Thursday, October 13, 2011

ဦးခင်ညွန့် မြေးလေးတွေ ကျောင်းကောင်းကောင်း မတက်ရလို့ သနားပါတယ်

ဦးခင်ညွန့် မြေးလေးတွေ ကျောင်းကောင်းကောင်း မတက်ရလို့ သနားပါတယ် ၊
လို့ ပြောနေတဲ့ လူတွေ ဒီကလေးလေးကို ကြည့်ပါ..... မိဘ ရှိပါလျှက် အဖေနဲ့အမေ ဆိုတဲ့ စကားကို သူ့မှာ အခုချိန်ထိ ခေါ်ဆိုပိုင်ခွင့် မရှိသေးဘူး ။

ဦးခင်ညွန့်ကို သူရဲကောင်သဖွယ် ချီးကြုးပြောဆိုသံတွေ ကြားတိုင်း.. သူကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ အပြစ်မဲ့ ကျောင်သားကျောင်းသူတွေ အတွက် ရင်နာမဆုံးဖြစ်မိတယ် ခင်ဗျာ ။

လူသားချင်း စာနာထောက်ထားစိတ်နဲ့ သူ့ကို လွတ်မြောက်စေလိုတာ မှန်ပေမယ့် သူတော်ကောင်းတစ်ယောက်လိုတော့ မချီးကြူးကြပါနဲ့အုံး.......လို့​ လေးစားစွာ မေတ္တာရပ်ခံချင်ပါတယ် ။




နိုင်ငံရေး အကျဉ်းသားမျ�

မိဘ ရှိပါလျှက် အဖေနဲ့အမေ ဆိုတဲ့ စကားကို သူ့မှာ အခုချိန်ထိ ခေါ်ဆိုပိုင်ခွင့် မရှိသေးတဲ့ ဘ၀လေး....... ဘယ်လောက် ရင်နင့်စရာ ကောင်းလိုက်မလည်း ။

တွေးလိုက်တိုင်း မျက်ရည်ကျမိတယ်........။

မင်းမိဘတွေရဲ့ လက်ကို တဖက်စီတွဲပြီး အနာဂတ် ဘ၀ခရီးလမ်းကို လျှေက်လှမ်းနိုင်ပါစေ ကလေးလေးရေ.....။


သူတို့တတွေဟာ အခု သမ္မတကြီးတို့ ကြွေးကြော်နေတဲ့ ဒီမိုကရေစီ တိုင်းပြည်ကြီး ထူထောင်နိုင်အောင် ရှေ့ဆုံးက ဦးဆောင်လမ်းပြနေကြသူတွေပါ ။ ထိုအချိန်က သမ္မတကြီးနှင့် အပေါင်းအပါများက အာဏာရှင် စနစ်ကို ကျင့်သုံးတာ အမှန်ပါလို့ ထင်နေကြချိန်ဖြစ်လို့ ရန်သူလို့ ထင်ကာ မတရားသော ပုဒ်မ အမျိုးမျိုးတပ်ကာ ဖမ်းဆီးချုပ်နှောင် ခံနေကြရသူတွေပါ ။ တကယ်တော့ သဘောထား အယူအဆ မတူညီမှုကို ရှုထောင့် တဖက်တည်းက ကြည့်ခဲ့ကြလို့ ကျနော်တို့ တိုင်းပြည်ဟာ တပါးသော တိုင်းပြည်များထက် အစစ အရာရာ နောက်ကျ ကျန်ခဲ့ရတာပါ ။ အခုဆိုရင် အစိုးရအသစ်က ဒီမိုကရေစီ နိုင်ငံတော်ကြီး ထူထောင်နေပါတယ်လို့ ကြွေးကြော်ထားလို့ သူတို့တွေနဲ့ ရည်ရွယ်ချက်တွေ တူညီနေကြပြီ ဖြစ်တဲ့ အတွက် သူတို့ကို အမြန်ဆုံးပြန်လွှတ်ပေးကြပါလို့ လေးစားစွာ မေတ္တာရပ်ခံချင်ပါတယ် ခင်ဗျာ ။ သမ္မတကြီးတို့ အဖွဲ့က ဖမ်းဆီးထားတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများကို ပြန်လွှတ်ပေးရင် စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းပေးပါ့မယ်လို့ အတိအလင်းကြေငြာထားလို့ တိုင်းပြည် အကျိုးစီးပွားကို တကယ်ဖွံ့ဖြိုး တိုးတက်စေချင်တဲ့ စေတနာ မှန်ရင်တွေဝေ နေစရာ အကြောင်း မရှိဘူးလို့ ထင်မြင်ယူဆမိပါတယ် ခင်ဗျာ ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများကို ဆက်လက် ချုပ်နှောင်ထားသမျှ ဒီမိုကရေစီ ၀ါဒကို ကျင့်သုံးပါတယ်လို့ ပါးစပ်က အမြုပ်ထွက်အောင် အော်နေလည်း ပြည်သူလူထုက ယုံကြည်ဖို့ ခက်နေကြလို့..... လွှတ်ငြိမ်းချမ်းသာခွင့်ရက်ကို စောင့်မျှော်နေပါတယ် ခင်ဗျာ


Source: Burma Thwe

No comments: