Thursday, September 20, 2012
I phone VS Samsaung Glaxy
Samsung : မင်းရဲ့နည်းပညာကို ငါမခိုးပဲနဲ့ ငါ့ကိုတရားဆွဲတယ် မင်းကကလိမ်ကကျစ်
iPhone : မင်းကငါ့နည်းပညာကိုမခိုးပေမယ့် တစ်ဖြည်းဖြည်းတူအောင်လိုက်လုပ်လာတာတော့ သုံးတဲ့သူတွေသိတယ် iOS တွေက အရင်ကတည်းက ဒီစတိုင်ပဲ
Samsung : မင်းထုတ်တဲ့ OS တွေက ဘာမှလည်းထူးထူးခြားခြားတိုးတက်မလာဘူးဆိုတော့ Customer ကိုလှည့်စားနေတာလား
iPhone : ငါက Feature များများမတိုးဘူး တိုးရင်လည်းတစ်ခုတည်းနဲ့ပိုင်ပိုင်နိုင်နိုင် အံ့သြသွားစေမယ့်အရာပဲလုပ်တယ် i Family အနေနဲ့ကိုယ်ပိုင် OS ကိုပဲသုံးတာ ပထွေးကိုအဖေမခေါ်တတ်ဘူး
Samsung : မင်းရဲ့ app store က User တွေအကောင့်ဖွင့်ရတာမခက်ခဲလွန်းဘူးလား
iPhone : Google Play ထက်တော့ Smart ကျတာအမှန်ပဲ
Samsung : memory ထပ်တိုးလို့ရမယ်ဆိုရင် ကောင်းမယ် မင်းတို့အိုင်ဖုန်းတွေ
iPhone : memory ထပ်စိုက်ရင် OS မှာ Extrnal source အတွက်အများကြီးထပ်ရေးရဦးမယ် ကတ်အရည်အသွေးပေါ်မူတည်ပြီး အရာအားလုံးပြောင်းလဲနေမယ် နောက်ဆုံးမင်းလို ဟန်းသွားမှာပေါ့
Samsung : မင်း app တွေကသွင်းရတာခက်ခဲလွန်းပါတယ်ကွာ
iPhone : သွင်းပြီးသွားရင်လည်း ဘာမှချေးမများဘူး iproduct အားလုံးနဲ့အံဝင်ပြီးသား ဟိုဖုန်းမှာမရတာ ဒီစက်မှာမရတာမဖြစ်ဘူးမင်းတို့ app ကမှအကုန်သွင်းလို့ရတယ် ဒါပေမယ့် အားလုံးပေါ်မှာ run လို့မရဘူး
Samsung : Custom Firmware တင်ရင် ကြောင်တတ်တယ်ဆို
iPhone : Official တင်လည်းကြောင်တာ မင်းတို့ Android လေ
Samsung : ငါတို့မှာ Rooting Tool တွေအများကြီးကွ ကြိုက်တာသုံးလို့ရတယ်
iPhone : မလိုပါဘူး OS တစ်ခုအတွက် Root တစ်ခုတော်ပြီပေါ့
Samsung : ခုချိန်မှာမင်းတို့ စတိဗ်ဂျော့ပ် အသားကုန်ကြိုးစားခဲ့တဲ့ သမိုင်းတစ်လျောက်နာမည်ရတဲ့နည်းတူ ငါတို့ Samsung ကအချိန်တိုလေးနဲ့နာမည်ရလာတာ မရှက်ဘူးလား
iPhone : Google ဆိုတာကဂုရုကြီးလေ ငါတို့နဲ့ တစ်တန်းတည်းတွေပေါ့ ငါတို့က အစကတည်းက ကိုယ်ပိုင် OS ကိုယ်ပိုင် Store နဲ့ ကိုယ်ပိုင်ဟန်တွေ ရှိထားပြီးသား မင်းက ငါနဲ့တစ်တန်းတည်းကောင်တွေ လုပ်တဲ့ OS နဲ့ Store ကိုသုံးနေတာ ငါ့ရဲ့ တူအဆင့်လောက်ပဲရှိပါတယ် နာမည်ရတာလည်းမဆန်းပါဘူး
Samsung : Nokia ကိုတောင်ကျုပ်ခေါက်ထားနိုင်ခဲ့တာ ခင်ဗျားလုပ်နိုင်ခဲ့လို့လား
iPhone : Bill Gates နဲ့ထိပ်တိုက်ရင်ဆိုင်ရတဲ့တစ်နေ့ မင်း Nokia လက်အောက်ရောက်ဦးမယ်ထင်တယ်
Samsung : ငါတို့ Developer တွေကတော်တယ် app တွေအများကြီးရေးနိုင်တယ် လိုချင်တာရတယ်
iPhone : ငါတို့ကတော့ လိုချင်တာ ပေးနိုင်ဖို့ထက် လိုအပ်တာကိုရေးပြီး သွက်လက်တိကျမြန်ဆန်ပြီး ချောမွေ့ဖို့အဓိကထားတယ်
Samsung : nano sim card ကအောင်မြင်မယ်ထင်နေလား စတန့်ထွင်လွန်းတယ်
iPhone : မင်းတို့ကအစ ငါတို့စတန့်နောက်လိုက်လာတာပဲမဟုတ်လား မင်းတို့သာ nano နဲ့ခပ်ဆင်ဆင် idea လိုပ်မလုပ်ပါစေနဲ့လို့ပဲဆုတောင်းရမှာပေါ့
Samsung : ငါတို့က Open Source ကွ အကုန်လုံးလွပ်လွပ်လပ်လပ်ပဲ
iPhone : ငါတို့ကတော့ OS ကိုလည်းထိန်းချုပ်ထားတယ် Technology ကိုလည်းထိန်းချုပ်ထားတယ် Developer တွေကိုလည်းထိန်းချုပ်တယ် User တွေကိုလည်းထိန်းချုပ်ထားတယ် ဈေးကွက်ကိုလည်းထိန်းချုပ်ထားတယ် ဘာဆိုဘာမှမလွပ်လပ်ဘူး ဒါပေမယ့် ဒီနေ့ထိ အမှာစာတွေဆက်တိုက်ရောက်နေတဲ့လျို့ဝှက်ချက်တွေရှိနေတယ်
Samsung : ဘာလဲ
iPhone : မင်းဥာဏ်မီလာတဲ့တစ်နေ့ကျရင် မင်း Open ထားသမျှ အကုန်ပိတ်ပြစ်လိမ့်မယ် ပြီးတော့ ငါတို့လိုပဲ တစ်ခုဆိုတစ်ခု ကျကျနနလုပ်တတ်လာလိမ့်မယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment