Saturday, February 4, 2012

မြန်မာတို့ ရဲ့ ပထမဆုံးများ

မြန်မာတို့ ရဲ့ ပထမဆုံးများ ၁။ ပထမဆုံး သမ္မတ = စ၀်ရွှေသိုက် ၂။ ပထမဆုံး ၀န်ကြီးချုပ် = ဦးနု ၃။ ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး ၄။ ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာ မင်းသားနှင့် မစ္စတာလိန်း ( ဒေါက်တာ ဆင်မျူရယ် ဂျွန်ဆင်၏ အင်္ဂလိပ် အဘိဓာန်ကို ပြန်ဆို ) ၅။ ပထမဆုံး သိပ္ပံ စာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင် ၆။ ပထမဆုံး အမျိုးသား ကောလိပ်မှ ၀ိဇ္ဖာဘွဲ့ ရသူ = ဆရာကြီး ဦးရာဇာတ် ၇။ ပထမဆုံး အင်ဂျင်နီယာ = ဖန်ချက်ဝန် ဦးရွှေအိုး ၈။ ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ = ဆရာတော် ဦးဥတ္တမ ၉။ ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီး = ဒေါ်ဦးဇွန်း ၁၀။ ပထမဆုံး ရုပ်ရှင်သရုပ်ဆောင် = ဦးညီပု ၁၁။ ပထမဆုံး မြန်မာ့ရုပ်ရှင်ထူထောင်သူနှင့် ဒါရိုက်တာ = လန်ဒန်အတ် ဦးအုန်းမောင် ၁၂။ ပထမဆုံး မြန်မာ့ရုပ်ရှင် ထုူးချွန်ဆုရ မင်းသား = ကျော်စိုး ၁၃။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ မင်းသမီး = ကြည်ကြည်ဌေး ၁၄။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရကလေးသရုပ်ဆောင် = အောင်ထွန်းလေး ၁၅။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသား = ဦးကျောက်လုံး ၁၆။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသမီး = ဒေါ်မေနွဲ့  ၁၇။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဒါရိုက်တာ = ဦးသုခ ၁၉။ ပထမဆုံး နိုင်ငံခြားရောက်ဆိုင်းဆရာ = စိန်ဗေဒါ ၂၀။ ပထမဆုံး ကာလပေါ်ဝတ္တုရေး စာရေးဆရာ = ဂျိမ်းစ်လှကျော်(မောင်ရင်မောင် မမယ်မ၀တ္တု) ၂၁။ ပထမဆုံး သတင်းစာ ဆရာမ = အင်ဒီပင်းဒင့်ဒေါ်စန်း ၂၂။ ပထမဆုံး ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာကထိက = ဒေါက်တာဘမော် ၂၃။ ပထမဆုံး ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး = ပါမောက္ခ ဦးဖေမောင်တင် ၂၄။ ပထမဆုံး စတီရီယို အဆိုတော် =တက္ကသိုလ် ထွန်းနောင် ၂၅။ ပထမဆုံး လေသူရဲ = မီးပုံးပျံ ကျော်ရင် ၂၆။ ပထမဆုံး စက်ရုပ်တီထွင်သူ = ဦးကြည် ၂၇။ ပထမဆုံး နယ်လှည့်ဇာတ်သဘင် = ဂရိတ်ဦးဘိုးစိန် ၂၈။ ပထမဆုံး မြန်မာလူမျိုး ဟိုက်ကုတ်တရားဝန်ကြီးချုပ် = ဒေါက်တာဆာမြဘူး(၁၈၈၅-၁၈၈၆) ၂၉။ ပထမဆုံး မြန်မာပါရဂူ = ဒေါက်တာဘဟန် ( ၁၈၉၀-၁၉၆၉) ( ပြင်သစ်နှင့်ဂျာမနီပြန်) ၃၀။ ပထမဆုံး ညွှန်ကြားရေးမှူးချုပ်နှင့် အဏုမြူစွမ်းအင် ဦးစီးဌာနတည်ထောင်သူ= ဒေါက်တာ တင်လှိုင် ၃၁။ ပထမဆုံး မြန်မာ ကာတွန်းဆရာ = ဥိးဘကလေး ( ဦးရွှေကလေး) ၃၂။ ပထမဆုံး မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဌ = ပညာမင်းကြီး စည်သူဦးကောင်း ၃၃။ ပထမဆုံး ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် = ဒေါက်တာ တင်မောင် ၃၄။ ပထမဆုံး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ( ဗ - က - သ ) ဥက္ကဌ = ဦးရာရှစ် ၃၅။ ပထမဆုံး ကျားကစားနည်း စာအုပ်ရေးသူ = စာရေးဆရာချစ်ဦးညို(၁၉၂၄ - ၁၉၈၇) ၃၆။ ပထမဆုံး လူမူထူးချွန်ဆု ပထမဆင့်ကို ရရှိသူ အမျိုးသမီး = ဟာဂျီမပျဉ်းမနား ဒေါ်ပု ၃၇။ ပထမဆုံး ဖလောရင့်နိုက်တင်ဂေးဆုရရှိသူ = ဗိုလ်မှူးဒေါ်ခင်အုန်းမြ (ခ)စာရေးဆရာမကြီး မြမာလာ ၃၈။ ပထမဆုံး မြန်မာ ကိုယ်ခန္ဓာအလှူရှင် = ဦးဝင်းမြင့်(မန္တလေး) ၃၉။ ပထမဆုံး မြန်မာ ကုလသမဂ္ဂအတွင်းေ၇းမှုး= ဦးသန့်  ၄၀။ပထမဆုံး မြန်မာနိုဘယ်လ်ဆုရှင် = ဒေါ်အောင်ဆန်းစုကြည် Source: Zaw Min Tun facebook

No comments: