Sunday, August 3, 2014
ရှော့ပ်ဘားမကောင်းသော လက္ခဏာများ
ရှော့ပ်ဘားမကောင်းသော လက္ခဏာများ
ဆပ်စပင်းရှင်း အောက်ပိုင်းဖွဲစည်းမှုစနစ်တွင် ရှော့ပ်ဘား ဧ။် လုပ်ဆောင်ချက်များ ပါဝင်နေခြင်းကြောင့် ရှော့ပ်ဘားမကောင်းပါက နောက်ဆက်တွဲ ဆိုးကျိုး များစွာကို ဖြစ်ပေါ်စေနိုင်ပါသည်။ထို့ကြောင့် ဒုက္ခ အန္တာရယ်များမှ ကင်းစေနိုင်ရန် ရှော့ပ်ဘားမကောင်းသော လက္ခဏာအချို့ ကို ဖော်ပြပေးလိုက်ရပါသည်။
၁။ ကားစီးရသော ခံစားမှုမှာ ခါတိုင်းနှင့် မတူပဲ ပို၍လှုပ်ခါနေခြင်း
၂။ လမ်းကြမ်းများတွင် ကားကိုယ်ထည် တစ်ခုလုံး ခုန်လွန်းနေခြင်း။
၃။ လမ်းအကွေ့များတွင် ယိမ်းထိုးနေခြင်း။
၎။ ရုတ်တရက် ဘရိတ်အုပ်လိုက်ပါက ကားခေါင်းပိုင်း ဦးစိုက်သွားခြင်း။
၅။ ကားအရှိန်မြင့် ၍ လီဗာတင်လိုက်လျှင် ကာနောက်ပိုင်းဖင့်ထိုင်ကျသွားခြင်း။
၆။ ကားရှေ့ဘီး ရှောပ်ဘား ဘောလ်ထိုင်နေရာတွင် လက်နှင့် အားစိုက်ပြီး ဖိချကြည့်ပါက ပျော့လွန်းနေပြီး ကားဦးခေါင်းပိုင်းမှာ ခုန်ဆွခုန်ဆွ ဖြစ်သော အကြိမ်ရေများနေခြင်း။
၇။ အချို့ ရှော့ပ်ဘားများမှာ မူမမှန်ဘဲ မာလွန်းနေခြင်း။
၈။ ရှော့ပ်ဘားအထိုင်ရာဘာ ဘွတ်နှင့် နတ်တိုင်များ ချောင်နေခြင်း။
၉ ။ ဟိုက်ဒြောလစ်ရှော့ပ်ဘားများတွင် ဆီယိုနေခြင်း။
တို့ဖြစ်သည်။
ရှော့ပ်ဘားအဟောင်းများကို ပြန်လည်ပြုပြင် သုံးစွဲခြင်းသည် လဲ ကုန်ကျစရိတ်သက်သာသော်လဲ ကြာရှည်မခံနိုင်ပါ။
အချို့ ကားများတွင် မူလ အော်ရီဂျင်နယ် ရှော့ပ်ဘား များကိုသာ အသုံးပြု သင့်ကြောင်း အကြံပေးလိုက်ရပါသည်။
No comments:
Post a Comment