Saturday, May 3, 2014

''အဖိုးတန်တဲ့လူသားတစ်ယောက်ဘဝကိုရဖို့ နေ့စဉ်ယတြာချေကြစို့'' Monday, April 28, 2014 ၁။ ဝင်ငွေမ ကောင်းတဲ့အခါချွေတာသုံးစွဲတာ အ ကောင်းဆုံးယတြာ ၂။ လမ်းသွားတဲ့အခါ ကြီးမားတဲ့ဝီရိယထားခြင်းဟာ အန္တရာယ်ကင်းဖို့ အတွက် အ ကောင်းဆုံးယတြာ ၃။ ရန်လိုနေတဲ့လူနဲ့ဖက်ပြိုင်ပြီးမငြင်းတာ အ ကောင်းဆုံးယတြာ ၄။ ဒေါသထွက်စရာ ကြုံတဲ့အခါစိတ်ဖြေသာတဲ့နေရာကို ရှောင် ထွက်သွား ခြင်းဟာ အ ကောင်းဆုံးယတြာ ၅။ မနာလိုဝန်တိုစိတ်ကိုမ မွေးအောင်ကံ ကံရဲ့ အကျိုးကိုလက်ခံနိုင်အောင် ကြိုးစားတာ အ ကောင်းဆုံးယတြာ ၆။ စိတ်ကောင်းထားခြင်း ရိုးသားမှုရှိခြင်းဟာ ကြီးပွားရာ ကြီးပွားကြောင်း အတွက် အ ကောင်းဆုံးယတြာ ၇။ အားလပ်ချိန်မှာ စာဖတ်တဲ့အကျင့်ကို မွေးမြူခြင်းဟာ အသိအလိမ္မာတိုး တက်စေဖို့အတွက်အ ကောင်းဆုံးယတြာ ၈။ ကံဆိုးချိန်မှာ ရတနာသုံးပါးကိုအထူးတလည် ဆည်းကပ်ကိုးကွယ်တာသည် ကံကောင်းတွေ ရောက်စေဖို့အတွက်အ ကောင်းဆုံးယတြာ ၉။ တစ်စုံတစ် ရာ ကျွေးမွေးပေးအပ်သူကို ကျေးဇူးရှင် တစ်ဦးအဖြစ် မ မေ့အပ်တာ အ ကောင်းဆုံးယတြာ ၁၀။ သူ့တာဝန် ကိုယ့်တာဝန်ကို တိတိကျကျ ခွဲခြားပြီး တာဝန်ကျေပွန်စွာ လုပ်တာ အ ကောင်းဆုံးယတြာ ၁၁။ ရှေ့နောက်မြော်မြင် တတ်တဲ့ပညာရှိ လူကြီးမိဘရဲ့ ဆိုဆုံးမမှုကို လိုက်နာတာ အ ကောင်းဆုံးယတြာ ၁၂။ မရ သေးတဲ့ဥစ္စာကိုအပူတပြင်းမ တောင့်တ မလိုချင် တာ စိတ် ချမ်း သာစေဖို့အတွက် အ ကောင်းဆုံးယတြာ ၁၃။ တတ်နိုင် သ လောက်စုဆောင်းသွားတာဟာ အနာဂတ်ခရီးအတွက် အ ကောင်းဆုံးယတြာ ၁၄။ ဘဝအ ရေးနိမ့်တဲ့ကာလမှာစိတ်ဓါတ်ကို ကြံ့ကြံ့ခံနိုင် အောင်သတိထားမွေးမြူခြင်းဟာ မိမိ မပျက်စီးဖို့အတွက်အ ကောင်းဆုံးယတြာ ၁၅။ စီးပွားဖြစ်တဲ့အခါအောက်ခြေမလွတ်အောင် သတိတရားနဲ့နေထိုင် တာ အ ကောင်းဆုံးယတြာ ၁၆။ ငယ်စဉ်အခါ ပညာသင် ချိန်မှာပညာတတ်ရေးတစ်ခုတည်းကို ရှေ့ရှု့ပြီးတစိုက်မတ်မတ် ကြိုးစားခြင်း ဟာ နောင် ရေးအတွက် အ ကောင်းဆုံး ယတြာ ၁၇။ အခွင့်အလမ်းပေါ်လာတဲ့အခါလုံ့လဝီရီယကို ရှေ့တန်းတင်ပြီး အမိအရဆုပ်ကိုင် လိုက်ခြင်းဟာအောင်မြင်ကြီးပွားဖို့အတွက် အ ကောင်းဆုံးယတြာ ၁၈။ ဘာကိုမှမစဉ်းစားပဲ မလုပ်တာမ ပြောတာ နောင် မှနောင် တ ရ တယ်ဆိုတဲ့အဖြစ်မျိုးကို မ ရောက်ဖို့ အတွက်အ ကောင်းဆုံးယတြာ ၁၉။ သုံးနိုင် တဲ့အ ခြေအ နေရှိရက်နဲ့စိတ်ကိုလွှတ်ပေးပြီး အရမ်းမဲ့မသုံးစွဲတာဟာနောင် စိတ်ဆင်းရဲစရာ မကြုံဖို့အတွက်အ ကောင်းဆုံးယတြာ ၂၀။ ဘေးရှိတဲ့စကား ကြမ်းတမ်းတဲ့စကားကိုမဆိုခြင်းဟာ နောင် အခါပြဿနာအရှုပ်အရှင်းနဲ့ ရင် မဆိုင်ရဖို့အတွက်အ ကောင်းဆုံးယတြာ ၂၁။ သူ့ဘက် ကိုယ့်ဘက်မျှမျှတတကြည့်တာ စဉ်းစားတာ လုပ်ကိုင် တာသည်ရေရှည်လက်တွဲဖို့အတွက်အ ကောင်းဆုံးယတြာ ၂၂။ မနိုင် တဲ့ဝန်ကို မထမ်းတာဟာအသက် ရှည်ဖို့အတွက် အ ကောင်း ဆုံးယတြာ ၂၃။ မိမိကိုယ်ကိုအမှန် ရှု့ထောင့်မှဝေဖန်သုံးသပ်တာဟာ ရှေ့လျှောက်ရမယ့်ဘဝခရီးမှာပန်းခင်းလမ်းဖြစ်ဖို့အတွက် အ ကောင်းဆုံးယတြာ ၂၄။ ဒေါသကိုအပြင် မထွက်အောင်ထိန်းနိုင် တာဟာ အစစအရာရာ ပြဿနာနည်းပါးစေဖို့အတွက်အ ကောင်းဆုံးယတြာ ၂၅။ ကျော်ဖြတ် ရတဲ့ဘဝခရီးမှအမှားများကိုဆင်ခြင် သုံးသပ်ပြီးချက်ချင်းပြုပြင် သွားတာ ရှေ့ခရီး ချောမောဖို့အတွက် အ ကောင်းဆုံးယတြာ ၂၆။ အတိတ်ကို ပြန်တွေးပြီးလဲမပူဆွေး အနာဂတ်အ ရေးကိုလှမ်း မျှော်ပြီးလည်းမပူပန် ပစ္စုပ္ပန်တည့်တည့်မှာသာရပ်ပြီးလုပ်သင့်လုပ် ထိုက်တာတွေကိုလုပ်ကိုင် သွားတာဟာတိုးတက်ဖို့အတွက်အ ကောင်း ဆုံးယတြာ ၂၇။ အ ကောင်းမြင် ဝါဒနဲ့ဘဝခရီးကိုဆက်ခြင်းဟာ အ ကောင်းဆုံးယတြာ ၂၈။ ကျန်းမာရေးယိုယွင်းစေတဲ့အပျော်အပါး လိုက်စားမှု မူးယစ်ဆေးဝါးနဲ့အရက် သေစာကို ရှောင် ရှားတာဟာ အသက် ရှည် ကျန်းမာစေ ဖို့အတွက်အ ကောင်းဆုံးယတြာပါ။ နေ့စဉ်ဒီအချက်က လေးတွေနဲ့အညီကျင့်ကြံနေထိုင် သွားကြမယ်ဆိုရင်တော့ယတြာဆိုတာအထူးချေစရာမလိုပါဘူး လို့ပြောချင် ပါတယ် သူငယ်ချင်းတို့ ဒါ့ကြောင့်---- ''အဖိုးတန်တဲ့လူသားတစ်ယောက်ဘဝကိုရဖို့ နေ့စဉ်ယတြာချေကြစို့'' ကိုးဘွဲ့ ရဆရာတော် အရှင်အာစာရာလင်္ကာရ
လုပ်ငန်းခွင်တွင် မိမိကို မတိုးတက်စေသည့် အကြောင်းရင်းများ ပညာမာန ထားခြင်း အိုင်တီလောကမှ ရယ်လို့ မဟုတ်ပါဘူး။ ဘယ် ပညာရပ်နဲ့ လုပ်ငန်းမှာပဲ ဖြစ်ဖြစ်ပါ။ ကိုယ် မသိလို့ သိတဲ့သူဆီမှာ မေးမြန်းချည်းကပ်တဲ့ အခါ ငါက ဘာဘွဲ့ရထားတာ၊ ငါက ဘယ်လို အရည်အချင်းရှိတာ ဆိုတဲ့ မာန မျိုး၊ အတွေးမျိုး ဝင်နေရင် ကိုယ် ဘာမှ မတတ်တော့ပါဘူး။ အိပ်ချင် ယောင်ဆောင်တဲ့ သူကို နိုးရခက်သလို၊ မသိပဲ သိချင်ယောင်ဆောင် နေတဲ့သူကို သင်ရ၊ ပြောပြရ၊ ရှင်းပြရ အတော်ခက်ပါတယ်။ ဒီတော့ ရလဒ်ကတော့ ပညာ မာန ထားသူဟာ လုပ်ငန်းခွင်မှာ မကျရှုံးရင်တောင် မတိုးတက်တော့ပါဘူး။ လောဘကြီးခြင်း လောဘဆိုတာ ဒီလိုပါ။ အချို့ က ကုမ္မဏီပိုင်ရှင်၊ စီးပွားရေး လုပ်ငန်းရှင်၊ သူဌေး အစရှိသဖြင့် ဖြစ်ချင်နေကြပါတယ်။ သို့ပေမယ့် ဝန်ထမ်းကောင်း၊ နောက်လိုက်ကောင်း တစ်ယောက် ဖြစ်အောင် လေ့လာ ကျင့်ကြံ အားထုတ်ဖို့ကျ မကြိုးစားကြပါဘူး။ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ချင်သူက အရင်ဆုံး နောက်လိုက်ကောင်း ဖြစ်ဖို့ လိုအပ်ပါတယ်။ နောက်ကနေ ကန့်လန့်တိုက်ပြီး ဆက်တိုက်လိုက်တာတဲ့ သူကို ခေါင်းဆောင်အဖြစ် ခန့်အပ်တဲ့အခါ ယင်း အဖွဲ့အစည်းဟာ မအောင်မြင် နိုင်တော့ပါဘူး။ ဒေါသ ထားခြင်း ဒေါသဆိုတာ အမှန်တော့ ကပ်သွက်တာပါ။ သင်ကောင်းလျှင် ကျုပ်မဆိုးပါ။ သင်ဆိုးလျှင် ကျုပ်ဆိုးမည် ဆိုတော ဒေါသကြီးသူတို့ လုပ်ရပ်ပါ။ ဘယ်လုပ်ငန်းခွင် မှာမဆို ဒီလိုပဲ သူက ဒီလောက်ပဲလုပ်လို့ ငါလည်း ဒီလောက်ပဲ လုပ်မယ်။ ငါဒီလောက်လုပ်တာကို သူတို့အသိအမှတ်မပြုလို့ ငါ မလုပ်တော့ဘူး အစရှိသဖြင့် ဒေါသထားခြင်းကလည်း လုပ်ငန်းခွင်မှာ ကျရှုံး စေပါတယ်။ ပျင်းရိခြင်း အချို့ က သိသိသာသာပျင်းပါတယ်။ အချို့ က မသိမသာ ပျင်းပါတယ်။ အချို့  က ပျင်းပေမယ့် မပျင်းချင်ယောင်ဆာင် တတ်ပါတယ်။ ဒီလောက်ခိုင်းလို့ ဒီလောက်ပဲ ပြီးအောင်လုပ်မယ်။ သူခိုင်းတာလောက်ပဲ လုပ်မယ်။ အစရှိသဖြင့် ခိုင်းတာပဲ လုပ်တတ်နေသူဟာ အခိုင်းခံသူပဲ ဖြစ် မှာပါ။ ခိုင်းမယ့်သူ ဖြစ်မလာပါဘူး။ ဆက်ဆံရေး ညံ့ဖျင်းခြင်း လုပ်ငန်းခွင်မှာ ဆက်ဆံရေးကလည်း အင်မတန် အရေးကြီးပါတယ်။ ဘယ်လောက်ပဲ တော်တယ်ပြောပြော၊ တတ်တယ်ပြောပြော ကိုယ့်မှာ ရှိတဲ့ အရည်အချင်းကို တစ်ဖက်သား သိအောင် ထုတ်ဖော်မပြောတတ် တာတွေ၊ ပြောတော့လည်း တစ်လွဲပြောတာတွေ အစရှိသဖြင့် ဆက်ဆံရေး ညံ့ဖျင်းမှုများကလည်း လုပ်ငန်းခွင်မှာ မတိုးတက် စေပါဘူး။ လေ့လာဆည်းပူးမှု မရှိခြင်း ဆက်လက်လေ့လာဆည်းပူးမှုမရှိဘူး။ လုပ်တဲ့အလုပ်မှာလဲ ပေးအပ်တဲ့ တာဝန်က လွဲလို့ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာမှု မရှိရင်လည်း မတိုးတက် ပါဘူး။ ... လုပ်ငန်းခွင်မှာ မတိုးတက်စေမယ့် အချက်များကို ရေးသား မျှဝေ ပေးလိုက် ရပါတယ်။ . (ရိုးရာလေး)
ဘဝအတွက် ကြိုးစားနေချိန် ဒါတွေ ရှောင်ပါ ............................................................................. မပျင်းနဲ့ ပျင်းရိနေရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်တစ်ခုကို တော်တော်နဲ့ မရောက်ဘူး။ ပြောတုန်းကတော့ စီမံကိန်း ချတုန်း ကတော့ မိုးလားကဲလားနဲ့ တကယ်လည်း လုပ်မယ်ကျတော့ နေပူတယ်၊ မိုးရွာတယ်၊ ဇာတ်ကျောတတ်တယ်၊ ခေါင်းကိုက်တယ်၊ ဖျားတယ်နဲ့ဆို တော်တော်နဲ့ ခရီး မရောက်တော့ဘူးလေ။ ဒီတော့ မပျင်းဖို့လိုပါတယ်။ မတွေဝေနဲ့ လောကီလူသားပေးပဲ။ တစ်ခါခါ ကြိုးစားနေရင်းနဲ့ စိတ်ဓာတ်ကျတဲ့အခါ ကြုံတတ်မယ်။ ငါဘာလုပ်နေတာ ပါလိမ့်။ ဒါကို လုပ်လိုက်တော့ကော ငါ့အတွက် ဘာထူးလာမှာလဲ။ အဲ့ထက်ဆိုးတာက တစ်ခုခုကို ရည်ရွယ်ပြီး လုပ်နေရင်းတန်းလန်း ရည်ရွယ်ချက်ပျောက်သွားတာမျိုးပေါ့။ အဲဒါ တွေဝေတာ။ ကြိုးစားနေသူ တစ်ယောက်က မတွေဝေဘူး။ ခဏလေး ပျင်းလို့ ဟိုတွေးဒီတွေး လုပ်လိုက်တာနဲ့ တွေဝေ သွားတတ်ပါတယ်။ ဒီတော့ တွေဝေရင် ဘဝခရီးနှောင်နှေးပါတယ်။ မစိုးရိမ်နဲ့ ဖြစ်တောင်မလာသေးဘူး။ ငါလုပ်ကောလုပ်နိုင်ပါ့မလား။ ငါ့အတွက် လုံလောက်တဲ့ Resource တွေ ရှိကော ရှိရဲ့  လား။ လုပ်လိုက်တာတော့ ဟုတ်ပါပြီ။ ရလဒ်က သေချာပါ့မလား အစရှိသဖြင့် စိုးရိမ်စိတ် ဝင်တတ် ကြပါတယ်။ ဒါတွေက မလုပ်ခင် မလျှောက်ခင်ကတည်းက Plan ချထားရမှာလေ။ အဲဒါတွေ မချထားရင်တော့ စိုးရိမ်စိတ်က အမြဲလိုလို ဝင်နေမှာပဲ။ အားမငယ်နဲ့ ငါ့ဘော်ဒါတွေများ၊ သူတို့တွေများ ဘာတွေဖြစ်ကုန်ပြီ၊ ညာတွေဖြစ်ကုန်ပြီ၊ ငါ့ကျတော့ ဘာမှ ဖြစ်မလာသေးပါလား အစရှိသဖြင့် အားငယ်စိတ်က တော်တော်များများ ဝင်တတ်ကြပါတယ်။ အဲ့လို ဝင်စရာမလိုပါဘူးကွယ်။ သူတို့လည်း ထမင်းစား၊ တို့လည်း ထမင်းစားပေမယ့် ဘဝပေး ကုသိုလ်၊ ကံကြမ္မာကြောင့် သူတို့မြန်မြန် ဖြစ်သွားကြတာပဲ။ (ဘာဖြစ်တာလဲတော့ မသိဘူး) ကိုယ်က ဘဝရဲ့ အဓိပ္ပါယ် ကို သူတို့ စောစော စီးစီး ရှာမှီးခွင့် ရတယ်လို့ သဘော ထားလိုက်။ ဘာကြီးဖြစ်မှ၊ ညာကြီးဖြစ်မှ အောင်မြင်တယ်လို့ မခေါ်ဘူး။ ကိုယ်ကျင်လည်နေရတဲ့အခြေအနေထဲမှာ စိတ်အကျေနပ်ဆုံး အကောင်းဆုံး ဖန်တီးလိုက်နိုင်ခြင်းကလည်း အောင်မြင်ခြင်း တစ်မျိုးပဲ။ ပြီးတော့မှ နောက်တစ်ဆင့်တက်ပေါ့။ ဒီတော့ တွေးပြီး အားငယ်နေမယ့်အစား သူတို့ထက် ပိုပြီး ကြိုးစားဖို့ အားရှိနေလို့ နောက်ကျ တယ်ဆိုတဲ့ ခံယူချက် ထားရပါမယ်။ လုံးဝ အားမငယ်ပါနဲ့။ အချစ်ဆိပ် မတက်နဲ့ ထူးဆန်းတယ်ဟုတ်။ မထူးဆန်းပါဘူး။ ပတ်ဝန်းကျင်မှာ တွေ့နေရလို့ပါ။ လူတွေက ကြိုးစားနေရင်းနဲ့ အရမ်း Romantic ဆန်သွားရင် ရောင့်ရဲသွားတတ်ကြပါတယ်။ တော်ပြီလေ။ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရတာမျိုးမဟုတ်တောင် တိုက်ခန်းလေးတစ်လုံး နဲ့ နေရရင်ပြီးပါပြီဆိုတာမျိုးနဲ့ ဘဝရည်မှန်းချက် တွေကို အတိုက်စားခံလိုက်ကြတယ်။ စိတ်ညစ်နေတုန်း အားပေးဖော်လေးရှိ၊ ပင်ပန်းနေတုန်း ရေတိုက်မယ့်သူရှိ တာက ကောင်းပေမယ့် ဘယ်သွားသွား ခြေတောက်မှာ တွဲပါနေမယ့် ကျောက်ခဲတုံးကြီးဖြစ်နေရင်တော့ လုံးဝ မကောင်းဘူး။ စိတ်နှလုံး ယာယီပျော်ရွှင်မှုအတွက် အတ္တစိတ် နည်းဖို့အတွက် ပေးဆပ် တယ်ဆိုတဲ့ အချစ်မျိုးက လိုအပ်တာတော့ ဟုတ်ပါတယ်။ သို့ပေမယ့် အလုပ်လုပ်နေလည်း ဖုန်းတွေဆက်၊ ညအိပ်လည်းဆက်၊ မအိပ်လည်းဆက်၊ တစ်ပတ်မှာ ၇ ရက်တွေ့၊ တွေ့တော့ ၂၄ နာရီ၊ ၈ နာရီက အပြင်မှာ ၈ နာရီက အွန်လိုင်းမှာ အိပ်ချိန်တောင် ညက အိပ်မက်ဆိုး မက်လို့ ကိုကို့ကို သတိရလို့ပါ ဘာညာနဲ့ မိမိရဲ့ တိုးတက်ချင်တဲ့ စိတ်ကလေးတွေ ရောင့်ရဲ သွားကြမှာ အမှန်ပါပဲ။ ဒီတော့ ချစ်တော့ ချစ်နိုင်ပါတယ်။ သို့ပေမယ့် Target တစ်ခုထားပြီး ကြိုးစားနေစဉ် ကာလမှာ အဆိပ်တော့ မတတ်ပါနဲ့။ ဖြေဆေးမရှိပါဘူး။ ကြိုးစားနေတဲ့ လူငယ်တွေအတွက် ကျရှံးစေမယ့် အကြောင်းပြချက် တစ်ခု ဖြစ်ပါတယ်။ အပျော်မမက်နဲ့ စိတ်ထွက်ပေါက်၊ စိတ်ထွက်ပေါက်ဆိုပြီး ဘော်ဒါတွေနဲ့ သောက်လိုက်မယ်။ စားလိုက်မယ်။ ကဲလိုက်မယ်။ လုပ်တော့ လုပ်ပေါ့။ ဒါကိုလည်း Limit လေးတော့ ထားလေ။ ကိုယ်လက်ရှိ လုပ်နေတဲ့ လုပ်ငန်းဆောင်တာတွေ ကို ပျက်ပြားလောက်အောင် အပျော်တွေ အရမ်းများနေရင်လည်း မကောင်းဘူး။ ပြီးတော့မှ ငါ့ကို အရက်ဝိုင်းတိုက် ကောင်တွေ သူတို့ကျတော့ Project ပြီးသွားပါလားဟ ဆိုပြီး နောင်တတွေ ရနေလိမ့်မယ်။ အချို့ က ကိုယ့် အောင်မြင်မှုအတွက် တစ်ဖက်သားကို လမ်းလွဲအောင်လုပ်ဖို့ ဝန်မလေးဘူး။ ဒီတော့ ကိုယ့်ကိုအချိုသတ်ပြီး ဆီစမ်း ပဲဆီနံလေး မွေးလိုက်တာလို့ ရေရွတ်နေရင်း ဘဝပျက်သွားပါမယ်။ အချို့ ကျတော့လည်း ဘယ်သူမှ မဖျက်ပဲ ကိုယ်တိုင် ဝါသနာနဲ့ကို ပျော်တတ်တာလည်း ရှိတယ်လေ။ Limit လေးနဲ့တော့ ကဲကြပေါ့။ အိနြေ္ဒရရလေး ပျော်နိုင်ပါတယ်။ ဒါနဲ့ ထပ်လောင်းပြောချင်တာက ကြိုးစားနေတဲ့ ဘဝရဲ့  အရသာဆိုတာဟာလည်း ပန်းတိုင်ရောက်မှခူးဆွတ်ရမှာ မဟုတ်ပါဘူးနော်။ အသီးမသီးသေးပေမယ့် အရွက်တွေ ခူးပြီး ဟင်းစားလုပ်နိုင်ပါသေးတယ်။ တစ်ခါတစ်လေကျ ကြိုးစားနေရင်းနဲ့ အချို့ က Quality of Life ကိုမေ့သွားကြတယ်လေ။ ဒီတော့ အောင်မြင်မှုအတွက် ပန်းတိုင်ကို ထားရှိပေမယ့် ပျော်ရွှင်မှုအတွက်ကတော့ စက္ကန့်တိုင်းဟာ ပန်းတိုင်ပါပဲ။ အားလုံး ကြိုးစားရကျိုးနှပ်တဲ့ ပန်းတိုင်တစ်ခုသို့ ရောက်ရှိနိုင်ကြပါစေ။ အောင်ခမ်း (ရိုးရာလေး)
ရုတ်တရက် လေဖြတ်ခံရသောလူနာကို အမြန်ကယ်ဆယ် ကုသနည်း ====================================== (၁) လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သော နေရာမှ ရွှေ့ပြောင်းသယ်မခြင်း မပြုရပါ။ ထိုသို့ချက်ခြင်းရွှေ့ပြောင်းသယ်ဆောင်ပါက ကားဆောင့်ခြင်း အစရှိသော လှုပ်ရှားခြင်း ဒဏ်များကြောင့် ဦးနှောက် သွေးကြောငယ်များကို လျှင်မြန်စွာ ပေါက်ကွဲစေပြီး လူနာ၏ အခြေအနေကို ပိုဆိုးစေပါသည်။ ထို့ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။ (၂) လူနာကိုဖြစ်သည့် နေရာတွင်ပင် အသာ,ထူမပေးပြီး ပြန်လဲ မကျအောင် အသာမှေးပြီး ထိုင်စေရပါမည်။ လူနာကိုယ်တိုင် မထိုင်နိုင်ပါက ဘေးမှတစ်ဦးက ထူမပေးထားပါ။ ပြီးနောက် ပိုးသတ်ထားသော ဆေးထိုးအပ် (သို့) လက်အပ်ဖြင့် လူနာ၏လက်ချောင်း ဆယ်ချောင်း ထိပ်ဖျားများကို (ပဲစေ့ခန့်) သွေးတစ်စက်စီ ထွက်လာအောင် ဖောက်ပေးပါ။ ဖောက်ရုံမျှဖြင့် သွေးမထွက်ပါက လက်ဖြင့် ညှစ်ထုတ်ပေးပါ။ ထိုသို့ သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း လူနာပြန်လည် သတိရ လာပါလိမ့်မည်။ (၃) လူနာပါးစပ် ရွဲ့သွားပါက လူနာ၏ နားရွက်နှစ်ဖက်ကို နီလာသည်အထိ လက်ဖြင့် ပွတ်သပ်ပေးပါ။ နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့် နေရာ) ကို ပိုးသတ် ထားသောအပ်ဖြင့် တစ်ဖက်လျှင် နှစ်ပေါက်စီ ဖောက်ပေးပါ။ နားရွက်နှစ်ဖက် လုံးမှ (ပဲစေ့ခန့်) သွေးနှစ်စက်စီ ထွက်လာပြီး မိနစ်ပိုင်းအတွင်း ရွဲ့နေသောပါးစပ် ပြန်တည့် သွားပါလိမ့်မည်။ (၄) ထိုအခြေအနေ ရောက်သည်အထိ ပြုစုပြီးမှ ဆေးရုံ၊ ဆေးပေးခန်းသို့ ခေါ်သွားစေလိုပါသည်။ ထိုအခြေအနေရောက်အောင် စောင့်ပြီးမှ ဆေးကုသခံစေပါက (၁) အကြောသေခြင်း (၂) ကိုယ်တစ်ခြမ်းသေခြင်း (၃) ခြေလက်လှုပ်မရခြင်း (၄) စကားမပီသခြင်း စသည်တို့ လုံးဝမဖြစ်နိုင်တော့ပါ။ လက်တွေ့ ပျောက်ကင်း သက်သာ စေသောနည်း ဖြစ်ပါသည်။ လေဖြတ်ခြင်း ဝေဒနာမှ ကင်းဝေးစေရန် အတွက် ကုသိုလ်ပြုလိုက်ပါသည်။ တရုတ်ပြည်မှ ပေးပို့သော တရုတ်ရိုးရာ ဆေးကျမ်းမှ တိုက်ရိုက် ဘာသာပြန်ဆိုထား ပါသည်။ Page ၀န်ဆောင်မှုပေးခြင်း မှ ပြန်လည်မျှဝေပါသည်။ Credit to Original Writer
ချစ်သက်တမ်း ရှည်စေမယ့် နည်းလမ်းကောင်းများ ကိုယ်တကယ် ချစ်ရသူနဲ့ ရေရှည်လက်တွဲသွားဖို့ စဉ်းစားထားပြီဆိုရင် သူနဲ့ချစ်သက်တမ်းက ၆လဖြစ်ဖြစ်၊ ၆နှစ်ဖြစ်ဖြစ် နှစ်ဦးကြားမှာ ပျင်းရိသွားတာမျိုး၊ အချစ်တွေက အရင်လို ချစ်ခါစ၊ ကြိုက်ခါစအချိန်တွေကလို လတ်ဆတ်နေအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။ ၁။ မနေ့တနေ့ကမှ ချစ်သူဖြစ်သလို တစ်ဦးနဲ့တစ်ဦးဆက်ဆံပါ။ သူနဲ့ကိုယ်တွဲခဲ့တဲ့အချိန်က ဘယ်လောက်ကြာကြာ မနေ့တနေ့ကမှ ချစ်သူရည်းစားဖြစ်သလို နေထိုင်ပြောဆိုပါ။ ကိုယ့်ချစ်သူကို ဂရုစိုက်တာ၊ သဲသဲလှုပ်တာဟာ အပြစ်မဟုတ်ပါဘူး။ နှစ်ဦးသားပိုမိုအဆင်ပြေစေမယ့်အရာသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရည်းစားဖြစ်ခါစ အချိန်တွေအတိုင်း ကိုယ့်ချစ်သူကို ဂရုစိုက်ပြီး ကြင်နာယုယပေးပါ။ ၂။သူငယ်ချင်းတွေရဲ့ ချစ်ရေးချစ်ရာ ကိစ္စတွေမှာ ပါဝင်ခြင်းမပြုလုပ်ပါနဲ့။ ကိုယ့်သူငယ်ချင်းနဲ့ သူကောင်မလေး လမ်းခွဲမယ့်ကိစ္စမျိုးတွေမှာ ကိုယ်က အားပေးအားမြှောက်ဝင်လုပ်တာမျိုး၊ အကြံဥာဏ်ပေးတာမျိုးတွေ မလုပ်ပါနဲ့။ သူတို့နှစ်ဦး အဆင်ပြေအောင် ပြောဆိုပေးတတ်သူသာ ဖြစ်ပါစေ။ ဒီလိုဆို ကိုယ့်ချစ်သူကလည်း မသိစိတ်ကနေ ကိုယ့်ကိုယုံကြည်မှုတွေ ပိုလာမှာပါ။ ၃။နားလည်မှုထားပါ။ နှစ်ဦးသဘောတူ တိုင်ပင်ထားတဲ့ အရာတွေကို အမြဲတမ်း ပြောဆိုပေးပါ။ နှစ်ဦးသား ဘယ်အချိန်မှာ ဘာတွေလုပ်မယ်။ နှစ်ယောက်မှာ တစ်ယောက်က အောင်မြင်သွားပါစေ၊ ကျန်တဲ့တစ်ယောက်က ပျော်ရွှင်ပေးနိုင်ရမယ်။ တစ်ယောက်ကလည်း ကိုယ့်ချစ်သူကို အထင်သေး၊ အမြင်သေး မဖြစ်ရဘူး။ ဘယ်လိုနေ့မျိုးလေးတွေမှာ ဘာတွေအတူတူလုပ်ကြမယ် စသဖြင့် နှစ်ဦးသားပြောခဲ့ဖူးတဲ့၊ တိုင်ပင်ခဲ့ဖူးတာတွေကို မေ့မပစ်လိုက်ပါနဲ့။ နိုင်ငံတကာမှာဆိုရင် ချစ်သူရည်းစားစုံတွဲတွေ၊ အိမ်ထောင်သည်တွေမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုမိုအောင်မြင်သွားတယ်ဆိုရင် ကွဲကြတာ များပါတယ်တဲ့။ ဘာ့ကြောင့်လဲဆိုတော့ အမျိုးသားတွေဟာ သူတို့အမျိုးသမီးတွေရဲ့ အောင်မြင်မှုအပေါ် စိတ်မသက်မသာဖြစ်လာတာကြောင့်လို့ သိရပြီး အမျိုးသမီးတွေကတော့ ငါတို့ဒီလောက်လုပ်နိုင်နေပြီပဲ။ ဘာ့ကြောင့်ဒီလို စိတ်ညစ်စရာကောင်းတဲ့ ဆက်ဆံရေးကနေ မစွန့်ခွာနိုင်ရမှာလဲ ဆိုပြီး တွေးတာကြလို့ပါတဲ့။ ၄။လူမှုကွန်ယက်တွေ၊ ဖုန်းတွေထက် ချစ်သူကို အချိန်ပေးပါ။ နှစ်ဦးသားဆုံတွေ့ချိန်တွေမှာဖြစ်စေ၊ သူနဲ့အတူ မရှိချိန်တွေမှာဖြစ်စေ ဖေ့စ်ဘွခ်လို လူမှုကွန်ယက်တွေကိုပဲ အာရုံရောက်နေမယ်၊ ဖုန်းကိုပဲ ကလိနေတတ်သူဆိုရင်လည်း ဒီအကျင့်လေးကို ပြင်ဖို့ပြောပါရစေ။ ၅။တစ်ဦးနဲ့တစ်ဦး ငြင်းခုန်ချိန်တိုင်း အရင်ကဖြစ်ခဲ့တာတွေကို ပြန်မထောက်ပြပါနဲ့။ အချိန်တိုင်း အဆင်ပြေနေတဲ့ ချစ်သူစုံတွဲဆိုတာကတော့ မရှိသလောက်ရှားပါတယ်။ တစ်ဦးနဲ့တစ်ဦး ရန်ဖြစ်၊ ငြင်းခုန်တိုင်း အရင်တုန်းက ကိုယ်မကျေနပ်တဲ့ကိစ္စတွေကို ပြန်ထောက်ပြပြောဆိုတာမျိုး အတတ်နိုင်ဆုံး ရှောင်ပါ။ အထူးသဖြင့် ပိုက်ဆံကိစ္စတွေပေါ့။ ငါ့တုန်းက နင်အဲ့ဒီလိုဖြစ်နေတုန်းက ငွေဘယ်လောက် သုံးလိုက်ရတယ်၊ နင်ကျတော့ ဒီလောက်လေးတောင် အဖြစ်မရှိဘူး စတာမျိုးတွေ မပြောမိဖို့ သတိထားပါ။ ၆။တစ်ဦးရဲ့ယုံကြည်မှုတိုးပွားအောင် တစ်ဦးက ပြောဆိုပေးပါ။ ကိုယ်က အရမ်းချောပြီး၊ ကိုယ့်ချစ်သူကတော့ သာမာန်ပဲမို့လို့ သူက စိတ်အားငယ်တယ်လို့ထင်ရင် သူ့ကိုဘာ့ကြောင့် ချစ်ခဲ့ရတာ၊ သူ့ရဲ့အားသာချက်တွေက ဘာဆိုတာ သူသိအောင် ပြောပြပေးပါ။ သူ့ရဲ့အားနည်းချက်တွေကို အားသာချက်ဖြစ်အောင် ပြောပြပေးပါ။ ၇။ကိုယ့်ချစ်သူကို ကိုယ်လေစားရတဲ့၊ ကြိုက်ရတဲ့ အနုပညာရှင်တွေနဲ့ မနှိုင်းပါနဲ့။ ကိုယ့်အခန်းနံရံမှာ ကပ်ထားတဲ့ နိုင်ငံခြားက မင်းသား၊ မင်းသမီးတွေနဲ့ ကိုယ့်ချစ်သူကို မနှိုင်းပါနဲ့။ သူတို့က ဘယ်လိုမိုက်တာ၊ ဘယ်လိုတော်တာ၊ မင်းကရော ဆိုတာမျိုးတွေ နှိုင်းယှဉ်ခြင်းဟာ တော်တော်လေးကို ကလေးဆန်ပါတယ်။
ဆီးချိုရောဂါကာကွယ်နည်းများ ▬▬▬▬▬▬▬▬▬▬▬ ဆီးချိုသွေးချိုရောဂါမှာ (၁)ဆီးချိုသွေးချိုရောဂါအမျိုးအစား (၂)ဆီးချိုသွေးချိုရောဂါ ဆိုပြီးရှိပါတယ်။ ဆီးချိုရောဂါသည် ၁၀၀မှာ ၉၉%က အမျိုးအစား(၂)ဆီးချိုရောဂါသည်တွေ ဖြစ်ကြပါတယ်။ အခုဖြေကြားမယ့်အကြောင်းတွေက အမျိုးအစား(၂) ဆီးချိုရောဂါအကြောင်း ဖြစ်ပါတယ်။ ဆီးချိုရောဂါဟာကာကွယ်လို့ရပါတယ်။ဆီးချိုရောဂါဟာမျိုးရိုးဗီဇရယ်၊ပတ်ဝန်းကျင်ရယ်ပေါင်းပြီးမှဖြစ်လာတာပါ။မျိုးရိုးဗီဇမှာဆီးချိုရောဂါပါလာပေမယ့်ပတ်ဝန်းကျင်ကောင်းရင်မဖြစ်ပါဘူး။ပတ်ဝန်းကျင်ဆိုတာကတော့နေထိုင်မှုနဲ့စားသောက်မှုတွေပဲဖြစ်ပါတယ်။ မှန်ကန်တဲ့လူနေမှုစားသောက်ပုံတွေနဲ့ဆီးချိုရောဂါကိုကာကွယ်လို့ရပါတယ်။ချိုလွန်းတဲ့အဆီများလွန်းတဲ့၊ငန်လွန်းတဲ့အစားအသောက်တွေကိုမစားရပါဘူး။ နောက်တစ်ချက်ကဟင်းသီးဟင်းရွက်တွေကိုများများစားရပါမယ်။ရေများများသောက်ရပါမယ်။ကိုယ်အလေးချိန်တက်မလာအောင် ထိန်းသိမ်း ရပါမယ်။ဆေးလိပ်နဲ့အရက်သောက်တာကိုရှောင်ရပါမယ်။ စိတ်ဖိစီးမှု(Stress)တွေများရင်လည်းဆီးချိုရောဂါဖြစ်နိုင်ပါတယ်။ဒါ့ကြောင့်စိတ်ဖိစီးမှုကိုလျှော့ချရပါမယ်။ လေ့ကျင့်ခန်းအနေနဲ့တစ်နေ့ကို နာရီဝက်လောက် လမ်းလျှောက် သင့်ပါတယ်။ တစ်ပတ်မှာ ငါးရက်လောက် လမ်းလျှောက် ရပါမယ်။မောအောင်၊ အသက်ရှူမြန်လာအောင်၊ချွေးထွက်အောင်လေ့ကျင့်ခန်း လုပ်ရပါမယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့်ဆီးချိုရောဂါကို ၅၈% ကာကွယ်နိုင်ပါတယ်။ မျိုးရိုးရှိတဲ့သူ၊အ၀လွန်တဲ့သူ၊သွေးတိုးရှိတဲ့သူနဲ့နှလုံးသွေးကြောကျဉ်းရှိတဲ့သူတွေမှာဆီးချိုရောဂါ မဖြစ်အောင်ပိုပြီးကာကွယ်သင့်ပါတယ်။ အခုနောက်ပိုင်းဆရာဝန်တွေက၀တဲ့လူနာနဲ့ခါးတုတ်တဲ့လူနာဆိုရင်ခါးတုတ်တဲ့လူနာကိုပိုပြီးသတိထားရပါတယ်။အဆီမှာကိုယ်တွင်းအဆီများတာနဲ့ပြင်ပအဆီများတာဆိုပြီးရှိပါတယ်။ တစ်ခါတစ်လေမှာ လူက၀တယ်။ဆီးချိုမဖြစ်အောင်အစားအသောက်ဂရုစိုက်ထားတယ်။ ဆေးစစ်ချက်ပုံမှန်လုပ်တယ်ဆိုရင်ဆီးချိုမရှိနိုင်ပါဘူး။လူကပိန်တယ်ဆိုပေမယ့်သွေးတွင်းအဆီများပြီးနေထိုင်မှုပုံမမှန်ရင် ဆီးချိုရောဂါ ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုကဆီးချိုရောဂါနဲ့မှားတတ်တဲ့ရောဂါလည်းရှိပါတယ်။ ဆီးချိုရောဂါနဲ့မှားယွင်းတတ်တဲ့ရောဂါအနေနဲ့ကတော့ Stressဖြစ်တဲ့အခါအဲဒီစိတ်ဖိစီးမှုကိုပြန်တိုက်ခိုက် ဖို့ Catechoamine ဆိုတဲ့ဓာတ်တွေထွက်လာတယ်။ အဲဒီ Catechoamine ဟာအင်ဆူလင်တားနိုင်တဲ့အစွမ်းရှိပါတယ်။ အဲဒီအခါဆီးချိုတက်လာပါတယ်။ လူတစ်ယောက်ကလေဖြတ်ပြီးဆေးရုံရောက်လာတယ်။ဆေးရုံရောက်မှသွေး စစ်လိုက်တဲ့အခါမှာ ဆီးချိုက အရမ်းများနေပါတယ်။ ဒါက Stress ကြောင့်ဖြစ်တာလား၊ ဆီးချိုရောဂါ ရှိနေတာကို မသိပဲဖြစ်သွားတာလား ဆိုတာသိဖို့အင်မတန် ခက်ခဲပါတယ်။ အကြမ်းအားဖြင့်ကုပေးလိုက်ပြီးရောဂါသက်သာလာတယ်။Stress မရှိတော့တာနဲ့သွေးတွင်းသကြားဓာတ် ကျသွားတယ် ဆိုရင်တော့အဲဒီ Stress ကြောင့်ဖြစ်တာလို့ယူဆလို့ရပါတယ်။ဆီးချိုကုသဆေးတွေလည်းပေးနေတယ်။ဒါပေမယ့်တော်တော်နဲ့ဆီးချိုမကျဘူးဆိုရင်တော့နဂိုကတည်း ကဖြစ်နေတာကိုမသိတာလည်းဖြစ်နိုင်ပါတယ်။နောက်တစ်ခုကတော့ စပ်ဆေးတွေစားတာကြောင့်လည်းဖြစ်တတ်ပါတယ်။ တွဲဖက်ပါမောက္ခဒေါက်တာဦးကိုကို ထွေထွေရောဂါအထူးကုဆရာဝန်ကြီး
သွေးကင်ဆာပျောက်စေသော ဆေးနည်း -------------------------------------------- ပုံပြပါအတိုင်း မီးကွင်းဂမုန်း အရွက်၉ရွက်ခန့်ပါသော ပင်စည်ပါမီးကွင်းဂမုံးတစ်ပင်အား တူးနှုတ်လိုက်ပါ။ ရေစင်အောင်ဆေးပြီး သန့်ရှင်းသောဆုံထဲ၌ထည့်၍ ကြေညက်စွာထောင်းပါ။ သန့်ရှင်းသောလက်ဖြင့် ထောင်းပြီးသားတွေကို အဝကျယ်ကြေးဇွန်းကြီးထဲညှစ်ချလိုက်ပါ။ ပြီးလျင် မီးသွေးမီးဖို မီးခဲရဲရဲပေါ် ဆေးရည်ပါသော ကြေးဇွန်းကြီးကိုတင်၍ ဆူပွက်လာအောင်အပူပေးလိုက်ပါ။ ထိုနောက် အအေးခံပြီး ဆေးတော်ကြီးကို မိမိ၏သီလတရားအားသစ္စာတိုင်တည်ပြီးမှ ယုံကြည်စွာသောက်လိုက်ပါ။ ကတိသစ္စာတည်သောအခါ နွယ်မြစ် သစ်ပင်ဆေးဖက်ဝင်၏။ တနေ့ကို မနက် အစာစားပြီး ၂နာရီ ညစာစားပြီး ၂နာရီ မှာ ဤဆေးတော်ကြီးအား ၂ ကြိမ်သောက်ပါ။ ၂ ပတ်ပြည့်လျင် သွေးသွင်းဖိုလုံးဝမလိုတော့ပါဘူး။ သွေးကင်ဆာဆဲများလည်း သိသာစွာလျော့နည်းသွားမည်။ နှာခေါင်းသွေလျှံတတ်သူများ အရည်မညှစ်ခင်ထောင်းထားသောဆေးကို နှာခေါင်းရိုးပေါ်အုံပေးခြင်းဖြင့် သွေးယိုခြင်းကိုပျောက်ကင်းစေပါသည်။ ၂၃ ရက်တိတိမပျက်မကွက်သောက်ရမည်။ ရောဂါပျောက်မှ ကျေးဇူးတင်ပါ ။ သင်၏သီလသစ္စာတရားကိုယုံကြည်မှ ဤဆေးကိုသောက်ပါ။ လူတိုင်းသက်တမ်းစေ့နေထိုင်နိုင်ကြပါစေဗျာ။ အားလုံးကိုလေးစားလျှက် ကိုမျိုးမြင့်ဦး ( မတဆ)