Wednesday, January 25, 2012


ယခုမြန်မာပြည်၏ အပြောင်းအလဲကာလ ငြိမ်းချမ်းရေးကြိုးပမ်း မှုအနေအထားတွင် အနောက်နိုင်ငံများ နှင့်ဆက်ဆံ ရေးသမိုင်း စာမျက်နှာသစ် ဖွင့်လှစ်လာခြင်း နှင့်စပ်လျဉ်း၍ ရှည်ကြာစွာ လက်တွဲခဲ့သည့် တရုတ်နှင့် ရှေ့ဆက်မည့် အရေးသည်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းတွင် မေးခွန်းထုတ်စရာ ဖြစ်နေရာ သက်ရှိထင်ရှား ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်ကျော်ဇော ၏သားဖြစ်သူ ဗမာပြည် ကွန်မြူနစ် ပါတီတွင် တိုက်ခိုက်ရေး တာဝန်ကြီးပိုင်း ကိုယူခဲ့သူ၊ လက်ရှိအချိန်တွင် တရုတ်ပြည်တွင် နေထိုင်ကာ တရုတ်အစိုးရရေး ရာကိုကျွမ်းကျင်ပြီး တိုင်းရင်းသား လက်နက်ကိုင် များနှင့် နီးစပ်သူဖြစ်သည့် ဦးအောင်ကျော်ဇော နှင့် ပြည်တွင်း မီဒီယာများ တွေ့ဆုံမေး မြန်းခဲ့ပုံအား ကောက်နုတ် တင်ဆက်လိုက်ပါသည်။ ငြိမ်းချမ်းရေး ဆွေးနွေးမှု များအတွက် ပြည်တွင်းပုဂ္ဂိုလ်များ နှင့်မတူသော ပိုမိုနီး စပ်သည့်ညွှန်ပြမှုတစ်ရပ် ကို ဖော်ကျူးနိုင် စေရန် ရည်ရွယ်မိပါသည်။ မေး- ပထမဦးဆုံးအနေနဲ့ ဦးရဲ့ နိုင်ငံရေးသမား ဘဝကို ဘယ်လိုရောက်လာ တယ်၊ ပြီးတော့ ဘာဖြစ်လို့ ထွက်လာ ဖြစ်တယ်ဆိုတာကို သိချင် ပါတယ် ခင်ဗျာ။ ဖြေ - ကျွန်တော့်ဘဝကတော့ သာမန်ကျောင်းသား နိုင်ငံရေးသမားဘဝပါပဲ။ ကျွန်တော် ရန်ကုန်မှာကြီးတယ်၊ မော်လမြိုင် ကောလိပ် ရောက်တယ်။ နောက်ရန်ကုန်တက္ကသိုလ် ရောက်ပြီး ဓာတုဗေဒနဲ့ ကျောင်းပြီးတယ်။ နိုင်ငံရေးကတော့ အစက ဒီလောက် ထဲထဲဝင်ဝင် မဟုတ်ပါဘူး။ မြန်မာ့တပ်ထဲကို ဝင်ချင်ခဲ့တာပါ။ ဖေဖေ့လိုပဲ ဗိုလ်ချုပ် တစ်ယောက် ဖြစ်ချင်ခဲ့တာပေါ့။ ကျောင်းတက်တော့လဲ နိုင်ငံရေးကို ဒီလောက်အထိ ထဲထဲဝင်ဝင်မလုပ်ခဲ့ပါဘူး။ မလုပ်ခဲ့ဘူး ဆိုတာကလဲ ကျွန်တော်တို့ ခေတ်ကာလက ဒီလောက်အထိ လှုပ်ရှားမှုမရှိဘူးလေ။ ကျွန်တော် နိုင်ငံရေးသမားဖြစ်လာရတဲ့ အဓိကအချက်ကတော့ ကျွန်တော်တို့တွေ့ခဲ့တဲ့ လူတွေရဲ့ Ideal ပေါ့ဗျာ။ ဦးလေး ဦးတင်အောင် (ဗန်းမော်တင်အောင်) တို့၊ အန်ကယ်ဦးချစ်ကောင်းတို့ပေါ့။ ဟိုတစ်လောကဆုံး သွားတဲ့ လေထီးဗိုလ်အုန်းမောင် တို့လိုပေါ့။ ပြီးတော့ ကျွန်တော်တို့မျက်စိထဲမှာ မထွက်တာကတော့ ငယ်ငယ် က ခုနစ်တန်းကျောင်းသား လောက်မှာ တွေ့ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုဘဆွေလေး တို့၊ ကိုသက်တို့ နောက် ရန်ကုန်(ရကသ)ဥက္ကဋ္ဌ သူ့နာမည် ဘယ်လိုခေါ်လဲဆိုတော့ ကိုမြမောင်လို့ခေါ်တယ်၊ အာချလာ လို့လဲခေါ်တယ်။ သူ့ကို ကျွန်တော်အရမ်း ချစ်တာ။ သူ့နာမည်ကိုယူပြီး ကျွန်တော် တောထဲရောက် တော့ မြမောင်ဆိုပြီး နာမည်ယူ လိုက်တာ။ သူတို့တွေရဲ့ နေထိုင်မှု ကာရိုက်တာတွေ ကိုကြည့်ပြီး ဖြစ်လာတာပေါ့။ အထူးသဖြင့် ဦးလေးဦးတင်အောင်ပေါ့။ ကျွန်တော့် ဒုတိယ အဖေလို့တောင် ပြောလို့ရပါတယ်။ ဒီလူတွေရဲ့ ဒီလိုအနေအထိုင်တွေရယ်၊ ပြီးတော့ ဖေဖေ့ကိုကြည့်ပြီးတော့ပေါ့။ ကိုယ့် အဖေက ကာရိုက်တာ သိပ်ပြီး စမတ်ဖြစ်တာ။ ကွန်မြူနစ်တွေ နဲ့ပတ်သက်ပြီး သူတို့ကို လေးစားခဲ့တာ အမှန်ပဲ။ ကျွန်တော်တို့ကြီးပြင်းခဲ့တဲ့ ကာလကတော့ ဗီယက်နမ် လွတ်လပ်ပြီး တိုက်ပွဲ တွေကာလမှာ ကြီးပြင်း တဲ့အခါကျတော့ ရင်ထဲမှာတော့ အမေရိကန် ဆန့်ကျင်ရေး က အပြည့်ရှိတယ်။ နောက်တစ်ခုက တရုတ်ပြည် သူရဲကောင်း များဆိုတဲ့ ရဲဘော် လှမျိုးရေးတဲ့စာအုပ်၊ ဦးစိန်ဝင်းရဲ့ ချောအိမာန်တို့လို တရုတ်ပြည်က ထုတ်တဲ့စာအုပ် မှန်သမျှကိုဖတ်ခဲ့တာ။ ကျွန်တော်တို့က လက်ဝဲနွှယ်တာကိုး။ တချို့စာအုပ်တွေဆို တရုတ်ခေါင်းဆောင် တွေတောင် မဖတ်ဖူးဘူး။ ကျွန်တော်တို့က အဲသလိုနဲ့ကြီး ပြင်းခဲ့တာ။ အဲဒီတော့ ဘယ်လိုခေါ်မလဲဗျာ။ တရုတ်ပြည်နဲ့ ပတ်သက်ရင် အင် မတန်မှ ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ကိုခံစားခဲ့ရတာ။ ကျွန်တော်က စိန်ဂျွန်းမှာ ကျောင်းတက်ခဲ့ တာပါ။ ကျောင်းမှာဆိုရင် ကျွန်တော်တို့ရဲ့ မစ်ရှင်ဆရာတွေက တရုတ်ပြည်နဲ့ ပတ်သက်ပြီး အမြင်က အင်မတန် ဆိုးဆိုးရွားရွား ပြောတာ။ ကိုယ်က ရဲလိုးရေးဗား ဆိုရင် သူတို့က ဆောလိုးရေးဗား ပေါ့။ တစ်လျှောက်လုံး တရုတ်ပြည် ဘက်ကပဲ ရပ်ပြီးနေခဲ့တာ။ ကွန်မြူနစ်ဝါဒကိုလဲ ဒီလိုပဲ။ တရုတ်ပြည်ကိုလဲ တကယ် ချစ်တယ်။ ဥက္ကဋ္ဌမော်ကို လည်း တကယ်ချစ်တယ်။ ခုထိလဲဒီလိုပဲ။ တရုတ်လိုပြော တဲ့အခါမှာလဲ မော်ပုရှီ လို့ပဲပြောတာပဲ။ မော်ဆိုတာကတော့ မော်စီတုန်း ပေါ့။ ပုရှီဆိုတာက ဥက္ကဋ္ဌပေါ့။ အဲဒီလိုနဲ့ ကြီးပြင်း လာတဲ့ဘဝပေါ့။ ကျောင်းပြီးတဲ့ အခါကျတော့ ကမာရွတ်က စီးကရက်စက်ရုံမှာ လုပ်တယ်။ အဲဒီမှာ အလုပ်သမားတွေနဲ့စပြီး Touch ဖြစ်လာတယ်ပေါ့။ အဲသလိုဖြစ်လာပြီး နောက်မှာ အလုပ်သမား သပိတ်ပေါ်လာ တယ်ပေါ့။ အဲဒီအလုပ်သမား လှုပ်ရှား မှုကြီးက ကျွန်တော်တို့ဘဝကို အများကြီး ပြောင်းပစ်တာပဲ။ ကျွန်တော်ဒီတပ်ထဲ မှာကြီးပြင်းခဲ့တာ။ ဒီအပွင့်တွေ၊ အချောင်းတွေရဲ့ ပခုံးပေါ်မှာ လူဖြစ်ခဲ့တာ။ ဗိုလ်မှူးကြီးစောမြင့်တို့၊ ဗိုလ်မှူးသမိန်တို့ လက်ပေါ်မှာကြီးလာခဲ့တာ။ ကွယ်လွန် သွားတဲ့ဗိုလ်မှူးကြီး တင်မောင်(မြတ်ထန်) တို့လက်ပေါ်မှာ ကြီးလာခဲ့တာ။ အမှန် ပြောရရင် ကြီးပြင်းလာတာက တပ်ထဲက မိသားစု ဘဝပါပဲ။ ကိုယ့်အလုပ်သမားတွေထိတော့ စိတ်ကတော်တော်ပြောင်း သွားတယ်။ကျွန်တော့်ကို နိုင်ငံရေးထဲကိုတွန်းပို့လိုက်တာကတော့ အဲဒီ အလုပ်သမား လှုပ်ရှားမှုကြီးပါပဲ။ အဲဒီလိုဖြစ်ပြီးနောက် ကျွန်တော်တို့က စာပေနည်းနည်းဝါသနာ ပါတော့ မိုးကြိုမုန်တိုင်း လုပ်ကြတာပေါ့။ မိုးကြိုမုန်တိုင်း လုပ်ရင်းနဲ့ အဲဒီမှာဆဲလ် တွေဖြစ် လာတယ်။ အဲသလိုဖြစ်ပြီးမှ ပဲခူးရိုးမနဲ့ဆက်။ ဆက်ပြီးမှ နောက်ဆုံး မီးမောင်းကိစ္စပေါ့။ ၇၆ပေါ့။ ကျွန်တော်တို့ နေလို့မရဘူး။ နေလို့မရတော့ သွား မယ်ဆိုပြီး လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ ထွက်လာကြတာပေါ့။ အဲဒါနဲ့ ဘယ်လိုမှနေလို့မရတော့ဘဲ သွားမယ်ဆိုပြီး ၁၉၇၆ ဇူလိုင် ၁၈ရက်မှာ ထွက်ခဲ့ တာ။ ဒီမူဆယ်ကိုဖြတ်ပြီးတော့ တောထဲကိုလာခဲ့တာ ဒီကို ၂ဝရက်နေ့လောက် ရောက်တယ်။ အဲဒီနောက်တော့ တောက်လျှောက်ပဲ တရုတ်ပြည်နယ်စပ်တပ် ထဲ မှာနေခဲ့တာ။ ၁၉၈၀ မင်းအောင်စစ်ဆင်ရေး မှာ ကျွန်တော် ဒဏ်ရာရခဲ့တယ်။ မောင်ဆွေသက် ရေးတဲ့ မော်ဖာ စစ်ဆင်ရေးပေါ့။ တိုက်ပွဲတွင်းရ တဲ့ ဒဏ်ရာလို့လဲ ပြောလို့ရတယ်။ ခွေးမိန်(ကူမင်း)ဆေးရုံမှာ တစ်နှစ်လောက် ကြာတယ်။ ကျွန်တော် တို့မြန်မာနယ်စပ်မှာ ဟိုတုန်းက ကျွန်တော်တို့အတွက် ဆေးရုံ တွေဆောက်ပေးထား တယ်။ တရုတ်တပ်က တပ်မဟာ အလိုက် ဆေးရုံ တွေရှိတယ်။ ခွေးမိန်ကပြန်လာ ပြီးနောက်ပိုင်း မှာတော့ ကျွန်တော်က လက်ထိသွား တာဆိုတော့ စစ်သားတစ် ယောက်လိုပစ်ပြီး တက်လို့မရတော့တဲ့ အခါကျတော့ ကျွန်တော့်ကို မင်းရှေ့တန်း မှာ မနေနဲ့တော့။ ဒါပေမဲ့ ကျွန်တော်က စစ်တိုက်ချင်လို့လာခဲ့တဲ့သူပဲ။ အဲဒီတော့ ဂျီစတပ် လုပ်ရရင်လည်း လုပ်မယ်ပေါ့။ စခန်းတစ်ခုကို ထိုးမယ်ဆိုရင် ဒီစခန်းရဲ့ ကတုတ်က ဘယ်လောက်ထူတယ်။ ဒီစခန်းက ဘာနဲ့ထိုးမှပေါက်မယ်။ ဘယ် လမ်းကြောင်း ကထိုးရင် လွယ်တယ် ဆိုတာကအစ သွားကြည့်ရတယ်။ ဟိုတုန်းက ကင်မရာလဲမရှိဘူးလေ။ ကိုယ့်မျက်စိနဲ့ ကိုယ် အလွတ်ကျက်ပြီး လုပ်ခဲ့ရတာ။ ပြီးတော့ ကိုယ်တိုင်သေနတ် နဲ့တက်ထိုးနိုင်တဲ့ အဆင့်မဟုတ်တော့ ဘဲနဲ့ စစ်စခန်း၊ တပ်စခန်းတွေရဲ့ သတင်းအချက် အလက်နဲ့ မြေပုံဆွဲတဲ့လုပ်ငန်း အခုလုပ်တဲ့ ဂျီစတပ် လုပ်ငန်းပေါ့။ အဲဒါလုပ်ခဲ့တယ်။ နောက်ဆုံး ကွန်မြူနစ်ပါတီ ပြိုကွဲခါနီးမှာ ကျွန်တော်နောက်ဆုံး ထမ်းဆောင် ခဲ့တဲ့တာဝန်က အရှေ့မြောက်စစ်ဦးစီးဌာနချုပ်ရဲ့ စစ်ဆင်ရေးနဲ့လေ့ကျင့်ရေး ဌာနရဲ့ ဒုတိယဌာန အကြီးအမှူး ဖြစ်ပါတယ်။ အာဏာသိမ်း တဲ့အခါကျတော့ ကျွန်တော် ဌာနကြီးမှူး ဖြစ်နေပြီ။ မေး- ဗကပပြိုကွဲသွားတာရဲ့ အကြောင်းရင်းကို လည်း ပြောပြပါဦး။ တကယ် သေနတ်ကိုင်တိုက် ခဲ့တဲ့လူငယ်နိုင်ငံရေး သမားတွေရဲ့အမြင် ကို သိချင်လို့ပါ။ ဖြေ - ဗကပပါတီ အာဏာ သိမ်းတဲ့အခါကျတော့ ကျွန်တော်စဉ်းစား တာက ၈ဝ ခုနှစ်လောက် ကျတော့ ကျွန်တော်က တပ်ထဲမှာနေတဲ့အခါ တွေ့တာက ကျွန်တော်တို့ ဗကပခေါင်း ဆောင်ကြီး တွေနဲ့ အောက်ခြေနဲ့အများ ကြီးကွာ တယ်။ ကွာတော့ ကျွန်တော်က အစောကြီးကတည်း က စိတ်ထဲမှာတွက်ပြီးသား ကျွန်တော်တို့တော့ ပြန်ပြီးတော့ချမှ ဖြစ်မယ်ဆိုပြီးပေါ့။ ၁၉၈ဝပြည့်နှစ် က ကျွန်တော့်အဖေကို တိုးတိုးတိတ်တိတ်ပြောတယ်။ ခွေးမိန်ဆေးရုံမှာပေါ့။ ဖေဖေ ဒီဗကပ ခေါင်းဆောင်မှု ကတော့မရဘူး။ ကျွန်တော်တပ် ထဲမှာ လေးနှစ် နေပြီးပြီ။ သူတို့ရဲ့အလိုလောဘတွေနဲ့၊ သူတို့စဉ်းစား နည်းတွေနဲ့ကတော့ ကျွန်တော်တို့ ပါတီကတော့ နာလန်ထူမှာ မဟုတ်ဘူး။တိုင်းပြည်လဲ လွတ်မြောက် မှာမဟုတ်ဘူး ဆိုပြီးတော့ပေါ့။ ကျွန်တော်တို့ ဒီလောက်ကောင်း တဲ့တပ်ကြီး ကို ပြန်လိုချင်တယ် ဆိုရင် ဒီကောင်တွေကို ရှင်းပစ်မှ ရမယ်ဆို ပြီးတော့ပေါ့။ ဖေဖေက အဲသလောက်လဲ မင်းမလောပါနဲ့ စောင့်ကြည့်ပါဦးဆိုပြီးပြော တယ်။ အဲဒီအချိန်မှာ တပ်က တော်တော်ပျက်လာပြီ။ ကျွန်တော်တို့တပ်က လည်း ပွင့်ပွင့်လင်းလင်း ပြောရင် တရုတ်ပြည်နဲ့ ဆက်စပ်မှုတွေ ပါတာပေါ့။ တပ်က တရုတ်ပြည်ရဲ့ထောက်ပံ့မှုနဲ့ အသက်ရှင်နေတယ်။ တရုတ်ပြည်က လက်နက်၊ ခဲယမ်းပေါ့ဗျာ။ နောက်ဆုံး ပြောဆိုမကောင်းလို့ မိန်းမပါ ပါလာတယ်။ မိန်းမပါ ပေးစားတယ်။ဒါပေမဲ့ တရုတ်က ၁၉၇၈ခုနှစ်မှာ ကျွန်တော်တို့ ဗမာပြည်ကွန်မြူ နစ်ပါတီနဲ့ပတ်သက်လို့ မူဝါဒပြောင်းတဲ့အတွက် တချို့ထောက်ပံ့မှု တွေကိုရပ် လိုက်ပါတယ်။ အဲဒီအချိန်မှာ ဗိုလ်နေဝင်းကလဲ လမ်းနှစ်ကြောင်းသွားတယ်။ စစ်ရေးအရလဲ ကျွန်တော်တို့ကို တိုက်တယ်။ နိုင်ငံရေးအရလဲ တရုတ်ပြည်နဲ့ ပြန် ဆွေးနွေးတယ်။ တိန့်ရှောင်ဖိန်တို့ မြန်မာပြည်ကိုလာတယ်။ တရုတ်ပြည်က အဲသလိုပြောင်းလဲလာတဲ့အောက်မှာ ကျွန်တော်တို့တပ် ကလဲ ဒီလိုဖြစ်လာတာပဲ။ ကျွန်တော်တို့က ၇၈ ဗဟိုကော်မတီ ဆွေးနွေးပွဲပြီး တဲ့အခါမှာ ကျွန်တော်တို့တပ် က ခေါင်းဆောင်မှု ရဲ့စဉ်းစားနည်းပေါ့။ ပန်ခိုချုံဆွယ်က ခံတိုက်မယ်ဆိုတဲ့စဉ်းစား နည်းကတော့ မဆိုးပါဘူး။ ကျွန်တော်တို့က တရုတ်ပြည်နယ်စပ်မှာ Base ရှိ တော့ နောက်ကပံ့ပိုးမှုကလဲရှိတယ်။ ကားတွေ ဘာတွေပေးတယ်။ အဲဒီကနေ ဗမာတပ် ကိုမျှားပြီးတော့ ဒီမှာခံစစ်နဲ့ တိုက်မယ်ပေါ့။ (ဒါက ဖေဖေရဲ့အိုင်ဒီယို လော်ဂျီပါ။) ပြီးရင် ကျွန်တော်တို့တပ်တွေက သံလွင်မြစ်ကို ကျော်ပြီးတော့ အလယ် ပိုင်းထဲကို မူလလှုပ်ရှား ခဲ့တဲ့ နေရာတွေပေါ့။ ပင်လုံတို့၊ တောင်ကြီးတို့အထဲကို ဝင်ဖို့ ကြိုးစားတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ပဲခူးရိုးမကို ပြန်တက်ဖို့ ကြိုးစား တာပေါ့။ မူလ Plan ကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ တပ်နဲ့ ခေါင်းဆောင်မှုရဲ့ စဉ်းစားနည်းနဲ့က အများကြီးကွာတယ်။ တပ်ကလဲ ပြည်သူ့ တပ်မတော်ဖြစ်တဲ့အတွက် ကျွန်တော်တို့တွေရဲ အခြေခံက ထမင်းငတ် နေတာ ပဲ။ သူတို့က တစ်နှစ်ကို ခုနစ်လလောက်ပဲ ဆန်စားနိုင်တယ်။ ပန်ကိုချိုဆွယ်တိုက်ပြီး ၇၇ နိုဝင်ဘာလောက်မှာ အဲဒီ ဝနယ်ကို ကိုးကန့်ကနေ ပြီးဖြတ်တယ်။ လွယ်မော် (ပစ္စည်းသိပ်ပေါ်တဲ့တရုတ်ရွာကြီးပါ) ကို ထိုးပြီးပြန်တဲ့ အခါမှာ သံလွင်မြစ်ကိုဖြတ်တဲ့ အချိန်မှာ တို့ခေါင်းဆောင်တွေ က တပ်ကို သံလွင် မြစ်ထဲမှာစောင့်ပြီး တပ်ကို တလာစီရတယ်။ တို့တွေကတော့ ငတ်တဲ့ကောင်တွေ ကိုး။ အဲဒီတုန်းက တပ်က ဗမာငွေတစ်ဆယ် တည်းပေးတော့ သွားတိုက်ဆေးလဲ မရှိဘူး။ ဆပ်ပြာလဲ မရှိဘူး။ အဲဒီတော့ စခန်းသိမ်းလို့ရှိရင် ဗမာစစ်သား လုံချည် ရှိရင်လည်း အသာလေး ကောက်ထည့်လာတာ။ ငါးပိထုပ်တွေ့ရင်လည်း ငါးပိ ထုပ်၊ သွားတိုက်ဆေးတွေ့ရင်လဲ သွားတိုက်ဆေး အဲဒါလေးတွေ ထည့်လာတယ်။အဲဒါတောင် တို့တွေအသိမ်းခံရတယ်။ ဒါပေမဲ့ အများစု '၀' ရဲဘော်တွေက အဲ သလိုပဲ။ အကုန်သယ်တာ။ လွယ်မော်ရွာကြီး လိုမျိုးဆိုရင် တရုတ်ရွာ ပိုက်ဆံ ချမ်းသာတယ်။ မွေ့ရာကြီးတွေ၊ စောင်တွေ၊ အစားအသောက်တွေ၊ ဝက်တွေ တအားပေါတာပေါ့။ ခွန်ဆာရဲ့ရွာလေ။ တို့လဲ စားသောက်ပြီးမှ ပြန်လာတာ ပေါ့။ တို့တွေဘက်မှာက ငတ်တယ်။ တစ်လနေလို့ အသားတစ်နပ်စားရဖို့က မလွယ်ဘူး။ တရုတ်အိမ်တွေမှာ ကညအိုးကြီးတွေပါရှိတယ်။ အဲဒါတွေကိုပါယူ တာ။ ကိုယ်က သံလွင်မြစ်ကိုဖြတ်တော့ တို့တပ်တွေကိုကြည့်ပြီး စိတ်ကတော် တော်ပျက်နေပြီ။ ငါးပိထုပ်တွေ့ရင်လည်း ငါးပိ ထုပ်၊ သွားတိုက်ဆေးတွေ့ရင်လဲ သွားတိုက်ဆေး အဲဒါလေးတွေ ထည့်လာတယ်။အဲဒါတောင် တို့တွေအသိမ်းခံရတယ်။ ဒါပေမဲ့ အများစု '၀' ရဲဘော်တွေက အဲ သလိုပဲ။ အကုန်သယ်တာ။ လွယ်မော်ရွာကြီး လိုမျိုးဆိုရင် တရုတ်ရွာ ပိုက်ဆံ ချမ်းသာတယ်။ မွေ့ရာကြီးတွေ၊ စောင်တွေ၊ အစားအသောက်တွေ၊ ဝက်တွေ တအားပေါတာပေါ့။ ခွန်ဆာရဲ့ရွာလေ။ ဒီကောင်တွေတော့ ဒုက္ခပဲလို့လေ။ မျက်စိထဲ ဘာသွားမြင်လဲ ဆိုတော့ ငယ်ငယ်တုန်းက မေမေပြောဖူး တာကို သွားသတိရတယ်။ ဂျပန် ရန်ကုန် ကိုသိမ်းတော့ မေမေ ရန်ကုန်မှာရှိတာကိုး။ အင်္ဂလိပ်အိမ်ကြီးတွေ ရှိတယ်။ ဂျပန်စစ်သားတွေက အရိုင်းတွေကိုး။ အင်္ဂလိပ်တွေ ညဘက်ပေါက်တဲ့ သေးအိုး တွေထဲ ရေထည့်သောက်တာတွေ ဘာတွေ လုပ်ကုန်တာပေါ့။ တပ်ပြန်ရောက် တော့ မေမေ၊ မေမေတို့ ဂျပန်တွေနဲ့ဒုက္ခရောက်ခဲ့သလို သားလဲ '၀' တွေနဲ့ ဒုက္ခရောက်နေပြီလို့လေ ပြောမိတယ်။ သေးအိုးတွေကို ရေထည့်သောက်လို သောက် ကုန်ကြပြီလို့။ အဲသလိုပေါ့ဗျာ။ ကျွန်တော်တို့ တပ်တွေရဲ့ လူ့စည်းကမ်းက အဲသလိုဖြစ်ကုန် တာ။ မြို့ကို ခဏခဏ မသိမ်းရဲတာလဲ အဲဒါကြောင့်ပဲ။ သိမ်းရင် ဟိုရောက် ဒီ ရောက်နဲ့ တပ်ပျောက်သွားမှာစိုးလို့။ ကျွန်တော်တို့ မူဆယ်ကို တစ်ခါသိမ်းဖူး တယ်။ မိုးမိတ်ကို တစ်ခါသိမ်းဖူးတယ်။ တပ်ကို တော်တော်ထိန်း ယူရတယ်။ ဘာလို့လဲဆိုတော့ တကယ့် တောထဲမှာ နေခဲ့တဲ့လူတွေလေ။ ကျွန်တော်တို့ မရောက်ခင်က လည်ပင်းကို ဖြတ်ပြီး နတ်တောင်တင်တဲ့ ရွာတွေလေ။ သူတို့က တစ်ရွာနဲ့တစ်ရွာတိုက် နေခဲ့ကြတာ။ ရွာကိုခံတပ်လုပ်ပြီး ဟိုဘက်ရွာ ဒီဘက်ရွာ တိုက်ပြီး ရွာကိုနိုင်လို့ရှိရင် ကျေးကျွန် စနစ်လိုမျိုး '၀' နယ်မှာနေခဲ့ကြတာ။ အင် မတန်မှ နိမ့်ပါးတဲ့နယ်မြေဖြစ်တယ်။ ကွန်မြူနစ်ပါတီရဲ့ ကောင်းမှုနဲ့ '၀' နယ်က စည်းရုံးသွားတာ။ ခုထက်ထိ ဒီကောင်တွေ ပြောတုန်းပါ။ ဒီဟာကိုတော့ ကျွန် တော်က အဲဒီမှာတစ်လျှောက်လုံး ပါခဲ့တာပါ။ ၁၉၈ဝပြည့်နှစ်နောက်ပိုင်းမှာ တရုတ် ပြည်က စပြီးအထောက် အပံ့တွေကိုဖြတ်တယ်။ ပေးတာဖြတ်တဲ့ အခါကျတော့ ဘာဖြစ်လာလဲဆိုတော့ ခေါင်းဆောင်တွေကတော့ လှအောင် ပြောတာပေါ့ ဗျာ။ ကိုယ်ထူး ကိုယ်ချွန်လုပ်ကြရမယ်ပေါ့။ အမှန်တော့ တရုတ်ပြည်က ပေါ်လစီ ပြောင်းလို့ဖြစ်တာပါ။ ဒီလိုဖြစ်တာကိုလဲ တရုတ်ပြည်ကို သိပ်အပြစ်ပြောစရာ မရှိပါဘူး။ သူကလဲ ၆၈ ကတည်းကစပြီး ၇၈ အထိထောက်ပံ့လာပြီးပြီလေ။ ၁ဝနှစ်ကျော်ပြီပဲ။ ကလေးတစ်ယောက်ကို ၁ဝ နှစ် ကျော်မွေးရင် လူလားမြောက် ပြီပဲ။ ကိုယ့်ဟာကိုယ် လုပ်ကြတော့ပေါ့။ နောက်တစ်ခုက နိုင်ငံတကာအခြေ အနေကလည်း ပြောင်းပြီ။ အထူးသဖြင့် တရုတ်ပြည်က တိန့်ရှောင်ဖိန် ရဲ့ ပေါ်လစီ က ပြောင်းပြီ။ သူ့ဘက်ကကြည့်ရင် သူ့နိုင်ငံအရင်ဆုံး ချမ်းသာအောင်လုပ်မယ် ဆိုတဲ့ ပေါ်လစီက ဖြစ်လာတယ်။ အဓိက အပြောင်းအလဲ ဖြစ်တဲ့ပြဿနာကို ကျွန်တော်တို့ နောက်ပိုင်း သိတာကတော့ တိန့်ရှောင်ဖိန် ကို စင်ကာပူက လီကွမ်ယု ပြောတဲ့စကား တွေက အများကြီးထိတယ်။ ခင်ဗျားတို့ အရှေ့တောင်အာရှနိုင်ငံ တွေကို ချစ်လှပါပြီမပြောနဲ့။ ခင်ဗျားတို့ရဲ့ ကွန်မြူနစ်ပါတီရဲ့ အသံလွှင့်ဌာနတွေကို အရင်ဖျက်။ ကွန်မြူနစ်ပါတီတွေနဲ့ ဆက်စပ်မှုကို ခင်ဗျားတို့ ကန့်သတ်။ ဒါက သက်ဆိုင် ရာနိုင်ငံ တွေမှာ သူပုန်ထအောင် လုပ်ပေး သလိုဖြစ်တာကိုး။ လီကွမ်ယု ပြောတာလဲ သူ့ဟာနဲ့ သူစဉ်းစားနည်းက မှန်ပါတယ်။ အဲသလိုနဲ့ ကျွန်တော် တို့ကိုပေးတဲ့ တရုတ်ပြည်ရဲ့ အထောက်အပံ့တွေ လျော့သွားတာပေါ့။ ကျွန်တော် တို့ဒေသက ဘိန်း အင်မတန်ပေါတယ်။ အိမ်မှာ ဘူးသီး၊ ခရမ်းသီးစိုက်ထား သလိုကို ဖြစ်နေတာ။ ကျွန်တော်တို့ဆီက တပ်သားတွေ အိမ်ပြန်သွားရင် အိမ်က ပိုက်ဆံမပေး လိုက်ဘူး။ ဘိန်းခြစ်ပြီး ဘိန်းနှစ်ဆယ်သား စသည်ဖြင့်ပေးလိုက် တာ။ အဲဒီတော့ ကလေးတွေက ရွာပြန်သွားပြီးပြန်လာရင် ဘိန်းပါလာတယ်။ u-aung-kyaw-zaw500-350.jpg တရုတ်အစိုးရရေးရာကျွမ်းကျင်သူ တိုင်းရင်သားလက်နက်ကိုင်များနှင့် နီးစပ်သူ ဦးအောင်ကျော်ဇောနှင့်တွေ့ဆုံ့မေးမြန်းနေစဉ် ပန်ဆိုင်း ရောက်တဲ့အခါ ပြန်ရောင်းပြီး သူ့တို့အတွက် အဝတ်အစားတို့ ဘာတို့ ဝယ်ရင် ဒါနဲ့ဝယ်ကြတာ။ အဲဒီတော့ နောက်ပိုင်းမှာ တပ်ကဘယ်လိုဖြစ်လာ သလဲဆိုတော့ စစ်တပ်က စစ်တပ်နဲ့ မတူတော့ဘူး။ စီးပွားရေးသွား လုပ်တဲ့ အခါကျတော့ ပုံပြောင်းလာတယ်။ ဗဟိုက ဘယ်လိုလုပ်သလဲဆိုတော့ ဘိန်းအတွက် တပ်တစ်ခုဖွဲ့ပြီးတော့ ဘိန်းကို ဒီကနေ ထိုင်းကိုသွားပို့တယ်။ ထိုင်းမှာဘိန်းရောင်းပြီးရင် ပိုက်ဆံကို ဒေါ်လာတွေ၊ ရွှေချောင်း တွေယူလာတယ်။ ပြီးရင် တရုတ်ပြည်နယ်စပ်မှာ ပြန် ရောင်းတယ်။ ဒါနဲ့ ကျည်ဆန်တို့၊ ယူနီဖောင်းတို့၊ ဆန်တို့ဝယ်ရတဲ့အဖြစ်ဖြစ် လာတယ်။ ၈၂လောက်မှာပါ။ ၈ဝပြည့်နှစ်တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက်ပိုင်းမှာ တပ်ကလဲ အရမ်းကြီးလာတယ်။ တပ်မနှစ်တပ်က နည်းတဲ့တပ်ကြီးမဟုတ်ဘူး။ စုစုပေါင်း တပ်အင်အားက သုံးသောင်း ခွဲလောက်ဖြစ်လာတယ်။ ဒါကြီးကိုကျွေး ဖို့ဆိုတာ အရမ်းခက်တယ်။ နောက် မော်ဖာကျသွားတယ်။ အဲဒီတုန်းက ကျွန်တော် တို့အတွက် တကယ့်ကို အချက်အချာ ကျတယ်။ ကျွန်တော်တို့ကို တပ်မ တစ်ခုထည့်ပြီး ချက်ချင်း ထိုးလို့ရတဲ့နေရာကို သူတို့(အစိုးရ)ရလိုက်တာပဲ။ အဲဒီတုန်း ကသာ တပ်မနှစ်မလောက်နဲ့ ဆင့်ပြီး ဝုန်းခနဲထိုးရင် ပန်ဆိုင်း ဗဟိုပြိုတယ်။ ကျွန်တော်တို့က တပ်တွေရှိပြီး ပြန်မလုပ်နိုင်တဲ့ အနေအထားလေ။ ကျွန်တော် တို့က မြေအနေအထားအရ သိပ်နိမ့်သွားတာကိုး။ ဒါပေမဲ့ ဗမာအစိုးရက အဲဒီ မှာရပ်လိုက်ပြီး စစ်ကိုဆက်မထိုးဘူး။ အဲဒီအချိန်မှာ ကျွန်တော်တို့ တပ်တစ် တပ်ကလဲ အဲသလိုထိုင်နေရသလို အောက်ကိုထိုး တဲ့တပ်တွေကလဲ သိပ်မအောင် မြင်ဘူး။ မအောင်မြင်ဘူး ဆိုတာက ဗိုလ်ချုပ်ထွန်းရီရယ်၊ ဗိုလ်ချုပ်လှဦး ရယ်၊ ဗိုလ်ချုပ်အေးစံရယ် ဗမာအစိုးရ ဘက်က သူတို့ရဲ့ ကွန်ဘိုင်နေးရှင်း သိပ်ကောင်း တယ်။ ကျွန်တော်မှတ်မိတာက ဗိုလ်ချုပ်ထွန်းရီ က ဒုချုပ် ထင်တယ်။ ဗိုလ်ချုပ် လှဦးက ကစထမှူး၊ ဗိုလ်ချုပ် အေးစံက ရပခတိုင်းမှူး။ နောက်တစ်ခုက ၇၇ တပ်မမှူးက ဗိုလ်ချုပ်ချစ်ဆွေ။ ဒီလူတွေဟာ ဗမာစစ်တပ်မှာ အင်မတန်တော် တဲ့လူတွေ။ ကျွန်တော်က စစ်သားဆိုတော့ သိတာပေါ့ဗျာ။ ဘောလုံး ကန်ဖော်ကန်ဖက် တွေလိုပေါ့။ ဘယ်သူ ကတော်တယ်ဆိုရင် တော်တယ်ဆိုပြီးတော့ ပြောရမှာ ပေါ့။ အဲသလိုပဲ ဒီလေးယောက်က ကျွန်တော်တို့ရဲ့ စီမံကိန်းတွေကို ရိုက်ချိုးနိုင် တဲ့သူတွေဖြစ်တယ်။ အထူးသဖြင့် ဗိုလ်ချုပ်ထွန်းရီနဲ့ ဗိုလ်ချုပ်လှဦးပဲ။ ခုနဟာကို ဆက်ပြောရ မယ်ဆိုရင် ဘိန်းကိစ္စပြန်ရောက်မယ်။ တပ်က ဒေသ က သိပ်ဘိန်းပေါတော့ ဗဟိုက ဘယ်လိုဆုံးဖြတ် သလဲဆိုတော့ ဘိန်းကို စုပြီးတော့ တပ်ဖွဲ့ဝင်တွေအားလုံး နယ်စပ်သွားရောင်းမယ်။ ဒါပေမဲ့ တပ်က ဘယ်လိုပျက် သွားသလဲဆိုတော့ ဘိန်းတန်း သွားရင် တပ်ရင်းနှစ်ရင်းလောက် သွားရတယ်။ အဲဒီတော့ ပထမတစ်ခေါက်သွားတုန်း ကတော့ ရိုးရိုးပဲ။ ဒုတိယတစ်ခေါက် သွားတော့လဲ ရိုးရိုးပါပဲ။ တတိယ တစ်ခေါက်သွားတော့ '၀' ရဲဘော် တွေလဲမြင် လာပြီ။ ဟိုမှာ ဘိန်းက ပိုက်ဆံရတယ် ဆိုတာကိုလေ။ မြင်လာတော့ တပ်ရင်းမှူး လုပ်တဲ့ကောင်က နောက်တစ်ခေါက် သွားတဲ့အခါမှာ သူ့ဟာသူ ဘိန်းဝယ်ပြီး သူ့ပစ္စည်း သူဖြစ်သွားပြီ။ ပထမတပ်မဟာမှူးပေါ့။ သူကနေ တပ်ရင်းမှူး၊ တပ်ရင်းမှူး ကနေ တပ်ခွဲမှူး၊ ပြီးရင် တပ်စုမှူး အဆင့်ဆင့် အဲသလိုဖြစ်သွား ပြီး ဘိန်းရောင်း ကြတာ။ အဲဒီတော့ ကွန်မြူနစ်ပါတီရဲ့ သမိုင်းမှာ ရုပ်အပျက်ဆုံးက ၁၉၈၈ မှာလုပ်တဲ့ ပါတီ ဗဟိုကော်မတီ ဆုံးဖြတ်ချက်ထဲမှာ ဒုဥက္ကဋ္ဌတင်မြင့် ဆုံးဖြတ်တဲ့ ဘိန်းကူးသန်း ရောင်းဝယ်မယ် ဆိုတဲ့ဆုံးဖြတ်ချက်က ပါတီကို အမိုက်နွံထဲ ပို့တာပဲ။ အဲဒီဆုံးဖြတ် ချက်က တကယ့်ကို ကျွန်တော်တို့တပ် ကို အမိုက်နွံထဲ ပို့လိုက်တာပါပဲ။ တပ်က ဘယ်လိုပြောရမလဲ နဂိုကတည်း က ဒေသမှာကိုက ငတ်နေတာလေ။ ကိုးကန့် သားတွေဖြစ်တဲ့ ဖုန်ကြားဖူးတို့၊ ဖုန်ကြားချင်း တို့ဆိုတာ အရင်က ဘိန်းဘုရင် တွေပဲလေ။ ပါတီရောက်လာမှ ပြောင်းပြီးတော့မ လုပ်ကြတော့တာ။ နောက်ပိုင်း ဖုန်ကြားချင်း သူတို့ကလဲ သူတို့ဟာသူတို့ ဘိန်းအဖွဲ့ထောင် ထားသလိုဖြစ်လာ တယ်။ အဲဒီတော့ ဗဟိုက အောက်ကို မနိုင်တော့ဘူး။ အောက်ကို မထိန်းနိုင်တော့ ဗဟိုရဲ့ ၈၉မှာ ဖြစ်တဲ့ပြဿနာက တဖြည်းဖြည်း လှည့်ဖို့ကြိုး စားတဲ့အခါမှာ မလှည့် နိုင်ဘူး။ တပ်က တော်တော်ပျက်နေပြီ။ ပြောတော့ ပြောတာပေါ့။ ဖမ်းပြီးအရေး ယူမယ် ဘာမယ်ပေါ့။ ဒါပေမဲ့ တကယ်တမ်းတော့ မလုပ်နိုင်ဘူး။ ဒီလိုနဲ့ပဲ ကွန်မြူနစ်ပါတီလဲ နွံနစ်ခဲ့တာပေါ့။ ဗကပပျက်စီး တဲ့ကိစ္စမှာ အဓိကနှစ်ချက်ပဲ။ ပါတီအတွင်းမှာ ဒီမိုကရေစီမရှိတော့ဘူး။ ဘယ်သူမှလဲ ပြန်မပြောဘူး။ ပြောရင် အပေါ်က ဟိုထိဒီထိနဲ့ ပြဿနာတွေဖြစ်လာတယ်။ တရုတ်အစိုးရရေးရာကျွမ်းကျင်သူ တိုင်းရင်သားလက်နက်ကိုင်များနှင့် နီးစပ်သူ ဦးအောင်ကျော်ဇောနှင့်မေးမြန်းခြင်းအပိုင်း(၃) ရေးသားသူ - ဇော်ထိုက်(တွေ့ဆုံမေးမြန်းသည်) နေရာ - ကြယ်ခေါင် ရက်စွဲ - January 12, 2012 Category - Interview Tags - interview with u aung kyaw zaw part three u-aung-kyaw-zaw_thumnail1.jpgမေး- ဦးအနေနဲ့က နှစ်အတန် ကြာအောင် အစိုးရနဲ့ ဆန့်ကျင်ဘက် အဖြစ် လက်နက်ကိုင် တော်လှန်ခဲ့တဲ့ အဖွဲ့အစည်းတစ်ရပ်မှာ တာဝန်ကြီးကြီး ယူခဲ့ဖူးတယ်။ လုပ်လဲ လုပ်ခဲ့ကြတယ်။ ဒီလိုပဲ ပြည်တွင်းမှာလဲ အစိုးရပဲ ဖြစ်ဖြစ်၊ အတိုက်အခံပဲ ဖြစ်ဖြစ် သူ့နည်း သူ့ဟန်နဲ့ လုပ်နေ ကြရဲ့သားနဲ့ မြန်မာပြည်က တိုးတက်ရေး လမ်းကြောင်းကို မလျှောက်နိုင်ခဲ့တာ ဘာကြောင့် လို့ထင်လဲ။ ဖြေ - ကျွန်တော် ပြောချင်တာက ကျွန်တော်တို့ တိုင်းပြည်ရဲ့ပြဿနာက ပြည်တွင်းစစ် ဖြေရှင်းဖို့ပါပဲ။ မြန်မာပြည်ရဲ့ သမိုင်း မှာ ပြောရမယ်ဆိုရင် အဓိက ပြဿနာ ကနှစ်ခုပဲ။ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီတောင်း တဲ့ကိစ္စနဲ့ လူမျိုးစုရဲ့ကိစ္စပဲ။ အဲဒီနှစ်ခုကို မရှင်းနိုင်ရင် အစိုးရပဲဖြစ်ဖြစ်၊ ဘယ်ပါတီပဲ ဖြစ်ဖြစ် မခံနိုင်ဘူး။ ဗမာ ပြည် ကွန်မြူနစ်ပါတီရဲ့ သမိုင်းကိုကြည့်လေ။ နည်းတဲ့သမိုင်းလား။ လူတွေအများကြီး သေကျေခဲ့တယ်။ ထောင်ထဲမှာလည်း အများကြီး အသတ်ခံရတယ်။ ဒါပေမဲ့ ဒီနှစ်ခု ကိုယ့်ဒေသထဲမှာ လူမျိုးစုတွေရှိ နေရဲ့သားနဲ့ လူမျိုးစုအရေး တွေကို မထိန်း နိုင်ခဲ့ဘူး။ ကျွန်တော်တို့ လဲပြောတယ်ဗျ။ တရုတ်ပြည်နဲ့မတူဘူး။ ဒါကတော့ တရုတ် ပြည်ရဲ့ ဂယက်လဲပါတယ်။ တရုတ်ပြည်က ၉၉ရာခိုင်နှုန်းက တရုတ်တွေဖြစ်တယ်။ လူမျိုးစုက အရမ်းအနည်း စုပဲဖြစ်တယ်။ နောက် သူ့အနေနဲ့ပြောရင် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဒေသတွေပေး လို့ရတယ်။ ဗမာပြည်က အဲသလို မရဘူး။ ၅၈ကနေ ၆၂ရာခိုင်နှုန်းလောက်က ဗမာဖြစ်နေတယ်။ ကျန်တဲ့ ၃၈ ရာခိုင်နှုန်းလောက်က လူမျိုးစုဖြစ်တယ်။ အဲဒီလူမျိုးစုတွေရဲ့ နေထိုင်မှုဘဝ နေတဲ့နေရာကလဲ ဗမာပြည် အတွက် အလွန်မဟာဗျူဟာ ကျတဲ့နေရာဖြစ်တယ်။ သူတို့နေတဲ့ နေရာတွေအောက် မှာပဲ သယံဇာတ အင်မတန် ပေါများတဲ့ ဒေသတွေ ဖြစ်တယ်။ ဒါတွေဟာ တိုင်းရင်းသား တွေရဲ့အကျိုးစီးပွား ဖြစ်တယ်။ ဒါကိုလဲ စဉ်းစားပေး သင့်တယ်။ ကျွန်တော်တို့ တိုင်းပြည်က Ethnic တွေရဲ့ပြဿနာကို မှန်မှန်ကန်ကန် မဖြေရှင်းနိုင်ဘူး ဖြစ် နေတယ်။ တောက်လျှောက်ကြည့်လေ။ ဒါကို ကွန်မြူ နစ်ပါတီလဲ မရှင်းနိုင်ခဲ့ ပါဘူး။ ဒါနဲ့ပတ်သက်ပြီး ကွန်မြူနစ်ပါတီရဲ့ အနေအထား နဲ့ပြောရရင် ကျွန်တော် တို့ခေါင်းဆောင်တွေရဲ့ အင်မတန်အားနည်းတဲ့ Weak Point က ဘာလဲဆိုရင် လေ့လာမှုအား နည်းတာပဲ။ တောထဲမှာနေတာ ကြာတော့ တောပုန်းဝါဒ ဖြစ်လာ တယ်။ နိုင်ငံတကာ အခြေအနေကို မသိဘူး။ ဗမာကျောင်းသား တွေလာလို့ ဗမာကျောင်းသားတွေ တင်ပြတာ အများကြီးပဲ။ ကျွန်တော်တို့တိုင်းပြည်အခြေ အနေက အများကြီးပြောင်းနေပြီ။ လူမျိုးစု ပေါ်လစီကို ကန့်ကွက်တယ်။ ဒါပေမဲ့ မရဘူး။ ခေါင်းဆောင်တွေက တရုတ်ပြည် ရဲ့ပေါ်လစီ အတိုင်း သွားချင်တယ်။တရုတ်ကလဲ အဲဒီပေါ်လစီကို ကြိုက်တယ်။ တရုတ်ကတော့ သူ့ဘက်က ကြည့် ရင်ဟုတ်တယ်။ ကျွန်တော် ပြောသလို နယ်စပ်ဒေသမှာ ဒီဘက်(မြန်မာ)မှာ ရှမ်း ဟိုဘက်(တရုတ်)ဘက်မှာ ရှမ်း ၊ ဒီဘက် (မြန်မာ)မှာ '၀' ဟိုဘက်(တရုတ်)ဘက် မှာ'၀'။ တကယ်လို့ ဗမာပြည်ဘက်က '၀'တွေက တရုတ်ပြည်ဘက်က '၀'တွေ ထက် ဒီမိုကရေစီပိုရနေမယ် ဆိုရင် တရုတ်ပြည်မှာ လာပြီးပြဿနာ ပေါ်နိုင်တယ်။ တရုတ်ပြည်ကလဲ ဘာပဲပြောပြော သူပေး တဲ့အခွင့်အရေးက အင်မတန်ကောင်း ပေမယ့် လူမျိုးစုနဲ့ လူမျိုးကြီးဆိုတာ သိပ်ခက်တယ်။ သိပ်ကိုဖြေရှင်း ရခက်တယ်။ အထူးသဖြင့် အမျိုးသား ရေး အမြင်ကျဉ်းမြောင်း မှုဆိုတဲ့ကိစ္စဟာ အတော့်ကို ခက်ပါတယ်။ တရုတ်ပြည်ရဲ့ သူ့ အနေအထား နဲ့သူ သူ့ပြည်တွင်း မှာ တည်ဆောက်ထား တဲ့ ပေါ်လစီက မှန်တယ်။ သူ့မှာ လူမျိုးစုက ပွိုင့်ဝမ်း တောင် မရှိဘူး။ ပြီးတော့ တရုတ်ပြည်မှာ က သဘာဝ သယံဇာတ တို့ ဘာတို့က လူမျိုးစုတွေ နေတဲ့နေရာမှာ မရှိဘူး။ အဲဒီလိုအချက်မျိုး တွေမရှိဘူး။ ဗမာပြည်ကျတော့ မရဘူးလေ။ကချင်ပြည်နယ်မှာ ဖားကန့်၊ ရှမ်းပြည်နယ် မိုးကုတ်၊ အခု ရခိုင်ဆို ဓာတ်ငွေ့တို့၊ ရေနံတို့လာပြီ။ ဗမာ့ပြည်မကြီး မှာကျတော့ သိပ်မရှိဘူး။ တရုတ်ပြည်အနေနဲ့ ကျတော့ သူ့ပေါ်လစီက အောင်မြင်တယ်။ မြန်မာပြည်ရဲ့ ထူးခြားချက်က နိုင်ငံမှာရှိတဲ့ လူမျိုးအားလုံးဟာ လက်နက်စွဲ ကိုင်တိုက်ခိုက်တဲ့ အတွေ့အကြုံရှိတယ်။ သေနတ်ကိုင်ပြီး အစိုးရကိုခုခံခဲ့တဲ့ အနေအထား တွေရှိခဲ့တယ်။ သူတို့ဒီလို အနေအထားတွေ ပျက်သွားလည်းပြန် ထောင်နိုင်တယ်။ ဒီပြဿနာဟာ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ Equality ပေါ့ဗျာ။ ပင်လုံအခြေခံနဲ့ ဗမာတစ်ကျပ် ကချင်တစ်ကျပ်၊ ကရင်တစ်ကျပ် ရှမ်း တစ်ကျပ်ဖြစ်မှ ပဲရမယ်။ ကျွန်တော်ပြောတာ Bissically ပြောတာပါ။ အကုန်လုံး ကို Equal Right လို့မဆိုလိုပါဘူး။ အဲဒီကိစ္စကို မဖြေရှင်းနိုင်ဘူး ဆိုရင် ကျွန်တော် တို့ပြည်တွင်း စစ်ကြီးက ကြာဦးမှာပဲ။ ဒေါ်စုတို့လုပ်တဲ့ ဆင်းရဲမှု လွတ်မြောက်ရေးတို့ ဘာတို့ဆိုတာက တိုင်းပြည် ကြီးပြည်တွင်း စစ်ဖြစ်နေရင် ဘယ်လိုလုပ် ပြီးလုပ်ကြမလဲ။ တိုင်းပြည်အတွက် အဓိကက ပြည်တွင်း ငြိမ်းချမ်းရေးက အဓိကကျတယ်။ တိုင်းပြည်တိုးတက်ဖို့ဆိုရင် ပြည်တွင်းငြိမ်းချမ်း ရေးရဖို့ လိုတယ်။ မေး - အခုပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီးတော့ ဦးဘယ်လိုမြင်သလဲ။ အစိုးရကိုဆန့်ကျင်ပြီး နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့တဲ့ အမြင်မျိုး မဟုတ်ဘဲ လက်ရှိ မြန်မာနိုင်ငံအရေး ကို ပြည်ပကနေ စောင့်ကြည့်လေ့လာ နေသူတစ်ဦး အနေနဲ့ သုံးသပ်ပေးပါ။ ဖြေ - ဒီကနေ့အစိုးရရဲ့ ပြောင်းလဲမှုတွေက On The Table တော့ ကြည့်ရတာ very good ပါပဲ။ ဒါပေမဲ့ Reality ကိုကြည့်ဖို့လို ပါတယ်။ အခု ဒီကနေ့ သူတို့ငြိမ်းချမ်း ရေးအတွက် စာချုပ်ချုပ် တာတွေ ဘာတွေလုပ်နေကြတယ်။ ဒါဟာ Political Solution ကိုသွားတာပါပဲ။ တကယ့် Political Solution ပါပဲ။ ဒါပေမဲ့ ပြောချင်တာက သူပုန်ထတဲ့ ကိစ္စတွေဟာ အခုမှ ထဖြစ်တာ မဟုတ်ဘူး။ ဒီဟာကို မှန်မှန်ကန်ကန် မရှင်းနိုင်ဘူး ဆိုရင် ပြည်မနိုင်ငံရေး ဘယ်လောက်ကောင်းနေ ကောင်းနေ ပြည်မမှာ မီဒီယာ လွတ်လပ်ခွင့်တွေ ဘယ်လောက် ရနေရနေ ပြည်တွင်းစစ်တွေ ဆက်ဖြစ်နေရင်တော့ ဒီ့ထက်ပိုပြီးထူးလာ ဖို့မလွယ်ပါဘူး။ တိုက်ပွဲ ကိုချက်ချင်းရပ် သွားအောင် စစ်ရေးနည်းနဲ့ ဖြေရှင်းလို့မရဘူး။ မြန်မာတပ်က လေးသိန်းကျော်ရှိတယ်။ ကေအိုင်အေက လူတစ်သောင်း ကျော်ပဲရှိတယ်။ ရှိသမျှ စုချလို့ ပြုတ်ချင် ပြုတ်သွားမယ်။ ဒါပေမဲ့ တစ်ချိန် သူတို့ပြန်ပေါ်လာမယ်။ မုချပဲ။ သူတို့လို Basically Right ကျွန်တော်တို့ တည့်မပေး နိုင်သမျှဖြစ်မှာပဲ။ ပြောချင်တာက အကုန်လုံးတော့ တန်းတူ ရည်တူတော့ ပြည်မနဲ့ တူအောင်တော့ မရနိုင်ဘူးပေါ့။ ဒါဟာ အရှည်ကြီး လုပ်ရမယ့် ကိစ္စဖြစ်တယ်။ အနိမ့်ဆုံးမှာ ပင်လုံ စာချုပ်လိုကိစ္စမျိုး မလုပ်နိုင်ရင် မလွယ်ဘူး။ အစိုးရအနေနဲ့ တိုင်းရင်းသားတွေ ကို တကယ့် စစ်မှန်တဲ့ စိတ်ဓာတ်နဲ့လုပ်မှ ဖြစ်မှာ။ အဲဒီလိုစဉ်းစားပြီး Equality ပေးမှဖြစ်မှာ။ ယနေ့အစိုးရရဲ့ ပြောင်းလဲမှုက ကောင်းပါတယ်။ မန္တလေးတို့၊ ရန်ကုန်တို့၊ ကမ်းရိုးတန်းဒေသတို့မှာ ဟိုးအရင်တိုင်းမှူး တွေပဲဦးစီးခဲ့တဲ့ နေရာတွေမှာ အခု ဝန်ကြီးချုပ်တွေ ပိုဩဇာရှိလာ တယ်။ ဒီတော့ ဒေသလုပ်ငန်းကို ပိုလုပ်နိုင်တယ်။ ဒါဟာ ကောင်းတဲ့ပြောင်းလဲမှု။ ကျွန်တော်တို့ လက်ခံတယ်။ ကြိုဆိုတယ်။ ဒါပေမဲ့ ပြောချင်တာက သူပုန်ထတဲ့ ကိစ္စတွေဟာ အခုမှ ထဖြစ်တာ မဟုတ်ဘူး။ ဒီဟာကို မှန်မှန်ကန်ကန် မရှင်းနိုင်ဘူး ဆိုရင် ပြည်မနိုင်ငံရေး ဘယ်လောက်ကောင်းနေ ကောင်းနေ ပြည်မမှာ မီဒီယာ လွတ်လပ်ခွင့်တွေ ဘယ်လောက် ရနေရနေ ပြည်တွင်းစစ်တွေ ဆက်ဖြစ်နေရင်တော့ ဒီ့ထက်ပိုပြီးထူးလာ ဖို့မလွယ်ပါဘူး။ တိုက်ပွဲ ကိုချက်ချင်းရပ် သွားအောင် စစ်ရေးနည်းနဲ့ ဖြေရှင်းလို့မရဘူး။ မေး - အခုမြန်မာနိုင်ငံ အတွက် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး အနေအထားက အဓိကအရေး ပါတဲ့အနေအထားမှာ ရှိနေတဲ့အတွက် တရုတ်-မြန်မာဆက်ဆံရေး ကိုလဲ ဦး သုံးသပ်မိသလောက် ပြောပြပါဦး။ ကွန်မြူနစ် ပါတီချင်း ဆက်ဆံရေး ရော၊ အစိုးရချင်း ဆက်ဆံရေးရော၊ ဒီနှစ်ခု ဆယ်နွှယ်ပုံ ရောပေါ့။ ဖြေ - တရုတ်-မြန်မာဆက်ဆံရေး ကတော့ ကျွန်တော်သိတဲ့ အပိုင်းက ပြော တာပေါ့နော်။ ဗိုလ်ချုပ်အောင်ဆန်းတို့က လွတ်လပ်ရေး လိုချင်လို့ တရုတ်ပြည် သွားတယ်။ တရုတ်ပြည် ကွန်မြူနစ်ပါတီနဲ့ ဆက်သွယ်ပြီးသွားတာ။ ဒါပေမဲ့ တကယ် တော့ မတွေ့ခဲ့ဘူးလေ။ ဂျပန်နဲ့ပဲ တွေ့ခဲ့တာ။ တကယ်လို့ တွေ့ခဲ့ရင် တစ်မျိုး တစ်ဖုံပြောင်း မှာပေါ့၊၊ တရုတ်ပြည်ရဲ့ အားကောင်းတဲ့ ကာလလေ။ လူကြီးတွေ ပြောတာက တရုတ်-မြန်မာဆက်ဆံ ရေးက တရုတ်ပြည် လွတ်လပ်ရေး ရတဲ့အချိန် မှာ မြန်မာအစိုးရက ချက်ချင်း ထောက်ခံတယ် ဆိုတာပါတယ်။ ဦးနုရဲ့ ဒီမိုကရေစီ ကြွယ်ဝမှု၊ တရုတ်ပြည် အနေနဲ့ကလဲ နိုင်ငံကြီး တွေအနေနဲ့ကလဲ အသိအမှတ်ပြု တဲ့ကိစ္စပဲ။ မြန်မာပြည် နဲ့ဆက်ဆံရေးက အမြဲတမ်း ထည့်စဉ်းစား တာအဲဒီအချက် ပဲ။ ပထမဦးဆုံး အသိအမှတ်ပြုတဲ့ အထဲမှာ ဒီနိုင်ငံပါတယ်။ ကျွန်တော့်အမြင်နော် ဘယ်သူ့ကိုမှ ကိုယ်စားပြုပြီးတော့ မပြောဘူး။ မှားချင်လဲမှားမယ်။ ၁၉၄၈-၄၉ လောက်မှာ ကျွန်တော်တို့ လက်နက်ကိုင် တော်လှန်ရေးစပြီး တဲ့အချိန်မှာ တရုတ် ပြည်က သူ့တို့ပါတီ ကိုပြောလာတယ်။ ပီကင်းမှာဖွင့်တဲ့ မက်ဝါဒီ ကျောင်းမှာ ကျွန်တော်တို့အထဲ ခရိုင်ကော်မတီ အဆင့်၊ တိုင်းအဆင့် လူ ၇၀၊ ၈ဝလောက် ကိုတောင်းတယ်။ သူကတော့ ထရိန်နင်ပေးဖို့ တောင်းတယ်။ ကျွန်တော်တို့ထဲ က တော်တဲ့သူတွေဖြစ်တဲ့ ရဲဘော်အောင်ကြီး တို့၊ ဗိုလ်ချုပ်ဇေယျတို့ ပါသွားကြ တယ်။ ပါသွားတော့ တရုတ်ပြည်မှာ နှစ်နှစ်ပေါ့။ မက်ဝါဒီကျောင်း မှာပညာပေးတယ်။ အဲဒီလိုပေးပြီးနောက်ပိုင်း နှစ်နှစ်ကြာ တဲ့အချိန် ၁၉၅၁ မှာ ဦးနုက တရုတ်သွားလည်တဲ့အခါမှာ ဦးနုအစိုးရက တရုတ်ပြည်ကို တောင်းဆိုတာက လူကြီးတွေပြောပြတာက မြန်မာပြည်က သူနဲ့ပါလာတဲ့ သူတွေကို ပြန်မလွှတ်ပါ နဲ့တဲ့။ တရုတ်ပြည်ဘက်က ထောက်ထားရမယ့် ကိစ္စတွေရှိတယ်။ သူတို့ဘက်က လွတ်လပ်ချင်းမှာ မြန်မာဘက်က ထောက်ခံခဲ့တယ်။ နိုင်ငံတကာမှာ ဘယ် နိုင်ငံမှမထောက်ခံချင်း အစောဆုံး ထောက်ခံခဲ့တယ်။ ဒါအိမ်နီးနားချင်းကိစ္စ လဲဖြစ်တယ်။ အိမ်နီးနားချင်းဖြစ်တဲ့ အတွက် ပြန်မလွှတ်တော့ဘူး။ မလွှတ် တော့ဘဲနဲ့ အဘိုးကြီးတွေကို ကျောင်းပြီးတဲ့အခါ စစ်စခန်း ပို့ထားတယ်။ ပါတီချင်း ဆက်ဆံရေး ကတော့ သိမှာပဲ။ စာအုပ်တွေ ထဲမှာလဲပါတာပဲ။ တကယ်တမ်း ပြောတာကတော့ ဒီဘက်ကိုပြောတာပေါ့။ ပဲခူးရိုးမနဲ့ဆက်ဆံ ရေးကတော့ မြန်မာ့ခေတ်တို့ရေး နေတာတွေလဲ အများကြီး သိနိုင်ပါတယ်။ကျွန်တော် ဒီဘက်ခြမ်းမှာတော့ ၆၂မှာ တစ်သုတ်ပြန်ပို့တယ်။ ဗိုလ်အောင်ကြီးတို့၊ ဗိုလ်ချုပ်ဇေယျ တို့ပြန်ပို့တယ်။ ၈၇ လောက်မှာဆိုရင် ကျွန်တော့်ကို ခေါင်း ဆောင်တစ်ယောက် ပြောဖူးတာက မြောက်ဗီယက်နမ်က ဟိုက်ဖုန်ကို အမေ ရိကန်လေတပ်က ဗုံးကြဲတာ။ ကျွန်တော်တို့ခေါင်းဆောင် တစ်ယောက်ပြောတာ က သူတို့ကိုခေါ် ဆွေးနွေးတဲ့အချိန်။ ပြန်လွှတ်ဖို့ခေါ်ဆွေးနွေးတဲ့အချိန်က မြောက်ဗီယက်နမ်ကို အမေရိကန်ဗုံး ကြဲပြီးတဲ့အချိန်ခေါ် ဆွေးနွေးတာ။ အဘိုး ကြီးတို့ကို စစ်ကျောင်းမှာပစ်ထားတယ်။ ဥက္ကဋ္ဌတို့ ဘာတို့လောက်ပဲ ပီကင်းမှာ ထားတယ်။ အဲဒီအချိန်မှာ ဥက္ကဋ္ဌမော်နဲ့ ချောင်လေးက ပြန်ခေါ်တွေ့တာ။ တွေ့ ပြီးတော့ ခင်ဗျားတို့ တော်လှန်ရေးကို ပြန်လုပ်လို့ပြောတယ်။ ကျွန်တော်တို့လဲ ပြန်ဝင်တယ်။ ကိုးကန့်ဝင်တယ်။ နောက် '၀' ဝင်တယ်။ ဝင်တဲ့အခါမှာ ဖုန်ကြားစု တို့က အစကတည်းက မြန်မာအစိုးရကိုတိုက်နေတာ။ သူတို့ကို တရုတ်ပြည်က စည်းရုံးထားတာ။ ကျွန်တော်တို့လာတော့ ကျွန်တော်တို့အောက်ကို လွှဲပေး လိုက်တယ်။ မင်းတို့ ဖုန်ကြားစုတို့ မြန်မာပြည် ကွန်မြူနစ်ပါတီ ခေါင်းဆောင်မှု အောက်မှာ လုပ်ကြဆိုပြီး မြန်မာပြည်တော်လှန်ရေး လုပ်ကြဆိုပြီး ကျွန်တော် တို့ကို လွှဲပေးတာ။ နယ်စပ်မှာ လက်နက်ကိုင် အဖွဲ့တွေအမျိုးမျိုး ဖြစ်နေတဲ့အခြေ အနေမျိုးကနေ ကွန်မြူနစ်ပါတီဝင်လာ တဲ့အခါကျ တော့ အားလုံးတိုက်ရှင်း လိုက် တယ်။ တရုတ်ပါတီ အချင်းချင်းဆက်ပြီး နောက် တရုတ်အစိုးရက နောက်ပိုင်း သွားတဲ့ အစိုးရ အဖွဲ့ဆက်ဆံရေးနဲ့ ပါတီဆက်ဆံရေး သွားကြတာ။ ပါတီဆက်ဆံ ရေးအားကောင်းတာ ယဉ်ကျေးမှု တော်လှန်ရေးကာလပဲ။ တရုတ်ယဉ်ကျေးမှု တော်လှန်ရေးကာလမှာ ပါတီက ထိပ်ရောက်လာတယ်။ ကျွန်တော်တို့ ၆၇ က စပြီး တိုက်ခဲ့တာကတော့ တရုတ်ပြည်က တပ်ဆင်မှုပဲ။ လက်နက်ရော လူလဲ ပါတယ်။ အထူးသဖြင့် အဲဒီတဖြည်းဖြည်းနဲ့ ကျွန်တော်တို့ကို ထောက်ပံ့မှုက တစ်လျှောက်လုံးကောင်းတယ်။ ကောင်းတာက ၇၅လောက် အထိကိုဆိုရင် ဟယ်လီ ကော်ပတာ တောင်းရင်တောင် ပေးမှာပဲ။ တင့်ကားတောင်းရင် တင့်ကား ပေးမှာပဲ။ ၇၆-၇၈ အထူးသဖြင့် တိန့်ရှောင်ဖိန် တက်လာပြီးတဲ့နောက်မှာ တဖြည်း ဖြည်းနဲ့ ပြောင်းလာတယ်။ ပြောင်းလာပြီးတော့ ဘာလုပ်လဲဆိုရင် အထူးသဖြင့် ပြည်တွင်း ပြဿနာပေါ့။ ခုနကပြောသလိုပေါ့၊ လီကွမ်ယုနဲ့ ပြောတာတွေပါတယ်။ တဖြည်းဖြည်း နဲ့ပြောင်း လာပြီးတော့ ကျွန်တော်တို့ကို ဖြတ်တယ်။ ၈ဝပြည့်နှစ် မှာတော့ တရုတ်ပြည်က တပ်ထဲကိုဝင်တဲ့ အားလုံးပြန်ဆွဲထုတ်သွားတယ်။ ပီ အယ်လ်အေက ပါတဲ့သူအားလုံး ပြန်ထုတ်သွားတယ်။ နောက် တရုတ်ပြည်က သွားတဲ့အုပ်စုကိုလဲ မင်းတို့ပြန်လာရင် ပြန်လာလို့ရပြီ။ အဲဒီတုန်းက တပ်ထဲ မှာ အဓိကက အလယ်အလတ်ကေဒါက ဘယ်သူလဲဆိုရင် မြန်မာပြည်ကယဉ် ကျေးမှုတော်လှန်ရေးကာလမှာ ထွက်ပြေးသွားတဲ့ ကျောင်းသားတွေပဲ။ နံရံတို့၊ ဝကျုံးတို့ မြန်မာပြည်ကလူတွေပေါ့။ အိုဗာဆီး တရုတ်ကျောင်းသားတွေပါတယ်။ သူတို့က တို့တပ်တွေမှာတို့ ရောက်လာတဲ့ အချိန်မှာ တပ်ရင်းမှူး လောက်ဖြစ် နေကြပြီ။ သူတို့ကလဲ ၁၉၈ဝလောက်ကျတော့ မြန်မာခေါင်းဆောင် တွေကို စိတ်ပျက်လာတယ်။ တိုက်သာ တိုက်နေရတယ် တရုတ်ပေးတာယူပြီး တိုက်နေရ တယ်။ တရုတ်ပြည်ဘက်က ကြည့်ရင်လဲ ရင်နာစရာတွေအများကြီးပဲ။ လက် နက်တွေ ထောက်ပံ့တာတွေ အရမ်းကာ ရောသုံးတာ။ မေး - နောက်ဆုံး ဗကပ ပါတီပေါ့လေ။ နောက်ဆုံး ဘယ်လိုဖြစ်သွားလဲ။ လက်ရှိမှာ ဘယ်လိုရပ်တည် နေသလဲ။ လက်ရှိ အန်ကယ်တို့ရဲ့ လက်ရှိနိုင်ငံရေး ဆက်လက် ဆောင်ရွက်မယ့် အနေအထား၊ အပြောင်း အလဲကာလ မှာရော ဘယ် လိုမျိုး စိတ်ဝင်စားလဲ။ အဲဒီအပေါ်မှာရော သဘောထား ဘယ်လိုရှိသလဲ။ ဖြေ - ပြောချင်တာက ကိုယ်က ဗကပ မဟုတ်တော့ဘူး။ ၈၈ အာဏာသိမ်း တုန်းက ကိုယ်လဲပါတယ်။ ကိုယ့် အစ်မသေနတ်လဲ ကိုယ်ဖြုတ်တာ၊ ဗဟိုကော် မတီသုံးလေး ယောက်သေနတ်လဲ ကိုယ်ဖြုတ်တာ။ အဲဒီတော့ ဗကပပါတီနဲ့ ကိုယ်မ ပတ်သက်တော့ဘူး။ အဲဒီတော့ သူတို့သွားတဲ့ လမ်းကြောင်းလဲ ကိုယ်တော့ မသိဘူး။ သူတို့ယေဘုယျသွား တဲ့လမ်းကြောင်း ကတော့ သူတို့နဲ့ မကြာခဏ ထိတွေ့နေရတော့ နည်းနည်းပါးပါး တော့သိတယ်။ နောက်ဆုံး ဖြစ်သွားတဲ့ ပြဿနာက သူက နှစ်ချက် ကိစ္စ ပေါ့။တဖြည်းဖြည်းနဲ့ တပ်က စီးပွားရေးတပ် ဖြစ်လာပြီးတော့ ထိန်းရသိမ်းရ ခက်လာတယ်။ ထိန်းရခက်လာပြီးတော့ တကယ်တမ်းပြောင်း မယ်ပြုမယ်လုပ်မယ့် အချိန်မှာ ဗဟိုခေါင်းဆောင် တွေက လုပ်ချင်မှာလုပ်။ ဗဟိုကော်မတီထဲမှာ တောင် ဘိန်းဘုရင်တွေရှိတယ်။ ဥက္ကဋ္ဌကိုယ်တိုင် ဒီ ကိစ္စမဖြေရှင်းနိုင်ဘူး။ ဥက္ကဋ္ဌ သုံးယောက်ထဲမှာ ဒုဥက္ကဌ ခင်မောင်ကြီးက သူ့လူ ကိုသူဆွဲထုတ် ထားတာ။ ထိပ်ဆုံးအုပ်စုမှာ သူတို့က အပေါ်စီးရတယ်။ သူပြော ချင်တဲ့ဟာဆိုရင် နှစ်မဲဖြစ်နေပြီ။ ကျန်တဲ့သူက တစ်မဲပဲရတယ်။ အဲဒီလိုပေါ့ဗျာ။ တကယ့်ကို နန်းဒီမိုကရက်တစ် ဖြစ်တဲ့ ခေါင်းဆောင်မှုဗျ။ အောက်က လူမျိုးစု တွေဖြစ်တယ်။ တပ်ကလဲ အဲဒီလိုဖရိုဖရဲဖြစ်တယ်။ ကိုယ်တို့လဲ ကြိုမြင်တယ်။ တပ်က တော်တော့်ကို တိုက်ရည်ခိုက်ရည်လဲ ကျလာတယ်။ စီးပွားရေးပဲ အောက် ကို ဘိန်းသွား ရောင်းဖို့ လောက်ပဲ စစ်တိုက်ဖို့မစဉ်းစားတော့ဘူး။ တိုက်ပွဲကလဲ ကြာလာပြီ ၁၅ နှစ်၊ ၁၆ နှစ်ရှိပြီ။ '၀'တောင်တန်းဒေသ မှာလဲ ခြေပြတ်လက် ပြတ်တွေကလဲ အများကြီးဖြစ်လာပြီ။ မြို့ပေါ်မှာ ခြေပြတ် လက်ပြတ်က ဘာမှ မဖြစ်ဘူး။ တောင်တန်းဒေသမှာ ခြေပြတ်လက်ပြတ်က လုပ်စားရ ခက်လာပြီ။ ရေထမ်းတာက အစ ဘယ်လိုသွားထမ်းမလဲ။ အဲဒီပြဿနာတွေကို ဗကပက ပိုင်ပိုင်နိုင်နိုင် မဖြေရှင်းနိုင်ဘူး။ ဒါက လူမျိုးစုလဲ ဖြစ်တော့ အထူးသဖြင့် ကိုယ်တို့ လွယ်လန်း ကိုသွားတိုက်တဲ့ အခါ မှာ '၀'အဖွဲ့ ဒဗလျူအန်အေက အမေရိကန် နဲ့ပေါင်းနေရာကနေ မျက်စိပွင့်လာတယ်။ ပွင့်တော့ သူတို့က ဘာလုပ်လဲဆို တော့ သွေးနည်းနည်း ထိုးတာပေါ့။ ဗကပခေါင်းဆောင် တွေက ဘာလုပ်ဖြစ် တယ် ညာဖြစ်တယ်။ အဲဒီမှာ အပြောင်းအလဲတွေ ဖြစ်ပြီးတော့ ပြောင်းလာတယ်။ ကိုးကန့်ဖြစ်ပြီးတဲ့ နောက်မှာ တစ်ခုပြီး တစ်ခုလိုက်လာတယ်။ အဲဒီနောက်မှာ ဗိုလ်ချုပ်ခင်ညွန့်တို့ ထောက်လှမ်းရေးအဖွဲ့ရဲ့ ကျွမ်းကျွမ်းကျင်ကျင် နဲ့ကစားတတ် မှုလဲပါတယ်။ ကိုယ့်အတွင်းပိုင်း ကိစ္စက အဓိကဖြစ်ပေမယ့် ဗိုလ်ချုပ်ခင်ညွန့် မဟုတ်ဘူး တခြား လူတစ်ယောက်။ ထောက်လှမ်းရေး သာမရှိရင်တော့ ဒီပွဲ ကဖြစ်မလာဘူး။ သူတို့ရဲ့မာစတာဘရိန်း ကြောင့် ဒီလိုယာယီငြိမ်းချမ်းရေး လုပ်ပြီး တော့ လက်နက်ကိုင်အဖွဲ့ တွေပေါ်လာတာ။ အဲဒီလိုပေါ်လာပြီး နောက်တွင် ဗကပကို တရုတ်ပြည်က လက်ခံဖို့ခက်တယ်။ အခုလက်ရှိ အခြေအနေတော့ ကျွန်တော် သိပ်လဲမသိဘူးခင်ဗျ။ အဓိက ကိုအောင်ထက် လုပ်နေတာ။ သူတို့အထဲမှာ ဘယ်သူကျန်သလဲ ဆိုလို့ရှိရင် ဗိုလ် ကျင်ကောင်း(ခ)ရဲဘော်ထွန်းခင် ကျန်တယ်။ ဗိုလ်ကျင်ကောင်းတို့ရဲ့ ဗမာပြည် ဝက်ဘ်ဆိုက် မှာတော့ တင်တယ်။ ပွင့်ပွင့်လင်းလင်းပြောရ ရင် နိုင်ငံရေး အရပဲ လှုပ်ရှားနိုင်တဲ့အားရှိတယ်။ တပ်မရှိတော့ဘူး။ တပ်မရှိဘူး ဆိုတာ အများကြီး ဆိုင်တယ်။ ဝတပတို့၊ ကိုးကန့်တို့ဆိုတာ သူတို့လူဟောင်းတွေပဲ။ သူတို့ဘာမှ မဆက်ဆံတော့ဘူး။ ကိုယ်ကြားတာ က ကိုယ် တစ်ယောက်ပဲ ရှိတော့တယ်။ ကိုယ်က အာဏာသိမ်း ဖို့မှာပါခဲ့တဲ့သူဖြစ်တယ်။ ကိုယ်နဲ့အတူတူ တပ်ထဲမှာ အတူတူနေခဲ့တဲ့ အထဲမှာ အခု ကိုးကန့်က ပိုင်စိုးချိန် ဆိုရင် တစ်တပ်တည်း နေခဲ့ တဲ့သူပဲ။ သူတို့က ကွန်မြူနစ်ပါတီလို့ သဘောမထား တော့ဘူး။ ဆိုရှယ်လစ် ဒီမိုကရက်ပါတီလို့ သဘောထားပြီးတော့ တိုင်းပြည်ရဲ့ နိုင်ငံတကာ အပြောင်းအလဲ ကိုလိုက်ပြီးတော့ ကွန်မြူနစ်ပါတီရဲ့အနေအထား တွေကို မလျှော့နိုင်ဘူး လား။ တရုတ် ကွန်မြူနစ်ပါတီ က ခေတ်စနစ်နဲ့ညီအောင် လုပ်နေတယ်။ တရုတ်ပြည်က ကျွန်တော် ၈၆ မှာ တပ်မဟာအဆင့်ကေဒါတွေကို တရုတ် ပြည်ကို လှည့်လည် ကြည့်ရှုခွင့်ပေးတယ်။ တစ်နှစ်ကို နှစ်ခေါက်လောက်လုပ် ပေးတယ်။ တပ်ရင်း ကေဒါတွေအဆင့်ကိုပေးတယ်။ ကျွန်တော်သွားတဲ့အခါမှာ တရုတ်ပြည်နိုင်ငံခြား ရေးဝန်ကြီးဌာနက ကျွန်တော်နဲ့ ကိုးကန့်ခေါင်းဆောင် တစ် ယောက်ကျန်တယ်။ သူတို့ဆွေးနွေးတဲ့ အထဲမှာပါတယ်။ သူတို့က ဒီလိုတိုက် ခိုက်နေတာကို မလိုလားတော့ဘူး လို့ ကျွန်တော်တို့ကိုစပြောတယ် ။ တရုတ်က ကျွန်တော့်အဖေကိုလဲ လာခေါ်တယ်။ အဘိုးကြီး အသက်ကြီး ခွေးမင်မှာ နားပါတော့။ ကျွန်တော့်အဖေက တခြား ကွန်မြူနစ် တွေနဲ့မတူဘူး။ ကျွန်တော့်အဖေ က တရုတ်ပြည်ကို တိုက်ခဲ့တာ။ တရုတ်ပြည်ရဲ့ အားကောင်း ချက်က တစ်ခုရှိ တယ်။ သူတို့အသိအမှတ် ပြုထားတ ကောင်းမှုကို သူတို့ဘယ်တော့ မှမမေ့ဘူး။ အဖေကို ထားတယ် ဆိုတာကလဲ ကွန်မြူနစ်ပါတီ အနေနဲ့ထား တာမဟုတ်ဘူး။ အဓိက ကူမင်တန်ကို နယ်စပ်က နေတိုက် ထုတ်ခဲ့တဲ့ မြန်မာတပ်မှူး တစ်ယောက် ကို ဂုဏ်ပြုတဲ့ အနေနဲ့ထားတာ။ အဖေက သာမန် ဗဟိုကော်မတီဝင်ပဲ။ ဒါပေမဲ့ သူ့ကိုထားတဲ့အ ဆင့် က ဒုဥက္ကဋ္ဌ အဆင့်မျိုးထားတာ။ အခု ထိုင်းမှာဖြစ်သလို ဗကပဒုတိယ မျိုးဆက်လို့ပြောလို့ရတယ်။ ဘာလုပ် စားနေလဲ ဆိုတော့ သူတို့က အင်န်ဂျီအိုတွေက ပေးတဲ့ဟာတွေ ကို တစ်သက်လုံး စားမကုန် တော့ဘူးလို့ထင်ပြီး ဘာအလုပ်မှ မလုပ်ဘဲ ထိုင်နေကြတယ်။ကိုယ်တို့ ထွက်လာတော့ ၉၂မှာ ကိုယ်ဘွဲ့ရ တစ်ယောက်ဖြစ်တယ်။ ဗိုလ်ချုပ်သားတစ် ယောက်ဖြစ်တယ်။ စားပွဲထိုး ငါးနှစ်လုပ်ရတယ်။ တစ်လ ၁၀၀။ လက်အသား မာတွေ အခုအထိရှိ သေးတယ်။ အခုဆိုင်ပိတ်တာ သုံးလပဲရှိသေးတယ်။ ၉ရ ကျမှပဲ ကိုယ့်ဘာသာဆိုင်ဖွင့်တာ။ အဲဒီတော့ အဖေရဲ့ အရှိန်လဲပါတယ်။ ကိုယ် ကလဲ ရပ်ကွက်ထဲမှာ လူငယ်တွေနဲ့ နေတတ်ပြုတတ် ဆိုတော့ လက်ဖက်ရည် အဲဒီလိုမျိုး လိုတယ်လေ။ အဲဒါနဲ့ ကိုယ့်ဟာနဲ့ကိုယ် အောင်မြင်ပြီး လူနဲ့သူနဲ့ဖြစ် လာတာ။ ထိုင်းမှာရှိတဲ့အုပ်တွေက တစ်သက်လုံးစားမကုန်တဲ့ ပိုက်ဆံလို့ထင်ပြီး ဘာမှမလုပ်ဘဲ ထိုင်စားနေတယ်။ တရုတ်အစိုးရရေးရာကျွမ်းကျင်သူ တိုင်းရင်သားလက်နက်ကိုင်များနှင့် နီးစပ်သူ ဦးအောင်ကျော်ဇောနှင့် မေးမြန်းခြင်းအပိုင်း(၄) ရေးသားသူ - ဇော်ထိုက် တွေ့ဆုံမေးမြန်းသည် နေရာ - ကြယ်ခေါင် ရက်စွဲ - January 16, 2012 Category - Interview Tags - interview with u aung kyaw zaw part four, part four မေး - ကျွန်တော့်အနေနဲ့ သိချင်တဲ့အချက် နှစ်ချက်ရှိတယ်။ တရုတ်အစိုးရဲ့ ပေါ်လစီက ကွန်မြူနစ်တွေ နဲ့ဆက်ဆံတဲ့ ဆက်ဆံရေးရယ်၊ အစိုးရချင်းဆက် ဆံရေး ဆိုပြီး နှစ်ခွဆက်ဆံခဲ့တယ် လို့ပြောထားတယ်။ အဲဒီတော့ လတ်တလော မှာရော ကျွန်တော်တို့နိုင်ငံအစိုးရက ဒီမိုကရေစီ စနစ် သွားပြီလို့ပြောတယ်။ ဒီလိုသွားတဲ့အတွက် အနောက် နိုင်ငံတချို့ကလဲ ပြန်ပြီးတော့ မျက်စိကျလာတဲ့ အနေအထား မျိုးရှိတဲ့ အခါကျတော့ တရုတ်ပြည်နဲ့ ဆက်ဆံရေးက ဘယ်လိုဖြစ် သွားနိုင်သလဲ။ တရုတ်အနေနဲ့ မြန်မာပြည်ကို ဆက်လက် ရှိလာ နိုင်မလဲလို့ အန်ကယ့် အနေနဲ့မြင်သလဲ။ ဖြေ - ကိုယ်ကတော့ တရုတ်အစိုးရက အထူးသဖြင့် ၈၉ ပေါ့နော်။ ဗကပပြိုလဲ သွားပြီးနောက် မပြိုလဲခင်လဲပါပါတယ်။ အဓိက သူ့နိုင်ငံကို ဦးတည်ထားတယ်။ တချို့က သိပ်ကို တစ်ကိုယ် ကောင်းဆန် တယ်လို့ထင်တယ်။ တရုတ်ပညာရှင်ရဲ့ လေ့လာမှုများအရ ၈၉၊ ၉ဝ ပတ်ဝန်းကျင် မှာ မြန်မာပြည်ဟာ ဟိုတစ်နေ့က ဆို စီစီတီဗွီမှာ မိနစ်၄ဝကြာတယ်။ တရုတ်ပြည်ရဲ့ သံအမတ်ကြီးဟောင်း တစ်ယောက်၊ နောက်လီချန်ယန် မြန်မာပြည်ရဲ့ အိတ်စပတ်၊ မြန်မာလိုလဲ ကောင်းကောင်း တတ် တယ်။ သူတို့နှစ်ယောက်ရယ်၊ ထိုင်းကလူရယ် ဆွေးနွေးတဲ့ အခါမှာ မြန်မာပြည် ဟာသယံဇာတ ပေါတဲ့နိုင်ငံ၊ အရှေ့တောင်အာရှမှာ တခြားလေးနိုင်ငံနဲ့ ယှဉ်နိုင် တယ်။ လေးနိုင်ငံစာ ရှိတယ်ပေါ့။ အခုလုပ်နေတဲ့ ပေါ်လစီ။ တစ်ပိုင်းကတော့ စာနာတယ်။ အဲဒီစာနာမှုက သိပ်ပြီးတော့ မရှိတော့ဘူး။ မရှိဘူးဆိုတာက ပြည် တွင်းမှာလဲ ဖြစ်နိုင်တယ်။ တရုတ်ပြည်က အရင်တုန်းက ဘာသာတရား မရှိပေ မယ့် ကွန်မြူနစ် Athic ရှိတယ်။ ကိုယ်မှတ်မိတယ်။ ၁၉၈ဝပြည့်နှစ်က ရန်ဖြစ်ရင် ထိုင်ဆဲနေရင် ရဲကိုတိုင်ရင် ဆဲနေတဲ့သူက အပြစ်မဟုတ်ဘူး။ ဆဲတာ မခံနိုင်လို့ ထပြီးတစ်ချက်ရိုက်လိုက် ရိုက်တဲ့သူ အချုပ်ထဲ ရောက်သွားမယ်။ တရုတ်ပြည်ရဲ့ ပြဿနာက ကွန်မြူနစ်လဲပြောတယ်။ ခင်ဗျား သိပ်အထင် မကြီးနဲ့ တရုတ်ပြည်က ပြဿနာပေါ် နိုင်တယ်။ တရုတ်ပြည်က အရမ်းကြိုးစား တာ။ ဆင်းရဲချမ်းသာ သိပ်ကွာဟတယ်။ သူတို့မှာ ပျောက်သွားတာ။ ဥက္ကဋ္ဌကြီး တိန့်ရှောင်ဖိန် ပြောတာရှင်း တယ်။ သူက ကွမ်တုံကိုသွား ကြည့်တဲ့အချိန်မှာ ကွမ်တုံမှာ စပြီး တံတားဖွင့်တဲ့အချိန်မှာ ကွန်မြူနစ် ပါတီက လူဟောင်းကြီးတွေ က လုပ်ငန်းတွေ လုပ်ဖို့ လုပ်နေတာ။ ကွန်မြူနစ်ပါတီ အစဉ်အလာတွေနဲ့ အဲဒီမှာ လူငယ်တွေ တက်လာတဲ့အုပ်က မဟုတ်ဘူး၊ နိုင်ငံတကာမှာ ပြောင်းနေပြီ။ ဒီလိုလုပ်ရင်တော့ ကျွန်တော်တို့ အစိုးရကြီးက အောင်မြင်မှာမဟုတ်ဘူးလို့ တင်ပြ တဲ့အခါမှာ တိန့်ရှောင်ဖိန်က တစ်လုံးပဲ ပြောလိုက်တယ်။ သူက မော်ဒန်နိုက် လုပ်ဖြစ် ဖို့ပြောတာ။ တလွဲတွေမဖြစ်ဖို့ပြောတာ။ ကြောင်က နီနီ ပြာပြာ အဓိက ကြွက်ရဖို့ပဲ။ တရုတ်စကားပုံရှိတာ။ တလွဲတွေ ဖြစ်ကုန်တော့တာ။ အခုကျတော့ ပိုက်ဆံပဲစဉ်းစားတော့တာ။ အခု ဒဲရစ်မစ်ချယ် တရုတ်ကို သွားမယ်။ တရုတ်နဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးကလဲ စိတ်ဝင်စားဖို့ကောင်းတယ်။ ဘယ်သူက ဘယ်သူ့ ကို ဘာတွေပြောမလဲ စောင့်ကြည့်နေရတယ်။ တရုတ်ပြည်က အမေရိကန်နဲ့ မြန်မာပြည် ဆက်ဆံတာ စီစီတီဗွီမှာပြောတာကို ကြည့်ရတဲ့ အချက်အရ ကို သူတို့ လက်ခံတယ်။ ဖြစ်စေချင်ပါတယ်။ ဒါပေမဲ့ သိပ်ပြီး လွန်လွန်ကျွံကျွံပေါ့။ ပါကစ္စတန် တို့လိုဖြစ်မှာကိုတော့ မနှစ်သက်ဘူး။ ဗမာပြည်ရဲ့ အရှေ့တောင်အာရှမှာ မဟာ ဗျူဟာကျမှုက တရုတ်ပြည်အတွက် သေရေးရှင်ရေး အရေးကြီးတယ်။ တူးအိုးရှင်း ပေါ်လစီ ဗမာပြည်မပါဘဲ တရုတ်လုပ်လို့ မရဘူး။ အခု ဒဲရစ်မစ်ချယ် တရုတ်ကို သွားမယ်။ တရုတ်နဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးကလဲ စိတ်ဝင်စားဖို့ကောင်းတယ်။ ဘယ်သူက ဘယ်သူ့ ကို ဘာတွေပြောမလဲ စောင့်ကြည့်နေရတယ်။ တရုတ်ပြည်က အမေရိကန်နဲ့ မြန်မာပြည် ဆက်ဆံတာ စီစီတီဗွီမှာပြောတာကို ကြည့်ရတဲ့ အချက်အရ ကို သူတို့ လက်ခံတယ်။ ဖြစ်စေချင်ပါတယ်။ ဒါပေမဲ့ သိပ်ပြီး လွန်လွန်ကျွံကျွံပေါ့။ ပါကစ္စတန် တို့လိုဖြစ်မှာကိုတော့ မနှစ်သက်ဘူး။ ဗမာပြည်ရဲ့ အရှေ့တောင်အာရှမှာ မဟာ ဗျူဟာကျမှုက တရုတ်ပြည်အတွက် သေရေးရှင်ရေး အရေးကြီးတယ်။ တူးအိုးရှင်း ပေါ်လစီ ဗမာပြည်မပါဘဲ တရုတ်လုပ်လို့ မရဘူး။ မေး - ဒါဆို အန်ကယ်ပြောတဲ့သဘောက တရုတ်ပြည်အနေနဲ့က မြန်မာနိုင်ငံ နဲ့ဆက်ဆံရေးကို မပျက်ပြားအောင်ထိန်း မယ်ဆိုတဲ့ သဘောလား။ ဖြေ - ဟုတ်တယ်။ ထိန်းမှာပဲ။ ကျိန်းသေထိန်းမှာပဲ။ အခုလောလောဆယ် တော့ ဒေါသနဲ့ ပြောနေတာတွေ အများကြီးပါပဲ။ ဒါပေမဲ့ ကိုယ်တွက်တာမှန် ရင် ပိုက်လိုင်းနှစ်ခုပေါ့နော်။ တရုတ်က စွမ်းအင် ပြဿနာရှိတော့ မြန်မာပြည် ကို လည်စင်းပေး ရမယ့်သဘော ဆိုနိုင်တယ်။ ဒါပေမဲ့ ကိုယ်တို့က သိပ်ပြီး တရုတ် ကို တွန်းအားပေး လို့မကောင်းဘူး။ ဂက်စ်ကတော့ သူ့ဆီမှာလဲရှိတာပဲ။ ဒါပေမဲ့ ရေနံကိစ္စ သူ့အတွက်လဲ အကျိုးရှိမယ်။ ကိုယ်လဲ ပိုက်ဆံရ မယ် ဆိုရင် အိမ်နီး နားချင်း အကျိုးရှိရေး ကို စဉ်းစားပေးရမှပေါ့။ မြစ်ဆုံကိစ္စ ဖြစ်တာက တရုတ်ပြည်မှာ အောက်တိုဘာ ၁ရက်က အောင်ပွဲ နေ့။ မြစ်ဆုံကိစ္စကို စက်တင်ဘာ ၃ဝရက်နေ့မှာ ဗြုန်းဆိုပြီး လုပ်လိုက်တော့ တရုတ် အတွက်တော့ ခံရခက်မှာပေါ့။ အဲဒီတော့ ဒီဘက်မှာ နှစ်အုပ်စုကွဲတယ်။ တစ်အုပ်စုက မြန်မာပြည်ကို ပန်းနစ်ချ်မန့် လုပ်ရမယ့်ပေါ့။ ဒါပေမဲ့ ဒီအုပ်စုက အသာစီးမရဘူး။ နောက်တစ်အုပ်စုက အခု မြန်မာပြည် ပြောင်းလဲနေပြီ။ နိုင်ငံတကာကလဲ ပြောင်းလဲနေပြီ။ အဲဒီတော့ မြန်မာပြည်ကို ကိုယ့်ပြည်တွင်း အကျိုး စီးပွားကို မထိခိုက်မယ့် ပေါ်လစီမျိုးနဲ့ ပြန်ဆွဲယူရမယ်ဆိုတာမျိုး။ ဒီအုပ်စု အများစုက ရှင်းဟွာယူနီဗာစီတီက ဆရာတွေ။ မေး- နောက်တစ်ခုက တရုတ်နိုင်ငံက မြန်မာရဲ့နယ်စပ်မှာ ရှိတဲ့အဖွဲ့အစည်း တွေနဲ့ ဆက်နွှယ် မှုရှိနေတော့ လက်ရှိမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ရရှိရေးကိစ္စမှာ ရော တရုတ်ကို ဘယ်လိုမြင်လဲ။ ဖြေ - ဒီအရှေ့မြောက် နယ်ခြား တစ်လျှောက်မှာ တရုတ်ပြည်က သူ့အတွက် လိုအပ်ချက်ကြောင့် သူ(တရုတ်)မပါဘဲ နယ်ခြား ပြဿနာ မရှင်းနိုင်ဘူး။ ကိုယ် မီဒီယာတွေ မှာလဲ ပြောခဲ့ပါတယ်။ အခုကေအိုင်ယူ ကိစ္စသော်လည်းကောင်း၊ '၀' ကိစ္စသော် လည်းကောင်း ဒီကိစ္စတွေက တရုတ်အစိုးရမပါဘဲ Triple Type ပေါ့ကွာ။ စားပွဲတစ်ခု တည်းပေါ်မှာ ထိုင်ရှင်း လို့မရဘူး။ နောက်က သူကွန်ထရိုး မလုပ်တောင်မှ အကြောင်းတွေ အများကြီးပါတယ်။ ဥပမာ- အခု '၀'ကိုမရှင်း နိုင်ဘူး။ သုံးသောင်းရှိတယ်။ တစ်သောင်းရှိ တဲ့တပ်တောင် ရှင်းဖို့ခက်တယ်။ ဒါပေမဲ့ အခုဟီလာရီ လာသွားတယ်။ ဗမာအစိုးရနဲ့ ပြောကြတဲ့ အထဲမှာ ဘိန်း မူးယစ်ဆေးဝါးကိစ္စပါတယ်။ ဗမာအစိုးရက အခုမပြောသေး ပေမယ့် နောက်နှစ် မှာ အမေရိကန်ကို ဒီကိစ္စအတွက် ပြောလိုက်နိုင်တယ်။ ဘင်လာဒင်တောင် ဖမ်းသွား တာကွလို့ '၀'တွေကိုပြောလိုက်တယ်။ ကောက်သင်း ကောက်သလို ကောက်သွားမှာ။ အစိုးရက ဘိန်းဖြတ်မလား၊ ဘော်ဒါဂတ် (နယ်ခြားစောင့်) လုပ်မလား၊ ငါ့အမိန့်နာခံမလား။ မဟုတ်ရင်တော့ မင်းတို့ကြမ္မာ မင်းတို့ရှင်းဆို ရင် ခက်မယ်။ ဗမာအစိုးရနဲ့ အမေရိကန် ဆက်ဆံရေးဟာ '၀'ကိစ္စပါလာလိမ့် မယ်။ ဗမာအစိုးရ အနေနဲ့ သူမှမရှင်းနိုင်တာ။ မရှင်းနိုင်ရင် နိုင်ငံတကာအကူ အညီတောင်းရမှာပဲပေါ့။ ခွန်ဆာ တုန်းကပဲကြည့်လေ။ ဆရာကြီးက ဒီလောက် များတဲ့တပ်နဲ့ဟာကို လက်နက်ချ လိုက်ရတယ်။ တရုတ်ပြည်က ဘယ်လောက်ပဲ ကာကွယ်ကာကွယ် နောက်ဆုံးသူ မကာကွယ်နိုင်ဘူး။ တရုတ်ပြည်ရဲ့ ပြဿနာက ဘာလဲဆိုရင် မူးယစ်ဆေးဝါး ကိစ္စတွေကို DEA သိသွားရင် သူဘာမှလုပ် လို့မရဘူး။ သူ ဘယ်လိုမှ မကယ်နိုင်တော့ဘူး။ DEA မသိသေးရင် သူကာ ကွယ်လို့ရတယ်။ မေး - အန်ကယ်ခင်ဗျာ၊ အန်ကယ်ပြောသွား တဲ့အထဲမှာ ကျွန်တော်တို့နိုင်ငံ တိုးတက်ရေး လမ်းကြောင်းပေါ်ကို တကယ်လျှောက် နိုင်ဖို့ကိစ္စမှာ အစိုးရနဲ့ငြိမ်းချမ်းရေး ရဖို့က အလွန်အရေး ကြီးတဲ့ကိစ္စ ဖြစ်တယ်ဆိုတော့ အန်ကယ့်အနေနဲ့က ဒီလူမျိုးစု လက်နက်ကိုင်တွေနဲ့ အများကြီး နီးနီးစပ်စပ် ရှိတဲ့လူဆိုတော့ ငြိမ်းချမ်း ရေးကိစ္စအောင်မြင်အောင် သဘောတူညီမှုတွေကို ဘယ်လို တည်ဆောက်သင့် သလဲဆိုတာပေါ့။(ပြည်တွင်းကလူတွေနဲ့ အန်ကယ်နဲ့ကျတော့ အမြင်တူချင် မှတူမယ်လေ။) အဲဒါလေး အကြံပြု ပြောကြားပေးပါဦး။ ဖြေ - ကျွန်တော့်အမြင် ကတော့ ရှင်းတယ်လေ။ တန်းတူရည်တူ သဘော တရားက Political Solution ကနေရှာဖို့လိုတယ်။ Political Solution ဆို တာက ကချင်ပြည်နယ် ဝန်ကြီးချုပ်ကို ကချင်လူမျိုးကို ခန့်ထားရုံနဲ့မရဘူး။ သူ့ လူမျိုးကို တကယ့်ကို Really ကိုယ်စားပြု နိုင်တဲ့လူတွေ ဖြစ်ဖို့လိုတယ်။ အခု ရွှေလီ မှာဆိုရင် တဲ့ဟုန်တိုင်း ဟာ ရှမ်းနဲ့ကချင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ် ရေးဒေသဖြစ် တယ်။ ဌာနအသီးသီး မှာသွားကြည့်လိုက် ရှမ်းမဟုတ်ရင် ကချင်နံပါတ်တစ် ပေးထားတယ်။ မြို့တော်ဝန်က ရှမ်းမဟုတ်ရင် ကချင်ဖြစ်ရမယ်။ ဒုတိယနေရာ ကိုပဲ တရုတ်ယူတယ်။ ပါတီ ကော်မတီ အတွင်းရေးမှူး ရှမ်းမဟုတ်ရင် ကချင် ဖြစ်ရမယ်။ဒါတောင်မှ သိပ်ကျေနပ် ကြသေးတာ မဟုတ်ဘူး။ ဥက္ကဋ္ဌကြီး ဘရန် ဆိုင်းက ဘာပြောသလဲဆိုရင် ကျွန်တော်တို့ တရုတ်ပြည်ကပေးတဲ့ ကချင်တွေရဲ့ အခွင့်အရေးမျိုး ကျွန်တော်တို့ရရင် လက်နက် မကိုင်ပါဘူးတဲ့။ ဖက်ဒရယ်မဟုတ်ဘူး။ ကိုယ်ပိုင်အုပ်ချုပ်ရေးပဲ တရုတ်ကပေးတာ။ ဒါတွေဟာ အခြေခံအချက် အလက်တွေပါပဲ။ ဗမာပြည်ကြီး တကယ်တိုးတက် ချင်တယ်ဆိုရင်တော့ အမျိုး သားရေး ပြဿနာတွေဟာ နံပါတ် တစ်ရှင်းရမယ့် ပြဿနာတွေပဲ။ ဒီမိုကရေစီ ကိစ္စတော့ ဒေါ်စုတို့ပါလာပြီပဲ။ အကျဉ်းသား တွေလွှတ်ဖို့ဆိုတာမှာ တိုင်းပြည် အတွက် အကျိုးရှိမယ့် လူတွေကို အရင်လွှတ်ပေါ့။ အများကြီးတော့ မမျှော် လင့်ပါဘူး။ လူသန်းပေါင်းများစွာ သွေးတွေလက်မှာ ပေနေတဲ့သူတွေက ချက် ချင်းကြီးရွှေ့ဖို့ဆိုတာ ချက်ချင်းတော့ မလွယ်ပါဘူး။ မေး - မြစ်ဆုံကိစ္စကို ရပ်လိုက်ရဲ့သားနဲ့ ကေအိုင်အေ အရေးက ပြီးဆုံးမသွား ဘဲဖြစ်နေတာကိုရော ဘာကြောင့်လို့ သုံးသပ်မိပါသလဲ။ ဖြေ- အဲဒါက ဒေါက်တာတူးဂျာတို့က လွှတ်တော်ထဲဝင်ဖို့ ကြိုးပမ်းခဲ့ဖူးတယ်။ ဒါပေမဲ့ မဖြစ်ခဲ့ဘူး။ တကယ်လို့သာ သူတို့လွှတ်တော်ထဲ ရောက်နေတယ် ဆိုရင် ကေအိုင်အေဗဟိုကို မင်းတို့ကွာ မင်းတို့လူတွေလဲ လွှတ်တော်ထဲ ရောက်နေ ရဲ့သားနဲ့ ဘာဖြစ်လို့ သေနတ်ကိုင် နေသလဲလို့ပြောလို့ ကောင်းတယ်လေ။ ဒေါက်တာ တူးဂျာတို့က ပါတီလဲမဖွဲ့ခဲ့ရသလို တစ်သီးပုဂ္ဂလလဲ မလုပ်ခဲ့ရဘူး လေ။ အခုဖြစ်နေတဲ့ စစ်ပွဲမျိုးက ရေရှည်ကျရင် လုံးဝ မကောင်းဘူးဗျာ။ အခု နယ်စပ်မှာ ဖြစ်တဲ့စစ်ပွဲက ကရင်ဗမာ ဖြစ်ခဲ့သလို ကချင်ဗမာလမ်းကြောင်းကို ဦးတည်နိုင်တယ်။ နယ်စပ်မှာ ကချင်မတွေနဲ့ ရနေတဲ့ဗမာလေးတွေ အခု ကိုယ့် ကိုယ်ကိုယ် ဗမာလို့မပြောရဲတာ တွေရှိနေတယ်။ ကချင်ပြည်နယ်က မြန်မာပြည်ရဲ့ မြောက်ဖျားမှာ သယံဇာတ အင်မတန်ပေါတဲ့ဒေသ။ ပြီးတော့ ကချင်ကလူမျိုး ကြီးလဲဖြစ်တယ်။ နိုင်ငံရေးအရလဲ အများကြီး ယဉ်ကျေးမှုမြင့် တဲ့လူမျိုးဖြစ်တယ်။ လူမျိုးစုတွေနဲ့ရတဲ့ သဘောတူညီချက်တွေက တကယ့် political solution ဖြစ်ဖို့လိုတယ်။ ၁၉၈၉ ငြိမ်းချမ်းရေးယူ တုန်းကလိုမျိုး အခုနှစ်၂ဝကြာပြီးတဲ့ We Get Nothing အခါမဖြစ်ဖို့လိုတယ်။ ပြောရရင် တရုတ်ကလည်း မြန်မာပြည် နယ်စပ်မှာ ဒီလိုလူမျိုးစု လက်နက်ကိုင်တွေ ရှိနေတာကို ကြိုက်တယ်။ သူ့ အတွက် အကျိုးရှိတာကိုး။ The lowest prices in the world လေ။ တကယ့် political solution ဖြစ်ဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားငယ်ဆို တာက နဂိုကတည်းက သူ့မှာသိမ်ငယ်တဲ့သဘောရှိတယ်။ တရုတ်ပြည်က ခေါင်းဆောင်တွေက အဲဒါမျိုးမှာ သိပ်အားကောင်းတာ။ လူမျိုးစုအမျိုးသမီးတွေနဲ့ အခမ်းအနားတွေမှာ တွဲပြီးကတာတွေ ဘာတွေလုပ်တာ။ အဲဒါမျိုးတွေက သိပ်ပြီး ထိရောက်တာ။ ကိုယ်က အမျိုးသားကြီးပဲ ပိုပြီး သဘောထားကြီးရမယ်။ ပြော ချင်တာက အထူးသဖြင့် တိုင်းရင်းသားတွေမှာက နဂိုကတည်းက သိမ်ငယ်တဲ့ အဲဒီသဘောရှိတယ်။ နဂိုကတည်းက ကိုယ့်လောက်တော့ အမြင်ကျယ်မှာ မဟုတ်ဘူးလေ။ အမျိုးသားရေး ပြဿနာက သိပ်ကို ပြောရခက်တယ်။ ကိုယ့် မိန်းမရဲ့ အဘိုးဆိုလဲ ကိုယ့်ကို ဗမာကောင် အိမ်ပေါ်ကဆင်းသွားဆိုပြီးလုပ် တာ။ သူတို့မှာ အခံတွေရှိတယ်။ ဒေါက်တာ တူးဂျာတို့က ပါတီလဲ မဖွဲ့ခဲ့ရသလို တစ်သီးပုဂ္ဂလလဲ မလုပ်ခဲ့ရဘူး လေ။ အခုဖြစ်နေတဲ့ စစ်ပွဲမျိုးက ရေရှည်ကျရင် လုံးဝ မကောင်းဘူးဗျာ။ အခု နယ်စပ်မှာ ဖြစ်တဲ့စစ်ပွဲက ကရင်ဗမာ ဖြစ်ခဲ့သလို ကချင်ဗမာလမ်းကြောင်းကို ဦးတည်နိုင်တယ်။ နယ်စပ်မှာ ကချင်မတွေနဲ့ ရနေတဲ့ဗမာလေးတွေ အခု ကိုယ့် ကိုယ်ကိုယ် ဗမာလို့ မပြောရဲတာ တွေရှိနေတယ်။ မေး - အခု ဦးရဲ့အနေအထားနဲ့ ဗကပမှာ နောက်ဆုံးတာဝန်ထမ်းခဲ့ပုံကို ပြန်ပြောပြပေးပါဦး။ ဖြေ -အသက်(၆၂)နှစ်ပါ။ အိမ်ထောင်ရှိတယ်။ ကလေးရှိတယ်။ ဟိုတုန်းက ရန်ကုန်ကဟာတွေတော့ မပါဘူးပေါ့(ရယ်လျက်)။ ထွက်လာတာ ၇၆ပါ။၈၉ အာဏာသိမ်းတာမှာပါတယ်။ ၈၁ ကနေ ၉၁မှာ အထူးဒေသ(၄) မုံရွာမှာပါ။ ဗကပမှာ နောက်ဆုံး ထမ်းဆောင်ခဲ့တဲ့ တာဝန်က အရှေ့မြောက်စစ်ဒေသရဲ့ စစ်ဦးစီးဌာနကြီးရဲ့ စစ်ဆင်ရေးနဲ့ လေ့ကျင့်ရေးဌာနရဲ့ ဌာနမှူးပါ။ ၉၁ကတည်း က ရွှေလီမှာ အရပ်သားအဖြစ်လာနေပါတယ်။ လက်ရှိတော့ ဘာမှမလုပ်ပါဘူး။ ကျောက်ပဲ နည်းနည်းပါးပါး လုပ်တယ်။ အစကတော့ လက်ဖက်ရည်ဆိုင် ဖွင့်ပါ တယ်။ သုံးလလောက် ရှိပြီမလုပ်တော့ဘူး။ မေး - တချို့က ဦးကို တရုတ်အထောက်အပံ့နဲ့နေနေတယ်ပြောတယ် ဟုတ်ပါသလားခင်ဗျ။ ဖြေ- တစ်ပြားမှမရှိပါဘူး။ ကျွန်တော် ကိုယ့်ထမင်း ကိုယ်ရှာစားနေပါတယ်။ တရုတ်ပြည်ရဲ့ သတ်မှတ်ချက်က ဗကပ ဗဟိုခေါင်းဆောင်တွေ ကိုပဲ ထောက်ပံ့ ပါတယ်။ ကျွန်တော့်အစ်မဆို မှီခိုသူပေါ့။ သူ့ကိုလဲပေးပါတယ်။ လက်ရှိ ဗမာ ရဲဘော်တွေ အားလုံး ကိုယ့်ဟာကိုယ် ရှာစားကြပါတယ်။ မေး- တရုတ်ပြည်ရဲ့အထောက်အပံ့နဲ့နေတဲ့သူ ဘယ်လောက်ရှိသလဲခင်ဗျ။ ဖြေ- သိပ်မရှိတော့ပါဘူး။ ခွေးမိန်မှာ ဖေဖေ(ဗိုလ်ချုပ်ကျော်ဇော)နဲ့ ရဲဘော် အောင်နိုင်နှစ်ယောက်ရှိတယ်။ နောက် စီချွမ်းမှာ နှစ်ယောက်လောက်ရှိတယ်။ ငါးယောက်လောက်ပါပဲ။ မေး - ဒီ့ပြင်ရော ဗဟိုကော်မတီမဟုတ်ဘဲနဲ့ ကိုယ့်ဟာကိုယ်ရပ်တည်နေတာ ဘယ်နှယောက်လောက်ရှိသလဲ။ ဖြေ - ရှိတယ်။ အများကြီးတော့မဟုတ်ဘူး။ အဘိုးကြီးတွေထဲကဆို သုံး၊ လေးဆယ်လောက်တော့ရှိမယ်။ မေး - ဦးအနေနဲ့ ရန်ကုန်ကိုပြန်ပြီး သာမန်လူတစ်ယောက်ဘဝနဲ့နေဖို့ရော ဆန္ဒရှိလား။ ဖြေ- သိပ်တော့မရှိပါဘူး။ တိုင်းပြည်ကြီး မတိုးတက်မချင်းတော့ မလာချင် ပါဘူး။ နောက်တစ်ခု ပြန်ကြဖို့ဆိုတာက (ကိုယ်တို့တော့ မပါပါဘူး။) ၈၈ကလေး တွေကအစပေါ့။ ပြန်ဖို့ဆိုရင် ဥပဒေအရ ဝင်ခွင့်ပေးရင်တော့ ပြန်ကြပေါ့။ ကိုယ့်နိုင်ငံ နေတာကတော့ ကောင်းတာပေါ့။ မေး - အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပေးရင်ရော ပြန်လာမယ့်သူတွေ ရှိကြလား။ ဖြေ - ရှိပါတယ်။ အများကြီးပါပဲ။ တွက်ကြည့်ကြလေ။ အခု ABSDF မှာ PHD ရတဲ့သူ ၁ရ ယောက် လောက်ရှိတယ်။ ကိုအောင်သူငြိမ်း တို့လို မာစတာ (အခု သူက ပီအိတ်ချ်ဒီရ တော့မှာပါ။) အဆင့်ဆို ၁ဝယောက်လောက်ရှိတယ်။ ခင်ဥမ္မာဆို အလွန်ထက်ပဲ။ တိုင်းပြည်အတွက် အကျိုးရှိမယ့် လူမျိုး။ အဲဒီလိုမျိုး လူတွေပြန်လာရင် တိုင်းပြည်အတွက်ကောင်းတာပေါ့။

Tuesday, January 24, 2012

သမ္မတကြီးခင်ဗျာ...တစ်ခါတစ်လေတော့​ ကချင်လိုတွေးကြည့်ပါ။ ရှမ်းလူမျိုး တစ်ဦးလို ကိုယ့်ကိုယ်ကို မှတ်ထင်ကြည့်ပါ။ ရခိုင်တွေလို စကားပြောကြည့်ပါ။ ချင်းလူမျိုးရဲ့ ကိုးကွယ်ယုံကြည်ရာ ထာဝရဘုရားသခင်ကို ရှာဖွေကြည့်ပါ။ မွန်လူမျိုးတွေရိုးရာဓလေ့ တွေကို သ...င်ယူကြည့်ပါ။ ကရင်အစားအစာတွေနဲ့ ထမင်းစားမြိန်ကြည့်ပါ။ ကယားလူမျိုးတွေ အသံကို နှလုံးသားနဲ့နားထောင်ကြည့်ပါ။ အရာရာကို ဗမာလူမျိုးတွေရဲ့သွင်ပြင်၊ စရိုက်တွေချည်းနဲ့ပဲ... ဆုံးဖြတ်လုပ်ကိုင်နေရင်တော့... ဘယ်လိုမှပြည်ထောင်စုကြီးရဲ့ သမ္မတမပီသနိုင်ပါဘူး။ တိုင်းရင်းသားအားလုံးရဲ့... ပုံရိပ်ထင်ဟပ်နိုင်ဖို့ မျှော်လင့်ပါတယ်။**copy from Sut Su Hkawn

Monday, January 23, 2012

လူ့အခွင့်အရေးအခြေအနေ တိုးတက်ပြောင်းလဲလာမှု ရှိမရှိ

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာပြည်အတွင်း လူ့အခွင့်အရေးဆိုင်ရာ အခြေအနေ၊ တိုးတက်ပြောင်းလဲမှု အခြေအနေ၊ အကြောင်းအရာများကို ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေး ပညာပေးလုပ်ငန်းအဖွဲ့ (Human Rights Education Institute of Burma) တာဝန်ခံ ဒါရိုက်တာ ဦးအောင်မျိုးမင်း နဲ့ ဦးစံမိုးဝေ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။ ဦးစံမိုးဝေ ။ ။ လူ့အခွင့်အရေးဆိုတာ လူတိုင်းလူတိုင်းရဲ့  မွေးရာပါအခွင့်အရေးပါ။ ဒီမိုကရေစီစနစ်ရဲ့  ရပိုင်ခွင့်ထဲမှာ ပါဝင်တဲ့ အရေးပါတဲ့အရာတခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့တဲ့နောက်ပိုင်း အရပ်သားအစိုးရ တက်လာတာ အခုဆိုရင် တနှစ်နီးပါး ရှိလာခဲ့ပါပြီ။ ဒီမိုကရေစီလမ်းကြောင်းကိုသွားမယ်။ တိုင်းပြည်ကို ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်မယ်။ ဒါကြောင့် ဒီမိုကရေစီကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေပြီလို့ ဆိုကြပါတယ်။ ဒီမိုကရေစီရဲ့  တန်းဖိုးတခုဖြစ်တဲ့ လူ့အခွင့်အရေးကိစ္စတွေမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်နေပြီလား။ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ရှိနေပြီလား။ ဘယ်လိုအခြေအနေမှာ ရောက်ရှိနေပြီလဲလို့ ပြည်ပမှာ အခြေစိုက်ပြီး လူ့အခွင့်အရေးနဲ့ မြှင့်တင်ရေး ပညာပေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ (HREIB) အဖွဲ့ရဲ့  ဒါရိုက်တာ ဦးအောင်မျိုးမင်း ကို ဆက်သွယ်မေးခဲ့ပါတယ်။ ဦးအောင်မျိုးမင်း ။ ။ ပြီးခဲ့တဲ့ နှစ်တနှစ်လုံးကို ပြန်ကြည့်ရင် မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတခု ပေါ်လာတယ်ဆိုတာကို ကျနော်တို့ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ဒီလို ပြောင်းလဲမှုက နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းအတိုင်း ကိုက်ညီမှု ရှိလားမရှိလား ဒါကိုပြောဖို့အတွက် ခွဲခြားပြီးပြောဖို့ လိုအပ်ပါတယ်။ ပထမဦးဆုံးကတော့ ဘယ်လောက်အထိပဲ ပြုပြင်ပြောင်းလဲမှုတွေ ရှိလာတယ်။ ဥပဒေပိုင်းဆိုင်ရာတွေ ရှိလာတယ်။ ကတိပြုမှုတွေ ရှိလာပေမယ့် နိုင်ငံရေး အကျဉ်းသားတွေ ရှိလာတဲ့တခုက အရမ်းကို ဆိုးဝါးပါတယ်။ နောက်တခုက လက်နက်ကိုင် တိုက်ပွဲတွေ ကချင်ပြည်နယ်၊ ကရင်ပြည်နယ် တို့မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အမျိုးသမီးနဲ့ ကလေးတွေရဲ့  ဘဝတွေ၊ တိုင်းရင်းသားလူမျိုးစုတွေရဲ့  လုံခြုံမှုတွေ ထိခိုက်မှု ရှိနေတာက ဆိုးဆိုးဝါးဝါး ဖြစ်နေတဲ့ အရာတွေ ဖြစ်နေပါတယ်။ အဲဒီတော့ တိုင်းပြည်က ပြောင်းလဲမှုတခု ရှိနေတယ်လို့ ပြောနေပေမယ့်။ ကျနော်တို့ တိုင်းပြည်က လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အရမ်းကို ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံရတဲ့ နိုင်ငံတနိုင်ငံ ဖြစ်တဲ့အတွက် အရင်တုန်းက အခြေအနေကို ကြည့်မယ်ဆိုရင် အနုတ်လက္ခဏာဆောင်တဲ့ အနေအထားမျိုးထိ ရောက်လာတယ်။ ပြောင်းလဲမှု တစုံတရာ ဖြစ်လာပေမယ့် ကျနော်တို့က အရမ်းအရင်ကလုပ်ခဲ့တာကြောင့် အနုတ်လက္ခဏာကနေ အပေါင်းလက္ခဏာအထိ သွားနိုင်တဲ့ အခြေအနေမျိုး မရှိသေးတဲ့ အခြေအနေဘဝကို ရှိနေသေးတယ်လို့ ပြောချင်ပါတယ်။ ဦးစံမိုးဝေ ။ ။ ကလေးကွန်ယက်နဲ့ ပတ်သက်ပြီး ဆွေးနွေးချင်ပါတယ်။ အထူးသဖြင့် ကလေးစစ်သားကိစ္စ။ အရင်နှစ်တွေတုန်းက မြန်မာသတင်းတွေမှာ ကလေးစစ်သားအရေး တော်တော် ဆူဆူညံ့ညံ့ ကြားရပါတယ်။ အခု ဒီနောက်ပိုင်းမှာ နည်းနည်း တိတ်သွားတယ်လို့ ပြောရမလား။ မြန်မာနိုင်ငံက ကလေးစစ်သားအခြေအနေ ဘယ်လိုရှိပါသလဲ။ ဦးအောင်မျိုးမင်း ။ ။ မကြာသေးခင်က လေ့လာသုံးသပ်ချက်ကို ကြည့်မယ်ဆိုရင် ကလေးသစ် စုဆောင်းမှုတွေက ရန်ကုန်၊ မန္တလေး စတဲ့ မြို့ တွေမှာ တော်တော်ကြီးနည်းသွားတာကို တွေ့ရတယ်။ ILO က တိုင်းကြားမှုတွေကြောင့် ဖြစ်စေ။ ဒီလိုမျိုးကိစ္စတွေ တိုင်းကြားမှုတွေမှာ အရင်ကထက် နည်းသွားတာကိုတော့ သတိထားမိတယ်။ ဒါပေမဲ့ ဒီလို ပြောခြင်းက တနိုင်ငံလုံး အတိုင်းအတာနဲ့ပြောရင် သိသိသာသာ လျော့နည်းသွားတယ်လို့ ပြောလို့မရဘူး။ တဖတ်မှာ ရန်ကုန် နဲ့ မန္တလေးတို့မှာ ကလေးစစ်သား အသုံးပြုမှု၊ တိုင်းကြားမှုတွေ လျော့ပေမယ့်။ နယ်ဖက်မှာ ပိုများလာတယ်။ ဥပမာ စစ်ကိုင်တိုင်း၊ ရခိုင်ပြည်နယ်ဖက်မှာ အဲဒီဒေသတွေမှာ ကလေးစစ်သား အသုံးပြုမှု ဆက်လက်ရှိနေသေးတယ်ဆိုတဲ့ အချက်တွေ ရှိနေသေးတယ်။ အဲဒီ အချက်တွေက ILO တွေဆီ မရောက်သေးဘဲနဲ့ ILO ဆီ ပို့ဖို့ ပြင်ဆင်နေတဲ့ အနေအထားမျိုးဖြစ်တဲ့အတွက် ကလေးစစ်သား အသုံးပြုမှု လျော့သွားတယ်လို့ တနိုင်ငံလုံးအခြေအနေနဲ့ ပြောလို့မရဘူး။ နောက်တခုက ကချင်ပြည်နယ်ဘက်မှာ ထိုးစစ်ဆင်တဲ့ နေရာမှာ စစ်တပ်ဖက်က ဒဏ်ရာရတဲ့လူတွေ၊ သေဆုံးသွားတဲ့လူတွေကို ကြည့်မယ်ဆိုရင် ကလေးစစ်သား စြစ်လောက်တဲ့ အနေအထားမျိုးကို အများကြိး တွေ့ရတယ်။ ဒီမှာ ဖမ်းမိတဲ့လူတွေရဲ့  ပြောကြားချက်။ စစ်တပ်တွေ ဖြတ်သွားတဲ့ဒေသတွေမှာ တွေ့ကြုံခံစားရတဲ့ ဒေသခံတွေရဲ့  ပြောကြားချက်အရဆိုရင် ကလေးအရွယ်ဖြစ်လောက်တဲ့ စစ်သားတွေ စစ်တပ်ထဲမှာရှိနေတာ အခုအချိန်အထိ ရှိနေတုန်းပါ။ ဒါကြောင့်မို့ ကျနော်တို့က ကလေးစစ်သားအခြေအနေ တိုးတက်မှုတွေ ရှိလောက်ရှိနေပေမယ့် တနိုင်ငံလုံး အတိုင်းအတာအရ မရှိသေးဘူး။ အခုအချိန်အထိ စစ်တပ်ထဲမှာ အသက်မပြည့်သေးတဲ့ စစ်သားတွေ ရှိနိုင်တယ်ဆိုတဲ့ ထောက်ပြချက်တွေ ရှိနေတုန်းပါ။ ဦးစံမိုးဝေ ။ ။ ကလေးအခွင့်အရေးနဲ့ တဆက်တည်းရှိတဲ့ကိစ္စကတော့ လူကုန်ကူးမှု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူကုန်ကူးမှု တိုက်ဖြတ်ရေးကို ဦးစားပေးလုပ်နေတဲ့ သတင်းတွေကြားရပါတယ်။ ဘယ်လောက် ခရီးရောက်နေပြီလဲလို့ သိထားပါသလဲ။ ဦးအောင်မျိုးမင်း ။ ။ ကလေး အခွင့်အရေးထက် လူကုန်ကူးမှုအပိုင်းမှာ သူတို့အနေနဲ့ အစိုးရအနေနဲ့ အရင်ကထက် အသိပညာပေးမှု လုပ်ငန်းတွေ ဆောင်ရွက်မှုတွေ တိုးတက်လာတယ်။ ဒါပေမဲ့ လူကုန်ကူးမှုဆိုတာက ဒေသတခုတည်းမှာ ဖြစ်တာမဟုတ်ဘူး။ အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ စားဝတ်နေရေး ဖူလုံမှုတွေ၊ ပညာရေး နှိမ့်ကျမှုတွေ။ ဒီအပြင် ဒီဘက်ပိုင်းမှာရှိတဲ့ နယ်စပ်တလျှောက်မှာ လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေတော့ လူကုန်ကူးမှုတွေက ဖြစ်နေတယ်။ အဲဒီတော့ တဖတ်က ဘယ်လောက်အထိ ဖော်ဆောင်မှုတွေ လုပ်ဆောင်တယ်။ တိုင်ကြားမှုတွေ ရှိနေပေမယ့် လူကုန်ကူးခံမှု ဖြစ်စေတဲ့ အကြောင်းရင်းဖြစ်တဲ့ ဆင်းရဲမှု လျော့ပါးရေးတွေ၊ အလုပ်အကိုင် ဖန်တီးမှုတွေ မရှိသေးရင် ဒါတွေက ရှိနေအုန်းမှာပါ။ ဒီ အစိုးရအနေနဲ့ ဆင်းရဲမှုလျော့ပါးရေးဆိုတဲ့ စီမံချက်တွေ လုပ်ဆောင်မယ်လို့ ပြောလာတာ ကောင်းပါတယ်။ ဒါပေမဲ့ အဲဒီ ပြောလာတဲ့အချက်တွေကို အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်သလား၊ ဖြစ်လားမသလားဆိုတာတွေကို တိုင်းတာနိုင်ဖို့ အခုအချိန်မှာ ကျနော်တို့ ထောက်ပြဖို့အတွက် စောနေသေးတယ်။ တဖတ်က ဆင်းရဲမွဲတေမှု ဖြေရှင်းမှု လုပ်ဆောင်မယ်ဆိုရင် ကောင်းတဲ့အချက်ဖြစ်တယ်။ ဒါပေမဲ့ အခုလောလောဆယ် လုပ်နေတဲ့ အစိုးရရဲ့  လုပ်ဆောင်ချက်တွေကို အောင်မြင်တယ်လို့ ပြောလို့မရဘူး။ ဒါကြောင့်မို့ လူကုန်ကူးမှုကိစ္စကိုလည်း ဒီအကြောင်းအရင်းကို ဖော်ဆောင်နိုင်ဖို့က ခက်တယ်။ ဒီနှစ်အတွင်းမှာ ထူးထူးခြားခြား ဘာတွေ တွေ့ရသလဲဆိုရင် တဖတ်က လူ့အခွင့်အရေးအရ ကြိုဆိုသင့်တယ့် အဖွဲ့အစည်း ဖွဲ့စည်းခွင့်တို့။ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်တို့၊ မီဒီယာ လွတ်လပ်ခွင့်ပေးမယ်ဆိုတဲ့အချက်တွေကို တွေ့ရတယ်။ ဒါကတော့ သတင်းအရတော့ လက်ခံစရာပဲ။ အရင်တုန်းကလို ဆင်ဆာတွေ၊ အရင်တုန်းကလို ငါးဦးထက် ပိုစုလို့ မရတဲ့ကိစ္စတွေ၊ အဖွဲ့အစည်း ဖွဲ့လို့မရတဲ့ကိစ္စတွေ။ ဒါတွေ ခွင့်ပြုမယ်ဆိုတဲ့ အကြောင်းအရာတွေကို လက်ခံပါတယ်။ ဒါပေမဲ့ အမှန်တကယ် သူတို့က လူ့အခွင့်အရေးကို လေးစားလိုက်နာသလား။ ထိရောက်တဲ့ ခွင့်ပြုချက်တွေ ရှိရဲလား။ တကယ်တမ်း မှန်ကန်ရဲ့ လားအချက်တွေကို အခုအချိန်အထိ ထောက်ခံနိုင်ဖို့အတွက် တချို့  အဖြစ်အပျက်တွေက ကျနော်တို့ကို သတိပေးနေတာ ဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုရင် တဖတ်က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိတယ်ဆိုပေမယ့်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အထက်အမိန့်အရ အတည်မဖြစ်သေးတဲ့အတွက် ခွင့်မပြုနိုင်ဘူးဆိုတဲ့ဟာတွေ။ လယ်သမားတွေ ဆန္ဒပြပေမယ့် ဆန္ဒပြမှုကို တားမြစ်ပြီး ဒီဟာတွေ ခွင့်မပြုနိုင်ဘူးဆိုတဲ့အချက်က အပေါ်က ချမှတ်တဲ့ အမိန့်တွေက အောက်ခြေအထိ စီးဆင်းမှုမရှိသေးဘူးဆိုတာတွေက သက်သေအထောက်အထားတွေပါ။ ဦးစံမိုးဝေ ။ ။ မကြာခင် နှစ်တွေတုန်းက တိုင်းရင်းသားဒေသတွေမှာ နယ်စပ်ဒေသတွေမှာ စစ်တပ်က အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်တာတွေ ဒီကိစ္စကို လက်နက်သဖွယ် အသုံးပြုနေပါတယ်ဆိုတဲ့ စာတမ်းတွေ ထွက်လာတာတွေ ရှိပါတယ်။ အခု အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်ပြီး တိုးတက်မှုတွေ ဘယ်လောက်ရှိသလဲ။ ဦးအောင်မျိုးမင်း ။ ။ လက်ရှိ ထိုးစစ်တွေ ဆင်နေတဲ့ စစ်ပွဲတွေ ဖြစ်နေတဲ့ ကချင်ဒေသတွေဘက်မှာဆိုရင် အမျိုးသမီးတွေကို လိင်ကျေးကျွန်းအဖြစ် အသုံးပြုတယ်ဆိုတဲ့ သတင်းတွေ ရှိနေတုန်းပါ။ နံမည်အတိအကျအရ၊ လူဦးရေအတိအကျအရ - ဒီ သတင်းတွေ ဆက်လက်ပြီး ရှိနေပါတယ်။ ဒါကဆိုရင် လုံးဝ မဖြစ်သင့်တဲ့အရာတွေ ဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုရင် စစ်တပ်အနေနဲ့ ဒါမျိုးတွေ မလုပ်ဆောင်ပါဘူး။ လူ့အခွင့်အရေးတွေ၊ အမျိုးသမီး အခွင့်အရေးတွေ ကာကွယ် စောင့်ရှောက်ပါပြီလို့ ကမ္ဘာမှာ ကတိတွေပေးပြီး လူ့အခွင့်အရေးကိစ္စကို လေးစားပြုကျင့်နေပါတယ်ဆိုချိန်မှာ ဒီအချက်တွေက ဆက်လက်ဖြစ်ခြင်းက လုံးဝမဖြစ်သင့်ဘူး။ အဲဒီတော့ ဒီလိုမျိုးအချက်တွေကို အတိအကျ ပြောကြားလို့ရှိရင် ဒါတွေကို အရေးယူကိုင်တွယ်ဖြေရှင်းမယ့် လူ့အခွင့်အရေးကော်မရှင်က ဒါတွေကို အမှန်တကယ် လေးစားလိုက်နာပြီးတော့ ဖော်ထုတ်မှုရှိလား။ ကျူးလွန်တဲ့လူတွေကို အရေးယူမှု ရှိသလား။ ဒီဟာတွေ မရှိမခြင်းတော့ ကျနော်တို့မှာ ဒီဟာတွေ ပပျောက်သွားပြီလို့ ပြောလို့မရဘူး။ အမှုတွေကို မဖြေမရှင်းခြင်း၊ ကျူးလွန်တဲ့လူတွေကို အရေးယူမရှိမခြင်း။ ဒီအချက်တွေက လူ့အခွင့်အရေးကို လေးစားလိုက်နာတယ်လို့ ပြောလို့မရသေးဘူး။ ဦးစံမိုးဝေ ။ ။ လူ့အခွင့်အရေးမှာ အရေးကြီးတဲ့အချက်တချက်ဖြစ်တဲ့ ဘာသာရေး လွတ်လပ်စွာ ကိုးကွယ်ခွင့်နဲ့ ပတ်သက်ပြီးတော့။ ဦးအောင်မျိုးမင်း ။ ။ အစိုးရအနေနဲ့ ကုလသမဂ္ဂ တင်တဲ့အထဲမှာ သူ့အနေနဲ့ ဘာသာပေါင်းစုံကို လေးစားလိုက်နာမှု ရှိပါတယ်။ မြန်မာနိုင်ငံရဲ့  မြို့ လယ်မှာဆိုရင် ဗုဒ္ဓဘာသာ ဆူလေးစေတီတော်ကြီး၊ ခရစ်ယာန်ဘုန်းတော်ကြီးကျောင်း၊ အစ္စလာမ်နဲ့ ဟိန္ဒူဘာသာကျောင်းတွေ ရှိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ကျနော်တို့ ပြောချင်တဲ့အချက် အဆောက်အဦးတွေ ဆောက်ခွင့်ပြတိုင်း၊ အဆောက်အဦးတွေရှိတိုင်း ဘာသာရေးကိုးကွယ်မှုကို လေးစားတယ်လို့ ပြောလို့မရဘူး။ ဘာဖြစ်လို့လည်းဆိုရင် အခုအချိန်အထိ ဘာသာရေးပေါ်မှာ ဖိနှိပ်မှုတွေ၊ တခြား ဘာသာတွေဖြစ်တဲ့ ခရစ်ယာန်တို့၊ အစ္စလာမ်တို့ပေါ်မှာ ဖိနှိပ်မှုတွေ နယ်စပ်ဒေသတွေမှာ ရှိနေတာ အခိုင်အမာ ကြုံတွေ့နေရတယ်။ အဲဒါကြောင့် ဘာသာရေးအရ လွတ်လပ်စွာ လေးစားလိုက်နာမှုဆိုတာ ရန်ကုန်မြို့ ထဲမှာပဲ ဝတ်ပြုကျောင်းတွေ တည်ဆောက်ထားတာ မဟုတ်ဘဲနဲ့ နိုင်ငံတနိုင်ငံလုံးမှာရှိတဲ ဘာသာကိုးကွယ်မှုကို ခွင့်ပြုတာတွေ။ ဘာသာတဘာသာနဲ့ တဘာသာ အထင်အမြင်လွဲမှားမှုတွေကို ပပျောက်အောင်လုပ်ပြီး အတူတကွ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုတွေ ဖြစ်ဖို့အတွက် ပညာပေးတာတွေ၊ ကာကွယ်ပေးတာတွေ ဒါတွေ အများကြီး လိုအပ်နေဆဲပါ။ ဦးစံမိုးဝေ ။ ။ ထူးခြားမှုတခုက ဗမာပြည်မှာ လူ့အခွင့်အရေးကော်မရှင်ဆိုတာ ပေါ်လာပါတယ်။ အဲဒီအဖွဲ့က မကြာခင်ကဆိုရင် အကျဉ်းထောင်တွေသွားပြီး စစ်ဆေးတာတို့၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ သူတို့ကို လွှတ်ပေးဖို့ သမ္မတဆီ အိတ်ဖွင့်ပေးစာ ပေးတာတို့ စတဲ့ လုပ်ဆောင်မှုတွေ တွေ့ရပါတယ်။ အဲဒီ ကော်မရှင်နဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။ ဦးအောင်မျိုးမင်း ။ ။ လူ့အခွင့်အရေး ကော်မရှင် ပေါ်လာတယ်ဆိုတာက အာဆီယံဒေသမှာ ကြိုဆိုသင့်တဲ့ အရာပါ။ ဒါပေမဲ့ ဒီ လူ့အခွင့်အရေးကော်မရှင်ရဲ့  လုပ်ထုံးလုပ်နည်းတွေက တကယ်တမ်း ထိရောက်မှု ရှိသလား။ ဒါကို ပြန်ကြည့်ဖို့ လိုအပ်တယ်။ တခါတလေ ကျနော်တို့ စဉ်းစားတဲ့အချက်က လူ့အခွင့်အရေး ကော်မရှင်က တောင်းဆိုလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးပါဆိုပြီး တောင်းဆိုလိုက်တယ်။ လွတ်လာပါတယ်။ ဒါပေမဲ့ အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားဆိုတာ မပါဝင်ဘူးဆိုတာကို တွေ့ရတယ်။ နောက်တခါ အခုအခါမှာဆိုရင် လူ့အခွင့်အရေး ကော်မရှင်ကနေ ဒီလိုမျိုး နယ်စပ်ဒေသတွေမှာ သွားလာဖို့အတွက် ခွင့်ပြုတယ်။ အကျဉ်းထောင်တွေကို သွားပြီး လေ့လာတယ် ပြောပေမယ့် အဲဒီ လူ့အခွင့်အရေးကော်မရှင်ကနေ တချို့  ပြောပြလာတဲ့အချက်တွေကို အမှန်တကယ် လေးစားလိုက်နာပြီး အရေးယူ ဆောင်ရွက်ချက်တွေမှာ အားနည်းချက်တွေ ရှိနေသေးတယ်။ အဲဒီတော့ ပထမဦးဆုံး လူ့အခွင့်အရေးကော်မရှင်အနေနဲ့ လူ့အခွင့်အရေးကိစ္စတွေ ကိုင်တွယ်ဖြေရှင်းလာတာ အားကောင်းတဲ့အချက်ပဲ။ တချိန်တည်းမှာပဲ ဒီဟာကို အကောင်အထည်ဖော်ပြီး လေးစားဖို့အတွက် အစိုးရက လိုက်နာဖို့ရယ်။ ဒါတွေကို ကာကွယ်ပေးနိုင်ဖို့အတွက် တိုင်းကြားလာတဲ့ကိစ္စတွေကို တကယ်ကို ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်မှုအတွက် အဲဒီအပိုင်းမှာ တကယ်ကို အားနည်းနေဆဲပါ။ ဦးစံမိုးဝေ ။ ။ နိုင်ငံတကာမှာ လူ့အခွင့်အရေးကော်မရှင်တွေရဲ့  အရည်အသွေးနဲ့ တာဝန်တွေက ဘာတွေလဲ။ ဘယ်လိုကိစ္စတွေကို လုပ်ဆောင်ကြသလဲ။ ဦးအောင်မျိုးမင်း ။ ။ နိုင်ငံတကာမှာ သတ်မှတ်ထားတဲ့ Paris မူဝါဒအရဆိုရင် လူ့အခွင့်အရေးကော်မရှင်မှာ ပါဝင်တဲ့လူတွေက ပထမဦးဆုံး လွတ်လပ်မှုရှိဖို့ လိုအပ်ပါတယ်။ နောက် ဘက်မလိုက်မှုအတွက် ဒါက အရမ်းအရေးကြီးပါတယ်။ လွတ်လပ်မှုဆိုတဲ့ဟာက အစိုးရရဲ့  ရာထူးဌာနတွေကို တာဝန်ထမ်းဆောင်တာ မဟုတ်ဘဲ။ အစိုးရရဲ့  သြဇာသက်ရောက်မှုမှလည်း ကင်းလွတ်ရမယ်။ အစိုးရရဲ့  ကိုယ်စားကို လိုက်ပြီး ဖြေရှင်းတဲ့အရာမျိုး၊ တာဝန်ရှိပြီး ဖြေရှင်းတဲ့လူမျိုး မဟုတ်ဘဲနဲ့ မှန်ရင်မှန်သလို၊ မှားရင်မှားသလို ဒါတွေကို ပြောကြားနိုင်ဖို့အတွက် အရည်အချင်းတွေ ရှိဖို့ လိုအပ်ပါတယ်။ နောက်တခုက လူ့အခွင့်အရေးကော်မရှင်က အဓိကတာဝန် (၃) ခု ရှိပါတယ်။ ဒီ (၃) ခုကတော့ နိုင်ငံတကာမှာ သတ်မှတ်ထားတဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့အညီ လေးစားလိုက်နာဖို့အတွက် ရှိတဲ့စာချုပ်တွေကို လက်မှတ်ထိုးအတွက်။ ထိုးထားတဲ့စာချုပ်တွေကို အကောင်အထည်ဖော် လေးစားလိုက်နာဖို့အတွက် အကြံဥာဏ်ပေးတာတွေ၊ အစိုးရကို အကြံဥာဏ်ပေးတာတွေ ရှိမယ်။ နောက်တခုကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအားလုံးကို လက်ခံပြီးတော့ ချိုးဖောက်သူတွေကို အရေးယူပေးဖို့အတွက် ထိခိုက်တဲ့လူတွေကို နစ်နာတဲ့ကိစ္စတွေ၊ ပပျောက်ဖို့အတွက်။ နောက်တခါ ဥပဒေပိုင်းဆိုင်ရာအရ ရသင့်ရထိုက်တဲ့ ကုစားမှုတွေရရှိဖို့အတွက် လုပ်ဆောင်တာရှိမယ်။ နောက်တခုကတော့ လူထုကြားထဲမှာ လူ့အခွင့်အရေးကိစ္စကို အားလုံးသိရှိဖို့အတွက် ပညာပေးလုပ်ရမယ့် လုပ်ငန်းတွေ ရှိပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးကော်မရှင်ရဲ့  လုပ်ဆောင်ချက်မှာဆိုရင် လက်ခံဖို့အတွက်။ ဒါတွေ တိုင်းကြားဖို့အတွက် သူတို့အနေနဲ့ လက်ခံပါတယ်ပြောတယ်။ ဒါပေမဲ့ ပြည်သူလူထုက တိုင်းကြားနိုင်ဖို့အတွက်၊ ဒီအကြောင်းကို လူတွေသိအောင် လုပ်ဆောင်ဖို့အတွက် အပိုင်းမှာ အားနည်းနေတုန်းပါ။ နောက်တခါ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ တချို့ ပြောကြားချက်တွေကတော့ မြန်မာနိုင်ငံရဲ့  လူ့အခွင့်အရေးရဲ့  အခြေအနေကို အမှန်အတိုင်း ပြောတာ မဟုတ်ဘဲနဲ့ လက်ရှိဖြစ်နေတဲ့ တချို့ အချက်တွေကို ချန်လှပ်ပြောတဲ့ ပုံစံတွေကို တွေ့ရပါတယ်။ ဦးစံမိုးဝေ ။ ။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေ တိုးတက်ဖြစ်ထွန်းဖို့အတွက်ဆိုရင် ရှိသင့်ရှိထိုက်တဲ့၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့အရာတွေက ဘာတွေ ဖြစ်မလဲ။ ဦးအောင်မျိုးမင်း ။ ။ ကျနော်တို့ တကယ် လူ့အခွင့်အရေးကိစ္စကို လေးစားလိုက်နာပြီဆိုရင် ပထမဦးဆုံး ဒီမှာရှိပြီးသာ လက်မှတ်ထိုးပြီးသာ စာချုပ်တွေမှာ ဒီအချက်တွေကို မှန်မှန်ကန်ကန် ရေးသားဖော်ထုတ်ဖို့ လိုအပ်တယ်။ တချိန်တည်းမှာ လူ့အခွင့်အရေးကိစ္စက အစိုးရတခုရဲ့  တာဝန်မဟုတ်ဘူး။ ပြည်သူလူထုရဲ့  တာဝန်ဖြစ်တယ်။ ဒါကြောင့်မို့ လူ့အခွင့်အရေးကိစ္စကို လုပ်ဆောင်မယ့် အဖွဲ့အစည်းတွေရဲ့  လုပ်ဆောင်မှုကို ကျနော်တို့ အားပေးထောက်ခံပြီး လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ပေးဖို့လိုအပ်မယ်။ နောက်ဆုံးတခုကတော့ လူ့အခွင့်အရေး ပညာပေးလုပ်ငန်းကို အနှောင့်အယှက်အတားအဆီး မရှိဘဲ လူတိုင်းလူတိုင်း သိရှိဖို့အတွက် အစိုးရနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ လူ့အခွင့်အရေးကော်မရှင် ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် လူ့အခွင့်အရေးအရ အကောင်းဘက်ကို မျှော်မှန်းနိုင်တဲ့ အခြေအနေရှိပါလိမ့်မယ်။ ဦးစံမိုးဝေ ။ ။ လူ့အခွင့်အရေး ပညာပေးအဖွဲ့ မြန်မာနိုင်ငံ (HREIB) အဖွဲ့ရဲ့  ဒါရိုက်တာ ဦးအောင်မျိုးမင်း ကို ဆက်သွယ်မေးမြန်းခဲ့ခြင်း ဖြစ်ပါတယ်။ Source: Voa burmese

SNDP ကမ်းလှမ်းချက် ဦးခွန်ထွန်းဦး လက်မခ

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးကို ရှမ်းပြည်နယ် လားရှိုးမြို့ မဲဆန္ဒနယ်ကနေ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ရဲ့ ကမ်းလှမ်းချက် လက်မခံကြောင်း ဦးခွန်ထွန်းဦးရဲ့ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက အကြောင်းပြန်လိုက်ပါတယ်။ ဒီကနေ့ ပြုလုပ်တဲ့ SNLD ပါတီရဲ့ ဗဟိုအလုပ်မှုဆောင် အစည်းအဝေးကနေ အခုလို ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်ပါတယ်။ ဒီအကြောင်းကို မသင်းသီရိက တင်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၃ ရက်နေ့ကမှ အကျဉ်းထောင်တွင်းက လွတ်မြောက်လာတဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးကို ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ SNDP က ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ ကမ်းလှမ်းထားတာပါ။ ရှမ်းပြည်နယ်တွင်း လစ်လပ်နေရာ ၅ နေရာ ရှိနေပြီး အဲဒီအထဲက လားရှိုးမဲဆန္ဒနယ်ကနေ ၀င်ပြီးအရွေးခံဖို့ SNDP က ကမ်းလှမ်းထားပေမဲ့ ဒီကမ်းလှမ်းချက်ကို လက်မခံကြောင်း ဒီကနေ့ ဇန်န၀ါရီ ၂၀၊ သောကြာနေ့မှာ SNDP ပါတီကို အကြောင်းပြန်ခဲ့ပါတယ်။ ဦးခွန်ထွန်းဦး အပါအ၀င် အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်နဲ့အတူ SNLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ဒီကနေ့ တွေ့ဆုံအပြီး အစည်းဝေးကနေ အခုလို ဆုံးဖြတ်ချက် ချခဲ့တာဖြစ်တဲ့အကြောင်း SNLD ပါတီက ပြောခွင့်ရသူ ဦးစိုင်းလိတ်က ပြောပါတယ်။ “ကျနော်တို့ အကြောင်းပြန်လိုက်တာကတော့ SNDP ရဲ့ ကမ်းလှမ်းမှုအပေါ်ကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုတယ်။ ဒါပေမဲ့ ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက် သဘောတူညီချက်အရ ဒီကမ်းလှမ်းချက်ကို လက်မခံနိုင်ကြောင်း ဆုံးဖြတ်ချက်ကျတယ်။ အဲဒီဆုံးဖြတ်ချက်ကို အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင် ကိုယ်တိုင် လက်မှတ်ရေးထိုးပြီးတော့မှ ဒီနေ့ပဲ SNDP ရုံးကို ပေးပို့လိုက်ပါတယ်ခင်ဗျ။” SNLD ပါတီဟာ ပါတီရဲ့ခေါင်းဆောင်တွေ အကျဉ်းထောင်တွင်း အဖမ်းခံထားရတာမို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ခဲ့သလို ၂၀၁၀ ရွေးကောက်ပွဲကိုလည်း မ၀င်ခဲ့ကြပါဘူး။ ဥက္ကဋ္ဌဖြစ်တဲ့ ဦးခွန်ထွန်းဦး ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ပေမဲ့ ဧပြီလ ၁ ရက်နေ့မှာ လုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ SNLD ပါတီက ၀င်ပြိုင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ တရားဝင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ဖို့အတွက် ပါတီ မှတ်ပုံတင်ဖြစ်ဖို့ များတယ်လို့ ဆိုပါတယ်။ ဒါကိုလည်း ဗဟိုအလုပ်မှုဆောင် အစည်းအဝေးကနေ ဆက်လက် စဉ်းစား ဆုံးဖြတ်သွားမယ်လို့လည်း ပြောပါတယ်။ “အခုအခြေအနေအရ ဆိုရင်တော့ တရားဝင် မှတ်ပုံမတင်ရင် နိုင်ငံရေး လုပ်လို့မရသလို ဖြစ်နေပြီလေ။ ရွေးလမ်းမရှိဘူး။ ဆိုတဲ့အခါကျတော့ ကျနော် ထင်ပါတယ်။ ကျနော်တို့ မှတ်ပုံတင်ဖို့ အလားအလာရှိပါတယ်။ တော်တော်များများကလည်း ပါတီ ဆက်လက် မှတ်ပုံတင်ဖို့ကို အဆိုပြုကြတယ်။ ဒါပေမဲ့ မဆုံးဖြတ်ရသေးဘူး။ နောက်တစ်ရက် နှစ်ရက်နေမှပဲ ဆွေးနွေးသွားမှာဖြစ်ပါတယ်။” ဦးခွန်ထွန်းဦးရဲ့ SNLD ပါတီဟာ ကြားဖြတ် ရွေးကောက်ပွဲမှာ ၀င်မပြိုင်ပေမဲ့ လွတ်လပ်ပြီး တရားမျှတမှု ရှိတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်ရေးအတွက် စောင့်ကြည့် ကူညီသွားမယ်လို့လည်း ပြောပါတယ်။ “ဒီမိုကရေစီကို လိုလားတဲ့ပါတီ မှန်တယ်၊ စစ်မှန်တယ်ဆိုရင် ဘယ်သူ့ကိုမဆို ကူညီဖို့အဆင်သင့်ပါ။ အနည်းဆုံး အခု ပြောပြောနေတဲ့၊ ကြိုတင်မဲ ပြောပြီးတော့မှ နောက်ကျမှရောက်လာတဲ့ ကြိုတင်မဲ ကိစ္စတွေ၊ ရွေးကောက်ပွဲ မသမာမှုတွေကို အကုန်လုံးပေါ့ဗျာ။ election monitoring ဖြစ်အောင် အဲဒီကိစ္စကို ကျနော်တို့ ကူညီပံ့ပိုးသွားဖို့ အစီအစဉ် ရှိပါတယ်ခင်ဗျ။ လောလောဆယ်ကတော့ ကျနော်တို့ ဥက္ကဋ္ဌရဲ့ ကျန်းမာရေး အတွက်ကိုပဲ လုံးပမ်းနေရတော့ ရှေ့လုပ်ငန်းစဉ်အတွက်ကို ကြိုတင်ပြီး စီစဉ်ထားတာမျိုးက အတွေးလောက်ပဲ ရှိပါသေးတယ်ခင်ဗျ။ အစီအစဉ်တကျ စီစဉ်ရတာမျိုး မရှိသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ကျတော့ တွေ့ကိုတွေ့ရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဦးခွန်ထွန်းဦး အပါအ၀င် တခြား နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် အစဉ်တစိုက် လုပ်ပေးလာတဲ့ပုဂ္ဂိုလ်ရေးအရ သော်လည်းကောင်း၊ ပါတီတစ်ရပ် အနေနဲ့သော်လည်းကောင်း၊ ဒီမိုကရေစီ ခေါင်းဆောင်တစ်ယောက် အနေနဲ့သော်လည်းကောင်း ကျေးဇူးတင်စကားတော့ ကျနော်တို့ ပြောကြားရမယ်။ သွားရောက်တွေ့ဆုံရမယ်ဆိုတာကိုတော့ ကျနော်တို့ ဆွေးနွေးထားပြီးသားပါ။ တွေ့မယ့်ရက်ကိုပဲ မဆုံးဖြတ်ရသေးတာပါခင်ဗျ။” ဦးခွန်ထွန်းဦး ခေါင်းဆောင်တဲ့ SNLD ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြီးရင် ဒုတိယအများဆုံး အနိုင်ရတဲ့ တိုင်းရင်းသားပါတီတစ်ခု ဖြစ်ပါတယ်။ SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင် အပါအ၀င် ရှမ်းခေါင်းဆောင် ၈ ဦးဟာ ၂၀၀၅ ခုနှစ်တုန်းက ရှမ်းပြည်နယ် အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းဖို့ ကြိုးစားခဲ့တာနဲ့ ပတ်သက်လို့ စစ်အစိုးရက ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်ပုန်ကန်မှု အပါအ၀င် အခြားစွဲဆိုချက်တွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။အဲဒီနောက်ပိုင်း ဦးခွန်ထွန်းဦးဟာ ပူတာအိုထောင်မှာ ၅ နှစ်ကျော်ကြာ နေခဲ့အပြီး ပြီးခဲ့တဲ့ ၂၀၁၁ နိုဝင်ဘာလထဲမှာ တောင်ငူထောင်ကို ရွှေ့ပြောင်းခဲ့ပြီးတဲ့နောက် ဇန်န၀ါရီလ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တောင်ငူထောင်ကနေ ပြန်လည် လွတ်မြောက်လာတာ ဖြစ်ပါတယ်။ Source: Voa burmese

နိုင်ငံရေးအကျဉ်းသားဟောင်း ထောင်တွင်းနှိပ်စက်မှုကြောင့် သေဆုံး

ကြာခင်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်သားဟောင်း ကိုသက်နွယ် (ခ) ကိုငြိမ်းလူဟာ ဇန်န၀ါရီလ ၂၂ ရက်နေ့က ကွယ်လွန်သွားပါတယ်။ သူဟာ စစ်ကြောရေးကာလနဲ့ အကျဉ်းထောင်တွင်း နှိပ်စက်ညှင်းပမ်းမူ ဒဏ်တွေကြောင့် မကျန်းမမာဖြစ်ပြီး အခုလို သေဆုံးခဲ့တာလို့ မိသားစုဝင်တွေက ပြောပါတယ်။ ဒီအကြောင်းကို မအေးအေးမာက တင်ပြထားပါတယ်။ မတရားအသင်းနဲ့ ဆက်သွယ်မှုပုဒ်မ (၁၇/၁) အပါအ၀င် လက်နက်မှုတွေနဲ့ ထောင်ဒဏ် ၃၈ နှစ် ချခံထားရတဲ့ ကိုသက်နွယ်ဟာ မြန်မာအစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ အင်းစိန် အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ သူ ပြန်လည် လွတ်မြောက်လာချိန်မှာ စိတ်ဝေဒနာနဲ့ အသဲရောဂါတွေ ခံစားပြီး ပြန်လွတ်လာတာ ဖြစ်ကြောင်း အစ်မဖြစ်သူက ပြောပြပါတယ်။ “သူ ထောင်ထဲကနေပြီးတော့ လွတ်ပြီးတော့ ထွက်လာချိန်မှာ လုံးဝ လမ်းမလျှောက်နိုင်ဘူး။ စကား မပြောနိုင်ပါဘူး။ ထောင်ထဲကနေ သူ့ကို ထောင်ဗူးဝထိ ဆိုက်ကားနဲ့ ပို့ရတယ်။ လူတွေ သူ့ကို အပြင်ရောက်အောင် ဆွဲထုတ်ယူရတယ်။ အဲဒီမှာကတည်းက သူဟာ ရောဂါ ဝေဒနာကို အသည်းအသန် ခံစားပြီးတော့ အစ်မကိုတောင် မသိတသိ အဖြစ်မျိုးနဲ့၊ သူ ပြန် ထွက်လာပြီးပြီးချင်းမှာ ဘားလမ်းမှာရှိတဲ့ ကျမတို့ ဒေါ်အောင်ဆန်းစုကြည်ကို ကုပေးနေတဲ့ ဒေါက်တာခင်မျိုးဝင်းရဲ့ ဘားလမ်းဆေးရုံကို သူ့ကို တင်ပါတယ်။ အသည်း လုံးဝ ပျက်စီးနေတယ်လို့ ပြောပါတယ်။ ဒါကလည်း စစ်ကြောရေးတုန်းက ရင်ဝတွေ၊ နံရုံးတွေကို သူတို့ ဖိနပ်နဲ့ကန်ထားတာ။ အဲဒီလိုမျိုး အမျိုးမျိုး နှိပ်စက်မှုတွေကြောင့်လည်း စစ်ကြောရေးမှာကတည်းက သူ ခံစားလာရတဲ့ ဒုက္ခတွေဟာ ထောင်ထဲမှာလည်း သူ ဆက်ခံစားရတာ။” ကိုသက်နွယ်ဟာ ၂၀၀၂ ခုနှစ်လောက်က ထိုင်း-မြန်မာ နယ်စပ်က NLD လွတ်မြောက်နယ်မြေရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပြည်တွင်းက ဖခင်ဖြစ်သူ ကွယ်လွန်သွားတဲ့အတွက် ပြည်တွင်းကို ပြန်လာချိန်မှာ အဖမ်းဆီးခံခဲ့ရတာပါ။ သူ့ကိုဖမ်းဆီးစဉ်က လက်နက်နဲ့ စာရွက်စာတမ်းတွေ ဘာမှ ရှာဖွေတွေ့ရှိခြင်း မရှိပေမဲ့ လက်နက်တွေ ဖွက်ထားတယ် ဆိုပြီး စစ်ကြောရေးမှာ နှိပ်စက်ညှင်ပမ်းမှုတွေ ခံခဲ့ရကြောင်း အစ်မဖြစ်သူက ပြောပါတယ်။ “သူ ထောင်ထဲကို စ၀င်ကတည်းက ထောက်လှမ်းရေး (၂၆) ဗိုလ်ခင်ညွှန့်တပ်ကနေ ပြီးတော့ သူ့ကို စစ်ကြောရေး လုပ်ပါတယ်။ အဲဒီမှာကတည်းက သူ့ရဲ့ အပေါ်သွားတွေ၊ အောက်သွားတွေ အကုန်လုံး ရိုက်ချိုးခံရတယ်။ အာရုံကြောတွေ အားလုံး အဲဒီမှာ တော်တော်လေး ထိခိုက်ခဲ့တယ်။ နောက်ဆုံးမှာ မစင်ကန်ထဲမှာတောင် ခေါင်းနစ်ပြီး သူ့ကိုစစ်ဆေးခဲ့တယ်။ ထောင်ထဲမှာ သူ တော်တော်လေး ခံစားခဲ့ရပါတယ်။ အာရုံကြောတွေ ချို့ယွင်းပြီးတော့ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ စိတ်ရောဂါကု ဆေးရုံကိုတောင်မှ နှစ်ခါလောက် သူ့ကို ထုတ်ရပါတယ်။ ခဏခဏလည်း သတိလစ်ပြီးတော့နေတဲ့ အတွက်ကြောင့်လည်း ရန်ကုန် ပြည်သူ့ဆေးရုံကြီးကိုလည်း ထုတ်ပြီးတော့ ဆေးကုသပေးပါတယ်။ အခုနောက်ဆုံး သူ လွတ်မယ့်လပိုင်းမှာတော့ သူ့ရဲ့ အသည်းရောဂါကြောင့် အသည်းရောင်ပြီးတော့ ဗိုက်ကြီးက တအားပူပြီးတော့ မာတင်းပြီးတော့ မခံမရပ်နိုင် ဖြစ်တဲ့အတွက်ကြောင့်မိုလို့ ထောင်ထဲကနေ အင်းစိန် ပြည်သူ့ဆေးရုံကြီးကို ပို့တယ်။ ဒါပေမဲ့လည်း အင်းစိန် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသတာက မပြည့်မစုံတဲ့အတွက်ကြောင့် လုံးဝ မသက်သာဘူး။ မသက်သာတဲ့အထဲမှာမှ သူ့ကို အထဲကို နောက်တစ်ခေါက် ပြန်ပြီးတော့ ရောဂါမသက်သာဘဲနဲ့ ထောင်ထဲကို ပြန်သွင်းခံရပါတယ်။ အသွင်းခံရပြီးတဲ့နောက်မှာလည်း နောက် တစ်ရက်လောက် ကြာတဲ့အခါမှာ သူ ထောင်ထဲမှာ သတိလစ် မေ့မျောသွားပါတယ်။” အစ်မဖြစ်သူကလည်း မောင်ဖြစ်သူကို လက်ခံမှုတွေနဲ့ ထောင်ဒဏ် ချမှတ်ခံခဲ့ရပြီး အကျဉ်းထောင်ထဲမှာ ၄ နှစ်ကျော် နေထိုင်ခဲ့ရပါတယ်။ တကယ်တော့ ကိုသက်နွယ်ဟာ စိတ်ဓါတ်မာသူ တစ်ဦးဖြစ်ပြီး ထောင်ကျချိန်မှာ ဘာရောဂါမှ မရှိခဲ့ဘူးလို့လည်း အစ်မဖြစ်သူက ဆိုပါတယ်။ “ငါ့ကို ထောင်ထဲမှာ ဖမ်းထားရုံသာမကဘူး၊ ငါ့ကို နို့ဆီခွက်ထဲ ထည့်ထားလည်း ငါ နိုင်ငံရေးသမား၊ နိုင်ငံရေးပဲ ငါ ဆက်ပြီးတော့ လုပ်နေမှာပဲ ဆိုတဲ့စကားကြောင့် သူ့ဟာ စိတ်ဓါတ် အင်မတန် ပြင်းထန်ပြီးတော့ ဖျက်ဖျက်လက်လက်နဲ့ ဘာရောဂါမှ မရှိတဲ့သူ တစ်ယောက်ပါ။ ဒါပေမဲ့ အဲဒီထောင်ထဲမှာ ဆေးတွေထိုးလား၊ ဒါမှမဟုတ် သူသောက်တဲ့ ရေသန့်ဗူးထဲကိုပဲ ဆေးတွေ ထည့်သလား။ အဲဒီအခြေအနေမှာ ကျမတို့က ထောင်ထဲမှာလုပ်တဲ့ ကိစ္စတွေကို မသိတဲ့အတွက်ကြောင့်မိုလို့ သူ ဘယ်လိုဖြစ်သွားတယ်ဆိုတာကို ကျမ မသိဘူး။ ကျမ မောင်လေးကို မတရားပုဒ်မတွေတပ်၊ စစ်ကြောရေးမှာရော၊ ထောင်ထဲမှာရော အမြဲ နှိပ်စက်ပြီးတော့မှ သေဆုံးရတဲ့သူမျိုး ထပ်ပြီးတော့ မဖြစ်အောင် တောင်းဆိုချင်ပါတယ်။” ကိုသက်နွယ် ထိန်းသိမ်းခံရစဉ် ၁၀ နှစ်လောက်အတွင်းမှာ ၉ နှစ်လောက်က ထောင်ဆေးရုံကို ဆက်တိုက် တက်နေရပြီး ထောင်တွင်းမှာ ဆေးဝါးကုသမှု သေချာစွာ မရခဲ့ဘူးလို့လည်း ဆိုပါတယ်။ ကိုသက်နွယ်ကို အပြင်ဆေးရုံမှာ သေချာကုသခွင့် မရခဲ့တာကြောင့် ကျန်းမာရေး အခြေအနေဟာ ပိုမို ဆိုးရွားလာခဲ့ပြီး ထောင်က ထွက်တာနဲ့ ၁၀ ရက်အကြာမှာပဲ သေဆုံးရခြင်း ဖြစ်တယ်လို့ မိသားစုက ဆိုပါတယ်။ သူရဲ့ဈာပနကို လာမယ့် ၂၄ ရက်နေ့မှာ ရေဝေးသုသာန်မှာ သဂြုင်္ိဟ်မယ်လို့ ပြောပါတယ်။ Source: Voa burmese

အင်န်အယ်လ်ဒီထံမှ ရရှိသည့်စာရင်းကို စိစစ်ကာ ၃၀၂ ဦးကို လွှတ်ပေးခဲ့ဟုဆို

ယခုလ ၁၂ ရက်နေ့က ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် နှင့် SNLD မှ ဦးခွန်ထွန်းဦး တို့ အပါ အ၀င် အကျဉ်းသားပေါင်း ၆၅၁ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ အရ သမ္မတ၏ လုပ်ပိုင်ခွင့်ကို အသုံးပြုခြင်းဟု ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက ယခုလ ၁၄ ရက်က နေပြည်တော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။ "ဥပဒေအရ အရေးယူခံထားရတဲ့သူတွေထဲမှာ ပြန်ကြည့်တဲ့အခါ အခြေအနေ တစ်ခုကြောင့်သော်လည်းကောင်း၊ အချိန်အတိုင်းအတာ တစ်ခုအရသော် လည်းကောင်း၊ နိုင်ငံတော်တည်ငြိမ်အေး ချမ်းမှုကို အန္တရာယ်မပေးနိုင်တော့တဲ့ သူလို့ ၊ မထိပါးနိုင်တော့ဘူးလို့ ယူဆလို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးတာဖြစ်ပါတယ်"ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပြောသည်။ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ် တို့၏ ပယောဂများ၊ တိုက်တွန်းချက်များကြောင့် ဆောင်ရွက် ခဲ့ခြင်းမဟုတ်ဘဲ စစ်မှန်သော ရည်ရွယ်ချက်များနှင့်အညီ လွှတ်ပေးသင့် လွှတ်ပေးထိုက်သူများကို စိစစ်ပြီး စိတ်ရင်းစေတနာအမှန်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ အရ သမ္မတအနေဖြင့် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏သဘောတူညီချက် မလိုဘဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်သကဲ့သို့ ပြစ်ဒဏ်များကိုလည်း လျှော့ပေးနိုင်ကြောင်း သိရသည်။ ထိုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် အီးယူ၊ အေအေပီပီ၊ သံတမန်များနှင့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများမှတစ်ဆင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများစာရင်းကို ပေးပို့ခဲ့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပေးပို့သော အင်အား ၆၀၄ ဦး စာရင်းအား စိစစ်၍ လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ "တစ်ဖက်နိုင်ငံအခြေစိုက် အေအေပီပီ(နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့)က စာရင်းကို အင်တာနက်ကရှာတာ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူ ၂,၀၀၀ ကျော်ရှိပါတယ်" ဟု ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ပြောသည်။ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် စာရင်းကို အပြန်ပြန်အလှန်လှန်စိစစ်ရာတွင် စိစစ်၍မရသည်များရှိကြောင်း၊ နာမည်စာရင်းထပ် နေခြင်း၊ အချက်အလက်မပြည့်စုံခြင်းများရှိကြောင်း၊ ထို့ အပြင် အဆိုပါစာရင်းတွင် ပြစ်မှုကြီး ၁၀ မျိုးစာရင်းတွင်ပါဝင်သော ရာဇ၀တ်မှု ကျူးလွန်သူများလည်းပါဝင်နေကြောင်း ၎င်းက ပြောသည်။ "ဒါကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က စာရင်းအရလွှတ်ပေးလိုက်တာပါ"ဟု ပြည်ထဲရေးဝန်ကြီးက ပြောသည်။ "ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ စာရင်းရှိရင် ပေးပါ။ ကျွန်တော် ပြည်ထဲရေးဝန်ကြီးဌာနက စိစစ်ပြီး လုပ်ဆောင်ပေး ပါ့မယ်" ဟု ၎င်းက ပြောသည်။ အဖွဲ့ချုပ်မှ အင်အား ၆၀၄ ဦးစာရင်း ပေးပို့ထားသော်လည်း လက်ရှိ အကျဉ်း ကျခံနေရသူ ၄၂၁ ဦး၊ အချုပ်သားကိုး ဦး၊ ပေါင်း ၄၃၀ သာရှိပြီး ၁၀၇ ဦးမှာ လွတ်ငြိမ်းချမ်းသာခွင့်အသီးသီးနှင့် ရက်စေ့၍ လွတ်မြောက်သွားခဲ့ကြောင်း၊ ၁၃ ဦးမှာ အမည်ထပ်နေပြီး ၅၁ ဦးမှာ အချက်အလက် မပြည့်စုံသဖြင့် စိစစ်မရကြောင်း၊ သေဆုံးသူတစ်ဦးနှင့် သာသနာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးသူနှစ်ဦး ရှိကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောသည်။ အဆိုပါ လက်ရှိအကျဉ်းကျနေသူ ၄၃၀ မှ ၃၀၂ ဦးအား နိုင်ငံတော်တည် ငြိမ်ရေးနှင့် အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေး အတွက် နိုင်ငံရေးလုပ်ငန်း စဉ်များတွင် ပါဝင်နိုင်ရန် လွတ်ငြိမ်းချမ်း သာခွင့်ပြုပေးခဲ့ပြီး ၁၂၈ ဦးမှာမူ ရာဇ၀တ် ပြစ်မှုကြီးများကို ကျူးလွန်ထားသူများ ဖြစ်သဖြင့် လွတ်ငြိမ်းချမ်းသာခွင့်၏ ရည်ရွယ်ချက်နှင့် အကျုံးမ၀င်သောကြောင့် တရားဥပဒေစိုးမိုးရေး အတွက်အလို့ငှာ ဆက်လက်ထိန်းသိမ်းထားရှိသည်ဟု ပြောသည်။ ၎င်းက မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများမရှိကြောင်း ငြင်းဆိုသွားပြီး နိုင်ငံရေးလှုပ်ရှားမှုကြောင့် အရေးယူသည့်ဥပဒေမရှိ ကြောင်း၊ တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်၍သာ အရေးယူခဲ့ရသည်များသာရှိကြောင်း ပြောသည်။ လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် အခါကြီးရက်ကြီးများတွင်သာ ပြုသည် မဟုတ်ဘဲ အခြေအနေ၊ အချိန်အခါပေါ်တွင်သာ မူတည် ကြောင်း၊ လွှတ်ပေးရာတွင် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပါဝင်ခွင့်ရရှိမည်ဖြစ်သည်ဟု ၎င်းကပြော ကြားသည်။ ထို့ပြင် ထောင်မှလွတ်မြောက်လာ သူများကို စောင့်ကြည့်ခြင်းမရှိကြောင်း၊ နိုင်ငံရေး၊ စီးပွားရေးအရအမည်ပျက် စာရင်းဝင်သူ များကိုသာ စောင့်ကြည့်ကြောင်း၊ အမည်ပျက်စာရင်းထဲ မပါဝင်သော်လည်း ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူတို့၏ အသက်၊ အိုး အိမ်၊ လုံခြုံရေးအပိုင်းများ အားလုံးကို စောင့်ကြည့်နေမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ "ဒီလိုလွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အခါ သမ္မတနဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီတို့ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်လုပ်တာပါ" ဟု ဒုတိယဗိုလ်ချုပ် ကြီးကိုကိုက ပြောသည်။ Source: Myanmar Time