Saturday, August 23, 2014

လုံလောက်ပြီ

လုံလောက်ပြီ ************* ကျောက်ဆည် မင်းဘာမှ ထပ်မလုပ်နဲ့.. သန်းရွှေကို မွေးထုတ်ပြီးကတည်းက မင်းတာဝန်ကျေပြီ။ သူလိုလူ နောက်ထပ်မမွေးဖို့ သမိုင်းကို ကတိပေးလိုက်။ မိကြိုင်.... ညည်းယောက်ျား ခွေးဝဲစားကို လွှတ်မထားနဲ့.. လူကို လူလို့မမြင်တဲ့ ကောင်ကို ညည်းလင်တော်ချင်တော် ပြည်သူဆီကို ရှူးတိုက်မကိုက်ခိုင်းနဲ့...။ O.T.S အပတ်စဉ် (၉).. မင်းသာသူ့ကို ကျောင်းဆင်းမပေးပဲ စားဖိုဆောင်မှာပဲ ထားခဲ့ရင် ငါတို့တွေ အခုလို ငတ်ပြတ်နေမှာ မဟုတ်ဘူး။ ဗိုလ်ချုပ်ကြီး ဦးနေ၀င်း... ခင်ဗျားမှားတယ်.. ဘာပဲဖြစ်ဖြစ် သူ့ကို ဗဟိုနိုင်ငံရေး တက္ကသိုလ်မှာပဲ နည်းပြအဖြစ် ထားခဲ့လိုက်ရမှာ...၊ ခင်ဗျား ယုံကြည်ပြီး အဆင့်တွေ အတင်းတက်ပေးလို့ အခုတော့ ကျုပ်တို့ကို ပညာပြနေပြီ၊ ခင်ဗျားသေတာတောင် နေ့ချင်းသဂြိုလ်ခိုင်းတယ်လေ။ တပ်မ ၈၈.. မင်းလက်မ မထောင်နဲ့အုံး.... ဗကပ ၈၁၅ လက်အောက်ခံတပ်တွေ တိုက်လို့ ကျခဲ့တဲ့ အမှတ် ၃ ကချင်သေနတ်ကိုင် တပ်ရင်းဌာနချုပ်နဲ့ စစ်သည်တွေကို သတိရအုံး..၊ အဲဒီတုန်းက သူက မင်းရဲ့ တပ်မမှူးလေ။ ဗိုလ်ချုပ်မှူးကြီး စောမောင်.. ခင်ဗျား လူကဲခတ် ညံသွားပြီဗျ၊ ရေမြွေထင်လို့ ဒုကာ/ချုပ် ခန့်ပေမယ့် သူမလုပ်ချင်တဲ့ လမ်းဖောက်တံတားဆောက်ခိုင်းပြီး ဦးခင်ညွန့်ကို ပွဲထုတ်နေတာကိုး..၊ အခုတော့ ခင်ဗျား နောက်ကျော ဓားနဲ့ထိုးခံရပြီ။ ဗိုလ်ချုပ်ကြီး ခင်ညွန့်.. ခင်ဗျားဖြစ်ချင်တဲ့ ဒုကာ/ချုပ် နေရာကို ၂ နှစ်လောက် ဘယ်သူ့မှ မခန့်ဘဲ ထားကတည်းကိုက သူကခင်ဗျားရဲ့ ထက်မြက်မှုကို ကြောက်နေတယ် ဆိုတာ သိဖို့ကောင်းတယ်....၊ အခုတော့ ခင်ဗျားလည်း ဆန်ခိုးတုန်းမမိပဲ ဖွဲခိုးမှ မိဆိုသလို ဖြစ်ရပြီ။ ပြည်ထဲရေးနဲ့ သာသနာရေးဝန်ကြီး ဦးမင်းဂေါင် ခင်ဗျားကိုတော့လေးစားတယ်ဗျာ၊ ၈၈ မှာ ဆန္ဒပြသူ ၇၁ ဦးဖမ်းတုန်းက ၄၁ ယောက် သေသွားတာ ခင်ဗျားမှာ တာဝန်ရှိတယ်လို့ ၀န်ခံခဲ့လို့ပါ။ အငြိမ်းစား ဗိုလ်မှူးကြီး ဦးအောင်သောင်း.. ဖားတာလည်း ဖားပေါ့ဗျာ၊သိပ်အာမချောင်နဲ့ဗျ၊ ခင်ဗျား အာချောင်လို့ ကျုပ်တို့တွေ မိုးထဲလေထဲ ကြက်ဆူပင်တွေ စိုက်ခဲ့ရတာ အခုထိ ငှက်ဖျားက ထလို့ကောင်းတုန်း။ န.တ.ခ တိုင်းမှူး ဦးမြင့်အောင် ... ခင်ဗျားမေ့နေမလားပဲ... " တပြည်လုံး ဒီမိုကရေစီ ရရင်တောင် ငါ့တိုင်းမှာတော့ မစဉ်းစားနဲ့၊ ငါ့တသက်ဘယ်တော့မှ မပေးဘူး" ဆိုတာလေ၊အဲလို မာန်အတက်ကောင်းလို့ လယ်/စိုက် ၀န်ကြီးခန့်ပြီး တပ်နဲ့ ခပ်ကင်းကင်း ထားလိုက်တာ သဘောပေါက်။ ဦးထွန်းကြည်၊ ဦးကျော်ဘနဲ့ ဦးအေးသောင်.. ခင်ဗျားတို့ သုံးယောက်လွန်တာပေါ့ဗျ၊ သုံးယောက်ပေါင်းပြီး မြန်မာပြည်တောင် နှစ်ပိုင်းခွဲလို့ရတယ်ဆို... သူက ကြောက်တတ်တယ်ဗျ... အာ့ကြောင့် ခင်ဗျားတို့ကို ၀န်ကြီးခန့်ပြီး နှိပ်ကွပ်လိုက်တာ... ဒါပေမယ် ကံကောင်းပါတယ်ဗျာ.... စားပေါက်ကြီးမှာ တာဝန်ကျတာကိုးဗျ။ လ.ပ.ခ တိုင်းမှူးထွန်းကြည်... ခင်ဗျားက သူခိုးကြီး "ထောကြည်" ပါဗျ. ခင်ဗျားလုပ်လို့ ကျုပ်တို့ နန်းစိုက်မြို့လည်း အခုတော့ တရုတ်မြို့ ဖြစ်တော့မယ်... ကုန်သွယ်ရေးမှာ ခိုးထားတာတောင် မန္တလေးကို ရောင်းစားခဲ့တာ အံ့ရောဗျာ။ သမ္မတကြီး ဦးသိန်းစိန်.. ခင်ဗျားလည်း ဟန်လုပ်မနေပါနဲ့ဗျာ၊ နှလုံးခုန်စက်လေး ရပ်သွားပါအုံးမယ်... ခင်ဗျား လာဘ်မစားဘူးချည်း အော်မနေနဲဗျ.. ခင်ဗျားဆရာရဲ့ သွားရေတွေ သိမ်းပေးပါအုံး၊ မြန်မာပြည်လည်း ခရုခွံ ဖြစ်နေပြီ။ မစ္စတာ ဂန်ဘာရီ.. ခင်ဗျားဗျာ ကုလရဲ့ ကိုယ်စားလှယ် လုပ်နေပြီး ဦးသိန်းစိန်တို့ ဆရာတပည့်နှစ်ယောက်ရဲ့ လှည့်ကွက်ကိုတောင် မသိလိုက်ဘူးလား... ခင်ဗျားလိုပါပဲဗျာ ကျုပ်တို့ တတိုင်းပြည်လုံးလဲ အခုထိ အလူးအလဲပဲဗျို့။ ကာ/ချုပ် မှူးကြီး မင်းအောင်လှိုင် ... ခင်ဗျားကတော့ အတိတ်ကောင်းပါတယ်... ဆိုးတာက သူ့စီးတော်ကျား ဖြစ်နေတာပဲ.. ကြည့်လုပ်ဗျာ.. ကျနော်တို့ အနာဂတ်က ခင်ဗျားနဲ့လည်း ဆိုင်တယ်။ ဦးအောင်ဆန်းဦး.. ခင်ဗျားလည်း နဲနဲပါးပါး စဉ်းစားလေ.. အဲဒီခွေးတွေ မြှောက်ပေးတိုင်း ဒီမြေကွက်လေး လာလုမနေနဲ့.. အဖေ့မျက်နှာလည်း ပြန်ကြည့်အုံး... ခင်ဗျားညီမမှာ ဒါလေးပဲ ချမ်းသာတာ.. အဖေရှိရင် ခင်ဗျား ပါးရိုက်ခံရမှာ မလွဲဘူး။ ဧရာဝတီရေ.. ခင်ဗျားတော့ ခန အနားရပြီ... သူတောင်းစားက နားပြီလေ.... စိတ်တော့မချနဲ့အုံး.. သူ့ခွေးတွေက ရှိသေးတယ်။ လက်ပန်းတောင်းတောင်နဲ့ လယ်တီသိမ်.. ကျုပ်တို့တော့ ခံလိုက်ရပြန်ပြီ.. ခင်းဗျားတို့ကို ကယ်ဖို့မပြောနဲ့ ဘုန်းကြီးတွေကိုတောင် မီးသင်္ကန်းတွေ လှူလိုက်သေးတယ်.... ကျုပ်တို့လူတွေတောင် မလွတ်သေးဘူး.... ဖွတ်မရ ဓားမ ဆုံးပြီလေ။ ခင်ဗျားတို့ထုတ်တဲ့ ငွေစက္ကူ တွေ.. ကျုပ်တို့မှာ တိုင်းတပါးသားရှေ့ မကိုင်ရဲဘူးဗျ.. ခြင်္သေ့ကြီးက အ၀တ်မကပ်တော့ သူတို့လည်း ရှက်နေမှာပေါ့။ နိုင်ငံခြားသားတွေကို အထင်မကြီးပါဘူး.. သူတို့တွေ အင်ဗာတာကို မသုံးတတ်ဘူးဗျ၊ မီးအားမြှင့်စက်တောင် မကိုင်တတ်ကြဘူးတဲ့.. အဲ့ဒါတော့ ကျုပ်တို့က သာသွားပြန်ရော... ခင်ဗျားကျေးဇုးတွေ -ီးတောင် မမေ့ဘူး။ ခွေးသူခိုးတွေ စားခွက်လုနေတာနဲ့ပဲ .. ပြည်တန်ခွက်က ခွေးစားခွက်ဖြစ်ခဲ့ပြီ။ ဆေးကြောပြီး တန်းမြှင့်ပေးမယ့် လက်ကိုကျတော့ ၀ိုင်းဆွဲနေသေးတယ်

လေဖြတ်ထားခြင်းရှိမရှိ ဘယ်လိုသိနိုင်မလဲ

လေဖြတ်ထားခြင်းရှိမရှိ ဘယ်လိုသိနိုင်မလဲ ========================== အသားကင်ဆိုင်တွင် အမျိုးသမီးတစ်ဦး ချော်လဲကျသည်။ ဖိနပ်အသစ်စီးလာ၍ ခြေချော်လဲကျတာပါဟုပင် သူမကပြန်ပြောလိုက်သေးသည်။ သူမကအ၀တ်အစားတွင် ကပ်နေသောဖုန်များကိုခါ၍ သန့်ရှင်းလိုက်ပြီး ပန်းကန်ပြားတစ်ချပ်ဆွဲကာ ညနေစာစားသည်။ သူမကိုကြည့်ရသည်မှာ တစ်ညနေလုံးအေးအေး ဆေးဆေး။ ညနေခြောက်နာရီရောက်တော့ သူမအမျိုးသားက အသားကင်ဆိုင်ကို ဖုန်းဆက်သည်။ ညနေခြောက်နာရီမှာ သူမဆုံးပါးသွားခဲ့သည်ဟူ၍။ ဆရာဝန်၏အဆိုအရ လေဖြတ်ခြင်းကြောင့် သူမလဲကျခဲ့ခြင်းဖြစ်ပြီး သုံးနာရီအတွင်း ဆေးရုံရောက်ရှိလာပါက အသက်မသေအောင် ကယ် ဆယ်နိုင်သည်ဟုဆိုသည်။ သို့ဆိုလျှင် အချိန်မီကယ်တင်နိုင်ရန် လူတစ်ဦးလေဖြတ်မဖြတ် ဘယ်လိုစမ်းသပ်သိရှိနိုင်မည်လဲ။ ဦးနှောက်နှင့် အာရုံကြောဆရာဝန်များက အဆင့် (၃) ဆင့်ပါဝင်သော စမ်းသပ်နည်းတစ်ခုကို တီထွင်ထားသည်။ အတိုကောက်အားဖြင့် STR ဟု မှတ်နိုင်သည်။ (၁) S – SMILE၊ လေဖြတ်မဖြတ်သိရှိနိုင်ရန် ဒဏ်ရာရသူကို ပြုံးခိုင်းပါ။ (၂) T – TALK၊ ၀ါကျတစ်ခွန်းကို သဒ္ဒါမှန်မှန်၊ ယုတ္တိကျကျပြောခိုင်းပါ (ဥပမာ။ ။ ယနေ့နေသာသည်) (၃) R – RAISE BOTH ARMS၊ လူနာကို လက်နှစ်ဘက်လုံးမြှောက်ခိုင်းပါ။ အထက်ပါစမ်းသပ်မှု သုံးခုစလုံးအနက် တစ်ခုခုမလုပ်နိုင်ပါက ဆေးရုံချက်ချင်းပို့ပါ။ ထိုနည်းများနှင့် စမ်း၍ မသေချာပါက လူနာကိုလျှာထုတ်ခိုင်းပါ။ လျှာလိပ်နေလျှင်ဖြစ်စေ၊ လျှာတစ်ဖက်ဖက်သို့စောင်းနေလျှင်ဖြစ်စေ လေဖြတ်နေခြင်းဖြစ်နိုင်သည်။ အထက်ပါနည်းလမ်းများကို သိထားသူအနေနှင့် အခြားလူ (၁၀) ဦးကိုမျှဝေပေးပါက အနည်းဆုံး အသက်တစ်ချောင်းကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း ဆရာဝန်များက တိုက်တွန်းထားသည်။

အင်ဂျင်အမျိုးအစားများ အပိုင်း(၂)

အင်ဂျင်အမျိုးအစားများ အပိုင်း(၂) Turbocharged Petrol Engines ======================== သူကတော့ များသောအားဖြင့် ခရီးသည်တင် ဘတ်စ်ကားတွေမှာ အသုံးများတာ တွေ့နိုင်ပြီး ဒီအင်ဂျင်စနစ်က စွမ်းအင် ထုတ်လုပ်မှု ကောင်းမွန်တာကြောင့် အသုံးပြုတာ ဖြစ်ပါတယ်။ နောက်ပြီးတော့ အင်ဂျင်ရဲ့ အရွယ်အစား အလိုက် စွမ်းအင် ထုတ်လုပ်မှု ကောင်းမွန်တာကြောင့် ခရီးသည်စီး ကားတွေမှာ ဆိုရင် အင်ဂျင်ခန်း နေရာပိုမို ပေးစွမ်းနိုင်တာကြောင့် အင်ဂျင် အရွယ်အစား ကြီးကြီးမားမား ဖန်တီး တည်ဆောက်ပြီး တပ်ဆင်ထုတ်လုပ်လေ့ရှိတာ တွေ့ရပါတယ်။ ဒီနေရာမှာ Turbochargedစနစ်ရဲ့ သဘောက နေရာစား သက်သာပြီး စွမ်းအင် ထုတ်လုပ်မှု ပိုမို ကောင်းမွန်အောင် ရည်ရွယ်တာကြောင့်လည်း တကယ်လို့သာ Petrolအင်ဂျင် စနစ်မှာ Turboစနစ် မပါဘူးဆိုရုင် အခုထက်ကိုပဲ အင်ဂျင် အရွယ်က ပိုမို ကြီးမားအောင် ဖန်တီးရလိမ့်မယ်ဆိုတာကိုတော့ သိထားရမှာ ဖြစ်ပါတယ်။ အလွယ်ဆုံး ဥပမာ တစ်ခု ပေးရမယ် ဆိုရင် Porsche 944ရဲ့ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု စွမ်းရည်ရော၊ စွမ်းအင် ထုတ်လုပ်နိုင်မှု အပိုင်းမှာပါ သူက အင်ဂျင် အရွယ်သေးပြီး Turboစနစ် ပါဝင်တာကြောင့် သူ့ထက် အင်ဂျင် အရွယ်ကြီးမားတဲ့ Porsche 928လောက်ထိအောင် စွမ်းဆောင်ရည် ကောင်းမွန်တာကို တွေ့နိုင်တာပဲ ဖြစ်ပါတယ်။ နောက်ပြီးတော့ Turbochargingစနစ်က Superchargingစနစ်ထက် ထုတ်လုပ်မှု စရိတ် ပိုမို နည်းပါးတာကြောင့် Turboစနစ်က အသုံးများတာ ဖြစ်သလို Superစနစ်နဲ့ နှိုင်းစာမယ်ဆိုရင်လည်း အားသာချက် တစ်ချက်က အကျိုးသက်ရောက်မှု အပိုင်းမှာ ပိုမိုတာကြောင့် ကုမဏီ တော်တော်များများက သဘောကျ အသုံးများတာ တွေ့ရပါတယ်။ နောက်ပြီးတော့ လက်ရှိမှာ အိမ်စီးကားတွေမှာ အသုံးများတဲ့ Turboစနစ်ရဲ့ နောက်ဆက်တွဲ စနစ်တွေ ဖြစ်တဲ့ Twin-turboလို့ လူသိများတဲ့ biturboစနစ်နဲ့ Twin-scroll turboစနစ်တွေကလည်း ပုံမှန် Turboတွေထက် စွမ်းဆောင်ရည် ကောင်းမွန်သလို နေရာစားလည်း လျော့နည်းအောင် ဖန်တီးလာနိုင်တာ တွေ့ရပါတယ်။ ကောင်းပါပြီ၊ ကျွန်တော်တို့ ဆက်ပြီးတော့ Turbo Petrolစနစ်ရဲ့ သမိုင်းကြောင်းကို ဆက်ကြည့်ရအောင်ပါနော်။ ၁၉၆၂ခုနှစ်မှာ နာမည်ကျော် General Motorsက ပထမဆုံး Turbochargeredအင်ဂျင် စနစ်ကို ထုတ်လုပ်ခဲ့တာ တွေ့ရပြီး သူ့မှာ Oldsmobile Jetfireထည့်သွင်းတပ်ဆင်ထားတဲ့ Turbo Jetfireengineကို အသုံးပြု ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲဒီ ပထမဆုံး Turbpစနစ်မှာ စွမ်းအင် ထုတ်လုပ်မှု အပိုင်းက ပုံမှန်ထက် သိသိသာသာတိုးတက်ကောင်းမွန်လာတာ တွေ့ရပေမယ့် အင်ဂျင် အပေါ် ယု့ကြည်စိတ်ချရမှု အပိုင်းမှာတော့ အားနည်းတာ တွေ့ရသလို မထင်ရင် မထင်သလို မောင်းနှင်နေရင်းမှာကိုပဲ ရပ်တန့် ချို့ယွင်းတတ်တာကြောင့် ၁၉၆၃ခုနှစ်မှာ GMက လက်လျှော့ပြီး ထုတ်လုပ်မှုကို ရပ်နားလိုက်ပါတယ်။ အဲဒီနောက် ၁၉၇၃ခုနှစ် အရောက်မှာတော့ BMWက Turboစနစ်ကို ပြန်လည် အသက်သွင်းလာတာ တွေ့နိုင်ပြီး ၁၉၇၃ခုနှစ်အတွင်း ဖရန့်ဖတ်မှာ ကျင်းပခဲ့တဲ့ ကားပြပွဲမှာ ၂.၀လီတာသုံး ကုမဏီထုတ် Turboအင်ဂျင်ကို ထည့်သွင်းမိတ်ဆက်ခဲ့တာ တွေ့ရသလို အောင်မြင်မှု ရခဲ့ပေမယ့် ၁၉၇၃-၇၄ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ စက်သုံးဆီ အကျပ်အတည်းကြောင့် ၁၉၇၄ခုနှစ် အရောက်မှာ BMWရဲ့ အိပ်မက်လည်း ချုပ်ငြိမ်းသွားပြန်ပါတယ်။ ဒါပေမယ့် BMWရဲ့ လုပ်ငန်းတွေ ရပ်တန့်သွားပြီး ၁၉၇၄ခုနှစ်အတွင်းမှာပဲ ပြိုင်ဖက် Porscheက 911 Turboအမည်ရှိ အင်ဂျင် စနစ်တစ်ခုကို မိတ်ဆက်လာတာ တွေ့ရပြီး အောင်မြင်မှုတွေ ရရှိခဲ့သလို အဲဒီ အချိန်က 911 Turboက အမြန်ဆုံး စွမ်းဆောင်နိုင်တဲ့ အင်ဂျင် စနစ်လည်း ဖြစ်လာပါတယ်။ အဲဒီလို Porscheရဲ့ အောင်မြင်မှုက Turboစနစ်ကို အင်ဂျင်စနစ်တွေရဲ့ လောကထဲ တည်မြဲစွာ ရပ့်တည်နိုင်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ Saabကလည်း ၁၉၇၇ခုနှစ်မှာ Sabb 99အမျိုးအစား Turbochargedအင်ဂျင်ကို မိတ်ဆက် ထုတ်လုပ်လာတာ တွေ့ရသလို ၁၉၇၈ခုနှစ် အရောက်မှာ Buickကလည်း Buick Regal V6ကို Turboစနစ်သုံးပြီး ထုတ်လုပ်လာတာ တွေ့ရပါတယ်။ တစ်ဆက်တည်း အနေနဲ့ Turboစနစ်တွေရဲ့ နောက်ဆက်တွဲ စနစ်တွေ အကြောင်းကိုလည်း ပြောချင်ပါသေးတယ်။ ပထမဆုံး ပြောချင်တာကတော့ Twin-turboစနစ်တွေရဲ့ အကြောင်း ဖြစ်ပြီးတော့ သူက လွယ်လွယ် နားလည်အောင် ပြောရမယ်ဆိုရင် Turboစနစ်ကို ပုံမှန် တစ်ခုံးနေရာမှာ နှစ်လုံးထိုင်ပြီး တည်ဆောက်ထားတဲ့ စနစ် ဖြစ်ပါတယ်။ နောက်ထပ် စနစ်တစ်ခုက Parallelစနစ် ဖြစ်ပြီးတော့ အထိုင် ပုံစံမှာ Twinက နေရာ ရသလို ထိုင်တတ်ပေမယ့် Parallelကတော့ အပြိုင်ပုံစံထိုင်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ သူကတော့ V Seriesအင်ဂျင်တွေမှာ ထိုင်တတ်တဲ့ ပုံစံ ဖြစ်ပြီးတော့ Twinကတော့ ပုံမှန် ထိုးပြွန်အထိုင် အင်ဂျင် စနစ်တွေမှာ အသုံးပြုလေ့ရှိတာ တွေ့နိုင်ပါတယ်။ Sequentialစနစ်ကတော့ Twinစနစ်ရဲ့ နောက်ဆက်တွဲ စနစ် ဖြစ်ပြီးတော့ သူက Turboစနစ် နှစ်ခုလုံး အပြိုင် လည်ပတ် လုပ်ဆောင်တဲ့ စနစ်ဖြစ်ကာ စွမ်းအင် ထုတ်လုပ်မှု အားနည်းနေတဲ့ Turboစနစ်တစ်ခုက သူ့ထက် စွမ်းအင် ထုတ်လုပ်မှု အားကောင်းတဲ့ Turboစနစ်ကို ထောက်ပံ့ လုပ်ဆောင်ပေးတဲ့ စနစ် ဖြစ်ပါတယ်။ ဒါကြောင့် Sequentialစနစ်မှာက အင်ဂျင်ရဲ့ လည်ပတ်အား မြန်ဆန်စွာ မြှင့်တင်နိုင်တာ တွေ့ရသလို ကားရဲ့ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုလည်း ပုံမှန်ထက်ကောင်းမွန်တာ တွေ့ရပါတယ်။ နောက်ထပ် အမျိုးအစား တစ်ခုကတော့ Triple-Turboစနစ် ဖြစ်ပြီး သူက ထုတ်လုပ်သူ နည်းပါးတာ တွေ့ရပြီး BMWရဲ့ နာမည်ကျော် M3မှာ ဆိုရင် Turboစနစ်ကို သုံးလုံးထိအောင် အထိုင်ထားပြီး ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ နောက်ဆုံး ပြောရမယ့် အမျိုးအစားကတော့ Quad-Turboစနစ် ဖြစ်ပြီးတော့ သူကတော့ Supercarတွေမှာ တပ်ဆင်တာမျိုး တွေ့ရပြီးတော့ နာမည်ကျော် Bugattiရဲ့ W 16အင်ဂျင်တွေမှာ Quadစနစ်ကို တပ်ဆင်ထားတာ တွေ့ရပြီး Bugatti Veryon EB110ဟာဆိုရင်လည်း Quadစနစ်သုံး V12အင်ဂျင်တပ် မော်ဒယ် ဖြစ်ပါတယ်။ Turboစနစ်ကို မော်တော်ကား ပြိုင်ပွဲဝင် မော်ဒယ်တွေမှာလည်း ထည့်သွင်းသုံးစွဲတာ တွေ့နိုင်ပြီးတော့ ၁၉၇၀မော်ဒယ်နဲ့ ထုတ်လုပ်ထားတဲ့ Toyota 7မော်ဒယ်မှာဆိုရင် Twinစနစ်သုံး Turboကို ထိုင်ထားတဲ့ ပြိုင်ကားကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး နာမည်ကျော် F1လို ပြိုင်ပွဲတွေမှာလည်း ၁၉၇၇ခုနှစ်ကစပြီး ၁၉၈၈ခုနှစ်လောက်ထိအောင် Renault, Honda, BMWနဲ့ Ferrariတွေက Turboစနစ်သုံး ပြိုင်ကားတွေနဲ့ ယှဉ်ပြိုင်ခဲ့တာ တွေ့ရသလို နောက်ပိုင်းမှာ ပြိုင်ပွဲ အတွင်း Turboအင်ဂျင်တပ် စနစ်တွေ ဖယ်ထုတ်လိုက်ကာမှာ ပြိုင်ပွဲဝင်မှု ရပ်တန့်သွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြောင်းလဲမှု တစ်ခုအနေနဲ့က ဒီနှစ်မှာ F1ပြိုင်ပွဲမှာ Turboစနစ်တွေ ပြန်လည် သုံးစွဲခွင့်ပြုလိုက်ပြီ ဖြစ်ပြီး နောက်ပိုင်းမှာ Turboစနစ်သုံးပြိုင်ကားတွေ ပြန်လည် မြင်တွေ့ရတော့မှာလည်း ဖြစ်ပါတယ်။ Rallyပြိုင်ပွဲတွေမှာတော့ Turboစနစ်က အရင်ကတည်းက အသုံးပြုခွင့်ပေးထားတာ ဖြစ်ပြီး ကန့်သတ်ချက် အနေနဲ့ ၂၀၁၂ခုနှစ်က နောက်ဆုံး ထုတ်ပြန်ချက် အရ ၃၄မီလီမီတာထက် မပိုတဲ့ Turboတွေ တပ်ဆင်ခွင့်ပေးထားတာ တွေ့ရပါတယ်။ လင်းလင်း (IA)

Download Tuibo

"Download" Tuibo ==== Android OS အသုံးပြုသူများအတွက် Tuibo ဆိုသည့် App သည် Youtube Video နှင့် Music များကို မိုဘိုင်းဖုန်းမှတဆင့်ဖွင့်ပြီး အိမ်တွင်ရှိသော TV နှင့် Wireless ဖြင့် ချိတ်ဆက်ကာ TV ပေါ်တွင် ကြည့်ရှုနိုင်မည့် App တစ်ခု ဖြစ်သည်။ Tuibo App ကို အသုံးပြု၍ Youtube ပေါ်က HD Video ဖိုင်များကို LCD သို့မဟုတ် LED TV များပေါ်မှတဆင့် ကြည့်ရှုနိုင်မှာဖြစ်သလို၊ အကယ်၍ ကြည့်ရှုခြင်းမရှိပါက မိမိလက်ရှိ ကြည့်ရှုနေသော အစီအစဉ်ကို ပြန်ဖွင့်ပေးနိုင်မည်ဖြစ်သည်။ Tuibo App ကို အသုံးပြုခွင့်အတွက် ယခင်က ကန်ဒေါ်လာ ၄.၉၉ ပေးသွင်းရမှာဖြစ်ပြီး၊ ယခုအခါမှာတော့ အခမဲ့ Download ပြုလုပ်ခွင့် ရရှိထားမှာဖြစ်ပါတယ်။ Download ရယူလိုသူများအတွက် ===> http://www.internetjournal.com.mm/content/14071

အိမ်ထောင်သည်များ သာယာတဲ့ဘ၀ကို တည်ဆောက်လိုလျှင်

အိမ်ထောင်သည်များ သာယာတဲ့ဘ၀ကို တည်ဆောက်လိုလျှင် ===================================== ၁။ တစ်ယောက်နဲ့တစ်ယောက် ၊ ကြည်ဖြူစွာ ချစ်နေဖို့ ၊ တစ်ယောက်အပေါ်တစ်ယောက် ၊ အကောင်းမြင်ဆန္ဒတွေနဲ့ သာ ၊ ဆက်ဆံပြောဆိုရပါမယ် ။ တစ်ယောက်မကောင်းတာကို တခြားသူ အပေါ်မပြောဆိုမိဖို့ ၊ လိုအပ်ပါတယ် ။ တစ်ယောက်မကောင်းတာကို အကြံပေး ၊ ပြုပြင်ပေးရပါမယ် ။ ၂။ မင်းတို့တွေ အရမ်းချစ်တယ် ၊ ဆိုရင်ဒါလေးတွေ လုပ်ပေးဖို့ ၊ မင်းမမေ့ပါနဲ့ ။ရုပ်ရှင်ကြည့်တဲ့ အချိန်မှာ သူကိုနမ်းရှိုက်ပေးပါ ။ သူလက်ကလေးတွေကို ယုယစွာ ၊ဆုပ်ကိုင်ထားပါ ။ ပါးစပ်ကလည်း ၊ သူကို ( မင်းဟာအရမ်းလှတယ်လို့ ) ၊ တစ်ကြိမ်ထက် မနည်းပြောပေးပါ ။ ၃။ သတိထားရပါ့မယ် ။ သူမနေမကောင်းဖြစ်နေတဲ့ အခါမှ ၊ မိသားစု ၊ သူငယ်ချင်းများ ၊ ကိုအရမ်းသာကော ၊ မပြောမိပါစေနဲ့ ၊ အထူးသဖြင့် ၊ သူမမနှစ်သက်သော သူများကိုမပြောမိစေပါနဲ့. ၊ ဥပမာ - သူနေမကောင်းဖြစ်ပြန်ပြီးကွာ ။ ( စိတ်ဓာတ်ကျသံ ) နဲ့ မပြောမိပါစေနဲ့ ။ ၄။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုထားပါ ။ မင်းမှားနေတဲ အခါ ( Sorry)ဆိုတဲ့ စကားလေးပြောဖို့ ၊ မေ့ပါနဲ့ ။ မင်းမှန်နေတယ် ဆိုရင်လည်း ၊ တိတ်တိတ်လေး ၊ နေပေးလိုက်ပါ ။ ၅။ လူတွေအများကြားမှာ မင်းဇနီး စကားပြောတာ ၊ မှားနေသည် ဖြစ်စေ ၊ မှန် သည် ဖြစ်စေကြားမှ ၊ ၀င်ရောက်ပြီး ၊ ဟန့်တားပြောဆိုတာမျိုး ၊ (သို့) အမှားပြင်ပေး တာ ၊ မျိုးမလုပ်ပါနဲ့. ၊ လူတွေနဲ့ကင်းရာကိုခေါ်သွားပြီး ၊ မှားနေတာကိုပြောဆိုရှင်းပြပေးပါ ။ ၆။ မင်းဟာ ငြင်းခုံတဲ့ စကားတွေ ပြောဆိုတာ မျိုးဖြစ်လာတဲ့ အခါမှာ လည်း ၊ မိးလောင်နေတဲ့အိမ်ကိုမြင်လို့ ၊ ကြောက်လန့်စွာအော်ဟစ်နေတဲ့ ၊ အသံမျိုးနဲ့ ၊ မပြောဆိုပါနဲ့.၊ တီးတိုး အေးဆေး ညင်သာစွာ ပြောဆိုပါ ။ ၇။ တနေ့မှာ တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေတာ ၊ ကြုံလာတဲ့ အခါမှာ ၊ မင်းတို့တွေ တစ်ယောက်နဲ့ တစ်ယောက် ၊ အသက်မက ချစ်ခဲ့ကြတယ် ၊ ဆိုတာကို သတိရပါ ။ ( Credit : Tin Maung Hlaing )

Confidence မရှိဘူးဖြစ်နေလား?

Confidence မရှိဘူးဖြစ်နေလား? ကျွန်တော်တို့တွေဟာ ငယ်ငယ်လေးထဲက confidenceကျဆုံးဖို့ အကြောင်းရင်းများစွာရှိခဲ့ပါတယ်။ ဥပမာ ငယ်ငယ်ကသီချင်းမဆိုတတ် ဆိုတတ်နဲ့ဆိုခဲ့တယ်။ အဲဒိအချိန်မှာ မိဘတွေ၊ဆွေမျိုးတွေ၊သူငယ်ချင်းတွေ ရဲ့ "မင်းအသံကဆိုးလိုက်တာကွာ" စတဲ့နောက်ပြောင်တဲ့စကားလုံးများဟာ ငယ်ငယ်ရွယ်ရွယ်အသဲနုနုပေါ်မှာ tatooအထိုးခံလိုက်ရပါတယ်။ အကျိုးဆက် အနေနဲ့ နောက်ဘယ်တော့မှာသီချင်းမဆိုချင်တော့ပါဘူး။ သီချင်းဆိုတိုင်း ယုံကြည်မှုမရှိသလိုခံစားရပါတယ်။ ဒါဟာ ဥပမာတစ်ခုပဲဖြစ်ပြီးအခြားအရာများစွာ ရှိပါသေးတယ်။ "မင်းဖြစ်မှာမဟုတ်ပါဘူးကွာ" "မင်းလုပ်နိုင်မှာမဟုတ်ပါဘူးကွာ" ဆိုတဲ့စကားတွေအောက်မှာ ကျွန်တော်တို့ရဲ့မရှိမဲ့ရှိမဲ့ယုံကြည်မှုလေးတွေ ပျောက်ဆုံးခဲ့ရတယ်။ အမေရိကားမှာက ကလေးတွေကိုငယ်ငယ်ကတည်းကကိုယ့်ကိုကို ယုံကြည်မှုရှိအောင်လုပ်ပေးကြတယ်။ သူတို့သားသမီး ငယ်ငယ်လေးထဲက သီချင်းဆိုတာဝါသနာပါတယ်ထင်ရင် အသံဘယ်လောက်ဆိုးဆိုး အားပေးတယ်။ ပြီးတော့ သားသမီးတွေရဲ့ရည်မှန်းချက်ဖြစ်မြောက်အောင် Vocal trainingတွေ ပို့ပေးတယ်။ ကျွန်တော်က မြန်မာနိုင်ငံကမိဘတွေကို အပြစ်တင်နေတာမဟုတ်ပါဘူး။ ကျွန်တော်တို့တွေ confidence နည်းရခြင်းအကြောင်းရင်းကိုပေါ်လွင်အောင်ယှဉ်ပြခြင်းသာဖြစ်ပါတယ်။ "America's got talent" ဆိုတဲ့အစီအစဉ်ကိုကြည့်ဖူးကြပါသလား? အမေရိကားကကလေးတွေက အသားမဲတာ၊ရုပ်ဆိုးတာ၊ ဒုက္ခိတဖြစ်တာတွေအတွက် confidenceမကျပါဘူး။သူတို့က ယုံကြည်မှုအပြည့်နဲ့သူတို့လုပ်တတ်တာကို စင်ပေါ်မှာတတ်လုပ်ပြကြပါတယ်။ကတာပဲဖြစ်ဖြစ်၊သီချင်းဆိုတာပဲဖြစ်ဖြစ်၊ တယောတီးတာပဲဖြစ်ဖြစ်၊ ကြိုက်တာတတ်လုပ်လို့ရပါတယ်။ ကဲထားလိုက်ပါတော့ဒါက အမေရိကားကအကြောင်းပါ။ ကျွန်တော်တို့ရဲ့ကျနေတဲ့ confidenceကိုဘယ်လိုပြန်တက်အောင်လုပ်ကြမလဲ စဉ်းစားရအောင်။ တကယ်တော့ကျွန်တော်တို့အားလုံးက မွေးရာပါအောင်မြင်နိုင်သူတွေပါ။ ကိုယ့်အရည်အချင်းတွေကိုမသိတာပဲရှိကြပါတယ်။တစ်ချို့ကလည်း ကိုယ့်အရည်အချင်းတွေကို ဘယ်လိုဖော်ထုတ်ရမလဲမသိကြပါဘူး။ -ဆင်းရဲလို့မအောင်မြင်တာလို့မပြောပါနဲ့။ စာအုပ်တစ်အုပ်ဖတ်ရဖို့ မိုင်ပေါင်းထောင်ချီလမ်းလျှောက်ခဲ့တဲ့လင်ကွန်းကိုအားနာပါ။ -ခန္တာကိုယ်အစိတ်အပိုင်းချို့ယွင်းလို့ မအောင်မြင်ဘူးလို့မပြောပါနဲ့။ နားမကြား၊မျက်စိမမြင်ပဲနဲ့ ဘ၀ကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့တဲ့ Helen Keller ကိုအားနာပါ။ ‪#‎Confidence‬ တက်အောင်ဘယ်လိုလုပ်မလဲ? -comfort zoneထဲကထွက်ပါ။ comfort zoneဆိုတာကတော့ သက်တောင့် သက်သာရှိတယ်လို့သင်ထင်တဲ့နေရာမျိုးပါ။ ဥပမာ သင်ကအရင်က သင့်ကိုယ်သင်ယုံကြည်မှုမရှိလို့သူငယ်ချင်းအသစ်တွေနဲ့သိပ်စကားမပြောဖြစ်ဘူးဆိုရင် အခုကစပြီးစမ်းကြည့်ပါ။ သင်သာအပြုံးချိုချိုလေးနဲ့စိတ်ပါလက်ပါ ကြိုးစားမယ်ဆို သင့်ကိုခင်လာကြမှာပါ။ -အဖွဲ့အစည်းနဲ့နေတတ်အောင်ကြိုးစားပါ။လူဆိုတာ အဖွဲ့အစည်းနဲ့နေတတ်တဲ့ အမျိုးပါ။ ဒါကြောင့် တစ်ယောက်ထဲမနေပါနဲ့။ ကြာလာရင် သင့်ကိုသင်ယုံကြည်မှုတွေကျဆင်းပြီး သင်ဟာဒီလောကကြီးမှာဘာမှ အရေးမပါတဲ့သူတစ်ယောက်လို့်ကိုယ့်ဘာသာကိုထင်လာပါလိမ့်မယ်။ အကျိုးဆက်အနေနဲ့စိတ်ကျရောဂါအထိပါ ရနိုင်ပါတယ်။ အခုကစပြီး အဖွဲ့အစည်းနဲ့နေတတ်အောင်ကြိုးစားပါ။ -သင်က ဆန့်ကျင်ဘက်လိင်နဲ့စကားပြောရတာရှက်တတ်တယ်ဆိုရင် သင်စကားပြောနေတဲ့သူကိုလူသားတစ်ယောက်လို့ပဲသဘောထားပါ။ စကားပြောဆက်ဆံမှုဆိုတာနေရာတိုင်းမှာလိုအပ်ပါတယ်။ဒီတော့ ယုံယုံကြည်ကြည်ပြောဆိုဆက်ဆံပါ။ လူတစ်ယောက်နဲ့လူတစ်ယောက် စကားပြောကြတာအဆန်းကြီးမဟုတ်ပါဘူး။ မရှက်ပါနဲ့။ယဉ်ကျေးဖို့ပဲလိုတာပါ။ -မှောင်နေတဲ့နေရာကိုကြောက်ရင် အဲဒိမှောင်တဲ့နေရာကိုသွားကြည့်ပါ။ လုပ်ရမှာကြောက်နေတဲ့အရာတွေကိုမလုပ်သ၍ သင်ဘယ်တော့မှာသင့်ကို သင်ယုံကြည်လာမှာမဟုတ်ပါဘူး။ ဆိုရိုးတစ်ခုရှိတယ်။ "အရင်မရဖူးတဲ့ အရာတွေကိုလိုချင်ရင် အရင်ကမလုပ်ဖူးတဲ့အရာတွေကိုလုပ်ရလိမ့်မယ်တဲ့"။ ရိုးရိုးရှင်းရှင်းနဲ့အရမ်းကိုထိရောက်ပါတယ်။ သင်ကအရင်ကမရှိတဲ့ "confidence" ဆိုတဲ့အရာကိုလိုချင်တာလေ။ အရင်အတိုင်းပဲနေနေလို့ကတော့ ဘယ်တော့မှရမှာမဟုတ်ပါဘူး။ ဒါကြောင့်မို့အရင်ကကြောက်နေတဲ့အရာတွေကို လုပ်ဖြစ်အောင်လုပ်ပါ။ -မှားတယ်ဆိုတာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ လူသားတိုင်းမှားတတ်ကြပါတယ်။ မှားတာကိုသင်ခန်းစာယူတတ် ဖို့ပဲလိုတာပါ။ ဒါကြောင့် သင်မှားတဲ့အခါတိုင်း ယုံကြည်မှုမကျသင့်ပါဘူး။ ဒီတစ်ခါမှားရင် နောက်တစ်ခါမှန်အောင်လုပ်မယ် ဆိုပြီးကြိုးစားသင့်ပါတယ်။ အောင်မြင်သူတိုင်း ရုပ်ချောချင်မှချောမယ်၊ပိုက်ဆံရှိချင်မှရှိမယ်။ ဒါပေမဲ့ သူတို့မှာ ယုံကြည်မှုအပြည့်ရှိပါတယ်။ အရင်က confidence မရှိခဲ့ရင်လည်း အခုကစပြီး confidenceရှိအောင် ကြိုးစားကြတော့နော်။Confidenceဆိုတာအောင်မြင်မှုရဲ့ပထမလှေကားထစ်ပါ။ မိုးရှင်း (I.M.T)

ရေတွင်း ပြန်တူးကြမယ်

ရေတွင်း ပြန်တူးကြမယ် --------------------------- တစ်ခါက လူတစ်ယောက်ဟာ သူ့ရဲ့ ယာတောမှာ ရေလိုလို့ ရေတွင်းတစ်တွင်း တူးပါတယ်။ အတောင် (၂၀)လောက်လည်း ရောက်ရော လူလည်း တော်တော်ကြီးကိုမောပန်းနေပါတယ်။ ဒါပေမယ့် ရေတွေ့မယ့် အရိပ်အယောင် အနံ့အသက်တောင်မှ မရသေးပါဘူး။ ဒါနဲ့ အမောဖြေနေတုန်း လူတစ်ယောက်ရောက်လာပြီး ပြောပါတယ်။ “ခင်ဗျားဗျာ ၊ ဒီလို နေရာမှာ ရေတွင်းတူးလို့ ဘယ်ရေတွေ့မှာလဲ။ လာ ကျွန်တော်ပြတဲ့နေရာမှာသာ တူးလိုက် ၊ အတောင် (၂၀)မပြည့်ခင် ရေမတွေ့ရင် ကျုပ်ကို ပြောချင်သလိုပြော” ဆိုပြီး နေရာသစ်တစ်ခုကို လိုက်ပြပါတယ်။ အဲဒါနဲ့ အဲဒီလူပြတဲ့နေရာမှာ သူ ဆက်ပြီးတူးပါတယ်။ အတောင် (၂၀)ကျော် အစိတ်လောက် ရောက်လည်း ရေက မတွေ့ပါဘူး။ သူလည်း မောကလည်းမော ၊ စိတ်ကလည်း တော်တော်ပျက်နေပါတော့တယ်။ အဲဒီတုန်း နောက်ထပ် ဆရာတစ်ယောက် ရောက်လာပြန်ပါတယ်။ သူကလည်း ပြောတယ် .. . “ဟာ - ဒီလူတွေ ရေကြောအကြောင်း ဘာမှ မသိဘဲနဲ့ လျှောက်ပြောနေကြတာ ၊ ဒုက္ခပါဘဲ ၊ လာလာ ၊ ကျွန်တော်နောက်လိုက်ခဲ့ ၊ ကျွန်တော် ပြတဲ့နေရာမှာသာတူးလိုက်၊ အတောင် (၂၀) နဲ့ အစိတ်ကြားလောက်မှာ ရေတွေ့ကို တွေ့ရမယ်” ဆိုပြီး နေရာသစ်တစ်ခုကို လိုက်ပြ ပြန်ပါတယ်။ ဒါနဲ့ သူလည်း “အင်း ဒီလူပြောတာတော့ ဟုတ်ဟန်တူတယ်။ နေရာသစ်ကို တူးမှ ” ဆိုပြီး နေရာသစ်မှာ နောက်ထပ်ရေတွင်းတစ်တွင်း တူးပြန်ပါတယ်။ ဟိုလူပြောသလို အတောင် အစိတ်ကျော်ပြီး (၃၀) နားကပ်လာတာတောင် ရေက အရိပ်အငွေ့တောင် မမြင်ရပါဘူး။ လူကလည်း ဖတ်ဖတ်မောနေပါပြီ။ ဒါနဲ့ သူလည်း အမောဖြေရင်း ထိုင်စဉ်းစားတယ်။ “အင်း - ပထမဆုံးတူးခဲ့တာ အတောင်(၂၀) ၊ ဒုတိယတွင်းမှာ အတောင် အစိတ် ၊ တတိယတွင်းမှာ အတောင်(၃၀)နဲ့ ပေါင်းလိုက်ရင် ငါတူးခဲ့တာ အတောင်(၇၀)တောင်ကျော်နေပါကောလား” “ငါ့ဟာငါ ဆက်တူးနေရင် ဒီနယ်မှာ အတောင် (၆၀)ကျော်အောင် တူးရတဲ့ ရေတွင်း ခပ်ရှားရှားရယ်။ သူများစကားနားယောင်ပြီး ဟိုတွင်းတူး ၊ ဒီတွင်းတူးနဲ့ မောတာသာ အဖတ်တင်တယ်၊ ငါ့တွင်းဘဲ ငါဆက်တူးတော့မယ်” ဆိုပြီး သူ ပထမဆုံးတူးခဲ့တဲ့ တွင်းဆီပြန်သွားပြီး စိုက်လိုက်မတ်တပ်နဲ့ တူးလိုက်တာ အတောင် (၄၀)ကျော်လောက်မှာ ရေတွင်းက အောင်သွားပြီး ရေတွေ့သွားပါတော့တယ်။ --------------------------------------------------------------------------- ကျွန်တော်တို့ဘ၀မှာလည်း ဒီလိုဘဲ အစကတော့ အားကြိုးမာန်တက်နဲ့ စခဲ့ကြပေမယ့် တစ်ဝက်တစ်ပျက်ရောက်ခါမှ အကြောင်းအမျိုးမျိုးနဲ့ ရပ်နားထားတဲ့ အလုပ်တွေ ၊ စီမံကိန်းတွေ ၊ ဘ၀ရည်မှန်းချက်တွေ ဘယ်လောက်တောင်မှ များခဲ့ပြီလဲ။ ကြီးမားတဲ့ ဘ၀ရည်မှန်းချက်တွေသာမက အတတ်ပညာတစ်ခု သင်ယူတာ ၊ ပညာရပ်ဆိုင်ရာ သင်တန်းတစ်ခု တက်တာ ၊ ကိုယ်အလေးချိန်ချတာ . . . စတဲ့ ကိစ္စလေးတွေအပါအ၀င်ပေါ့။ ခင်ဗျားတို့တော့ မသိဘူး . . . ကျွန်တော့်မှာတော့ ဒီလိုကိစ္စတွေ မရေမတွက်နိုင်အောင် များခဲ့လှပါပြီ။ ရလဒ်ကတော့ ဘာကိုမှ အောင်မြင်ပြီးစီးအောင် မလုပ်နိုင်ဘဲ သူလိုငါလို ဘ၀မှာဘဲ ယောင်ချာချာ ဖြစ်နေရတာပါဘဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ကျဆင်းလာပါတယ်။ အထက်က ရေတွင်းတူးတဲ့လူလို စ, ပြီး တူးမိတဲ့ ရေတွင်းတစ်ခုကိုသာ ရေတွေ့သည်အထိ ပြီးစီးအောင် တူးမယ် ၊ ပြီးရင် နောက်တစ်တွင်း ဆက်ပြီး တူးမယ်ဆိုရင် ကျွန်တော်တို့မှာ ရေထွက်နေတဲ့ ရေတွင်းပေါင်းများစွာ ပိုင်ဆိုင်နေပြီပေါ့။ အခုတော့ ရေမထွက်တဲ့တွင်းတွေ ဟိုမှာလည်း တစ်တွင်း ၊ ဒီမှာလည်း တစ်တွင်းနဲ့ တွင်းတွေသာများနေပြီး ဘာမှ သောက်လို့မရ၊ သုံးလို့မရနဲ့ အသုံးမကျတဲ့ ရေတွင်းပိုင်ရှင်တွေဘဲ ဖြစ်နေရတော့တာပေါ့။ ကဲ - မိတ်ဆွေ ၊ ကျွန်တော်နဲ့အတူတူ ခင်ဗျားလည်း ကနေ့ကနေစပြီး ခင်ဗျားတူးလက်စ ရေတွင်းတွေထဲက ခင်ဗျားအတူးချင်ဆုံး ရေတွင်းတစ်တွင်းကို ပြန်ရွေးချယ်လိုက်ပြီး ပြန်တူးကြရအောင်လား။ ရေထွက်သည့် တိုင်အောင်ပေါ့ ။ ကိုယ်တူးလိုက်တဲ့ ရေတွင်းက ရေထွက်လာတဲ့ အောင်မြင်မှု နဲ့ ၊ ကျေနပ်ပီတိဖြစ်ရမှုတို့ကို ကျွန်တော်တို့ ခံစားရယူကြမယ်လေ။ “ငါ လုပ်နိုင်တယ်” “ငါ ရအောင်ယူနိုင်တယ်” ဆိုတဲ့ ယုံကြည်မှုတွေကို ကျွန်တော်တို့ ဘ၀မှာ ပြန်ပြီး တည်ဆောက်ယူကြမယ်။ ကျွန်တော်တို့ စိတ်ဓာတ်ခွန်အားတွေ မွေးပြီး ပြန်ကြိုးစားကြရအောင်လား။ ကျွန်တော်တို့မှာ တူးလက်စ ရေတွင်း တစ်ခုမဟုတ် တစ်ခု ကတော့ ကိုယ်စီ ရှိနေကြတာဘဲ မဟုတ်လား။ ဒီတော့ အခုဘဲ စ, လိုက်ကြပါစို့။ အချိန်မနှောင်းသေးပါဘူး။ ကျွန်တော်တို့ ရေတွင်း ပြန်တူးကြမယ်လေ။ ((( ဇွဲနဲ့သာ စိုက်လိုက်မတ်တပ်တူး . . နောက်ဆုံး ရေတွေ့ရမှာ မလွဲပါဘူး ))) ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ