Saturday, July 12, 2014
သင် တစ်ယောက်တည်း ရှိနေချိန် heart attack ရခဲ့သော်
သင် တစ်ယောက်တည်း ရှိနေချိန် heart attack ရခဲ့သော်
ညနေ ၆း၁၅ လောက်မှာ သင်ဟာအိမ်ကို
တစ်ယောက်တည်းပြန်လာနေတယ် ဆိုကြပါစို့ ...
အလုပ်မှာကလည်း စိတ်လှုပ်ရှား
ပင်ပန်းခဲ့ တဲ့ နေ့ ဆိုပါတော့....
သင်ဟာ တကယ်မောပန်းစိတ်ပျက်နေတဲ့အချိန်ပါပဲ....
ဒီချိန်မှာရုတ်တရက် ရင်ခေါင်းထဲကပြင်းထန်တင်းကြပ်
နာကျင်မှုမျိုး သင်ခံစားလိုက်ရ ပါတယ်....
အထဲက လက်နဲ့ဆွဲဆုပ်ညှစ်ထားသလိုမျိုး
ရင်ဘတ်ပေါ် လူတစ်ယောက်
တက်ထိုင်ထားသလိုမျိုးခံစားရပြီးအရမ်းပြင်းထန်လို့ 
ချွေးသီး ချွေးပေါက်တွေတောင် ကျလာပါတယ်...
ဒီနာကျင်မှုဟာလက်မောင်းတွေ
မေးရိုးတွေအထိထုံကျင်ပျံ့ နှံ့ သွားပါတယ်....
ဒီတော့သင်ကြားဖူးထားလို့ သိလိုက်ရတာက
ဒါဟာနှလုံးသွေးကြောပိတ်ပြီး
နှလုံးကအောက်စီဂျင် မရတဲ့ရောဂါ
( Ischaemic Heart Disease ) ရဲ့
့နှလုံးရုတ်တရက်ထဖောက်ခြင်း
( Heart Attack) ဆိုတာပါပဲ...
ကံဆိုးစွာပဲ သင်နဲ့အနီးဆုံးဆေးရုံဆေးခန်းဟာ
၅မိုင်လောက် ဝေးပါတယ်...
ဒီချိန်မှာ နောက်တစ်မိနစ်လောက်တောင်
သင်အသက်ဆက် ရှင်နိုင်ပါတော့ မလားလို့ 
ထင်ရလောက်အောင်ဝေဒနာကလဲ ဆိုးဝါးလာပါတယ်...
ဒါဆို သင်ဘာလုပ်မလဲ........?
သင်အရင်တုန်းက
Cardiopulmonary Resuscitation, CPR လို့ ခေါ်တဲ့
အရေးပေါ်နှလုံးအဆုတ်
အသက်ကယ်နည်းကို သင်ခဲ့ရဖူးမှာပါ....
လူနာကို ရင်ဘတ်ပေါ်ကနေလက်နဲ့နှလုံးကို
၃ ချက်နှိုးလိုက်
လူနာကိုနှာ ခေါင်းပိတ်ပြီး ပါးစပ်ကနေ
၁ ချက်လေမှုတ်သွင်းပေးလိုက်
စည်းချက်ကျကျလုပ်ရတာဆိုတာ သင်သိပါတယ်...
အခုသင့်ကိုဒီလိုလုပ်ပေးဖို့ လိုလာပြီဆိုတာ
သင်သိလိုက် ပါပြီ....
ဒါပေမယ့် အနားမှာလူတစ်ယောက်မှ မရှိတဲ့နေရာကို
သင်ရောက်နေတယ် ဆိုရင် သူများကိုဘယ်လိုလုပ်ခိုင်းမလဲ...
ဒီအတွက် လူတိုင်းကိုယ့်ကိုယ်ကို လုပ်လို့ ရတဲ့
CPRအသက်ကယ်နည်းကို တင်ပြပေးချင်ပါတယ်...
CPR ဆိုတာ heart attack ရလို့ ...
ဓာတ်လိုက်သွားလို့ 
ရေနစ်လို့ 
အကြောင်းကြောင်းကြောင့် အသက်ရှူရပ်သွားလို့ 
စတာတွေဖြစ်ခဲ့ရင် လူနာရဲ့ အသက်ကိုကယ်တင်ဖို့
့နှလုံးနဲ့ အဆုတ်ကိုပုံမှန်အလုပ် ပြန်လုပ်အော
င်နှိုးပေးတာဖြစ်ပါတယ်....
ပါးစပ်ကနေ လေမှုတ်သွင်းအသက်ရှူစေခြင်းနဲ့
နှလုံးဖိနှိုးခြင်းဆိုပြီး နှစ်ပိုင်းပါပါတယ်...
ကမ္ဘာပေါ်မှာ နှစ်တိုင်းheartattack
အဆိပ်မိခြင်း
ရေနစ်ခြင်းစတာတွေကြောင့် နှစ်စဉ်လူတွေ
သန်းနဲ့ချီသေနေကြပါတယ်....
ဖြစ်ပြီးပြီးချင်း CPR သာလုပ်ပေးမယ်ဆိုရင်
အများစုရဲ့  အသက်ကိုကယ်လို့ ရမှာပါ...
ဒီတော့ လူတိုင်းဒီနည်းကို တတ်ထားသင့်တာပေါ့...
ဒါက ရိုးရိုးCPRကိုပြောတာပါ...
ဒါထက်အရေးကြီးတာက ကိုယ် တစ်ယောက်တည်း
ရှိနေတဲ့အချိန် ရုတ်တရက်heart attack ရတယ်...
လူကလဲမေ့မျောချင်လာပြီဆိုရင်
ကိုယ့်ကိုယ်ကို CPRလုပ်နည်းလေး မှတ်ထားကြပါ....
အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး
အားနဲ့ ချောင်း အဆက်မပြတ် လုပ်ဆိုးလိုက်ပါ....
ချောင်း တစ်ချက်ချင်းစီကိုလည်း ရင်ခေါင်းထဲကနေ
ကြာကြာလေးဖြစ်အောင် ဆွဲဆိုးပါ....
သလိပ်တွေ ထွက်လာရင် ထွက်လာပလေ့ စေ...
အသက်ဆက်တိုက်ရှူပြီး ချောင်းဆက်တိုက်ဆိုးပေးပါ....
အရမ်းမြန်ရင်တော့ ပိုမောစေလို့ မှန်မှန်ပဲလုပ်ပါ...
ဒါဟာသင့်အသက်ကိုသင်ကယ်နေတာ ဖြစ်ပါတယ်...
တဖြည်းဖြည်းပိုပြီးနေလို့ ကောင်းလာတာ သင်ခံစားရမှာပါ...
သွားလိုတဲ့ဆေးရုံမရောက်သေးခင်
ကုသပေးမယ့် သူတွေမရောက်သေးခင် အထိဒီလိုလုပ်ပေးပါ...
အသက်ပြင်းပြင်း ရှူလိုက်တော့ အဆုတ်ထဲလေတွေ
အများကြီးဝင်လာပြီး လတ်တလော
အောက်စီဂျင်ပိုရစေပါတယ်...
ချောင်းဆိုးခြင်းက နှလုံးကိုဖျစ်ညှစ်ပေးပြီး
သွေးလှည့်ပတ်မှုကို မြှင့်တင်ပေးပါတယ်...
ဒါကြောင့် နှလုံးပုံမှန်ပြန်ခုန်စေပြီး
နှလုံးရောဂါ ထဖောက်လာတဲ့လူနာက
ဒီနည်းနဲ့ ဆေးရုံကို ဘေးကင်းစွာမျှော်လင့်ချက်ရှိရှိ
ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်...
ဒီဆောင်းပါးကိုဖတ်ပြီးပြီဖြစ်လို့ သင်ကိုယ်တိုင်ဖြစ်လာခဲ့ရင်
CPR လုပ်ပြီး သင့်အသက်ကိုကယ်ဆယ်ဖို့  သတိရပါ...
သူများတွေကိုလည်းဖြန့် ဝေပေးရင်
အသက်ပေါင်းမြောက်မြားစွာကို ကယ်တင်ပြီးသားဖြစ်မှာပါ....
Subscribe to:
Post Comments (Atom)
No comments:
Post a Comment