မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေ
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ပြည်ထောင်စု ခရီးစဉ်အတွက် မြန်မာနိုင်ငံမှ စက်တင်ဘာလ ၁၆ ရက်နေ့ ညပိုင်းတွင် လေကြောင်းဖြင့် ထွက်
ခွာသွားရာ စက်တင်ဘာလ ၁၇ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီ သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုတွင် လက်ရှိ၌ ရောက်ရှိနေသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ၀ါရှင်တန်ဒီစီတွင် စက်တင်ဘာလ ၁၈ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်းနှင့် တွေ့ဆုံမှုတွင် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။
Ref: Eleven Media Group
No comments:
Post a Comment