ဒေါ်အောင်ဆန်းစုကြည်ဟာ သားငယ်ကိုထိန်လင်းနဲ့ အတူ ဇူလိုင်လ ၁၂ရက် နံနက် ၇ နာရီက ရွှေတိ...ဂုံစေတီတော်မြတ်ကြီးအား ဖူးမျှော် ကြည်ညိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ သားငယ်တို့ ဟာ ရွှေတိဂုံစေတီတော် မြတ်ကြီး ရဲ့ မြောက်ဘက် စောင်းတန်း မှ တက်ရောက်ပြီး ရင်ပြင်တော်ပေါ်ရှိ အင်္ဂါထောင့်မှာ ပန်းရေချမ်း ကပ်လှူ ပူဇော်ပါတယ် ။ စေတီတော်ကြီးအား ရင်ပြင်တစ်ပတ် လှည့်လည်ကာ ဖူးမျှော် ပြီး မြောက်ဖက် စောင်းတန်းကဆင်းကာ အာဇာနည်ဗိမာန် ကို သွားရောက်ခဲ့ပါတယ်။ ဖခင် ဖြစ်သူ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကို ရည်စူးပြီး ပန်းစည်းချ ကာ ဂါရ၀ပြုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ်တို့ဟာ ရွှေတိဂုံဘုရားလမ်းရှိ မိခင်ကြီး ဒေါ်ခင်ကြည်ရဲ့ အုတ်ဂူ ကိုလည်း သွားရောက်ပြီး ပန်းစည်း များချကာ ဂါရ၀ခဲ့ပါတယ်။
Source: NLD Face book
No comments:
Post a Comment