Sunday, February 9, 2014
အသည်းရောဂါကို ဖြစ်စေနိုင်သော အကျင့်ဆိုးများ
မှန်ကန်သော နေထိုင်စားသောက်မှု မရှိခြင်းဟာ မိမိအတွက် ရောဂါတွေကို မွေးမြူထားသလို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မှန်ကန်သော နေထိုင်စားသောက်မှု ရှိအောင် ကြိုးစားနေထိုင် စေလိုပါတယ်။ ယခု အသည်းရောဂါ ဘာကြောင့် ဖြစ်ပေါ်ရသလဲ ဆိုတာကို ရေးသား လိုက်ရပါတယ်။
(၁) ညအိပ်ယာဝင် နောက်ကျပြီး နံနက်အိပ်ယာထ နောက်ကျခြင်းဟာ အဓိက အကျင့်ဆိုး ဖြစ်ပါတယ် ။ (ည ၁၀ နာရီ မနက် ၅ နာရီ မှန်ကန်သော အိပ်ချိန်)
(၂) မနက်စာကို မစားဘဲ နေခြင်း။
(၃) မနက်အိပ်ယာထလျှင် ကြင်ငယ်ရည်ကို မသွားဘဲ ချုပ်ထိန်းထားခြင်း။
(၄) အလွန်အကျွံ စားခြင်း။ ( ပုံမှန်စားတာထက် တစ်ခါတစ်လေမှာ မိမိဝမ်းဗိုက်ထက် မဆံ့အောင်စားခြင်းကို ဆိုလိုပါတယ်)
(၅) ဆေးဝါးများကို အလွန်အကျွံ မှီဝှဲနေခြင်း။ (ဆေးဝါး ဆိုတာက မိမိခန္ဓာကိုယ်မှာ လိုအပ်တဲ့ အချိန် မှီဝှဲတာဟာ အကောင်းဆုံးပါ။ ဒီလိုမဟုတ်ဘဲ အနည်းငယ် နေမကောင်းဖြစ်ရုံမျှဖြင့် ဆေးဝါးများကို အလွန်အကျွံ မမှီဝှဲသင့်ပါ)။
(၆) သဘာဝက ဖြစ်ပေါ်လာသော အစားအစာ မဟုတ်ဘဲ အတုလုပ်ထားသော အစားအစာများ၊ Date ကျော်နေသော အစားအစာများ၊ ပိုးသတ်ဆေးများ အသုံးပြုထားသော အစားအစာများ ကိုစားသုံးနေခြင်း။ ( ယနေ့ခေတ်မှာ အဲလိုမျိုး အစားအစာတွေကို မလွဲမရှောင်လို့ စားသုံးနေလို့ ရတယ်ဆိုရင် ၎င်းအသီးအရွက်များကို ရေနွေးစူစူဖြင့် အရင်စိမ်ပြီး စားသုံးပါလို့ အကြံပေးပါရစေ)
(၇) အရက်များ အလွန်အကျွံသောက်ခြင်း။
(၈) အစားအသောက်များကို ကျန်းမာရေးနှင့် ညီညွတ်အောင် ချက်ပြုတ်စားသောက်မှု မပြုခြင်း။ ( အထူးသဖြင့် ဆီများကို အလွန်အကျွံစားသုံးခြင်း ဖြစ်ပါတယ်)
(၉) နောက်ဆုံး အကျင့်ဆိုးကတော့ အထိုင်များသူ ဖြစ်ပါလျက် ကိုယ်လက် လေ့ကျင့်ခန်း ဘာမှမလုပ်ခြင်း ဖြစ်ပါတယ်။ (မိမိဟာ နေ့စဉ်နေ့တိုင်း ထိုင်ခုံမှာ ထိုင်ပြီး အလုပ်လုပ်သူဆိုရင် မဖြစ်မနေ လေ့ကျင့်ခန်း လုပ်ပါ။ ဒီလိုမှမဟုတ်ရင်တော့ ရောဂါများ သင့်ဆီကို ဝင်ရောက်လာမှာ မလွဲဧကန်ပါ )
အထက်ပါ ဖော်ပြပါ အချက်များသည် အသည်းရောဂါကို တစ်ခုတည်း အတွက် မဟုတ်ပါဘူး။ အခြားသော ရောဂါများအတွက် ရည်ညွှန်းပါတယ်။ ဒါကြောင့် ရှင်သန်နေသော လူ့ဘဝမှာ ကျန်းမာရေးဟာ အထူးပင် အရေးကြီးတာကြောင့် အထူးဂရိုစိုက်စေ ချင်ပါတယ်။
အစာထဲက အဆိပ်
စိုက်ပျိုးရေး နည်းပညာများ ထွန်းကားလာသော ယနေ့ အချိန်တွင် ဟင်းသီးဟင်းရွက် များကို သတိမမူဘဲ စားသုံးပါက အဆင် မသင့်လျှင် ဥပါဒ်ဖြစ်မည့် အခြေအနေ ပိုများလာသည်။
ဟင်းသီးဟင်းရွက်၊ အသီးအနှံများသည် ကျန်းမာရေး ရှုထောင့်အရ သင့်တော်သော အစားအစာများ ဖြစ်သော်လည်း ယခု နောက်ပိုင်းတွင် ပိုမိုတွင် ကျယ်စွာ အသုံးပြု လာကြသည့် ပိုးသတ်ဆေးများ၊ အပင်ကြီးထွား စေသော ဓာတုဆေးများ၊ အရသာ ကောင်းမွန်စေရန် သုံးသည့် ဓာတ်မြေသြဇာစသည့် ဓာတု ပစ္စည်း များကြောင့် စားသုံးသူ များတွင် အန္တရာယ် ဖြစ်ပေါ်ခြင်း သည်များ ရှိလာသည်။
ဈေးများ အတွင်း ရောင်းချ နေသည့် အသီးအရွက် အချို့အား သုတေသန စစ်ဆေးမှုများ အရ ပိုးသတ်ဆေး ပါဝင်မှုနှုန်းသည် စားသုံးသူအား အန္တရာယ် ဖြစ်စေသည်အထိ ပမာဏ များပါဝင်နေ သည်ကို တွေ့ရှိခဲ့ရသည်ဟု သတင်း ရရှိသည်။ ယခင် သီရိမင်္ဂလာဈေး ဟောင်း အတွင်း ရောင်းချသည့် မုန်ညင်း များတွင်လည်း တွေ့ရှိခဲ့ကြောင်း သိရသည်။“ဈေးထဲက မုန်ညင်းဖြူနဲ့ ကိုက်လန်ကို သုတေသန လုပ်ခဲ့ဖူးတယ်။ အဲဒီမှာ သူတို့ သုံးတဲ့ ပိုးသတ်ဆေး နှစ်မျိုးက ခုနစ်ရက်ကြာတဲ့ အထိကို ရှိနေတယ်။ ခုနစ်ရက် နောက်ပိုင်းမှ လူစားလို့ ရနိုင်တဲ့ အနေအထားကို တဖြည်းဖြည်းနဲ့ ကျသွားတယ်”ဟု အဆိုပါ သီးနှံများအား သုတေသန ပြုလုပ်ခဲ့သည့် ပညာရှင် တစ်ဦးက ပြောသည်။
သီးနှံ စိုက်ပျိုးသည့် လူတိုင်းလိုလို တစ်မျိုးမျိုးသော ဓာတုပစ္စည်းများအား အသုံးပြုနေကြပြီး စည်းကမ်း လိုက်နာမှုများ မရှိပါက စားသုံးသူများပါ သေစေသည် အထိ အန္တရာယ်များ ကျရောက် စေနိုင်ကြောင်း အဆိပ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင် များကလည်း ပြောကြား ထားသည်။ အော်ဂဲနို ဖော့စဖရပ်ကွန် ပေါင်းဖြစ်သည့် ပိုးသတ်ဆေး ပမာဏ အနည်းငယ်သည် လူတို့၏ အသက်ရှူ လမ်းကြောင်းမှ တစ်ဆင့် လည်းကောင်း၊ အရေပြားမှ တစ်ဆင့် လည်းကောင်း၊ အစားအစာ စားသုံးခြင်းမှ တစ်ဆင့် လည်းကောင်း ခန္ဓာကိုယ် အတွင်းသို့ ရောက်ရှိ သွားလျှင် ပမာဏ အနည်းငယ် ကပင် အာရုံကြောအား ထိခိုက် စေနိုင်ကြောင်း ဆေးသုတေသန ညီလာခံတွင် ပြုလုပ်သွားသည့် စာတမ်းဖတ်ပွဲ၌ ဆရာ ၀န်များက ဖတ်ကြား ခဲ့သည်။
ထိုကဲ့သို့ စားသုံးသူများ အပြင် ပိုးသတ်ဆေး အသုံးပြုသူများ တွင်လည်း အန္တရာယ် ကင်းသော ကာကွယ်မှုများ မရှိပါက အသက် သေဆုံးသည် အထိ ဖြစ်ပွားနိုင်ခြင်းနှင့် ပတ်သက်၍ “မနေ့က ရောက်လာတဲ့ တစ်ယောက်ဆို ဆေးဖျန်း နေရင်း ညနေကျတော့ မူးလဲသွားတယ်။ မေးကြည့်လိုက်တော့ ဆေးဖျန်း နေတာ နှာခေါင်းစည်းလည်း မတပ်ထားဘူး။ ဆေးဖျော်တာလည်း ကိုယ့်ဘာသာကိုယ် ဖျော်တယ်လို့ ပြောတယ်။ အကာအကွယ် မရှိတဲ့ အတွက် အငွေ့တွေက ခန္ဓာကိုယ်ထဲ ရောက်ပြီး နောက်ဆုံး တဖြည်းဖြည်းနဲ့ အသက်ရှူ ကျပ်လာတဲ့အထိ ဖြစ်လာမယ်။ ပြီးတော့ မျက်လုံး သူငယ်အိမ် အရမ်း ကျဉ်းသွားပြီး အဲဒီ့ အချိန် ဖြေဆေး မရဘူးဆိုရင် အသက် ဆုံးရှုံး သွားနိုင်တယ်”ဟု ရန်ကုန် အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီး ဆီးချိုနှင့် အထွေထွေ ရောဂါ အထူးကု သမားတော်ကြီး အဆိပ်သင့် ကုသဌာန ဒေါက်တာ ဦးရဲမြင့်က ပြောသည်။
ဓာတုပစ္စည်း ဖြစ်သည့် အဆိုပါ ပစ္စည်းများအား ရောင်းချခြင်း မပြုမီ အန္တရာယ်ကင်းသည့် ရက် အပိုင်း အခြားအလိုက် ကြိုတင်၍ အသုံးပြုရမည်ဟု သတ်မှတ်ချက် များလည်းရှိပြီး ထိုအချက်အား စိုက်ပျိုး ထုတ်လုပ်သူများ အနေဖြင့် လိုက်နာမှသာ စားသုံးသူ များတွင် အန္တရာယ် ဖြစ်ပွား စေမှုနည်းပါးမည် ဖြစ်သည်။“လွန်ခဲ့တဲ့ သုံးနှစ်လောက် တုန်းက ဆိုရင်တော့ စိုက်ပျိုးတဲ့သူ တွေက ပိုးသတ်ဆေး သုံးပြီး ခုနစ်ရက်၊ ဆယ်ရက်လောက်နေမှ ရောင်းချဖို့ လုပ်ကြတယ်။ အခု နောက်ပိုင်းတော့ ဈေးနှုန်း အတက်အကျ ကလည်း နေ့စဉ် ဖြစ်နေတာ ဆိုတော့ လူတွေက ကြာကြာ စောင့်လို့မရဘူး။ မစောင့် နိုင်တော့ဘူး။ အဲဒါနဲ့ တချို့ဆိုရင် ဆေးဖျန်းပြီး နှစ်ရက်လောက် နေတာနဲ့ ရောင်းကြတယ်”ဟု အင်းလေးကန် ဒေသတွင် ခရမ်းချဉ်သီး စိုက်ပျိုးရေး လုပ်ကိုင်နေသည့် တောင်သူ တစ်ဦးက ပြောသည်။
အသီးအနှံများတွင် ပိုးသတ်ဆေး သုံးသည့်အခါ ဈေးကွက်အတွင်း မပို့မီ ရက်ခြားပြီး သုံးစွဲရမည့် ဗဟုသုတများနှင့် ပိုးသတ်ဆေး၏ အန္တရာယ်အား ကျေးရွာ အထိ စိုက်ပျိုးရေး ပစ္စည်းများ ရောင်းချသော ကုမ္ပဏီများမှ တာဝန်ရှိသူ များက တောင်သူများကို အသိပညာ ပေးမှုများ ရှိသည်ဟု ဆိုသည်။ ထို့အပြင် ယခုနောက်ပိုင်း ဈေးကွက် အတွင်းရှိသည့် ပိုးသတ်ဆေး များသည် ယခင်ထက် ပြင်းအား ပိုမိုများပြားပြီး ဈေးကွက် အတွင်း မပို့မီ ၁၄ရက်ခန့် ကြိုတင် သုံးစွဲ သင့်ကြောင်း သတိပေး ပြောဆိုမှုများ လည်းရှိကြောင်း တောင်သူ အချို့က ပြောသည်။ ထိုကဲ့သို့ စနစ်တကျ မရှိသည့် ပိုးသတ်ဆေး ပါဝင်မှုနှုန်း များပြားနေသည့် အစားအစာ များကြောင့် အန္တရာယ် ဖြစ်ပွားမှု မရှိစေရန် စားသုံးသူများ အနေဖြင့် မဖြစ်မနေ လိုက်နာသင့်သည့် အချက် တစ်ချက်မှာ အသီးအနှံ များအား ထပ်ခါထပ်ခါ ဆေးကြောပြီးမှ စားသုံး သင့်ခြင်းဖြစ်ကြောင်း ဒေါက်တာ ရဲမြင့်ကပြောကြားသည်။
“တချို့တွေရဲ့ လွဲမှားတဲ့ အယူအဆ ဖြစ်တဲ့ ပန်းသီးဆိုရင် အခွံပါ စားရတယ် ဆိုတဲ့ အတွေး တွေက ပန်းသီး အခွံမှာ ဆိုရင် ပိုးသတ်ဆေးတွေ၊ ဖယောင်းတွေ ပါဝင်နေတယ်။ အခွံပါ စားရင် အဲဒါတွေပါ ခန္ဓာကိုယ်ထဲ ရောက်သွားတယ်။ အဲဒါကြောင့် အခွံခွာပြီး သေချာ ဆေးစားတာ အကောင်းဆုံးပဲ”ဟု အဆိုပါ ဆရာဝန်က ပြောသည်။ ပိုးသတ်ဆေး ပါဝင်သည့် အစားအစာများ စားသုံးခြင်းကြောင့် စားသုံးသူများတွင် ရေရှည်တွင် အာရုံကြောအား ထိခိုက် ခြင်း၊ အဆုတ်တွင် နမိုးနီးယား ကဲ့သို့ ရောဂါ ဖြစ်ပေါ်ခြင်း၊ အရေပြား ရောဂါများ ဖြစ်ပွားခြင်း၊ အတက် ရောဂါများ ဖြစ်ပွားခြင်း အပြင် ကင်ဆာရောဂါများ အထိလည်း ဖြစ်ပွားနိုင်ကြောင်း သုတေသန ပညာရှင်တစ်ဦးက ပြောကြားသည်။
ခေါက်ဆွဲခြောက် ထုတ်များအား ဟင်းသီးဟင်းရွက်၊ အသား၊ ငါး တစ်ခုခုနဲ့ ရောနှော စားသုံးသင့်
အသင့်စား ခေါက်ဆွဲခြောက် ထုတ်များတွင် လူ့ကျန်းမာရေး အတွက် အကျိုးရှိသည့် အမျှင်ဓါတ်၊
ဗီတာမင်ဓါတ်နှင့် သတ္တုဓါတ်များ မပါဝင် သလောက် နည်းပါးပြီး အန္တရာယ် ပေးနိုင်သော သကြားဓါတ်၊ အချိုမှုန့်ဓါတ်နှင့် ဆိုဒီယမ် ဓါတ်များ ပါဝင်မှုနှုန်း မြင့်မားသည့်အတွက် ရေရှည် စားသုံးပါက အ၀လွန်ရောဂါ ရရှိနိုင်သည့် အပြင် ကျန်းမာရေးအား အလွန် ထိခိုက်နိုင်သည်ဟု အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာ မြင့်ဦးက ဆိုသည်။
"လူတစ်ယောက် အတွက် နေ့စဉ်ပုံမှန်စားသုံးတဲ့ အစားစာထဲမှာ ပရိုတိန်း(၂၃)၊အဆီ(၂၈) ၊ ကာဗိုဟိုက်ဒြိတ်(၅၅) ရာခိုင်နှုန်း ပါဝင်နေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ခေါက်ဆွဲ ခြောက်မှာ ၉။ ၃၆။ ၅၅ ဖြစ်နေတဲ့အတွက် ပရိုတိန်းဓါတ်က နည်းပြီး ကာဗိုဟိုက်ဒြိတ်နဲ့ အဆီတွေ များလွန်း နေပါတယ်။ ခေါက်ဆွဲခြောက်ဟာ Junk Food လို့ ခေါ်တဲ့ အစားအစာ အမျိုးအစားထဲမှာ ပါဝင်နေတဲ့ အတွက် ကျန်းမာရေးနဲ့မညီညွတ်ပါဘူး အချိန်မရလို့ ခေါက်ဆွဲခြောက်ကို ရေနွေးထဲမှာ ၃ မိနစ်စိမ်ပြိး စားသုံး ရတော့မယ့် ဆိုရင် ဟင်းသီးဟင်းရွက်၊ အသား၊ ငါး တစ်ခုခုနဲ့ ရောနှော စားသုံးဖို့ အကြံပြုလိုပါတယ် "ဟု အထွေထွေ ရောဂါကု ဆရာဝန် ဒေါက်တာ မြင့်ဦးက ပြောသည်။
လူတစ်ယောက် အတွက် ဆိုဒီယမ်ဓါတ် တစ်နေ့တာ လိုအပ်ချက်မှာ ၁၅၀၀ မီလီဂရမ်သာ ရှိကြောင်းနှင့် ခေါက်ဆွဲခြောက် တစ်ထုတ်တွင် ဆိုဒီယမ်ဓါတ် ၂၇၀၀ အထိ ပါဝင် နေသောကြောင့် ရေရှည် စားသုံးပါက အ၀လွန် ရောဂါ စွဲကပ်နိုင်သည့် အပြင် သွေးတိုးရောဂါ၊ နှလုံးရောဂါနှင့် ကျောက်ကပ် ဝေဒနာရှင်များ စားသုံးရန် မသင့်လျော်ဟု ၎င်းက ဆက်ပြောသည်။
"အသင့်စား အစားအစာတွေက ကြာရှည်ခံအောင် ဓာတု ပစ္စည်းတွေနဲ့ လုပ်ထားတဲ့အတွက် ကျန်းမာရေး အတွက် မကောင်းဘူး ဆိုတာတော့ သိတယ် ဒါပေမယ့် ခေါက်ဆွဲပြုတ် စားရတာက အချိန်ကုန်လည်း သက်သာတယ် ငွေကုန်လည်း သက်သာတယ် ညဘက် အိမ်ပြန်ရောက်ရင် လွယ်လွယ်ကူကူ ခေါက်ဆွဲပဲ ပြုတ်စားလိုက်တာ များတယ် ခေါက်ဆွဲပြုတ် စားတာများရင် ဆံပင် ကျွတ်တယ်လို့တော့ ကြားဘူးတယ်" ဟု စမ်းချောင်း မြို့နယ်နေ လူငယ် တစ်ဦးက ပြောသည်။
အသင့်စား ခေါက်ဆွဲခြောက် များကို ဂျပန်နိုင်ငံတွင် အဓိက ခေါက်ဆွဲခြောက် ထုတ်လုပ်သည့် Nissin Foods ကုမ္ပဏီ တည်ထောင်သူ မိုမိုဖူကူအန်တိုက ၁၉၅၈ ခုနှစ်တွင် တီထွင်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ခေါက်ဆွဲခြောက်ထုတ် ရောင်းအားမှာ ၁၀၁ ဒသမ ၄ ဘီလျံရှိကြောင်း ဂျပန် အခြေစိုက် ကမ္ဘာ့ခေါက်ဆွဲခြောက် အသင်း World Instant Noodles က ထုတ်ပြန် ထားသည်။
ရင်သားကင်ဆာ အတွက် ဆောင်ရန် ရှောင်ရန် နည်းလမ်းများ
------------------------------------------
အမျိုးသမီးများတိုင်း အသက်အရွယ်မရွေး ရင်သား ကင်ဆာကို ကြိုတင်သိရှိကာကွယ်နိုင်မည့် နည်းလမ်းတချို့ကို ဖော်ပြလိုက်ရပါတယ်။
(၁) အတွင်းခံများ အလွန်ကျပ်ခြင်း နှင့် သံချောင်းပါသော အတွင်းခံများ
ဝတ်ခြင်းကိုရှောင်ကျဉ်ပါ။
(၂) စိတ်ဖိစည်းမှုကိုလျှော့ချပါ။
(၃) သနေတားဆေးတွေကို နှစ်ရှည်မသောက်ပါနဲ့။
(၄) အမျိုးသမီး လစဉ် menstruation ချုပ်တာ ကျန်တာများခြင်း ကို
ဂရုစိုက်ပါ။
(၅) အိမ်အလုပ်များကို လုပ်ပါ။
(၆) ကလေးရှိလျှင် ကလေးကို နို့ချိုတိုက်ကျွေးပါ။
(၇) ဆေးလိပ် နှင့် အရက်မသောက်ပါနှင့်။
(၈) ကိုလက်စရောဓာတ်ကို လျှော့ပစ်ပါ။
(၉) ဓာတုပစ္စည်း အများအပြား ပါဝင်သော အစားအစာများကို
တတ်နိုင်သလောက် ရှောင်ပါ။
(၁၀) ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ အနည်းဆုံး တစ်ပတ် တစ်ခါ
ပြုလုပ်ပေးပါ။
(၁၁) ညဘက်အိပ်နေစဉ် တစ်ဘက်တည်း စောင်းပြီး မအိပ်ပါနှင့်။
ခန္ဓာကိုယ်ကို လှည့်ပေးပါ။
(၁၂) ညအိပ်ရင် ပေါ့ပါးသော အတွင်းခံအ၀တ်ချောင်ချောင်များဝတ်ပေးပါ။
(၁၃) ရင်ဘက်တွင် ထိခိုက်ဒါက်ရာရရှိခဲ့ရင် ထိုနေရာကို မကြာမကြာ
စမ်းသပ်ပေးပါ။ ဒါဏ်ဖြစ်တဲ့နေရာမှာလဲ အဖုအကြိတ်တွေကြီး
လာတတ်ပါတယ်။
(၁၄) အဖု အကြိတ်ရှိလာလျှင် နီးစပ်ရာ ဆရာဝန်နဲ့တိုင်ပင်ပါ။
(၁၆) နာကြင်ခြင်း၊ ရောင်ရမ်းခြင်း နဲ့ နို့သီးဂေါင်းမှ သွေးယိုခြင်းတို့ရှိပါက
အမြန်ကုသာပါ။
အသည်းကို သန့်ရှင်းဖို့တွက် Detox Water
ကျွန်မတို့ တွေဟာ တချိန်လုံး စားချင်တာတွေ စားကြ သောက်ချင်တာတွေ သောက်ကြနဲ့ ကိုယ်တွင်းမှာ ဘယ်လို အကျိုး သက်ရောက်မှုတွေ ဖြစ်နေမယ်ဆိုတာ သတိမထား မိကြပါဘူး။
စားသောက်သမျှ တွေဟာ အသည်းတို့ ကျောက်ကပ်တို့မှာ စစ်ထုတ်ရင်းနဲ့ သူတို့ဟာ အဆိပ်အတောက် တွေကို ခံစားရပါတယ်။
အဲ့ဒီတော့ မျက်နှာတို့ ခန္ဓာကိုယ်တို့ကို သန့်ရှင်းရုံတင် မကပဲ ကိုယ်တွင်းက ကလီဆာ တွေကိုပါ သန့်ရှင်း ပေးသင့် ပါတယ်။
လောလောဆယ်တော့ အသည်းကို သန့်ရှင်းနိုင်တဲ့ နည်းတွေကို ရေးပြပါမယ်။
ဒီနည်းတွေဟာ ပိုက်ဆံလဲ အကုန်သက်သာပြီး အိမ်မှာတင် ကိုယ်တိုင် ပြုလုပ်နိုင်တာမို့ ဈေးကြီးပေးပြီး Detox တွေ ၀ယ်သောက်ရတာထက် အများကြီး သက်သာပါတယ်။
1. Apple Cinnamon Detox Water - သောက်ရေထဲကို ပန်းသီးစိတ် ကလေးတွေနဲ့ သစ်ဂျပိုးမှုန့် အနည်းငယ်ကို စိမ်ပြီးသောက်ခြင်း
2. Cucumber Lemon Mint Detox Water - သောက်ရေထဲကို သခွားသီးစိတ် ကလေးတွေရယ်၊ သံပယိုသီး ခေါ် Lemon ပါးပါးလှီး ထားတာရယ်၊ ပူစီနံရွက်ရယ် စိမ်၍ သောက်ခြင်း
3. Strawberry Detox Water - သောက်ရေထဲကို စတော်ဘယ်ရီသီး လေးများ စိမ်၍ သောက်ခြင်း
4. Simple Detox Water - ဒါကတော့ သောက်ရေထဲကို Lemon တစ်စိပ်လောက် ညှစ်ထဲ့၍ သောက်ခြင်း
5. Apple Cider Vinegar Detox Water - သောက်ရေထဲကို ACV အနည်းငယ်ထဲ့၍ သောက်ခြင်း
6. Weight Loss Detox Water - Grapefruit ကိုသုံးတာ ဖြစ်ပါတယ်။ အထဲကို မန်ကျည်းသီးမှဲ့ နဲနဲရယ် သခွားသီး နည်းနည်းရယ် ထဲ့ပြီး သောက်ခြင်း ဖြစ်ပါတယ်။
ဒါတွေအားလုံး လုပ်ရမယ်လို့ မဟုတ်ပါဘူး။ တခြား နိုင်ငံတွေက တချို့လူတွေဟာ တစ်ပတ်ကို တစ်ရက် (သို့) သုံးရက် ၊တစ်လကို တစ်ပတ် အဲ့လို ကိုယ်အဆင်ပြေသလို Detox လုပ်ကြ တယ်လို့ သိရပါတယ်။
တစ်ရက်လုံး ဆိုတာက အဲ့ဒီတစ်ရက်မှာ တခြားဘာ အစားအစာမှ မစားပဲ အသီးအနှံတွေနဲ့ အသီးအနှံ ဖျော်ရည်တွေပဲ သောက်ပြီး Detox လုပ်တာပါ။ တစ်နေ့လုံး တခြားအစာဘာမှ မစားရပါဘူး။
ကိုယ်တွင်း ကလီစာတွေကို အနားပေးတဲ့ သဘောပေါ့။ သန့်ရှင်းရေးပေါ့ တစ်ရက်လုံး မလုပ်နိုင်လဲ Simple Detox Water ကတော့ ဘယ်သူမဆို သောက်ဖို့ အဆင်ပြေမှာပါ။ အချိုရည်တွေ သောက်မဲ့အစား Detox Water လေးသောက်တော့ ကျန်းမာရေး အတွက် ကောင်းတာပေါ့။
ဆီးချို၊ သွေးချို ရောဂါအတွက် ပျားမြီးရွက်ပင်
ဆီးချို၊ သွေးချို (Dibetes) ရောဂါ ကုသရေး အတွက် တိုင်းရင်းဆေး ဖြစ်တဲ့ ပျားမြီးရွက်အပင် (Bee Tail Plant) အကြောင်း သိမှတ်ဖွယ်...
(၁)။ ဆေးပင်အမည်= ပျားမြီးရွက်အပင် (Bee Tail Plant)
(၂)။ မူရင်း= ထိုင်ဝမ်
(၃)။ ပျံ့နှံ့မှု=မြန်မာ၊ထိုင်း၊ မလေးရှား၊စကာင်္ပူ၊အင်ဒိုနီးရှား၊
(၄)။ ထူးခြားမှု= ပင်ပျော့၊ နွယ်ပင်မျိုးဖြစ်သည်။
အရွက်သည် ပျားကိုယ် အနောက်ပိုင်းနဲ့တူပြီး အရွက်ဘေးတွင် အထစ်များ ပါဝင်သည်။ ရင့်သော အပင်များ၏ ပင်စည်သည် နီညိုရောင် ရှိသည်။ အရိုး၊ အလက်ကိုဖြတ်၍ မြေတွင် စိုက်ရုံဖြင့် ရှင်သန်သည်။ မျိုးပွားလွယ်သည်။
(၅)။ ကုသနည်း= ဦးစွာ သွေးချို၊ ဆီးချိုကို စစ်ဆေး တိုင်းတာရပါမည်။
(က) ပုံမှန် ထက်အနည်းငယ် တက်နေပါက တစ်နေ့လျှင် ပျားမြီးရွက် တစ်ရွက်အား
ရေသန့်သန့်နှင့်ဆေး၍ ဝါးစားရန်ဖြစ်သည်။
စားပြီးနောက်တစ်နေ့တွင် ဆီးချို၊သွေးချိုကို ပြန်တိုင်းကြည့်ပါ။
( ပုံမှန်ဖြစ်သွားပါက ဆက်စားရန်မလိုပါ )
(ခ) ဆီးချို၊သွေးချိုသည် (၂၀၀)နှင့် (၃၆၀)ကြားရှိပါက နေ့စဉ် ပျားမြီးရွက် သုံးရွက်ကို ရေစင်စင် ဆေး၍ ဝါးစားရန်ဖြစ်သည်။
စားပြီးနောက်တစ်နေ့တွင် ဆီးချို၊သွေးချိုကို ပြန်တိုင်းကြည့်ပါ။
( ပုံမှန်ဖြစ်သွားပါက ဆက်စားရန်မလိုပါ )
(ဂ) အကယ်၍ ဆီးချို၊သွေးချိုသည် (၄၆၀)ကျော်ထိ ဖြစ်နေပါက ပျားမြီးရွက် အစိမ်း (၆)မှ (၉)ရွက်ထိ ရေသန့်သန့်ဖြင့် ဆေးပြီး ဝါးစားရန် ဖြစ်ပါသည်။
စားပြီးနောက်တစ်နေ့တွင် ဆီးချို၊သွေးချိုကို ပြန်တိုင်းကြည့်ပါ။
( ပုံမှန်ဖြစ်သွားပါက ဆက်စားရန်မလိုပါ )
(ဃ) အကယ်၍ ဆီးချို၊သွေးချိုသည် ပျားမြီးရွက်စားများ၍ သွေးချိုကျဆင်းသွားပါက အချိုရည် တစ်ခုခုကို သောက်သုံးနိုင်သည်။
မူလ (Normal Level) အခြေသို့ရောက်သွားသောအခါ အချိုရည် အစားအစာကို ခေတ္တ ရပ်ထားလိုက်ပါ။
(င) ဆီးချို၊သွေးချို ကြောင့် ခွဲစိတ်ရန် လိုအပ်သူများသည် အထက်ပါ ပျားမြီးရွက်ကို စားခြင်းဖြင့် အဆင်ပြေနိုင်ကြောင်း လေ့လာသိရှိရပါသည်။
ဆီးချို၊သွေးချို ရောဂါနှင့် ပတ်သက်၍ ကျွန်တော် လက်လှမ်းမီသမျှ လေ့လာ ထားတာ ရှိပါသည်။ ဆီးချို၊ သွေးချို ရောဂါဆိုတာ သွေးထဲမှာ သကြားဓာတ်(အချိုဓာတ်) လွန်ကဲ များပြား နေခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရောဂါမျိုး ဖြစ်ပါသည်။ အမျိုးသား အမျိုးသမီး မရွေး ဖြစ်နိုင်သည် ရောဂါ ဖြစ်ပါသည်။ မျိုးရိုးလိုက်၍ ဆီးချို၊ သွေးချို ရောဂါ ဖြစ်နိုင်သလို ကိုယ်ခန္ဓာ ဝသူ၊ပိန်သူ၊ ကြီးသူ၊ ငယ်သူ ဖြစ်ပါစေ ၊ အစားအသောက် အနေအထိုင် မဆင်ခြင်ပါက ဆီးချို၊ သွေးချိုရောဂါ ဖြစ်နိုင်ပါသည်။ သွေးဖောက်စစ် ဆေးလို့ ရောဂါ မရှိပေမယ့် တစ်ချိန်ချိန်မှာ ဆီးချို၊ သွေးချိုရောဂါ ရှိလာနိုင်ကြောင်းလည်း လေ့လာ သိရှိရပါသည်။
ဆီးချို၊ သွေးချို ရှိလာလျှင် နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်ဖို့ အခြေအနေ ပိုလာနိုင်ခြင်း၊ သွေးတိုး ရောဂါခံ ရှိနေသူသည် ဆီးချို၊သွေးချို ရောဂါ ရှိလာပါက လေဖြတ်နှုန်း ပိုများလာနိုင်ခြင်း ၊ဆီးချို၊ သွေးချို ရောဂါကြောင့် ဖြစ်လာနိုင်သော ရောဂါများတွင် အနာများ ပေါက်ပွားလာနိုင်ခြင်း ၊ ထိုအနာများသည်လည်း ပျောက်ခဲခြင်း ၊ ထိုပြင် နောက်ဆက်တွဲ ရောဂါ များစွာလည်း ဖြစ်လာနိုင်သည့် အပြင် အနေဆင်းရဲ အစား ဆင်းရဲခြင်း များပါ ခံစား ရတတ်ပါသည်။
ဒါပေမယ့် ပျားမြီးရွက်ကို စနစ်တကျ စားသုံးမှီဝဲခြင်းဖြင့် ဆီးချို၊ သွေးချိုရောဂါကို သက်သာ ပျောက်ကင်းအောင် ထိန်းသိမ်း ထာနိုင်ကြောင်း တွေ့ရပါသည်။
ထို့အတူ ဆီးချို၊သွေးချိုရှိရာ ရောဂါဝေဒနာရှင် စားသုံးသူတိုင်း အတွက်လည်း ဆက်၍ နေ့စဉ် ၁...၂ ရွက် စားသုံး၍ ရောဂါ ကို ထိန်းထား(control) လုပ်နိုင်သောကြောင့် အကျိုး ထိရောက်မှု ရှိနေကြောင်း သိရပါသည်။
ဆေးဖက်ဝင်ပျားမြီးရွက်နှင့် ဆေးဆောင်းပါးများ
စောငုဝါ
ကျန်းမာရေးစာတိုများစုစည်းမှု
Wednesday, January 15, 2014
ယခုအရွယ် ရောက်ပြီးသော အမျိုးသမီးများ သံဓာတ်အားဆေး မှီဝဲပါဆိုသော အချက်ကို တင်ပြရေးသားထားပါမည်။ ဆေးပညာရှင်များက မွေးစမှ အသက် ၁၂ နှစ်အထိကို ကလေးအရွယ်၊ အသက် ၁၂ နှစ်မှ ၁၅ နှစ် ၁၆ နှစ်အထိကို ပျိုဖော်ဝင်စအရွယ်၊ အသက် ၁၂ နှစ်မှ ၁၈နှစ် ၁၉ နှစ်အထိကို ဆယ်ကျော် သက်အရွယ်၊ အသက် ၂၀ မှ ၄၀ အထိ လူရွယ်၊ လူသတ်၊ အသက် ၄၀ မှ ၆၀ အထိ လူကြီးပိုင်း၊ အသက် ၆၀ နှစ်ကျော်လျှင် လူအိုပိုင်းဟု ယေဘုယျ အားဖြင့် သတ်မှတ်ထားကြပါသည်။
ယင်းသို့အားဖြင့် အရွယ်ရောက်ပြီးသော အမျိုးသမီးများ ဆိုရာတွင် အသက် ၁၂ နှစ်မှ ၁၅ နှစ် ၁၆ နှစ်အထိ ပျိုဖော်ဝင်စအရွယ်၊ အသက် (၁၂) နှစ်မှ ၁၈ နှစ် ၁၉ နှစ်အထိ ဆယ်ကျော်သက်အရွယ်တို့ကို ဆိုလိုပါသည်။ လူတို့၏ ခန္ဓာကိုယ်ကြီးထွားမှုတွင် ကလေးငယ်ဘ၀၌ တစ်ကြိမ်၊ ပျိုဖော်ဝင်စအရွယ်၌ တစ်ကြိမ် ကြီးထွားနှုန်း အမြန်ဆုံးဖြစ်လေ သည်။
သို့ဖြစ်၍ ဤအရွယ်တွင် အာဟာရ ပြည့်ဝသော အစားအစာများကို များများ စားသုံးသင့်ပေသည်။ ထို့အပြင် ဤအရွယ် ပျိုဖော်ဝင်စအရွယ်တွင် သွေးသား ပြောင်းလဲချိန်ဖြစ်၍ သွေးသားနှင့် ဆက်နွယ်နေသည့် သံဓာတ်ပါသော အစား အစာများ၊ ကြီးထွားနှုန်းကို အကောင်းဆုံး မြှင့်တင်ပေးနိုင်မည့် ပရိုတင်းဓာတ် နှင့် အင်အားလုံလောက်သော အစားအစာများကို စားသုံးသင့်ပေသည်။
အထူးသဖြင့် နွားနို့၊ ပဲနို့၊ အသား၊ ငါး၊ ပဲ အမျိုးမျိုးတို့မှာ ကယ်လိုရီနှင့် ပရိုတင်း ကြွယ်ဝသော အစာများဖြစ် သဖြင့် အထူးဦးစားပေး စားသုံးသင့် ပေသည်။ ဗီတာမင် (အေ) ဓာတ်သည် မျက်စိအမြင်အားကို ကောင်းစေရုံမျှ မက ခန္ဓာကိုယ်ကြီးထွားမှု၊ ကိုယ်တွင်းခုခံမှု စွမ်းအား စသည့်တို့နှင့် ဆက်နွယ်နေကြောင်း သုတေသနပြုချက်များစွာတို့က ထောက်ခံလျက် ရှိကြရာ ပျိုဖော်ဝင်စ အရွယ် တွင် ဗီတာမင် (အေ)ဓာတ် ကြွယ်ဝသော အ၀ါရောင်နှင့် အစိမ့်ရင့်ရောင်ရှိ အသီး၊ ဟင်းသီးဟင်းရွက်များ (ဥပမာ သင်္ဘောသီး၊ မုန်လာဥ၊ ကန်စွန်းရွက်၊ ရွှေဖရုံသီး) စသည်တို့ကိုလည်း သင့်တင့်စွာ စားသုံးပေးရပေမည်။
ထို့အပြင် ပျိုဖော်ဝင်စအရွယ်၌ အရိုးကြီးထွားမှုသည် အလွန်အရေး ကြီးလှ ပေသည်။ အရိုးကြီးထွား ကျစ်လျစ် ပါမှ အရပ်မြင့်လာနိုင်ပေသည်။ ထို့ကြောင့် အရိုးကြီးထွား ကျစ်လျစ်မှုကို အားပေသည့် ထုံးဓာတ် အလုံ အလောက်ပါ သော အစားအစာများ (ဥပမာ - စိမ်းလန်းသော ဟင်းသီးဟင်းရွက်များ) ကိုလည်း လုံလောက်စွာ မှီဝဲပေးသင့်ပေသည်။
ပျိုဖော်ဝင်စအချိန်အရွယ်မှာ ယောက်ျားကလေးဖြစ်က အရပ်ထွက်လာ၊ အသံသြလာသည်။ မိန်းကလေးဖြစ် ပါက တင်ကား၊ ရင်ထွား၊ ခါးသေး စသည်ဖြင့် မိန်းမပုံသဏ္ဍာန် စç ရလာသည်။
ယင်းသို့ ထင်ရှားသော ခန္ဓာကိုယ်ဆိုင်ရာ ပြောင်းလဲမှုများ သာမက အခြားသော ပြောင်းလဲမှုများလည်း ရှိကြပေသည်။ ဥပမာ – လည်ပင်းရှိ သိုင်းရွိုက်အကြိတ် သည် အပျိုပေါက်ကာလ၌ အနည်းငယ် ပို၍ကြီးလာ သည်။
ယင်းသို့ကြီး လာသဖြင့် သူက ထုတ်လုပ်သော သိုင်းရွိုက်ဟိုမုန်း ပိုများ လာသဖြင့် မိန်းကလေးဆိုလျှင် သွက်လက်ဖျတ် လတ်လာကြသည်။ သို့ရာတွင် လှုပ်ရှားတက်ကြွလွန်း၍ အချို့ မိန်းကလေးများ အစား အသောက်နည်းကာ အပျိုပေါက်အရွယ်တွင် ပိန်တတ်လေသည်။ များသောအားဖြင့် ပျိုဖော်ဝင်စအရွယ်များသည် စားကောင်းသောက်ကောင်း အရွယ်များ ဖြစ်ကြသည်။
သို့သော်စားကောင်း ခံတွင်းတွေ့တိုင်း စိတ်အလိုလိုက်၍ အစားအစာများကို မကြာခဏ စားသုံးခြင်းမျိုးကို ရှောင်ရပေမည်။ သို့မဟုတ်က အ၀လွန်ရောဂါ ဖြစ်နိုင်ပါသည်။
သုတေသနပညာရှင်များက အ၀လွန်ရောဂါရှင်မှာ ပျိုဖော်ဝင်စများကို အများအပြားတွေ့ရသည်ဟု ဆိုပါသည်။
အချုပ်အားဖြင့် ပျိုဖော်ဝင်စ အရွယ်များတွင် ကယ်လိုရီနှင့် ပရိုတင်း ကြွယ်ဝ သော နွားနို့၊ ပဲအမျိုးမျိုး၊ အသား၊ ငါး၊ ကြက်ဥ၊ သစ်သီး၊ ဟင်းသီးဟင်းရွက် များကို မဖြစ်မနေ စားသုံးသင့်ပါသည်။
ထို့ကြောင့် ပျိုဖော်ဝင်စ အရွယ်များ အတွက် တစ်နေ့တာ စားသုံးသင့်သော အာဟာရ အစားအစာများကို တင်ပြလိုက်ပါသည်။
Subscribe to:
Posts (Atom)