Monday, November 21, 2011

ယုံကြည်ချက်ကြောင့် အကျဉ်းကျခြင်း လက်မခံဟု ဦးသိန်းစိန်ပြော

သမ္မတ ဦးသိန်းစိန်က ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ ဆိုသည်ကို လက်မခံကြောင်းနှင့် အကျဉ်းကျခံရသူ အားလုံး သည် ဥပဒေတခုခုကို ကျူးလွန်ထားသူများသာ ဖြစ်ကြောင်း ပြောဆိုလိုက်သည်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသော ၁၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ တက်ရောက်နေစဉ် နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက ပထမဆုံး အကြိမ် ပြည်တွင်း ပြည်ပ သတင်းသမားများနှင့် တွေ့ဆုံရာ၌ ဦးသိန်းစိန်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်

No comments: