Wednesday, September 5, 2012
တရုတ်ဖိအားကြောင့် အာဆီယံစိတ်ဝမ်းကွဲ
ဗွီအိုအေ (မြန်မာဌာန
19.07.2012
ဒေသတွင်းမှာ တရုတ်အစိုးရရဲ့ သြဇာပိုပြီးကြီးထွားလာနေတာကြောင့် တောင်တရုတ်ပင်လယ်အတွင်း နယ်မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံတွေက တစုတစည်းတည်းဖြေရှင်းဖို့ လုပ်ဆောင်နေတာဟာ ပိုပြီးတော့ ရှုပ်ထွေးလာခဲ့တယ်လို့ အကဲခတ်တွေက ပြောလိုက်ပါတယ်။
အရှေ့တောင်အာရှနိုင်ငံ ၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံအဖွဲ့ဟာ ပြီးခဲ့တဲ့တပတ်က ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဒေသတွင်း အစည်း အဝေးမှာ ပူးတွဲကြေငြာချက်ထုတ်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါဟာ နှစ်ပေါင်း ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ် ပူးတွဲကြေငြာချက်ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိခဲ့တာဖြစ်ပြီး နယ်မြေ အငြင်း ပွားမှုပြဿနာနဲ့ ပတ်သက်ပြီးတော့ သဘောထားတွေကွဲပြားနေတယ် ဆိုတာကို ပြသလိုက်ပါတယ်။
အခုလို အဖွဲ့အတွင်းမှာ မညီမညွတ်ဖြစ်နေတာဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးဖိအားတွေနဲ့ အများစု သက်ဆိုင်နေပါတယ်။ တရုတ်နိုင်ငံဟာ သူတို့နဲ့ ပင်လယ်ရေပိုင်နက် နယ်နိမိတ်အငြင်းပွားနေတဲ့ နိုင်ငံ ၅ နိုင်ငံနဲ့ သာ သီးခြားဆွေးနွေးလိုပြီး အာဆီယံအဖွဲ့တခုလုံးနဲ့ ဆွေးနွေးလိုခြင်းမရှိပါဘူး။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီ ဂါဝါဟာ အရှေ့တောင်အာရှနိုင်ငံတွေကို အရေးပေါ် ခရီးထွက်နေပြီး သူ့အဆိုအရတော့ ဒီခရီးစဉ်ဟာ တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်ပြီး အာဆီ ယံနိုင်ငံတွေရဲ့ ညီညွတ်မှုကို ပြန်ပြီးတော့ ရရှိဖို့ဖြစ်တယ်လို့ ပြောပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာတော့ သူက တိုးတက်မှုတချို့ရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။
Saturday, August 18, 2012
Friday, August 17, 2012
Sunday, August 5, 2012
အမျိုးသားများ မြုံခြင်း......
အမျိုးသားများ မြုံခြင်း...... ( ဆေးပညာ အသိ )
စုံတွဲများ ၏ ခန့်မှန်းခြေ ၁၅ ရာခိုင်နှုန်း ခန့်ဟာ မြုံနေကြ ပါတယ်။ မြုံခြင်း (Infertility) ဆိုတာ ကတော့ တစ်နှစ် ဒါမှမဟုတ် ဒီထက်ပိုပြီးကြာ တဲ့အထိ အကာအကွယ်မဲ့ လိင်ဆက် ဆံမှု ပုံမှန်ပြုလုပ်နေပါလျက်နှင့်
ကလေးမရခြင်းကိုခေါ်ပါတယ်။
အမျိုး သားများ သန္ဓေမအောင်နိုင်ရခြင်း အ ကြောင်းရင်းတွေကတော့ သုက်ပိုး ထုတ်လုပ်မှု နည်းပါးခြင်း၊ သုက်ပိုး ရွေးလျားမှုမရှိခြင်း၊ သုက်ပိုးသွားသည့် လမ်းကြောင်း ပိတ်ဆို့ခြင်း၊ မကျန်း မာမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ နာတာ ရှည် ကျန်းမာရေးပြဿနာများ၊ လူနေမှုဘဝဟန်ပန်နှင့် အခြားအချက် အလက်များ ပါဝင်ပါတယ်။ သန္ဓေအောင်ဖို့ဆိုရင် အမျိုးသား များဟာ ကျန်းမာသန်စွမ်းတဲ့ သုက်ပိုး ကို ထုတ်လုပ်ရပါမယ်။ အဲဒီသုက်ပိုး ဟာ အမျိုးသမီးရဲ့ သားဥဆီကိုရောက် အောင် ရွေ့လျားနိုင်ရမှာဖြစ်ပြီး သားဥကို ထိုးဖောက်ကာ စွဲကပ်နိုင်ရ ပါမယ်။
အဲဒီလိုဖြစ်ဖို့ဆိုရင်-
ကျန်းမာသန်စွမ်းတဲ့ သုတ်ပိုး ရှိရမယ်
ဝှေးစေ့နှစ်လုံးအနက် အနည်းဆုံး တစ်လုံးဟာ ကောင်းမွန်ရမှာဖြစ်ပြီး တက်စတိုစတီရုန်း ဟော်မုန်းနှင့် သုက် ပိုးထုတ်လုပ်မှုကို ကူညီပေးသော ဟော်မုန်းများ ညီညွတ်မျှတရပါမယ်။ ဝှေးစေ့က ထုတ်လုပ်ပေးတဲ့ သုက်ပိုး ဟာ သုက်ရည်ရှိတဲ့နေရာကို ျြပန်က လေးတွေက ပို့ဆောင်ပေးနိုင်ရပါမယ်။ သုက်ရည်နဲ့ သုက်ပိုးကို ပြင်ပမှာ စွန့်ထုတ်နိုင်ရပါမယ်။ သုက်ရည်ထဲမှာ လုံလောက်တဲ့ သုက်ပိုးကောင်ရေ ပါဝင်ရပါမယ်။ သုက်ပိုးတွေရဲ့ ပုံသဏ္ဌာန် မှန်ရမှာဖြစ်ပြီး မှန်ကန်သော လားရာ အတိုင်း ရွေ့လျားနိုင်ရပါမယ်။
ဆေးဘက်ဆိုင်ရာ အကြောင်းရင်းများ
သန္ဓေမအောင်ခြင်း (မြုံခြင်း) ဖြစ်ပွားနိုင်တဲ့ ဆေးဘက်ဆိုင်ရာ အကြောင်းရင်းတွေကတော့-
- ဝှေးစေ့ကို ထောက်ပံ့ပေးသော သွေးပြန်ကြောရောင်ရမ်းခြင်း၊ ထုံးခြင်း
- ကူးစက်ရောဂါပိုး ဝင်ခြင်းကြောင့် သုက်ပိုးထုတ်လုပ်မှုနှင့် သန်စွမ်းမှုကို လျော့ကျစေခြင်း၊ သုက်ပိုးပို့ဆောင် သည့် ျြပန်များနှင့် အင်္ဂါများ ရောင်ရမ်း ခြင်းကြောင့် ပိတ်ဆို့ခြင်း ဥပမာလိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ (STDS) ဖြစ်သည့် ကာလာမိုင်းဒီးယား၊ ဂနိုရောဂါပိုးများ။
- သုက်ပိုး ဆီးအိမ်ထဲသို့ဝင်ရောက် ခြင်း (Rretrograde Ejaculation) Orgasm ရရှိချိန်တွင် သုက်ရည်နှင့် သုက်ပိုးကို ပြင်ပသို့ မစွန့်ထုတ်ဘဲ ဆီးအိမ်ထဲသို့ရောက်ရှိသွားခြင်း၊ ၎င်းမှာ ဆီးချိုသွေးချိုရောဂါ၊ Multiple Sclerosis ၊ ကျောရိုးမကြီး ထိခိုက် ဒဏ်ရာရခြင်း၊ ဆီးအိမ်၊ ဆီးကျိတ်၊ ဆီးျြပန်တို့တွင် ခွဲစိတ်ကုသမှုပြုလုပ် ဖူးခြင်း စတဲ့အကြောင်း အမျိုးမျိုး ကြောင့် ဖြစ်နိုင်ပါတယ်။ဒါ့အပြင် ဆီးကျိတ်ကြီးရင် သောက်ရတဲ့ ဆေးဝါး အချို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
- သုက်မစွန့်ထုတ်နိုင်ခြင်း အချို့အမျိုးသားတွေဟာ ခါးရိုး အာရုံကြောမကြီး ထိခိုက်ဒဏ်ရာ ကြောင့်၊ ဒါမှမဟုတ် အချို့သော ရောဂါတွေကြောင့် သုက်ပိုးထုတ်လုပ် ပေမယ့် သုက်ရည်မထုတ်လုပ်နိုင် သည့်အတွက် အပြင်ကို မစွန့်ထုတ် နိုင် (Ejaculate) မလုပ်နိုင်ကြဘူး။
- အချို့အမျိုးသားတွေမှာ ခန္ဓာ ကိုယ်ခုခံအားစနစ်က မှားယွင်းပြီး မိမိရဲ့ ကိုယ်ပိုင်သုက်ပိုးကို ရန်သူ ထင်ကာ တိုက်ထုတ်ဖျက်ဆီးပစ် ပါတယ်။
- အလုံးအကျိတ်များ (Tumors) ကင်ဆာနှင့် ကင်ဆာမဟုတ် သော အကျိတ်များဟာ အမျိုးသား မျိုးပွားအင်္ဂါစနစ် အစိတ်အပိုင်းတွေကို ဖိနှိပ်မိခဲ့ရင် ဒါမှမဟုတ် မျိုးပွားခြင်းနဲ့ ဆက်စပ်တဲ့ ဟော်မုန်းတွေကို ထုတ် ပေးတဲ့ ဂလင်း (Glands) တွေကို ဖိနှိပ်မိခဲ့ရင် မြုံနိုင်ပါတယ်။
- ဝှေးစေ့ဟာ ကပ္ပယ်အိတ်ထဲကို မဆင်းဘဲ ဝမ်းဗိုက်ထဲမှာပဲ ရှိနေရင်၊ တက်စတိုစတီရုန်းနဲ့ အခြား ဟော်မုန်း အချို့ မျှခြေမညီညွတ်ရင်၊ သုက်ျြပန် မှာ ချို့ယွင်းချက်ရှိရင်၊ ခရိုမိုဆုမ်း ချို့ယွင်းချက် (မျိုးဗီဇဆိုင်ရာ) ရှိရင် (X- Chromosome တစ်ခုနှင့် Y-Chromosome တစ်ခု ရှိရမည့် အစား X- Chromosome နှစ်ခုနှင့် Y-Chromosome တစ်ခုရှိသူ အမျိုး သားဖြစ်ခဲ့ရင်)၊ ပန်းသေပန်းညှိုး အပါ အဝင် လိင်ဆက်ဆံမှု ပြဿနာများ၊ Coeliac Disease ဆိုသည့် Glutin ကို မချေဖျက်နိုင်တဲ့ အစာမကြေ ရောဂါ၊ အချို့သောဆေးဝါးများ (စတီး ရွိုက်ဆေး ကြာရှည်သုံးစွဲခြင်း၊ ကင်ဆာ ဓာတ်ရောင်ခြည်ကုသမှု၊ အချို့သော ပဋိဇီဝဆေးများ)၊ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ (ဥပမာ-အပူ၊ အဆိပ်အတောက်၊ ဓာတုပစ္စည်းများ နှင့် ရေရှည်ထိတွေ့မှု)၊ ပိုးသတ်ဆေး မ ် ာ း (Ethylene Dibromate, Organophosphates များဟာ သန္ဓေ မအောင်ခြင်းအပြင် ဝှေးစေ့ကင်ဆာ ကိုပါ ဖြစ်စေနိုင်ပါတယ်) Heavy Metals များနှင့် ထိတွေ့မှုများ၊ ဓာတ်ရောင်ခြည်များ သို့မဟုတ် Xrays နှင့် ထိတွေ့ခြင်း၊ ဝှေးစေ့အပူ ချိန်မြင့်မားခြင်း (ကျပ်ပြီးလှောင်ပိတ် ကာ ပူလောင်သော အတွင်းခံဝတ် ဆင်ခြင်း)၊ စက်ဘီးအကြာကြီးစီးခြင်း (ဝှေးစေ့ကို အပူချိန်မြင့်တက်စေခြင်း၊ စက်ဘီးထိုင်ခုံကြောင့် မျိုးစေ့ဖိအား သက်ရောက်စေခြင်း)စသည်တို့ကြောင့် လည်း သန္ဓေမအောင်နိုင်ဘဲ ဖြစ်တတ် ပါတယ်။
နေ့စဉ်နေထိုင်မှုဘဝဆိုင်ရာ အကြောင်းရင်းများ
ကိုကင်း၊ ဆေးခြောက်၊ Anabolic Steroids များ စသည့် တားမြစ်ဆေးဝါးများသုံးစွဲခြင်း၊ အရက် အလွန်အကျွံသောက်ခြင်း၊ ဆေးလိပ် သောက်ခြင်း၊ စိတ်ဖိစီးခြင်း၊ ဗီတာမင် C၊ ဆယ်လီနီယံ၊ ဇင့်နှင့် ဖောလိတ် အစရှိသော ဗီတာမင်များ ချို့တဲ့ခြင်း၊ ကိုယ်အလေးချိန် (အဝလွန်ခြင်း၊ အပိန် လွန်ခြင်း)၊ အသက်အရွယ် (အသက် ၃၅ နှစ်နောက်ပိုင်းမှ စတင်ပြီး သန္ဓေ အောင်နိုင်မှု တဖြည်းဖြည်း ကျဆင်း လာပါတယ်)။
စမ်းသပ်မှုများ
မြုံနေလို့ ဆရာဝန်နှင့် ပြသတဲ့ အခါ မြုံခြင်းဖြစ်ပေါ်စေတဲ့ နောက် ကွယ်က အကြောင်းရင်းကို ရှာဖွေပြီး ကုသမှာဖြစ်တယ်။ အထွေထွေစစ် ဆေးခြင်းများ၊ သုက်ပိုးစစ်ဆေးခြင်း များ၊ ဝှေးစေ့ အာလ်ထရာဆောင်းရိုက် ခြင်း စတာတွေ ပြုလုပ်ပေးနိုင်တယ်။ အမျိုးသားနှင့်အတူ အမျိုးသမီးကိုပါ စုံတွဲလိုက် ကုသမှုနှင့် အကြံပေးမှုများ ပြုလုပ်ဖို့လိုအပ်ပါတယ်။ ကုသမှုတွေ ထဲမှာ- ခွဲစိတ်ကုသခြင်း၊ ကူးစက် ရောဂါပိုးအား ကုသခြင်း၊ လိင်ဆက်ဆံ မှု ပြဿနာများကို ကုသခြင်း၊ ဟော် မုန်းညီမျှအောင်ကုသခြင်း၊ HIV ကဲ့သို့ သုက်ပိုးကို ခန္ဓာကိုယ်ထဲမှ ထုတ်ယူပြီး ပြင်ပတွင် သန္ဓေအောင်စေသော နည်းများ ပါဝင်နိုင်တယ်။
အိမ်မှာတင်ပြုလုပ်နိုင်သော အရာများ
- ရက် အရေအတွက်တိုးမြင့်ပါ
တစ်လအတွင်းမှာ လိင်ဆက်ဆံ တဲ့ ရက်အရေအတွက် တိုးမြှင့်ပါ။ ဒါပေမယ့် ၄၈ နာရီအတွင်း အကြိမ် ကြိမ် သုက်စွန့်ထုတ်ရင်တော့ သုက်ပိုး ကောင်ရေ နည်းပါးနိုင်တယ်။
- သန္ဓေအောင်ခြင်းဖြစ်နိုင်တဲ့ ရက်မှာ လိင်ဆက်ဆံပါ
အမျိုးသမီးရဲ့ ဓမ္မတာရာသီလာ တဲ့ စက်ဝန်းရဲ့အလယ် သားဥေျြက တဲ့အချိန်မှာ ကိုယ်ဝန်ရနိုင်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ သားဥ မေျြကခင် ၂ ရက်အလိုမှာ လိင်ဆက် ဆံရင် သုက်ပိုးဟာ ရက်အတော်ကြာ အသက်ရှင်နိုင်တဲ့အတွက် သားဥေျြက ဆင်းလာတဲ့အချိန်မှာ သန္ဓေအောင်ဖို့ အခွင့်အလမ်း သေချာသလောက်ပဲ လို့ ဆိုပါတယ်။
-ချောဆီ အသုံးမပြုပါနှင့်
လိင်ဆက်ဆံမှု ချောမွေ့ဖို့ Lubricants များ၊ လိုးရှင်းများ၊ တံတွေး စသည်တို့ အသုံးပြုခြင်းဟာ သုက်ပိုးကောင်ရဲ့ ရွေ့လျားမှုကို အနှောင့်အယှက်ပေးနိုင်ပါတယ်။
-ဖြည့်စွက် အားဆေးများ
ဗီတာမင် C၊ ဇင့်၊ ဆယ်လီနီယံ၊ ဗီတာမင် E၊ ဗီတာမင် B12 ၊ အာရှ ဂျင်ဆင်း စသည်တို့ဟာ သုက်ပိုးရဲ့ အရေအတွက်နဲ့ အရည်အသွေးကို တိုးမြှင့်ပေးနိုင်တဲ့ အာနိသင်အချို့ရှိပါ တယ်။ L-arginine နဲ L- carnitine ပါဝင်တဲ့ ဖြည့်စွက်အားဆေး အချို့ လည်း ပါဝင်ပါတယ်။
ကုသမှုများ မအောင်မြင်တဲ့အခါ
အမျိုးသားများ မြုံခြင်းကို ကုသ မှုများ ရရှိနိုင်တယ်ဆိုပေမယ့် မအောင် မြင်တဲ့အခါမျိုးလည်း ကြုံတွေ့လာရ နိုင်ပါတယ်။ အဲဒီအခါမျိုးမှာ သုက်ပိုး အလှူရှင်ထံမှ သုက်ပိုးရယူခြင်း၊ ကလေးမွေးစားခြင်းတို့ဖြင့် ဖြေရှင်းလေ့ ရှိပါတယ်။
ံGood Health
Saturday, August 4, 2012
iPad ကို စိန်ခေါ်မယ့် Surface တက်ဘလတ်
မိုက်ခရိုဆော့ဖ် ကုမ္ပဏီကနေ Surface တက်ဘလက် လက်ကိုင် ကွန်ပြူတာ ထွက်လာမယ်လို့ ဇွန်လ ၁၈ ရက်နေ့က ကယ်လီဖိုးနီးယား ပြည်နယ် လော့စ် အိန်ဂျလိစ်မှာ ကြေညာ လိုက်ပြီ ဖြစ်ပါတယ်။
Touch screen အသုံးပြုထားတဲ့ ဒီတဘလက်မှာ မိုက်ခရိုဆော့ဖ်ရဲ့ ထွက်လာတော့မယ့် windows 8 OS ကို ထည့်သွင်း အသုံးပြုထားမှာ ဖြစ်ပြီး၊ ကွန်ပြူတာ ဦးနှောက်လို့ ခေါ်တဲ့ Processor အပိုင်းမှာတော့ intel ဒါမှမဟုတ် ARM processors တို့ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။
ဆက်စပ်သတင်းနဲ့ အစီအစဉ်များ
Samsung ရဲ့ နောက်ဆုံးထုတ် Galaxy S3 စမာ့တ်ဖုန်း
လန်ဒန်အိုလံပစ်ကာလ မြေအောက်မှာ ဝိုင်ဖိုင်သုံးနိုင်မယ်
ဆက်စပ်အကြောင်းအရာများ
နည်းပညာ,
နည်းပညာသတင်းလွှာ
ဒီအတွက် အက်ပဲလ် ရဲ့ လက်ရှိ အရောင်းရဆုံး iPad လက်ကိုင် ကွန်ပြူတာ ကို အတိအကျ စိန်ခေါ်တော့မှာ ဖြစ်ပါတယ်။ အကြောင်းကတော့ Surface တက်ဘလတ် တွေမှာ မိုခရိုဆော့ဖ်ရဲ့ ကိုယ်ပိုင်ထုတ် office ပရိုဂရမ်တွေနဲ့ photoshop တို့ကိုပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ်လို့ windows 8 ကို အသုံးပြုပြီး တဘလတ် ထုတ်လုပ်မယ့် တခြား ကုမ္ပဏီတွေနဲ့တော့ မိုကရိုဆော့ဖ်ဟာ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။
မိုခရိုဆော့ဖ် အမှုဆောင် အရာရှိချုပ် စတိဗ် ဘောမာ ကတော့ ဒီ တက်ဘလက် ကွန်ပြူတာနဲ့ လိုက်လျောညီထွေ ဖြစ်မယ့် ဆော့ဖ်ဝဲ ကို တခါတည်း ထည့်သွင်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆားဖေ့စ် တဘလက်ဟာ ဒေါင့်ဖြတ် မျက်နှာပြင်အကျယ် ၁၀.၆ လက္မ ရှိမှာ ဖြစ်ပြီး၊ မဂနီဆီယမ် အိမ်ထဲမှာထည့်သွင်း ပြုလုပ်ထားမှာ ဖြစ်ပါတယ်။
တက်ဘလက် ကွန်ပြူတာနဲ့ လိုက်လျောညီထွေ ဖြစ်မယ့် ဆော့ဖ်ဝဲ ကို ထည့်သွင်းထားမှာ ဖြစ်ပါတယ်
အနောက်ဘက်မှာလည်း ထောင်ထားလို့ ရအောင် ထောက်တခု တပ်ဆင် ပေးထားမှာ ဖြစ်ပါတယ်။
Processor အလိုက် ကွာခြားမှု
AMR processor ထည့်သွင်း ထုတ်လုပ်မယ့် Surface တက်ဘလက်ကတော့ အထူအားဖြင့် ၉.၃ မီလီမီတာ ရှိမှာဖြစ်တဲ့အတွက် iPad ထက်စာရင် အနည်းငယ် ပို ပါးမှာလည်း ဖြစ်ပါတယ်။
Intel processor အတွက်တော့ ဝင်းဒိုးစ် ၈ ကို ထည့်သွင်းထားမှာ ဖြစ်ပြီး၊ ၁၃.၅ မီလီမီတာ အထူရှိမှာ ဖြစ်ပါတယ်။ အဲဒီမှာတော့ အရင် windows အတွက် ထုတ်လုပ်ထားတဲ့ ဆော့ဖ်ဝဲ တွေကိုလည်း ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တချို့ပရိုဂမ်တွေ ကတော့ surface နဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ update လုပ်ပြီးမှ သုံးလို့ရမှာဖြစ်ပါတယ်။
Intel processor အသုံးပြုထားတာ ဖြစ်တဲ့အတွက် iPad ထက် အနည်းငယ် ပိုလေးမှာ ဖြစ်ပြီး၊ မျက်နှာပြင်ကတော့ iPad ထက် ပိုကျယ်မှာပါ။
အချက်အလက် သိမ်းဆည်းနိုင်မယ့် ပမာဏကတော့ ARM အတွက် ၃၂ ဒါမှမဟုတ် ၆၄ gigabytes ရှိမှာဖြစ်ပါတယ်။ Intel သုံးထားတဲ့ တက်ဘလက် အတွက် ကတော့ ပမာဏ ၆၄ နဲ့ ၁၂၈ gigabytes တို့ ရှိကြမှာ ဖြစ်ပါတယ်။
စျေးနှုန်းနဲ့ စျေးကွက်
မိုခရိုဆော့ဖ် ဟာ သူ့တို့ထုတ်လုပ်တဲ့ windows 8 ကို ထည့်သွင်း အသုံးပြုမှာ ဖြစ်တဲ့အတွက် OS အတွက် လိုင်စင်ကြေး ကုန်ကျမှု မရှိတာကြောင့် စျေးကွက်မှာ သူများနဲ့ ယှဉ်ပြိုင် ရောင်းချနိုင်မှာ ဖြစ်တယ်လို့ Gartner နည်းပညာ အတိုင်ပင်ခံ ဒုတိယ ဥက္ကဌ Carolina Milanesi ကပြောပါတယ်။
ဒီအတွက် တခြား တက်ဘလက် ထုတ်လုပ်သူတွေအတွက် စိတ်ပျက်စရာ ဖြစ်စေ လိမ့်မယ်လို့လည်း သူကပြောပါတယ်။
မိုက်ခရိုဆော့ဖ်ရဲ့ ပထမဦးဆုံးထုတ် ကွန်ပြူတာ ဖြစ်ပါတယ်
iPad ထက် ပိုမို စွမ်းအားမြင့်တဲ့ ပစ္စည်းတွေကို အလိုရှိမယ့် စျေးကွက်ကို မိုခရိုဆော့ဖ် က အဓိကထား ရောင်းချမယ့် ပုံပေါ်တယ်လို့ ဆိုပါတယ်။
AMR processor သုံးထားတဲ့ Surface တက်ဘလက်တွေ ကိုတော့ အများပြည်သူ သုံးနိုင်ဖို့ အဓိကထား ရောင်းချ မှာ ဖြစ်ပြီး၊ intel processor သုံး တက်ဘလက်တွေကိုတော့ စီးပွားရေး လုပ်ငန်းရှင် တွေ အတွက် အဓိက ထားဖို့ ရှိပါတယ်။
Saturday, May 19, 2012
မန္တလေးသား ကမ္ဘာကျော် HTC စီအီးအို ဝင်းသန်း (သို့မဟုတ်) Peter Chou
ကမ္ဘာကျော် အီလက်ထရောနစ် Company ဖြစ်တဲ့ HTC (High Tech Computer Coporation) ရဲ့ ဥက္ကဌ Peter Chou ခေါ် ဦးဝင်းသန်း ဟာ မေလ ၁၉ ရက်နေ့၊ မနက် ၁ဝနာရီမှာ လှိုင်တက္ကသိုလ်ဝင်းအတွင်း၊ မြန်မာအိုင်စီတီ (Myanmar Infto-tech) ရှိ ဟောခန်းမတစ်ခုတွင် တွေ့ဆုံဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။
တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံသား နည်းပညာလောကမှ လူငယ်၊လူကြီးများနှင့္ အတွေ့အကြုံများ ဆွေးနွေးတိုင်ပင် ခဲ့ကြပါတယ်။ ပီတာချူးဟာ မြန်မာနိုင်ငံဖွားဖြစ်ပြီး မွေးရပ်ဇာတိက မန္တလေးမြို့ဖြစ်ပါတယ်။ ၁၉၅၃ ခုနှစ်ဖွား ပီတာချူးဟာ မန္တလေးဒေသကောလိပ်မှာ ပညာသင်ယူခဲ့ပါတယ်။ ဒုတိယနှစ် ရောက်တဲ့အခါမှာ ကျောင်းကထွက်ပြီး ထိုင်ဝမ်နိုင်ငံကို သွားရောက်လုပ်ကိုင်ခဲ့ပါတယ်။ စစရောက်ချင်းမှာ သူဟာ အီလက်ထရောနစ်အင်ဂျင်နေယာအနေဖြင့် ထိုင်ဝမ် အီလက်ထရောနစ် Company တစ်ခုမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။
အလုပ်လုပ်ကိုင်ပြီးတော့ ပညာဆက်လက်သင်ကြားဖို့ စိတ်ကူးရလာတဲ့အခါမှာ သူဟာ National Taiwan Ocean University တက်ရောက်ခဲ့ပါတယ်။ ၁၉၈၅ခုနှစ်မှာ Electronic Engineering ဘွဲ့ရရှိခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ HTC Coporation ကို စတင်တည်ထောင်ခဲ့ပါတယ်။ အင်ဂျင်နေယာ ၁၀ ဦးနဲ့စတင်တည်ထောင်ခဲ့တဲ့ HTC ဟာ ကမ္ဘာ့အဆင့်မှီ အီလက်ထရောနစ်ပစ္စည်းများကိုသာထုတ်လုပ်မယ် လို့ ဆုံးဖြတ်ချက်ချပြီး လုပ်ကိုင်ခဲ့ပါတယ်။ ဒါကြောင့် နှစ်နှစ်အတွင်းမှာ အရှိန်အဟုန်နဲ့အောင်မြင်လာခဲ့ပါတယ်။ သူဟာ ပညာသင်ကြားခြင်းကို မရပ်တန့်ခဲ့ပါဘူး။၂၀၀၃ ခုနှစ်မှာ National Chenghi University မှ MBA ဘွဲ့ရရှိခဲ့ပါတယ်။ ဒါ့အပြင် ၂၀၀၆ ခုနှစ်မှာ အရေိကန်နိုင်ငံ၊ Harvard Business School မှ Advanced Management Program တက်ရောက်အောင်မြင်ခဲ့ပါသေးတယ်။
ဦးဝင်းသန်း ခေါ် ပီတာချူးရဲ့ ကြိုးစားမှုကြောင့် HTC ရဲ့ အောင်မြင်မှုအရှိန်အဟုန်ဟာ မြင့်မားခဲ့ပြီး ကမ္ဘာ့ပထမဆုံး Window စမတ်ဖုန်းထုတ်လုပ်နိုင်တဲ့ Company ဖြစ်လာခဲ့ပါတယ်။ Microsoft ပိုင်ရှင် ဘီလ်ဂိတ် နဲ့ စတင်လုပ်ကိုင်ခဲ့တဲ့ Window Phone ဟာ HTC တစ်ခုတည်းမဟုတ်တော့ပဲ Nokia တို့လို Company ကြီးတွေပေါ်ထွက်လာပါတယ်။ ပြိုင်ဘက်တွေရှိနေသော်ငြားလည်း HTC ဟာ စမတ်ဖုန်း ဈေးကွက်ရဲ့ ထိပ်တန်း ငါးခုစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ စမတ်ဖုန်းနည်းပညာပထမဆုံး စတင်တီထွင်တဲ့ Company များထဲမှ ထိပ်တန်းစာရင်းထဲမှာ ပါဝင်သူဖြစ်ပါတယ်။
လက်ရှိ မှာ ကမ္ဘာ့ အကောင်းဆုံးအိုင်တီ Company ၁၀၀ မှ နံပါတ် ၁၁ ၊ အာရှမှာ ထိပ်တန်းငါးခုစာရင်းဝင်ပြီး ပီတာချူးကိုယ်တိုင်ဟာ ကမ္ဘာ့အလွမ်းမိုးဆုံးအိုင်တီလုပ်ငန်းရှင် (CEO) ၅ ဦးစာရင်းမှာ ပါဝင်နေသူဖြစ်ပါတယ်။
သူဟာ မြန်မာပြည်မှာနေခဲ့စဉ်ကတည်းက အိုင်တီနည်းပညာကို အင်မတန်စိတ်ဝင်စားသူဖြစ်ပါတယ်။ ၁၉၇၀ နှောင်းပိုင်းကာလမှာ ပညာသင်ရတဲ့ ပီတာချူးဟာ မန္တလေးမြို့ ၈၃ လမ်းမှာ လျှပ်စစ်ပစ္စည်းပြင်ဆိုင်လေးဖွင့် လှစ်ခဲ့ဖူးပါတယ်။ သီအိုရီထက် လက်တွေ့ကိုအားသန်တဲ့ ပီတာချူးဟာ ကျောင်းတက်ရက်မမှန်ပါဘူး။ တစ်လမှာ မြန်မာငွေကျပ် ၃၀ သာဝင်ငွေရှိတဲ့ ဝင်းသန်းဟာ ထိုင်ဝမ်နိုင်ငံသွားဖို့ စိတ်ကူးရခဲ့ပါတယ်။ ကျောင်းပညာ တစ်ဝက်တစ်ပြတ်နဲ့ တိုင်းတစ်ပါးမှာ သွားရောက်လုပ်ကိုင်ဖို့ စိတ်အားထက်သန်ခဲ့တဲ့ ဝင်းသန်းဟာ လက်တွေ့မှာ ထူးချွန်သူဖြစ်တဲ့အတွက် ထိုင်ဝမ် အီလက်ထရောနစ် Company များက နှစ်သက်ခဲ့ပါတယ်။ နောက်ပိုင်းတော့ သီအိုရီပိုင်းလည်းအရေးကြီးတယ်လို့ သိလာတော့ ထိုင်ဝမ်မှာ တက္ကသိုလ် ဆက်လက်တက်ရောက်ခဲ့ပါတယ်။
တက္ကသိုလ်မှာ သူငယ်ချင်းများနဲ့ HTC ဆိုတဲ့ ကော်ပိုရေးရှင်းကို ၁၉၉၇ ခုနှစ်ကစတင်တည်ထောင်ပါတယ်။ အင်ဂျင်နေယာ ၁၀ဦးနဲ့စတင်တည်ထောင်တဲ့ HTC ဟာ အမှန်တော့ အဆင့်မြင့် ကွန်ပျူတာများ ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ သို့ပေမဲ့ မိုဘိုင်းဖုန်းနည်းပညာမှာ အခြားအဖွဲ့အစည်းများထက် ထူးခြားပြောင်မြောက်အောင် တီထွင်နိုင်ခဲ့ပြီး ဒီဂျစ်တယ်ဖုန်းမှ စမတ်ဖုန်းသို့ ကူးပြောင်းပေးတဲ့ ပထမဆုံး Company များစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ အမေရိကန်အခြေဆိုက် မိုက်ခရိုဆော့ခ် Company မှ ဥက္ကဌ ဘီလ်ဂိတ်ကိုယ်တိုင် ပီတာချူးကို ဖိတ်ကြားပြီး လုပ်ငန်းဆိုင်ရာဆွေးနွေးခဲ့ပါတယ်။ ဘီလ်ဂိတ်ရဲ့ ကမ်းလှမ်းချက်ကို သဘောတူပြီး Window ဖုန်းဖြစ်ပေါ်လာဖို့ ပူးပေါင်းလုပ်ကိုင်ခဲ့ပါတယ်။ ယင်းနောက်ပိုင်း HTC စမတ်ဖုန်းဟာ Window Phone လောကမှာ ဆရာတစ်ဆူဖြစ်လာခဲ့ပါတယ်။ ကမ္ဘာကြီးကို ပြောင်းလဲစေမယ်လို့ ဆုံးဖြတ်ချက်ချ ကြိုးစားခဲ့ပါတယ်။ ငွေရဖို့ရည်ရွယ်ချက်နဲ့ အသက်မွေးဝမ်းကြောင်းလုပ်ကိုင်ခြင်းဟာ ညံ့ဖျင်းပြီ ကမ္ဘာကို အကျိုးထူးစေမယ်ဆိုတဲ့ ရည်ရွယ်ချက်ကသာ အောင်မြင်စေနိုင်တယ်လို့ ယုံကြည်ထားသူ ဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း အောင်မြင်လျက်ရှိနေတဲ့ HTC ဟာ မြန်မာပြည်ဖွား ဦးဝင်းသန်းခေါ် ပီတာချူးက ဦးဆောင်လုပ်ကိုင်နေတာဟာ ဂုဏ်ယူစရာဖြစ်ပါတယ်။
၃၃ နှစ်ကြာပေမဲ့ မြန်မာပြည်ကို မမေ့ပါဘူး။ ပီတာချူးရဲ့ ငယ်သူငယ်ချင်းများကလည်း မြန်မာ့ အိုင်တီလောကမှာ အောင်မြင်နေကြပါတယ်။ MCPA ဥက္ကဌ ဦးသောင်းတင်ဟာ ပီတာချူးရဲ့ငယ်သူငယ်ချင်း ဖြစ်ပြီး မြန်မာပြည်လာရောက်ရန် ဖိတ်ကြားမှုကို လက်ခံခဲ့ပါတယ်။ မြန်မာပြည်ရောက်ရောက်ချင်း မြန်မာစကား ပြောဖို့ ခဲယဉ်းပေမဲ့ မန္တလေးမှာ တစ်ပတ်သွားရောက်နေထိုင်ပြီးနောက် ဗမာလို အဆင်ချောစွာပဲ ပြောဆိုနိုင်ခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲမှာလည်း မေးမြန်းသူများကို မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ ပီပီပြင်ပြင်ဖြေကြားခဲ့တဲ့ ဦးဝင်းသန်းကို လာရောက်သူ ဧည့်သည်များ လေးစားခဲ့ရပါတယ်။
ဆွေးနွေးပွဲမှာ သူ့ဘဝအတွေ့အကြုံများကို အထက်ပါအတိုင်း ရှင်းလင်းပြောကြားသွားခြင်းဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း သူ့လို အောင်မြင်တဲ့ အိုင်တီလောကသားများ ပေါ်ထွက်လာဖို့မျော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
ပီတာချူးဟာ သူအောင်မြင်မှုရရှိဖို့အတွက် ကိုင်ဆွဲထားတဲ့ ဆောင်ပုဒ်များကို ရှင်းလင်းပြောပြခဲ့ပါတယ်။ အချက်၃ ချက်ရှိပြီး Passion, Fearless နှင့် Vision ဖြစ်ပါတယ်။
“လူတိုင်းဟာ သူ့ဝါသနာပါရာသူ လုပ်ဆောင်သင့်ပါတယ်။ ကျွန်တော်ဆိုငယ်ငယ်က ဂီတာတီးတာဝါသနာပါတယ်။ ရေကူးတယ်။ သူငယ်ချင်းတွေနဲ့အတူ ဝါသနာပါရာ စိတ်အပန်းဖြေ ကစားကြတယ်။ ဒါတွေကို ချုပ်တည်းမထားရပါဘူး။ Innovation လုပ်နိုင်ဖို့ စိတ်ကို လွတ်လွတ်လပ်လပ်ထားဖို့လိုပါတယ်။ ဒါကြောင့် လူတစ်ယောက်ဟာ အောင်မြင်ဖို့အတွက် Passion က အဓိကကျပါတယ်။ နောက်တစ်ချက်ကတော့ Fearless ပါ။ ဘာကိုမှ ကြောက်ရွံ့မှုမရှိရပါဘူး။ လုပ်ချင်တာတွေကို လုပ်နိုင်ရမယ်။ အခက်အခဲတွေဘယ်လောက်ပဲရှိရှိ။ ပတ်ဝန်းကျင်နဲ့အခြေအနေကြောင့် မိမိရဲ့ ရည်မှန်းချက်တွေ ပျောပျက်သွားတာဟာ အင်မတန်ပျော့ညံ့မှုပါ။ မှားတာကိုလည်း မကြောက်ရပါဘူး။ လူတိုင်းအမှားလုပ်ကြပါတယ်။ အမှားကနေပဲ သင်ခန်းစာယူရပါတယ်။ မှားတယ်ဆိုတာ သဘာဝတရားပါ။ မှားမှာကြောက်နေရင်ဘာမှ ဖြစ်လာမှာမဟုတ်ပါဘူး။ နောက်တစ်ချက်က Vision။ ကျွန်တော် HTC စထောင်တော့ မူဝါဒခိုင်ခိုင်ထားပါတယ်။ ဒါကတော့ ကမ္ဘာ့အဆင့်မှီ (World Class) ကိုပဲ တီထွင်ဖန်တီးမယ်ဆိုတာမျိုးပါ။ အဆင့်နိမ့်ပစ္စည်းများ ထုတ်လုပ်ဖို့ လုံးဝစိတ်မကူးခဲ့ပါဘူး။ ဒါကြောင့်ပဲ အချိန်တိုတွင်းမှာ အောင်မြင့်တာဖြစ်ပါတယ်။ ကျွန်တော်ကျောင်းသားဘဝက ဒီဂျစ်တယ်ပညာရပ်ကို လေ့လာသူနည်းပါတယ်။ ယင်းဒီဂျစ်တယ်ပညာကို ရွေးချယ်လိုက်တဲ့ ကျွန်တော့ကိုတောင် လောင်ပြောင်ခဲ့ကြပါ သေးတယ်။ သို့ပေမဲ့ ဒါတွေဟာ တစ်နေ့အောင်မြင်မယ်ဆိုတာကို ကြိုမြင်ထားတဲ့ ကျွန်တော်ဟာ HTC ကို အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။”
အထက်ပါအတိုင်း ပီတာချူးဟာ သူ့ရဲ့ခံယူချက်ကို ပြောဆိုခဲ့ပါတယ်။
“မြန်မာပြည်အတွက်ဆို ကျွန်တော်ဘာမဆိုလုပ်ပါ့မယ်။ နည်းပညာဆိုင်ရာဖွံ့ဖြိုးဖို့အတွက် ရင်းနှီးဖို့အစီအစဉ်တွေရှိပါတယ်။ ဒီတစ်ခါလာရောက်တာကတော့ လေ့လာတဲ့သဘောပဲ ရှိပါသေးတယ်။ ဘာမှ ရင်းနှီးမြှုပ်နှံဖို့မရှိသေးပါဘူး။ နေပြည်တော်က အစိုးရအဖွဲ့ဝင်တွေကိုလည်း သွားရောက်တွေ့ဆုံခဲ့ပြီးပါပြီ။ HTC လာရောက်ရင်းနှီးမြှုပ်နှံဖို့ကို ကြိုဆိုတာတွေ့ရတဲ့အတွက အထူးပင်ဝမ်းသာပါတယ်။ HTC ကိုမြန်မာပြည်မှ သိလောက်မယ်လို့ မထင်ခဲ့ဘူး။ သို့ပေမဲ့ HTC ဟာ မြန်မာပြည်မှာလည်း လူသိများတဲ့ Brand တစ်ခုဖြစ်နေတယ်လို့ သိရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေးအရပြောင်းလဲမှုတွေ မြန်ဆန်ပါတယ်။ ပြောင်းလဲမှုတွေဟာ အကောင်းဘက်ဦးတည်တဲ့အတွက် ကျွန်တော်တို့လာရောက်ရင်းနှီးလုပ် ကိုင်ဖို့ ပိုမိုလွယ်ကူလာမှာဖြစ်ပါတယ်။ မြန်မာ့ဆက်သွယ်ရေးနဲ့ ပူးပေါင်းလုပ်ကိုင်မည့်အစီအစဉ်၊ မန္တလေးမှာ HTC အရောင်းစင်တာ ဖွင့်လှစ်မယ်ဆိုတာတွေကတော့ မဟုတ်ပါဘူး။ ကျွန်တော်ပြောသလိုပဲ ဒီတစ်ခါက Listen လာလုပ်တဲ့သဘောပဲရှိပါသေးတယ်။
မြန်မာ့ကွန်ပျူတာနဲ့ ွOS လောကမှာ မြန်မာ input system ဖြစ်ပေါ်လာဖို့ HTC မှ ကြိုးစားပါမယ်။ ဒါဟာ အင်မတန် အရေးကြီးပါတယ်။ မြန်မာစာစနစ်ကို မြန်မာ့အိုင်တီလောကမှာ အလွယ်တကူသုံးနိုင်ဖို့ဆိုတာ လိုအပ်ပါတယ်။ ဒါကို ကျွန်တော်တို့လုပ်ဖို့ Plan ရှိပါတယ်။ မြန်မာပြည်တွင်းက ကွန်ပျူတာပညာရှင်များနဲ့လည်း ဆွေးနွေးတိုင်ပင်လျက်ရှိပါတယ်။
မြန်မာပြည်မှလူငယ်များအတွက် ဖောင်ဒေးရှင်းတစ်ခုဖန်တီးပေးခဲ့ပါတယ်။ ဒါကတော့ စဉ့်ကူဖောင်ဒေရှင်းလို့ အမည်ရပြီး မြန်မာလူငယ်တွေကို Innovation မှာ ပါဝင်လာနိုင်ဖို့ မြေတောင်မြောက်ပေးပါမယ်။ ဒီအတွက် ကျွန်တော်နဲ့ MCPA ဥက္ကဌ ကိုသောင်းတင်နဲ့အတူ တိုင်ပင်ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။”
ဟု ပီတာချူးဟာ သူနေခဲ့တဲ့ တက္ကသိုလ်အဆောင်အမည်ကို အမှတ်တရဖြစ်စေပြီး စဉ့်ကူလို့အမည်ပေးခဲ့ပါ တယ်။ တစ်နှစ်တစ်ခါ ဖောင်ဒေးရှင်းအစည်းအဝေးကိုလာရောက်ဖို့လည်း သဘောတူကတိပေးခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲဟာ နေ့လည် ၁၁ နာရီခွဲမှာ ပြီးဆုံးခဲ့ပြီး MCPA မှ ပီတာချူးကို အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ပါတယ်။
Subscribe to:
Posts (Atom)



