Monday, April 30, 2012

ဦးနှောက်​ကို​ထိခိုက်​ပျက်စီး​စေသော​အမူအကျင့်(၉)ချက်

နံနက်စာ မ​စား​တဲ့​သူ​တွေ ဟာ သွေး​ထဲ​မွာ ​သကြား​ဓာတ်​ပမာဏ​နည်းပါး​တတ်​ပါ​တယ်။သကြား​ဓာတ် ပမာဏ နည်း လို့ ဦး​နှော​က်ို လုံလောက်​တဲ့ အ​ဟာ​ရ မ​ပံ့ပိုး​ပေး​နိုင်​လို့ ဦးနှောက်​ကို ယိုယွင်း​စေ​ပါ​တယ်။ * **အစား​အလွန်​အ​ကျွံ​စား​သုံး​ခြင်း။* အစာ​ကို အလွန် အ​ကျွံ​စား​သုံး​တဲ့​အခါ ဦးနှောက်​သွေး​လွတ်​ကြော​ကို မာ​စေ​ပြီး စိတ်​စွမ်းအား​ကို လျော့ကျ စေ​ပါ တယ်။ * **ဆေးလိပ်​သောက်​ခြင်း။* ဦးနှောက်​ကို ​ကျုံ​စေ​လို့ အယ်​လ်​ဇို​င်း​မား​ရောဂါ​ဖြစ်ပွားစေ​တတ်​ပါ​တယ်။ *သကြား​အများ​အပြား​စား​သုံး​ခြင်း။* သကြား​စား​သုံး​မှု​များ​လွန်​တာ​ဟာ ပ​ရို​တိ​န်း​နဲ့ အာဟာရ​ဓာတ်​တွေ စုပ်​ယူ​မှု​ကို အဟ​န့်​အ​တား​ဖြစ်​စေ​လို့ အာဟာရ ဓာတ် ချို့ တဲ့​ပြီး ဦးနှောက်​ဖွံ့ဖြိုး​မှု​ကို အနှောင့် အယှက်​ဖြစ်​စေ​ပါ​တယ်။ *လေ​ထု​ညစ်ညမ်း​ခြင်း။* ခ​န္ဒာ​ကိုယ်​ထဲ​မှာ ဦးနှောက်​ဟာ အောက်​စီ​ဂျင်​ကို အများ​ဆုံး​သုံးစွဲ​သူ​ဖြစ်​ပါ​တယ်။ ညစ်ညမ်း​တဲ့ လေ​ထု​ကို ရှူ​လိုက် တဲ့ အခါ ဦးနှောက်​ကို အော်​စီ​ဂျင်​ပို့​လွှတ်​မှု​လျော့​နည်း​သွား​လို့ ဦးနှောက်​စွမ်း​ရည် လျော့ကျ​မှု​ဖြစ်ပွား​တတ် ပါ တယ်။ *အိပ်​ရေး​ပျက်​ခြင်း။* အိပ်စက်​တာ​ဟာ ဦးနှောက်​ကို အနား​ရ​စေ​ပါ​တယ်။တာရှည် အိပ်​ရေး​ပျက်​တာ​ဟာ ဦးနှောက်​ဆဲ​လ်​တွေ သေ​ဆုံး​မှု​ကို တိုးပွား​စေ​ပါ​တယ်။ *ခေါင်း​စွပ်​နှင့်​အိပ်​ခြင်း။* ခေါင်း​စွပ်​နှင့် အိပ်စက်​တာ​ဟာ ကာ​ဗွ​န်​ဒိုင်​အောက်​ဆို​ဒ် စုစည်း​မှု​ကို​တိုး​မြင့်​စေ​ပြီး အောက်​စီ​ဂျ​က်​စုစည်း​မှု​ကို လျော့ကျ​စေ​တဲ့​အတွက် ဦးနှောက်​ပျက်စီး​မှု​ကို ဖြစ်​စေ​နိုင်​ပါ​တယ်။ *နေ​မ​ကောင်း​စဉ် ဦးနှောက်​ကို အလုပ်​ပေး​ခြင်း။* နေ​မ​ကောင်း​တုန်း အလုပ်​တို ပင်​ပင်ပန်း​ပန်း​လုပ်​မယ်၊ စာ​ကြိုးစား​မယ်​ဆို​ရင် ဦးနှောက်​စွမ်း​ရည်​လျော့ကျ​ပြီး ဦးနှောက် ကို ထိခိုက်​စေ​ပါ​တယ်။ * **နိုးကြား​တဲ့ အ​တွေး​အခေါ်​မ​ရှိ​ခြင်း။* ဦးနှောက်​ကို လေ့ကျင့်​ပေး​ဖို့ တွေးခေါ်​တာ​ဟာ အကောင်း​ဆုံး​နည်း​လမ်း​ဖြစ်​ပါ​တယ်။ ဦးနှောက်​ကို နှိုး​ဆွ​တဲ့ အ​တွေး​အခေါ်​မ​ရှိ​တာ​ဟာ ဦးနှောက်​ကျုံ​တတ်​ပါ​တယ်။ အားလုံး​ပျော်​ရွှင်​ချမ်းမြေ့​ကြ​ပါ​စေ။

No comments: