Sunday, April 7, 2013

လူမျိုးနှင့် သာသနာမပျောက်လိုပါလျှင်

လူမျိုးနှင့် သာသနာမပျောက်လိုပါလျှင် အရှင်သဒ္ဓမ္မ၀ံသ - ဇလွန် ------------------------------------------------- သိဒ္ဓတ္ထသည် ဗုဒ္ဓဘာသာမဟုတ်ဆိုတာ လူတိုင်းမေ့နေကြသည်၊ ဟိန္ဒူမိဘ နှစ်ပါးကမွေးဖွားလာသူဖြစ်သည်၊ သူသည် ဗုဒ္ဓဘာသာ ဆိုတဲ့ ဘာသာတစ်ခုကို တည်ထောင်မည်ဟူသောရည်ရွယ်ချက် ဖြင့် တောထွက်ကာ တရားကျင့်ခဲ့သည်မဟုတ်၊ သူ့ရဲ့ရည်ရွယ် ချက်ကား လောကတ္ထစရိယ လောကကြီးတစ်ခုလုံးတွက်ဖြစ်သည်၊ တိဏ္ဏော တာရေယျံ၊ အိုလိုက် နာလိုက်သေလိုက်နဲ့ လည်ပတ် နေတဲ့ သံသရာမှ ငါကူးမြောက်နိုင်သလို သတ္တ၀ါအားလုံးကူးမြောက် နိုင်ရမည်။ မုတ္တော မောစေယျံ ၊ သံသရာမှ ငါလွတ်မြောက်သလို သတ္တ၀ါတွေလည်းလွတ်မြောက်စေရမည်။ ဗုဒ္ဓေါ ဗောဓေယျံ ၊ သစ္စာတရားကို ငါသိသလို သတ္တ၀ါတွေသိစေရမည်ဆိုတဲ့ရည် ရွယ်ချက်တွေနဲ့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိုင်အောင် အသွေး အသား အသက်တွေပေးလှူကာ ပါရမီဖြည့်ကျင့်ခဲ့ရသည်..။မဟာ သက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ နံနက်မိုးသောက်ချိန် မှာ လောကမှာအတုမရှိတဲ့ သဗ္ဗညုဘုရားအဖြစ်ကိုရောက်တော်မူ ခဲ့သည်၊ ၄၅ နှစ်ပတ်လုံး သတ္တ၀ါတွေကို သစ္စာတရားတို့ဖြင့် မသေ ရာလမ်းကိုပြသခဲ့သည်၊ ၄၅ နှစ်ဆိုသောအချိန်သည် တိုတောင်းလှ ပါသည်၊ သတ္တ၀ါတွေ တရားရဖို့ကျန်နေသေးသည်၊ ထိုကျန်နေ သေးသောသူတွေအတွက် သာသနာ ငါးထောင်ဆိုတာ တပည့် ရဟန်းတွေရဲ့လက်ထဲ ပိဋကတ်တွေနဲ့ ထားခဲ့ရသည်။ ပိဋကတ် တွေရှိနေသရွေ့ သူ့ရဲ့တရားတွေကို သူ့တပည့်တွေကျင့်နေသေး သရွေ့ဘယ်တော့မှ သာသနာမကွယ်ပေ။ မြန်မာပြည်မှာ မြန်မာ လူမျိုးတွေပျောက်သွားပေမယ့် ဗုဒ္ဓဘာသာကတော့ ဘယ်တော့ မှမပျောက်ပေ၊ မြန်မာပြည်မှာ ဗုဒ္ဓဘာသာပျောက်သွားသော်လည်း ထိုင်း သီရိလင်္ကာ လာအို ကမ္ဗောဒီယားစသော နိုင်ငံများမှာ ဗုဒ္ဓ ဘာသာ ဆက်လက်ရှိနေဦးပေမည်။ ဒါကြောင့် ဗုဒ္ဓဘာသာပျောက် မှာစိုးရိမ်နေကြသော ဘာသာချစ်သူ သူတော်ကောင်းများသည်၊ ဘုရားမကြိုက်သော သူတပါးကိုးကွယ်ရာဝတ်ကျောင်းများကို မီးရှို့ဖျက်စီး လူမသတ်ဘဲ သူ့လူကိုယ့်ဘက်ပါအောင် ဘုရား လောင်းတို့ပါရမီဖြည့်သောနည်း လူမှုရေးများကိုဆောင်ရွက် ခြင်းဖြင့် သာသနာပြုမည်လော၊ ဘုရားရှင်တို့၏နည်း တရား ဓမ္မကို ပြသခြင်းဖြင့် သာသနာပြုကြမည်လော...ကျွ်နှစ်နည်း ဖြင့်သာ သာသနာပြုကြလျှင် မြန်မာပြည်သာသနာနေလို လလို ထွန်းလင်းပြောင်၍ ငြိမ်းချမ်းခြင်းကိုရရှိပေမည်။ နောက်ဆုံး ပြောချင်တာက ၁။ လူမျိုးမပျောက်ချင်ရင် ကိုယ့်လူမျိုးချင်း အိမ်ထောင်ပြု ။ ၂။ ဘာသာမပျောက်ချင်ရင် သူတော်ကောင်း တို့နည်းဖြင့်သာသနာပြု ။ဟူ၍ အကြံပေးလိုက်ပေတော့သတည်း။

No comments: