Saturday, June 7, 2014

တပ်မတော်မှ နိုင်ငံတော်ကို နှစ်၅၀ ခန့် အုပ်ချုပ်တည်ဆောက် လိုက်သောအခါ ... ရန်ကုန်မြို့သည် အခြား ကမ္ဘာ့ အဆင့်မီ နယ်သာလန် နိုင်ငံ အက်စတာဒမ် မြို့ကဲ့သို့ပင် ကုန်း ၊ ရေ နှစ်မျိုးဖြင့် ခရီးသွားလာနိုင်သည့် မြို့ဖြစ်လာခဲ့သည် ။ ပြည်သူများ သွားလာမှုလွယ်ကူ အဆင်ပြေစေရန် ကုန်းရေ နှစ်မျိုးသွား မော်တော်ယဉ်များကိုသာ အဓိက တင်သွင်းသည် ။ ကမ္ဘာ့အဆင့်မီ အဝေးပြေးလမ်းမကြီးများရှိပြီး ၊ ဆောက်လုပ်မှုကုန်ကြစရိတ်သည်.. စင်ကာပူ ချန်ဂီလေဆိပ် ၊ မာရီနာဘေး သဘောင်္ အဆောက်အဦးတို့ထက်ပင်များပြားသည် ။ ရန်ကုန်မြို့တွင် လူဦးရေ စုစုပေါင်း ၆သန်းကျော်ရှိသည် ။ အဓိက စီးပွားရေး မှာ ၁လုံး ၊ ၂လုံး ၊ ၃လုံး ၊ နိုက်ကလပ် ၊ ကေတီဗီ ၊ မာဆတ် ၊ ဆင်တင် ၊ ဘီယာဆိုင် ၊ လက်ဘက်ရည်ဆိုင် တို့ဖြစ်သည် ။ နိုက်ကလပ်များ ၊ မာဆတ် ၊ တည်းခိုခန်း ၊ ဟိုတယ်များ ပေါများ သော်လည်း အမျိုးသမီး လက်ဝယ်ကွန်ဒုံး တခု မိလျှင် ပြည့်တန်ဆာမှု ဖြင့် ထောင်ချနိုင်သည်အထိ ဥပဒေ က အပြစ်ပေးနိုင်လောက်အောင် ပြင်းထန်သည် ။ ပညာရေးအနေဖြင့် ကမ္ဘာပေါ်တွင် ဘွဲ့ရ အများဆုံးမွေးထုတ်ပေးနိုင်သည့် နိုင်ငံစာရင်းတွင်အပါအဝင်ဖြစ်သည် ။ ရန်ကုန်မြို့ တခုတည်း ၌ တက္ကသိုလ်ပေါင်း ၁၅ ခုကျော်ကိုဖွင့်လှစ်ပေးထား သည် ။ ဆိုက်ကားနင်းသူပင်လျင် ဘွဲ့ရသည် အထိ ပညာရေး အဆင့်မြင့်မားသည် ။ ပြင်ဦးလွင် ရှိ တက္ကသိုလ် ကြီးသည် နိုင်ငံတော်သမ္မတ တာဝန် မှစ၍ ရုံးဌာန များတွင်အရာရှိတာဝန် ထမ်းဆောင်နိုင်သည်အထိ ပညာရပ်ပေါင်းစုံ တတ်မြောက်အောင် သင်ကြားပေးနိုင်သည် ။ မြန်မာနိုင်ငံ ၏ အဓိက ပို့ကုန်မှာ Human Being ဖြစ်ပီး အဓိက သွင်းကုန်မှာ လက်နက်ဖြစ်သည် ။ ကျန်းမာရေးစောင့်ရှောက်မှု အထူးကောင်းမွန်ပီး နိုင်ငံတော်၏ ကျေးဇူးကြောင့် ပြည်သူများမှာ ငွေကြေးပြည့်စုံသူများဖြစ်လျှင် ထိုင်း ၊စင်ကာပူ နိုင်ငံများ တွင် ဆေးကုသမှုခံယူသည် ။ လျှပ်စစ် နှင့် သဘာဝဓါတ်ငွေ့ သစ် ကျောက်မျက် သယံဇာတများ ထွက်ရှိပီး အိမ်နီးချင်း နိုင်ငံများကိုပင် ထောက်ပံ့ကူညီ ပေးနိုင်သည် ။ လူတယောက်တနေ့ ကျပ်ငွေ ၂၀၀၀ ဖြင့် ရပ်တည်နိုင်သော တခုတည်းသော အရှေ့တောင်အာရှနိုင်ငံ ဖြစ်သည် ။ နိုင်ငံတော်၏ လက်ရှိ သမ္မတကြီးမှာ ဦးသိန်းစိန် ဖြစ်ပီး သမ္မတကြီး ၏ မူဝါဒ များအဖြစ်... - ကျန်းမာရေး အတွက် နွားနို့ သောက်ရမည် ။ - ပြည်ပပို့ကုန်အဖြစ် စိန်တလုံး သရက်သီး တိုးချဲ့စိုက်ရမည် ။ - လူတိုင်း စီးပွားရေးပြေလည်စေရန် မုန့်ဟင်းခါး ရောင်းရမည် ဟူ၍ဖြစ်သည် ...။ (မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်ရန်ကုန် ၏ ရေပေါ်ရှုခင်းအလှကိုတွေ့ရစဉ် ) ----------------- ( Credit- ဗမာ့သားကောင်း)
ကားမောင်းသူတွေအတွက် ညဖက် ကားမောင်းနေတုန်း ၊ ကားမှန်ကို ကြက်ဥ၊ ဘဲဥ များနဲ့ အပစ်ခံရရင် ၊ ၁ ။ ကားကို လုံးဝမရပ်ပါနဲ့။ ၂ ။ Wiper ကိုလုံးဝမသုံးပါနဲ့။ ၃ ။ မည်သည့် ရေနဲ့ မှ မပက်ဖြန်းပါနဲ့ ၊ ကြက်၊ဘဲ ဥ ဟာ ရေနဲ့ ရောသွားတဲ့အခါ စီးပြစ်သွားပြီးသင့်မြင်ကွင်းကို92.5 %လောက် မှုန်ဝါး သွားစေတဲ့ အတွက် ကား ကိုလမ်းဘေးထိုးရပ်လိုက်ရပါလိမ့်မယ်။ ဒါဆိုရင် ကျူး လွန်မဲ့ သူများရဲ့ သားကောင်ဖြစ်သွားပါလိမ့်မယ်၊ ဒီနည်းဟာ ဂိုဏ်းများကသုံးလာတဲ့နောက်ဆုံးပေါ်နည်းဖြစ်ပါတယ်။ သူငယ်ချင်းများနဲ့ ဆွေမျိုးမိတ်သင်္ဂဟများကို လည်းအသိပေးလိုက်ပါ။ အသုံးဝင်တယ်ထင်ရင် Share!!! ကိုသားငယ် FACEBOOK စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

ဘက်ထရီ ကြိုးဖြုတ်မယ်ဆိုရင်

...... ‪#‎knowledge1‬ ကားအတွက် လျှပ်စစ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်လို့ပြုပြင်တော့မယ်ဆိုရင် ဘက်ထရီကြိုးကို အရင်ဖြုတ်ပါ။ ပါဝါဝင်းဒိုးဆိုရင် ကြိုးမဖြုတ်ခင် မှန်အရင်ချပါ။ ကားထဲမှာ သော့ကို မထားခဲ့ပါနဲ့။ ဘက်ထရီကြိုးဖြုတ်လိုက်တာနဲ့ ပါဝါဝင်းဒိုးတွေဟာ လော့ကျသွားတတ်ပါတယ်။ ဘက်ထရီကြိုးပြန်တပ်လိုက်လို့ လော့ပြန်ပွင့်တယ်ဆိုတာမရှိပါဘူး။ ဒါကြောင့်မို့ မှန်ချထားပါ၊ သော့ကိုယူထားပါ။ ဘက်ထရီကြိုးဖြုတ်တဲ့နေရာမှာ အမကြိုးကို (-) အရင်ဖြုတ်ရမလား အဖိုကြိုးကို (+) အရင်ဖြုတ်ရမလားဆိုတဲ့ အချက်ရှိပါတယ်။ အမကြိုးကို အရင်စဖြုတ်ပါ။ ဘက်ထရီထဲက လျှပ်စစ်တွေက စထွက်တော့ အမခေါင်းကနေ စတင်ပါတယ်။ လျှပ်စစ်ဖြတ်သန်းစီးဆင်းပြီးတဲ့ အခါမှာတော့ အဖိုခေါင်းကနေလျှပ်စစ် ပြန်ဝင်ပါတယ်။ ဒီတော့ အဖိုကြိုးကို အရင်သွားဖြုတ်မိရင် အမကနေထွက်နေတဲ့ လျှပ်စီးတွေဟာ ပြန်ဝင်ဖို့ လမ်းမရှိတော့ပဲ ကားကိုယ်ထည်ထဲမှာ ရှိနေပါလိမ့်မယ်။ အဲ့ဒီအချိန်ကားကိုသွားထိမိရင် အကြောအချင်တွေပြေသွားပါလိမ့်မယ်၊ အခန့်မသင်ရင် သေပါသေနိုင်ပါတယ်။ ဒါကြောင့်မို့ အမကြိုးကိုသာအရင်စဖြုတ်ပါ။ ပြန်တပ်ရင်တော့ အဖိုကြိုးကို အရင်ပြန်တပ်ရပါတယ်။ ကြိုး ၂ ကြိုးလုံးကို သေချာစွာပြန်တပ်ပြီးလျှင် အပေါ်ကစွပ်ထားတဲ့ အဖုံးတွေကို သေချာစွာ ပြန်ဖုံးပေးပါ။ ဘက်ထရီမကောင်းရင် အမြန်လဲပါ။ ဘက်ထရီမကောင်းလို့ တွန်းနိုးရတယ်ဆိုတာ ၁ ခါ ၂ ခါ ပဲကောင်းပါတယ်။ အကြိမ်ရေများလာရင် Timing Belt ချော်သွားတတ်ပါတယ်။ စရိတ်နဲနဲကုန်ရမယ့်နေရာမှာ များများမကုန်ရလေအောင် သင့်ကားဘက်ထရီကို ဂရုစိုက်ပါ။ REF : KIA Myanmar

ခိုင်သော အရိုးများ တည်ဆောက်နိုင်ရေး (သို့မဟုတ်) အရိုးပွရောဂါ အကြောင်း

ခိုင်သော အရိုးများ တည်ဆောက်နိုင်ရေး (သို့မဟုတ်) အရိုးပွရောဂါ အကြောင်း Osteoporosis ဟုခေါ်သော အရိုးပွရောဂါ အကြောင်း ရေးသားလိုသည်။ အရိုးတွင် အပေါက်ငယ် ကလေးများ ပေါ်လာကာ အရိုး၏ခိုင်မာမှုကို ထိခိုက်ပြီး အရိုးကျိုး လွယ်သွားခြင်း ဖြစ်သည်။ အသက် ၃ဝ ကျော် အမျိုးသမီးများနှင့် အသက် ၄ဝ ကျော်လာသော အမျိုးသား များတွင် အရိုးများ တဖြည်းဖြည်း ပါးလွှာလာကာ အရိုးပွရောဂါ ဖြစ်ပွားလာ နိုင်သည်။ အရိုးပွရောဂါ ဖြစ်နေပြီဟု သတ်မှတ်ခံရသော အခါ အရိုးမှာ သိသာစွာ ပါးလွှာနေပြီ ဖြစ်ပြီး သာမန်ထိခိုက်မှု ကလေးကြောင့်ပင် အရိုးကျိုးနိုင်သည်။ ထိခိုက်မိခြင်း မရှိဘဲ အလိုအလျောက် ကျိုးသူများလည်း ရှိသည်။ အရိုးပွခြင်း ကယ်လ်စီယမ် ထုံးဓာတ် ချို့တဲ့ခြင်းနှင့် အရိုးပွရောဂါ ဆက်စပ်လျက် ရှိသည်။ မ ဟော်မုန်း ဓာတ် oestrogen သည် အစာတွင် ပါဝင်သော ထုံးဓာတ်ကို အရိုးအတွင်း စိမ့်ဝင်စေကာ အရိုးခိုင်အောင် ပြုလုပ်ပေးရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်။ ထို့အပြင် အမျိုးသမီးများ၏ အရိုးမှာ အမျိုးသားများထက် ပိုမိုပါးလွှာသည်။ ထိုအချက်များကြောင့်ပင် အရိုးပွ ရောဂါသည် အမျိုးသားများထက် သွေးဆုံးပြီး အမျိုးသမီးများတွင် ပိုအဖြစ်များသည်။ ရောဂါ လက္ခဏာများ ခါးနာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ လက်ကောက်ဝတ်နှင့် တင်ပါးဆုံရိုး နာခြင်း၊ ပေါင်ရိုးနာခြင်းတို့ ခံစားရတတ်သည်။ နာကျင်မှုသည် အလိုအလျောက် သို့မဟုတ် ထိခိုက်မိခြင်းကြောင့် ဖြစ်ပေါ်လာ တတ်သည်။ အရပ်နိမ့် သွားတတ်သည် (ခါးရိုးပွရောဂါ ရှိသူများတွင် တွေ့ရလေ့ ရှိသည်) သာမန်ထိခိုက် ဒဏ်ရာကြောင့် သို့မဟုတ် အလိုအလျောက် အရိုးများ ကျိုးတတ်သည်။ ပေါင်ရိုးကျိုးခြင်း၊ လက်ကောက်ဝတ်ရိုး ကျိုးခြင်းနှင့် ခါးရိုးကျိုးခြင်းတို့ ဖြစ်တတ်သည်။ ရောဂါ ဖော်ထုတ်ခြင်း နည်းလမ်းများ Bone X-ray (အရိုးဓာတ်မှန်) ရိုက်ခြင်း၊ DXA (Dual energy X-ray Absortiometry) X-ray ကို အသုံးပြုကာ အရိုးပါးလွှာခြင်း ရှိ၊ မရှိ တိုင်းတာသည့် နည်းစနစ် ဖြစ်သည်။ T score -၁ နှင့် - ၂ ဒသမ ၅ ကြားတွင်ရှိပါက အရိုးပါးလွှာနေပြီ ဖြစ်ပြီး ၂ ဒသမ ၅ နှင့် အောက်ဆိုပါက အရိုးပွရောဂါ ရှိနေပြီ ဖြစ်သည်။ ကာကွယ်ရန် နည်းလမ်းများ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်သည်။ ရောဂါစဖြစ်နေ လျှင်တောင် နေထိုင်မှု ပုံစံပြောင်းလဲနိုင်ပါလျှင် အရိုးများ ကျိုးခြင်းကို ကာကွယ်တားဆီး နိုင်ပါလိမ့်မည်။ ကယ်လ်စီယမ် ပါဝင်သော အစားအစာများ စားသုံးခြင်း။ ဒိန်ချဉ်၊ နွားနို့၊ ငါးသေးကလေးများ၊ ဆာဒင်းငါးနှင့် ဆော်လမွန်ငါးများ၊ Almond (မက်မွန်သီး) တို့သည် ထုံးဓာတ်ကြွယ်ဝ ကြသည်။ ကိုယ်လက်လှုပ်ရှား အားကစား။ ပုံမှန်လမ်းလျှောက်ခြင်း၊ ပြေးခြင်းတို့ကို ပြုလုပ်ရမည်။ အရိုးရှိ ထုံးဓာတ်ကို လျော့နည်းစေသော အရည်များ သောက်သုံးမှုကိုရှောင်။ အရက်အလွန်အကျွံ သောက်သုံးခြင်း ကို ရှောင်ကြဉ်ရမည်။ ကော်ဖီကို တစ်နေ့နှစ်ခွက်ထက် ပိုမသောက်သင့်။ ကိုကာကိုလာ၊ Pepsi တို့တွင်ပါရှိသော Phosphoric Acid သည် အရိုးတည် ဆောက်မှုကို အနှောင့် အယှက် ပေးေ သာကြောင့် အလွန်အကျွံ မသောက်သင့်။ ဆေးလိပ် သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း။ ဆေးလိပ် သောက်ခြင်းသည် အရိုးတည်ဆောက်မှု လုပ်ငန်း စဉ်များကို အနှောင့်အ ယှက် ပေးသောကြောင့် မသောက်သင့်။ အရိုးကို သက်ညှာစေသော လုပ်ဆောင်မှုများ။ ထိုင်သည့်အခါ ခါးကို မတ်မတ်ထားပါ။ တံမြက်စည်းလှည်း၊ ကြမ်းတိုက် သည့်အခါ ခါးမကုန်းဘဲ ဒူးနှင့် ပေါင်ဆစ်များ (Knee and hip joints)ကို ကွေးပါ။ ကြမ်းပြင်ပေါ်သို့ ကျနေသော ပစ္စည်းကို ကောက်ယူရာတွင် လည်းကောင်း၊ အိပ်ရာပြင်ရာတွင် လည်းကောင်း၊ အန်ဆွဲကို ဖွင့်ရာတွင် လည်းကောင်း၊ ခါးမကုန်းဘဲ ဆောင့်ကြောင့်ထိုင်၍ လုပ်ပါ။ အလေးအပင် မရန်လိုပါက မနိုင်ဝန် မထမ်းပါနှင့်။ မနိုင်ပါက ဘေးလူအကူအညီ ရယူပါ။ လေးလံသော ပစ္စည်းကို တွန်းရွှေ့ပါ။ ဆွဲမရွှေ့ပါနှင့်။ ချောင်းဆိုး၊ နှာချေလိုသောအခါ ခါးကို မတ်မတ်ထား၊ ဒူးကွေးကာ လက်နှစ်ဖက်ကို ပေါင်နှစ်ဖက်ပေါ် တင်ပြီးထိန်းကာ ချောင်းဆိုး၊ နှာချေပါ။ ခါးရုတ်တရက် လှည့်ခြင်းမှ ရှောင်ကြဉ်ရမည်။ ဘတ်စကား၊ ရထား ပေါ်သို့ ပြေးတက်၊ ပြေးဆင်းခြင်းကို မပြုလုပ်သင့်။ လက်ဖက်ရည်ကြမ်း သောက်သုံးခြင်း။ ၂ဝဝ၂ ခုနှစ်တွင် ထိုင်ဝမ်၌ ပြုလုပ်သော သုတေသန တစ်ခုအရ တစ်နေ့လျှင် လက်ဖက် ရည်ကြမ်း နှစ်ခွက်အနည်းဆုံး ပုံမှန်သောက် သုံးပါက ခြောက်နှစ်ကြာသောအခါ အရိုးပွရောဂါ ဖြစ်ပွားမှုနှုန်းကို လျော့ကျစေသည်ဟု တွေ့ရှိခဲ့ကြသည်။ လက်ဖက်ရည်ကြမ်းတွင် မ ဟော်မုန်း ဓာတ်နှင့် သဘာဝချင်းဆင်သော Flavonoids များ ပါဝင်သောကြောင့်ဟု ဆိုသည်။ ခေတ်မီနေထိုင် စားသောက်မှု ပုံစံသို့ ပြောင်းလဲ လာသောကြောင့် အရိုးပွရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မားလာသည်။ အရိုးပွခြင်းကြောင့် ဆိုးရွားသော နောက်ဆက်တွဲ ဝေဒနာနှင့် ပြဿနာများ ဖြစ်ပွား တတ်သည်။ ကုသခြင်းထက် ကာကွယ်ခြင်းသည် အကောင်းဆုံး ဖြစ်သောကြောင့် ထိုရောဂါ အကြောင်း သိရှိနားလည် သဘောပေါက်ပြီး ကာကွယ်နိုင်ကြစေရန် ရည်သန်ကာ ရှောင်ရန်၊ ဆောင် ရန် အချက်များကို ရေးသားဖော်ပြ လိုက်ရပေသည်။ ။ မောင်ဥာဏ်မင်း

ဘယ်တော့မှ အဲကွန်းအခန်းထဲတွင် ဖယောင်းတိုင် မထွန်းမိပါစေနဲ့

အန္တရာယ်ရှိသည် ” ဘယ်တော့မှ အဲကွန်းအခန်းထဲတွင် ဖယောင်းတိုင် မထွန်းမိပါစေနဲ့ နီးစပ်ရာ အသိပေး မျှဝေပါ။ အဲယားကွန်းအခန်းထဲဖယောင်းတိုင်မီးမထွန်းကြပါနဲ့သင့်အသက်သေစေနိုင်တယ်။ ( ဥပမာ ဘုရားခန်းအတွင်း အဲယားကွန်းဖွင့်ထားပြီး ဖယောင်းတိုင် မီးပူဇော်တာမျိုး ) အဲယားကွန်းအခန်းတွေဟာပြင်ပမှလေများမ၀င်ရောက်နိုင်စေရန်အတွက်လေအလုံပိတ် ထားပြီးမှထိုအခန်ထဲရှိလေများကိုအေးလာစေရန်လှည့်ပတ်အအေးခံသောစနစ်ပင်ဖြစ်သည်။ ထိုကြောင့်အဲယားကွန်းအခန်းထဲရှိနေထိုင်သောသက်ရှိလူသားသည်အခန်းထဲရှိအောက်စီ ဂျင်ကိုကိုမှီခိုအားထားနေရသည်။ထိုကဲ့သို့အောက်စီဂျင်လုံလုံလောက်လောက်ပြင်မမှာကဲ့ သို့မရနိုင်သောအဲယားကွန်းအခန်းထဲတွင်ဖယောင်းတိုင်ထွန်းထားမယ်ဆိုရင်ဖယောင်းတိုင် မီးဇာကိုလောင်ကျွမ်းဖို့အတွက်အခန်းထဲရှိအောက်စီဂျင်ကိုဖယောင်းတိုင်မှစုတ်ယူသွားနိုင် ပြီးမီးဇာမှထွက်လာတဲ့ကာဗွန်မိုနော့ဆိုက်တွေဟာအခန်းထဲမှာလျှင်မြန်စွာပြန့်နှံ့လွယ်ကူ စေပါတယ်။ကာဗွန်မိုနော့ဆိုက်ဟာအခန်းထဲရှိလူအတွက်အလွန်ကိုကြောက်မက်ဘွယ် ကောင်းတဲ့အဆိပ်ဓါတ်ငွေ့ဖြစ်ပါတယ်။အကြာကြီးရှူမိရင်မူးဝေလာပြီးအသက်ဆုံးရှုံးနိုင် ဘွယ်ဖြစ်ပါတယ်။ထိုကြောင့်အဲယားကွန်းအခန်းတွင်းတွင်အောက်စီဂျင်အလွယ်တကူကုန် ဆုံးနိုင်သောဖယောင်းတိုင်မီးမထွန်းကြဖို့သတိပေးလိုက်ရပါတယ်။

မျက်နှာသစ်ပြီးမှ အိပ်ယာဝင်ပါ

ညဖက် အိပ်တော့မည် ဆိုပါက တစ်နေ့ကုန် လိမ်းထားသော မျက်နှာမှ မိတ်ကပ်များကို ဆေးပြီး အိပ်သင့်ပါသည်။ အချို့က ညဖက်တွင် အိပ်ချင်ဇောဖြင့် မိတ်ကပ်ဖျက်ရန် သွားတိုက်ရန် ပျက်ကွက် တတ်သည်။ မအိပ်မီ မျက်နှာကို ဆေးကြောပြီးမှ အိပ်သည့် အကြောင်းရင်း (၃)ချက် မှာ အိပ်နေစဉ် သဘာဝ ဖြစ်စဉ်အရ ကိုယ်အပူချိန် တက်လာ တတ်သဖြင့် ချွေးပေါက်များ ပွင့်လာတတ်သည်။ ထိုအခါ တစ်နေကုန် လိမ်းထားသော မိတ်ကပ်များက ချွေးပေါက်များထဲသို့ စိမ့်ဝင်ပြီး ပိတ်သွားတတ်ပြီး အတွင်း၌ အဖြူအဆံ၊ အမည်းဆံ ဖြစ်ကာ ပေါက်ထွက် လာတတ်သည်။ ချွေးပေါက် ချေးပိတ်ပြီး အဖုကြီး လာတတ်ရာမှ လွယ်လွယ်ကူကူ ပြန်ပြီး ကျုံ့ဝင်သွားခြင်း မရှိချေ။ အသက် နှင့်အမျှ Collagen လျော့ပါး လာတတ်သဖြင့် ချွေးပေါက်များ ကျယ်လာတတ်ပြီး ချွေးပေါက် ကျယ်လာလေ မိတ်ကပ် စင်အောင် ဖျက်ဖို့ မလွယ်လေ ဖြစ်လာတတ်သည်။ အရေပြား ဆဲလ်များသည် အိပ်ချိန်တွင် မျက်နှာမသစ်ဘဲ အိပ်ပါက အရေပြား ဆဲလ်များ လှုပ်ရှား လည်ပတ်မှုကို ကြန့်ကြာစေပြီး အောက်စီဂျင် စီးမှု ရပ်တန့်လျက် ဆဲလ်သေများ ပို၍ ဖြစ်ပေါ်စေခြင်း၊ အဖုပေါက် တတ်ခြင်းတို့ဖြစ်တတ် လေရာ မအိပ် မီမဖြစ်မနေ မျက်နှာရှိ တစ်နေ့ကုန် အညစ်အကြေးများကို ဆေးကြော ပစ်သင့်သည်။ ဆေးကြောရာတွင် မိမိနှင့်သင့် လျှော်သော မျက်နှာသစ် ဆေးရည်ကို အသုံးပြုပါ။ဥပမာ- အရေပြား ခြောက်သွေ့သူ၊ အဆီပြန်သူ အတွက် စသည်ဖြင့် မျက်နှာသစ် ဆေးရည် အမျိုးမျိုးကို ရွေးချယ် အသုံးပြုနိုင်သည်။ TKD credit to Health Updates Journal

Saturday, May 31, 2014

စိတ်လေးရင် လူလေးပါတယ်၊ စိတ်ပေါ့ရင် လူပေါ့ပါတယ်။ အမြင့်ကိုတက်နိုင်ဖို့  လေးလံပြီး မကျိုးမရှိမဲ့ ၀န်ထုတ်ဝန်ပိုးတွေကို ချထားမှ ဖြစ်မှာပါ။ ဒါမှာ အမြင့်ကို အချိန်တိုတိုနဲ့ တက် နိုင်ပြီး အနိမ့်မှာ ကိုယ်မြင်ခဲ့ရတဲ့ မြင်ကွင်းထက် လှပကျယ်ဝန်းတဲ့ နေရာတွေကို မြင်နိုင်၊ခံစားနိုင်မှာဖြစ်ပါတယ်။ ကိုယ့်မျှော်လင့်ချက်တွေ အတွက် ထိပ်ကိုတက်နိုင်သလောက်တက်ပါ။ အမြင့်ရောက်လေ မြင်ကွင်းပိုကျယ်လေဖြစ်ပါတယ်။ မြင်ကွင်းကျယ်တာကို မြင်ချင်ရင်တော့ အမြင့်တက်ဖို့ အား မွေးပါ၊ လေးပင်မဲ့ အရာတွေကို သံယောဇဉ်တွယ်မနေပါနဲ့ ပတ်ဝန်းကျင်က လေဒဏ်ကိုလည်း မကြောက်ပါနဲ့ ။ " အပေါ်ကိုတက်မဲ့ခြေဖ၀ါးတစ်ဖက်ရဖို့  အောက်မှာရှိတဲ့ ခြေဖ၀ါးတစ် ဖက်ကို စွန့် လွှတ်ရစမြဲ " ပါ။ True Man