နေကလဲပူ လယ်ကွင်းတွေ ထဲ က ဖြတ်တိုက်လာတဲ့ လေပူတွေ ၊ ရထားတွဲတွေပေါ်က ထွက်တဲ့ ချဉ်စုတ်စုတ် အနံ့တွေကြောင့်တော်တော် စိတ်ပျက်စရာကောင်းပါတယ် ။ ရန်ကုန် အထွက် ရောက်တော့ ကျနော် နဲ့  အတူပါလာတဲ့ သူငယ်ချင်း နှစ်ယောက် က သူတို့ ရဲ့  ipod လေးတွေ ထုတ်ပြီး တယောက် က ဂိမ်းဆော့ တယောက် ကတော့  သီချင်းနားထောင်ပြီး ပါတ်ဝန်းကျင်ကို အာရုံလွဲပြောင်းလိုက်ပါတယ်.။ ကျနော် မှာ က တော့  laptop ပဲ ပါလာတာမို့  ထုတ်လိုက်ပြီး ကျနော် ကြိုတင်ထည့်လာခဲ့တဲ့ ရုပ်ရှင်ကားတွေ ကြည့်နေလိုက်ပါတယ်.။
ဒီလိုနဲ့ နာရီဝက် လောက်အကြာမှာတော့  ရထားလက်မှတ်စစ်တွေ ကျနော်တို့ တွဲကိုရောက်လာပြီး လက်မှတ်စစ်ရောဆိုပါတော့  ..။ ကျနော် တို့ နားရောက်တော့  လက်မှတ်နဲ့ မှတ်ပုံတင်တောင်းလို့  ပြလိုက်ကြတယ်.. ကျနော် တို့ လက်မှတ်တွေ ကို ရထားလက်မှတ်စစ်တွေက စစ်ပြီး ပေမယ့်လဲ မသွားကြသေးပဲ သူတို့  အချင်းချင်း တွတ်တွတ် နဲ့  စကားတွေပြောပြီးကျနော်နားရောက်လာပြီး " ညီလေး အဲဒီဟာ က တန်ဆာခ ဆောင်ထားလားတဲ့ " ကျနော် က လဲ ရိုးရိုးပဲထင်ပြီး မဆောင်ထားဘူး အကို လို့  ပြန်ပြောလိုက်တယ်..အဲဒါဆိုညီလေး မင်းကွန်ပြုတာအတွက် ဒါဏ်ကြေးဆောင်ရမယ်ဆိုပြီး တဖွဲ့  လုံးဝိုင်းအုံလာပါရောဗျာ.. ကျနော် တော်တော်အံ့သြ သွားတယ်..။
အခြားနိုင်ငံတွေအားလုံးနီးပါး မှာ ကျနော် သိသလောက်ကတော့  ရထားပေါ်မှာ ဖြစ်စေ ကားပေါ်မှာဖြစ်စေ ရထားစီးရင်း ကားစီးရင်း ရုံးလုပ်ငန်းအတွက်ပဲ ဖြစ်ဖြစ် အခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် laptop သုံးရင် တန်ဆာခပေးဆောင်ပြီး သုံးရတယ်လို့  တခါမှ မကြားခဲ့ဘူးပါ..။
ကျနော် လဲ ဒါဏ်ကြေးဆောင်ရင်လဲ နည်းနည်းပါးပါးလောက်ပဲ ထင်ပြီး ကျနော် ဘယ်လောက်ဆောင်ရမှာလဲ မေးတော့  ၄၂၀၀ ပါတဲ့..။ ကျနော် စိတ်ထဲတော်တော်ခံပြင်းသွားတယ်ဗျာ..လူတယောက် စီးခ ၂၅၀၀ ပဲကျတာ laptop သေးသေးလေး ကို ၄၂၀၀ ဆိုတော့  ကျနော် မှားလားဗျာ.။ ကျနော် ပြန်ပြောလိုက်တယ် ဘယ်လို သတ်မှတ်ချက်နဲ့  ကောက်ခံတာလဲ မေးတော့  ပလတ်စတစ်လောင်းထားတဲ့ စာရင်းစာရွက် ထုတ်ပြတယ်..။
ညီလေးကို ..ကိုတို့ တောင်းတာ က လက်နှိပ်စက်ဈေးနဲ့  ပဲတောင်းတာပါတဲ့…ဒီမှာကြည့်ကွန်ပြူတာဆိုရင် (၁၂၀၀၀ ) ဒါဏ်ဆောင်ရမှာတဲ့ ..။ ကျနော် လျှာရှည် မိကာမှ ပိုဆိုးနေတော့  တယ်ဗျာ..။ ကျနော် က ပြောတယ် ဒါက laptop ပဲ အကိုတို့ စာရွက်ထဲမှာ laptop လို့ ရေးထားတာ မပါဘူး..ကျနော် မဆောင်နိုင်ဘူးဗျာလို့  ပြန်ပြောလိုက်တယ်..ဒီတော့  ကျနော် ကို လက်မှတ်စစ်ကြီး က ပြန်ပြောတယ်ဗျ..ဒါလဲကွန်ပြုတာပါပဲ တဲ့ဗျာ..သကောင့်သားကြီးတွေ က ဒါကြတော့  သိသားဗျာ..ညီလေးမဆောင်နိုင်ရင် ကိုတို့ က ပစ္စည်းကို သိမ်းရပါလိမ့် မယ်တဲ့…ခံပေရော့ဗျာ..
လျှာရှည်မိကာမှ ပိုပိုဆိုးလာတယ်..ကျနော်လဲ ပြန်ချော့ရတာပေါ့ဗျာ..အကိုအဲဒါဆိုလဲ နည်းနည်းတော့လျှော့ဗျာ.. ၄၂၀၀ တော့ မလုပ်ပါနဲ့ ဆိုတော့  ..အဲလိုဆိုရင် တော့  ဖြစ်ပါတယ်တဲ့..တောင်ငူထိဆိုရင် ၂၁၀၀ ပဲ ပေးပါတဲ့.. ကျနော် လဲ လျှာမရှည် ရဲတော့  ဘူးဗျို့ ..ပေးလိုက်ရတော့ တာ ပဲ…

laptop ကို လက်နှိပ်စက် ဈေးနဲ့ ဒါဏ်ငွေဆောင်ခဲ့ရတဲ့မြန်မာ့မီးရထားတာ ဖြတ်ပိုင်း
ကျနော် သိထားသလောက်ကတော့  ကွန်ပြူတာ ကို တန်ဆာဆောင်ရမယ်ဆိုတာ က Desktop ကွန်ပြူတာကိုဆိုလိုခြင်း ဖြစ်ဟန်တူပါတယ်..။ ဘာပဲဖြစ်ဖြစ် ကွဲကွဲပြားပြားဖြစ်အောင် ရေးမထားတဲ့အတွက်ကြောင့် ကွန်ပြူတာ ဆိုပြီးရောကြိတ်တာခံလိုက်ရတဲ့ ကျနော် လို့ အဖြစ်မျိုး သူငယ်ချင်းတွေ မကြုံရအောင် ကျနော် ပြောပြချင်တာပါပဲ..။
ကျနော် လဲ နေပူတာတွေ လေပူုတာတွေ ရထားပေါ်ကချဉ်စူးစူး အနံ့တွေ ကိုခံစားနေရတာတွေ ဘယ်ပျောက်ကုန်မှန်း မသိတော့  ပဲ ..တယောက်ထဲ တွေးမိတွေးရာတွေးလာလိုက်တာ ရထားရပ်သွားတော့မှ ဘေးဘီဝဲယာ ကြည့်လိုက်တော့  လယ်ကွင်းခေါင်ခေါင်ကြီးမှာ ရထားကြီးက တုတ်တုတ် မှ မလှုပ်အောင်ရပ်သွားတာ သိလိုက်ရတယ် ..ကျနော် လဲ ပြတင်းပေါက်က ခေါင်းထုတ်ကြည့်လိုက်တော့  ရထားဝန်ထမ်းတွေ အောက်ဆင်းပြီး ရထားအောက်ကို ကြည့်နေတာတွေ တာ နဲ့  အောက်ဆင်းပြီး စပ်စုကြည့်လိုက်တော့  ရထားတွဲ ဘရိတ်ဖမ်းတဲ့ လေပိုက်ပြုတ် လို့  လေပေါင်ကျပြီးထိုးရပ် သွားတာတဲ့ဗျာ.. မိနစ် ၂၀ လောက်ကြာအောင်ပြင်လိုက်တော့  ရပြီရထားပြန်ထွက်မယ်ဆိုပြီး ဥသြဆွဲ ပြီး ပြန်ထွက်လာနိုင်ခဲ့ပါတယ်..နောက်တနာရီလောက်ခုတ်မောင်း ပြီး ချိန်မှာပဲ စောစော ကလိုပဲ ရထားက ရပ်သွားပြန်ရော..ကျနော် လဲဒီလောက်တော့  နပ်ပါတယ်ဗျာ..ကျနော် သိလိုက်ပြီ တို့  စီးလာတဲ့ရထားကြီးလေပေါင်ကျ သွားပြန်ပြီလို့ ..ဒီတခါဖြစ်တာကတော့  ကျနော်စီးလာတဲ့တွဲ အောက်ကဖြစ်တာ တဲ့ ကျနော် မနေနိုင်ဘူးဆင်းကြည့် လိုက်တယ် ဘယ်လို ကြောင့်လေပေါင်ကျကျနေလဲဆိုတာ သိချင်လို့ ဆိုပါတော့ ..။ ရထားဝန်ထမ်းတွေလဲ Toolbox ဆွဲပြီးရောက်လာပြန်တယ်..ရထားဘရိတ်တွေ ကို ဆက်သွယ်ထားတဲ့ လေပိုက်က ပြုတ်ထွက်သွားတာဗျ..။ ဒီနေရာမှာကျနော် တို့ မြန်မာတွေက တော်ပြန်ရောဗျို့..ပိုက် ၂ ခုကိုဆက်တဲ့ ၀ါရှာ က ပြုတ်ပြီးလမ်းမှာ ကျကျန်ခဲ့တော့  ၀ါရှာ အစား ပုဆိုးစုတ်ကိုအစားထိုးပြီးတော့  ထည့်လိုက်ပြီး လေဘားပြန်ဖွင့်လိုက်တာ
( ရပြီတဲ့ ) အော်သံတခု ထွက်လာတော့  ကျနော် ဟင်း ခနဲ သက်ပြင်းချ မိတယ်..။
ခရီးသည်တွေနဲ့ ရထားကြီး ဟာ ဆက်ရမယ့်ခရီးကို ဆက်ခဲ့ကြပြန်ရောဆိုပါတော့ ဗျာ.. တောင်ငူမြို့ အ၀င် ခပေါင်းတံတားပေါ် ဖြတ်နေချိန် တောင်ငူမြို့ကြီးကို မှောင်မှောင်မဲမဲကြီးမှာ တွေ့နေရချိန်မှာပဲ စီးတော်ယဉ် ရထားကြီး က ရပ်သွားပြန်ပါရောဗျာ…ဒီတခါတော့  ကျနော် မဆင်းတော့  ဘူး..ရထားလုံးလုံး ဆက်သွားမရတော့ လဲ ကျနော် တို့  လာတဲ့ခရီးကရောက်နေပြီဆိုတော့  အထုတ်တွေသာပြင်နေ လိုက်တော့  တယ်…ကျနော် လဲ မကြည့်ပဲနဲ့  သိနေတာကစောစော က ပုဆိုးစုတ် တွေ က ကျန်နေသေးတယ်.. စိတ်ပူစရာမလိုဘူး အချိန်တန်ရင် ပြန်ကောင်းသွားမှာ ပဲဆို ပြီးနေ တာ ထင်တဲ့အတိုင်းပဲ ရထားဘီးလိမ့်  သံ ကို ခဏအကြာမှာ ပြန်ကြားလာခဲ့ပြီး မင်းကြီးညိုတို့ စိုးစံရာ ၊ ဘုရင့်နောင်တို့  လက်ခမောင်းခတ်ရာ ၊ တပင်ရွှေထီးတို့  ထန်းရည်သောက်ရာ ၊ နတ်သျှင်နောင်တို့  စာဆိုသီကုံးရာ တောင်ငူမြေ သို့ ရောက်ခဲ့ပါတော့ တယ် ခင်ဗျာ..။

လေပိုက်ပြုတ်ပြီးလေပေါင်ကျရပ် သွားတဲ့ ရထားကို ပုဆိုးစုတ်ဖြင့် ၀ါရှာနေရာမှာ အစားထိုး ပြင်ဆင်နေကြတဲ့ မြန်မာ့ မီးရထားမှ အင်ဂျင်နီယာများ..
1 comment:
good
Post a Comment