Sunday, September 30, 2012

ios6

iOS 6 တွင် ပါဝင်လာမည့် Feature အသစ်များ iOS 6 မှာ ပါဝင်လာမယ့် Feature အသစ်များကို Apple မှ သတင်းစာရှင်းလင်းပွဲနှင့် တကွ ရှင်းလင်းပြသခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် Apple က တရားဝင် ထုတ်ဖော်ပြသခဲ့တဲ့ နည်းပညာ အသစ်များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။ Siri gets Sirious Siri ရဲ့ လုပ်ဆောင်ချက်များက ယခင်ကထက် များစွာ တိုးတက်ကောင်းမွန်လာမယ်လို့ ဆိုပါတယ်။ မေးလေ့ မေးထမရှိတဲ့ မေးခွန်းတွေကိုတောင် ဖြေပေးမယ်လို့ ဆိုပါတယ်။ ပြီးတော့ ရုပ်ရှင်နဲ့ပက်သက်တဲ့ ဗဟုသုတ၊ သတင်းအချက်အလက်အားလုံး သိမ်းဆည်းပေးထားပါတယ်။ ဥပမာ- ရုပ်ရှင်ဇာတ်ကားတစ်ခုကို Trailer ကြည့်ပြီးရင် ပါဝင်တဲ့ မင်းသမီး၊မင်းသား၊ ဇာတ်ကောင်အကြောင်းတွေ၊ ဇာတ်လမ်းအပေါ် သူ့ရဲ့ ဝေဖန်သုံးသပ်ချက်တွေကို Siri က ပြောကြားနိုင်မှာ ဖြစ်ပါတယ်။ ဘယ် ဝဘ်ဆိုဒ်မှာ ရုပ်ရှင်တွေ Download ဆွဲလို့ကောင်းတယ်လို့တောင် လမ်းညွှန်ပေးအုံးမှာလို့ ဆိုပါတယ်။ အမေရိကန် အားကစား တော်တော်မျးများအကြောင်းကို သိပါတယ်။ ပိုပြီးထူးခြားတဲ့အပိုင်းက စားသောက်ဆိုင် ရှာဖွေပေးတဲ့ Function ဖြစ်ပါတယ်။ အနီးနားမှာ ဘယ်ဆိုင်ရှိတယ်ဆိုတာအပြင် ဆိုင်တွေရဲ့ ဈေးနှုန်းကို တွက်ချက်ပြီး ဘယ်ဆိုသွားစားသင့်တယ်လို့ တောင် လမ်းညွှန်ပေးပါတယ်။ ဒါကို Yelp လို့အမည်ပေးထားပါတယ်။ Yelp ဆိုတာ တိုက်ရိုက်ဘာသာပြန်ရင်တော့ ဆူးရှကျယ်လောင်စွာ အော်ခြင်း ဖြစ်ပေမယ့် Siri မှာတော့ စားသောက်ဆိုင်များကို အကဲခတ်ပေးမယ့် ဒိုင်လူကြီး ဖြစ်ပါတယ်။ ပြီးတော့ BMW တို့လို မော်တော်ယာဉ်တွေမှာလည်း Siri ကို ခလုပ်နှိပ်စရာမလိုပဲ အသုံးပြုနိုင်ပါမယ်။ ကားမောင်း စတီယာရင်မှာ Siri ကို on ပေးမယ့် ခလုပ်ပါရှိမှာဖြစ်ပါတယ်။ ဒီအတွက် Apple က မော်တော်ယာဉ် ကုမ္မဏီအချို့ နဲ့ ပါတနာဖွဲ့ထားတယ်လို့ သိရပါတယ်။ မြန်မာပြည်မှာတော့ Siri ရဲ့ အသုံးတည့်မှုက နည်းပါတယ်။ အဓိက ပြဿနာက ဘာသာစကားပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်လိုပြောပြီး Train လုပ်ပေးဖို့ကျတော့ User တွေအတွက် ခက်ခဲနေတော့ Siri ကို တကယ် ထိထိ မိမိအသုံးပြုနိုင်သူ နည်းနေပါသေးတယ်။ ပြီးတော့ မြန်မာပြည်မှာ Siri အလုပ်လုပ်နိုင်ဖို့အတွက်ဆိုရင် စားသောက်ဆိုင်၊ ကုမ္မဏီ၊ ဝန်ဆောင်မှု အစရှိတဲ့ ကုမ္မဏီများရဲ့  List ဟာ Siri မှာ ရှိနေဖို့ လိုအပ်နေ ပါသေးတယ်။ မရှိရင်တောင် ဝဘ်ဆိုဒ်တစ်ခုခုမှာ Data based လုပ်ထားပေးမယ့် Map လိုအပ်ပါတယ်။ Android ဖုန်း၊ iOS ဖုန်းတို့မှာ အသုံပြုလို့ ရတဲ့ (Online/ Off line) Mobile Map ကတော့ မြန်မာပြည်မှာ ရှိနေပါပြီ။ သို့ပေမယ့် Siri က အသိမှတ်ပြုပြီး ယင်း Map ကိုမှတ်သားစေဖို့ကျတော့ ဖြစ်မလာသေးတဲ့ အခြေအနေမှာ ရှိပါတယ်။ Facebook integratioin iOS မှာ Facebook လုပ်ဆောင်ချက် အထူးကောင်းလာပါမယ်။ Facebook-friendly function တောင် ပါဝင်လာမှာ ဖြစ်ပါတယ်။ Facebook App ကနေ အလွယ်တကူ Sign in လုပ်ပြီး အလွယ်တကူအသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ Facebook Friend ထဲက တစ်ယောက်ယောက်ဟာ Apple App Store ကနေ ဘာ Application တွေ Download လုပ်နေပါတယ်ဆိုတာက အစ Notification တက်နေမှာ ဖြစ်ပြီး App အသုံးပြုမှုကို တိုးတက်စေမှာ ဖြစ် ပါတယ်။ ဘယ်နေရာရောက်နေတယ် ဆိုတာတွေကို Facebook က အလို အလျောက်မှတ်သားပြီး Status တင်ပေးမှာ ဖြစ်ပါတယ်။ Siri and Twitter
iOS6 မှာ Twitter သုံးဖို့အတွက် Siri နဲ့လုပ်ဆောင်နိုင်ပါတယ်။ အမည်၊ contact တစ်ခုခုကိုပြောလိုက်ရင် Siri က အလိုအလျောက်ရှာပေး မှာ ဖြစ်ပါတယ်။ Twitter အသုံးပြုမှုကို ပိုမိုမြန်ဆန်စေမှာ ဖြစ်ပါတယ်။ Phone App iOS 6 မှာ Application မြောက်များစွာ အသုံးပြုရပါမယ်။ ပြန်လည်မွမ်းမံ၊ ဒီဇိုင်းဆွဲ ဖန်တီးထားတဲ့ Phone App ကိုတွေ့မြင်ရမယ်လို့ ဆိုပါ တယ်။ ပြန်ဖြေဖို့ မအားခဲ့ဖူးဆိုရင် ဖုန်းအဝင် (incoming call) ကို အလိုအလျောက် Message ( Auto reply Message) ပြန်ပို့နိုင်ပါ တယ်။ ပြီးတော့ ယင်း ဖုန်းအဝင်အတွက် reminder အနေနဲ့ နောက်မှ သတိပေးမှာ ဖြစ်ပါတယ်။ Location တစ်ခုပြောင်းသွားတိုင်း reminder က အသိပေးတယ်လို့ ဆိုပါတယ်။ ဒါကို မြန်မာပြည်မှာ အသုံးပြုနိုင်၊ မပြုနိုင် ကတော့ မသေချာပါဘူး။ Do Not Disturb Do Not Disturb က OS X Mountain Lion မှာ ပါဝင်တဲ့ Button ဖြစ်ပါ တယ်။ အခု iOS 6 မှာလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ အသံတိတ် ဆိတ်တဲ့နေရာမှာ အသုံးပြုနေစဉ် ရုတ်တရတ်ထမြည်လာမယ့် အသံတွေ ကို ဖျောက်ပေးမှာ ဖြစ်ပါတယ်။ ဒီအတွက် Notification ကို Screen ပေါ်ကနေ အချက်ပြမှာ ဖြစ်ပါတယ်။ ဥပမာ App တစ်ခုခုသုံးနေစဉ် ဖုန်းဝင်လာချင်းမျိုး ဖြစ်ပါတယ်။ FaceTime 3G connection မှာပါ အသုံးပြုနိုင်ပြီဖြစ်တဲ့ Face Time (Video call) ကို Wi-Fi မှာအသုံးပြုလို့ရအောင် ဖန်တီး ပေးပြီးသားဖြစ်ပါတယ်။ iPhone ရဲ့  ရှေ့  ကင်မရာကနေကြည့်ပြီး Video calling လုပ်တဲ့ ဖက်ရှင် ကတော့ မြန်မာပြည်မှာ ရမရကတော့ မသိပါဘူး။ Wi-Fi စနစ်မှာတော့ Face Time ကအလုပ်လုပ်တယ် လို့ ဆိုပါတယ်။ Safari Apple ထုတ် Safari Browser ကို Moutain Lion တွေမှာသာ စတင် အသုံးပြုခဲ့ပေမယ့် iOS မှာပါ အသုံးပြုနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ Safari ရဲ့ လုပ်ဆောင်ချက် မြင့်တင်ထားပြီး Offline မှာ စာဖတ်ဖို့အတွက် Web စာမျက်နှာ အများအပြားကို သိမ်းဆည်းပေးထားနိုင်မှာဖြစ်ပါတယ်။ Article လိုက် Download ဆွဲတာမျိုးရော လုပ်နိုင်တယ်လို့ ဆိုပါတယ်။ Photo Stream ဒါကတော့ iCloud အသုံးပြုသူများအတွက် ဖြစ်ပါတယ်။ iColould ဆိုတဲ့ အွန်လိုင်း သိမ်းဆည်းရေး သတ္တာကတော့ နိုင်ငံတကာ Apple user များအသုံးများပါတယ်။ ပြည်တွင်းမှာကော iCould အသုံးပြုသူများ အနည်းငယ် ရှိပါတယ်။ iCloud မှာ ပုံမှန် File တွေ၊ ဗီဒီယိုသိမ်း ဆည်းခြင်းအပြင် ဓာတ်ပုံသိမ်းဆည်းခြင်း၊ သူငယ်ချင်းထံ Share ခြင်း စတာတွေကို iCould ကနေပဲ အလွယ်တကူ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Smart App Banners ဝဘ်ဆိုဒ်တစ်ခုခုကို ဝင်လည်တဲ့အခါ iOS 6 အသုံးပြုနေတယ်ဆိုရင် ဘယ်လို Application တွေ Download ဆွဲလို့ရတယ်ဆိုတာ Suggestion တွေ တက်နေမှာ ဖြစ်ပါတယ်။ Application တစ်ခုခုအသုံးပြုနေရင်လည်း ယင်း App ဆီကို သက်ဆိုင်ရာ ဝဘ်ဆိုဒ် Transfer ပြုလုပ်နိုင်ပါတယ်။ Mail and VIPs VIPS မှာ အရေးကြီးတဲ့ ဖုန်းနံပါတ်၊ လိပ်စာ၊ စာရင်းများ သိမ်းဆည်း ထားနိုင်ပါတယ်။ Phone contact book ထဲမှာ ရှာဖွေနေတာထက် VIPs ထဲမှာ အလွယ်တကူ တွေ့ရှိနိုင် ဖန်တီးပေးထားပါတယ်။ Mail ကတော့ အကောင့်တွေ တစ်ခုတည်းမဟုတ်အခြား အကောင့်များကို ဖွင့်ပြီး အသုံးပြုတဲ့အခါ Compicate မဖြစ်စေဖို့ ဖြစ်ပါတယ်။ သူ့ Signature နဲ့သူ မှတ်သားပေးထားမှာ ဖြစ်ပါတယ်။ Passbook iOS6 မှာအသစ်ပါဝင်တာလတဲ့ Feature ဖြစ်ပါတယ်။ မိမိရဲ့ အရေးကြီး တဲ့အချက်အလက်များကိုသိမ်းဆည်း ထားနိုင်ပါတယ်။ အီးမေးလ် လျှို့  ဝှက်ကုဒ်နံပါတ်များ၊ ဘဏ်အကောင့်ကုတ်နံပါတ်များအစရှိသဖြင့် သိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။ စာအုပ်ထဲမှာ ရေးမှတ်ထားတာထက် လုံခြုံတယ်လို့ ဆိုပါတယ်။ Guide Access Guide Access က အသုံးပြုရန် ခက်ခဲသူတွေ၊ စတင်အသုံးပြုတွေအတွက် ရည်ရွယ်ပါတယ်။ ဥပမာ App တစ်ခုခုကို အသုံးပြုပြီး မရည်ရွယ်ပဲ ခလုပ်နှိပ်မှားလို့ ထွက်မိသလို ဖြစ်သွားမယ်ဆိုရင် သူက ပြန်ပြီးတော့ Restore လုပ်ပေးပါတယ်။ ပြီးတော့ မျက်နှာပြင်ကိုလည်း Lock ချထားနိုင် အတွက် ဘယ်လိုနည်းနဲ့မှ အခြား function ကိုကူးပြောင်းသွားမှာ မဟုတ်ပါဘူး။ Maps မြေပုံ ထောက်ပံ့ပေးမှုစနစ်က Android တွေထက် သာလွန်တယ်လို့ ဆိုပါတယ်။ နေရာဒေသတစ်ခုခုကို ပိုမို ရှင်းလင်းတဲ့ မြင်ကွင်းနဲ့ ပြည့်စုံတဲ့ သတင်းအချက်အလက်တွေကို ဖြော်ပပေးနိုင်တယ်လို့ ဆိုပါတယ်။ Improved Sharing iOS 6 က Facebook, Twitter တို့မှာတင်မဟုတ်ပဲ အခြား ဘယ်ဆိုရှယ်ဆိုဒ် ပဲသုံးသုံး Sharing လုပ်ဖို့ မြန်ဆန်ပါတယ်။ ပြီးတော့ Web Page တွေကို Wallpaper အနေနဲ့ ပြောင်းလဲပေးပြီး သိမ်းဆည်း ထားနိုင်တယ်လို့ ဆိုပါတယ်။ icon based ဖြစ်ပြီး iPhone home screen အခြေခံမဟုတ်တော့ ဘူးလို့ သိရပါတယ်။ အကျိုးကျေးဇူးကတော့ Screeen ပေါ်မှာ ကိုယ်လိုလို Option များ Edit လုပ်ထားနိုင်ခြင်း ဖြစ်ပါတယ်။ အထက်ဖော်ပြပါနည်းပညာများအပြင် ထပ်မံ ပါရှိလာအုံးမယ့် အခြား Feature တွေလည် ရှိနေသေးတယ်လို့ သိရပါတယ်။ ---- Ref:pocketlint အောင်ခမ်း (TSJ Tech team)

လက်ပံတောင်းတောင်နှင့် ချင်းတွင်းအလှသဘာဝ

လက်ပံတောင်းတောင်နှင့် ချင်းတွင်းအလှသဘာဝ နှီးနှောဖလှယ်ပွဲတွင် နယ်ပယ်အသီးသီးမှ ပညာရှင်များက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရန်တောင်းဆိုခဲ့ လက်ပတောင်းတောင်နှင့် ချင်းတွင်းအလှသဘာဝ နှီးနှော ဖလှယ်ပွဲတွင် နယ်ပယ်အသီးသီးမှ ပညာရှင်များက လက်ပန်းတောင်း တောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရန် တောင်းဆိုခဲ့ကြသည်။ အဆိုပါနှီးနှောဖလှယ်ပွဲကို စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ တော်ဝင်နှင်း ဆီစားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့ရာ သံဃာတော်များ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များ၊ တရားရေးနယ်ပယ်မှ ထင် ရှားသူများ၊ နိုင်ငံရေးပါတီများမှ လူပုဂ္ဂိုလ်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းအသီးသီးမှ လူပုဂ္ဂိုလ်များ၊ နိုင်ငံကျော် အနုပညာရှင်များ၊ လက်ပံတောင်းတောင် စီမံကိန်းဒေသမှ ဒေသခံများနှင့် စိတ်ပါဝင်စားသူအများ တက်ရောက်ခဲ့ကြသည်။ အဆိုပါ ဆွေးနွေးနှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာကြသည့် ပညာရှင်များနှင့် နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များက လက်ရှိဖြစ်ပွားနေရသော လက်ပံတောင်းတောင်စီမံကိန်းနှင့် ပတ်သက်၍ ပေါ်ပေါက်နေသော ပြဿနာများမှာ နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုး မှု အားနည်းသောကြောင့်သာဖြစ်ကြောင်း အဆိုပါစီမံကိန်းကြီးများ လုပ်ဆောင်ရာတွင် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲပြဿနာများကို ထည်သွင်းစဉ်းစားခြင်းမပြုဘဲ ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်ကြခြင်းတို့ကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်းတို့ကို ဥပဒေရေးရာ အချက် အလက်များ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ ထောက်ပြ၍ ဝေဖန်ပြောကြားခဲ့ကြသည်။ ယင်းလက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးရှိ ဒေသခံတောင်သူများကလည်း ၎င်းင်းတို့အနေဖြင့် လက်ရှိအချိန်တွင် လူမှုရေး၊ကျန်း မာရေး၊ဘာသာရေး၊ ပညာရေးနှင့် စားဝတ်နေရေးဆိုင်ရာတို့တွင် အခွင့်အရေးများ ဆုံးရှုံးနေရမှုနှင့် အာဏာပိုင်အဖွဲ့တို့မှ ဒေသခံ ပြည်သူများထက် အဆိုပါစီမံကိန်း ဆောင်ရွက်နေသော ပြည်တွင်းကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့အပေါ်တွင် သာအကူအညီ အကာအကွယ်ပေးနေမှုများနှင့် ပတ်သက်၍ များစွာဝမ်း နည်းရကြောင်း၊ ၎င်းတို့ ဒေသခံများဘက်မှ ယခုကဲ့သို့ ရပ်တည်ပေးခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင် ရှိပါကြောင်း ပြောပြခဲ့ပါသည်။ မုံရွာမြို့မှ ကဗျာဆရာကြီးဦး အံ့မောင်က "ကျွန်တော်တို့ဒေသမှာရှိတဲ့ လက်ပန်းတောင်းတောင်ကြီးကို အတင်းအဓမ္မ ဖြိုဖျက်နေတာကို ကျွန်တော်တို့ နယ်တစ်ခုတည်းရဲ့ အားနဲ့ ခုခံရင် အားနည်းနေပါလိမ့်မယ်။ အခု ဒီလုပ်ကြံမှုကြီးကို ခုခံဖို့ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေရဲ့ အင်အား တွေ လက်တွေ ၀ိုင်းဝန်းလာကြတာ မြင်တော့ ကျွန်တော်အားတက်ပြီးတော့ ကျေးဇူးလည်း တင်ပါတယ်။ ကျွန်တောတို့ အခုတောင်းဆို ဆန္ဒပြကြတာဟာ ယာမြေတွေ ထိခိုက်နစ်နာတဲ့အတွက် လျော်ကြေးတောင်းတာ မဟုတ်ပါဘူး။ ရွာတွေ ထိခိုက်နစ်နာတဲ့အတွက် လျော်ကြေးတောင်း တာ မဟုတ်ပါဘူး။ ဒီကြေးနီလုပ်ငန်းကြီးဟာ ပြည်သူပြည်သားတွေကို ထိခိုက်ဆုံးရှုံးနေသည့် ဒီဒေသနဲ့တကွ နိုင်ငံတော်ကြီးတစ်ခုလုံးအတွက် အစားထိုးလို့မရတဲ့ ပြင်မရတဲ့ အဆုံးရှုံးကြီးတွေ ဖြစ်မှာကြောင့် ဒီကြေးနီလုပ်ငန်းကြီးကို အပြီးအပိုင် ဖျက်သိမ်းပေးပါလို့ တောင်းဆိုရခြင်းဖြစ် ပါတယ်"ဟု ပြောပြခဲ့ပါသည်။ ____________________________________ Reference and Credit to -EMG

ကျီးဘုတ် မြှောက် ၊ ဘုတ်ကျီးမြှောက်

ကျီးဘုတ် မြှောက် ၊ ဘုတ်ကျီးမြှောက် လုပ်မနေ ကြပါနဲ့  ။ မြန်မာ နိုင်ငံ တွင်း မှာ မွေးဖွား ပြီး ကျုးကျော်တဲ ၊ ကျုးကျော် ရပ် ကွက် ဆိုပြီး အဖျက် ခံ ရတဲ့ မိသားစု ၀င် တွေ ရဲ့  သား သမီး တွေ ဟာ ကျောင်း နေ အရွယ်မှာ.. ခုလို အိမ်ပြန်ဆောက် ဖို့  နဲ့  တစ်ဝမ်း တစ်ခါး အတွက် အခု လို ရှာ ဖွေ စားသောက် နေရပါတယ်။

Tuesday, September 25, 2012

စင်ကာပူသွားမည့်သူများ သတိထားပါ…

စင်ကာပူသွားမည့်သူများ သတိထားပါ… ရန်ကုန်လေဆိပ်မှာ လူကြုံထည့်ပေးလိုက်ပါရစေဆိုပြီး လာ အကူအညီတောင်းတဲ့လူတွေနဲ့ တွေ့ရင် အားနာမနေဘဲ ငြင်းလိုက်တာ ကိုယ့်အတွက် အန္တရာယ်အကင်းဆုံး ဖြစ်ပါလိမ့်မယ်။ ကျွန်တော့် အသိတစ်ယောက် အားနာပြီး လမ်းကြုံ သယ်သွားပေးမိ တာ ထည့်ပေးလိုက်တဲ့သူက လက်ဖက်တွေ၊ ငပိကြော်တွေလို့ ပြောပြီး ထည့်ပေးလိုက်ပေမယ့် စင်ကာပူလေဆိပ်ရောက်လို့ စစ်တော့မှ ဆေးရွက်ကြီးတွေ ၀ှက်ပြီး ထည့်ပေးလိုက်တာ သွားမိပါတယ်။ မြန်မာဘက်က ဆေးရွက်ကြီးသယ်သွားတာ ဘာပြဿနာမှ မရှိပေမယ့် စင်ကာပူမှာကျတော့ ဆေးရွက်ကြီး သယ်လာတာဟာ သေလောက်အောင် ပြဿနာကြီးပါတယ်။ ကျွန်တော့အသိလည်း လေဆိပ်မှာတင် ဘုမသိ ဘမသိနဲ့ ချက်ချင်း လက်ထိပ်ခတ်ခံရပြီး ရဲစခန်းရောက်သွားပါတယ်။ သူက ဟိုမှာ ၁၅ နှစ်လောက် အနေကြာလာပြီး၊ ဟိုမှာလည်း ပတ်ပတ်နပ်နပ် လိုက်လုပ်ပေးနိုင်တဲ့ မြန်မာတွေရယ်၊ သူ့ကုမ္ပဏီရယ် ရှိနေလို့သာ ဂျေးထဲ မရောက်ခင်လေး လက်မတင်လေး ပြန်ထွက်လာနိုင်တာပါ။ စင်ကာပူအထာလည်း မသိ၊ စင်ကာပူနဲ့လည်း စိမ်းသေးတဲ့ လူသစ်လေးတွေ အဲ့လိုများ ခံလိုက်ရရင် ဘ၀ပါ ပျက်သွားပါလိမ့်မယ်။ လူကြုံထည့်ပေးလိုက်ပါရစေဆိုလို့ ကိုယ်က စေတနာနဲ့ သယ်သွားပေးတာဆိုပေမယ့် အထဲမှာ ဆေးရွက်ကြီးလိုဟာတွေ ၀ှက်ပြီးထည့်ပေးလိုက်တာနဲ့ တိုးရင် ကိုယ်က စင်ကာပူကို ဆေးရွက်ကြီး တရားမ၀င် တင်သွင်းမှုနဲ့ သေလောက်အောင် ပြဿနာတက်မယ်၊ ထောင်ပါ ကျနိုင်တယ်ဆိုတာ သတိထားကြပါ။ ရန်ကုန်လေဆိပ်မှာ အဲ့လို လူကြုံထည့်ပေးလိုက်ပါရစေဆိုပြီး လုပ်စားနေတဲ့ ရုပ်ရည်သန့်သန့်ပြန့်ပြန့် သားသားနားနား အမျိုးသမီးတစ်ယောက်ရှိတယ်လို့လည်း ကျွန်တော့ အသိက ပြောပါတယ်။ ရန်ကုန်လေဆိပ်က သန့်ရှင်းရေးဝန်ထမ်းများအဆုံး ထိုအမျိုးသမီးကို သိကြတယ်လို့လည်း ကျွန်တော့အသိက ဆိုပါတယ်။ သူ့ကိုလည်း အဲ့အမျိုးသမီးကပဲ အကူအညီတောင်းပြီး ထည့်ပေးလိုက်ရာက ပြဿနာဖြစ်ရတယ်လို့ သိရပါတယ်။ ခုထိလည်း အဲ့လို လုပ်နေတုန်းပါပဲ။ ထိုအမျိုးသမီးကို ရဲစခန်းမှာ တိုင်ပေမယ့် မြန်မာနိုင်ငံ ဥပဒေအရ ဆေးရွက်ကြီးထည့်ပေးလိုက်တာကို တရားမ၀င်လုပ်ရပ်အဖြစ် အရေးယူလို့ မရနိုင်ဘူးလို့လည်း သိရပါတယ်။ ဒါကြောင့် စင်ကာပူသွားမယ့်လူများကသာ ကိုယ့်အန္တရာယ်ကိုယ်ကြည့်ပြီး ရှောင်ရှားကြရမှာ ဖြစ်ပါတယ်။ ရန်ကုန်ဘက်မှာက ဆေးရွက်ကြီးဟာ တရားမ၀င်ပစ္စည်းမဟုတ်တဲ့အတွက် သူ့ကို ဘယ်လိုမှ အရေးယူလို့ မရနိုင်ဘူးလို့လည်း သိရပါတယ်။ သူ ခိုးထည့်ပေးလိုက်တဲ့ ဆေးရွက်ကြီးက လွတ်သွားပြီး ဟိုဘက်မှာ သူနဲ့ ချိတ်ဆက် လာစောင့်တဲ့လူလက်ထဲ ရောက်သွားရင် စင်ကာပူမှာ ဆေးရွက်ကြီးဟာ မှောင်ခိုဈေး အတော်ကောင်းကောင်းနဲ့ ရောင်းနိုင်ပါတယ်။ စင်ကာပူ သွားမယ့် လူဟောင်းတွေရော၊ လူသစ်တွေရော သတိထားပါ။ ကျွန်တော့ အသိအပါအ၀င် အခြားသော မြန်မာတွေလည်း အဲ့လို လူကြုံထည့်ပေးပါရစေဆိုတာတွေထဲမှာ ဆေးရွက်ကြီးတွေပါလာလို့ စင်ကာပူလေဆိပ်မှာ ဒုက္ခရောက်ကုန်တာ မနည်းဘူးလို့ သိရပါတယ်။ ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ၏ မိတ်ဆွေက ရေးသားထားပါတယ်။

Clean Government

" Clean Government ကဘယ်တော့ဖြစ်မလဲမသိပင်မယ့် ရန်ကုန်ကလူတော်တော်များများကတော့ Clean People ဖြစ်နေကြပြီ။ မဖြစ်ပဲနေရိုးလားဗျာ။ မျက်နှာသစ် ရေချိုး ၊ အိုးခွက် ဆေးတာအစ နောက်ဆုံး အိမ်သာတက်ရင်တောင်ရေသန့်နဲ့ပဲနှစ်ပါးသွားနေရတယ်။ လူတွေလဲ ရေလာနိုး ရေလာနိုးနဲ့ညညအိပ်ရေးပျက်ပေါင်းများလှပြီ။ အရင်ဆို ရေသန့်ပို့တဲ့သူတွေကပို့နေကျအိမ်တိုင်းကို ရေဘယ်နှစ်ဗူးယူမလဲ ရေကုန်ပြီလား ဆိုတာကိုတကူးတကမေးနေကျ။ ခုများကျတော့လှမ်းခေါ်ရင်တောင် သိပ်အဖက်မလုပ်ချင်ဘူး။ အခုလိုရေမရတဲ့အချိန် မီးမလာတုန်းကလို ဟိုဥာဏ်ပညာရှိကြီးက တစ်ရက်ကို တစ်အိမ်မှာတစ်ယောက်လောက်အိမ်သာတက်တာ အောင့်ထားရင်တစ်မြို့လုံးရေအလုံအလောက် သုံးနိင်ပါမှာ လို့ များပြောဦးမလားမသိ။ ကျနော်ကတော့ရေကိုချွေတာသုံးတဲ့အနေနဲ့ရေဆာရင် ရေမသောက်ပဲ ဘီယာအစားထိုးသောက်ပါတယ်။ အဲဒါကြောင့်မန်ဘာတွေလဲ Save Water! Drink Beer ! နော်။ xP "

၁၂ တန်း အခြေခံပညာရေးစနစ်အဖြစ် ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် စတင်အကောင်အထည်ဖော်

၁၂ တန်း အခြေခံပညာရေးစနစ်အဖြစ် ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် စတင်အကောင်အထည်ဖော် ကျင့်သုံးသွားရန်ရှိသည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူထံမှ သိရသည်။ ပညာရေးဝန်ကြီးဌာနနှင့်ပညာ ရေးနှင့်ဆက်စပ် သော ဝန်ကြီး ဌာနတို့မှ ပညာရှင်များ အရပ်ဘက် ဆိုင်ရာပညာရှင် ၁၅ဝ တို့၏ သဘောတူညီမှုနှင့် ထောက်ပြမှု တို့အရ ယခု အခြေခံပညာ ပညာ ရေးစနစ်ကို ပြုပြင်ပြောင်းလဲသွားရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရှိရ သည်။ ''နိုင်ငံမှာ ၁၂ တန်းပညာ ရေးအဖြစ် ပြင်မှာလား၊အဖွဲ့က သဘောတူရင် ကျွန်တော်ပြင်မယ်။ အဖွဲ့ကလည်း သဘောတူတဲ့အ တွက် ပြင်ဖို့ စုပေါင်းလုပ်ကြမယ်''ဟု ဒုတိယဝန်ကြီး ဦးအေးကြူက အတည်ပြုပြောသည်။ လက်ရှိ ၉ တန်းနှင့် တက္ကသိုလ်ဝင်တန်း သင်ယူသူတို့ မှာ ယခုစနစ်အတိုင်း သွားမည်ဖြစ် သော်လည်း ၂ဝ၁၄-၂ဝ၁၅ ပညာ သင်နှစ်၌ ၉ တန်းစတင် တက်ရောက် ကြမည့် ကျောင်းသား/သူတို့မှာ စနစ်သစ်နှင့် စတင်တက်ေ ရာက် ပညာသင်ယူရမည်ဖြစ်ကြောင်း၎င်းက ဆက်လက်ပြောသည်။ ''လာမယ့် စနစ်သစ်က အခြေခံမူလတန်းအဆင့်မှာ အတန်း ငါးတန်း၊ အလယ်တန်း အဆင့်မှာ အတန်းလေးတန်း၊ အထက်တန်း အဆင့်မှာ အတန်းသုံးတန်း ဒီလိုရှိ သွားမယ်''ဟု ဦးအေးကြူက ပြော သည်။ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ ဒေါက် တာချမ်းငြိမ်းကလည်း လက်ရှိ အခြေခံပညာရေးစနစ်မှာ ၁၁ တန်းပညာရေးသာဖြစ်နေ၍ အိမ်နီး ချင်းနိုင်ငံတို့နှင့်ပင် ယှဉ်ပြိုင်နိုင်မှု မရှိဖြစ်နေသည်ကိုသာ တွေ့ရှိခဲ့ရ ကြောင်း၊ ၁၂ တန်းပညာရေး သာ ဖြစ်သင့်ကြောင်း ပေါ်ပြူလာနယူးစ် သို့ ပြောသည်။ အလွတ်တန်းဆရာ ဒေါက် တာ စိုးဝင်းဦးက ''အကြိမ်ကြိမ်ပြော ခဲ့ဖူးပါတယ်။ ဆယ်တန်းအောင် ထားတဲ့ ကျောင်းသားတစ်ယောက် က နိုင်ငံခြားမှာ တက္ကသိုလ် ပထမ နှစ် စမတက်နိုင်ကတည်းကိုက ဒီမှာ တစ်ဆင့်နိမ့်နေပါပြီ ပြင်သင့်ပါတယ်''ဟုမှတ်ချက်ပြုသည်။ ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာသင်ရိုးတို့ကို ပြန် လည်ပြုပြင်ရေးဆွဲခြင်း၊ ဖြည့်စွက် ခြင်း၊ အဆင့်မြှင့်ခြင်း အစရှိသည် တို့ကို ဆောင်ရွက်နေပြီး အသစ် ထပ်မံတိုးချဲ့မည့် စာသင်နှစ်တစ်ခု အတွက်ကိုပါ လုပ်ဆောင်နေသည် ဟု သတင်းရရှိသည်။ Ref: Popular Myanmar News Journal

နှလုံးသားမရှိသူများ အမြန်လမ်းမကြီးပေါ် ဖြတ်သန်းသွားလာခွင့်မပြု . .

“ ကျွန်တော်က ရန်ကုန်ကနေအစည်းအဝေးရှိလို့ တစ်ယောက်တည်း ကားကို ဖြည်းဖြည်းလေးမောင်းပြီး မနက် ၆ နာရီလောက် ထွက်လာတာ။ ၉ နာရီကျော်လောက်ပဲရှိသေးတယ်။ မိုင်တိုင် အမှတ် ( / ) မှာ ကားတစ်စီးမှောက်ပြီး ကားကလည်း တစောင်းကြီးဖြစ်နေတယ်။ အစည်းအဝေးဆိုပြီး ထွက်လာတာမို့ ဆေးအိတ်မပါလာတာရယ်၊ ကားထဲကလူတွေကို ဆွဲထုတ်ဖို့ ပြုစုဖို့က ကျွန်တော်တစ်ယောက်ထဲနဲ့ မဖြစ်နိုင်တာရယ်ကြောင့် ရှေ့ဆက်မောင်းလာပြီး တွေ့တဲ့ ရဲစခန်းကို ၀င်သတင်းပို့လိုက်တော့ အဲဒီစခန်းက ပုဂ္ဂိုလ်က အဲဒီနေရာက သူ တို့အပိုင်မဟုတ်ဘူး၊ သူတို့နဲ့မဆိုင်ဘူးဆိုပြီး ပြန်ပြောတယ်။ ဘာမှဝေးတာမ ဟုတ်ဘူးနော်။ ကျွန်တော်က အဲဒါဆိုလည်း သက်ဆိုင်တဲ့ အပိုင်စခန်းကိုဆက် ပြီးအကြောင်းကြားပေးပါ။ ဘယ်အချိန်ကတည်းက မှောက်နေမှန်းမသိဘူး။ အ ချိန်ကြာသွားရင်ခက်လိမ့်မယ် အတင်းတောင်းတောင်းပန်ပန်နဲ့ ပြောခဲ့ရတယ်၊ ကျွန်တော်ဆိုလိုတာက ကျွန်တော်အပိုင်မဟုတ်ဘူးဆိုပြီး ကျွန်တော့်ကို ငြင်းနေစရာမလိုပါဘူး။ သူဘာသာပဲ ' ဟုတ်လား၊ နေရာအတိအကျလေးပြောပေးပါ' ဆိုပြီး ပြာပြာသလဲနဲ့သူ့အပိုင်မဟုတ်လည်းကိုယ့်စခန်းမှာလာသတင်းပေး နေပြီပဲ သက်ဆိုင်တဲ့စခန်းကို ဆက်သွယ်ရေးစက်တို့ ဖုန်းတို့နဲ့ပြောပေး၊ အရေးတယူဆောင်ရွက်ပေးစေချင်တာပါ ခပ်တည်တည်အေးအေးဆေးဆေးပဲ လူ့အသက်ကိုတန်ဖိုးမထားတဲ့ တော်တော်သွေးအေးတဲ့လူတွေဗျာ”။ နှလုံးအထူးကုဆရာဝန်ကြီးတစ်ဦးက ရန်ကုန်-နေပြည်တော်- မန္တလေး အမြန်လမ်းမကြီးပေါ်မှ သူကိုယ်တိုင်ကြုံတွေခဲ့သော စိတ်မသက်သာဖွယ်အ ဖြစ်အပျက်တစ်ခုကို စကားစပ်မိရင်းပြောပြသည်။ မီဒီယာဂရုတစ်ခုမှ အမှုဆောင်အရာရှိက “အေးဗျာ၊ ဟိုရက်က တွေ့လိုက်ရတဲ့ နာရေးတစ်ခု၊ စီးပွားရေးလုပ်ငန်းရှင်ကြီးဒေါက်တာတစ်ဦးပဲလေ(အဘထ ရူဆေးပိုင်ရှင်)။ ရန်ကုန်က နေ နေပြည်တော်ကိုတက်လာတာတဲ့။ ကားမှောက်ရော၊ ဖြတ်သွားတဲ့ကား တွေတစ်စီးပြီးတစ်စီး ဆက်သာမောင်း သွားတယ် လူနာကိုမတင်ဘူးတဲ့ဗျာ၊ အတူပါလာတဲ့ သမီးဖြစ်သူက ဘာ ကြောင့်မတင်မှန်းသဘောပေါက်သွားတာမို့ ကိုယ်တိုင်ကားတားပြီး အခုတင် သွားတဲ့ကားပေါ်မှာ သူ့အဖေသေရင် အခုကားလိုမျိုး ပုံစံတူအစားပြန်ဝယ်ပေး ပေးပါမယ်၊ သူ့အဖေကိုဆေးရုံအမြန်ပို့ပေးပါလို့ ကတိပေးပြီး တောင်းပန်တာ တောင်မရဘူးတဲ့ဗျာ။ အဲဒါနောက်ဆုံးတော့ အချိန်တွေ နောက်ကျသွားပြီး အ ခုလိုဖြစ်သွားရတာလို့ သိရတယ်ဗျာ။ တစ်ဦးနဲ့တစ်ဦးရိုင်းပင်းပါတယ်၊ ကူညီ ပါတယ်၊ ဖော်ရွေပါတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာလုံးဝကြားလို့မကောင်း တဲ့ကြေ ကွဲဖွယ်ဖြစ်ရပ်တစ်ခုပဲပေါ့” ဟုမချိတင်ကဲ ထောက်ခံဆွေးနွေးသည်။ “အေးဗျာ၊ အဲဒီမှာ ကျွန်တော်တို့လူတွေက အကြောက်ကြီးတာ အဓီကပဲ လို့ထင်တယ်။ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပေမယ့် မိရိုးဖလာတွေများတော့ ကား ပေါ်မှာ လူသေရင် မကျွတ်ဘဲ စွဲနေမယ်လို့ အယူသီးကြတယ်။ လူသေထား တဲ့ကား နိမိတ်မရှိဘူးလို့ အမှတ်မှားနေကြတယ်။ တစ္ဆေ၊ သရဲကို အကြောက် ကြီးကြတယ်။ ရုံးမှာ၊ ဂတ်မှာ လိုက်ရှင်းရမှာကို အကြောက်ကြီးကြတယ်။ အဲဒီ လိုအကြောက်ကြီးရတာကြောင့် လူသားဆန်မှုတွေ၊ ပျောက်ဆုံးကုန်တာပါပဲ။ မြန်မာတို့ရဲ့ အစွဲထဲမှာ လူသေတွေ့ရင် နိမိတ်မကောင်းဘူးဆိုတဲ့ အယူက လည်းရှိသေးတယ်။ မသာတစ်ခေါက်၊ ကျောင်းဆယ်ခေါက်လို့ ဘာသာရေးနဲ့ နွှယ်တဲ့ မြန်မာဆိုရိုးစကားရှိတာလည်း မေ့နေကြတယ်လို့ထင်တယ်“ ဟု သတင်းထောက်တစ်ဦးက သူအမြင်ကို ၀င်ပြောပြသည်။ “တကယ်တော့ နိုင်ငံတော်အစိုးရကလည်း အမြန်လမ်းမကြီးပေါ်မှာ ဖြည့် ဆည်းပေးသင့်တာတွေ ထပ်မံဖြည့်ဆည်းပေးမယ်။ ဟို သူ့အပိုင်၊ ငါ့အပိုင်ဆို ပြီးတာဝန်တစ်ခုပဲသိတဲ့ သူတွေကို တာဝန်နဲ့ဝတ္တရား ဒွန်တွဲသိအောင် စိတ် ဓာတ်သွင်းပေးတာ အပါအ၀င်ပေါ့လေ၊ မောင်းနှင်သူတွေကလည်း ဘုရား၊ တရား ၊ သံဃာနှလုံးသွင်းပြီး ဘာသာရေးအသိလေးနဲ့ သတိလေးထား မောင်းနှင်ကြမယ်။ အမြန်လမ်းမကြီးပေါ် တစ်ခုခုဖြစ်တာတွေ့ရင် မိမိရဲ့ အချိန်ကုန်မှာ၊ လူသေတင်မိလို့ ရှင်းရလင်းရမှာ၊ မိမိကားပေါ်မှာမကျွတ် ဘဲ ကျန်နေမယ်ဆိုတဲ့ကြောက်စိတ်တွေနဲ့ ရှောင်ပြေးချင်တဲ့စိတ်တွေ ကျွန် တော်တို့အမြဲ ဖြတ်သန်းသွားလာနေတဲ့ လူတွေဆီမှာ နည်းပါးသွားအောင် မီဒီယာတွေကနေ အသိပညာပေးတာလုပ်ကြဖို့ လိုမယ်လို့ ကျွန်တော် ထင်တယ်” ဟု ထို့နေ့က စကားဝိုင်းတွင် စာရေးသူ ၀င်ဆွေးနွေးခဲ့ ပါသည်။ မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်နှင့် စီးပွားရေးမြို့တော် ရန်ကုန်၊ အထက်မြန်မာပြည်၏မြို့တော် မန္တလေးတိုသို့ အမြန်လမ်းမကြီးကိုအသုံးပြု ၍ ဖြတ်သန်းသွားလာနေကြသူများတွင် မိမိတစ်စုံတစ်ခုဖြစ်လျှင်လည်း ကူညီ ဆောင်မမည့်သူနှင့် လွယ်ကူလျင်မြန်စွာဆုံတွေ့ပါစေ၊ သူများတစ်ခုခုဖြစ်လျှင် လည်းကူညီစောင့်ရှောက်နိုင်သော ကိုယ်ဖြစ်ပါရစေဟု လူသားဆန်သော စိတ် ထားလှလှလေးများ ရှိစေချင်မိပါသည်။ Ref; ( မြန်မာ့အလင်း သတင်းစာတွင် ကိုကိုသက် ရေးသားထားသော ဆောင်းပါးကို မျှဝေခံစားပါသည်)
စက်တင်ဘာ ၂၂ ဒေါ်အောင်ဆန်းစုကြည် နယူးယောက်မြို့၊ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ တနာရီကျော်ကြာ မျက်မှောက်မြန်မာ့နိုင်ငံရေးကို နိုင်ငံရေးခေါင်းဆောင်နဲ့ အဝေးရောက် ပြည်သူတွေ တက်ညီလက်ညီ နားထောင်/ဆွေးနွေးပြီး ပြန်ထွက်လာတော့ ရိုဟင်ဂျာတွေအတွက် ဆန္ဒ ပြသူ ၂၀ ထက်မပိုတဲ့ လူတစုက အင်္ဂလိပ်စကားနဲ့ ``ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်အောင်ဆန်းစုကြည်... ပိုပြောပေးပါ၊ ကျယ်ကျယ်ပြောပါ`` လို့ အသံကုန်ဟစ် ဆန္ဒပြနေကြတာကို တွေ့ပါတယ်။ ပွဲအပြီး ပြန်ထွက်လာသူတွေကလည်း ထူးဆန်းတဲ့ပုံစံနဲ့ ၀ိုင်းပြီး ဓာတ်ပုံရိုက်ကြပါတယ်။ သူတို့ကိုတော့ ဘယ်သူမှ အနှောင့်အယှက် မပြုကြပါဘူး။ တွေ့ဆုံပွဲက ထွက်လာတဲ့ ဗမာအမျိုးသမီးတယောက်ကတော့ သူတို့ထဲက ဆန္ဒပြပွဲကို စီစဉ်တဲ့သူနား ကပ်ပြီး ``သူတို့ကို ပြောပြပေးစမ်းပါ၊ ဒေါ်အောင်ဆန်းစုကြည်က အထဲမှာ သူတို့အတွက် ကောင်းတာတွေ ပြောပေးခဲ့ပါတယ်`` လို့ ပြောနေတာ ကြားရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာကတော့ သူဟာ ဘက်တဖက်ဖက်ကို မဝေဖန်၊ မရှုံ့ချလို့ သူ့မကြိုက်ဘဲ ရှိလည်း ရပါတယ်၊ မကြိုက်ပါနဲ့၊ ပဋိပက္ခတွေ တိုးသထက်တိုးအောင်တော့ သူ မလုပ်နိုင်ဘူး။ အဲ... လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင်တော့ သူ မနေဘူး၊ ပြောမှာပဲလို့ ပြောခဲ့ပါတယ်။ ဘီဘီစီ သတင်းထောက်က ဆန္ဒပြပွဲ စီစဉ်သူ ရိုဟင်ဂျာလွတ်မြောက်ရေးလှုံဆော်မှုအဖွဲ့က ကိုနေစန်းဦးကို သူတို့က အင်္ဂလိပ်လိုချည်း အော်နေတယ်၊ ဗမာစကား မတတ်ဘူးလားလို့ မေးတော့ မတတ်တာကို ၀န်ခံပြီး ကျောင်းသူတွေပါလို့ ပြန်ဖြေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပွဲ၊ မြန်မာနဲ့ နိုင်ငံတကာ မီဒီယာတွေ စုတဲ့ပွဲ၊ ပရိသတ် ၁၅၀၀ လောက် တက်တဲ့ပွဲမို့ မီဒီယာရဲ့ အာရုံစိုက်မှုကို ရအောင်၊ တနည်း လူသိလူကြည့်အောင် လုပ်တဲ့ အသေးစား ဆန္ဒပြပွဲတခုသာ ဖြစ်ပါတယ Ref: BBC Burmese

Sunday, September 23, 2012

ယနေ့မွန်းလွဲ ၁ နာရီက ပြည်ကြီးတံခွန်မြို့နယ် ကံကြီးကုန်းကျေးရွာနှင့် ဇီးအုပ်ကျေးရွာမှ နိုင်ငံတော်ပိုင် သိမ်းဆည်းပြီး မြေများတွင် ၀ယ်ယူနေထိုင်မိသူများအား မြို့တော်ဝန်က ဖယ်ရှားပေးရန် လူကိုယ်တိုင် တွေ့ဆုံပြောကြားအပြီး ၀ယ်ယူနေထိုင်သူများက မြို့ေ တ်ာဝန်အား ပြန်လည်ထွက်ခွာခွင့် မပေးခဲ့ကြောင်း သတင်းရရှိသည်။ မြို့တော်ဝန်က ၄င်းကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် အစိုးရသိမ်းပြီး မြေများကို ၀ယ်ယူနေထိုင်မိသူများအား ၄င်းမြေသည် စာဖြင့်လည်းကောင်း၊ လူကိုယ်တိုင်သော်လည်းကောင်း နိုင်ငံတော်အစိုးရမှ တရားဝင် သိမ်းဆည်းပြီး မြေများဖြစ်ကြောင်း သတင်းစာမှလည်းကောင်း၊ လူကိုယ်တိုင်သော်လည်းကောင်း ပြောကြားရှင်းလင်းခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်နေထိုင်မည်ဆိုပါက တရားမ၀င် နေထိုင်နေခြင်းဖြစ်၍ ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း မြို့ကွက်သစ်ချထားရေးအဖွဲ့မှ ချထားပေးပြီးဖြစ်သောကြောင့် ပိုင်ရှင်ရှိသော မြေကွက်များဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ ကိုင်တွယ်သွားတော့မည်ဖြစ်ကြောင်း ၀ယ်ယူထားသည့် စာချုပ်စာတမ်းများကို စစ်ဆေးသွားမည်ဖြစ်ပြီး ဂရန်ထုတ်ပေးဖို့၊ ပိုင်ဆိုင်ကြောင်း အသိအမှတ်ပြုရန် မဟုတ်ကြောင်း လိမ်လည်ရောင်းချသွားသူများကို အရေးယူရန် စစ်ဆေးရခြင်းဖြစ်ကြောင်း၊ အမြန်ဆုံးဖယ်ရှားပေးရန် အထူးမေတ္တာရပ်ခံကြောင်း မြို့တော်ဝန်ကပြောသည်။ အဆိုပါနေရာတွင် နေထိုင်သည့် ကျောင်းဆရာမတစ်ဦးက "ဒီမြေတွေက ၂၀၀၈ လောက်ကတည်းက ရောင်းနေကြတာပါ။ အဲဒီကတည်းက တရားမ၀င်ဘူး တားမြစ်ခဲ့မယ်ဆိုရင် ခုလိုဖြစ်စရာအကြောင်း မရှိပါဘူး"ဟု မြို့တော်ဝန်ကို ပြောဆိုခဲ့သည်။ သို့သော် မြို့တော်ဝန်က ပထမအဆင့်အနေဖြင့် လူကြီးမင်းတို့ ထွက်ခွာပေးရမည်ဖြစ်ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် မြေယာများ ဆက်လက်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ပြောသည်။ သို့သော် မြို့တော်ဝန်၏ ဖြေရှင်းချက်ကို လက်မခံတော့ဘဲ ပြန်လည်ထွက်ခွာတော့မည့် မြို့တော်ဝန်၏ ကားရှေ့ရပ်ကာ ငိုယိုတောင်းပန်ခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်း၊ မဖယ်ခိုင်းတော့ပါဘူး မပြောမချင်း မဖယ်ပေးဟုဆိုကာ ပိတ်ဆို့ပြီး မြို့တော်ဝန်ကို ပြန်ခွင့်မပေးတော့ပေ။ မြို့တော်ဝန်အနေဖြင့် ဘုန်းကြီးကျောင်းပေါ်သို့ ရှောင်တိမ်းခဲ့ရပြီး လူစုမှာ စာချုပ်စာတမ်းများကိုင်ကာ ငိုယိုတောင်းပန်မှုများ ဆက်လက်ပြုလုပ်ခဲ့ကြသည်။ အမျိုးသမီးအများစုက မြို့တော်ဝန်ကားရှေ့ပိတ်ကာ ငိုယိုတောင်းပန်ခဲ့ကြသည်။ မွန်းလွဲ ၃ နာရီခန့်တွင် ယင်းကျောင်းတိုက်မှ ဆရာတော်က ကားရှေ့မှ ဖယ်ပေးရန် မိန့်ကြားခဲ့သော်လည်း လူထုမှာ ဖယ်ရှားခြင်းမပြုပေ။ မြို့တော်ဝန်ကိုယ်တိုင် ဘုန်းကြီးကျောင်းပေါ်မှ လော်စပီကာဖြင့် ယခုမြေကိစ္စကို ပြန်လည်စိစစ်ရဦးမည်ဖြစ်ကြောင်း၊ စိစစ်ပြီးပါက ပေးသင့်ပေးထိုက်သူများကို ပေးသွားမည်ဖြစ်ကြောင်း၊ မင်းမဲ့စရိုက်ဆန်ဆန် လုပ်နေသည်ကို လက်မခံနိုင်ကြောင်း ပြောဆိုခဲ့ပြီး ဒေါသထွက်လာကာ အော်ဟစ်ပြောဆိုခဲ့သည့်အဆင့် ရောက်ရှိခဲ့သည်။ ယင်းကိစ္စကို ၀င်ရောက်ဆောင်ရွက်ပေးနေသည့် ၈၈ ကျောင်းသားများက မြို့တော်ဝန်နှင့် မိမိတို့ ညှိနှိုင်းထားကြောင်း တစ်ပတ်အတွင်း ဖယ်ရှားမှု ဆက်လက်လုပ်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် ကားရှေ့မှ ဖယ်ပေးစေလိုကြောင်း ပြောသည်။ လူထုက ၄င်းတို့ကို ယုံကြည်သောကြောင့် ဖယ်ရှားပေးမည်ဟု ပြောဆိုပြီးနောက် မြို့တော်ဝန် ကားတန်းထွက်ခွာနိုင်ခဲ့သည်။ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမောင်ခိုင်က "ဒီမြေက ၉၀ ခုနှစ်ကျော်ကတည်းက တရားဝင် သိမ်းထားတာပါ။ ဒါကြီးကို ဇွတ်ပြောနေလို့လည်း မရပါဘူး။ တရားဥပဒေအတိုင်းသွားဖို့ ကူညီပေးမှာပါ။ တစ်ပတ်အတွင်း မဖျက်ဘူးလို့ မြို့တော်ဝန်က ပြောပါတယ်။ တခြားတော့ ဘာမှမပြောပါဘူး။ ကျွန်တော်တို့က အခု ရုန်းရင်းဆန်ခတ်မဖြစ်ဖို့ အဓိက ရည်ရွယ်ပါတယ်"ဟု ပြောသည်။ မြို့တော်ဝန်သည် မွန်းလွဲ ၃ နာရီခန့်တွင် ပြန်လည်ထွက်ခွာသွားနိုင်ခဲ့သည်။ ယနေ့ ညနေီ၆ နာရီတွင် ယင်းကိစ္စကို မန္တလေးမြို့မှ မီဒီယာသမားများနှင့် မြို့တော်ဝန် တွေ့ဆုံရှင်းလင်းမည်ဖြစ်သည်။ Ref: 7 days News Journal
နှစ်သိန်းဖုန်းများကို ၂၀၁၃ ခုနှစ် မတ်လကုန်အထိ ဈေးနှုန်းလျော့ချ ရောင်းချရန် အစီအစဉ်မရှိသေးဟုဆို၊ နှစ်သိန်းတန်ဖုန်းအလုံးရေ ရှစ်သိန်းဝန်းကျင် ရောင်းချပြီးနောက် ကျပ်ငွေ ဘီလျံ ၁၆၀ ရရှိပြီးဖြစ်ရာ ဈေးနှုန်းမလျှော့ခြင်းသည် ဆက်သွယ်ရေးနှင့် ခရိုနီများအတွက်သာဖြစ်ပြီး ပြည်သူများ ထိခိုက်စေသောလုပ်ရပ်အဖြစ် ဝေဖန်မှုများထွက်ပေါ် နှစ်သိန်းဖုန်းများကို ၂၀၁၃ ခုနှစ် မတ်လကုန်အထိ ဈေးနှုန်းလျော့ချ ရောင်းချရန် အစီအစဉ်မရှိသေးကြောင်း ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။ လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းများကို အနိမ့်ဆုံးဈေးနှုန်း တစ်လုံးလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ရောင်းချလျက်ရှိပြီး အဆိုပါအနိမ့်ဆုံးဈေးနှုန်းကို ယခုဘဏ္ဍာရေးနှစ်အတွင်း ဈေးနှုန်းများထပ်မံ လျော့ချရန် မရှိသေးကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောကြားခဲ့ခြင်း ဖြစ်သည်။ မိုဘိုင်းဖုန်းအလုံးရေ သန်း ၃၀ စီမံကိန်းကို ထုတ်ပြန်ခဲ့ပြီးနောက် ပထမနှစ်စီမံကိန်းအတွက် မိုဘိုင်း ဖုန်းအလုံးရေ လေးသန်းကို၂၀၁၂ခုနှစ်၊ မတ်လမှစတင်ပြီး GSM ဖုန်း Sim Card တစ်ကဒ်ကို ငွေကျပ်နှစ်သိန်းနှုန်းဖြင့် လည်းကောင်း၊ WCDMA ဖုန်းတစ်လုံးလျှင် ငွေကျပ်နှစ်သိန်းငါးသောင်းနှုန်းဖြင့်လည်းကောင်း အသီးသီး ရောင်းချပေးခဲ့ပါသည်။ ထိုသို့ ရောင်းချပေးခဲ့ပြီးနောက်တွင် ၂၀၁၂ ခုနှစ် စက်တင်ဘာလအထိ ငွေကျပ်နှစ်သိန်းတန် GSM ဖုန်းအလုံးရေ ရှစ်သိန်းဝန်းကျင်၊ ငွေကျပ်နှစ်သိန်းငါးသောင်းတန် WCDMA ဖုန်းအလုံးရေ နှစ်သိန်းဝန်းကျင်ခန့်ကို အများပြည်သူထံသို့ ရောင်း ချပေးခဲ့ပြီး ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(ရွှေဂုံတိုင်)မှ သိရှိရပါသည်။ ထို့ကြောင့် ငွေကျပ်နှစ်သိန်းတန် ဖုန်းအလုံးရေ ရှစ်သိန်းဝန်းကျင်ရောင်းချရမှုအတွက် ကျပ်ငွေဘီလျံ ၁၆၀၊ နှစ်သိန်းငါးသောင်းတန် WCDMA ဖုန်းအလုံးရေ နှစ်သိန်းဝန်းကျင် ရောင်းချရမှုအတွက် ကျပ်ငွေဘီလျံ ၅၀၊ စုစုပေါင်း ကျပ်ငွေဘီလျံပေါင်း ၂၁၀ ဘီလျံကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးအတူပူးပေါင်း လုပ်ဆောင်သည့် ကုမ္ပဏီများမှ ရရှိကြမည်ဖြစ်သည်။ မိုဘိုင်းဖုန်းသန်း ၃၀ စီမံကိန်း၏ ပထမနှစ် စီမံကိန်း မိုဘိုင်းဖုန်းအလုံး ရေလေးသန်းအတွက် အခြေခံအဆောက် အအုံများဆောက်လုပ်ခြင်း၊ ဆက်သွယ်ရေးတာဝါတိုင်များ ဆောက်လုပ်ခြင်း၊ လိုင်းတပ်ဆင်ခြင်းများနှင့် ပြည်ပမှ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ ၀ယ်ယူတင်သွင်းခြင်း စသည့် အခြေခံအဆောက်အအုံများ ဆောက်လုပ်ခြင်းလုပ်ငန်းများအတွက် ကနဦးရင်းနှီးမြှုပ်နှံမှုအဖြစ် ငွေကျပ်ဘီလီယံ ၅၀၀ ရင်းနှီးမြှုပ်နှံသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ၂၀၁၂ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ မိုဘိုင်းဖုန်းလုံးရေ လေးသန်းအတွက် ကနဦးရင်းနှီးမြုပ်နှံမှုငွေကျပ် ဘီလျံ ၅၀၀ ရှိချိန်တွင် မိုဘိုင်းဖုန်း အလုံးရေတစ်သန်းအတွက် ရင်းနှီးမြှုပ်နှံစရိတ်မှာ ငွေကျပ် ၁၂၅ ဘီလျံ ခန့် ပျမ်းမျှကုန်ကျမည်ဖြစ်ပါသည်။ လက်ရှိအချိန်တွင် မိုဘိုင်းဖုန်း တစ်သန်းရောင်းချပြီးချိန်တွင် ရရှိငွေမှာ ကျပ်ငွေဘီလျံ ၂၁၀ ရှိသည့်အတွက် အမြတ်ငွေ ကျပ် ၈၅ ဘီလျံကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် ကုမ္ပဏီများမှ ရရှိထားပြီး ဖြစ်ပါသည်။ အဆိုပါ အသားတင် အမြတ်ငွေ ၈၅ ဘီလျံ သည် ၂၀၁၂ ခုနှစ် မတ်လမှ စက်တင်ဘာလအတွင်း ရရှိခဲ့သော ငွေပမာဏမျှသာ ဖြစ်ပါသည်။ အခြားတစ်ဖက်တွင်လည်း ဖုန်းခေါ်ဆိုခနှုန်းထားများနှင့် မိုဘိုင်းဖုန်း အလုံးရေ ခုနစ်သိန်းခုနစ်သောင်းအတွက် အင်တာနက် တပ်ဆင်ပေးခဲ့ခြင်းအတွက် စုစုပေါင်း ငွေကျပ် ၇ ဒသမ ၇ ဘီလီယံကိုလည်း ယခုနှစ်ကာလအတွင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ရရှိထားခဲ့ပါသည်။ မိုဘိုင်းဖုန်းသန်း ၃၀ စီမံကိန်း အတွက် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူး ပေါင်းဆောင်ရွက်ခဲ့သည့် ကုမ္ပဏီများမှာ ရတနာပုံတယ်လီပို့နှင့် Elite နှင့် Asia Mega Link(Asia World ကုမ္ပဏီ၏လုပ်ငန်းခွဲ) အစရှိသော ကုမ္ပဏီများမှ အဓိကလုပ်ဆောင် နေပြီး Global တယ်လီဖုန်းကုမ္ပဏီ၊ Zaw & Zaw ကုမ္ပဏီ၊ မြန်မာပိတောက်အင်ဂျင်နီယာနှင့် ဆောက်လုပ်ရေးကုမ္ပဏီ၊ IGE ကုမ္ပဏီ၊ အောင်ချမ်းသာ ရောင်းဝယ်ရေးကုမ္ပဏီ၊ တာမိုးညဲချမ်းသာထွန်းဝေသာကုမ္ပဏီလီမိတက်၊ Fortune ကုမ္ပဏီ၊ Active Business Consol-idation Service ကုမ္ပဏီလီမိတက်နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့ဖြစ်ကြောင်း သြဂုတ်လအတွင်းက ရရှိခဲ့သော စာရင်းများအရ သိရှိရသည်။ အဆိုပါ ကုမ္ပဏီများတွင် ရတနာပုံတယ်လီပို့သည် အစိုးရနှင့် ပုဂ္ဂလိက ဖက်စပ်ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ ဖြစ်ပါသည်။ Elite Tech ကုမ္ပဏီမှာ ထူးကုမ္ပဏီပိုင်လုပ်ငန်းခွဲတစ်ခု ဖြစ်သည်။ ''Sim Card တန်ဖိုးတွေကို သုညရာခိုင်နှုန်းနဲ့ ရောင်းချသင့်ပေမယ့် အခုမဖြစ်သေးတာကို လက်ခံတယ်။ ဒါပေမယ့် Sim Card တန်ဖိုးတွေက ဘတ် ၁၀၀၊ ၂၀၀ (မြန်မာငွေကျပ် ၃၀၀၀ မှ ၆၀၀၀ကြား) ထက်ဈေး ပိုမကြီးသင့်ဘူး။ မြန်မာဆက်သွယ် ရေးလုပ်ငန်းကနေ ပစ္စည်းတွေဝယ်ရင် တင်ဒါခေါ်ပြီး ၀ယ်တယ်။ နောက်ဆုံးခေါ်ယူတဲ့ တင်ဒါမှာ Sim Card တစ်ကဒ်ကို ၂၅၀ နှုန်းနဲ့ ၀ယ်ယူခဲ့တယ်လို့ သိရတယ်။ တစ်ဖက်မှာလည်း ဖုန်းအလုံးရေ တစ်သန်းရောင်းပြီးတဲ့ အနေအထားမှာ အမြတ် အစွန်းရသင့်သလောက် ရခဲ့ပြီးတဲ့ အခြေအနေမှာ ရှိတယ်။ အခုလို နှစ်သိန်းဖုန်းတွေကို ဈေးထပ်မလျော့ဘဲ ရောင်းချနေတာက တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေးတိုးတက်မှုကို နှေးကွေးရာ ရောက်စေပါတယ်။ ပြည်သူ့မျက်နှာကို မထောက်ဘဲ ဆက်သွယ်ရေးလုပ်ငန်း၊ သူတို့နဲ့ နီးစပ်ရာ crony ကုမ္ပဏီအချို့ပဲ ကြီးပွားအောင်လုပ်ပေးနေတဲ့သဘော ဖြစ်နေပါတယ်''ဟု ပြည်တွင်းရှိ အိုင်တီလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လက်ရှိသွားနေသည့် ပုံစံမှာမူ ယခင်အစိုးရလက်ထက် ပုံစံများအတိုင်း ဆက်သွယ်ရေးလုပ်ငန်းကို လည်ပတ်နေသည့် အခြေအနေတွင်သာရှိနေပြီး သိသာသောပြောင်းလဲမှု ပုံစံသစ်များ မတွေ့ရသေးကြောင်း ဝေဖန်မှုများ ရှိနေပါသည်။ အထူးသဖြင့် မိုဘိုင်းဖုန်း တစ်သန်းရောင်းချပြီးချိန်တွင် အမြတ်ငွေများ ရရှိနေသည့်တိုင် ဖုန်းဈေးနှုန်း လျော့ချမပေးနိုင်သေးသည့် အခြေအနေက သာဓက တစ်ခုဖြစ်နေကြောင်း သိရသည်။ ''ဖုန်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော် လွှတ်တော်မှာ တင်ပြခဲ့တာ ရှိပါတယ်။ အဲဒါက ဆက်သွယ်ရေးမှာ ချုပ်ကိုင်မှုတွေများနေတဲ့ကိစ္စ၊ ဆက်သွယ်ရေးဥပဒေကို ပြင်ဖို့ကိစ္စ၊ ဆက်သွယ်ရေးကဏ္ဍမှာ Puplic ကုမ္ပဏီတွေထူထောင်ပြီး ဆောင်ရွက်ဖို့ကိစ္စ တွေကို မေးခွန်းအဖြစ် တင်သွင်းမေးမြန်းခဲ့တာပါ။ အခု ကျွန်တော်တို့ဆီမှာ ဖြစ်နေတာက Sim Card ပေါ်မှာ အရင်းကြေပြီး အမြတ်ရတဲ့အထိ စဉ်းစားပြီးဆောင်ရွက်နေလို့ အခုလို ဖြစ်နေတာပါ။ ဆက်သွယ်ရေးကဏ္ဍအတွက် တာဝါတိုင်တွေ Network တွေဆောက်ရတယ်။ ဒီအတွက် ရင်းနှီးမြှပ်နှံရတယ်။ နိုင်ငံခြားမှာလည်း ဒီလိုပဲ အစမှာတော့ ရင်းနှီးမြှုပ်နှံကြရတာပဲ။ နောက်ပိုင်း တဖြည်းဖြည်း အရင်းကျော်ပြီး အမြတ်ရလာကြတာပဲ။ ဒီမှာက အစကတည်းက အရင်းကြေပြီး အမြတ်လို ချင်နေကြတယ်''ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။ နိုင်ငံတော်သမ္မတကိုယ်တိုင်က အပြောင်းအလဲများ တိုးမြှင့်ဆောင်ရွက်ရန် ပြောထားသည့်အချိန်တွင် ဖုန်းဈေးနှုန်းများကို လျော့ကိုလျော့ချပေးရမည်ဖြစ်ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ထပ်မံပြောကြားသည်။ ''နိုင်ငံတော်သမ္မတကြီးကလည်း အပြောင်းအလဲတွေ တိုးမြှင့်ဆောင်ရွက်ဖို့ ပြောနေတဲ့အချိန်မှာ ဖုန်းဈေးနှုန်းတွေက လျော့ကိုလျော့ချပေးရမယ့် အချိန်ပါ။ ဆက်သွယ်ရေး ဒုဝန်ကြီးဦးသောင်းတင် ပြောထားတဲ့စကား ရှိပါတယ်။ ဘတ်စ်ကားစီးတာ ဘတ်စကားစီးခပဲ ပေးဖို့လိုတယ်။ ဘတ်စ်ကားဝယ်စီးဖို့ မလိုဘူး။ အဲလိုပါပဲ ဖုန်းပြောတဲ့နေရာမှာ ဖုန်းကတ်ကိုဝယ်သုံးရတယ်ဆိုတာ ကျွန်တော်တို့ မြန်မာတစ်နိုင်ငံပဲ ရှိပါတယ်။ ဆက်သွယ်ရေး network ဆိုတာ တစ်ခါလုပ်ထားပြီးရင် အကြာကြီး သုံးလိုရပါတယ်။ အခုခေတ်ပြောင်း စနစ်ပြောင်း ဖြစ်နေပါပြီ။ အခုရောင်းနေတဲ့ နှစ်သိန်းဆိုတာ ၁၅သိန်းနဲ့စာရင် နည်းလာပေမယ့် ဈေးနှုန်းတွေ ထပ်လျော့ဖို့ လိုအပ်တယ်ဆိုတာ ပြောကြားလိုပါတယ်''ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားခဲ့ပါသည်။ ''မိုဘိုင်းဖုန်း Sim Card များတွေကို နိုင်ငံတကာမှာ အလကားပေးနေတဲ့အချိန်မှာ ဒီမှာဈေးကြီးပေးပြီး မနည်းကိုမျော်ပြီး ၀ယ်နေရတဲ့ အပြင်ကို အခုပဲ တစ်သိန်းတန် ထွက်တော့မလိုလို ၅ ထောင်တန်ပဲ ထွက်တော့မလိုလိုနဲ့ ၀ယ်မဲ့သူတွေက ဟိုဟာစောင့်ရနိုးနိုး ဒီဟာပဲဝယ်ရ နိုးနိုးနဲ့ နောက်ဆုံးမစောင့်နိုင်တဲ့သူက နောက်ဆုံးတော့ အရစ်ကျနဲ့ရောင်းတာကို ၀ယ်တဲ့သူက၀ယ်နဲ့။ တစ်ဖက်ကလည်း အရစ်ကျနဲ့ ၀ယ်နေတုန်းရှိသေး ဒီထက်ဈေးနည်းတာက ထွက်လာ။ အခု နှစ်သိန်းတန်၊ ငါးသိန်းတန်ဖုန်းတွေ ၀ယ်ကိုင်ရတာလဲ အလုပ်လုပ်နေရတဲ့အတွက် မတတ်သာလို့ ၀ယ်သုံးရတာ။ မဟုတ်ရင် ဒီဖုန်းတွေက အားပေးချင်စရာတောင် မရှိဘူး''ဟု နည်းပညာနယ်ပယ်မှ လူငယ်တစ်ဦးဖြစ်သူ ကိုထက်လင်းစိုးက ပြောသည်။ ''ကျွန်တော့အမြင်အရ ပြောရမယ်ဆိုရင်တော့ (မြန်မာ့ဆက်သွယ်ရေး) တစ်ခုတည်းဖြစ်နေသေးသရွေ့ အထူးသဖြင့် သူကလွဲလို့ ရွေးချယ်စရာ မရှိသေးသရွေ့ကတော့ သူလုပ်ချင်တိုင်း လုပ်တဲ့ဒဏ်တော့ ကျွန်တော်တို့ ခံနေရဦးမှာပဲ။ ဖြစ်သင့်တဲ့ အနေအထားတစ်ခုက Competitive Market ဖြစ်လာဖို့က လိုကို လိုအပ်တယ်။ အဲဒါမရှိပဲကျတော့လည်း အဆင်ပြေမှာ မဟုတ်ဘူး။ သူတို့က Competitive Force ဖြစ်မလာခင်အချိန်လေးမှာ တတ်နိုင်သမျှ ကြိုသယ်ထားမှဆိုတဲ့ပုံစံမျိုးနဲ့ဆို အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်''ဟု Myanmar Link ကုမ္ပဏီ မှ CEO ကိုသီဟက ပြောသည်။ လက်ရှိအချိန်တွင် မြန်မာ့စီးပွားရေး ကော်ပိုရှင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် အစရှိသည်တို့မှာ ငွေကျပ်တစ်သိန်းသုံးသောင်းနှင့် ငွေကျပ်ရှစ်သောင်းတန် မိုဘိုင်းဖုန်းများ ရောင်းချပေးမည်ဆိုသော သတင်းများ လူထုအကြားတွင် ပျံ့နှံ့နေ သော်လည်း အဆိုပါကုမ္ပဏီများသည် ဆက်သွယ်ရေး ၀န်ဆောင်မပေးသည့် Operator အဖြစ် ဆောင်ရွက်ရန် ၀န်ဆောင်မှုလိုင်စင် ရရှိရေးအတွက် သက်ဆိုင်ရာဦးစီးဌာနနှင့် ၀န်ကြီးဌာနတို့တွင် လာရောက်လျှောက်ထားခြင်း မရှိသေးကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ပြောကြားထားပါသည်။ ဆက်သွယ်ရေးဏ္ဍတွင် ခေတ်စနစ်ဟောင်း၏ ပုံစံအတိုင်း ဆက်သွားပါက အိမ်နီးချင်းနိုင်ငံများကို အမီလိုက်နိုင်ရန် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း ၂၀၁၂ ခုနှစ်စက် တင်ဘာလ ၇ရက်နေ့၊ နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီးမှ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ပါက မြန်မာနိုင်ငံ၏ တယ်လီဖုန်းနှင့် အင်တာနက် အသုံးပြုမှုသည်များစွာ နောက်ကျကျန်ရစ်ခဲ့ရာ လက်ရှိပုံစံအတိုင်း မပြောင်းလဲဘဲ ဆက်သွားပါက ပို၍သာ နောက်ကျဖွယ်ရာ ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ လူတစ်ရာလျှင် တယ်လီဖုန်း ၆လုံး ၇လုံး သုံးစွဲနိုင်သည့် အနေအထားသို့ ရောက်ရှိလာခဲ့သော်လည်း အိမ်နီးချင်းနိုင်ငံများ၌ ယခုထက် ပိုမိုသုံးစွဲနေကြောင်း၊ ခေတ်စနစ်ဟောင်း၏ ပုံစံအတိုင်း ဆက်သွားပါက အိမ်နီးချင်းနိုင်ငံများကို အမှီ လိုက်နိုင်ရန်အတွက် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း စသဖြင့် ပြောကြားခဲ့သည်။
''ဆင်းကတ်တန်ဖိုးဆိုရင်လည်း ကျပ် ၅၀၀၀ တောင် မဟုတ်ဘူး။ ဆင်းကတ် အလကားဖြစ်ရမယ့်အပြင် ၀ယ်ယူသူတွေကို မိနစ် ၂၀၀ အလကား ဆက်ခွင့်ပြုတာမျိုး၊ ဟန်းဆက်တစ်လုံး လက်ဆောင်ပေးတာမျိုးထိ ဖြစ်သင့်တာပါ။ အဲဒီအတွက် လည်း Business Model ကို ပြောင်းပစ်ဖို့ လိုပါမယ်။ ဘတ်စ်ကားစီးတဲ့ သူတစ်ယောက်ဟာ ကားစီးခကိုပဲ ပေးရတာပါ။ ဘတ်စ်ကားဖိုးပေးစရာ မလိုပါဘူး။ ဒီလိုပဲ ကွန်ပျူတာပစ္စည်းရောင်းတာနဲ့ ကွန်ပျူတာသင်တန်းကျောင်းတို့ရဲ့ ပုံစံချင်း မတူပါဘူး။ ကွန်ပျူတာပစ္စည်း ရောင်းရင်းဝယ်ရင်းထားရတဲ့ ပစ္စည်းတစ်ခု အတွက်ချက်ချင်း အမြတ်လိုချင်ပေမယ့် ကွန်ပျူတာသင်တန်းကျောင်းမှာတော့ ရင်းထားရတဲ့ ပစ္စည်းဖိုးကို ချက်ချင်း ကျေချင်လို့ မရပါဘူး။ ဒီသဘောပါပဲ။ မိုဘိုင်းဖုန်း ကုမ္ပဏီ အနေနဲ့လည်း ကာလတစ်ခုထိ ရင်းနှီးမြှုပ်နှံရမှာဖြစ်ပြီး ရေရှည်ဝန်ဆောင်မှု ပေးသွားရမယ့် ကိစ္စမျိုးပါ''ဟု ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က ဒုတိယ၀န်ကြီး မဖြစ်မီ သြဂုတ်လ နောက်ဆုံးပတ်အတွင်းက ပြောကြားထားခဲ့သည်။ မြန်မာ့ဆက်သွယ်ရေး ကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုများ စတင်သည့်အနေဖြင့် ဆက်သွယ်ရေးကဏ္ဍကို Operator လေးခုဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးနှင့် ရတနာပုံ တယ်လီပို့တို့မှ Operator နှစ်ခု ရယူမည်ဖြစ်ကာ ကျန်နှစ်ခုကို Tender စနစ်ဖြင့် ခေါ်ယူရန် စီစဉ်ထားပါသည်။ မိုဘိုင်းဖုန်းဈေးလျော့မှုတွင် အသစ်ပေါ်ထွက်လာမည့် Operator နှစ်ခု လုပ်ငန်းလည်ပတ်ချိန်တွင် ဖြစ်လာနိုင်သည်ဟူသော သုံးသပ်မှုများရှိ နေသော်လည်း အသစ်ပေါ်ထွက်လာမည့် Operator နှစ်ခုသည် ခရိုနီ (Croney) များကြီးစိုးသော ကုမ္ပဏီများသာ ရရှိခဲ့မည်ဆိုပါက မည်သို့ ဖြစ်လာနိုင်မည်နည်းဆိုသော မေးခွန်းများ ထွက်ပေါ်နေပါသည်။ Reference and Credit to -Eleven Media Group

Thursday, September 20, 2012

I phone VS Samsaung Glaxy

Samsung : မင်းရဲ့နည်းပညာကို ငါမခိုးပဲနဲ့ ငါ့ကိုတရားဆွဲတယ် မင်းကကလိမ်ကကျစ် iPhone : မင်းကငါ့နည်းပညာကိုမခိုးပေမယ့် တစ်ဖြည်းဖြည်းတူအောင်လိုက်လုပ်လာတာတော့ သုံးတဲ့သူတွေသိတယ် iOS တွေက အရင်ကတည်းက ဒီစတိုင်ပဲ Samsung : မင်းထုတ်တဲ့ OS တွေက ဘာမှလည်းထူးထူးခြားခြားတိုးတက်မလာဘူးဆိုတော့ Customer ကိုလှည့်စားနေတာလား iPhone : ငါက Feature များများမတိုးဘူး တိုးရင်လည်းတစ်ခုတည်းနဲ့ပိုင်ပိုင်နိုင်နိုင် အံ့သြသွားစေမယ့်အရာပဲလုပ်တယ် i Family အနေနဲ့ကိုယ်ပိုင် OS ကိုပဲသုံးတာ ပထွေးကိုအဖေမခေါ်တတ်ဘူး Samsung : မင်းရဲ့ app store က User တွေအကောင့်ဖွင့်ရတာမခက်ခဲလွန်းဘူးလား iPhone : Google Play ထက်တော့ Smart ကျတာအမှန်ပဲ Samsung : memory ထပ်တိုးလို့ရမယ်ဆိုရင် ကောင်းမယ် မင်းတို့အိုင်ဖုန်းတွေ iPhone : memory ထပ်စိုက်ရင် OS မှာ Extrnal source အတွက်အများကြီးထပ်ရေးရဦးမယ် ကတ်အရည်အသွေးပေါ်မူတည်ပြီး အရာအားလုံးပြောင်းလဲနေမယ် နောက်ဆုံးမင်းလို ဟန်းသွားမှာပေါ့ Samsung : မင်း app တွေကသွင်းရတာခက်ခဲလွန်းပါတယ်ကွာ iPhone : သွင်းပြီးသွားရင်လည်း ဘာမှချေးမများဘူး iproduct အားလုံးနဲ့အံဝင်ပြီးသား ဟိုဖုန်းမှာမရတာ ဒီစက်မှာမရတာမဖြစ်ဘူးမင်းတို့ app ကမှအကုန်သွင်းလို့ရတယ် ဒါပေမယ့် အားလုံးပေါ်မှာ run လို့မရဘူး Samsung : Custom Firmware တင်ရင် ကြောင်တတ်တယ်ဆို iPhone : Official တင်လည်းကြောင်တာ မင်းတို့ Android လေ Samsung : ငါတို့မှာ Rooting Tool တွေအများကြီးကွ ကြိုက်တာသုံးလို့ရတယ် iPhone : မလိုပါဘူး OS တစ်ခုအတွက် Root တစ်ခုတော်ပြီပေါ့ Samsung : ခုချိန်မှာမင်းတို့ စတိဗ်ဂျော့ပ် အသားကုန်ကြိုးစားခဲ့တဲ့ သမိုင်းတစ်လျောက်နာမည်ရတဲ့နည်းတူ ငါတို့ Samsung ကအချိန်တိုလေးနဲ့နာမည်ရလာတာ မရှက်ဘူးလား iPhone : Google ဆိုတာကဂုရုကြီးလေ ငါတို့နဲ့ တစ်တန်းတည်းတွေပေါ့ ငါတို့က အစကတည်းက ကိုယ်ပိုင် OS ကိုယ်ပိုင် Store နဲ့ ကိုယ်ပိုင်ဟန်တွေ ရှိထားပြီးသား မင်းက ငါနဲ့တစ်တန်းတည်းကောင်တွေ လုပ်တဲ့ OS နဲ့ Store ကိုသုံးနေတာ ငါ့ရဲ့ တူအဆင့်လောက်ပဲရှိပါတယ် နာမည်ရတာလည်းမဆန်းပါဘူး Samsung : Nokia ကိုတောင်ကျုပ်ခေါက်ထားနိုင်ခဲ့တာ ခင်ဗျားလုပ်နိုင်ခဲ့လို့လား iPhone : Bill Gates နဲ့ထိပ်တိုက်ရင်ဆိုင်ရတဲ့တစ်နေ့ မင်း Nokia လက်အောက်ရောက်ဦးမယ်ထင်တယ် Samsung : ငါတို့ Developer တွေကတော်တယ် app တွေအများကြီးရေးနိုင်တယ် လိုချင်တာရတယ် iPhone : ငါတို့ကတော့ လိုချင်တာ ပေးနိုင်ဖို့ထက် လိုအပ်တာကိုရေးပြီး သွက်လက်တိကျမြန်ဆန်ပြီး ချောမွေ့ဖို့အဓိကထားတယ် Samsung : nano sim card ကအောင်မြင်မယ်ထင်နေလား စတန့်ထွင်လွန်းတယ် iPhone : မင်းတို့ကအစ ငါတို့စတန့်နောက်လိုက်လာတာပဲမဟုတ်လား မင်းတို့သာ nano နဲ့ခပ်ဆင်ဆင် idea လိုပ်မလုပ်ပါစေနဲ့လို့ပဲဆုတောင်းရမှာပေါ့ Samsung : ငါတို့က Open Source ကွ အကုန်လုံးလွပ်လွပ်လပ်လပ်ပဲ iPhone : ငါတို့ကတော့ OS ကိုလည်းထိန်းချုပ်ထားတယ် Technology ကိုလည်းထိန်းချုပ်ထားတယ် Developer တွေကိုလည်းထိန်းချုပ်တယ် User တွေကိုလည်းထိန်းချုပ်ထားတယ် ဈေးကွက်ကိုလည်းထိန်းချုပ်ထားတယ် ဘာဆိုဘာမှမလွပ်လပ်ဘူး ဒါပေမယ့် ဒီနေ့ထိ အမှာစာတွေဆက်တိုက်ရောက်နေတဲ့လျို့ဝှက်ချက်တွေရှိနေတယ် Samsung : ဘာလဲ iPhone : မင်းဥာဏ်မီလာတဲ့တစ်နေ့ကျရင် မင်း Open ထားသမျှ အကုန်ပိတ်ပြစ်လိမ့်မယ် ပြီးတော့ ငါတို့လိုပဲ တစ်ခုဆိုတစ်ခု ကျကျနနလုပ်တတ်လာလိမ့်မယ်

မိုးသီးဇွန် လုပ်လေသမျှ မုံရွာအဖွဲ့က ထိန်းနေရတယ်

မြန်မာနိုင်ငံသို့ ဧည့်သည်အဖြစ်ရောက်ရှိနေသော ၈၈ ကျောင်းသားခေါင်းဆောင် မိုးသီးဇွန် တို့အဖွဲ့သည် မနေ့က(၁၉-၉-၂၀၁၂)နေ့ တွင် လက်ပံတောင်စီမံကိန်းမြေနေရာ ဝက်မှေးကျေးရွာသို့ သွားရောက်ပြီး ဒေသခံများနှင့် တီရှပ်အထည်(၂၀) တောင်းခံပါသည်။ ယနေ့ခေတ်သည် ဒီမိုကရေ စီလမ်းကြောင်းပေါ်သို့ သွားနေပြီဖြစ်၍ အကြောက်တရားများကင်းဝေးကြရန် ဟောပြောပါသည်။ ၎င်းတို့ကိုယ်တိုင်လည်း STOP စာတန်းများပါသည့် တီရှပ်များ ဝတ်ဆင်ထားပါသည်။ ကျေးရွာဒေသခံများကို မိမိတို့ဆန္ဒအတွက် ရဲရဲဝံ့ဝံ့ထုတ်ဖော်ကြရန် တိုက်တွန်းပါသည်။ "ကျွန်တော်တို့က အမေရိကန်၊ ဆန်ဖရန်စစ္စကိုက လာတာပါ၊ ခင်ဗျားတို့ဖြစ်ပျက်နေတာတွေကို ကမ္ဘာကနေသိအောင် လုပ်ပေးနိုင်ပါတယ်။" ဆိုပြီး သူတို့အဖွဲ့အပေါ် အထင်ကြီးလေးစားစေဖို့ ပြောပါတယ်။ "ခင်ဗျားတို့ ဘာမှကြောက်စရာမလိုဘူး၊ ခင်ဗျားတို့လယ်တွေကို မနက်ဖြန်ကို ပြန်စိုက်ကြပါ" လို့ ရွာသားများအား တားမြစ် လယ်ယာမြေများပေါ်တွင် ပြန်စိုက်ပျိုးကြရန် ပြောပါသည်။ ထိုဒေသခံများတွင် မုံရွာအမှတ်(၁)ရဲစခန်းမှ ခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးလိုက်သော သူများလည်း ပါဝင်ကြသည်။ အခြေအနေမှာ လတ်တလောလေးတွင်မှ အေးငြိမ်းသွားကာရှိသေးတယ်။ ဒေသခံများနှင့် အာဏာပိုင်အစိုးရပိုင်းတို့ အားပြိုင်မှုတွင် မိုးသီးဇွန်က ရောက်ရှိပြီး အခြေအနေကို ရှုပ်ထွေးအောင် လုပ်ဆောင်နေသည်နှင့် တူနေသည်။ အဆိုပါ သတင်းများကို ကြားသိရသော မုံရွာမြို့မှ ကျောင်းသားအဖွဲ့များဖြစ်ကြသည့် ၈၈ ကျောင်းသားအဖွဲ့၊ ဗကသအဖွဲ့ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှ ခေါင်းဆောင်များ ဦးဆောင်ကာ အလျင်အမြန် သွားရောက်ကြရသည်။ အခြေအနေများ ပိုမိုရှုပ်ထွေးမသွားစေရန် အချိန်မီ တားဆီးနိုင်ခဲ့သည်။ ကျေးရွာဒေသခံများမှ မိုးသီးဇွန်ပြောသည့်အတိုင်း ဆောင်ရွက်ခဲ့ပါလျှင် ရန်သူ့အကြိုက်လုပ်ရပ်ဖြစ်သွားနိုင်ပါသည်။ အကြမ်းဖက်သမားသည် အကြမ်းဖက်လိုသော စိတ်ဓါတ်ကိန်းအောင်းနေမည်။ ငြိမ်းချမ်းရေးသမားသည် ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရန်ကြိုးစားကြမည်။ မိုးသီးဇွန်သည် မည်သူဖြစ်သည်။ မည်သည့်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည်။ ယခု မည်သည့်အကြောင်းများအတွက် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည်ကို ကျေးရွာဒေသခံလူအများက အလုံးစုံသိရှိကြမည် မဟုတ်ပေ။ ထိုသည်ကို အခွင့်ကောင်းယူ အခြားသော ကျောင်းသားအဖွဲ့အစည်းများ၏ အရှိန်အဝါကို ရောထွေးအသုံးချသွားနိုင်ပေသည်။ မုံရွာမြို့ပေါ်မှ လူအများ အချိန်မီတားဆီးနိုင်မှုကြောင့်သာ ပြဿနာများ မဖြစ်ခဲ့ရပေ။

Tuesday, September 18, 2012

Aung San Su Kyi meets Mrs Clinton in USA

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ပြည်ထောင်စု ခရီးစဉ်အတွက် မြန်မာနိုင်ငံမှ စက်တင်ဘာလ ၁၆ ရက်နေ့ ညပိုင်းတွင် လေကြောင်းဖြင့် ထွက် ခွာသွားရာ စက်တင်ဘာလ ၁၇ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီ သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။ အမေရိကန်ပြည်ထောင်စုတွင် လက်ရှိ၌ ရောက်ရှိနေသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ၀ါရှင်တန်ဒီစီတွင် စက်တင်ဘာလ ၁၈ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်းနှင့် တွေ့ဆုံမှုတွင် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။ Ref: Eleven Media Group

Monday, September 17, 2012

အချစ်နဲ့လိင်

အချစ်နဲ့လိင် 2011 ခုနှစ်တုန်းကအကိုတယောက်တင်ထားတဲ့ Note လေးပါအရမ်းကြိုက်လို့ပြန်တင်ပေးလိုက်ပါတယ် ။။။အချစ်ဟာ ဘ၀အတွက် အဓိက လိုအပ်ချက်မဟုတ်ပေမဲ့ အချစ်မရှိရင် ဘ၀မှာပျော်ရွှင်မှုဆိုတာတွေလည်း ပျောက်ဆုံးကုန်ရော။ အချစ်နဲ့ပတ်သက်လာရင် လူတိုင်းမှာ ခံစားချက်ကိုယ်စီရှိကြတယ်။ ထင်မြင်ချက် ကိုယ်စီလည်း ရှိကြပါတယ်။ ကျနော်အခုပြောပြချင်တာက ဘာလို့ ယောကျာ်းလေးမိန်းကလေး တော်တော်များများဟာ ချစ်သူတစ်ဦးတည်းကို တသက်လုံး ဘာလို့ မချစ်နိုင်တဲ့အပေါ် သုံးသပ်ကြည့်မိတဲ့ အကြောင်းအရာတွေပါ။ ဖောက်ပြန်ကြတယ်ဆိုတဲ့အသံတွေ​ကို နေရာတိုင်းမှာကြားနေရတယ်။ အရွယ်ရောက်ပြီးကြတဲ့ လူတိုင်း ဒီလိုအဖြစ်မျိုး ကြုံခဲ့ဖူးတာများပါတယ်။ ကိုယ့်ရည်းစားကရှုပ်တယ် ဆိုပြီး ပြတ်သွားကြတဲ့ သမီးရည်းစားတွေက လည်းမနည်းပါဘူး။ ဘာလို့လဲ။ အချစ် အချစ် ဆိုတဲ့ အကြောင်းကို သေချာမသိကြလို့လေ။ အချစ်နဲ့ လိင်ကို သေချာမသိကြလို့ ဖောက်ပြန်နေကြတာပေါ့။ ငယ်ငယ်က မိဘအချစ်ငတ်ခဲ့ရသူ၊ အချစ်ဦးက ရက်ရက်စက်စက်အသည်းခွဲပြီး အပစ်ခံခဲ့ရသူ တော်တော်များများဟာ ရှုပ်တတ်ကြတယ်။ ဖောက်ပြန်တတ်ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ အချစ်ဆိုတဲ့အရာကို မယုံကြတော့ဘူးလေ။ အချစ်က လုံခြုံမှု တည်မြဲမှုကို မပေးနိုင်ဘူးလို့ထင်နေကြတယ်​လေ။ ကိုယ့်လိုပဲ မြာပွေတဲ့သူတွေ ချည်းပဲလို့ ထင်မှတ်နေကြတယ်လေ။ ရည်းစားတွေထည်လဲတွဲ ပြီး သူတို့မှာလိုအပ် နေ တဲ့အချစ်တွေကို ဖြည့်ကြတာပေါ့။ ဒါကအချစ်ရှာနေတာ မဟုတ်ပါဘူး။လိင်ပါ။ တချို့ကျတော့ အချစ်စစ်နဲ့ကို ချစ်ကြတာပါ။ ဒါပေမဲ့ သူ့တို့ ရှေ့ဆက်လျှောက်ဖို့ အချစ်လမ်းခရီးက အခက်အခဲတွေ ရင်ဆိုင်ကြတဲ့အခါမှာ နားလည်မှုတွေ၊ ယုယမှုတွေ၊ ချစ်စကြင်စကလို တက်ကြွမှုတွေကို ချစ်သူနှစ်ဦးစလုံးက ပျိုးထောင်ပေးဖို့မေ့နေ ကြတော့ အထီးကျန်မှုတွေ သိမ်ငယ်မှုတွေပေါ်လာ တော့တာပေါ့။ ဒါကလည်း လူတိုင်းမှာ ချစ်သက်တမ်းရှည် လာသမျှ ငြီးငွေ့မှုတွေ ဖြစ်လာတတ်ကြတာ သဘာဝပဲလေ။ အထူးသဖြင့် လိင်အမှုကို ဦးစားပေးတဲ့ သမီးရည်းစားတွေဆို ပိုပြီးကွဲဖို့အခွင့်အရေးများတယ်။ ချစ်သူရဲ့ ကိုယ်သင်းနံ့၊ လှပမှုအဆင်း၊ ကိုယ်လုံးကိုယ်ပေါက်၊ လိင်ဆက်ဆံမှု၊ ဟန်အမူအရာ၊ စကားသံလေးတွေဟာ ချစ်စခင်စက ဘယ်လောက်ပဲချစ်ဖို့ကောင်းပါ​တယ် ပြောပြော ကြာရင် အီသွားကြတာပဲ။ ရိုးသွားကြတာပဲ။ ပေါက်စီ ဘယ်လောက်ကောင်းကောင်း မနက်တိုင်း သားရေစာကို ဒါပဲစားနေရတော့ ပြောင်းပြီးစား ချင်လာကြတယ်လေ။ ဒါတွေဟာ လူတွေရဲ့သဘာဝပဲလေ။ အပြောင်းအလဲလေးတွေကို အချောင်ရရင် အားလုံး ပြောင်းစားကြည့်ချင်ကြတာပါပဲ။ ခိုးစားကြည့်ကြတယ်လေ။ကာယံကံ​အမှုနဲ့ မဟုတ်တာတောင် ၀စီကံလေးတွေ၊ မနောကံလေးတွေနဲ့ ခံစားကြည့်တတ်ကြတယ်။ မမိသေးသရွေ့တော့ ချစ်သူနဲ့ အဆင်ပြေနေတာပေါ့။ မိသွားကြတော့ ကွဲကြပြဲကြတော့တာပဲ။မိန်းကေ​လးကော ယောကျာ်းလေးတွေ အားလုံးလုပ်နေကြတာပါ။ ရှက်လို့တာဖုံးထားကြတာ။ လိမ်နေကြတာပါ။ ကျနော်ပြောတာမယုံရင် နေ့တိုင်းတက်နေတဲ့ အွန်လိုင်းကို ကြည့်လေ။ လင်ရှိမယားရှိ ရည်းစားရှိ ပိုင်ရှင်ရှိပြီးသားတွေတောင် ကိုယ်ကြိုက်တဲ့ ချောချောလှလှ ကောင်လေး(သို့)ကောင်မလေးတွေ​နဲ့ မိတ်ဆွေဖြစ်နေရရင် ပျော်လို့ကို မဆုံးကြပါဘူး။ အဖြူရောင် ခင်မင်မှုတွေလို့တာပြောနေကြတာပါ။ သူတို့နဲ့ စာပေးစာယူ စကားပြောနေရတဲ့အချိန်ဟာ ကိုယ့်ချစ်သူနဲ့ ပြောတဲ့အချိန်တွေ ထက်တောင်ပိုပြီး ပျော်နေကြတယ်၊ ရင်ခုန်နေကြတယ်၊ စိတ်ချမ်းသာနေကြတယ်ဆိုရင် ဒါဟာလည်း ကာယကံ မနောကံတွေနဲ့ ကိုယ့်ချစ်သူအပေါ်ဖောက်ပြန်ေ​နတာပဲလေ။ ပေါက်စီမစားတော့ပဲ ဟန်ဘာကာပြောင်းစားကြည့်တာနဲ့​အတူတူပဲ လေ။ ကိုယ့်ရည်းစားအပေါ် ဘယ်လောက်ချစ်တာပါလို့ ပဲ ပြောပြော ဒီလိုဖောက်ပြန်နေကြတဲ့သူတွေ​ အများကြီးပါ။ မိန်းကလေးတွေက ကျနော် ဒီလိုပြောတာကို ကပ်သီးကပ်သတ်ပြောနေတယ်လို့ထ​င်ကြမှာပဲနော်။ မင်းသားတွေအဆိုတော်တွေ ကိုကြိုက်နေကြတာ၊ ဘောလုံးသမားတွေ အားကစားသမားတွေကို ကြိုက်နေကြတာ လည်း ဖောက်ပြန်နေတာပဲလေ။ သူတို့က ပြန်မကြိုက်ကြလို့တာ ကိုယ့်ချစ်သူနဲ့ ဘာမှမဖြစ်ကြတာ။ တဖက်က တကယ်ပြန်ကြိုက်ပါတယ်လို့တာ ပြောကြည့်ပါ။ ကိုယ့်ချစ်သူကို ပစ်ပြီး ကောက်ကောက်ပါအောင် လိုက်သွားကြမည့်သူတွေ အများကြီးပါ။ အနေဝေးတယ် လွမ်းတယ် အထီးကျန်ဆန်နေတယ် ဆိုတဲ့ ခံစားချက်တွေကိုဦးစားပေးပြီး ငါ့ချစ်သူမသိပါဘူးဆိုပြီး ဖောက်ပြန်နေကြတဲ့သူတွေလည်း အများကြီးပါပဲ။ ရေဆေးလိုက်ရင် ပြီးတာပဲဆိုတာမျိုးတွေပေါ့။ ကိုယ့်ချစ်သူက သိတာမှမဟုတ်တာ။ တခါခိုးစား နောက်လည်း အခွင့်ရတိုင်း ခိုးစားတတ်လာကြတယ်လေ။ ခိုးစားတတ်နေတုန်းတော့ အဆင်ပြေနေဦးမှာပါ။ အရိုးတော့ မဆူးစေနဲ့ပေါ့။ ချစ်သူထက်အပေးကောင်းတဲ့သူနဲ့​တွေ့ သွားလို့ကတော့ ချစ်သူကို ပစ်သွားပြီး တခြားသူဆီလိုက်ကြတော့တာပဲလေ​။ကြားဖူးတာများနေလို့ပြောနေ​တာနော်။ကောင်မလေးတွေ.တော်တော်များများက....ကျနော်တို့ေ​ယာကျာ်းလေးတွေကပဲ မကောင်းဘူးထင်နေမှာစိုးလို့​ပါ။ ယောကျာ်းလေးတော်တော်များများ ကတော့ အချောင်ရရင် အကုန်စားမှာပဲလေ။ လိင်လိင်လိင်တွေပါ။ လူတွေဟာ အချစ်အချစ်လို့ ပြောနေကြပြီး လိင်ကိုရှာဖွေနေကြတာပါ။ အချစ်ဆိုတာ အလွန်သန့်ရှင်းတဲ့အရာပါ။ ဒီလို အချစ်ရေးမှာအဆင်မပြေတိုင်း နောက်ရည်းစားအသစ်ရှာနေကြတာ တော့မကောင်းပါဘူး။ ကိုယ့်ချစ်သူက ရှုပ်နေ ပွေနေတာတကယ်မှန်လို့ ရည်းစားသစ် ပြောင်းရှာတာ ကိုတော့ အပြစ်မပြောပါဘူး။ မြန်မြန်ဖြတ်လေ ကောင်းလေပါပဲ။ ဒီလိုလူနဲ့ ပြတ်သွားတာ ကိုယ့်အတွက်ပိုကောင်း တယ်လေ။ နောင်ရေးအတွက်လည်း စိတ်ဆင်းမရဲရတော့ဘူးပေါ့။အလိုမလိုက်လို့၊ နားလည်မှုမရှိလို့၊ အချော့ မကောင်း လို့၊ သူများလို အပျော်တွေမပေးနိုင်လို့၊ Romanticမရှိလို့၊ ရေခဲတုံးကြီးမလို့ဆိုပြီးတော့ ရည်းစားကိုဖြတ်တာကတော့ မကောင်းပါဘူး။ ချစ်သူတိုင်း နားလည်ထားဖို့က ကိုယ်ကလည်း မဖောက်ပြန်အောင်နေတတ်ကြဖို့​ပါ။ အချိန်တိုင်း ကိုယ့်ချစ်သူကို ချစ်နေတတ်ကြဖို့ပါ။ ပေါက်စီ စားရတာ အီလာလို့ ဟမ်ဘာကာပြောင်း စားချင်ရင် ချစ်သူကို ပွင့်ပွင့်လင်းလင်း ပြောပြီး ဟမ်ဘာကာဖြစ်အောင် အမျိုးမျိုးပြောင်းပြီးလုပ်​စားကြပေါ့။ လိင်ကိုချည်း ဦးစားမပေးကြပါနဲ့။ ၀ါသနာ၊ အလုပ်၊အားကစားတွေမှာလည်း ချစ်သူနှစ်ဦးလုံး အကြိုက်တူအောင် ညှိနိုင်ကြရင်ပိုကောင်းပါတယ်။ အားလပ်ချိန်တိုင်းမှာ ချစ်သူနှစ်ဦးအတူ ခံစားပျော်ရွှင်နိုင်လို့လေ။ လိင်ထက်တောင် ပိုပြီးကြာရှည်တည်မြဲပါ တယ်။ပျော်ရွှင်မှုတွေကို ပိုပြီးပေးနိုင်ပါတယ်။ ဒါတွေက အရွယ်ရောက်လာလေ ချစ်သူနှစ်ဦးပိုချစ်လာအောင် ဖန်တီးပေးနိုင်ကြလေပါပဲ။ ကိုယ့်ချစ်သူနဲ့အတူ ကျန်းမာရေးလိုက်စားတတ်အောင်​ ပျိုးထောင်ထားကြပါ။ အားလပ်ချိန်မှာ ၀ါသနာပါရာလေး တွေကို အတူ ခံစားနိုင်အောင် ညှိထားကြပါ။ သီချင်းကြိုက်ရင် သီချင်းနားထောင်ပေါ့။ ရုပ်ရှင်ကြိုက်ရင် ရုပ်ရှင်ကြည့်ကြပေါ့။ အချက်အပြုတ်ကြိုက်ရင် နှစ်ယောက်အတူတူ ချက်ပြုတ်ပြီးစားကြပေါ့။ ခရီးထွက်တာကြိုက် ရင် အတူခရီးထွက်ကြပေါ့။ ဒါပေမဲ့ ဒါတွေလုပ်ဖို့ အရမ်းကြီး ဖိအားပေးမလုပ်ကြပါနဲ့။အကြို​က်ချင်းတူအောင် လုပ်ဖို့က နည်းနည်းခက်တယ်လေ။ အချစ်တွေပိုပြီးတိုးလာချင်လို့တာ လုပ်နေကြတာလေ။ တခါတလေ အလုပ်မအားလို့ အရေးပေါ်အကြောင်းတွေရှိလာလို့​ ဆိုပြီး အစီအစဉ်တွေပြတ်သွားတာ တွေရှိနိုင်တယ်လေ။ဒါကို ငါထက်ပိုပြီး ဦးစားပေးရမည့်အရာတွေရှိနေတ​ယ်ပေါ့လို့ စိတ်ဆိုးသွားပြီး ချစ်သူတွေ ရန်ပွဲဖြစ်ကြရ တာလဲ ခဏခဏပါပဲ။ ဒီလိုအချိန်မှာလည်း နားလည်မှုတည်ဆောက်နိုင်အောင်​ ကြိုးစားကြပါ။ အချစ်ဆိုတာ နားလည်မှုပါ။ ကိုယ့်ချစ်သူအပေါ် နားလည်တတ်မှုပါ။ ကိုယ့်အချစ်အပေါ်မှာလည်း နားလည်တတ်မှုပါ။ အချစ်စစ်နဲ့ ချစ်မိကြတာမှန်ရင် နားလည်မှုကို အရင်တည်ဆောက်ကြပါ။ ဘာပဲလုပ်လုပ် အချစ်ကို ရှေ့တန်းတင်ပါ။ လိင်ကို လျှော့ပါ။ သိမ်ငယ်မှု၊ အထီးကျန်ဆန်မှုဖြစ်နေတယ်ဆိုတဲ့အတွေးတွေကို လျှော့ပါ။ ကိုယ့်အချစ်ကို တန်ဖိုးထားပါ။ ကိုယ့်အချစ်ကို တန်ဖိုးရှိလာအောင်လုပ်ကြပါ။ ချစ်စကြင်စကလို အချစ်စိတ်တွေမပျောက်သွားအော​င် မြတ်နိုးကြပါ။ ဖောက်ပြန်ချင်တဲ့စိတ်တွေပေါ်​လာတိုင်း ကိုယ့်ချစ်သူလေး မျက်နှာ ကို ပြန်မြင်ကြပါ။ ချစ်သူအပေါ် ပြောခဲ့တဲ့ စကားတွေ၊ ချစ်မိခဲ့တဲ့အဖြစ်လေးတွေကို​ ပြန်စဉ်းစားကြည့်ကြပါ။ ချစ်သူများနေ့မှာ ကိုယ့်ချစ်သူတွေကို မေးကြည့်ပါ။ ကိုယ့်ကို ဘာလို့ချစ်တာလဲ။ အပျော်သဘောအတွက်လား။ တသက်လုံးအတွက်လားလို့။ တသက်လုံးအတွက်လို့ အဖြေပေးရင် တို့ဒီနေ့ကစပြီး တယောက်ကို တယောက် တနေ့တခြား ပိုချစ်မြတ်နိုးတတ်လာအောင် ကြိုးစားကြမယ်နော် ဆိုပြီးပြောလိုက်ပါ။ ရှေ့ဆက်ရမည့်အချစ်ခရီးလမ်းမှာ ဖောက်ပြန်ချင်တဲ့စိတ်တွေမဖြ​စ်လာအောင်လို့လေ။ ကိုယ့်ဘက်က ဖောက်ပြန်တဲ့စိတ်တွေဖြစ်လာတိုင်း ဒီစကားလေးကို သတိရကြပါ။ အချစ်လိုနေတာလား။ လိင်လိုနေတာလားလို့။ ကိုယ့်မှာ အချစ်ပိုင်ဆိုင်ထားရင် ဘာနဲ့မှ မလဲနိုင်တဲ့ လိင်အရသာကို ပိုင်ဆိုင်ထားတာ ပဲဆိုတဲ့အချက်ကိုလည်း မမေ့ကြပါနဲ့။ လိင်က အချစ်ကို မပေးနိုင်ပါဘူး။ အချစ်စစ်အချစ်မှန်က အချစ်တွေ အကြင်နာတွေ ယုယမှုတွေ လိင်ပျော်ရွှင်မှုတွေ အရာရာအားလုံးကိုပေးနိုင်ပါတ​ယ်။ ဖောက်ပြန်စိတ်ဟာ တခဏပါ။ ဒီအတွက်နဲ့ကိုယ့်မှာရှိနေတဲ့​ တန်ဖိုးရှိတဲ့အချစ်တွေ ဆုံးရှူံးသွားနိုင်တယ်ဆိုတာ​ကိုလည်း မမေ့ကြပါနဲ့။ ညစ်ပတ်သွားတိုင်း ရေဆေးလိုက်ရင် သန့်သွားတာပဲဆိုတဲ့ အရာတွေထဲမှာ အချစ်စစ်အချစ်မှန်မပါပါဘူး။ အချစ်စစ်အချစ်မှန်ဆိုတာ အချစ်ကို တန်ဖိုးထားနားလည်တတ်တဲ့ ချစ်သူတွေကြားမှာတာရှိတာပါ။ တကယ်ချစ်မိရင် နားလည်ကြမှာပါ။ အချစ်စစ်ဆိုတာ သူများနဲ့ ဝေခွဲလို့လဲမရဘူး။ ဖောက်ပြန်တာကိုလည်း ခွင့်မလွှတ်နိုင်ဘူးလေ။ ကိုယ့်ချစ်သူက ကိုယ့်အပေါ် မြတ်မြတ်နိုးနိုးပေးနေတဲ့ အချစ်စစ်အချစ်မှန်တွေကို ကိုယ်ကလည်း မြတ်နိုး တန်ဖိုးထား တတ်ရမယ်လေ။ ယုံကြည်မှုတည်ဆောက်နိုင်အောင် ဖောက်ပြန်နေတဲ့စိတ် တွေကို အချိန်တိုင်းထိန်းသိမ်းနိုင်ရမယ်လေ။ အတိတ်က ပွေခဲ့ ရှုပ်ခဲ့ မှားခဲ့တာတွေကို ခွင့်လွှတ်နိုင်ပေမဲ့ အချစ်စစ်နဲ့ စချစ်မိပြီဆိုကတည်းက ထပ်မဖောက်ပြန်အောင် ထိန်းသိမ်းနိုင်ရမယ်လေ။ အချစ်စစ်ဆိုတာ အတိတ်က အမှားတွေကို ခွင့်လွှတ်နိုင်ပေမဲ့ လက်ရှိ ထပ်ကျူးလွန်နေတဲ့ ဖောက်ပြန်မှုအမှားတွေ ကိုတော့ ခွင့်မလွှတ်နိုင်ဘူးလေ။ ချစ်သူများနေ့မှာ ကိုယ့်ချစ်သူများအပေါ် တသက်လုံး မဖောက်မပြန် ချစ်မြတ်နိုးတန်ဖိုးထားနိုင်ကြပါစေလို့ ဆုတောင်းရင်း.............

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ခရီးစဉ်

ဒီကနေ့ အမေရိကန် ပြည်ထောင်စုကို ထွက်ခွာဖို့ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခရီးစဉ် အတွင်းမှာတော့ ဂုဏ်ထူးဆောင်ဆုတွေ လက်ခံရယူဖို့၊ အမေရိကန် အစိုးရ တာဝန်ရှိသူတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သာမက အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ မရှေးမနှောင်း ဆိုသလို သမ္မတ ဦးသိန်းစိန် ဟာလည်း နယူးယောက်မြို့က ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ရင်း အမေရိကန်ကို ဒီလနှောင်းပိုင်း ရောက်လာ ဦးမှာပါ။ မြန်မာ့နိုင်ငံရေး လောကက အဓိက ပုဂ္ဂိုလ် ၂ ယောက်ရဲ့ အမေရိကန် ခရီးစဉ်အပေါ် အကဲခတ်တွေရဲ့ သုံးသပ်ချက် အမြင်တွေကိုတော့ ဗွီအိုအေ သတင်းထောက် Ron Corben သတင်းပေးပို့ ထားတာကို အခြေခံပြီး ကိုအောင်လွင်ဦးက အပြည့်အစုံ တင်ပြထားပါတယ်။ ဆယ်စုနှစ် ၂ ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ပြည်ထောင်စုကို ရောက်လာမယ့် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခရီးစဉ် အတွင်းမှာတော့ အရပ်သားတွေ အတွက် လွှတ်တော်က ချီးမြှင့်တဲ့ အမြင့်ဆုံး ဆုတခုဖြစ်တဲ့ ဂုဏ်ထူးဆောင် ရွှေတံဆိပ် လက်ခံ ရယူဖို့ အပါအ၀င် သမ္မတ ဘရက်ခ် အိုဘားမား နဲ့ပါ တွေ့ဆုံလိမ့်မယ်လို့လည်း မျှော်လင့်ထားကြတာ ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုကို ကိုယ်တိုင် လက်ခံရယူခဲ့တဲ့ ဥရောပ တလွှား ဒီနှစ်ဆန်းပိုင်း သွားရောက်ခဲ့ပြီး ဒုတိယ အကြိမ် အနောက်နိုင်ငံ ခရီးစဉ်အဖြစ် အမေရိကန် တ၀ှမ်း သီတင်း ၂ ပတ်ကျော်ကြာ နေထိုင်မှာလည်း ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ ဆိုရင်တော့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂ ရုံးချုပ်မှာ ကျင်းပမယ့် အထွေထွေ ညီလာခံကို သမ္မတ ဦးသိန်းစိန် တက်ရောက်မယ့် အချိန်နဲ့လည်း တိုက်ဆိုင်နေတာပါ။ တိုက်တိုက်ဆိုင်ဆိုင် အခြေအနေကြောင့် ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်လို့ ကတိပြုထားတဲ့ မြန်မာ သမ္မတရဲ့ ခရီးစဉ်အပေါ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျော်ကြားမှုက အရိပ်မိုးနေမလား ဆန်းစစ်သူတွေ သုံးသပ်နေကြပါတယ်။ မြန်မာ့အရေး အနီးကပ် စောင့်ကြည့် လေ့လာနေသူ သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်က ပါမောက္ခ Sean Turnell ကတော့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့ ဆက်ဆံရေးမှာ အပြန်အလှန် အကျိုးပြုနိုင်တာတွေ ရှိတယ်လို့ သုံးသပ်ပါတယ်။ “ဦးသိန်းစိန် နဲ့ ပတ်သက်လို့ ကောင်းတဲ့ အချက်တခု အနေနဲ့ကတော့ သူဟာ ရာထူးသက်တမ်း တခုပဲ ရှိမယ့်သူ ဖြစ်ပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံကို လမ်းကြောင်းမှန်ပေါ် ရောက်အောင် ဆောင်ကြဉ်းပေးတဲ့ အမွေအနှစ်မျိုး ချန်ရစ်လိုတဲ့ ကြီးကြီးမားမား အမြင်မျိုး ရှိပါတယ်။ တနည်းပြောရရင် ဒေါ်အောင်ဆန်းစုကြည် က သူ့အတွက်တော့ အတော်ကလေး တန်ဘိုးရှိတဲ့ အရာတခုပါ။ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အံ့မခန်းလောက်အောင် ရေပန်းစားသူ တယောက် ဖြစ်တာမို့ ဘယ်သူမှ မလုပ်နိုင်တဲ့ အလုပ်တခုဖြစ်တဲ့ မြန်မာနိုင်ငံကို ကမ္ဘာ့အလယ်မှာ ထင်ပေါ်လာအောင် လုပ်နိုင်လို့ပဲ ဖြစ်ပါတယ်။” အခုခရီးစဉ် အတွင်းမှာပဲ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို ထပ်မံ လျှော့ပေါ့မှုတွေကို ကြေညာကောင်း ကြေညာနိုင်တယ်လို့လည်း ပါမောက္ခ Turnell ကပြောပါတယ်။ တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမေရိကန် ခရီးစဉ်အတွင်း မြန်မာနိုင်ငံက လူ့အခွင့်အရေး ကိစ္စတွေကို ဆွေးနွေးတာ၊ မေးမြန်းတာတွေ ရှိမယ်လို့လည်း ဆန်းစစ်သူ တချို့က ခန့်မှန်းနေကြပါတယ်။ အထူးသဖြင့်ကတော့ လူပေါင်း ဒါဇင်နဲ့ချီ သေဆုံးပြီး အကြီးအကျယ် ထိခိုက် ဆုံးရှုံးမှုတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်က ဒေသခံ ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတွေနဲ့ မူစလင်တွေကြား ပဋိပက္ခတွေနဲ့ ပတ်သက်လို့ မေးခွန်း ထုတ်ကြလိမ့်မယ်လို့ ပြည်ပမှာ အခြေစိုက်ထားတဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည် ကပြောပါတယ်။ “ရခိုင်ပြည်နယ်မှာ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာတွေကို မေးခွန်းထုတ်ကြပါလိမ့်မယ်။ ဒါက မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ ကချင်ပြည်နယ် မှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ပွဲတွေနဲ့ ပတ်သက်လို့ လည်း မေးကောင်းမေးခံရ နိုင်ပါတယ်။ အခြေခံကျကျ အပြောင်းအလဲတွေ၊ အထူးသဖြင့်ကတော့ မြန်မာနိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရပ်ဘဲနဲ့ကတော့ သူ့ခရီးစဉ်က အမေရိကန်ရဲ့ မူဝါဒတွေ ပြောင်းလဲအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။” မြန်မာနိုင်ငံတ၀ှမ်း ဖမ်းဆီးခံထားရဆဲ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ လိုအပ်နေသလို လက်နက်ကိုင် ပဋိပက္ခတွေ ရပ်တန့်မှသာ အမေရိကန်ရဲ့ မူဝါဒတွေကို ပြောင်းလဲလာဖွယ် ရှိတယ်လို့လည်း ကိုဘိုကြည် ကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခရီးစဉ်အတွင်း အမေရိကန် လွှတ်တော်နဲ့ တက္ကသိုလ်တွေ၊ ပြည်ပရောက် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံရာမှာတော့ တိုင်းပြည်က အပြောင်းအလဲတွေနဲ့ ပတ်သက်လို့ သူ့ကိုယ်ပိုင် သုံးသပ်ချက်ကို ပြောလိမ့်မယ် လို့လည်း မျှော်လင့်ထားကြတာပါ။ အမေရိကန် ကွန်ဂရက် လွှတ်တော်က ချီးမြှင့်တဲ့ ရွှေတံဆိပ်ဆုအပြင် Asia Society ကချီးမြှင့်မယ့် ဂုဏ်ထူးဆောင်ဆု၊ Atlantic Council ရဲ့ ကမ္ဘာ့နိုင်ငံသား ဆုတွေကို လက်ခံရယူသွားမှာ ဖြစ်တဲ့အပြင်၊ Yale, Harvard နဲ့ Kentucky ပြည်နယ် Louisville တက္ကသိုလ်တွေကို သွားရောက်ပြီး စကားပြောမှာလည်း ဖြစ်ပါတယ်။ Ref:VOA Burmese

Saturday, September 15, 2012

KIA အဖွဲ့ ကိုယ့်သေတွင်း ကိုယ်တူးခြင်းဖြစ်

Myanmar Journal ဝေအောင်ကမ္ဘာကုမ္ပဏီကို ဗုံးခွဲဖျက်ဆီးခဲ့မှုဟာ KIA အဖွဲ့ ကိုယ့်သေတွင်း ကိုယ်တူးခြင်းဖြစ် (အမေ့အိမ်) ဖားကန့်မှာရှိတဲ့ ဝေအောင်ကမ္ဘာကုမ္ပဏီမှာ ကျုပ်က မန်နေဂျာတစ်ဦးပါ။ ကုမ္ပဏီပိုင်ရှင်က“၀”တပ်ဖွဲ့ရဲ့ စီးပွားရေးတာဝန်ခံ တာဝေ၊ သူ့ရဲ့ရှမ်းနာမည်က စိုင်းလျှံ၊ ရန်ကုန်မှာလဲနေတယ်၊ ကျိုင်းတုံ၊ တာချီလိတ်နဲ့ တရုတ်မှာလဲနေတယ်၊ ကျုပ်တို့ကုမ္ပဏီက ကိုးကန့်အဖွဲ့နဲ့ “၀”တပ်ဖွဲ့ခေါင်းဆောင်ပိုင်းတွေပေါင်းပြီး ထောင်ထားတာ၊ တာချီလိတ်မှာ ရုံးရှိတယ်။ တာဝေက နာမည်ခံထားတယ်။ ဖားကန့်မှာ ကျုပ်တို့ထက်ကြီးတဲ့ ကုမ္ပဏီဆိုလို့ ၃ ခု ၄ ခု လောက်ပဲရှိတယ်။ ကုမ္ပဏီလူကြီးတွေက မူးယစ်ဆေးဝါးနဲ့ ကြွယ်ဝလာခဲ့ပေမယ့် ကျုပ်တို့ဒေသအတွက်တော့ ပြန်ကြည့် ပေးကြတယ်။ ငွေမဲတွေကို ငွေဖြူလုပ်နိုင်ဖို့ တရားဝင်ကုမ္ပဏီထောင်တာတော့ မဆန်းပါဘူး၊ အစိုးရခေါင်းဆောင်ပိုင်း လူကြီးတွေနဲ့လည်း နီးစပ်အောင်နေတယ်၊ အစိုးရရဲ့ လုပ်ငန်းတွေမှာ ရက်ရက်ရောရော လှူဒါန်းကြတယ်။ တာဝေတို့ ဇနီးမောင်နှံက လူမှုရေးခေါင်းစဉ်နဲ့ ငွေတွေ လှူနေတာ ခင်ဗျားတို့သိမှာပါ။ ကုမ္ပဏီအတွက် အကြီးမားဆုံးဝန်ထုပ်ဝန်ပိုးက KIA ။ ဒီအဖွဲ့က ဖားကန့်မှာ အကြီးစားဓါးပြဂိုဏ်းပဲ၊ KIA ရှိတဲ့ဒေသမှာ စီးပွားရေးလုပ်မယ်ဆိုရင် ဆက်ကြေး ၄ မျိုးရှိတာ ခင်ဗျားနားလည်ထားရမယ်။ KIA လူကြီးတွေအတွက် သီးခြားပို့ရတဲ့ ဆက်ကြေး၊ အနီးဆုံး KIA တပ်မဟာက သက်မှတ်ထားတဲ့ဆက်ကြေး၊ အနီးဆုံး KIAတပ်ရင်းက သတ်မှတ်ထားတဲ့ဆက်ကြေး၊ နောက်ဆုံးတစ်ခုက KIA လက်အောက်အရာရှိနဲ့ ရဲဘော်အဆင့်အထိ ယာဘဆေးပြားဖိုး၊ အရက်ဖိုး၊ ကုန်ကုန်ပြောရရင် မိန်းမလိုက်စားဖို့အတွက် လိုတဲ့ငွေကအစ ပေးရတဲ့ဆက်ကြေး။ ဒါတွေအားလုံးကို ကျုပ်တို့ကုမ္ပဏီပိုင်ရှင် ကိုးကန့်နဲ့ “၀”ခေါင်းဆောင်ပိုင်းက တစ်ရက်နောက်မကျစေဘဲ ပေးခိုင်းတယ်။ ဒီလိုပေးနေတာတောင် ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့ KIA ရဲ့ လုပ်ရပ်ကတော့ ကျုပ်တို့ လူကြီးတွေကို အတော်ပဲ ဒေါသပေါက်ကွဲစေခဲ့ရတယ်။ ညနေ ၅ နာရီခွဲလောက်ဖြစ်မယ်။ KIA ၁၀ ယောက်ကျော် ကား ၂ စီးနဲ့ KIA တပ်ရင်း ၆ ရှိတဲ့ ကံဆီး ဘက်ကနေ ကျုပ်တို့ကုမ္ပဏီဝန်းထဲကို ၀င်လာတယ်။ ကုမ္ပဏီဝန်ထမ်းတွေကို တွေ့တဲ့နေရာမှာ မဲမဲမြင်သမျှ ပစ်သတ်တယ်။ အဲ့ဒီနောက် ကုမ္ပဏီပိုင်ယာဉ်တွေ၊ စက်သုံးဆီပေပါတွေ၊ စက်သုံးဆီသိုလှောင်ကန်တွေနဲ့ ကျောက်ထုတ်လုပ်ရေးမှာသုံးတဲ့ ယမ်းတိုက်တွေမှာ မိုင်းတွေကိုထောင်ထားခဲ့ပြီး ပြန်ထွက်သွားခဲ့ကြတယ်။ သိပ်မကြာခင် KIA က ထောင်ထားခဲ့တဲ့မိုင်းတွေ ပြင်းပြင်းထန်ထန် ပေါက်ကွဲခဲ့တယ်။ တစ်ဆက်တည်း ဆီလှောင်ကန်တွေ၊ ယမ်းတိုက်တွေပါ ဆက်တိုက်ပေါက်ကွဲခဲ့တဲ့အတွက် ကြီးမားတဲ့ပေါက်ကွဲမှုကြီး ဖြစ်ပေါ်ခဲ့တယ်။ အဲ့ဒီပေါက်ကွဲမှုကြောင့် ကုမ္ပဏီဝန်းအတွင်းမှာရှိတဲ့ ဘက်ဟိုးယာဉ် ၆၅ စီး၊ မြေသယ်ယာဉ် ၈၄ စီး၊ ကျောက်ဖောက်စက်တပ်ထားတဲ့ ယာဉ် ၅ စီး၊ လုပ်ငန်းသုံး စက်ပစ္စည်းတွေနဲ့ ဂါလံ ၆၀၀၀ ဆံ့ စက်သုံးဆီ သိုလှောင်ကန် ၇၀ ပျက်စီးဆုံးရှုံးခဲ့တယ်။ အဲဒီညမှာပဲ နောက်ထပ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ ရွှေဂေါင်ဂေါင်ကုမ္ပဏီကိုလဲ အလားတူ ဖောက်ခွဲမှုကြီးတွေနဲ့ မီးရှို့ဖျက်ဆီးခဲ့ကြတယ်။ ဝေအောင်ကမ္ဘာဟာ ကျုပ်တို့ ကိုးကန့်နဲ့ “၀”အဖွဲ့ရဲ့ပိုင်ဆိုင်မှုမှန်း KIA တွေသိတယ်၊ သိရက်နဲ့ လုပ်တဲ့ လုပ်ရပ်ဟာ ခွင့်လွှတ်နိုင်စရာမရှိဘူး။ ဒါနဲ့ပတ်သက်ပြီး အမည်ဖော်ပြဖို့မသင့်တဲ့ “၀”ခေါင်းဆောင်တစ်ဦးကတော့ KIA ရဲ့လုပ်ရပ်အပေါ် ဒီလိုပြောပါတယ် “ကျုပ်တို့ချင်း နားလည်မှုယူထားတာ ဘယ်မှာသွားထားမလဲ၊ ဒီ KIA ဟာ ငွေလဲယူတယ်၊ ကုမ္ပဏီကိုလဲဖျက်ဆီးတယ်၊ အစာစားပြီးတော့ စားတဲ့ပန်းကန်ကို သေးပန်းတဲ့ကောင်နဲ့တူတယ်။ ဒါဟာ ကျုပ်တို့ကို သက်သက်ရန်စတာ၊ ဝေကုမ္ပဏီကို တိုက်ခိုက်တာဟာ ကိုးကန့်အဖွဲ့နဲ့ “၀”အဖွဲ့ကို တိုက်ခိုက်တာပဲ ဖြစ်တယ်။ KIA တွေ ကိုယ့်သေတွင်းကိုယ်တူးတာပဲ ”လို့ နာကျည်းစွာ ဆိုပါတယ်။ “၀”နဲ့ ကိုးကန့် ခေါင်းဆောင်ပိုင်းတွေက ဆုံးရှုံးမှုတန်ဘိုး ယွမ် သန်းရာချီရှိတယ်လို့ပြောတယ်။ တကယ်ဆို ကျုပ်တို့ရဲ့ကျေးဇူးတွေ KIA အပေါ်မှာ အများကြီးရှိတယ်။ ဥပမာ လက်နက်၊ ခဲယမ်းတွေ ကျုပ်တို့အဖွဲ့တွေက အများကြီးထောက်ပံ့ထားတယ်။ KIA က လက်ငင်းငွေချေတာလဲရှိတယ်၊ အကြွေးနဲ့ဝယ်တာလဲရှိတယ်။ ကုမ္ပဏီမှာ ရှယ်ယာပါဝင်ထားတဲ့ ကိုးကန့်ခေါင်းဆောင်ပိုင်းတစ်ဦးကတော့ “ဒီလုပ်ရပ်အတွက် KIA ဟာ အရင်းရော အတိုးပါ ပြန်ပေးဆပ်ရမယ်၊ မသိလို့ လုပ်မိတယ်ဆိုတာက ခွင့်လွှတ်နိုင်ပေမယ့် သိသိနဲ့လုပ်တာကတော့ ခွင့်လွှတ်မှုနဲ့ မထိုက်တန်ဘူး၊ ရာသီအလိုက် အရောင်ပြောင်းတတ်တဲ့ မြွေလိုဆိုရင်တော့ ရန်သူပေါလိမ့်မယ်၊ သူတို့သတ်လို့ သေဆုံးသွားတဲ့ ကုမ္ပဏီက ၀န်ထမ်းနဲ့မိသားစုတွေအတွက် ဘယ်လိုတာဝန်ယူမလဲ။ KIA မှာ အုပ်ချုပ်မှုစနစ် မရှိဘူးလား၊ ခေါင်းဆောင်တွေ ဘာလုပ်နေလဲ၊ လက်အောက်ငယ်သားတွေမသိလို့ပါလို့ ဆင်ခြေပေးရင် သိအောင် မအုပ်ချုပ်နိုင်တဲ့ KIA ခေါင်းဆောင်တွေ ဦးနှောက်မရှိဘဲ ဘယ်လိုလူကြီးလုပ်နေလဲ” လို့ ပြောပါတယ်။ ဒီလုပ်ရပ်အတွက် KIA ဆီက တိကျရှင်းလင်းတဲ့ တောင်းပန်မှု၊ ဖြေရှင်းမှုကို ကျုပ်တို့လူကြီးတွေ တောင်းဆို ထားတယ်လို့ သိရတယ်။ ဒါပေမယ့် KIA ရဲ့ဘယ်လိုဖြေရှင်းမှုကမှ ကျုပ်တို့အတွက် ကျေနပ်စရာရှိလိမ့်မယ် မဟုတ်ဘူး။ ကျုပ်တို့အဖွဲ့တွေ သေဆုံး၊ ပျက်စီး၊ ဆုံးရှုံးခဲ့ရတာတွေအတွက်တော့ တန်ရာတန်ကြေး ပြန်ရဖို့လိုမယ်၊ ကျုပ်မျက်စေ့ရှေ့မှာတင် သေဆုံးရတဲ့ လက်အောက်ဝန်ထမ်းတွေအတွက် ကျုပ်တို့လူကြီးတွေကို တောင်းဆိုချင်တာက KIA ကို ထိထိရောက်ရောက် လက်စားချေဖို့ပါပဲ။ လက်အောက်ငယ်သားတွေအတွက် ဘာအကာအကွယ်မှမပေးနိုင်ရင် ဘာမှလည်းမခိုင်းနဲ့တော့။ KIA ကို မေးချင်တာက ကချင်ပြည်နယ်မှာ စစ်တပ်နဲ့ ခင်ဗျားတို့ချင်းကိစ္စမှာ ကျုပ်တို့ကိုးကန့်နဲ့ “၀”တပ်ဖွဲ့ကို ဆွဲထည့်တာလား၊ ဒါမှမဟုတ် ဖားကန့်ဒေသရဲ့ စီးပွားရေးတွေကို လက်ဝါးကြီးအုပ်ဖို့ အကြံလား။ မြေခွေးလိုကောက်ကျစ်တဲ့ ခင်ဗျားတို့ KIA အဖွဲ့ကို စစ်ရေးနည်းနဲ့ တုန့်ပြန်ခြင်းကသာ အထိရောက်ဆုံးဖြစ်မယ်လို့ ကျုပ်တို့ခေါင်းဆောင်တွေ ဆွေးနွေးနေပြီဆိုတာကို သတင်းကောင်းပါးရင်းနဲ့ ...။ ဝေအောင်ကမ္ဘာကုမ္ပဏီဝန်ထမ်းတစ်ဦး

Friday, September 14, 2012

ဖမ်းဆီးခံထားရသူများ ပြန်လည်လွတ်မြော​က်လာ

National League for Democracy အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊​ပုလဲမြို့နယ်ပြည်သူ့လွှတ်တော်ကို​ယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ဗဟိုညီလာ ခံကျင်းပရေး စည်းရုံးရေးဆပ်ကော်မတီမှ မုံရွာဦးအောင်ရှင်နှင့်အဖွဲ့သည်၂၀၁၂ခုနှစ်၊စက်တင်ဘာလ (၁၂)ရက်နေ့နံနက်ပိုင်းက မုံရွာမြို့၊မြို့မဂါတ်ကျောင်းဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီး ဆန္ဒပြသူများ နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့နောက်မုံရွာမြို့နယ်မှူးထံသွားရောက်၍ အခြေအနေများကိုမေးမြန်းစုံစမ်းခဲ့ သည်။ညနေ(၄)နာရီခန့်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးသာ​အေးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး​ အကြမ်းဖက်ဖြို ခွင်းခြင်းမပြုလုပ်ရန်၊ထပ်မံဖမ်းဆီးခြင်းမပြုလုပ်ရန်၊အဖမ်းခံထားရသူများအား အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုဆွေးနွေးခဲ့သည်။ဝန်ကြီးချုပ်ကအခြေအနေများကိုရှင်းလင်း​ပြောပြပြီး အေးအေးဆေးဆေးဖြစ် စေရန်ဆောင်ရွက်ပေးမည့်အကြောင်ြး​ပန်လည်ပြောကြားခဲ့သည်။ထို့နောက်​ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်နှင့်အဖွဲ့သည် ကျေးရွာများကိုသွားရောက်လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။စက်တင်ဘာ​(၁၄)ရက် နံနက်ပိုင်းတွင် ၀န်ကြီးချုပ်နှင့်ထပ်မံတွေ့ဆုံေ​ဆွးနွေးခဲ့သည်။ညနေ(၄)နာရီခွဲခန့်​တွင် ဖမ်းဆီးခံထားရသူများ ဖြစ်သော မသွဲ့သွဲ့ဝင်း၊မဖြူဖြူဝင်း၊မအေး​နက်၊ကိုဝေလုတို့ပြန်လည်လွတ်မြော​က်လာခဲ့ပြီး ၎င်းတို့ကိုအဖွဲ့ ချုပ်အဖွဲ့ဝင်များ၊၈၈ကျောင်းသား​များ၊ပြည်သူများက အိမ်တိုင်ရာရောက်လိုက်လံပို့ဆော​င်ခဲ့ကြသည်ဟု သိ ရသည်။ — Untitled Album (4 photos) . . .

လက်ပံတောင်း အရေး ဖမ်းဆီးထားသူများ ခံဝန်ကတိဖြင့် ပြန်လွှတ်

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မြေယာသိမ်းထားမှုကြောင့် ၀တ်ပြု ဆုတောင်း၍ ဖမ်းဆီးခံထားသူ ၄ ဦးကို ခံဝန်ကတိဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ၀န်ကြီးချုပ်က ယနေ့ညနေပိုင်းက ပြန် လွှတ်ပေးလိုက်ကြောင်း သတင်း ရရှိသည်။ “အခု မုံရွာအကျဉ်းထောင်က မသွဲ့သွဲ့ဝင်းတို့ အားလုံး ပြန်လွတ်လာပါပြီ”ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဂျင် မီ က ဧရာဝတီကို ပြောသည်။ လွတ်မြောက်လာသူများထဲက မသွဲ့သွဲ့ဝင်းကလည်း ၀မ်းမြောက်ကြောင်း ဧရာဝတီသို့ တယ်လီဖုန်းဖြင့် ဖြေကြားသည်။ “အခုလို လွတ်မြောက်လာတဲ့အတွက် အရမ်းကို ၀မ်းသာပါတယ်ရှင်။ ကျမ အတိုင်းမသိ ၀မ်းသာပါတယ်။ အစစ အရာရာ ကျမတို့ လွတ်မြောက်အောင် လုပ်ပေးတဲ့ သူတွေအားလုံးလည်း ကျမ ကျေးဇူးတင်ပါတယ်”ဟု မသွဲ့သွဲ့ဝင်းက ဆိုသည်။ ယနေ့ နံနက် ၁၀ နာရီကျော်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင် စန်းလှိုင်၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုဂျင်မီ ပါဝင်သည့် အဖွဲ့တို့က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ ၀န်ကြီးချုပ် ဦးသာအေးနှင့် ဆွေးနွေးညှိနှိုင်းမှုများအပြီး ယခုကဲ့သို့ ပြန်လည် လွှတ်ပေးလိုက်ခြင်းဖြစ်သည်။ “၀န်ကြီးချုပ်နဲ့ မနက်က တွေ့တယ်။ အန်တီတို့ တောင်းဆိုထားတဲ့ အချက်တွေနဲ့ ပတ်သက်ပြီးတော့ သူက အန်တီတို့ကို အမြန်ဆုံး သတင်းကောင်း ပေးပါ့မယ်လို့ ကတိပေးခဲ့တယ်၊ ခံဝန်နဲ့ ခဏနေရင် ပြန်လွှတ်မယ်လို့ ရဲမှူးက အန်တီ့ကို အကြောင်းကြားလာပါတယ်”ဟု ဒေါ်ခင်စန်းလှိုင်က ပြောပြသည်။ ပြန်လွှတ်ပေးသည့်အခါ လုံးဝကင်းကင်းရှင်းရှင်း ပြန်လွှတ်ပေးစေလိုကြောင်း ပြောခဲ့သော်လည်း ခံဝန်နှင့် ဖြစ်သည့်အတွက် အပြည့်အ၀ စိတ်မချမ်းသာနိုင်ကြောင်း၊ တဖက်ကလည်း တိုင်းဒေသကြီး အစိုးရက ပြဿနာကို ပို၍ မကြီးထွားစေရေး အကောင်းဆုံး ဆုံးဖြတ်ပေးမည်ဟု ပြောခဲ့ကြောင်း၊ ၀န်ကြီးချုပ်နှင့်တွေ့ပြီး နာရီပိုင်းအကြာတွင် ဒေါ်အောင်ဆန်းစုကြည် က လည်း ဖုန်းဆက်၍ အခြေအနေ အကျိုးအကြောင်း မေးမြန်းလာကြောင်း သူက ဆက်ပြောသည်။ စက်တင်ဘာ ၁၀ ရက်နေ့က မုံရွာမြို့သို့ သွားရောက်ဝတ်ပြု ဆုတောင်းသူများထဲမှ ၁၂ ဦးကိုထိန်းသိမ်းခဲ့ပြီး ၉ ဦးကို နေ့တွင်း ချင်း ပြန်လွှတ်ခဲ့သော်လည်း ၀က်မှေးရွာသူ ၃ ဦး ဖြစ်သော မသွဲ့သွဲ့ဝင်း၊ မအေးနက်နှင့် မဖြူဖြူဝင်းတို့ကို ဖမ်းဆီးထားခြင်း ဖြစ်သည်။ ထိုဒေသခံရွာသားများကို ကူညီပေးနေသည့် ကိုဝေဠု ကိုလည်း သြဂုတ် လကုန်ပိုင်းကဖမ်းဆီးခဲ့ရာ ၄င်းတို့အားလုံးကို ပြန် လွှတ် ပေးရေးအတွက် မုံရွာမြို့တွင် ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။ ယမန်နေ့က ဆွေးနွေးညှိနှိုင်းမှု ရလာဒ်အရ ဆန္ဒပြမှုတွင် ပါဝင်သည့် ဒေသခံရွာသူ ရွာသားများ နှင့် ကျောင်းသားများကို ဆက် လက်ဖမ်းဆီးမှု မလုပ်တော့ဘဲ အေးချမ်းလုံခြုံစွာ နေနိုင်ကြောင်းနှင့် လုံခြုံရေး တင်းကျပ် ထားမှုများကို လျှော့ချ ခဲ့ကြောင်း၊ ဒေသခံများဘက်ကလည်း ဆန္ဒပြမှုကို ရပ်ဆိုင်းထားကြောင်း သိရသည်။ ဒေသခံများ၏ ဆန္ဒမှာ ၄င်းတို့၏ သိမ်းဆီးခံ လယ်ယာမြေများပြန်ရရေး၊ ကြေးစင်တောင်ကို နမူနာယူကာ သဘာဝ ပတ် ၀န်းကျင် ပျက်စီးမည့် အရေး၊ ဘ၀တသက်တာ စားဝတ်နေရေးတို့ကို ထောက်ပြပြီး ကြေးနီ စီမံကိန်းကို လုံးဝ ရပ်တန့် သွားစေလိုသည်ကိုလည်း တိုင်းဒေသကြီး အစိုးရကို ယနေ့ နံနက်က တင်ပြခဲ့ကြောင်း ဒေါ်ခင်စန်းလှိုင်က ဆိုသည်။ ဆွေးနွေးမှုတွင် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ ၀န်ကြီးချုပ် ဦးသာအေး၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦး သောင်းစိန်၊ တိုင်းဒေသကြီး သတ္တုတွင်းဝန်ကြီး ဦးသန်းထိုက်တို့လည်း ပါဝင်ပြီး စီမံကိန်းရပ်တန့်ရေး ကိစ္စသည် ပြည်ထောင် စု အစိုးရ အဆင့်သာ ဖြေရှင်းပေးနိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောဆိုကြောင်း သိရသည်။ “စီမံကိန်းကိစ္စ၊ မြေယာ သိမ်းမှုနဲ့ လျော်ကြေးကိစ္စတွေနဲ့ပတ်သက်ပြီး သူတို့က တိုင်းဒေသကြီး အဆင့်မှာဘဲ ရှိတဲ့အတွက် ဒီ ကိစ္စဟာ ပြည်ထောင်စု အစိုးရက ဖြေရှင်းရမယ့် ကိစ္စမျိုးဖြစ်တာကြောင့် သူတို့ အဆင့်နဲ့ ရှင်းလို့ မရနိုင်ဘူး၊ ဒါကြောင့် ပြည် ထောင်စု အစိုးရနဲ့ ရှင်းမှဘဲ အလုပ်ဖြစ်မယ့် သဘော ပြောပါတယ်”ဟု ကိုဂျင်မီက ပြောဆိုသည်။ ယခုကဲ့သို့ ဖမ်းဆီးထားသူများ ပြန်လည် လွတ်မြောက်လာသော်လည်း စီမံကိန်းကို ရပ်တန့်ခြင်း မရှိသေးပေ။ စက်တင်ဘာ ၁၂ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ ကျေးရွာ ၂၆ ရွာကို ကိုယ်စားပြုသော ရွာသူရွာသားများက ဆည်တဲရွာတွင် လူထုအစည်းအဝေးလုပ်ကာ လျော်ကြေးပေးရေးထက် ထိခိုက်နစ် နာမှုများ ဖြစ် လာမည်ကို စိုးရိမ်သည့်အတွက် ယင်းစီမံကိန်းအား လုံးဝ ရပ်ဆိုင်းပေးရန် တောင်းဆိုသည့် ကြေညာချက် တစောင်ကို ထုတ်ပြန်ထားသည်။ “လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ချင်းတွင်းမြစ်အား ညစ်ညမ်းစေနိုင်ခြင်း၊ သာသနာ့အောင်မြေအား ဖျက်ဆီး နေခြင်း၊ လက်ပံတောင်းတောင် ဒေသ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးနိုင်ခြင်း၊ မုံရွာမြို့ ပတ်ဝန်းကျင်တွင် ညစ်ညမ်းမှု ဖြစ်ပေါ် နိုင်ခြင်းတို့ကြောင့် ကြေးနီစီမံကိန်း လုံးဝမလုပ်ဘဲ အပြီးတိုင် ဖျက်သိမ်းရန်နှင့် လက်ပံတောင်းတောင်ရှိ ကျေးရွာပေါင်း ၂၆ ရွာကိုယ်စား ရွာ ၁၂ ရွာ မှ လူအင်အား ၃၂၀ တို့ဟာ တဦးချင်းသဘောထက် နိုင်ငံတော် လူထု အကျိုးစီးပွားကို ရှေးရှုပြီး မိမိတို့ ဆန္ဒကို အသိပေးအပ်ပါကြောင်း”ဟု ကြေညာချက်က ဆိုသည်။ မြန်မာ့စီးပွားရေးဦးပိုင် လိမိတက်နှင့် တရုတ် ၀မ်ပေါင် ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေသော လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းတ၀ိုက်၌ ကုမ္ပဏီဘက်မှ လုံခြုံရေးများ လာရောက်ချထားရာမှ ဒေသခံများနှင့် တင်းမာမှု စတင်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ၀က်မှေး၊ ဆည်တဲ၊ တုံတောကျောင်း၊ ဇီးတော ရွာများ ၀န်းကျင်က မြေများကို ကုမ္ပဏီဘက်က ဘူဒိုဇာများနှင့် ထပ်ထိုးသည့်အတွက် စီမံကိန်းပြန်မလုပ်ရန် ရွာသားများက ကားများ ရှေ့တွင် ကာ၍ တားမြစ်ခဲ့ကြပြီး လယ်သိမ်း တိုက်ပွဲများ ဖော်ဆောင်ကာ ဆန္ဒထုတ်ဖော်မှုများလည်း ပြုလုပ်ခဲ့သည်။

Wheather Report

မြန်မာ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ အမေရိကန် အုပ်ချုပ်ပုံစနစ် လာရောက်လေ့လာ

ကျော်ကျော်သိန်း 12.09.2012 မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ် ၈ ဦး ပါဝင်တဲ့ အဖွဲ့တဖွဲ့ဟာ အမေရိကန်ပြည်ထောင် စုမှာ လေ့လာရေးခရီးစဉ်တခုနဲ့ ရောက်နေပါတယ်။ အမေရိကန်ပြည်ထောင်စု ကွန်ဂရက် လွှတ်တော်ရဲ့ လုပ်ငန်း လုပ်ဆောင်ပုံတွေ၊ အမေရိကန်အုပ်ချုပ်ရေးစနစ်အကြောင်း၊ အစိုးရ မဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ အုပ်ချုပ်ရေးစနစ်၊ ကွန်ဂရက်လွှတ်တော်တို့ အကြား ဘယ်လို ဆက်စပ် လုပ်ဆောင်ကြတယ် စတာတွေကို လေ့လာပြီးတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုမှာ ဘယ်လိုပြန်ပြီး အသုံးချနိုင်မယ်ဆိုတာကို ဆွေးနွေးဖို့ဖြစ်ပါတယ်။ ဒီခရီးစဉ် အတွင်း အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဖို့ရှိတဲ့ထဲမှာ အထက် လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ် (Jim Webb) လည်း ပါဝင်ပါတယ်။ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ်ကို သူတို့ရဲ့ ခရီးစဉ်နဲ့ ပတ်သက် ပြီး ကိုကျော်ကျော်သိန်းက ဆက်သွယ် မေးမြန်းထားပါတယ်။ ဦးတီခွန်မြတ်၊ အခု လွှတ်တော်နှစ်ရပ်ပေါင်းက ကိုယ်စားလှယ် ၈ ဦး အမေရိကန်ပြည်ထောင်စု ကို ပထမဦးဆုံးအကြိမ်အဖြစ် လေ့လာရေးခရီးစဉ်အဖြစ် လာရောက်တယ်လို့ ကျနော် နားလည် ထားပါတယ်။ ဒီခရီးစဉ်မျိုး အရင်တုန်းက မရှိခဲ့ဖူးပါဘူး။ ဦးတီခွန်မြတ်တို့ ကိုယ်စားလှယ်အဖွဲ့ဟာ ပထမဆုံးပါပဲ။ ဆိုတော့ ဒီခရီးစဉ်နဲ့ပတ်သက်ပြီးတော့ ဦးတီခွန်မြတ်အနေနဲ့ ဘယ်လို မျှော်လင့် ချက်တွေ ရှိထားပါလည်းခင်ဗျာ။ “ဒီခရီးစဉ်ဟာ ကျနော်တို့အတွက် အများကြီး အထောက်အကူပြုပါတယ်ခင်ဗျာ။ သူတို့ လုပ်ပုံ ကိုင်ပုံနဲ့ သူတို့ရဲ့ အားထည့်ပုံတွေကတော့ တကယ် စံယူဖို့ အများကြီး လိုအပ်ပါတယ်။ ကျနော် တို့ လေ့လာစရာတွေ အများကြီး ရှိပါတယ်ခင်ဗျာ။ နိုင်ငံတော်အတွက်ရော၊ လွှတ်တော်အတွက် ရော အကျိုးရှိမှာပါခင်ဗျာ။” ဟုတ်ကဲ့၊ အမေရိကန်နိုင်ငံက ကျနော်နားလည်သလောက် ဒီမိုကရေစီ အခိုင်အမာ ကျင့်သုံး တည်ဆောက်နေတဲ့ နိုင်ငံကြီးတခုဖြစ်ပါတယ်။ ဒီလိုနိုင်ငံကို မြန်မာနိုင်ငံက လွှတ်တော်ကိုယ် စားလှယ်တွေ ဒီနိုင်ငံရဲ့ ကွန်ဂရက်လွှတ်တော်အကြောင်း၊ အုပ်ချုပ်ရေးစနစ်တွေအကြောင်း၊ လွှတ်တော်ရယ်၊ အစိုးရရယ်၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေရယ်အကြား ဆက်စပ် လုပ်ဆောင်ပုံတွေအကြောင်းကို လာပြီးတော့ လေ့လာရတဲ့အတွက်၊ တွေ့ဆုံဆွေးနွေးပြောခွင့်ရ တဲ့အတွက် ဒီလိုသိရတဲ့အချက်တွေကို မြန်မာနိုင်ငံမှာ ဘယ်လို ပြန်ပြီးတော့ အသုံးချနိုင်မယ်လို့ ရော ပြောလို့ရပါမလည်းခင်ဗျာ။ “ဒီအဖွဲ့ဟာ ၈ ယောက်စလုံး ကျနော်တို့ပြန်သွားရင် အဲဒီအပေါ်မှာ ကျနော်တို့ တွေ့ရှိချက် အစီရင်ခံစာကို အသေးစိတ် ကျနော်တို့ အရင် တင်ပြမှာဖြစ်ပါတယ်။ အဲဒါပြီးတော့ လွှတ်တော် မှာပဲ ကျနော်တို့ ဒါတွေကို ဆွေးနွေးပြမှာဖြစ်ပါတယ်။ ဒီကနေတဆင့်တော့ ကျနော်တို့ ဒီကနေ အတုယူစရာလေးတွေ၊ ကျနော်တို့နိုင်ငံမှာလည်း အများကြီးရှိတယ်ဆိုတဲ့အကြောင်း အားလုံး သိလာမှာဖြစ်ပါတယ်။” ဦးတီခွန်မြတ်တို့ အခုခရီးစဉ်မှာ တွေ့ဆုံ ဆွေးနွေးဖို့ရှိတာတွေ၊ ဆောင်ရွက်ဖို့ရှိတာတွေကို အကျဉ်းရုံးပြောပြပါလားခင်ဗျာ။ “ကျနော်တို့ကို ဖိတ်တာကတော့ Senator ဂျင်မ် ၀က်ဘ်နဲ့ Senator အင်ဟော့ဖ် (James Inhofe) နှစ်ဦးဖြစ်ပါတယ်။ Arrangement လုပ်ပေးတာကတော့ ဒေါက်တာ ကားလ် ဂျက်ဆင် (Karl Jackson) ဖြစ်ပါတယ်။ ပြီးရင် sponsor လုပ်တာကတော့ Johns Hopkins University က ဖြစ်ပါတယ်။ ကားလ် ဂျက်ဆင်ရဲ့ စီစဉ် ဆောင်ရွက်မှုကြောင့် ကျနော်တို့ ဒီကို ရောက်လာရ ခြင်းပဲဖြစ်ပါတယ်။ “ဒီမှာရောက်တော့ ကျနော်တို့ ကွန်ဂရက်ထဲမှာ ကော်မတွေရဲ့ လုပ်ငန်းဆောင်တာများကို Round Tabel Talk အနေနဲ့ ဆွေးနွေးပါတယ်။ ကျနော်တို့ သူတို့ဆီက အများကြီး ရယူခဲ့ပါ တယ်။ ကျနော်တို့ မရှင်းလင်းတဲ့ အချက်တွေကိုလည်းမေးတော့ စိတ်ရှည်လက်ရှည်နဲ့ သူတို့ ရှင်းပြတာကို ကျနော်တို့ တအား သဘောကျပါတယ်ခင်ဗျာ။” အမေရိကန်ပြည်ထောင်စုရောက်နေတဲ့ မြန်မာ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ်ပါ။ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ လာမယ့် သောကြာနေ့ထိ လှည့်လည် လေ့လာကြမှာ ဖြစ်ပြီး စနေနေ့မှာ မြန်မာနိုင်ငံဆီ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။

Wednesday, September 5, 2012

သင့်ရဲ့ အချိန် ၅ မိနစ်လောက်လေး ပေးပြီး ဖတ်စေချင်ပါသည်။

ဟောင်ကောင်သူဌေးကြီး လီကာရှင်းရဲ့ မှတ်သားဖွယ် စကားကြီးတွေပါ၊ facebook ပေါ်မှာ share နေကြတာ တွေ့ဖန်များတော့ မြန်မာလိုပြန်ရေးချင်စိတ်ပေါက်ပြီး ပြန်ရေးထားတာတွေပါ။ ပြောသာပြောရတယ်၊ တကယ့် လီကာရှင်းစစ်စစ်ကြီးက facebook ပေါ်မှာ ဇိမ်ပြေနပြေ ထိုင်ရေးတာလား ဆိုတာ သံသယဖြစ်မိပါတယ်၊ သူ့ကိုချစ်တဲ့သူ တစ်ယောက်ယောက်က ရေးတင်နေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ၊ ဘာပဲဖြစ်ဖြစ်၊ သဘောကျမိတဲ့ စကားစုလေးတွေကို ရွေးတင်လိုက်ပါတယ်။ ၂၀-၈၀ နိယာမ လူတွေမှာ ၂၀% က လည်ပင်းအထက်ပိုင်းနဲ့ပိုက်ဆံရှာတယ်၊ ၈၀% က လည်ပင်းအောက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်။ ၂၀% က အချိန်ဝယ်တယ်၊ ၈၀% က အချိန်ရောင်းတယ်။ ၂၀% က လုပ်ငန်းကိုင်ငန်းကြီးတွေ လုပ်တယ်၊ ၈၀% က အလုပ်လုပ်တယ်။ ၂၀% က အနာဂတ်အတွက် အစီအစဉ်ချတယ်၊ ၈၀% က အိပ်ယာထမှ ဒီနေ့ဘာလုပ်မယ်ဆိုတာ စဉ်းစားတယ်။ ၂၀% က ကိုယ့်ကိုကိုယ် ပြောင်းလဲတယ်၊ ၈၀% က ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်တယ်။ ၂၀% က ဥစ္စာကြွယ်ဝတယ်၊ ၈၀% က ဆင်းရဲတယ်။ မင်း ၂၀% လုပ်မလား၊ ၈၀% လုပ်မလား။ တတိယ ၈ နာရီ ဘုရားသခင်က လူတိုင်းလူတိုင်းကို တစ်ရက်မှာ ၈ နာရီစာ အပိုင်းအခြားသုံးခုစီ မျှမျှတတပေးထားတယ်။ ပထမ ၈ နာရီမှာ လူတွေအလုပ်လုပ်ကြတယ်၊ ဒုတိယ ၈ နာရီမှာ လူတွေအိပ်ကြတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ကွဲပြားခြားနားချက်တွေကို များသောအားဖြင့် တတိယ ၈ နာရီကနေ ဖန်တီးခဲ့ကြတာပဲ။ လမ်းနှစ်လမ်း လူတိုင်းမှာ လျှောက်စရာလမ်းနှစ်လမ်းရှိတယ်၊ တစ်လမ်းကလျှောက်ကိုလျှောက်ရမယ့်လမ်း၊ နောက်တစ်လမ်းက ကိုယ်လျှောက်ချင်တဲ့လမ်း။ မလျှောက်မနေ လျှောက်ကိုလျှောက်ရမယ့်လမ်းကို လှလှပပလျှောက်ပြီးမှ ကိုယ်လျှောက်ချင်တဲ့လမ်းကို လျှောက်လို့ရပါလိမ့်မယ်။ တခါသုံးယုံကြည်မှု ယုံကြည်မှုဆိုတာ စာရွက်တစ်ရွက်လိုပဲ၊ ကြေသွားပြီဆိုတာနဲ့ ဘယ်လိုပဲဖြန့်ဖြန့် နဂိုအတိုင်းပြန်မဖြစ်တော့ဘူး။ နောင်တ နောက် အနှစ် ၂၀ ကြာသွားတဲ့အခါ မင်းကိုပိုပြီးစိတ်ပျက်စေမှာက မင်းလုပ်ခဲ့တဲ့ ကိစ္စတွေမဟုတ်ဘူး၊ မင်းမလုပ်လိုက်ရတဲ့ကိစ္စတွေပဲ။ နေရာ အအေးတစ်ပုလင်းကို လမ်းဘေးဆိုင်မှာ ၁၀ နဲ့ရောင်းတယ်၊ ဟိုတယ်မှာ ၃၀ နဲ့ရောင်းတယ်။ လူတစ်ယောက်ရဲ့တန်ဘိုးဟာလည်း သူရောက်နေတဲ့နေရာပေါ်မှာပဲမူတည်တယ်။ သမာဓိ စကားတစ်ခွန်း မပြောသေးခင်မှာ မင်းဟာအဲဒီစကားရဲ့အရှင်သခင်ပဲ၊ ပြောလိုက်ပြီဆိုရင်တော့ မင်းဟာသူ့ရဲ့ကျွန်ဖြစ်သွားပြီ။ ရွေးချယ်မှု နောက်ဆုံးတော့လည်း မင်းဘာကိုယုံရင်ဘာဖြစ်တာပဲ။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး ဝေါဟာရ နှစ်ခုရှိတယ်၊ တစ်ခုက ခေါင်းမာတာ၊ နောက်တစ်ခုက ကြိုးစားတာ။ ကြိုးစားတဲ့ကောင်က သူ့ကိုသူပြောင်းလဲပစ်တယ်၊ ခေါင်းမာတဲ့ကောင်က သူ့ကံကိုသူပြောင်းလဲပစ်တယ်။ မနာလိုခြင်းနှင့် အားကျခြင်း သူများတွေထက်မဆိုစလောက် သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ သူတို့တွေထက်အဆပေါင်းများစွာ သာသွားတဲ့အခါ မင်းကိုအားကျကြလိမ့်မယ်။ နောက်ဆုံးအပြုံး ဘယ်သူ့ကိုမှမယှဉ်နိုင်ဘူးလို့ထင်တဲ့အခါ အားမငယ်ပါနဲ့၊ မင်းဟာသာမန်လူတစ်ယောက်ဆိုတာလည်း သတိရပါ။ သူများတကာရယ်မောနေတာတွေ့ရင်လည်း တကမ္ဘာလုံးမှာ မင်းတစ်ယောက်တည်း ဝမ်းနည်းပူဆွေးနေတယ်မထင်ပါနဲ့၊ တကယ်တော့ သူများတွေက မင်းထက်ပိုပြီး ဟန်လုပ်တတ်လို့ပဲ။ အကူအညီမဲ့နေတဲ့အခါ မင်းငိုချင်ငိုလိုက်ပါ၊ သို့သော် ငိုပြီးရင်တော့ ပြန်ပြီးနိုးကြားတက်ကြွလာရမယ်၊ အရာရာကိုလက်လွှတ်ဆုံးရှုံးပစေဦးတော့၊ မင်းရဲ့အပြုံးလေးကိုတော့ ရှုံးမသွားပါစေနဲ့။ ပူပင်သောက လူတစ်ယောက်ရဲ့ ပူပင်သောကတွေကနေ သူ့ရဲ့စိတ်နေသဘောထား အတိုင်းအဆနဲ့ အနာဂတ်အောင်မြင်မှုရဲ့ အတိမ်အနက်ကို မှန်းဆလို့ရတယ်။ တနည်းအားဖြင့်၊ ပြဿနာအသေးလေးတွေဟာ အချိန်ကုန်ခံပြီး ပူပန်နေစရာမလိုဘူး၊ တကယ့်ကြီးမားတဲ့ ကိစ္စတွေကျပြန်တော့ ပူနေရုံနဲ့လည်း အကျိုးမရှိဘူး။ အချိန်တိုတိုနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းရှိရင် အရာရာတိုင်းဟာ မိုးတွေထန်ပြီးတဲ့နောက် ပွင့်လင်းသွားတဲ့ ရာသီဥတုလို သာယာနေမှာပါပဲ။ အောင်မြင်မှုနှင့် တိုးတက်မှု မင်းမအောင်မြင်လို့ရတယ်၊ သို့သော်မတိုးတက်လို့မရဘူး။ မင်းရဲ့အောင်မြင်မှုကိုကဖျက်ကယက်လုပ်မယ့်သူတွေ ရှိကောင်းရှိလိမ့်မယ်၊ ဒါပေမဲ့ မင်းတိုးတက်တာကိုတော့ ဘယ်သူမှကာဆီးကာဆီးလုပ်မှာမဟုတ်ဘူး။ ဖိအားနှင့် တွန်းအား အပြင်ကသက်ရောက်တဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥဟာ အစာတစ်လုပ်ဖြစ်သွားပေမယ့် အတွင်းကနေရုန်းထွက်လာတဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥကျတော့ အသက်တစ်ချောင်း ဖြစ်လာစေတယ်။ လူ့ဘဝဆိုတာလည်းအဲလိုပါပဲ၊ အပြင်ကလာတဲ့အားတွေက ဖိအားတွေဖြစ်ပြီး အတွင်းကနေ ဖြစ်တည်လာတဲ့အားတွေက ကြီးပြင်းရှင်သန်မှုပါ။ ပြင်ပကအားတွေနဲ့ အခွဲခံဖို့ပဲ ထိုင်စောင့်နေလို့ရှိရင် သင်ဟာ သူများရဲ့အစာတနပ် ဖြစ်သွားမှာမလွဲပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး အတွင်းကနေ ဖောက်ထွက်နိုင်ရင်တော့ ကိုယ့်ရဲ့ရှင်သန်ကြီးပြင်ြး ခင်းဟာ အသက်တစ်ချောင်း အသစ်တဖန် ပြန်လည်မွေးဖွားလာတာနဲ့ တူတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ မူရင်း။ ။ဖေ့စ်ဘွတ်မှတဆင့် ကို Degolar(TZA) ၏ဘလော့ဂ်အား ကူးယူဖော်ပြသည်။

တရုတ်ဖိအားကြောင့် အာဆီယံစိတ်ဝမ်းကွဲ

ဗွီအိုအေ (မြန်မာဌာန 19.07.2012 ဒေသတွင်းမှာ တရုတ်အစိုးရရဲ့ သြဇာပိုပြီးကြီးထွားလာနေတာကြောင့် တောင်တရုတ်ပင်လယ်အတွင်း နယ်မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံတွေက တစုတစည်းတည်းဖြေရှင်းဖို့ လုပ်ဆောင်နေတာဟာ ပိုပြီးတော့ ရှုပ်ထွေးလာခဲ့တယ်လို့ အကဲခတ်တွေက ပြောလိုက်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံ ၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံအဖွဲ့ဟာ ပြီးခဲ့တဲ့တပတ်က ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဒေသတွင်း အစည်း အဝေးမှာ ပူးတွဲကြေငြာချက်ထုတ်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါဟာ နှစ်ပေါင်း ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ် ပူးတွဲကြေငြာချက်ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိခဲ့တာဖြစ်ပြီး နယ်မြေ အငြင်း ပွားမှုပြဿနာနဲ့ ပတ်သက်ပြီးတော့ သဘောထားတွေကွဲပြားနေတယ် ဆိုတာကို ပြသလိုက်ပါတယ်။ အခုလို အဖွဲ့အတွင်းမှာ မညီမညွတ်ဖြစ်နေတာဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးဖိအားတွေနဲ့ အများစု သက်ဆိုင်နေပါတယ်။ တရုတ်နိုင်ငံဟာ သူတို့နဲ့ ပင်လယ်ရေပိုင်နက် နယ်နိမိတ်အငြင်းပွားနေတဲ့ နိုင်ငံ ၅ နိုင်ငံနဲ့ သာ သီးခြားဆွေးနွေးလိုပြီး အာဆီယံအဖွဲ့တခုလုံးနဲ့ ဆွေးနွေးလိုခြင်းမရှိပါဘူး။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီ ဂါဝါဟာ အရှေ့တောင်အာရှနိုင်ငံတွေကို အရေးပေါ် ခရီးထွက်နေပြီး သူ့အဆိုအရတော့ ဒီခရီးစဉ်ဟာ တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်ပြီး အာဆီ ယံနိုင်ငံတွေရဲ့ ညီညွတ်မှုကို ပြန်ပြီးတော့ ရရှိဖို့ဖြစ်တယ်လို့ ပြောပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာတော့ သူက တိုးတက်မှုတချို့ရှိခဲ့တယ်လို့ ပြောခဲ့ပါတယ်။