Saturday, May 3, 2014

သွေးကင်ဆာပျောက်စေသော ဆေးနည်း -------------------------------------------- ပုံပြပါအတိုင်း မီးကွင်းဂမုန်း အရွက်၉ရွက်ခန့်ပါသော ပင်စည်ပါမီးကွင်းဂမုံးတစ်ပင်အား တူးနှုတ်လိုက်ပါ။ ရေစင်အောင်ဆေးပြီး သန့်ရှင်းသောဆုံထဲ၌ထည့်၍ ကြေညက်စွာထောင်းပါ။ သန့်ရှင်းသောလက်ဖြင့် ထောင်းပြီးသားတွေကို အဝကျယ်ကြေးဇွန်းကြီးထဲညှစ်ချလိုက်ပါ။ ပြီးလျင် မီးသွေးမီးဖို မီးခဲရဲရဲပေါ် ဆေးရည်ပါသော ကြေးဇွန်းကြီးကိုတင်၍ ဆူပွက်လာအောင်အပူပေးလိုက်ပါ။ ထိုနောက် အအေးခံပြီး ဆေးတော်ကြီးကို မိမိ၏သီလတရားအားသစ္စာတိုင်တည်ပြီးမှ ယုံကြည်စွာသောက်လိုက်ပါ။ ကတိသစ္စာတည်သောအခါ နွယ်မြစ် သစ်ပင်ဆေးဖက်ဝင်၏။ တနေ့ကို မနက် အစာစားပြီး ၂နာရီ ညစာစားပြီး ၂နာရီ မှာ ဤဆေးတော်ကြီးအား ၂ ကြိမ်သောက်ပါ။ ၂ ပတ်ပြည့်လျင် သွေးသွင်းဖိုလုံးဝမလိုတော့ပါဘူး။ သွေးကင်ဆာဆဲများလည်း သိသာစွာလျော့နည်းသွားမည်။ နှာခေါင်းသွေလျှံတတ်သူများ အရည်မညှစ်ခင်ထောင်းထားသောဆေးကို နှာခေါင်းရိုးပေါ်အုံပေးခြင်းဖြင့် သွေးယိုခြင်းကိုပျောက်ကင်းစေပါသည်။ ၂၃ ရက်တိတိမပျက်မကွက်သောက်ရမည်။ ရောဂါပျောက်မှ ကျေးဇူးတင်ပါ ။ သင်၏သီလသစ္စာတရားကိုယုံကြည်မှ ဤဆေးကိုသောက်ပါ။ လူတိုင်းသက်တမ်းစေ့နေထိုင်နိုင်ကြပါစေဗျာ။ အားလုံးကိုလေးစားလျှက် ကိုမျိုးမြင့်ဦး ( မတဆ)
ယားယံခြင်း အရေပြား ယားယံခြင်း အရေပြား ယားယံခြင်းဟာ ပတ်ဝန်းကျင်မှာ တွေ့လေ့တွေ့ထ ရှိတဲ့ ကျန်းမာရေး ပြဿနာတစ်ခု ဖြစ်တယ်။ ခန္ဓာကိုယ် အရေပြားနဲ့ အရေပြားအောက်ရှိ အာရုံကြောငယ်တွေ အထိမခံနိုင်အောင် ဖြစ်စေတဲ့အထိ ယားယံ ခြင်းမျိုးကို ခံစားရတတ်တယ်။ အာရုံကြောငယ် အထိမခံ ဖြစ်လာရင် နာလာတယ်။ ယားယံတာ ကလည်း တစ်နေရာတည်းမှာ ဖြစ်တယ်။ ဒါ့အပြင် ဝဲ၊ ယားနာများ ပေါက်လို့ ခန္ဓာကိုယ်အနှံ့ ယားယံခြင်းလည်း ဖြစ်တတ်တယ်။ ခြေချောင်းများ အကြား၊ လက်ဖဝါး၊ ခြေဖဝါးများ အကြား၊ တံတောင်ဆစ်၊ ပေါင်ခြံတစ်ဝိုက် တွေမှာ ယားယံ တတ်တယ်။ ဝဲစိုနဲ့ ဝဲခြောက် နှစ်မျိုးရှိပြီး နှစ်မျိုးလုံးဟာ ကူးစက် တတ်တယ်။ ဝဲယားနာ ဝဲရောဂါဟာ ကမျဉ်းနီ ပိုးကောင်ငယ်၊ မှို(ဖန်းဂပ်) တစ်မျိုး ဖြစ်တယ်။ အရေပြားပေါ်မှာ ပေါက်ပွားကြီးထွား လာခြင်း၊ မစင်စွန့်ရာ မြေကျင်းတူးရာမှ အရေပြားပေါ်မှာ ယားယံခြင်း ခံစားရတယ်။ မတည့်တဲ့ အစားအစာ များစားမိရင် အဖုအပိမ့်များ ထွက်ခြင်း၊ ပန်းနာရင်ကျပ်ခြင်း၊ ယားယံခြင်းတွေ ဖြစ်တတ်တယ်။ ဆီးချို ဆီးချိုရောဂါ ရှိသူရဲ့ ကိုယ်တွင်းမှာ သန်ကောင်နေ ရှိရင် ယားယံ တတ်တယ်။ သည်းခြေပြွန်ပေါက် ပိတ်ပြီး မျက်လုံး ဝါလာခြင်း၊ အသား ဝါလာခြင်း၊ ယားယံခြင်း၊ အင်ပြင် ထခြင်း၊ မခံမရပ်နိုင်အောင် ဗိုက်အောင့်ခြင်း တို့ ဖြစ်တတ်တယ်။ သည်းခြေဆား (Bile Sults) များ အူထဲ မဆင်းနိုင်တော့လို့ သွေးကြောများထဲကို ပြန့်နှံ့ပြီး တစ်ကိုယ်လုံး ယားယံခြင်းတွေ ဖြစ်ပေါ်တတ်တယ်။ သည်းခြေ ကျောက်များ၊ သန်ကောင်များ ပိတ်ဆို့ခြင်းကြောင့် ကင်ဆာ ဖြစ်နိုင်တယ်။ ဟော်မုန်းဓာတ်ချို့တဲ့ အမျိုးသမီးတွေ ကလေး မီးဖွားခါနီးမှာ ယားယံလေ့ ရှိတယ်။ အသက်အရွယ် ကြီးလို့ သွေးဆုံးချိန် နီးရင်လည်း ဟော်မုန်းဓာတ် ချို့တဲ့တဲ့ အခါ ယားယံလေ့ ရှိတယ်။ ပွေး၊ ဝဲ၊ နှင်းခူ ပွေး၊ ဝဲ၊ နှင်းခူတို့ လက်ချောင်း၊ ခြေချောင်း၊ ချိုင်း၊ ပေါင်ခြံမှာ ပေါက်ရင် မခံမရပ်နိုင်အောင် ယားယံ တတ်တယ်။ ကြမ်းပိုး ကိုက်ခြင်း၊ ပင့်ကူလျှပ်ခြင်း၊ မိတ်ထွက်ခြင်းတွေ ကလည်း ယားယံ တတ်တယ်။ အထူး သဖြင့် အလွန်ပူပြင်းတဲ့ နွေအခါ၊ ခရမ်းလွန်ရောင်ခြည်ဒဏ် ခံရတဲ့ အရေပြားများ အညိုအမည်းစွဲပြီး ယားယံ တတ်တယ်။ မိန်းမကိုယ် ယားယံခြင်း အမျိုးသမီး အတော်များများမှာ တွေ့ရပြီး သားမွေးလမ်းကြောင်း တစ်လျှောက် ထရိုင်ခိုမိုနပ် (Trichomonura) ရောဂါကြောင့် အဖြူဆင်းပြီး ယားယံစေတယ်။ တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းပြီး ဆေးဝါး သုံးစွဲမှု မရှိသော မိန်းမများမှာ အတွေ့များတယ်။ စအိုဝ ယားယံခြင်း စအိုဝ ယားယံခြင်းမှာ ချွေးထွက်လွန်ကဲခြင်း၊ မစင်စွန့်ပြီး စအိုဝ စင်ကျယ်အောင် မဆေးခြင်း၊ အူထဲမှာ သန်ကောင် ရှိခြင်းတို့ဟာ စအိုဝ ယားယံစေတယ်။ တုတ်ကောင် စွဲကပ်ရင် ညဘက်မှာ စအိုအပြင် ထွက်လာ တတ်တဲ့ အတွက် အလွယ်တကူ ဖမ်းလို့ ရနိုင်တယ်။ လူတိုင်း နှစ်စဉ် တစ်နှစ်မှာ သန်ချဆေး နှစ်ကြိမ် သောက်သင့် ပါတယ်။ ယားယံတဲ့အခါ မကုတ်မိအောင် ယားယံတဲ့အခါ မကုတ်မိအောင် ခြေသည်း၊ လက်သည်း အရှည်မထားရပါ။ အိပ်ပျော်နေစဉ် ကုတ်မိတတ်တဲ့ အတွက် တတ်နိုင်သလောက် အရေပြား ယားနာရောဂါများ မဖြစ်ပွား မပြန့်နှံ့စေဖို့ တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရု စိုက်သင့်တယ်။ အရေပြား အထူးကု သို့မဟုတ် တတ်ကျွမ်းသော ဆရာဝန်နဲ့ ပြသင့်တယ်။ ယားယံခြင်း မဖြစ်ရန် ယားယံခြင်း မဖြစ်စေဖို့ ခန္ဓာကိုယ် အရေပြားကို သန့်ရှင်းစွာ ထားရမယ်။ မိတ်ဖု ပေါက်ရင် ဘာစကေဘီ သို့မဟုတ် မဲဇင်ကယ်ဆေး လိမ်းပေးနိုင်တယ်။ ပါးလွှာပြီး လေဝင်လေထွက် ကောင်းတဲ့ အဝတ်အထည်များကို ဝတ်သင့်တယ်။ နေ့စဉ် ရေမှန်မှန်ချိုး၊ ခြောက်အောင်သုတ်၊ ဆေးလိမ်း၊ ဝဲဆေး၊ ဘာစကေဘီ၊ စကီနာ စသည်ဖြင့် လိမ်းပြီး သန်ချဆေး သောက်သင့်တယ်။ အမျိုးသမီးများဟာ တင်းကျပ်တဲ့ အဝတ်အစားတွေ မဝတ်သင့်ဘူး။ အဝတ်အစား အသစ်ဆိုရင် လျှော်ပြီးမှ ဝတ်သင့်တယ်။ ထရိုင်ခိုမိုနပ် ရောဂါဖြစ်ရင် မက်ထရိုတဆေး သို့မဟုတ် ဆရာဝန်ညွှန်တဲ့ ဆေး သုံးနိုင်တယ်။ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး ညွှန်ကြားချက် ခံယူ သင့်ပါတယ်။ ။
ကျောက်ကပ်မကောင်းသူများ ကော်ဖီ မသောက်သင့် ============================ ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါရှိသူများ၊ ရှိရန် အလားအလာ များသူများ အနေနဲ့ ကော်ဖီ မသောက်သုံးသင့် ဘူးလို့ ဆေးပညာရှင်နဲ့ ကျောက်ကပ် အထူး ကု ဆရာဝန်များက တိုက်တွန်း သတိပေးပါတယ်။ ကော်ဖီဆိုတာ ထက် ကဖင်းဓာတ်ကို ဆိုလိုခြင်း ဖြစ်တဲ့ အတွက် ချောကလပ် နဲ့ လက်ဘက်ရည်တို့လည်း ပါဝင်ပါတယ်။ ကော်ဖီဟာ ကျန်းမာရေးအတွက် ကောင်းကျိုး များစွာ ဖြစ်ထွန်းစေပေမယ့် အချို့  သူများအတွက်က တော့ ဆိုးကျိုး ရှိပါတယ်။ ဥပမာ- ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်း၊ ဝမ်းနှင့်ဆက်စပ်ရောဂါ၊ နောက်ထပ် တစ်ခုကတော့ ကျောက်ကပ်ရောဂါ ဖြစ်ပါတယ်။ ပုံမှန်ထက် အလွန် အကျွံ သောက်သူများ အဖြစ်များမယ့် ရောဂါ များ ဖြစ်ပါ တယ်။ ကျောက် ကပ်ရောဂါဖြစ်ပုံကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။ ► ဆီးမကြာခဏ သွားခြင်း (Urinate more often) ကော်ဖီမှာ ပါတဲ့ ကဖင်းဓာတ်ဟာ ကျောက်ကပ်ရဲ့  လုပ်ဆောင်ချက်ကို တွန်း အားပေးပြီး တစ်ကိုယ်လုံးမှ ရှိတဲ့ ရေဓာတ်ကို အလျင်အမြန် ဆုပ်ယူပါတယ်။ ဒါကြောင့် မကြာခဏ ဆီးသွားစေပါတယ်။ ► ရေဓာတ်ဆုံးရှုံးခြင်း (Dehydration) ကဖင်းက ရေဓာတ်ဆုပ်ယူတဲ့အတွက် ရေအမြဲဆာတတ်ပါတယ်။ ဒါကြောင့် dehydration မဖြစ်အောင် ရေလည်း ပုံမှန်သောက်ဖို့ လိုအပ်ပါတယ်။ အကယ်၍ ရေသာ နည်းရင် ကျောက်ကပ် သန့်စင်ရေး လုပ်ဆောင်ချက် နှေးကွေးလာခြင်း ဆီးလမ်းကြောင်း စနစ်ကိုပါ ထိခိုက် စေပါတယ်။ ► ဆီးမသန့်ခြင်း (Urinary incontinence) တစ်ရက်ကို ကဖင်းဓာတ် ၄၀၀ မီလီဂရမ်ထက် ပိုသောက်သုံးမိရင် ဆီး သန့်ဖို့ မသေချာတော့ပါဘူး။ ဆီးထဲမှာ အမှုန်များ ပါလာတာမျိုး ဖြစ် တတ်ပြီး ဆီးလမ်းကြောင်း ပိတ်တဲ့အထိတောင် ဖြစ်စေပါတယ်။ ► ကျောက်တည်ခြင်း (Kidney stones) ကျော်တည်စေတဲ့ အကြောင်းတရားထဲမှာလည်း ကဖင်း သောက်သုံးမှု ပါဝင်တယ် ဆိုတာ သေချာနေပါပြီ။ calcium oxalate stones လို့ခေါ်တဲ့ ကျော်ဟာ ကျောက်ကပ်မှာ တည်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကဖင်းဓာတ်ကြွယ်ဝတဲ့ ကော်ဖီကို ပိုမသောက်သုံးမိစေဖို့ လိုအပ်ပါတယ်။ ► ကျောက်ကပ် ရောဂါ (Kidney disease) polycystic kidney disease ဆိုတဲ့ ကျောက်ကပ်ရောဂါ အမျိုးအစား တစ်ခု ဖြစ်စေပြီး ကျောက်အမှုန်အမွှားကနေ ကြီးကြီးမားမား အထိ ဖြစ် လာစေမှာ ဖြစ်ပါတယ်။ ကျောက်ကပ်ရဲ့  လုပ်ဆောင်ချက် ဟာလည်း ပုံမှန်မဖြစ်တော့ပါဘူး။ ကျောက်ကပ်က ခန္ဓာကိုယ်တွင်း အညစ်အကြေး များကို စွန့်ထုတ် သန့်ရှင်းတဲ့ လုပ်ဆောင်ချက်ကို လုပ်ဆောင်ပေးပါတယ်။ သူသာ အလုပ်မလုပ်တော့ရင် ပိတ်သွားရင် နောက်ဆက်တွဲ ကတော့ သေဖို့ ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကဖင်းဓာတ်ကို တစ်ရက် ၄၀၀ မီလီဂရမ်ထက် ပိုမသောက်သုံးမိဖို့ မှာထားပါတယ်။ တစ်ရက် ကော်ဖီ တစ်ခွက် စွဲသောက်တဲ့ အကျင့်ရှိ ရင်တောင် ၁ ရက်ခြား သောက်တဲ့သူတွေထက် ကဖင်းဓာတ် ဆက်စပ်ရောဂါ ဖြစ်ဖို့ ပိုအလားအလာများတယ်ဆိုတာကို လေ့လာတွေ့ ရှိထားပါတယ်။ ဒါကြောင့် တန်ဆေး လွန်ဘေးဆိုတဲ့ အတိုင်း ကျောက်ကပ်အပြင် အခြား ရောဂါများ မဖြစ်စေဖို့ ကော်ဖီကို Limit နဲ့ သောက်ရန် မျှဝေ ရေးသား လိုက်ရပါတယ်။ Ref: medic-facts Credit - အောင်ခမ်း (ရိုးရာလေး
အော်တိုဂီယာတွေမှာ OD Button ပါတဲ့ကားတွေရှိသလို လုံးဝမပါတဲ့ကားတွေ လည်းရှိပါသည်...အောက်က ပုံတွေမှာပါတဲ့ကားတွေက... ဂီယာမောင်းတံ (Shift Lever) မှာ OD လုံးဝမပါတဲ့ကားတွေပါ... Shift Lock Button ပါတဲ့ကားတွေရှိသလို... Shift Lock Button လုံးဝမပါတဲ့ကား... Shift Lock ကို ကားသော့ထည့်ပြီးသုံးရတဲ့ကားတွေလည်းရှိပါတယ်... တန်ဖိုးကြီးကားတစ်ချို့မှာတော့ လုံးဝမထည့်ထားပါ... ကားလုံခြုံရေးအတွက် သော့ဖွင့်ပြီး ဘရိတ်နင်းမှသာ ဂီယာထည့်လို့ရအောင် လုပ်ထားပေးပါတယ်... ဂီယာမောင်းတံရွေ့ရာတွင် Release button ခေါ် ဂီယာမောင်းတံဘေးမှ ခလုတ်ကို နှိပ်မှရွေ့ပြောင်းဂီယာထည့်ရသော ကားများရှိသလို... Release button ခလုတ်မပါဘဲရွေ့၍ရသော ဂီယာမောင်းတံများလည်း... ရှိပါသည်...ပုံ (၂) မှ Mercedes Benz သည် Release button မပါပါ... နမူနာပြထားပါသည်... Shift Lock ဆိုတာ အော်တိုဂီယာကားတွေမှာ ဂီယာမောင်းတံကို P Position ကနေ စက်နိုးပြီးဘရိတ်မနင်းပဲ ကျန်တဲ့ ဂီယာတွေကို ထည့်မရအောင် အထိန်းသဘောမျိုး ထည့်ထားပေးခြင်းဖြစ်ပါသည်... ဘရိတ်နင်းလိုက်ချိန်တွင် ဘရိတ်(Brake pedal)နင်းတံအတွင်းဘက်တွင်တပ် ဆင်ထားသော ဘရိတ်မီးခလုတ်(Brake pedal switch) မှ တစ်ဆင့်... ရီလေး(Relay)သို့ မီးပေးကာ...Shift lock solenoid ခလုတ်ကို ဖွင့်ပေးပါသည် ထို့ကြောင့် ဘရိတ်နင်းမှ ဂီယာမောင်းတံ ပြောင်းလို့ရခြင်းဖြစ်သည်... ဘရိတ်နင်းသော်လည်း ဂီယာတံနေရာပြောင်းမရခြင်းသည်... ဘရိတ်မီးအဝင် Fuse ပြတ်ခြင်း... Brake pedal switch မကောင်းခြင်း... Shift lock solenoid အလုပ်မလုပ်ခြင်းတို့ကြောင့်ဖြစ်ပါသည်... Shift lock solenoid အလုပ်မလုပ်ခြင်းကြောင့် လဲပေးရသောကားများရှိပါသည်.. Park ( P ) ကားရပ်ထားစဉ် ကားမရွေ့စေရန်အသုံးပြုသည်... P Position တွင်ဂီယာမောင်းတံထားပါက ကားရွေ့မရခြင်းသည်... အော်တိုဂီယာဘောက်အတွင်းရှိ ဂီယာမိန်းရှပ်တွင်(Output shaft) Lock လုပ်ထားသော ပင်နယံ(Pinion)နှင့် Lock switch တို့ကြောင့်ဖြစ်သည်... Lock switch သည် ဂီယာမောင်းတံအား P မှရွေ့လိုက်သည်နှင့် Lock အထိန်း ဖြုတ်ပေးကာ P သို့ ပြန်ရောက်သည်နှင့် စပရိန်အားကြောင့် အလိုအလျောက် Lock Switch အလုပ်လုပ်ကာ ရပ်ထားစဉ်ကားနေရာမရွေ့အောင်ထိန်းပေးပါသည်... သို့သော်အတက်အဆင်းများတွင်ကားရပ်ထားစဉ်... လက်ဆွဲဘရိတ်(Parking Brake)(Hand Brake) ပါသုံးသင့်ပါသည်... အချို့ကားများတွင် Parking Brake သည် ခြေနင်းအသေးလေးနှင့်... ဘယ်ဘက်တွင်ပါတတ်ပါသည်... ဂီယာမောင်းတံအား P တွင်ထားမှ သော့ဖြုတ်၍ရသောကားများရှိသလို... N (Neutral / No gear) တွင်ထား၍ သော့ဖြုတ်၍ရသောကားများလည်း ရှိပါသည်...ပုံ (၁) တွင် N Position တွင်ထား၍ သော့ဖြုတ်ထားသည်ကို... နမူနာတင်ထားပါသည်... Reverse (R) နိုင်ငံတစ်ကာတွင်ရော မြန်မာပြည်မှာပါ ဘက်ဂီယာဟုသုံးပါသည်... ကားနောက်ဆုတ်ရန်အတွက်သာသုံးပါသည်... N (Neutral / No gear) နိုင်ငံအလိုက် ဖရီးဂီယာ...No Gear ဟုသုံးပါသည်... ဘယ်ဂီယာမှ မဝင်သောကြောင့် ဖြစ်ပါသည်... Drive (D) ရှေ့သို့မောင်းနှင်ရာတွင်သုံးပါသည်... နံပါတ် ၁ ဂီယာမှ စတင်ကာ အရှိန်အများဆုံးဂီယာအထိ အလိုအလျောက် ကားအရှိန်ကိုလိုက်ကာ TPS (Throttle position sensor) , Speed meter sensor,TCU(Transmission control unit box) တို့မှ Solenoid များကို အလုပ်လုပ်စေကာ... ဂီယာချိန်း(Change)ပေး...ဒေါင်း(Down)ပေးပါသည်... ဂီယာတစ်ခု မဝင်ပဲ လက်ရှိမောင်းနေသောဂီယာမချိန်း မဒေါင်းပေးပါ... ဂီယာထည့်ကာမောင်းနှင်နေစဉ် ဖရီး (N) ဖြစ်သွားသည်မရှိပါ... Third (3) ဂီယာနံပါတ် ၁ မှ ၃ အထိ ကားအရှိန်လိုက်ကာ... ဂီယာ အတင် အချ ပြုလုပ်ကာ ချိန်းပေး ဒေါင်းပေးပါသည်... သိပ်မမြင့်သောတောင်တက် တောင်ဆင်းများနှင့်... Off Road များနှင့် Sport များတွင်လည်းသုံးပါသည်... Sport မောင်းသောအခါ (3) ဂီယာနှင့် လီဘာ(Accelerator pedal) ကိုနင်း၍ မိမိလိုချင်သောအရှိန်ရောက်မှ (D) သို့ ပြောင်းထည့်ပါသည်... ECT Power Switch ပါသောကားများတွင် Sport မောင်းရာတွင်... power တွင်ထား၍ မောင်းကြပါသည်... Second (2) ဂီယာနံပါတ် ၁ မှ ၂ အထိ ကားအရှိန်လိုက်ကာ ဂီယာပြောင်းပေးပါသည်... မြင့်မားသောတောင်များတွင် အတက်အဆင်းဂီယာအဖြစ်သုံးပါသည်...ှဆီးနှင်းကျသောနိုင်ငံများတွင် နှင်းထဲမောင်းနှင်ရန်သုံးပါသည်... First (L) Low ဂီယာအဖြစ် ရွံ့ထဲရုန်းသောအခါများ အလွန်မြင့်မားသောတောင်များကို ဝန်အလေးနှင့်အတက်အဆင်းလုပ်သောအခါ သုံးပါသည်... နံပါတ် ၁ ဂီယာတစ်ချက်တည်းသာဖြစ်ပါသည်... အချို့သောအော်တိုဂီယာများတွင် Manual စနစ်ဖြင့်မောင်းနှင်နိုင်ရန်... ဂီယာမောင်းတံ ဘေးဘယ်ညာတွင် အပေါင်း အနုတ်နှင့်အကွက်လေးများ ပါရှိပါသည်...Manual တွင်ထားမောင်းပါက... ဂီယာ ၁ ၂ ၃ ၄ ၅ သို့ပြောင်းရာတွင် အပေါင်းဘက်သို့... တစ်ချက်ချင်းတွန်းကာ ဂီယာချိန်းပေးရပါသည်... အလိုအလျောက် မချိန်းပါ... သတ်မှတ်အရှိန်မရှိသေးပါက ၂ ၃ ၄ ၅ မဝင်ပါ... သူ့သတ်မှတ်အရှိန်ရောက်မှသာ ဂီယာဝင်ပါသည်... အနုတ်ဘက်သို့ တစ်ချက်တွန်းလျှင် ဂီယာ ၅ ၄ ၃ ၂ ၁ သို့... တစ်ချက်ချင်းဒေါင်းပေးပါသည်... ဘရိတ်နင်းလျှင်လည်း သတ်မှတ်အရှိန်အတိုင်း... အလိုအလျောက် ဒေါင်းပေးပါသည်... Manual ဖြင့်မောင်းနိုင်လျှင် ဆီစားအနည်းငယ် သက်သာပါသည်... ပုံတွင် အော်တိုဂီယာတွင် Manual စနစ်ပါသော ဂီယာမောင်းတံကို ပြထားပါသည်... အော်တိုဂီယာ(ATF)ဆီကို ဆီအမျိုးအစားပေါ်လိုက်ကာ... ၃၅၀၀ ကီလိုမှ ၄၀၀၀၀ အတွင်းလဲလှယ်ပေးလျှင်အကောင်းဆုံးဖြစ်ပါသည်... အော်တိုဆီကို Dexron 3H နှင့်အထက်ထည့်လျှင်သာအကောင်းဆုံးဖြစ်ကာ... Genuine ထည့်လျှင်တော့ အကောင်းဆုံးဖြစ်ပါသည်... ကျွန်တော်တို့ဆီတွင် အော်တိုဆီအဟောင်းသည် အလွန် ညစ်ပတ်နေပါက... အော်တိုဆီစစ်ပါလဲပေးပါသည်...အသစ်မရလျှင် ဖြုတ်ဆေးပေးပါသည်... CVT(Continuously variable transmission) အော်တိုဂီယာတွင်... ကားအရှိန်အနှေးအမြန်ကို Metal Belt ခေါ် ပူလီကြိုးဖြင့်... Driven Pulley ၂ ခုကို အတင်းအလျော့လုပ်ပေးကာ မောင်းနှင်ပါသည်... Ds or Low ဂီယာဖြင့်မောင်းလျှင် ပူလီကြိုးလျော့ပေးကာ... Over drive မောင်းချိန်တွင် ပူလီကြိုးအတင်းဆုံးသို့ Sensor, Solenoid များ ဖြင့် အလုပ်လုပ်စေပါသည်...ထို့ကြောင့် CVT ဂီယာသည် ရိုးရိုးအော်တိုဂီယာ ထက် အထအလွန်မြန်ပါသည်... CVT ဂီယာတွင် CVT Oil သာ အသုံးပြုရပါမည်... အော်တိုဂီယာများအားလုံးသည် Hydraulically ခေါ်... ဆီဖိအားကို အသုံးပြုကာမောင်းနှင်ခြင်းဖြစ်ပါသည်... အော်တိုဂီယာဆီပန့်(Oil pump) မှာ ဖရုံသီး (converter)အဝင်ဂီယာ၏ input shaft တွင်ထိုင်ထားပါသည်... အော်တိုဆီမရှိပါက ကားမသွားပါ...ဆီနည်းပါက ကားဆန့်ငင် ဆန့်ငင်ဖြစ်တတ်ပါသည် ဆီများပါကလည်း ဆီအပူရှိန်လွန်ကဲကာ Clucth plate ပြားငယ်များကို လောင်တတ်ကာ ဂီယာပျက်တတ်ပါသည်... ထို့ကြောင့် အော်တိုဂီယာတိုင်းတွင် သတ်မှတ် ဆီအတိုင်းအတာအတိုင်း အတိအကျထည့်ရန် အရေးကြီးပါသည်... အော်တိုဂီယာများ စက်နိုးရာတွင် P နှင့် N position တွင်သာစက်နိုး၍ရပါသည် ထိုသို့ဖြစ်ရခြင်းမှာ ... စတတ်ရီလေး(Start relay) မီးအဝင်ကြိုးသည် သော့အုံမှ... ဂီယာဘောက်ရှိ ဂီယာမီးပြသောစနစ် (Gear position control light) သို့ဝင်ရောက်သွားကာ... P နှင့် N position တွင်သာ စတတ်ရီလေးသို့မီးပေး ပါသည်...သို့သော် ကားစက်နိုးသည်နှင့် NSW မီးကြိုးသည်... ECU box သို့ဝင်ကာ TCU မှတစ်ဆင့် ဂီယာဘောက်အတွင်းရှိ... Solenoid ကို မီးဖြင့် ထိန်းချုပ်ကာ စက်နိုးချိန်ဂီယာ ဖရီးဖြစ်ရန် အလုပ်လုပ်ပေး ပါသည်...စတတ်မီးကြိုးချို့ယွင်းချက်ရှိ၍ ဂီယာဝင်နေချိန်တွင်နိုးမိပါက... ကားဆောင့်ထွက်သွားမှာကိုကာကွယ်ထားခြင်းဖြစ်သည်... ကားကုမ္ပဏီများ၏ လုပ်ထားပုံသည် အလွန် အကွက်စေ့ကာတိကျပါသည်... OD Off Button ကို နှိပ်ထားလျှင် အမြန်ဆုံး ဂီယာတစ်ချက်ကို မထည့်ပေးဘဲ ထိန်းထားခြင်းဖြစ်ပါသည်...OD နှိပ်ထားပြီး လီဘာနင်းလျှင်လည်း... ကားအရှိန်သည် ပုံမှန်ထက်အနည်းငယ် လျော့သွားပါသည်... အရှင်းဆုံးပြောရလျှင် OD off ကို နှိပ်ထားပါက ဂီယာ တစ်ချက် လျော့ထားပေးခြင်းဖြစ်ပါသည်...အရှိန်အမြင့်ဆုံးဂီယာ တစ်ချက်မဝင်ပါ...ထိုအချိန်တွင် ECU , TCU တို့မှ တစ်ဆင့်... အင်္ဂျင် TPS , Throttle motor တို့ကိုထိန်းချုပ်ကာ... ပုံမှန် အင်္ဂျင်အပတ်ရေ RPM ထက် ကားအသွားနှေးစေရန် အလုပ်လုပ်ပေးပါသည်... OD ကို တောင်တက်ဆင်းလမ်းများတွင် အသုံးပြုရခြင်းမှာ... ပုံမှန်မောင်းပါက ဂီယာခဏ ခဏချိန်းကာ ဆီပူလာပြီး... ကလပ်ပလိတ်(Clucth plate)ပြားများနာကာ ဂီယာပျက်မှာကို... ကာကွယ်ခြင်းဖြစ်ပါသည်...အော်တိုဂီယာကားများ ဂီယာအပျက်အများဆုံးမှာ လည်း တောင်ပေါ်သုံးကားများသာဖြစ်ပါသည်... ကျွန်တော်တို့ဝပ်ရှော့တွင် ပြင်ရသောအော်တိုဂီယာကားများမှာ... တောင်ပေါ်က ကားများသာဖြစ်သည်... OD Off ကိုသုံးပြီး ခရီးဝေးမောင်းပါက ဂီယာတစ်ချက်လျော့နေသဖြင့်... ဆီပိုစားကာ အင်္ဂျင်အလွန်နာပါသည်... OD ကို အသုံးပြုသောနေရာအများစုမှာ တောင်တက်ဆင်းလမ်း... ဟိုင်းဝေးလမ်းမပေါ်ရှိ မြို့များအဝင်တွင် ကီလို ၆၀ ၈၀ ထက်ပိုမမောင်းရသော နေရာများ...အမောင်းသင်စ သူများတွင်လည်းသုံးပါသည်... အော်တိုဂီယာတွင် ABS ပါသောကားဖြစ်စေ မပါသောကားဖြစ်စေ... ဘရိတ်နင်းလိုက်သည်နှင့် အရှိန်အလိုက်တွက်ချက်ကာ ဂီယာဒေါင်းပြီး... ဂီယာနှင့် ဘရိတ်ကိုတွဲကာ အရှိန်ထိန်းသော စနစ်ကိုသုံးပါသည်... အော်တိုဂီယာကားတိုင်းတွင် ဘရိတ်ခြေနင်းမီးခလုတ်(Brake pedal switch) မှတစ်ဆင့် ဘရိတ်နင်းတိုင်း ECU box သို့ STP(Stop Light Switch) မီးကြိုးမှတစ်ဆင့်မီးဝင်ပါသည်...ဘရိတ်နင်း၍ STP မီးဝင်တိုင်း... ECU box သည် အင်္ဂျင်အပတ်ရေ RPM ၁၀၀၀ အောက်သို့... ချက်ချင်း ဆီ...မီးလျော့ပေးပါသည်...အရှိန်ကိုလိုက်ကာ ဂီယာဒေါင်းပေးပြီး... ဂီယာ ဘရိတ်ကို တွဲ၍ အရှိန်ကိုသေစေပါသည်... အချို့ဂီယာအော်တိုကားများတွင် ဘရိတ်နင်းသော်လည်း အရှိန်မသေခြင်းမှာ... STP မီးလိုင်းစနစ် ချို့ယွင်းချက်ကြောင့်သာဖြစ်သည်... အော်တိုဂီယာကို ထုတ်သော ကားကုမ္ပဏီတိုင်းသည် သေချာစမ်းသပ် စီစဉ်ပြီးမှ ထုတ်ခြင်းဖြစ်ပါသည်... ဘရိတ်ကို ဂီယာမောင်းတံကို ဒေါင်း၍၎င်း... OD ကိုနှိပ်၍ တွဲသုံးရသည်ကို၎င်း တစ်ခါမှ မကြားဖူးပါ... ကားကီလို ၁၂၀ ကျော်မောင်းနေချိန်တွင် ဘရိတ်နင်း၍ လက်ကိုင်ဂွေကို လွှတ်ကာ မောင်းတံသို့...OD ခလုတ်သို့ လက်တစ်ဖက်သွားခြင်းသည်... အလွန်အန္တရာယ်များ မများကို စာဖတ်သူများကိုယ်တိုင်ဆုံးဖြတ်ရန်သာ... ဖြစ်ပါသည်...အော်တိုဂီယာသည် ဘရိတ်နင်းလိုက်သည်နှင့်... အင်္ဂျင် ဂီယာဖြင့် ထိန်းပြီးရန် ကုမ္ပဏီမှ ပြည့်စုံအောင်လုပ်ပေးထားပါသည်... အသက်ဥာဏ်စောင့်ဆိုသည့်စကားအတိုင်း မိမိတို့ကိုယ်တိုင်ဆုံးဖြတ်ရန်သာ... ကားတစ်စီးသည် အော်တိုဂီယာဖြစ်စေ...ရိုးရိုး(Manual)ဂီယာဖြစ်စေ... ယာဉ်အန္တရာယ်ဖြစ်ခြင်းမှာ ယာဉ်မောင်းသူ၍ ကျွမ်းကျင်မှု့... မိမိထိန်းသိမ်းနိုင်သော အရှိန်ထက်ပိုမောင်းခြင်း... အရက်သေစာသောက်စာမူးယစ်၍ မောင်းခြင်း... လမ်းစည်းကမ်း...ယာဉ်စည်းကမ်းမလိုက်နာဘဲ မောင်းခြင်းနှင့်သာဆိုင်ပါသည်... မင်ဘာတွေ တောင်းဆိုလို့ အကြမ်းဖျင်းရေးပေးလိုက်ပါတယ်ဗျာ... အချိန်မရလို့ နောက်မှ အသေးစိတ်ထပ်ရေးပေးပါမယ်ခင်ဗျာ... မင်ဘာများ အန္တာရာယ်ကင်းရှင်း၍ ကျန်းမာရွှင်လန်း ကြပါစေ...
Toyota Probox 2NZ-FE VVT-i 1300 cc နှင့် 1NZ-FE VVT-i 1500 cc ကားရှင်များနှင့် အမေး အဖြေ ကဏ္ဍ... မေး။ အစ်ကိုရေ ခုတစ်လော ပရိုဘောက်တွေ မီးလောင်နေတာဟာ... ဘာကြောင့်ပါလဲ? ဖြေ။ ကျွန်တော်ဒီပေ့စ်မှာရော အော်တိုမိုဘိုင်းစာစောင်မှာပါ ရေးထားတာ... နည်းနည်းကြာပါပြီခင်ဗျာ...အပြည့်အစုံကတော့ပေ့စ်မှာ ဝင်ဖတ်နိုင်ပါတယ်... အကျဉ်းချုပ်အနေနဲ့ကတော့...အောက်က (၃) ချက်ပါဗျာ... (၁)Catalytic Converter တွင်ကာဗွန်မှုန့်များ ပိတ်သောကြောင့်ပါ...ကျွန်တော်တို့ဆီမှာကားဆွဲအနည်းငယ်ကျကာ Catalytic Converter ပိတ်သည်ဟု ယူဆသော ကားများကို ညအချိန်တွင် လေးချောင်းထောက် ကားမသည့်စင်ပေါ်တင်၍ Converter ပိတ်/မပိတ်ကို ကျွန်တော်တို့သည် စမ်းကြည့်နေကျဖြစ်ပါတယ်...စင်ပေါ်တင်ကာစမ်းရာတွင် Converter ပိတ်သောကားများမှာ ကားစက်နိုးကာ အင်္ဂျင်အပတ်ရေ ၁၅၀၀ မှ ၂၀၀၀ အကြားနင်းထားချိန်တွင် ၁၅ မိနစ်ကျော်လျှင် Catalytic Converter နေရာမှစကာ ရှေ့အင်္ဂျင် Exhaust Manifold အိတ်ဇောပိုက်နေအထိ တောက်လျှောက် မီးသွေးတုံးမီးဖုတ်ထားသကဲ့သို့ ရဲလာသည်ကို တွေ့ရပါတယ်... ထိုအပူချိန်သည် ဓါတ်ဆီ၊ ဆီငွေ့တင်သာမက အဝတ်စ ပလပ်စတစ် ကော် အမှိုက်ဘာကျကျ မီးလောင်နိုင်သောအပူချိန်ပါ...ပရိုဘောက်ကားများမှာ ပျှမ်းမျှသက်တမ်း အားဖြင့် ၁၀ နှစ်ကျော်နေပြီး မသန့်သော ဆီများထည့်ကာမောင်းနှင်မိပါက ကာဗွန်မီးခိုးအမှုန်များ ပိုမိုထွက်လာကာ Catalytic Converter ပိတ်ရန် အကြောင်းအရင်းများပါတယ်ခင်ဗျာ... (၂)Catalytic Converter ပိတ်သောအကျိုးဆက်ကြောင့် ၁၃၀၀နဲ့ ၁၅၀၀အင်္ဂျင်မှာ အိတ်ဇောငွေ့များကို ပိုမိုတွန်းထုတ်ကာ အလုပ်လုပ်ရသောကြောင့် ရေအပူချိန်အလွန်အမင်းမြင့်မားလာကာ ရေဆူ၍ အင်္ဂျင်နှင့် အင်္ဂျင်ခန်းအပူချိန် အလွန်မြင့်မားလာသောကြောင့်ဖြစ်ပါတယ်...ပရိုဘောက်ကားများမှာ.. ဒိုင်ခွက်အတွင်းတွင် ရေအပူချိန်ပြ မီတာမှာမပါရှိဘဲ ရေမီတာအစား ရေအပူချိန်ကို ပြဒါးတိုင်ပုံစံ မီးအပြာရောင် အနီရောင်ဖြင့်သာ ပြပါတယ်...ရေအေးနေချိန်တွင် အပြာရောင်ထွက်လာပြီး ပုံမှန်အပူချိန်တွင် ဘာမှမပြကာ ရေအပူချိန်မြင့်မားလာချိန်တွင် အနီရောင်မီးလေးဖြင့် သတိပေးပါသည်။ထိုမီးလေးမှာ ယာဉ်မောင်းနှင်နေချိန်တွင် စီယာတိုင်ဂွေဖြင့် ကွယ်နေတတ်ကာ သတိထား၍ ဂရုစိုက်ကြည့်မှသာ မြင်ရတာပါ... တောင်တက်လမ်းနှင့် ဟိုက်ဝေးလမ်းမများပေါ်တွင် အရှိန်ပြင်းစွာဖြင့် မောင်းနှင်နေချိန်တွင် ထိုမီးကို ခဏ ခဏ ငုံ့ကြည့်ရန် ခက်ခဲကာ မိမိအန္တာရယ်ကို ဖိတ်ခေါ်နေသကဲ့သို့ပင်ဖြစ်ပါနေမှာပါ... နောက်တစ်ချက်ရေဆူ နိုင်သော အကြောင်းရင်းမှာ ၁၃၀၀ အင်္ဂျင်နှင့်မမျှအောင် လူနှင့်ဝန်များတင်၍ ရုန်းရသောကြောင့်လည်း ဖြစ်နိုင်ပါသည်။ Catalytic Converter မပိတ်ဘဲ သာမန်ရေဆူချိန်တွင် ရေအပူချိန်မီးကို သတိမပြုမိ၍ ဆက်မောင်းပါက ကွန်နတင်း၊ ကရိုင်း ဘယ်ရင်များသာ ပျော်သွားမည်ဖြစ်ကာ မီးမလောင်နိုင်ပါ။အထက်ဖော်ပြပါ အချက်နှစ်ချက်ဖြင့် လည်းပရိုဘောက်ကား ရုတ်တရက် ဟုန်းကနဲ မီးထမလောင်နိုင်သေးပါဘူးခင်ဗျာ... (၃)မီးလောင်နိုင်စေရန် တတိယအချက်မှာ Catalytic Converter ပိတ်၍ အင်္ဂျင် အပူချိန်အလွန်အမင်း မြင့်မားကာရေဆူ၍ အင်္ဂျင်ခန်း အပူချိန်လွန်ကဲလာ ချိန်တွင် သက်တမ်း ၁၀ နှစ်ကျော်ပြီဖြစ်သော Pressure Fuel Pump ရာဘာပိုက်မှာ အပူချိန်လွန်ကဲသောကြောင့် ရုတ်တရက် ပေါက်ကွဲခြင်း(သို့) ဆီယိုစိမ့်ခြင်းဖြစ်ကာ ရုတ်တရက်ဟုန်းကနဲ မီးလောင်ရန်မှာ အဖြစ်နိုင်ဆုံး ဖြစ်နိုင်ပါတယ်...ထို Pressure Pump ဆီပိုက်များကို အသစ်လဲရာတွင် တော်ရုံကောင်းမွန်သော ပိုက်ကလစ်ဖြင့် ထည့်ကြပ်သည့်တိုင် ဆီတွန်းကန်အား များလွန်းသဖြင့် ဆီယိုစိမ့်တတ်သောကြောင့် ပိုက်ကလစ် အကောင်းစားများ ထည့်ကာ ကြပ်ရသဖြင့် ဆီတွန်းအားများ မများကို ခန့်မှန်းလို့ရပါတယ်ဗျာ... ပရိုဘောက်ကားများတွင် ပိုက်ဆက်ကို O Ring နှင့် ကော်ကလစ်ကို အသုံးပြုထားတာပါ...ဆီပိုက်ပေါက်လျှင်(သို့) ယိုစိမ့်လျှင် ကားမောင်းမရသည်မှာ မှန်သော်လည်း ဆီအပြင်သို့ ထွက်ချိန်နှင့် မီးလောင်ချိန်မှာ တစ်ချိန်တည်းဖြစ်ကာ ထိုအချက်ကို သတိပြုမိရန် အလွန်ခက်ခဲပါတယ်...အဲ့လို အင်္ဂျင်ခန်းအပူချိန် အလွန်မြင့်မားလာချိန်တွင် ဆီ ဆီငွေ့ ရှိသော မည်သည့်နေရာမှမဆို မီးလောင်နိုင်ပါတယ်ဗျာ... မေး။ ဟုတ်ကဲ့ မဖြစ်အောင် ဘာတွေ ကာကွယ်သင့်ပါသလဲ ? ဖြေ။ ကာကွယ်ရန်အချက်များကတော့... (၁) Catalytic Converter ကိုဖြုတ်၍ ရေအားပြင်းသောရေပန့်ဖြင့်ထိုးကာ လေအားပြင်းပြင်ဖြင့် မှုတ်လျှင် လုံးဝနီးပါး ပိတ်နေခြင်းမှ သက်သာလာမည် ဖြစ်ပါသည်။သို့သော် အသစ်ကဲ့သို့တော့ ပွင့်မည်မဟုတ်ပါ။ကျွန်တော်တို့ဆီတွင် Catalytic Converter ပိတ်ပါက အသစ်ဖြတ်လဲပါတယ်...အသစ်သည် အနည်းဆုံး (၅)နှစ်ကျော်တော့ သုံးနိုင်ပါတယ်... Catalytic Converter ကိုလုံးဝ ဖြုတ်မထုတ်သင့်ပါ။Catalytic Converter မရှိပါက မီးခိုးငွေ့များသည် အပြင်သို့ တိုက်ရိုက်ရောက်သွားသောကြောင့် ယာဉ်ထူထပ်သော မြို့ကြီးများတွင် လေထုညစ်ညမ်းစေလို့ပါ... (၂)အင်္ဂျင်ရေအပူချိန်တက်ကာ ရေဆူခြင်းမှ ကာကွယ်နိုင်ရန် Thermostart သာမိုစတတ်များးကို စစ်ဆေးကာ မကောင်းလျှင် အသစ်လဲခြင်း၊ ရေတိုင်ကီနှင့် ရေပိုက်လိုင်းများ ယိုစိမ့်မှု့ရှိမရှိ မကြာမကြာစစ်ခြင်း၊ ရေတိုင်ကီတွင် Toyota coolant ဆေးရည်ကိုသာ သတ်မှတ်အချိန်အဆအတိုင်း ထည့်သုံးခြင်း၊ (ရေတိုင်ကီ Toyota coolant သည် အခြားပြင်ပထုတ် coolant များဖြစ်သော အစိမ်းနှင့် အပြာရောင်တို့နှင့်ရေသုံးက ရေအပူချိန်တက်စေပါသည်) ရေတိုင်ကီအောက်ဘက် ဘယ်/ညာ နှစ်ဘက်တွင် Cooling Fan အထိုင်နှင့် ရေတိုင်ကီကြားတွင် ကျွတ်စခံကာ ရေတိုင်ကီပန်ကာအုံအထိုင်နှင့် ရေတိုင်ကီ ရိုက်ကာ ရေတိုင်ကီပေါက်ခြင်းမှ ကာကွယ်ထားခြင်း၊ (ရေတိုင်ကီ ပန်ကာ အထိုင်နတ်သည် အပေါ်တွင် ၂ လုံးပါပြီး အောက်ဘက်တွင် အလည်တွင် တစ်လုံးတည်းထည့်ထားသောကြောင့် ရေပြန်ဗူးထည့်ထားသော ဘယ်ဘက်အောက်အခြမ်းသည် ပန်ကာအထိုင်နှင့် ရေတိုင်ကီ ပိုက်လိုင်းရိုက်နေကာ ပိုက်လိုင်းပေါက်တတ်ပါသည်) (၃)ရေအပူချိန်ပြမီးသည် မောင်းနှင်နေချိန်တွင် ကြည့်ရန်ခက်ခဲသောကြောင့် ဒက်ဘုတ်ပေါ်တွင် ရေမီတာဒိုင်ခွက်တစ်ခု တပ်ဆင်ထားသင့်ပါတယ်... ရေမီတာဒိုင်ခွက်သည် ရေအပူချိန်အာရုံခံဆင်ဆာနှင့် အတွဲလိုက်ရောင်းသည်ကို ဝယ်မှသာ မီတာမှန်ပါတယ်...ထိုအပိုမီးခေါင်းကို အင်္ဂျင်အပေါ်ရေပြန်ပိုက်နားတွင် ထည့်ဆင်ရမည်ဖြစ်ကာ မီတာတစ်ခုသာဝယ်၍ ECM ကွန်ထရိုးဘေက်သို့ ဝင်သော ရေအပူချိန်ဆင်ဆာမီးကြိုး THW မှ လုံးဝဖောက်မယူလို့မရပါဘူး... (၄)ပျှမ်းမျှ သက်တမ်း ၁၀ နှစ်ကျော်နေသော အင်္ဂျင် Injector ဆီပိုက်ကို ကုမ္ပဏီမှ အသစ်မှာယူ၍ လဲလှယ်သင့်ပါသည်။ပြည်တွင်းမှပစ္စည်းဖြင့်လဲလှယ် လျှင်လည်း အမျိုးအစားကောင်းသော High Pressure Fuel pipe ဖြင့်သာလဲလှယ်သင့်ကြောင်း အကြံပေးချင်ပါတယ်... (၅)ရှေ့စက်ခန်းဖုံးကို မဟထားဘဲ ကျအောင်ပိတ်စေချင်ပါတယ်... လေကာမှန်နားက စက်ဖုံးဒေါက် ဘယ်ညာ နှစ်ဘက်မှာရှိတဲ့... 12 နတ်လေးလုံးကြားမှာ ဘရိတ်အောက်အိုး ပစ္စတင်လေးတွေခံပြီး... စက်ဖုံးနောက်ဖက်မှာ အနည်းငယ် ဟဖွင့်ပြီး ထားသင့်ပါတယ်... ကျွန်တော်တို့ဆီကအင်္ဂျင်တစ်အားပူအောင်မောင်းရတဲ့... Sport ကားတွေ...Big Turbo ထည့်ထားတဲ့ကားတွေ အပူချိန်သက်သာတဲ့အောင် အဲ့လိုစက်ဖုံးနောက်ကို အနည်းငယ်ဟပြီး ဖွင့်ထားတတ်ကြပါတယ်...အင်္ဂျင်ခန်းကလေပူတွေက ဟထားတဲ့နေရာကနေ အမြဲထွက်နိုင်တာမို့...အင်္ဂျင်အပူ သက်သာစေပါတယ်... မေး။ ခုနက ပြောတဲ့အထဲမှာ Catalytic Converter မဖြုတ်သင့်တာ... လေထု ညစ်ညမ်းမှု့တစ်ခုတည်းကြောင့်လား ? ဖြုတ်ထုတ်လိုက်ရင်ရော ECM(Engine Control Module box) ကိုရောထိခိုက် စေနိုင်ပါသလား... ဖြေ။ ဟုတ်ကဲ့ လေထု ညစ်ညမ်းမှု့တစ်ခုထဲအတွက်ပါ... ECM မထိခိုက်ပါဘူးဗျာ...ဘာဖြစ်လို့လဲဆိုတော့ပရိုဘောက်... 1/2 NZ - FE VVT-i ... စနစ်မှာ O2 Sensor က ... OXygen ရာခိုင်နှုန်းကိုသာဖတ်ပြီး... Catalytic Converter အလုပ် လုပ်/မလုပ် ဖတ်တဲ့ ဆင်ဆာမပါလို့ပါ... မေး။ ဒါဆို Catalytic Converter ဖြုတ်ထုတ်လိုက်ရင်... ECU(Engine control unit)စနစ် မထိခိုက်ဘူးပေါ့... ဖြေ။ မထိခိုက်ပါဘူးဗျာ... မေး။ ဒါဆို Catalytic Converter ဖြုတ်ထုတ်သင့်ပါသလား... ဖြေ။ ဒီမေးခွန်းမေးရင်တော့ ကျွန်တော်တိုက်ရိုက်မဖြေနိုင်ပါဘူး... ဘာဖြစ်လို့လဲဆို တစ်ချိန် ရန်ကုန် မန်လေးစတဲ့ မြို့တွေ အပူချိန်လွန်ကဲတာတို့... မျက်လုံးစပ်...လည်ချောင်းနာတွေဖြစ်လာကြရင် အဖြေမှားတဲ့ ကျွန်တော်မှာ... တာဝန်ရှိတဲ့အပြင် အဆင်မသင့်ရင် တရားစွဲတောင်ခံရနိုင်ပါသေးတယ်... ပရိုဘောက်ကားပိုင်ရှင်နဲ့ 2NZ FE VVT- i ကားရှင်တွေကိုလည်း... ကိုယ်ချင်းစာမိပါတယ်...ကားလည်းမီးလောင်ခံရသေး... အမှု့လည်းအဖွင့်ခံရသေးဆိုတော့...ဒုက္ခသံသရာက ဂျာအေးသူအမေရိုက်သလို မုန့်လုံးစက္ကူ ကပ်နေတာလည်း မမြင်ချင်ပါဘူး... Catalytic Converter ဖြုတ်ထုတ်လိုက်ရင်... ကားတော့ မီးဘေးအန္တာရာယ်တော်တော်ကင်းသွားမယ်... ပတ်ဝန်းကျင်လေထုကတော့ ညစ်ညမ်းမယ်.... ဒါကြောင့် ပရိုဘောက်နဲ့ 2NZ FE VVT- i ကားပိုင်ရှင်တွေသာ... ဆုံးဖြတ်ပါ...ကျွန်တော် ဘာမှမပြောလိုပါဘူး... ဒီစကားဟာ တရားခွင်စကားနဲ့ဆို နိမိတ်ပြစကားမဟုတ်တဲ့အကြောင်းလည်း... ကြိုတင်ပြောထားချင်ပါတယ်...ကျွန်တော်သိတာ အသိပညာပေးယုံပါ... သုံးသပ်ပြယုံပါ...Catalytic Converter နဲ့ ပတ်သက်လို့... ဖြုတ်ပါ...မဖြုတ်ပါနဲ့လို့ ကျွန်တော်မပြောပါကြောင်းထပ်မံပြောကြားလိုပါတယ်... မေး။ ဒါက ပြဿနာ တစ်ခုခုဖြစ်မှာစိုးလို့ ကြိုတင်ကာကွယ်ထားတဲ့သဘောလား? ဖြေ။ ဟုတ်ပါတယ်...ဒီအဖြေတွေဟာ တစ်ချိန် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေနဲ့ ပြဿနာ တစ်ခုခုဖြစ်နိုင်တာကြောင့် ကျွန်တော် ဘာမှ မတိုက်တွန်းပါဘူး...ကားရှင်တွေသာဆုံးဖြတ်ရမယ့်အဖြေပါ... မေး။ နောက်ထပ်ဘာများ ထပ်မံပြောချင်ပါသေးလဲခင်ဗျာ... ဖြေ။ တစ်ခုတော့ ပြောစရာရှိပါတယ်...VVT- i(Variable Valve Timing and intelligence system) အင်္ဂျင်များ၏... VVT စနစ်အလုပ်လုပ်ပုံမှာ အင်္ဂျင် Camshaft ကင်းမရှပ်တွင် VVT Pulley ပါရှိပြီး ထိုပူလီအတွင်းတွင် Helical Spline များကို Lock pin ဖြင့်ထိန်းချုပ်ထားကာ Carkshaft Position Sensor, VVT Sensor, Throttle Position Sensor, Mass Air Flow Sensor, Vehicle Speed Sensor, Coolant Temp Sensor, O2Sensor တို့မှ ပေးပို့သောအချက်အလက်များကို ECM(Engine Control Module Box) မှ OCV(Oil Control Valve) သို့ပေးပို့ပြီး OCV နှင့် VVT ပူလီတို့မှ အင်္ဂျင်၏လိုအပ်ချက်အရ ကင်းမရှပ်မှတစ်ဆင့် အင်းတက် ဘားတိုင်ပင်ကို အနည်းငယ်မျှ လိုအပ်သလို အတိုး အလျော့လုပ်ကာ ထိန်းချုပ်ပေးတာမို့... VVT- i အင်္ဂျင်တွေကို အနိမ့်ဆုံး Semi Synthetic Engine Oil ကိုသာ... သုံးစေချင်ပါတယ်ဗျာ... မေး။ ခုလို သေချာရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်... ဖြေ။ ကျွန်တော်ကလည်း အများသိအောင်ရှင်းပြရလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ... မင်ဘာများ အန္တာရာယ်ကင်း၍ ကျန်းမာကြပါစေခင်ဗျာ... Toetar Atoe
မြန်မာပြည် ... RON( Research Octane Number)... ပလပ်(plug) ...ကားရှင်ဒုက္ခနှင့် LPG(Liquefied Petroleum Gas) " မြန်မာပြည်တွင် VVT- i ကားများရော...VVT- i မဟုတ်သည့်ကားများရော... i - DSI , VTEC, i - VTEC တွေရော လဲလိုက်ရသည့် ပလပ်တွေ... မေးလိုက်ကြသည့် ကားရှင်တွေကလည်း မနည်း... ပလပ်ကိစ္စကို မေးလိုက်သည့် ကားရှင်တိုင်း ပလပ်လဲပြီးတာနှင့်မကောင်းလို့... ပလပ်မလဲခင်က တောက်တောက်နဲ့ မီးသံထွက်နေတယ်... ပလပ်လဲပြီးလည်း ခဏသာ ပြန်ထွက်လာတယ်ပေါ့ဗျာ... ထွက်မှာပေါ့... ဆီမှမကောင်းဘဲ Petrol octane rating RON ပြည့်လား မပြည့်လားမသိ...အဲ့လိုဆီတွေ သုံးမိတဲ့အခါကြာတော့ ဆီမသန့်တဲ့အတွက်... ပါလာတဲ့ အပိုဆုလေးတွေက ဆီစစ်မှာပိတ်နေတာ...ရန်ကုန်က လာတဲ့ကားလေးတစ်စီးကို မဆွဲလို့ တာချီလိတ်မှာပြင်တုန်းက အဲ့ဒီဆီစစ်ဟာ... ကျွန်တော့် တွေ့ဖူးသမျှ ဆီစစ်တွေထဲမှာ အညစ်ပတ်ဆုံးပါ... အသစ်လဲဖို့ကလည်း ဆီစစ် မှာရင် ၃ ရက်လောက်ကြာမှာမို့... ကားရှင်တွေ မစောင့်နိုင်တာနဲ့ ဆေးပေးတာတောင် ဓါတ်ဆီ ၄လစ်လောက်ကုန်ပြီး...လေအိုးကြီး ၃ အိုးလောက်နဲ့ အချိန် ၁ နာရီကျော်လောက် ကြာမှ မဲတူးညစ်ပတ်အမှုန်တွေနဲ့ပြည့်နေတဲ့ လေပိတ်နေတဲ့ ဆီစစ်ဟာ... သန့်ရှင်းသွားကာ အဆင်ပြေသွားပါတယ်... ဒါကြောင့် မီးသံတွေထွက်လာပြီဆိုရင် ဆီတိုင်ကီဖြုတ်ဆေး... ဆီစစ်အသစ်လဲ ဆီပိုက်လိုင်းတွေပါလေနဲ့ မှုတ်... ဆီအဟောင်းကို ပြန်မသုံးဘဲ...ဆီအသစ်ထည့်သုံးမှ အဆင်ပြေမှာပါ... ပလပ်တစ်ခုထဲ လဲယုံနဲ့တင် အဆင်မပြေပါဘူး... ဟွန်ဒါ ဖစ် i - DSI အင်္ဂျင်ဆို ကားကပေါက်စလေး... တစ်ခါပလပ်လဲ ၈ လုံး ကြာတော့ ဖစ် i - DSI ဝယ်ထားရင်... ကားပစ္စည်းဆိုင်တွဲဖွင့်ထားရမလိုဖြစ်နေပြီ... ဆီမကောင်းခြင်းရဲ့ အကျိုးဆက်အဖြစ်... ဆီပါဝါမပြည့်တဲ့အတွက် ဆီပိုစားမယ်... ကားဆွဲအားလည်း ၁၀၀ ရာခိုင်နှုန်းမပြည့်ဘူး... ပလပ်တွေ ပျက်စီးမယ်... ဆီမကောင်းလို့ ကာဗွန်ငွေ့တွေပိုထွက်လာမယ်... ကျောက်ဇကာ(Catalytic Converter) ပိတ်မယ်... ကျောက်ဇကာပိတ်တဲ့အချိန်... ရေတိုင်ကီပန်ကာ(Cooling fan)နဲ့ ရေတိုင်ကီရေအေးစနစ်(Radiator cooling system) မကောင်းတဲ့ကားတွေ တောင်တက်တွေနဲ့ ... ရာသီဥတုအရမ်းပူတဲ့အချိန် ရေဆူပြီး အင်္ဂျင်ခန်းအပူချိန်မြင့်ပြီး... ကားမီးလောင်နိုင်ပါတယ်... ပလပ်နဲ့ပတ်သက်ပြီးပြောရင် ကားတိုင်းမှာ အသုံးပြုရမယ့် ပလပ်အမျိုးအစားနဲ့ Iridium , Platinum နံပါတ်တွေနဲ့တစ်ကွ လာပေမယ့်... ကားအမျိုးအစားအလိုက် တစ်မျိုးချင်းမှာရတာခက်တာရယ်... ဈေးနှုန်းကြီးမြင့်မှု့ရယ်ကြောင့် ကျွန်တော်တို့ ပလပ်အမျိုးမျိုးစမ်းသပ်သုံးကြည့်ကာ ဈေးလည်း သက်သာ ကားတိုင်းလိုလိုလည်း ထည့်သုံးလို့ရကာ... သက်တမ်းလည်း အနည်းဆုံး ကီလို ၃၀၀၀၀ မှ ၅၀၀၀၀ ကျော်အထိအသုံးခံတဲ့ ပလပ်အမျိုးအစားတစ်မျိုးကိုသာ သုံးပါတော့တယ်... Octane rating လည်း သိပ်မရွေးပါဘူး... အဲ့အမျိုးအစားကတော့ NGK Platinum BKR6EGP-7092 ပါ... မီးကူးခေါင်းလေးက အပ်ဖျားလောက်သာရှိပါတယ်... ပလပ်နံပါတ်ကို အပေါ်အဖုံးမှာသာရိုက်ထားပြီး... ဘေးဘက်တွေမှာ ရိုက်မထားပါဘူး... ကျွန်တော်တို့ဆီမှာ အရင်ဓါတ်ဆီ အောက်တိန်း ၉၁ နဲ့ ၉၅ ရှိပေမယ့်... ခုဓါတ်ဆီ အောက်တိန်း ၉၁ သာသုံးပါတယ်... နောက်တစ်ခုက LPG ဂက်စ် သုံးတာပါ... ကျွန်တော်တို့ဆီမှာ LPG နဲ့ CNG/NGV (Compressed Natural Gas/Natural Gas Vehicle) ၂ မျိုးရှိပေမယ့် ကျွန်တော်နေတဲ့ နယ်ဘက်မှာတော့... LPG ကိုသာသုံးပါတယ်...ဘာဖြစ်လို့လည်းဆိုတော့ LPG ပန့်တွေဟာ... မြို့တိုင်းတွင်ရှိခြင်း...ဂက်ဖြည့်ရာတွင်လည်း LPG ၄၈ လီတာအိုးမှသည် ၇၅ လီတာအိုးအထိ ၃ မိနစ်မှ ၅ မိနစ်ထက်ပိုမကြာခြင်း... ဂက်ဖြည့်လျှင်မစောင့်ရခြင်းတို့ကြောင့်ဖြစ်ပါတယ်... CNG ကတော့ ဂက်ပန့်လည်းကျွန်တော်တို့နယ်ဘက်တွင်ရှာပါးကာ... မည်သည်နယ်တွင်မဆို ဂက်ဖြည့်လျှင်တန်းစီရပါသေးတယ်... ကိုယ့်အလှည့်ရောက်လို့ ဂက်ဖြည့်တာတောင် ပန့်ကောင်းလျှင် နာရီဝက်ကျော်... ပန့်သိပ်အားမကောင်းလျှင် ၄၅ မိနစ်အထိ ဂက်အိုးပြည့်အောင်စောင့်ရပါတယ်... ဒါကြောင့် ကျွန်တော်တို့ဘက်မှာ LPG သာသုံးကြတာပါ... ပလပ်အကြောင်းပြန်ဆက်ရရင် ဆီက အော်တိန်း ၉၁ သာရှိပါတယ်... LPG Octane rating ကတော့ ၁၀၀ မှ ၁၀၅ အထိရှိပါတယ်... LPG ကအောက်တိန်းမြင့်ပေမယ့် မီးလောင်ပေါက်ကွဲအားနဲ့... ကားဆွဲအားကတော့ ဓါတ်ဆီထက်နည်းနည်းနိမ့်ပါတယ်... ဒီလိုဖြစ်ရတာကတော့ ဂက်စ်ကအေးတာကြောင့် အင်္ဂျင်ထဲရောက်တဲ့အချိန်... မီးလောင်ပေါက်ကွဲအားနည်းပြီး ကားဆွဲအားကျရတာပါ... LPG Reducer ထဲမှာ ရေနွေးလှည့်စနစ်ပါပေမယ့်... ဂက်စ်ဟာ အင်္ဂျင်ထဲရောက်ချိန် အနည်းနဲ့အများအေးနေဆဲပါ... LPG Reducer ထဲ ရေမရောက်တဲ့အချိန်ဆို... LPG Reducer အိုးအပြင်မှာရေခဲတွေဖြစ်နေပါတယ်... ဒါကြောင့် LPG ဂက်စ်လောင်စာသုံးကားတွေဟာ ပလပ်အမျိုးအစားမကောင်းရင် မဆွဲပါဘူး...ကျွန်တော်တို့ နှစ်ပေါင်းများစွာ စမ်းသပ်ပြီးမှ... LPG Mixer နဲ့ဖြစ်စေ LPG Injector နဲ့ဖြစ်စေ... ၉၁ ဆီနဲ့ဖြစ်စေ အားလုံးအဆင်ပြေအောင်သုံးလို့ရတဲ့ ဒီပလပ်ကိုသုံးတာပါ... ခုဆို ဆီလောင်စာစနစ်ကားရော ဂက်လောင်စာစနစ်ကားပါ ဒီအမျိုးအစားတစ်ခုကိုသာသုံးတော့ပါတယ်... တစ်ချို့ ကားကုမ္ပဏီတွေရဲ့ စံနှုန်းမှီ ပလပ်တွေဟာ... အောက်တိန်း ၉၅ မဟုတ်ရင် မဆွဲတာကြောင့် ဒီပလပ်ကိုသာ သုံးရတာပါ... ပလပ်ဝယ်ထည့်တဲ့နေရာမှာလည်း အစစ်ဖြစ်ဖို့တော့ အရေးကြီးပါသေးတယ်... ကျွန်တော်တို့ကတော့ အမြဲတမ်း ကုမ္ပဏီကနေ အလုံး ရာချီမှာပြီးမှ ထည့်ပေးပါတယ်...အသုံးခံသလို ဈေးလည်းမများပါဘူး... ကျွန်တော်တို့ဆီမှာ ကျပ်နဲ့ဆို ၅၀၀၀ တောင်မပြည့်ပါဘူး... အော်တိန်း RON နံပါတ်လည်းမရွေးပါဘူးဗျာ... နောက်တစ်ခုက ကျွန်တော်တို့ မြန်မာပြည်မှာ စံချိန်မပြည့်တဲ့... ဆီတွေကိုတင်သွင်းပြီး တိုင်းတစ်ပါးကို နိုင်ငံခြားငွေပေးနေမယ့်အစား... LPG ဂက်ကို ပြည်တွင်းမှာထုတ်နိုင်အောင်ကြိုးစားသင့်ပါတယ်... ဒါကတော့ ဘယ်အစိုးရတက်တက် လုပ်ကိုလုပ်သင့်တဲ့ အချက်ပါ... ဘာဖြစ်လို့လည်းဆို ဒီသဘာဝဓါတ်ငွေ့ကုန်ကြမ်းတွေက မြန်မာပြည်ကထွက်တာပါ... ကျွန်တော်တို့က နည်းပညာနည်းတော့ သူများပြု ပြင်ပြီး LPG ကို... ဈေးကြီးကြီးပေးကာ သူတစ်ပါးဆီကပြန်ဝယ်သုံးနေရပါတယ်... နယ်စပ်ဒေသတွေမှာပါ... LPG လောင်စာနဲ့မောင်းတဲ့ ကျွန်တော့်ကား ၁၅၀၀ စီစီ ကားလေးဟာ... ခရီးဝေးမောင်းရင် ကီလို ၁၀၀ ကို ဘတ် ၁၂၀ သာကုန်ပါတယ်... ၁ ကီလို ၁.၂၀ ဘတ်သာကျပါတယ်...ကျပ်နဲ့ဆို ၃၆ ကျပ်လောက်သာကျပါတယ်... LPG ဈေးကတော့ ၁ လစ် ၁၄ ဘတ်ပါ...ဒါတောင် ဈေးတက်သွားလို့ပါ... အရင်တုန်းက ၁ လစ် ၁၀. ၄၉ ဘတ်သာရှိပါတယ်... ဓါတ်ဆီနဲ့မောင်းရင် ခရီးဝေး ကီလို ၁၀၀ ကို ၃၆၀ ဘတ်ကျပါတယ်... ၁ ကီလို ၃.၆၀ ဘတ်ကျပါတယ်...LPG နဲ့မောင်းတာထက်... ၃ ဆပိုကုန်ပါတယ်... ဒါကြောင့် ပြည်တွင်းမှာ LPG ထုတ်လုပ်နိုင်ခြင်းအားဖြင့်... ကားရှင်တွေအတွက် ဆီဖိုး ၃ ပုံ ၁ ပုံသာကုန်တော့မယ်... ကုန်ကားတွေလည်း LPG ဆင်လို့ရပါတယ်... အဲ့တော့ ခရီးသွားလာစရိတ်တွေကျလာမယ်... နယ်တွေကနေမြို့ကရောက်လာတဲ့ ကုန်ပစ္စည်းတွေ... မြို့တွေကနေ နယ်တွေရောက်လာတဲ့ ကုန်ပစ္စည်းတွေရဲ့... ဈေးနှုန်းဟာ သယ်ယူပို့ဆောင်ခအပေါ် တိုက်ရိုက်အချိုးကျနေတာမို့... သယ်ယူခ ဈေးကျရင် ကုန်ပစ္စည်းလည်းဈေးကျလာလို့... စားသုံးသူတွေ အသုံးပြုသူတွေ သက်သာချောင်ချိလာမယ်... နောက်ပြီး ကုန်တန်ချိန်သတ်မှတ်ချက်နဲ့ ဆီဖိုးမကိုက်လို့ မပြေးနိုင်လို့... ရပ်ထားရတဲ့ ဆယ်ဘီးကုန်တင်ကားတွေရော ရှိတော့မှာမဟုတ်ဘူး... နောက်အဓိကအချက် ခု ဆီမကောင်းလို့ ဖြစ်နေတဲ့ ဒုက္ခတွေကနေ... ကားရှင်တွေ ကင်းဝေးသွားမယ်... ကားတစ်စီးမှာ...ဓါတ်ဆီနဲ့ ဂက်စ်နဲ့ လောင်စာ ၂ မျိုးလုံးနဲ့ မောင်းနှင်အသုံးပြု နိုင်မယ်...ဓါတ်ဆီကနေ ဂက်စ်ပြောင်းရင် အော်တိုခလုတ်လေးနှိပ်လိုက်ယုံပါ... အကုန်အကျသက်သာပြီး ဘယ်လောက်အဆင်ပြေလည်းဗျာ... ဒါကြောင့်မို့ ကျွန်တော်ကတော့... မော်တော်ယာဉ်အသုံးပြုသူများရော... စာသုံးသူ ကုန်ပစ္စည်းအသုံးပြုသူများပါ သက်သာချောင်ချိရေးအတွက်... မြန်မာပြည်မှာ ဘယ်အစိုးရတက်တက် LPG ထုတ်လုပ်နိုင်အောင်... လုပ်ပေးစေချင်ပါတယ်ခင်ဗျာ... မင်ဘာများ အန္တာရာယ်ကင်း၍ ကျန်းမာရွှင်လန်းကြပါစေဗျာ... Toetar Atoe

Thursday, May 1, 2014

Anti-aging

ဇရာ၏ သဘောကို ပြောင်းပြန် လှန်ပစ်နိုင်သော နုပျိုဆေးကို တွေ့ရှိခဲ့သူ သားသမီး သုံးယောက်မိခင် မေရီသည် သာမန်လူတန်းစားထဲက ဖြစ်သည်။ ဒါပေမဲ့ သူက တကယ့်စံပြ၊ တကယ်တော်သည့် စားသုံးသူတစ်ဦးဟု ဆိုရပါမည်။ သူသည် ကျန်းမာရေး ထိခိုက်မည့် အန္တရာယ်များကို စွန့်စားကျော်လွှားပြီး သူ၏ မျက်နှာပြင်ပေါ်က သက်ကြီးပိုင်း ဇရာ၏ အမှတ်လက္ခဏာ ဖြစ်သော အရေးအကြောင်း ပါးရေနားရေ တွန့်နေသည်များကို ဖျောက်ဖျက်ပစ်ရန် အတွက် ဒေါ်လာထောင်နှင့်ချီ အကုန်ခံ၍ Botox ဆေးကို အသုံးပြုကာ ဘဝ၏ နာရီလက်တံကို ပြောင်းပြန်လှည့်ပစ် လိုက်ပါသည်ဟု ပြောကြသည်။ မေရီသည် အမေရိကန် အများစုလိုပင် သာမန်လူများရသည့် လစာကလေးသာရပြီး နာမည်ကျော် သရုပ်ဆောင်များ အသုံးပြုကြသည့် အသက်အရွယ်ကြီးရင့်မှုကို တိုက်ဖျက်၍ နုပျိုစေသော ထူးခြားသည့် ဆေးဝါးခရင်မ် များ နေ့တိုင်းအသုံးပြုရန် အပိုဝင်ငွေမရှိသူ ဖြစ်ပါသည်။ ကုန်ကျစရိတ် များပြားလွန်းသော ဈေးကြီးသည့် ဆေးဝါးကုသနည်းများကို မလိုအပ်ဘဲ ငွေတွေ အမြောက်အမြား သုံးနိုင်ဖို့ နေနေသာသာ တစ်လနှင့်တစ်လ မျှတအောင် မနည်းကြိုးစား နေရသူထဲကသာ ဖြစ်ပါသည်။ တစ်ခါတုန်းက သူစဉ်းစားခဲ့ဖူးသည်။ ငါငွေတွေချေးပြီး ဘိုတောက် Botox ဆေးထိုးလိုက်ရင် ကောင်းမလားပေါ့။ ဒါတင်မက မျက်နှာကို နုပျိုသွားအောင် ခွဲစိတ် ကုသလိုက်ရရင် ကောင်းမလားဟု စဉ်းစားဆင်ခြင် ကြည့်ခဲ့သည်။ ဒါပေမဲ့လည်း Botox ဆေးသုတေသနနှင့် မျက်နှာခွဲစိတ်၍ နုပျိုအောင် ပြုပြင်ခြင်းများ၏ သုတေသန ပြုချက်များအရ မူမမှန် လုပ်မိခြင်းများ၏ ဇာတ်လမ်းများ ကို ကြောက်လန့်လာခဲ့သည်။ ထို့ကြောင့် မေရီကတခြား ဘေးကင်းပြီး စိတ်လည်းချရကာ ကိုယ်လည်း တတ်နိုင်သည့် ဆေးရည်လေး ရှာဖွေပြီး လိမ်းပါတော့မယ်လေ။ ကြာချင်ကြာ ပါစေ၊ စောင့်ရမှာပေါ့။ နေ့တိုင်းလိမ်းပေးရင် တစ်နေ့တော့ ရလဒ်က ပေါ်လာမှာပဲဟု စိတ်ကိုတုံးတုံးချ ဆုံးဖြတ်လိုက်သည်။ ဘာဖြစ်လို့လဲဆိုတော့ ငွေတွေ အရမ်းမကုန်တော့ အကြွေးတွေလည်း တင်ကျန်မနေ ခဲ့တော့ဘူးပေါ့။ အနေအထား၊ အသွားအလာ၊ အလုပ်လည်း ရပ်မသွားဘူးပေါ့။ ဆဲလ်တွေ ပြန်လည်ရှင်သန် နုပျိုစေသည့် သတင်းရုပ်ရှင်ကို ကြည့်ရှုရပြီး သည့်နောက် မေရီက ယုံကြည်အားထားရသော အရေပြား စောင့်ရှောက်ရေး Skin Care အလှကုမ္ပဏီများ ဖြစ်သည့် Bella Genix & Veloura ကုမ္ပဏီထုတ် အလှကုန် ပစ္စည်းနှစ်မျိုးကို ရှာတွေ့သွားပြီး အသက်ကြီးရင့်မှုအား တိုက်ဖျက်မှု ဆိုင်ရာ လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် လုပ်ပါတော့သည်။ သူ၏ရလဒ်များမှာ Medi Spars and Doctors offices မှာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၃ဝဝဝ နှင့်အထက် အကုန်ကျခံနိုင်မှ ရရှိမည့် ရလဒ်နှင့် ယှဉ်နိုင်သော အခြေအနေကို ဘာမှအသုံးမပြုဘဲနှင့် Bella Genix and Veloura ကိုပဲ သုံးလိုက်သည့်အခါ ရလဒ်ကောင်းများကို ဒေါ်မေရီ ရရှိလိုက်ပါပြီ။ ဒေါ်မေရီ၏ လန့်ဖျပ်သွားလောက်သည့် အောင်မြင်မှု ဇာတ်လမ်းကို အင်တာနက်ပေါ်တွင် တွေ့ရှိရပြီးနောက် ကျွန်တော်တို့ စဉ်းစားမိသည်။ ဒါကတော့ သူ့အဖြစ်ကို လူတွေ သိသင့်တယ်။ သူတို့လည်း မျက်နှာပေါ်က ဇရာရဲ့ ရိုက်ချက် အရေးအကြောင်း ပါးရေနားရေ တွန့်နေတာတွေကို ဖျောက်ဖျက်ပစ်ချင် ကြမှာပဲ။ ဘဝရဲ့ နာရီလက်တံကို ပြောင်းပြန် လည်သွားအောင် လှည့်ချင်ကြမှာပဲဆိုပြီး စာရှုသူပရိသတ်များကို စေတနာနဲ့ မျှဝေသည့် သဘောပါ။ ဒီဆေးရည်က မျက်နှာပေါ်က အရေးအကြောင်း ပါးရေနားရေ တွန့်နေတာတွေ ပျောက်သွားရုံ သာမက လည်ပင်းပေါ်က တွဲကျနေသည့် အရေအတွန့် အလိပ်တွေကိုပါ မျက်နှာပေါ်က အရေပြားတွေလို ပြန်တင်းသွားစေတယ်။ ဒီဆေးအရည်က မေရီရဲ့ ဘဝနဲ့အလှအပြင် မျှော်လင့်ချက်တွေကိုပါ ပြောင်းလဲပစ်လိုက်ပါတယ်။ ခင်ဗျားတို့ လုပ်ရင်လည်း မေရီလိုပဲ လှပသွား၊ စိတ်ချမ်းသာသွားမှာ သေချာတယ်လို့ အသိပေးပါရစေလား ခင်ဗျာ။ ကျွန်မတို့ သုတေသနပြုချက် အပေါ်အခြေပြု၍ Bella Genix and Veloura ခရင်မ်များသည် မယုံနိုင် လောက်အောင် ရလဒ်ကောင်းကို ပေးစွမ်းနိုင်သည့် အပြင် ကျွန်မက လျှော့ဈေးဖြင့် ရလိုက်တာလေ။ ကျွန်မဒါမျိုးကို ဒီလိုဈေးနည်းနည်းနဲ့ ရောင်းချပေးလိမ့်မယ်လို့ မထင်ဘူး။ ဒီလိုဆိုတော့ အရမ်းဈေးကြီးပေးရတဲ့ ဆေးအရည်တွေထက်လည်း ရလဒ်က ပိုကောင်းတယ်။ ဒီဆေးခရင်မ် နှစ်မျိုးကို အညွှန်းအတိုင်း သုံး၍ ၁၄ ရက်ကြာသောအခါ ကျွန်မအမှန်ကို ဝန်ခံရရင် ကျွန်မအသက် အရွယ် ကြီးရင့်မှုကို တိုက်ဖျက်သော ဆေးတွေနဲ့ ကြိုးစား ကြည့်ခဲ့ပါသေးတယ်။ Oil of Olay, Neutrogena နဲ့ တခြားကျွန်မကို ပြန်ပြီး နုပျိုစေမယ့် အရာမှန်သမျှ မရေ တွက်နိုင်တော့ပါဘူး၊ သုံးကြည့်မိခဲ့တာပါ။ ကံမကောင်း အကြောင်း မလှဘူးလို့ပဲ ဆိုရမယ်။ ရလဒ်က ကျွန်မဖြစ်ချင်သလို ဖြစ်မလာဘူး။ ဒါနဲ့ပေါ်လီမွိုက်စ်-ပီအက်စ် မှတ်တမ်းတင်ကားကို ကြည့်ပြီး နောက်တစ်နေ့တွင် တချို့ ဂရုတစိုက် သုတေသန လုပ်ခြင်းမှ Bella Genix & Veloura ကို တွေ့သွားတော့ ကျွန်မစိတ်ထဲမှာ သံသယတွေ ရှိနေတယ်။ မယုံတယုံနဲ့ စမ်းသုံးကြည့် လိုက်တာ အောင်မြင်မှုပေါင်း ကုဋေကုဋာလို့ ဆိုရမှာပါရှင်။ ကျွန်မဘယ်လိုစပြီး စမ်းသပ်သလဲဆိုတော့ အောင်မြင်မှု ဇာတ်လမ်းတွေမှာ Bella Genix & Veloura နှစ်မျိုး ပေါင်းစပ်အ သုံးပြုတာက အကောင်းဆုံး ရလဒ်ကိုပေးတယ်။ အင်တီအောက်ဆီးဒင့် သတ္တိများတယ်။ အရေးအကြောင်းတွေ၊ အရေပြား တွန့်နေတာတွေ ကိုလျှော့ချပေး တယ်။ ဆေးညွှန်းကတော့ နံနက်ပိုင်းမှာ Bella Genix ကို လိမ်းပေးပါ။ ညအိပ်ရာဝင် မအိပ်ခင်မှာ Veloura ကို လိမ်းပေးပါဟု မေရီက ပြောခဲ့သည်။ စသုံးတဲ့ ပထမဆုံးနေ့မှာ ဒီဆေးတွေရဲ့ အာနိသင်ကို ကျွန်မမျက်နှာ အရေပြားတွေမှာ အံ့သြ ဖို့ ကောင်းအောင် ခံစားရတယ်။ မျက်နှာပေါ်က အပေါက်ကလေးတွေ ကျယ်နေတာကို ဆွဲစေ့ပစ် လိုက်တယ်။ မျက်နှာကို ဖုန်စုပ် စက်ကြီးနဲ့ ဆွဲစုပ်နေသလို ခံစားရတယ်။ ကျွန်မပါးပြင် တွေမှာ လည်း နွေးပြီး စပ်ဖျဉ်းဖျဉ်းကြီး၊ တဆစ်ဆစ်နဲ့ ခံစားနေရတယ်။ မျက်လုံးတစ်ဝိုက်နဲ့ နဖူးပြင်ရော အလုပ်ဖြစ်နေတာလေ။ ဒါနဲ့ ကျွန်မမှန်ယူပြီး ကိုယ့်မျက်နှာကို ကြည့်လိုက်မိ တယ်။ မျက်နှာတစ်ခုလုံး နှင်းဆီရောင်ဖြစ်နေတာ တွေ့ရတယ်။ ဓာတ်ရောင်ခြည်တွေနဲ့ အရောင်အသွေး တောက်နေတာ။ ဆိုလိုတာ က သွေးတွေ က ကျွန်မမျက်နှာ အရေပြားအပေါ်ယံကို ချက်ချင်း စီးဝင်လာကြပြီး အာဟာရ ဖြည့်ပေးနေတာပါ။ ဒီလိုထူးဆန်း အံ့သြဖွယ် ခံစားနေရတာ နာရီနှင့်ချီပြီး ကြာပါတယ်။ ဒီလိုနဲ့ နံနက်စောစောဆို BellaGenix လိမ်းလိုက် ညအိပ်ရာဝင်တော့မယ် ဆိုရင် Veloura ကို လိမ်းပေးလိုက်နဲ့ ငါးရက်ကြာသွားတဲ့အခါ မျက်နှာပေါ်က အရေးအကြောင်းတွေ၊ အပေါက်တွေ တွန့်လိမ်နေတဲ့ အရေပြားတွေဟာ မေးစရာတောင် မလိုတော့ဘူး အရမ်းကို အံ့သြသွား ရပါတယ်။ ၁၄ ရက်လည်း လိမ်းပြီးရော ကျွန်မ မယုံတယုံ ဖြစ်နေခဲ့တာတွေ၊ သံသယတွေ ဘယ်ရောက် သွားမှန်းမသိတော့ဘူး ပျောက်ကုန်ပြီ။ Bella Genix & Veloura ခရင်မ်ကို နှစ်ပတ်ကြာ လိမ်းပြီးနောက် ကျွန်မအရေပြားက နုပျိုသွားပြီး နေ့တိုင်းပိုပိုပြီး လှလာကာ လွန်ခဲ့တဲ့ အနှစ် ၂ဝ ငယ်စဉ် ကာလကို ပြန်ရောက်သွားသလိုမျိုး ခံစားရပါတယ်ဟု ပြောပြသည်။ Bella Genix & Veloura ဝယ်လျှင် အခမဲ့ဆေးပုလင်း တစ်ပုလင်း ပေးသေးတယ်၊ ရှင်ဟာ တကယ့် အရည်အသွေးရှိတဲ့ ပစ္စည်းကိုရတာ။ ဘာနှောင်ကြိုးမှ မရှိဘူး။ အကောင်းဆုံး ရလဒ်ရရှိဖို့က ဆေးခရင်မ် နှစ်မျိုးစလုံးကို အတူသုံးချင်စိတ် ဖြစ်လာမှာနော်။ ဆေးခရင်မ်တွေကို ဖောက်သည်ရဲ့ စိတ်ကျေနပ်မှု ၁ဝဝ ရာခိုင်နှုန်း ရှိလာစေရပါမယ်။ မရှိရင် ကျသင့်ငွေကို ပြန်အမ်းပါ့မယ်။ ပို့ခကိုလည်း မယူဘဲ ဒစ်စကောင့် ပေးပါတယ်။ အခုဆိုရင် ၇၁ ဒေါ်လာတောင် မပေးရပါဘူး၊ မြန်မြန်လုပ်နော်။ ဒစ်စကောင့်ဈေးက အမြဲရမှာ မဟုတ်ဘူးဟု မေရီက တိုက်တွန်းသွားပါကြောင်း၊ လူတိုင်း အမျိုးသမီးရော အမျိုးသားတွေပါ နုပျို ရွှင်လန်းဝမ်းမြောက် စေရေးအတွက် သတင်းကောင်း ပါးရင်း ရေးသားအပ်ပါသည်။