Sunday, September 30, 2012

လက်ပံတောင်းတောင်နှင့် ချင်းတွင်းအလှသဘာဝ

လက်ပံတောင်းတောင်နှင့် ချင်းတွင်းအလှသဘာဝ နှီးနှောဖလှယ်ပွဲတွင် နယ်ပယ်အသီးသီးမှ ပညာရှင်များက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရန်တောင်းဆိုခဲ့ လက်ပတောင်းတောင်နှင့် ချင်းတွင်းအလှသဘာဝ နှီးနှော ဖလှယ်ပွဲတွင် နယ်ပယ်အသီးသီးမှ ပညာရှင်များက လက်ပန်းတောင်း တောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရန် တောင်းဆိုခဲ့ကြသည်။ အဆိုပါနှီးနှောဖလှယ်ပွဲကို စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ တော်ဝင်နှင်း ဆီစားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့ရာ သံဃာတော်များ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များ၊ တရားရေးနယ်ပယ်မှ ထင် ရှားသူများ၊ နိုင်ငံရေးပါတီများမှ လူပုဂ္ဂိုလ်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းအသီးသီးမှ လူပုဂ္ဂိုလ်များ၊ နိုင်ငံကျော် အနုပညာရှင်များ၊ လက်ပံတောင်းတောင် စီမံကိန်းဒေသမှ ဒေသခံများနှင့် စိတ်ပါဝင်စားသူအများ တက်ရောက်ခဲ့ကြသည်။ အဆိုပါ ဆွေးနွေးနှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာကြသည့် ပညာရှင်များနှင့် နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များက လက်ရှိဖြစ်ပွားနေရသော လက်ပံတောင်းတောင်စီမံကိန်းနှင့် ပတ်သက်၍ ပေါ်ပေါက်နေသော ပြဿနာများမှာ နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုး မှု အားနည်းသောကြောင့်သာဖြစ်ကြောင်း အဆိုပါစီမံကိန်းကြီးများ လုပ်ဆောင်ရာတွင် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲပြဿနာများကို ထည်သွင်းစဉ်းစားခြင်းမပြုဘဲ ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်ကြခြင်းတို့ကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်းတို့ကို ဥပဒေရေးရာ အချက် အလက်များ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ ထောက်ပြ၍ ဝေဖန်ပြောကြားခဲ့ကြသည်။ ယင်းလက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးရှိ ဒေသခံတောင်သူများကလည်း ၎င်းင်းတို့အနေဖြင့် လက်ရှိအချိန်တွင် လူမှုရေး၊ကျန်း မာရေး၊ဘာသာရေး၊ ပညာရေးနှင့် စားဝတ်နေရေးဆိုင်ရာတို့တွင် အခွင့်အရေးများ ဆုံးရှုံးနေရမှုနှင့် အာဏာပိုင်အဖွဲ့တို့မှ ဒေသခံ ပြည်သူများထက် အဆိုပါစီမံကိန်း ဆောင်ရွက်နေသော ပြည်တွင်းကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့အပေါ်တွင် သာအကူအညီ အကာအကွယ်ပေးနေမှုများနှင့် ပတ်သက်၍ များစွာဝမ်း နည်းရကြောင်း၊ ၎င်းတို့ ဒေသခံများဘက်မှ ယခုကဲ့သို့ ရပ်တည်ပေးခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင် ရှိပါကြောင်း ပြောပြခဲ့ပါသည်။ မုံရွာမြို့မှ ကဗျာဆရာကြီးဦး အံ့မောင်က "ကျွန်တော်တို့ဒေသမှာရှိတဲ့ လက်ပန်းတောင်းတောင်ကြီးကို အတင်းအဓမ္မ ဖြိုဖျက်နေတာကို ကျွန်တော်တို့ နယ်တစ်ခုတည်းရဲ့ အားနဲ့ ခုခံရင် အားနည်းနေပါလိမ့်မယ်။ အခု ဒီလုပ်ကြံမှုကြီးကို ခုခံဖို့ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေရဲ့ အင်အား တွေ လက်တွေ ၀ိုင်းဝန်းလာကြတာ မြင်တော့ ကျွန်တော်အားတက်ပြီးတော့ ကျေးဇူးလည်း တင်ပါတယ်။ ကျွန်တောတို့ အခုတောင်းဆို ဆန္ဒပြကြတာဟာ ယာမြေတွေ ထိခိုက်နစ်နာတဲ့အတွက် လျော်ကြေးတောင်းတာ မဟုတ်ပါဘူး။ ရွာတွေ ထိခိုက်နစ်နာတဲ့အတွက် လျော်ကြေးတောင်း တာ မဟုတ်ပါဘူး။ ဒီကြေးနီလုပ်ငန်းကြီးဟာ ပြည်သူပြည်သားတွေကို ထိခိုက်ဆုံးရှုံးနေသည့် ဒီဒေသနဲ့တကွ နိုင်ငံတော်ကြီးတစ်ခုလုံးအတွက် အစားထိုးလို့မရတဲ့ ပြင်မရတဲ့ အဆုံးရှုံးကြီးတွေ ဖြစ်မှာကြောင့် ဒီကြေးနီလုပ်ငန်းကြီးကို အပြီးအပိုင် ဖျက်သိမ်းပေးပါလို့ တောင်းဆိုရခြင်းဖြစ် ပါတယ်"ဟု ပြောပြခဲ့ပါသည်။ ____________________________________ Reference and Credit to -EMG

No comments: