Friday, September 14, 2012

ဖမ်းဆီးခံထားရသူများ ပြန်လည်လွတ်မြော​က်လာ

National League for Democracy အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊​ပုလဲမြို့နယ်ပြည်သူ့လွှတ်တော်ကို​ယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ဗဟိုညီလာ ခံကျင်းပရေး စည်းရုံးရေးဆပ်ကော်မတီမှ မုံရွာဦးအောင်ရှင်နှင့်အဖွဲ့သည်၂၀၁၂ခုနှစ်၊စက်တင်ဘာလ (၁၂)ရက်နေ့နံနက်ပိုင်းက မုံရွာမြို့၊မြို့မဂါတ်ကျောင်းဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီး ဆန္ဒပြသူများ နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့နောက်မုံရွာမြို့နယ်မှူးထံသွားရောက်၍ အခြေအနေများကိုမေးမြန်းစုံစမ်းခဲ့ သည်။ညနေ(၄)နာရီခန့်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးသာ​အေးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး​ အကြမ်းဖက်ဖြို ခွင်းခြင်းမပြုလုပ်ရန်၊ထပ်မံဖမ်းဆီးခြင်းမပြုလုပ်ရန်၊အဖမ်းခံထားရသူများအား အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုဆွေးနွေးခဲ့သည်။ဝန်ကြီးချုပ်ကအခြေအနေများကိုရှင်းလင်း​ပြောပြပြီး အေးအေးဆေးဆေးဖြစ် စေရန်ဆောင်ရွက်ပေးမည့်အကြောင်ြး​ပန်လည်ပြောကြားခဲ့သည်။ထို့နောက်​ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်နှင့်အဖွဲ့သည် ကျေးရွာများကိုသွားရောက်လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။စက်တင်ဘာ​(၁၄)ရက် နံနက်ပိုင်းတွင် ၀န်ကြီးချုပ်နှင့်ထပ်မံတွေ့ဆုံေ​ဆွးနွေးခဲ့သည်။ညနေ(၄)နာရီခွဲခန့်​တွင် ဖမ်းဆီးခံထားရသူများ ဖြစ်သော မသွဲ့သွဲ့ဝင်း၊မဖြူဖြူဝင်း၊မအေး​နက်၊ကိုဝေလုတို့ပြန်လည်လွတ်မြော​က်လာခဲ့ပြီး ၎င်းတို့ကိုအဖွဲ့ ချုပ်အဖွဲ့ဝင်များ၊၈၈ကျောင်းသား​များ၊ပြည်သူများက အိမ်တိုင်ရာရောက်လိုက်လံပို့ဆော​င်ခဲ့ကြသည်ဟု သိ ရသည်။ — Untitled Album (4 photos) . . .

No comments: