Saturday, July 12, 2014

ဘတ်ထရီ ပြုပြင်ထိန်းသိမ်းခြင်း ၁။ ဘတ်ထရီအားသန့်သန့် ရှင်းရှင်း ဖြစ်နေစေရန် အမြဲ ထိန်းသိမ်းပါ။ ဆေးကြောပါ။ ဘတ်ထ၇ီငုတ် များတွင် အစိမ်းရောင် ၊ အဖြူရောင် ဆားပေါက်တတ်သည်။ ရေနွေးပူ လောင်းပြီး ဘရက် ဖြင့် တိုက်ချပါ။ဆော်ဒါ ရည်ဖြင့်လည်းဆေးကြောနိုင်သည်။ ၂။ ဘက်ထ၇ီ ခေါင်းများ ချောင်၊ မချောင် စစ်ဆေးပါ။ ဘတ်ထ၇ီ ကေဘယ်လ်ကြိုးများ၊ ကာဘာ အစွပ်ကောင်းရမည်။ ဘတ်ထ၇ီအဖို ငုတ် (မီးငုတ်) ကို ရာဘာအစွတ်ဖြင့် ဖုံးအုပ်ထားပေးပါ။ ၃။ မိုးေ၇အက်စစ် မခန်းပါစေနှင့်။ နှစ်ပတ်တစ်ကြိမ်ခန့် ဘက်ထ၇ီ အက်စစ် လယ်ဗယ်ကို တိုင်းတာစစ်ဆေးပေးပါ။ ၄။ Overcharging မဖြစ်ပါစေနှင့်။ ဘဲဥပုပ်နံ့ ထွက်လာပါက ဘတ်ထ၇ီ Overcharging ဖြစ်နေခြင်းဖြစ်ပါသည်။ Overcharging ဖြစ်လျှင် ဘက်ထရီပလိတ်ပြားများ ပျက်စီးစေပါသည်။ ၅။ ကားသိမ်းလျှင် ကားအတွင်းမှ မီးများ။ ခလုတ်များအားလုံး ကို ပိတ်၊ မပိတ် စစ်ဆေးပါ။ ၆။ ဘတ်ထ၇ီအိုး ကွဲအက် ခြင်း၊ ယိုစိမ့် ခြင်းရှိ မရှိ စစ်ဆေးပါ၊ ဘက်ထရီအိုးကို ထိန်းချုပ်ထားသော ဘရတ်ကတ်များ တင်းကျပ်စွာရှိနေစေရမည်။ ၇။ ချာဂျင်အားသွင်းစနစ်မှ ပုံမှန်အားသွင်းခြင်းရှိ ၊ မ၇ှိ စစ်ဆေးပေးပါ။ ဒစ်ဂျစ်တယ် မီတာဖြင့် ချာဂျင် အ၀င်ဗို့အားကို တိုင်းတာကြည့်ပါ။ ၈။ ဘတ်ထရီအခန်းတိုင်း အက်ဆစ်ပြင်းအား သိပ်သည်းဆ တပြေးညီရှိပါစေ။အက်ဆစ်ပြင်း အားပုံမှန်ရှိပါစေ။ အားပြည့်သော ဘတ်ထရီ တွင် အက်ဆစ် ဒီဂ၇ီ (1.265) ရှိပါသည်။

No comments: