဘ၀နှိပ့်ကျသွားအောင်..နာမည်ပျက်သွားအောင်
လုပ်တာမျိုး..ကြုံရတက်ပါတယ်...
ဒါကလည်း မဆန်းပါဘူး...လူတွေရဲ့မနာလိုမှု့ ကြောင့်ပါပဲ..
မင့်ရဲ့မိသားစုဘ၀က အေးချမ်းလွန်ပါတယ်.. မင်းဟာ အဖော်မွန်ကောင်းကို ပိုင်ဆိုင်ပြီ..
ချစ်စဖွယ်သားသမီးတွေနဲ့
နေထိုင်ရပါလိမ့်မယ်..မင်းဟာ..ရှေ့ဆောင်သူ..လွတ်လပ်မှုကို မြတ်နိုးသူ..
ဘာသာတရားကို ကိုယ်ရှိုင်းသူတယောက်ပါပဲ..
မင်းရဲ့အကောင်းဆုံးအဖော်မွန် နံပါတ်တွေကတော့.. 4, 6, 8
သင့်တင်တဲ့သူတွေကတော့.. 3, 5, 7...
နံပါတ်(၂)
မင်းဟာ ဘာကြီးပဲဖြစ်နေနေ.. မင်းကို လူတိုင်းက ချစ်ကြပါတယ်..
ဘာဖြစ်လို့လဲ ဆိုတော့..မင်းဟာလ နဲ့ တူလို့ပါ.. လကို လူတိုင်းက
သဘောကျသလိုမျိုးပေါ့..
ပြီးတော့ မင်းဟာ..စိတ်ကူးအရမ်းယဉ်တက်သူ တစ်ဦးလည်းဖြစ်တယ်...
မင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအလွန်နည်းတယ်..မင်းဘ၀မှာ
ပြန်ပြီးသုံးသပ်သင့်စရာတွေချည်းပဲ...
မင်းဟာ ခန့်မှန်းရခက်တဲ့သူ တစ်ဦးလည်းဖြစ်တယ်.. အချိန်နဲ့အခြေအနေကို
လိုက်ပြီး မင်းဟာ အမြဲတမ်းပြောင်းလဲနေတယ်..
တကိုယ်ကောင်းဆန်ပြီ.. အနုပညာဘက်မှာ အားအတော်သန်တဲ့သူဖြစ်တယ်.. အပြောအဆို ညက်ညောပြေပြစ်တယ်.
မင်းရဲ့အပြုအမှုတွေဟာ လလို့ပဲ.. နေအလင်းရောင် ပျောက်မှ
လထွက်လာသလိုမျိုး.... လူတွေ စိတ်ဓါတ်ကျနေတဲ့အချိန်ဆိုရောက်လာပြီ..
သူတို့တွေ စိတ်ဓါတ်မြင့်တက်လာပြီဆိုရင် မင်းဟာ သူတို့ဘ၀ထဲက
ပျောက်ကွယ်သွားတက်တယ်..
မင်းဟာ.. ငြိမ်းချမ်းမှုကို မြတ်နိုးတဲ့.ဒုတိယ ဂန္ဒီ
ဖြစ်နိုင်သလို...ငြိမ်းချမ်းမှုကို ဖျက်ဆီးမဲ့.. ဒုတိယ ဟစ်တလာ လည်း
ဖြစ်နိုင်ပါတယ်
(ကျနော်ဆိုလိုတာက မင်းရဲ့ပတ်ဝန်းကျင် ဆက်ဆံရေးပေါ်မှာပါ).
တကယ့်လိုများ..ဘုရားတရားကို နက်နက်ရှိုင်းရှိုင်းလုပ်မယ်ဆိုရင်...မင်းဟာ
အောင်မြင်မယ့်သူတစ်ဦးပါ...
အများစုသော မင်းရဲ့စကားလုံးတွေဟာ ပျော်ရွှင်မှုတွေဆီကိုပဲ ဦးတည်နေတာပါ..!
တခါတရံ မင်းဟာ ရှေ့ရေးကို ကြိုပြီး ခံစားမိတက်သူတစ်ဦးပါ.
မင်းဟာ ကဗျာဆရာ..စာရေးဆရာ.. အနုပညာနယ်ပယ်မှာ ကျင်လည်မှုသူတစ်ဦးပါ...
မင်းဟာ အချစ်ကို အရမ်းကြီးမယုံကြည်တက်သူတစ်ဦးပါ..
မင်းလက်ထက်ပြီးတဲ့အထိတောင် အဲဒီအတိုင်းပဲ
မင်းဟာ အချစ်အပေါ် သာမန်ပဲခံစားနေတက်သူတစ်ဦပါ..
မင်းဟာ မိန်းကလေးဆိုရင်တော့..မိသားစုမှာ တာဝန်သိအမျိုးသမီးတဦးဖြစ်နေပါလိမ့်မယ်..
မင်းဟာ ယောကျာ်းလေးသာဆိုရင်တော့ မိသားစုမှာ
ခိုက်ရန်ဖြစ်တာတွေ..ငြင်းခုန်မှုတွေကို သယ်ဆောင်လာသူ
ဖြစ်နေပါလိမ့်မယ်..ဒါမှမဟုတ် ပြောင်းပြန်လည်း ဖြစ်နေတက်ပါတယ်..ဆိုလိုတာက.
မိသားစုကောင်းစားဖို့အတွက် မင်းဘ၀ကိုတောင် စွန့်လွတ်ဖို့ ၀န်မလေးတဲ့သူတစ်ဦးပါ...
မင်းဟာ သိမ့်မွေ့တယ်..အမြင်ကျယ်တယ်..သူတပါးရဲ့စိတ်ကို ခံစားနားလည်ပေးနိုင်တယ်..
လူတွေနဲ့ လိုက်လျောညီထွေနေတက်တဲ့သူ တစ်ဦးပါ...
မင်းရဲ့အကောင်းဆုံး အဖော်မွန်ကတော့ 2, 5, 9
တခြားသူတွေနဲ့ဆိုရင်တော့..အဆင်ပြေဖို့ခဲ့ရင်းပါတယ်..!!!`
နံပါတ် (၃)
နှလုံးသားမာကျောပြီ.. တကိုယ်ကောင်းဆန်တက်တယ်.. ဒါပေမယ့် ဘာသာတရားကို
ကိုင်းရှိုင်းတက်သူတစ်ဦးပါ..
တိုးတက်မှုကို မြတ်နိုးတဲ့သူတစ်ဦးပါ.. မင်းဟာ မိသားစုပြဿနာတွေကို
လျှော့ကျဖို့လိုလားပေမယ့်..
ပြဿနာတိုင်းက မင်းဆီကနေပဲ မြစ်ဖျားခံတက်တာများပါတယ်..
မင်းဟာ သြဇာအာဏာကြီးမားပြီး.. နှစ်လိုဖွယ်မျက်နှာထားကို ပိုင်ဆိုင်သူ တစ်ဦးပါ..
ဒါကြောင့်.. ဘယ်နေရာကိုသွားသွား.. မင်းအလိုရှိတာတွေကို အဆင်သင့် ရနိုင်နေတာပေါ့..
မင်းဘ၀မှာ မွေးဖွားလာကတည်းက တခုခုကို ရဖို့အတွက် အမြဲတမ်း
ပြင်းထန်စွာကြိုးစွာနေရတက်တယ်..
မကြိုးစားဘဲနဲ့ ရလာတာဆိုတာ အလွန်ပဲ ရှားပါးလှပါတယ်....
အရွယ်ရောက်လာတဲ့အခါမှာ.. မင်းဟာ ကိုယ့်ထက်ငယ်ရွယ်သူတွေကို ဆိုဆုံးမတက်တယ်..
ဘာကြောင့်လဲဆိုတော့.. ကြီးတဲ့သူကို ငယ်သူက ရိုသေမှုပြသရတာကို မင်းဟာ
နှစ်သက်လို့ပဲ.. အဲလိုလည်း
မင်းဟာ စံပြနေလေ့ရှိပါတယ်.. ဒါပေမယ့်..ယေဘုယျအားဖြင့်တော့.. မင်းဟာ
အေးဆေးတည်ငြိမ်တဲ့သူတယောက်မဟုတ်ပါဘူး..
မင်းနဲ့ဆက်ဆံဖို့ဆိုတာ..ခက်ခဲတဲ့အလုပ်တခုပါ..မင်းဟာ စိတ်ဓါတ်မာတဲ့
ပြိုင်ဘက်တယောက်လိုပဲ...
ဒါပေမယ့်လည်း.. တစုံတယောက်ရဲ့အပြုအမှုကို မင်းသဘောကျသွားပြီဆိုလည်း..
မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အရမ်းကို ခိုင်မာနေတက်ပါတယ်...
မင်းဟာ အမြဲလိုလို..သူတပါးဆီက လေးစားမှုကို ရရှိနေတက်သူ တစ်ဦးပါ..
မင်းဘ၀မှာ ရန်သူတွေ.ပြဿနာတွေ အများကြီးရှိမယ်လို့ ထင်ရပေမယ့်.. အဲဒါတွေက
ကြာရှည်မခံပါဘူး..
ဘာကြောင့်လည်းဆိုတော့.. မင်းက ပါရမီရှင်တယောက်လိုပါပဲ..
သူတို့နဲ့ဖြေရှင်းရာမှာ ပိုင်နိုင်လွန်းပါတယ်..
မင်းဟာ ပိုက်ဆံကို အနည်းငယ်ပို မက်မောတဲ့အတွက်..
သူရဲ့စေခိုင်းမှု အောက်မှာ..အဆုံးမရှိ ကြိုးစားခြင်းတွေ
.ရုန်းကန်ခြင်းတွေနဲ့..
မင်းဟာ နပန်းလုံးနေရတက်တယ်...
မင်းဟာ အမျိုးသားတစ်ဦးဆိုရင်တော့..အားလုံးဟာ ပြီပြည့်စုံနေပါပြီ..
မိသားစုကို စောင့်ရှောက်တယ်..
သူငယ်ချင်းတွေကို ကူညီတယ်.. ဘ၀ကို ပေးကမ်းမှုတွေ..ကြင်နာတွေနဲ့
အချိန်ကုန်လွန်စေတဲ့သူပေါ့ (ဒါပေမယ့် ၂၁ ရက် မွေးသူမပါပါ). ပြီးတော့
မင်းဟာ စံပြတယောက်ဖြစ်နေပါလိမ့်မယ်..
တကယ်လို့..မင်းဟာ အမျိုးသမီးဆိုရင်လည်း.. အကျင့်စရိုက်ကောင်းတွေ..
ယဉ်ကျေးသိမ်မွေ့မှုတွေ.. အလုပ်ကြိုစားမှုတွေနဲ့ ပြည့်နေမှာပါ..
မင်းဟာ လွတ်လပ်မှုကို မြတ်နိုးသူ.. တီထွင်သူ..
ရည်မှန်းချက်ကြီးသူ..အာရုံစူးစိုက်လုပ်တက်သူ
ပြီးတော့. ကမ္ဘာကို အလှ..မျှော်လင့်ချက်..ပျော်ရွှင်မှုတွေကို သယ်ဆောင်လာသူ
တစ်ဦးပါပဲ...
မင်းရဲ့ အကောင်းဆုံး အဖော်မွန်ကတော့... 6, 9.
သင့်တော်တဲ့အဖော်မွန်ကတော့..1, 3, 5!!!
နံပါတ် (၄)
မင်းလည်းပဲ ခေါင်းအလွန်မာတဲ့သူ တဦးပါပဲ.. အလုပ်ကို
အရမ်းကြိုးစားတယ်..ဒါပေမယ့် ဘ၀ရဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာတော့
ကံမကောင်းတက်ပါဘူး..
အေးဆေးနေတက်တယ်..ကူညီတက်သူဖြစ်ပေးမဲ့.. စကားပြောတာက ပွင့်လင်းလွန်းပါတယ်..
အမျိုးသားဆိုရင်တော့ အဲဒီအတွက်နဲ့ပဲ.. တခြားလူတွေကို
စိတ်အနှောက်ယှက်ပိုဖြစ်စေပြီ.. မင်းကိုထားပြီ
အဝေးကို ပြေးသွားတက်ကြပါတယ်..
မင်းဟာ တခါတရံမှာတော့.. တခြားလူတွေနဲ့ သူတို့ရဲ့ ပြဿနာတွေကို
ကောင်းကောင်းကြီး နားလည်နေပြန်ေ၇ာ့.....
အချိန်တိုင်းလိုလို မင်းဟာ အမျိုးသမီးမိတ်ဆွေတွေနဲ့ အချိန်ဖြုန်းနေတက်ပြီ..
အမျိုးသမီငယ်တွေနဲ့ ပျော်ရွှင်ရတာကို နှစ်သက်သူ တစ်ဦးပါ..
မင်းသူငယ်ချင်းတွေဟာ မင်းရဲ့အချိန်တွေ..ငွေတွေကို သုံးဖြုန်းပြီ..
အဝေးကို ပြေးသွားတက်ကြပါတယ်..
အဲဒီခါကြရင်တော့..မင်းဟာ ခိုးကိုယ်ရာမဲ့နေပြီဆိုတာ..အသေအချာပါပဲ..အဲဒီအတွက်..
လုံးဝသတိပြုပါ.. မင်းရဲ့စီတ်ထားကောင်းကတော့.. မိသားစုနဲ့သူငယ်ချင်းတွေကို
ကူညီတက်တာပါပဲ..
မင်းဟာ ငယ်ရွှယ်စဉ်မှာပဲ.. အချစ်ကို တွေ့ရှိတက်ပါတယ်..
မင်းဘ၀မှာ တခါတရံ အဆင်မပြေမှုတွေနဲ့ ပြည့်နက်နေတက်တယ်.. ဥပမာ..
မင်းဟာ ဘွဲ့တခုခုရထားပေမယ့်..အလုပ်လက်မဲ့ဖြစ်နေတာမျိုးပေါ့.. ဒါမှမဟုတ်..
အောက်ခြေအလုပ်ကို လုပ်နေရတာမျိုးပေါ့..
ဒါပေမယ့်..မင်းရဲ့မိသားစုကိုတော့..မင်းဟာ ကောင်းကောင်းစောင့်ရှောက်နိုင်ပါတယ်..
အဓီက သတိထားရမယ်လူတွေကတော့.. မင်းရဲ့ကြင်နာတက်တဲ့ စိတ်ထားကို
အခွင့်ကောင်းယူမယ့်သူတွေကိုပါပဲ..
ဒါကြောင့်..မင့်နဲ့ပတ်ဝန်းကျင်ဆက်ဆံရေးကို အထူးသတိပြုပါ..
အမျိုးသမီးဆိုရင်တော့.. မင်းဟာ ပညာရပ်ပိုင်းနဲ့ အနုပညာပိုင်းမှာ
ထွန်းပေါက်နိုင်ပါတယ်..
မင်းဟာ..စိတ်ရှည်တယ်.. ခေါင်းမာတယ်.. ရှေးရိုနည်းနည်းဆန်ပြီ..
အစီအစဉ်တကျလုပ်ကိုင်တက်သူတယောက်ဖြစ်တယ်...
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 8.သင့်တော်တဲ့သူတွေကတော့...5, 6, 7!
နံပါတ် (၅)
မင်းဟာ မင့်ပတ်ဝန်းကျင်မှာ ကျော်ကြားတဲ့သူတစ်ဦးပါ..
မင့်ရဲ့နှုတ်ထွက်စကားလေးနဲ့တင်..မင်းအလိုရှိရာကို ရနိုင်ပါတယ်..မင်းဟာ
စီးပွားရေးအမြင်စူးရှသူတစ်ဦးလည်း ဖြစ်တယ်..
ဒါပေမယ့်.. မင်းဟာ စနစ်ရှိတော့မဟုတ်ပါဘူး..ခေါင်းထဲပေါ်လာကို လုပ်တက်သူပါ.
တကယ်လို့ စီးပွားရေးလုပ်ငန်းတခုကို တည်ထောင်မယ်ဆိုရင်လည်း..အောင်မြင်မယ်သူပါ..
ပြီးတော့ ဟာသဥာဏ်ရွှင်တဲ့သူလည်းဖြစ်နေပြန်ရော့..
မိသားစုနဲ့သူငယ်ချင်းတွေအတွက်တော့.. မင်းဟာ တကယ့်ကယ်တင်ရှင်ကြီးတစ်ဦးပါပဲ..
တကယ်လည်း.. မင်းဟာ လက်တွေ့ကျကျ ကူညီတက်သူတစ်ဦးပါ... မင်းဟာ နည်းနည်းတော့
မြှာပွေတက်ပေမယ့်..
ဘ၀ကို တည်ဆောက်မယ်ဆိုတဲ့အခါမှာတော့.. ကိုယ်ကျိုးတွက် ကြည့်ပြီးမှ
ရွှေးချယ်တက်သူပါ...
မင်းဟာ လက်ထက်ပြီးတာတောင်မှ ကျော်ကြားနေဦးမယ်သူပါ..အဲဒီအတွက်..
သတိထားရမယ်အချက်ကတော့
မင့်ရဲ့ ခြေရှုပ်ချင်တဲ့ စိတ်ထားလေးပါပဲ.. အသိတရားနဲ့
ထိန်းချုပ်ရင်တော့..အရာအားလုံး အဆင်ပြေနေပါလိမ့်မယ်...
မင်းဟာ လူတိုင်းနဲ့ ပုလဲနံသင့်ပါတယ်..ဘာကြောင့်လည်းဆိုတော့.. နံပါတ် ၅ ဟာ
အလယ်ဂဏာန်း ဖြစ်နေလို့ပဲ..
ပြောင်းလဲမှုနဲ့လွတ်လပ်မှုကို မြတ်နိုးသူ.. ဆွဲဆောင်မှုအပြည့်ရှိတဲ့
မျက်နှာပိုင်ရှင်ပေါ့...
အတွေ့အကြုံကနေ မင်းဘ၀ကို တည်ဆောက်ရတဲ့သူဖြစ်ပြီ..အဲဒီအတွေ့အကြုံတွေကပဲ..
မင်းရဲ့အကောင်းဆုံး ဆရာသမားတွေဖြစ်နေလေရဲ့...
မင်းရဲ့အကောင်းဆုံးအဖော်မွန်ကတော့.... 1, 2, 9. သင့်တော်တဲ့သူကတော့. 6, 8!!!
နံပါတ် (၆)
အိုး... မင်း ပျော်ရွှင်ဖို့အတွက်ပဲ မွေးဖွားလာတာပါလား..
မင်းဟာ တခြားလူရဲ့ခံစားချက်ကို ဂရုမစိုက်တက်သူတစ်ဦးပေါ့..ဆိုလိုတာက
မင်းဘ၀မှာ မင်းဟာ အမြဲတမ်း ပျော်ရွှင်နေချင်တဲ့သူပါ..
မင်းဟာ ပညာရေး..အလုပ်..စီမံခန့်ခွဲမှုမှာပဲဖြစ်ဖြစ်.. အောင်မြင်မှုသူတစ်ဦးပါ..
မင်းဟာ ကြင်နာတက်ပါတယ်..(ဒါပေမယ့် မင့်စိတ်ထဲမှာ ကောင်းတယ်လို့ထင်တဲ့
လူတွေအပေါ်မှာသာ).....
ရုပ်ရည်အရမ်းချော်မောနေတက်ပြီ.. ဘ၀ဟာလည်း. ကံကောင်းခြင်းတွေ စုနေတက်ပါတယ်..
ကံကြမ္မာကောင်းတွေဟာ မင်းနဲ့အတူလာတယ်လို့ ပြောလို့ရနိုင်ပါတယ်..
မင်းရဲ့စိတ်ထားနဲ့ခန္ဓာဟာ အချစ်ကိစ္စတွေမှာ လှိုင်လှိုင်လှဲလှဲရှိလှပါတယ်..
တခြားနံပါတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ခံရတက်ပါတယ်...ဒါပေမယ့်..
မင်းဟာ အမျိုးသားဆိုရင်တော့.. လက်ထက်တဲ့အချိန်အထိ မိန်းကလေးငယ်များနဲ့
ရင်းရင်းနှီးနှီးနေရတာကို
နှစ်သက်တဲ့သူတဦးပါ..
အမျိုးသမီးသာဆိုရင်တော့.. စေ့စပ်ကြောင်းလမ်းမှု..ဒါမှမဟုတ် လက်ထက်တာကို
စောစောစီးစီး ရင်ဆိုင်ရတက်ပါတယ်..
ကြင်နာတက်သူတွေပဲ မင့်ဘ၀ထဲကို ၀င်လာပါလိမ့်မယ်..
ယေဘုယျအားဖြင့်တော့.. မင်းဟာ အိမ်ရဲ့ဆည်းလှည်းလေးပါပဲ...
စာနာတက်သူ...နှစ်သိမ့်မှုပေးနိုင်သူ.မျှတသူ..
အိမ်ထောင်မှုနိုင်နင်းသူ..ဆုံးဖြတ်ချက်ကောင်းမွန်သူတစ်ဦးပါပဲ...ကုန်ကုန်ပြောရရင်..
မင့်ရဲ့အကြင်နာတွေနဲ့..ဒီကမ္ဘာလောကကြီးရဲ့ ဒဏ်ရာ
ဒဏ်ချက်တွေကိုကုစားပေးနိုင်သူတယောက်ပါပဲ...
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 6, and 9.
သင့်လျော်တဲ့သူတွေကတော့.. 4, 5!!!
နံပါတ် (၇)
မင်းဟာ ဆွဲဆောင်မှုရှိသူ.. ယထာဘူတ ၀ါဒီတယောက်ပါ.. မိမိကိုယ့်ကို
ယုံကြည်တက်တယ်..ပျော်ပျော်ရွှင်ရွှင်နေတက်ပြီ..ပညာရေးမှာ ထူးချွန်သူ
တစ်ဦးပါ..
ဂီတ.အနုပညာ..သီချင်းဆို..သရုပ်ဆောင်နယ်ပယ်တွေမှာလည်း.. ထူးချွန်နိုင်သူပါ..
မင်းရဲ့ပြဿနာကတော့..မင့်ရဲ့ဒေါသစိတ်ပါပဲ..
အမျိုးသမီးဆိုရင်တော့. အထက်ကအချက်တွေနဲ့ မင်းဟာ အောင်မြင်နိုင်ပါတယ်..
မင်းဟာ..မင့်မိဘအတွက် ဘာမဆို စွန့်လွှ့တ်နိုင်သူလည်းဖြစ်တယ်..(ဆိုလိုတာက
မိသားစုကို အရမ်းတန်းဖိုးထားတက်တာပါ)
အရွယ်ရလာတာနဲ့အမျှ မင်းရဲ့အဆင့်အတန်းကလည်း တဖြည်းဖြည်း မြင့်တက်နေမှာပါ..
အမျိုးသားတစ်ဦးသားဆိုရင်တော့ အမျိုးသမီးထုကြားမှာ
ရေပန်းစားမယ့်သူပါ..ဘက်စုံထူးချွန်သူတစ်ဦးလည်းဖြစ်နေပါတယ်..
နံပါတ် (၇) သမားအများစုဟာ သူတို့ရဲ့အိမ်ထောင်သည်ဘ၀မှာ အဆင်မပြေကြတာများပါတယ်..
အနည်းစုလောက်ပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ကို တည်ဆောက်နိုင်ကြတာပါ....
မင်းရဲ့ဘ၀မှာ အရာအားလုံးရှိနေပေမယ့်..
အလိုမကျမှုတွေ..စိုးရိမ်ကြောင့်ကျမှုတွေ ကလည်း ရှိနေတက်ပြန်ရော့..
ဒါကလည်း..ဘုရားသခင်က မင်းကို အရာအားလုံးမျှတအောင်
ပေးထားတဲ့သဘောလို့ထင်ပါတယ်.. မင်းလို ထူးချွန်တဲ့သူ ၁၀၀လောက်ကို
နှိုင်းယှဉ်ကြည့်မယ်ဆိုရင်
မင်းတယောက်လောက်ပဲ အိမ်ထောင်ရေးမသာယာတာမျိုးတွေ့ရတက်ပါတယ်.. ဒါကြောင့်..
ကြင်ဖော်ကို စောင့်စားနေတာထက်..
ကိုယ်နဲ့ လိုက်လျော်ညီထွေမယ့်သူကို စောစောစီးစီး
ရှာထားသင့်ပါတယ်...အဲလိုမှ မလုပ်ချင်ဘူးဆိုရင်တော့..မင်းဟာ ဘ၀ကို
အထီးကျန်စွာ ဖြတ်သန်းသွားရမှာ
အသေအချာပါပဲ..ဒါကြောင့်..ဒီကိစ္စနဲ့ပတ်သက်ပြီး
သေချာဂရုစိုက်အလေးထားသင့်ပါတယ်..
မင်းဟာ အံဖွယ်ကောင်းသော.ဖော်ရွှေသော.ယဉ်ကျေးသိမ့်မွေ့သော
ပျော်ပျော်နေတက်တဲ့ လူတယောက်ပါ..မင်းဟာ
ဒီကမ္ဘာလောကကြီးကို ဖြည့်ဆည်းပေးဖို့ မွေးဖွားလာသူတစ်ဦးပါ..
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 2. သင့်တော်တဲ့အဖော်မွန်ကတော့.. 1,4 !!!
နံပါတ် (၈)
မင်းရဲ့ ဘ၀ဟာ ကြမ်းတမ်းလွန်းပါတယ်. ဘာကြောင့်ဆိုတာ. ဘယ်သူမှ မင်းကို
နားလည်နိုင်မှာ မဟုတ်ပါဘူး.. သူတပါးကို အပြစ်ပြောရာမှာ မင်းဟာ
တဖက်ကမ်းခတ် ကျွမ်းကျင်လှပါတယ်.. မင်းရဲ့ ငယ်စဉ်ဘ၀ဟာ
ဆင်းရဲ့နုံချာနိုင်ပါတယ်..
အခြေအနေက မပေးဘူးဆိုရင်တော့.. မင့်ရဲ့မိဘတွေကိုတောင် စောစီးစွာ
လက်လွှတ်ရနိုင်ပါတယ်.. ဒီလိုမျိုးအဖြစ်အပျက်တွေက
မင့်ဘ၀ထဲမှာ မကြာခဏဖြစ်နေမယ်အရာတွေပါ..
ဒီပြဿနာတွေကပဲ မင်းရဲ့ပညာရေးကို တားဆီးနေပါလိမ့်မယ်.. ဒါပေမယ့် မင်းဟာ
ဘ၀ကို တခြားနည်းနဲ့ လေ့လာသင်ယူနိုင်ပါလိမ့်မယ်.
မင်းဟာ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရဲတဲ့သူတစ်ဦးပါ..ဒါပေမယ့်
အဲဒီတိုက်ပွဲမှာပဲ ကျဆုံးနိုင်သူလည်း ဖြစ်နေပြန်ေ၇ာ့.
ပုံမှန်အားဖြင့်..မိတ်ဆွေတွေနဲ့ဆက်ဆံရာမှာ မင်းဟာ တည်ကြည်လေးနက်စွာ
နေတက်ပြီ.. ဘ၀ကိုလည်း..အထီးကျန်စွာ
ဖြတ်သန်းနေရမယ့်သူပါ.. ပြီးတော့ တပါးသူကို ကူညီဖို့အသင့်ရှိနေသူ တစ်ဦးပါ..
မင်း အိမ်ထောင်ကျတဲ့အခါမှာတော့ (အဲဒါကလည်း.. အများအားဖြင့်
အလယ်အလတ်အရွယ်မှာပဲ ဖြစ်ပွားတက်ပါတယ်)
မင့်ရဲ့ကံကြမ္မာဆိုးအနည်းငယ်ဟာ လွင့်ပျောက်သွားသလို
ခံစားရပါလိမ့်မယ်..ပြီးတော့ မင်းဟာ လုံခြုံချမ်းမြေ့မှုကို
ရရှိပါလိမ့်မယ်..
မင်းဟာ မမျှော်လင့်တဲ့အန္တရာယ်တွေကိုလည်း..ယှဉ်ဆိုင်တွေ့ရနိုင်ပါတယ်..
ဥပမာ..( အမှုအခင်းများ..အဆိပ်ရှိသတ္တ၀ါများ..မတော်တဆထိခိုက်မှုများနဲံ
ကြုံတွေနိုင်ပါတယ်)
သိုပေသိ.. မင်းဟာ စည်းကမ်းလိုက်နာတဲ့သူ..လုံ့လ၀ီရိယရှိသူ.ရဲရင့်သူ..
ခွန်းအားဗလနဲ့ပြည့်စုံသူ. တစ်ယောက်ပါ..
အဲဒါတွေကပဲ မင်းကို အောင်မြင်မှုဆီကို ခေါ်ဆောင်သွားမှာပါ..
မင်းဟာ မိသားစုရဲ့ အဓီက အစိတ်အပိုင်းတခုပါ..
အားကိုယ်ရဆုံးသူတစ်ဦးလည်းဖြစ်ပြီး.. ဖိုက်တာတစ်ဦးလည်းဖြစ်နေပြန်ရော့...
မင်းရဲ့ အကောင်းဆုံးအဖော်မွန်ကတော့.. 1, 4, and 8.
သင့်တော်တဲ့အဖော်မွန်ကတော့ 5!!!
နံပါတ် (၉)
မင်းကတော့ ဒီကမ္ဘာလောကကြီးမှာ သဟဖာတမဖြစ်ဆုံး လူသားတစ်ဦးပေါ့..
မင်းဟာ ရုပ်ပိုင်း..စိတ်ပိုင်း အရမ်းကို ကြံ့ခိုင်လွန်းသူတစ်ဦးပါ..
ရည်မှန်းချက်ကြီးမားသူတဦးလည်းဖြစ်ပြန်ရော့..
မင်းဟာ အလုပ်ကို အရမ်းကြိုးစားလုပ်ကိုင်ရမှာဖြစ်ပြီ.. အောင်မြင်မှုကိုလည်း
ခက်ခဲစွာ ရယူရမယ့်သူတစ်ဦးပါ..
သာမန်အားဖြင့်တော့ ငယ်ရွယ်စဉ်မှာ မင်းဟာ မိသားစုပြဿနာတွေနဲ့
လုံးပန်းနေရတက်ပါတယ်..ပြီးတော့ ဘ၀ဟာလည်း.
ရုန်းရင်းဆန်ခတ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်.. ဒါပေမယ့် မင်းအလိုရှိတာကို
ရရှိတဲ့အချိန်ကစပြီးတော့ မင်းရဲ့ဘ၀ လုံးဝပြောင်းလဲသွားပါလိမ့်မယ်..
မင်းဟာ ပတ်ဝန်းကျင်မှာ အလေးစားခံရဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်နေပါလိမ့်မယ်..
စိန်ခေါ်မှုတွေကို နှစ်သက်ပြီ.. ပြိုင်ဘက်တွေကို အလှဲထိုးနိုင်တဲ့သူ
တစ်ဦးပေါ့.. ငယ်ရွယ်စဉ်မှာတော့ မင်းဟာ အရမ်းကို ပေတေမဲ့ ကလေးတယောက်ပါ..
မိဘက မကြာခဏရိုက်နက်ဆုံးမရသူ.. ရန်ခဏခဏ ဖြစ်တက်သူတစ်ဦးပေါ့..
မင့်ဘ၀ဟာ ဒဏ်ရာအနာတ၇တွေနဲ့ ပြည့်နက်နေသလိုပါပဲ..
ဒါပေမယ့်..အရွယ်ရောက်လာတဲ့အခါမှာတော့..
မင်းဟာ အေးဆေးတည်ငြိမ်လာပြီ.. ယောကျာ်းပီသစွာ နေထိုင်ပြန်ရော့..
ချစ်ခြင်းမေတ္တာကတော့ မင်းအတွက် လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး.. မင်းဟာ
ဆောက်လုပ်ရေးအလုပ်..ဘဏ်အလုပ်တွေနဲ့ သင့်လျှော်ပါတယ်.. ဘာကြောင့်လဲဆိုတော့
လူတွေကို မင့်ကို ယုံကြည့်ကြလို့ပါပဲ..
မင့်ရဲ့ မိသားစုဘ၀ကတော့ အရမ်းကို ကောင်းမွန်လှပါတယ်. ဒါပေမယ့်
မင့်ကလေးတွေအတွက်တော့ စိုးရိမ်ရပါလိမ့်မယ်..
မင်းဟာလူလူချင်းစာနာတက်သူ..စိတ်ရှည်သူ..ပညာဥာဏ်ကြီးမားသူ..နားလည်းခွင့်လွတ်ပေးနိုင်သူတစ်ဦးပါ...
မင်းဟာ ရည်မှန်းချက်တွေကို ရယူဖို့.. အဂတိတရားမထားပဲ လူတွေအပေါ်
အလုပ်အကျွေးပြုဖို့ မွေးဖွားလာသူတစ်ဦးပါ...
မင်းဟာ အံ့ဖွယ်စိတ်ကူး စိတ်သန်းတွေမှာ လူတိုင်းအတွက် စံပြတယောက်ပါ..
မင့်ရဲ့အကောင်းဆုံး အဖော်မွန်ကတော့.. 3, 5, 6, and 9.
သင့်တော်တဲ့အဖော်မွန်ကတော့ 2!!!
မေးလ်ထဲကိုရောက်လာတာလေးကို ဂဏန်းဗေဒင်ပညာနဲ့ အပ်စပ်လို့ ပြန်လည် ဖော်ပြပေးလိုက်တာပါ။ စာလုံးပေါင်းတွေတောင် ပြန်မပြင်လိုက်ရပါဘူး။ အလုပ်နည်းနည်း များနေလို့ပါ။
ဗေဒင်ဝါသနာအိုး
Sunday, April 7, 2013
လူမျိုးနှင့် သာသနာမပျောက်လိုပါလျှင်
လူမျိုးနှင့် သာသနာမပျောက်လိုပါလျှင်
အရှင်သဒ္ဓမ္မ၀ံသ - ဇလွန်
-------------------------------------------------
သိဒ္ဓတ္ထသည် ဗုဒ္ဓဘာသာမဟုတ်ဆိုတာ လူတိုင်းမေ့နေကြသည်၊
ဟိန္ဒူမိဘ နှစ်ပါးကမွေးဖွားလာသူဖြစ်သည်၊ သူသည် ဗုဒ္ဓဘာသာ
ဆိုတဲ့ ဘာသာတစ်ခုကို တည်ထောင်မည်ဟူသောရည်ရွယ်ချက်
ဖြင့် တောထွက်ကာ တရားကျင့်ခဲ့သည်မဟုတ်၊ သူ့ရဲ့ရည်ရွယ်
ချက်ကား လောကတ္ထစရိယ လောကကြီးတစ်ခုလုံးတွက်ဖြစ်သည်၊
တိဏ္ဏော တာရေယျံ၊ အိုလိုက် နာလိုက်သေလိုက်နဲ့ လည်ပတ်
နေတဲ့ သံသရာမှ ငါကူးမြောက်နိုင်သလို သတ္တ၀ါအားလုံးကူးမြောက်
နိုင်ရမည်။ မုတ္တော မောစေယျံ ၊ သံသရာမှ ငါလွတ်မြောက်သလို
သတ္တ၀ါတွေလည်းလွတ်မြောက်စေရမည်။ ဗုဒ္ဓေါ ဗောဓေယျံ ၊
သစ္စာတရားကို ငါသိသလို သတ္တ၀ါတွေသိစေရမည်ဆိုတဲ့ရည်
ရွယ်ချက်တွေနဲ့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိုင်အောင် အသွေး
အသား အသက်တွေပေးလှူကာ ပါရမီဖြည့်ကျင့်ခဲ့ရသည်..။မဟာ
သက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ နံနက်မိုးသောက်ချိန်
မှာ လောကမှာအတုမရှိတဲ့ သဗ္ဗညုဘုရားအဖြစ်ကိုရောက်တော်မူ
ခဲ့သည်၊ ၄၅ နှစ်ပတ်လုံး သတ္တ၀ါတွေကို သစ္စာတရားတို့ဖြင့် မသေ
ရာလမ်းကိုပြသခဲ့သည်၊ ၄၅ နှစ်ဆိုသောအချိန်သည် တိုတောင်းလှ
ပါသည်၊ သတ္တ၀ါတွေ တရားရဖို့ကျန်နေသေးသည်၊ ထိုကျန်နေ
သေးသောသူတွေအတွက် သာသနာ ငါးထောင်ဆိုတာ တပည့်
ရဟန်းတွေရဲ့လက်ထဲ ပိဋကတ်တွေနဲ့ ထားခဲ့ရသည်။ ပိဋကတ်
တွေရှိနေသရွေ့ သူ့ရဲ့တရားတွေကို သူ့တပည့်တွေကျင့်နေသေး
သရွေ့ဘယ်တော့မှ သာသနာမကွယ်ပေ။ မြန်မာပြည်မှာ မြန်မာ
လူမျိုးတွေပျောက်သွားပေမယ့် ဗုဒ္ဓဘာသာကတော့ ဘယ်တော့
မှမပျောက်ပေ၊ မြန်မာပြည်မှာ ဗုဒ္ဓဘာသာပျောက်သွားသော်လည်း
ထိုင်း သီရိလင်္ကာ လာအို ကမ္ဗောဒီယားစသော နိုင်ငံများမှာ ဗုဒ္ဓ
ဘာသာ ဆက်လက်ရှိနေဦးပေမည်။ ဒါကြောင့် ဗုဒ္ဓဘာသာပျောက်
မှာစိုးရိမ်နေကြသော ဘာသာချစ်သူ သူတော်ကောင်းများသည်၊
ဘုရားမကြိုက်သော သူတပါးကိုးကွယ်ရာဝတ်ကျောင်းများကို
မီးရှို့ဖျက်စီး လူမသတ်ဘဲ သူ့လူကိုယ့်ဘက်ပါအောင် ဘုရား
လောင်းတို့ပါရမီဖြည့်သောနည်း လူမှုရေးများကိုဆောင်ရွက်
ခြင်းဖြင့် သာသနာပြုမည်လော၊ ဘုရားရှင်တို့၏နည်း တရား
ဓမ္မကို ပြသခြင်းဖြင့် သာသနာပြုကြမည်လော...ကျွ်နှစ်နည်း
ဖြင့်သာ သာသနာပြုကြလျှင် မြန်မာပြည်သာသနာနေလို လလို
ထွန်းလင်းပြောင်၍ ငြိမ်းချမ်းခြင်းကိုရရှိပေမည်။ နောက်ဆုံး
ပြောချင်တာက ၁။ လူမျိုးမပျောက်ချင်ရင် ကိုယ့်လူမျိုးချင်း
အိမ်ထောင်ပြု ။ ၂။ ဘာသာမပျောက်ချင်ရင် သူတော်ကောင်း
တို့နည်းဖြင့်သာသနာပြု ။ဟူ၍ အကြံပေးလိုက်ပေတော့သတည်း။
{ ဘဝတွက်တာ သိမှတ်စရာ - ၁၂ ချက် }
(၁) အစားထိုးမရတဲ့ ဆုံးရှုံးမှု (၂)ခု ရှိတယ်။ မိဘနှင့်အချိန်။
(၂) လူတစ်ယောက်ရဲ့ ဘုန်းတန်ခိုးဟာ အလုပ် လုပ်ခြင်းပဲ။
(၃) ဆင်ခြေပေးတဲ့ ပါးစပ် ထမင်းငတ် တတ်တယ်။
(၄) မလုပ်တတ်ကြောင်း များများပြောလေ မလုပ်တတ်လေ။
(၅) နှေးတာ အရေးမကြီးဘူး၊ ရပ်မနေဖို့ပဲ အရေးကြီးတယ်။
(၆) လိုသလောက် မရနိုင်ပေမယ့် လုပ်သလောက်တော့ ရနိုင်ပါတယ်။
(၇) မေ့တယ်ဆိုတာ မလေးစားလို့၊ ကြောက်တယ်ဆိုတာ မခိုင်လုံလို့။
(၈) အလုပ် မလုပ်ပဲ အခွင့်အရေး မရချင်ပါနှင့်။
(၉) မနာလို မဖြစ်ပါနဲ့၊ လုပ်တဲ့လူက နေရာရမှာပဲ။
(၁၀) လူတစ်ယောက်၏ အကျင့်စာရိတ္တသည် ထိုသူ၏ ကံကြမ္မာပင် ဖြစ်သည်။
(၁၁) စာရိတ္တကောင်းရင် နောက်ကြောင်း ရှင်းတယ်။
(၁၂) မခိုင်းဘဲ လုပ်တာ သခင်၊ ခိုင်းမှ လုပ်တာ ကျွန်။
- မှတ်သားဖူးသလောက် ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။
Subscribe to:
Posts (Atom)