Friday, December 2, 2011

Mrs Cliton visit to Burma

ဘလော်ဂါနေဘုန်းလတ်

ဘလော်ဂါနေဘုန်းလတ် ထောင်ဒဏ် အနှစ် ၂၀ နှင့် ၆ လ ချမှတ်ခံရသည့် ၂၀၀၈ ခုနှစ်က ရေးသားခဲ့ခြင်း ဖြစ်သည်။ ၂၀၀၉ တွင် ထောင်ဒဏ် ၁၂ နှစ်သို့ ပြောင်းလဲသွားသည်။ (photo: minnyoonthit) နေဘုန်းလတ်ကို ထောင်ချပြီးတည်းက သူ့သတင်းတွေကို အင်တာနက်မှာ တွေ့နေရတယ်။ တချို့က မှန်တယ်၊ တချို့က မမှန်ဘူး။ မမှန်တာတွေ ရေးထားတာကို ဖတ်ရတိုင်း ... အနှစ် ၂၀ စွန်း ဆိုတာကို ရင်ဆိုင်နေရသူအတွက် အချက်အလက် အမှန်တွေ ရေးဖို့ အားထုတ်သင့်တယ်။ တကယ်တော့ ခုလို ထောင်ချခံရလိမ့်မယ်လို့ ကျွန်မတို့ အားလုံး လုံးဝ မထင်မှတ်ခဲ့မိဘူး။ နေဘုန်းလတ် ကိုယ်တိုင်တောင် ထင်မိခဲ့လိမ့်မယ် မဟုတ်ဘူး။ ကျွန်မ အမြင်မှာတော့ ဗိုလ်ချုပ်ကြီးတွေဟာ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် သူတို့ ရှေ့မှာရှိတဲ့ သူတို့အတွက် ဆူးညှောင့်ခလုတ်တွေ အားလုံးကို ဖယ်ရှားလိုက်တာပါပဲ။ အင်တာနက် ရေစီးကြောင်းပေါ်မှာတော့ နေဘုန်းလတ်ဟာ ပထမဆုံးသော ဓားစာခံ ဖြစ်သွားတယ်။ ဗိုလ်ချုပ်ကြီးတွေဟာ သူ့ကိုသုံးပြီး တခြားသူတွေကို အနှစ် ၂၀ ဆိုတာနဲ့ ခြိမ်းခြောက်လိုက်သလိုပဲ။ ဘလောဂ့်စာမျက်နှာပေါ်မှာ တင်လိုက်မယ့် ကျွန်မတို့ရဲ့ အတွေးတိုင်းမှာ အဲဒီ အနှစ် ၂၀ ဆိုတာကြီး ကပ်ပါနေအောင် အကွက်ဆင်လိုက်တာ ဖြစ်ကောင်းဖြစ်နိုင်မယ်။ ဒါပေမယ့် ကျွန်မ အတွက်တော့ အဲဒီ အနှစ် ၂၀ ဆိုတာ အသက် ၂၀ ကျော် ကောင်လေးတယောက်အတွက် ယူကျုံးမရ ဖြစ်စရာ၊ စိတ်ထဲ ဒေါသထွက်စရာ မခံချင်စရာပဲ။ ကျွန်မသိတဲ့ နေဘုန်းလတ်ဆိုတာ အမှန်တရားကို ချစ်မြတ်နိုးတဲ့၊ လွတ်လပ်မှုကို ခုံမင်တဲ့၊ အမှန်တရားဘက်က ရပ်တည်မယ်ဆိုတဲ့ ခံယူချက်နဲ့ ရင့်ကျက်တဲ့ အတွေးအခေါ်တွေကို လက်ကိုင်ထားတဲ့ သာမန်လူငယ်တယောက်ပဲ။ သူဟာ ပရဟိတတွေဘက်မှာလည်း အားကြိုးမာန်တက် ပါဝင်ခဲ့တဲ့ လေးစားစရာ လူငယ်တယောက်လည်း ဖြစ်တယ်။ သူ့အတွေးတွေထဲမှာ သူချစ်တဲ့ စာပေအနုပညာ ဓာတ်ပုံပညာတွေလည်း စီးဆင်းနေတယ်။ သူဟာ လူငယ်စိတ်နဲ့ ပေါ့ပါး လွတ်လပ်စွာ နေထိုင် သွားလာတတ်တယ်။ သူ့ဘလောဂ့်တွေကို သူနှစ်သက်တဲ့ အနုပညာနဲ့ ပတ်သက်တာတွေနဲ့ ဖန်ဆင်းထားတယ်။ သူဟာ ကျွန်မ ခင်မင် ယုံကြည်မိတဲ့ သူငယ်ချင်းတွေထဲက တယောက် ဖြစ်တယ်။ နေဘုန်းလတ်ကို ကျွန်မတို့ သိကြတယ်။ သူ့အတွက် ခံစားကြရတယ်။ တကယ်တော့ ကျွန်မတို့ မသိတဲ့လူတွေ ဘယ်နှစ်ယောက်တောင် ဒီလို ယုတ္တိ မရှိတဲ့ ဂဏန်းတွေထဲ အာဏာရှင်တွေရဲ့ လက်ခုပ်ထဲကရေ ဖြစ်ခဲ့ကြပြီးပြီလဲ ... ဘယ်အထိ ဖြစ်ရဦးမလဲ။ http://freenpl.blogspot.com http://ppmoemaka.blogspot.com

Friday, November 25, 2011

Wrong Decesion

လူယုတ်မာတွေ အသွင်ပြောင်းတာကို သူတော်ကောင်းလို့ လက်ခံထားတော့ သားသတ်သမားတွေက ဒီမိုကရေစီ ၀ါဒကို မုသားစကားတွေ လိမ်းကျံပြီး ဟစ်ကြွေးကုန်ကြပြီ..... ။

Daw Aung San Su kyi and 50 Stooges

Monday, November 21, 2011

ယုံကြည်ချက်ကြောင့် အကျဉ်းကျခြင်း လက်မခံဟု ဦးသိန်းစိန်ပြော

သမ္မတ ဦးသိန်းစိန်က ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ ဆိုသည်ကို လက်မခံကြောင်းနှင့် အကျဉ်းကျခံရသူ အားလုံး သည် ဥပဒေတခုခုကို ကျူးလွန်ထားသူများသာ ဖြစ်ကြောင်း ပြောဆိုလိုက်သည်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသော ၁၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံ တက်ရောက်နေစဉ် နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက ပထမဆုံး အကြိမ် ပြည်တွင်း ပြည်ပ သတင်းသမားများနှင့် တွေ့ဆုံရာ၌ ဦးသိန်းစိန်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်

Wednesday, November 16, 2011

မန္တလေးဆန္ဒပြမှု သံဃာတပ်ပေါင်းစုထောက်ခံ

မန်မာနိုင်ငံမှာအပြောင်းအလဲတွေကို မြန်မြန်ဆန်ဆန် ပြောင်းလဲသင့်သလောက် မပြောင်းလဲတာကြောင့် မန္တလေးက သံဃာတွေ မကျေမနပ် ဆန္ဒထုတ်ဖော်ခဲ့ရတာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု ပြည်ပတာဝန်ခံက ပြောပါတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မယ်ဆိုပြီး ပြောသလို ဖြစ်မလာတဲ့အပေါ်မှာ သံဃာတွေဘက်က စိတ်ပျက်ရတာဖြစ်တယ်လို့ ပြောပါတယ်။ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရေး အချက်သုံးချက်အတွက် မန္တလေးဘုရားကြီး မဟာဗုဒ္ဓ၀င်ပြတိုက်မှာ ဆန္ဒပြခဲ့ကြတဲ့ သံဃာတော်တွေဟာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်သင့်သလောက် မြန်မြန်ဆန်ဆန်ဖြစ်မလာတဲ့အပေါ် အာဏာပိုင်တွေကို ဖိအားပေး ဆောင်ရွက်ရတာဖြစ်တယ်လို့ ဆန္ဒပြသံဃာတွေကိုယ်တိုင်ကရော၊ ဒါကို ထောက်ခံတဲ့ သံဃာအဖွဲ့အစည်းတွေကပါ ပြောပါတယ်။ အထူးသဖြင့် အစိုးရဘက်က အပြောနဲ့ အလုပ်မညီလို့ ဆန္ဒပြတာဖြစ်တယ်လို့ သံဃာတပ်ပေါင်းစုရဲ့  ပြည်ပတာဝန်ခံ အရှင်ပညာဇောတက ဗွီအိုအေကို ပြောပါတယ်။

“ထောင်တွေထဲမှာ သံဃာတော်တွေ အများကြီးရှိနေသေးတယ်။ ဒီလို ရှိနေတဲ့ သံဃာတော်တွေကို နအဖအစိုးရကနေပြီးတော့ လွှတ်ပေးမယ်ဆိုပြီးတော့ ပြောတယ်။ ဒါတွေ သူပြောထားပြီးတော့ အပြောနဲ့အလုပ် မညီတဲ့အတွက်ကြောင့် သံဃာတော်တွေကတော့ သံဃာတော်တွေအချင်းချင်း လွှတ်ပေးဖို့အတွက် အားလုံးမှာ တာဝန်ရှိတယ်၊ ၀တ္တရားရှိတယ်လေ။ ဒါကြောင့် သံဃာတော်တွေက ပြောတာပါ”

ကိုယ်တိုင်ဆန္ဒပြခဲ့သူ ဦးသောပါက ကိုယ်တိုင်ကလည်း ပြုပြင်ပြောင်းလဲမှုတွေ မျှော်လင့်သလို ဖြစ်မလာတဲ့အတွက် သံဃာတော်တွေအနေနဲ့ လုပ်သင့်တယ်လို့ ယူဆတာကို ဆောင်ရွက်ရတာဖြစ်တယ်လို့ ဗွီအိုအေကို ပြောခဲ့ပါတယ်။

“သံဃာတွေကိုရော နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကိုရော အမြန်ဆုံး လွတ်မြောက်လိမ့်မယ်လို့ ဦးဇင်းတို့က အစောကြီးက တွက်ထားတာ။ ဒါပေမဲ့ ဦးဇင်းတို့ ထင်ထားသလို၊ တွက်ထားသလို မဖြစ်လာတဲ့အခါကျတော့ ငါတို့ရဲ့ ညီတော်၊ နောင်တော်၊ သံဃာတော်တွေရော၊ ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်တို့ စသည်အားဖြင့် အားလုံးလွတ်မြောက်ဖို့တော့ ငါတို့ လုပ်ဖို့ အချိန်တန်ပြီ- ဆိုပြီးတော့ အဲဒီလို ဆုံးဖြတ်ချက်နဲ့ ဦးဇင်းတို့ သံဃာတွေကနေပြီးတော့ လုပ်လိုက်တာပါ။ ဒီနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်မှသာလျှင် ဦးဇင်းတို့ တိုင်းပြည်ဟာ စီးပွားရေးရော၊ ဘာရော ဘက်ပေါင်းစုံကတိုးတက်လာမှာကိုး။ အဲဒါကြောင့် သူတို့လွတ်ရင်တော့ တိုင်းပြည်က အများကြီး တိုးတက်လာစရာ အကြောင်းရှိတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဦးဇင်းတို့လုပ်တာ။ နောက်တချက်ကတော့ ပြည်တွင်းစစ်ပေါ့။ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေကို အမြန်ဆုံး ရပ်စေချင်တာပေါ့။ အဲဒါကြောင့်မို့လို့ ဦးဇင်းတို့က Peace movement ငြိမ်းချမ်းရေး လှုပ်ရှားမှု၊ ပြည်တွင်းစစ်ရပ်စဲရေး ဆိုတဲ့ ပုံစံမျိုးနဲ့ ဦးဇင်းတို့က လုပ်ထားတာပါ။”

ဆန္ဒပြကိုယ်တော် ၅ ပါးဟာ မန္တလေးမဟာမြတ်မုနိ ဘုရားကြီးဝင်းအတွင်းက မဟာဗုဒ္ဓ၀င်ပြတိုက် အပေါ်ကနေ သူတို့လိုလားချက်တွေကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာနဲ့ ပိတ်စတွေပေါ်မှာ ရေးဆွဲထားသလို အဲဒီကနေ လာရောက်ကြည့်ရှုအားပေးတဲ့ လူထုနဲ့သံဃာကိုလည်း အသံချဲ့စက်နဲ့ သူတို့လိုလားချက်တွေကို ဟောပြောခဲ့ပါတယ်။ သံဃာ့မဟာနာယကအဖွဲ့ ဆရာတော်တွေ လာရောက်ညှိနှိုင်းပြီးနောက် မစိုးရိမ်တိုက်ဟောင်းဘက်ကို သူတို့ ရွှေ့သွားခဲ့ပါတယ်။ အဲဒီမှာ လိုလားချက်တွေကို ဆက်ပြီး ဟောပြောသွားလိမ့်မယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားလွတ်ရေးအပါအ၀င် နိုင်ငံရေးလိုလားချက်တွေအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဏာပို်င်တွေ ညှိနှိုင်းဆွေးနွေးမှုတွေ လတ်တလော ရှိနေသလို အပြောင်းအလဲအချို့လည်း မြင်နေရချိန်မို့လို့ အခုလို ဆန္ဒပြမှုမျိုးကြောင့် ပြုပြင်ပြောင်းလဲရေးတွေ နှောင့်နှေးသွားမလား စိုးရိမ်သူတွေလည်းရှိပါတယ်။

သံဃာ့တပ်ပေါင်းစု ပြည်ပတာဝန်ခံ အရှင်ပညာဇောတကတော့ သံဃာတွေတောင်းဆိုတဲ့ဒီအချက် (၃) ချက်ဟာ အခြားပြည်တွင်းပြည်ပ လိုလားချက်တွေနဲ့ တညီတည်းဖြစ်တာမို့ လက်ရှိ ဆွေးနွေးမှုတွေ အပြောင်းအလဲတွေအပေါ်မှာ ထိခိုက်စရာမရှိဘူးလို့ မြင်ပါတယ်။

“နှောင့်နှေးစရာ မဖြစ်ပါဘူး။ ဘာကြောင့်လဲလို့ ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်က ပြောနေတာကလည်းပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စတွေ ပြောတယ်၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး ကိစ္စတွေ ပြောတယ်။ နအဖကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လုပ်ပါမယ်၊ နိုင်ငံရေးအကျဉ်းသားတွေလည်း လွှတ်ပေးပါမယ် ဆိုပြီးတော့ မြန်မာပြည်သူပြည်သားတွေကိုလည်းပဲ ပြောတာရှိသလို နိုင်ငံပေါင်းစုံကို-ကုလသမဂ္ဂအဖွဲ့အစည်းကြီးအပါအ၀င် အမေရိကန်၊ ဥရောပစတဲ့ နိုင်ငံတွေကိုလည်းပဲ ပြောနေတာတွေ ရှိပါတယ်။

ဆိုတော့-ရဟန်း၊ သံဃာတွေ အခုတောင်းတာကလည်းပဲ ဒါပဲ ဖြစ်တဲ့အတွက်ကြောင့် ဒီအပေါ်မှာ ကြန့်ကြာမှုတွေ ဘာမှ ဖြစ်စရာအကြောင်းမရှိပါဘူး။ ပြောတဲ့ အဓိပ္ပာယ်ချင်းဟာ အတူတူပဲဖြစ်ပါတယ်။ ကွဲလွဲချက်မရှိပါဘူး”

အမေရိကန်နိုင်ငံခြားရေးဌာနကတော့ အခု အဖြစ်အပျက်နဲ့ပတ်သက်လို့ အသေးစိတ်သိရှိနိုင်အောင် ကြိုးပမ်းနေဆဲဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်နိုင်ရေးကို အမေရိကန်ပြည်ထောင်စု အနေနဲ့ ဆက်ကြိုးပမ်းသွားမယ်လို့ နိုင်ငံခြားရေးဌာန အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။

“မြန်မာလူထုအနေနဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ အပြည့်အ၀ ပါဝင်ခွင့်ရတာကို မြင်လိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဒီထက်ပိုလုပ်စရာတွေ ကျန်နေသေးပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေတဲ့ကိစ္စအပါအ၀င် လူ့အခွင့်အရေးအခြေအနေတွေအတွက် စိုးရိမ်မိပါတယ်။ ထောင်ထဲမှာ ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် စိုးရိမ်ပါတယ်။ ဒီ နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ မြန်မာအစိုးရကို ဆက်လက် တောင်းဆိုနေပါတယ်။”

နိုင်ငံရေးအကျဉ်းသားတွေ တနည်းအားဖြင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူအချို့ ဒီရက်ပိုင်း အတွင်း ပြန်လွတ်လာနိုင်တယ်လို့ မြန်မာနိုင်ငံထဲမှာတော့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပါတယ်။ ဒါပေမယ့် အစိုးရသစ်ဖြစ်ပြီးကတည်းက သတင်းတွေထွက်သလို မြန်မြန်ဆန်ဆန် လွတ်မလာကြတာ၊ ပြီးခဲ့တဲ့အခေါက် အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပေးတော့လည်း နိုင်ငံရေး အကျဉ်းသားတွေ မျှော်လင့်သလောက် မပါတာ၊ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ မရှိဘူးဆိုပြီး အာဏာပိုင်တွေဘက်က ငြင်းဆန်ပြောတာတွေကြောင့် အတိုက်အခံ လှုပ်ရှားသူတွေဘက်က လက်ရှိ အပြောင်းအလဲတွေအပေါ် သံသယရှိနေတုန်းပဲလို့ ပြောရမှာပါ။

Source: VOA BURMESE

Sunday, October 30, 2011

ဒေါ်စုနဲ့ ဝန်ကြီးဦးအောင်ကြည် စတုတ္ထအကြိမ် ဆွေးနွေး

မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်တို့ ဟာ တနဂင်္နွေ နေ့ နေ့လယ်က စတုတ္တ အကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးခဲ့ ကြပါတယ်။

ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ ပြုလုပ်ခဲ့တဲ့ ဒီတွေ့ဆုံဆွေးနွေးပွဲမှာ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့်နဲ့ ငွေကြေးလည်ပတ် စီးဆင်းမှုဆိုင်ရာ စီးပွားရေးကိစ္စ၊ ပြည်တွင်း ငြိမ်းချမ်းမှု ထာဝရ ဖြစ်ထွန်းရေးနဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ တယ်လို့ ဆွေးနွေးပွဲ အပြီး သတင်း ထုတ်ပြန်ပါတယ်။

ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ မှတ်ပုံပြန်တင်မယ့် အခြေအနေ ရှိပါသလားဆိုတဲ့ သတင်းထောက် တဦးရဲ့ အမေးကိုတော့ ဒေါ်အောင်ဆန်းစုကြည်က မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပြောင်းလဲမှု အတည်ဖြစ်လာတဲ့ အချိန်မှာ ဒီကိစ္စကို NLD က အစည်းအဝေးထိုင် ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

တခါ အစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ထပ်လွှတ်ပေးဖို့ အစီအစဉ် ရှိမရှိ ဆိုတဲ့ သတင်းထောက် တဦးရဲ့ အမေးကို ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က အစိုးရ အနေနဲ့ လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ စုံလည်း မခုန်ဘူး၊ ရပ်လည်း မနေဘူး၊ တလှမ်းချင်း ဆောင်ရွက်နေတယ်ဆိုပြီး တုံ့ပြန် ပြောဆိုသွားပါတယ်။

အရင် ဆွေးနွေးပွဲတွေတုန်းကလည်း ဆွေးနွေးတဲ့ ကိစ္စရပ်တွေလောက်သာ နှစ်ဖက် ထုတ်ဖေါ် ပြောဆို ခဲ့သလို အခု ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့လဲ ဘာမှ အသေးစိတ် ထုတ်ဖေါ် ပြောဆို သွားခြင်း မရှိပါဘူး။

အစိုးရဘက်က တလှမ်းချင်း လှမ်းပြီး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ဦးအောင်ကြည်က ပြောသွားသလို ဒေါ်အောင်ဆန်းစုကြည်တို့ NLD ဖက်ကို ကြည့်မယ်ဆိုရင်လည်း ပါတီ မှတ်ပုံတင်ရေး မတင်ရေး စဉ်းစားမှုတွေ ရှိနေတဲ့အတွက် NLD အနေနဲ့ ပြုပြင် ပြောင်းလဲရေး အတွက် ခြေလှမ်းတွေ စလှမ်းနေပြီလို့ ယူဆရကြောင်း ဗဟု ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့က ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။

Source: BBC Burmese

ဂဒါဖီသား လက်နက်ချနိုင်ဖို့ ICC ညှိနှိုင်းနေ

တရားခံပြေးတစ်ဦးဖြစ်ပြီး သေဆုံးသွားတဲ့ လစ်ဗျားခေါင်းဆောင်ဟောင်း မိုမာဂဒါဖီရဲ့ သားဟာ တရားဥပဒေအရ ရင်ဆိုင်ဖို့အတွက် လက်နက်ချဖို့ ကြားခံတစ်ဦးကတဆင့် ဆွေးနွေးနေကြောင်း အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုတရားရုံး ICC ကပြောဆိုလိုက်ပါတယ်။

ဆာဟိ အယ်လ် အစ္စလာမ် ဂဒါဖီ ကို အာဖရိကနိုင်ငံတစ်ခုကို ထွက်ပြေးနိုင်ဖို့ ကြေးစားတပ်ဖွဲ့တွေက အကူအညီပေးနေကြောင်း လေ့လာသိရှိရတယ်လို့ ICC နိုင်ငံတကာတရားရုံးရဲ့ ရှေ့နေ လူးဝစ် မိုရီနို အိုကမ်းပိုး ကပြောပါတယ်။

ဂဒါဖီရဲ့သားကို လေယာဉ်နဲ့တင်ဆောင်လာမယ်ဆိုရင် လေယာဉ်ကို ICC တရားရုံးအနေနဲ့ ကြားဝင် ဟန့်တားပိုင်ခွင့် ရှိတယ်လို့လည်း မိုရီနို အိုကမ်းပိုး ကပြောပါတယ်။ မကြာခင်ကရရှိတဲ့ သတင်းတွေအရ ဆာဟိ အယ်လ် အစ္စလာမ် ဟာ ဆာဟာရကိုဖြတ်ပြီး အိမ်နီးချင်းနိုင်ငံတစ်ခုကို သွားနေတယ်လို့ဆိုပါတယ်။

ဆာဟိအစ္စလာမ်ဂဒါဖီအပေါ် နိုင်ငံတကာ တရားရုံးက လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ သူ့အဖေအပေါ် ဆန့်ကျင်ဆန္ဒပြကြတဲ့ ပြည်သူတွေကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ကြားခံလူကတဆင့်ပြောဆိုရာမှာ ဆာဟိအစ္စလာမ်က သူဟာ အပြစ်မရှိသူတစ်ဦး ဖြစ်ပါတယ်လို့ ပြောကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

Source: VOA Burmese

The Best Intelligence Agency

ကမ္ဘာ့အတော်ဆုံး ထောက်လှမ်းရေးအဖွဲ့ရွေးတယ်... ဆန်ကာတင် သုးံဖွဲ့ ကျန်တယ်။
CIA ရယ်... FBIရယ်... မြန်မာထောက်လှမ်းရေးရယ်...
ဒိုင်အဖွဲ့က သူတို့ကို ဗိုလ်လုပွဲအနေနဲ့ တစ်ခု
စမ်းသပ်လိုက်တယ်၊တောအုပ်တစ်ခုထဲ​ ယုန်တစ်ကောင် ထည့်လိုက်တယ်။ အဲဒီယုန်ကို
သုံးဖွဲ့စလုံးက လိုက်ရှာရတယ်။
ပထမဆုံး CIA ၀င်သွားတယ်။
သူတို့က သူတို့ရဲ့နည်းတွေအတိုင်း လုပ်တယ်။တိရိစ္ဆာန် သတင်းပေးတွေကို
နေရာအနှံ့ ချထားတယ်။သစ်ပင်တွေကိုလည်း စပိုင် လုပ်ခိုင်းတယ်။ဒါပေမယ့်
လုံးဝ မတွေ့ဘူး။ ရှုံးတယ်။
အထူးစုံစမ်း ထောက်လှမ်းမှု ၃ လ အကြာမှာ ထွက်လာတဲ့ CIA ရဲ့ အစီရင်ခံစာမှာ
"ဒီတောထဲမှာ ယုန် လုံးဝ မရှိဘူး" လို့ ရေးထားတယ်။
FBI ၀င်သွားတယ်...
သူကတော့ သူလုပ်နေကျအတိုင်း မြေလှန်ရှာတယ်။ ၂ ပတ်လောက်ရှာတယ်။မတွေ့ဘူး။
မတွေ့တဲ့ အဆုံးမှာ တောကို မီးရှို့ပစ်ခဲ့တယ်။
နောက်ဆုံးကျတော့ မြန်မာထောက်လှမ်းရေးက ကော့ပက်ကော့ပက်နဲ့ဝင်သွားတာပေါ့​။
သိပ်မကြာပါဘူး။မိလာတယ်။

ဒါပေမယ့် ယုန်တော့မဟုတ်ဘူး။ဝက်ဝံတစ်ကောင်​။
ဝက်ဝံက လမ်းတစ်လျှောက်လုံး ဘာအော်လာတယ်မှတ်လဲ...
အမလေးဗျ... ကြောက်ပါပြီဗျ... ကျနော် ယုန်ပါခင်ဗျ... မနှိပ်စက်ပါနဲ့တော့..
ကြောက်ပါပီ.. ကျနော် ယုန်အစစ်ပါခင်ဗျ...တဲ့...

Sunday, October 16, 2011

သွေး အုပ်စုများ၏ ဖြတ်သန်း လာရသော သမိုင်းကြောင်းနှင့် လက်ရှိ အခြေအနေ (၁)

Source :ရွှေဒေါင်းတောင် အွန်လိုင်းဂျာနယ်

သွေးသည် သဘာဝ မှ ပေးထားသော အားဖြစ်သည်။ အသက်ရှင်သန်မှုအတွက် အဓိက လိုအပ်သော အရာများတွင် တစ်ခုအပါအ၀င်ဖြစ်သည်။ သွေးမရှိလျှင် အသက်ရှင်နိုင်ရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် သွေးသည် အသက်၊ အသက်သည် သွေးဟု ဆိုကြသည်။

သာမန်မျက်စိဖြင့် မမြင်နိုင်သော သေးငယ်သည့် သွေးတစ်စက်တွင် မျိုးရိုးဗီဇဆိုင်ရာ လျှို့ဝှက်သင်္ကေတများ ပါဝင်နေသည်။ ဒီအန်အေ (DNA) ဟုခေါ်သော မျိုးရိုးဗီဇ သင်္ကေတသည် အကောင်း ပကတိရှိနေပြီး လူ့ခန္ဓာကိုယ်ထဲတွင် အဆုံးအစ မထင် ပုံတူပွား နေခဲ့သည်။



လူသားတို့၏ သွေးထဲတွင်လည်း မျိုးရိုးဗီဇဆိုင်ရာ မှတ်တမ်းများ အတိုင်းအဆမဲ့ ပါဝင်နေသည်။ အဆုံးအစ မထင်သော ဘိုးဘွားဘီဘင်တို့ထံမှ မျိုးရိုး စဉ်ဆက် လက်ဆင့်ကမ်းလာခဲ့သော မှတ်တမ်းများဖြစ်သည်။ သိပ္ပံပညာရှင်များက ယနေ့ထက်တိုင် ၄င်းလျှို့ဝှက်မှတ်တမ်းများကို သိမြင် နားလည်နိုင်အောင် ကြိုးစား အားထုတ်ရာတွင် အခြေအနေ တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သွေးထဲတွင်ရှိသော လျှို့ဝှက် သင်္ကေတများကိုလည်း သိမြင် နားလည်အောင် ကြိုးစားလာရင်း လူ့ဘ၀တွင် သွေး၏ အရေးပါပုံနှင့် ထူးခြား ဆန်းကြယ်ပုံကို အတော်အသင့် အဓိပ္ပါယ် ဖော်နိုင်လာခဲ့သည်။ သွေးအုပ်စုများကို သိနားလည်လာရင်း သွေးအုပ်စုတို့သည် လူသားတို့ ဘ၀ကိုမည်သို့ ခြယ်လှယ်နေသည်ကို သိရှိလာခဲ့ကြသည်။ သွေးသည် မျက်စိဖြင့်ကြည့်ပါက အနီရောင် အရည်သာဖြစ်သည်။ အဏုကြည့်မှတ်ပြောင်း အောက်တွင်ကြည့်မှသာ မတူညီသည့် ပစ္စည်းများစွာ သွေးထဲတွင် စုပေါင်းပါဝင်ကြောင်း တွေ့ရှိရပေမည်။ သွေးထဲရှိ သွေးနီဥများတွင် Hemoglobin ခေါ် သံဓါတ်ပါဝင်သည့် ထူးခြားသည် ပစ္စည်းတခုက Oxygen ကို သယ်ဆောင်သည်။ ထို့ပြင် ၄င်းသည် သွေး၏ အရောင်ကို သံချေးရောင် ဖြစ်စေသည်။

သွေးနီဥများ ရှိသကဲ့သို့ သွေးဖြူဥများလည်း ရှိသည်။ ၄င်း သွေးဖြူဥများသည် သွေးနီဥများလောက် မများသော်လည်း ရောဂါဘယဘေးမှ ကာကွယ်ပေးနိုင်သည့် ကာကွယ်ရေးတပ်ဖွဲ့ များဖြစ်ကြသည်။ သွေးဖြူဥများအပြင် အသားစ (Tissue) များဆီသို့ အာဟာရများ ပို့ဆောင်ပေးသော Protein များ၊ သွေးခဲစေသော သွေးခဲပစ္စည်းများ နှင့် သွေးရည်ကြည်များ တို့သည် သွေးဟုခေါ်သော အသက်ရှင်သန်မှုနှင့် သက်ဆိုင်သည့် ရှုပ်ထွေးပွေလီသော အရည်၏ အစိတ်အပိုင်းများဖြစ်ကြသည်။ ထိုမျှ ရှုပ်ထွေးပွေလီသော အရေးကြီးသော သွေး သည် လူသားတို့ မွေးဖွားခြင်း ၏ဆန်းကြယ်မှု၊ ရောဂါဘယများ၏ ခြိမ်းခြောက်မှု ၊ စစ်ပွဲများနှင့် ရုတ်တရက် သေဆုံးမှုကို ဖြစ်စေသည့် မူလပထမ တွန်းအား ဖြစ်သည်။ လူသားတို့၏ ယဉ်ကျေးမှု ဘ၀ကြီး တစ်ခုလုံးသည် သွေးသားဆက်စပ်မှု အပေါ်အခြေတည်၍ တည်ဆောက်ထားသည်။ လူမျိုးနွယ်စုများ ၊ ဆွေမျိုးစုများ ၊ မင်းဆက်များတို့သည် သွေးအပေါ်တွင် အခြေတည် ဖြစ်ပေါ်လာခဲ့သည်။ ထို့ပြင် လူ့သမိုင်းကာလတစ်လျှောက် ဘာသာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ အမှတ်အသား အဖြစ် ကာလရှည်ကြာ ရှိနေခဲ့သည်မှာလဲ သွေးပင်ဖြစ်သည်။ ရှေးခေတ်က သွေးစည်းညီညွတ်မှုနှင့် သစ္စာရှိမှုကို သက်သေပြုရန် လက်မောင်း သွေးဖောက်ပြီး သစ္စာဆိုကာ သွေးသောက် ညီအစ်ကို ဖွဲ့ခဲ့ကြသည်။



လွန်ခဲ့သော နှစ်ပေါင်း လေးဆယ်ကျော်ခန့် ကာလမှ စ၍ ဘိုးဘွားဘီဘင်များ၏ အုပ်စုဖွဲ့ နေထိုင်မှုများနှင့် ရွေ့လျားပြောင်းလဲမှုများကို ခြေရာခံ ဖော်ထုတ်နိုင်မည့် သွေးအုပ်စု (သို့) သွေးအမျိုးအစား စသည့် ဇီဝဆိုင်ရာ အမှတ်အသား များကို ရှာဖွေတွေ့ရှိပြီး အသုံးပြု နိုင်လာခဲ့ကြသည်။ ဘိုးဘွား ဘီဘင်များသည် အမြဲမပြတ် ပြောင်းလဲနေသော ရာသီဥတု၊ ရောဂါပိုးမွှား၊ အစားအစာ အာဟာရတို့ကြောင့် ဖြစ်ပေါ်လာသည့် သဘာဝ၏ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ကြသည်။ ၄င်း စိန်ခေါ်မှုများကို ရင်ဆိုင်ရင်း သွေးအုပ်စုများသည် အမျိုးအစားများ ကွဲပြားခဲ့ကြသည်။ ထိုကဲသို့ကွဲပြားမှုများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှု အမျိုးမျိုးကို လိုက်လျောညီထွေ နေထိုင်အသက်ရှင် နိုင်သည့် လူသား အရည်အသွေးနှင့် လုံးဝဆက်စပ် နေသည်ဟု ကောက်ချက် ဆွဲနိုင်ခဲ့သည်။ ၄င်းစိန်ခေါ်မှု အများစုသည် အစာချေစနစ် (Digestive System) နှင့် ရောဂါကို ခုခံကာကွယ်သောစနစ်(Immune system) ကို အဓိက ပစ်မှတ်ထား ထိုးဖောက် ၀င်ရောက်သည်။ ၄င်း စနစ် ၂ ခုသည် လူသားတို့၏ အသက်ရှင်နေထိုင်မှုနှင့် လည်း တိုက်ရိုက်ဆက်စပ်နေသည်။ လူသား မျိုးနွယ်စုတို့၏ အသက်ရှင်သန်မှု သမိုင်းကြောင်းအရ မည်သည့် နေရာတွင် အခြေချနေထိုင်ခဲ့သည်၊ မည်သည်တို့ကို စားသောက် ရှင်သန်ခဲ့သည် တို့ကို လေ့လာခဲ့ရာ လူတို့၏ ဇာတ်လမ်းသည် အသက်ရှင်သန်နေထိုင်နိုင်ရန် အစာရှာဖွေခြင်းနှင့် စတင်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ငါးသိန်းခန့် (သို့) ထို့ထက်ပိုစောသောအချိန် ဥရောပဒေသနှင့် အာရှကုန်းမြေတွင် ကျောက်ခေတ် လူသားများ စတင်အခြေချခဲ့ကြသည်ကို လေ့လာတွေ့ရှိခန့်မှန်းနိုင်ခဲ့သည်။ အချို့အဆိုအရ သမိုင်းမတင်မီကာလတွင် လူသားတို့သည် အာဖရိကဒေသ၌ သန္ဓေတည်ခဲ့ပြီး ထိုမှတစ်ဆင့် ဆင့်ကဲဖြစ်ပေါ်သည်ဟုလည်းဆိုကြသည်။ သမိုင်းမတင်မီခေတ်တွင် လူသားတို့သည် ရောဂါကူးစက်မှု၊ ကပ်ပါးကောင်များ၏အန္တရာယ်၊ တိရစ္ဆာန်များ၏ တိုက်ခိုက်မှု၊ အရိုးကျိုးမှု၊ မီးလောင်မှု စသည့် ဘေးအမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ရသဖြင့် ဘ၀မှာ ကြမ်းတမ်း၊ ဆိုးဝါး တိုတောင်းခဲ့သည်။ ဥရောပဒေသတွင် ကျောက်ခေတ်လူသားများသည် အပင်ရိုင်းများကို အစိမ်းစားခဲ့ကြသည်။ သားရဲတိရစ္ဆာန်ချင်း တိုက်ခိုက်သတ်ဖြတ်၍ ကျန်ခဲ့သော အသေကောင်များကို စားခဲ့ကြသည်။ ရောဂါကူးစက်ခြင်း၊ ကပ်ပါးကောင်များ၏ အန္တရာယ်ပြုခြင်း စသည့် အခြေအနေတို့ကို ကြုံခဲ့ရသည့်အတွက် ဥရောပ ကျောက်ခေတ်လူသားတို့သည် မုဆိုးထက် သားကောင် ဖြစ်ခဲ့ရသည်။



လူသားတို့သည် ရေကြည်ရာ မြက်နုရာ လှည့်လည်နေထိုင်ခဲ့ကြသည်။ ပြောင်းလဲလာသော ပတ်ဝန်းကျင်၊ အစားအစာ တို့နှင့် လိုက်လျောညီထွေနေထိုင်အသက်ရှင်ဖို့သာရှိသည်။ အစားအသောက်ပုံစံသစ်သည် နေရာဒေသသစ်တွင် အသက်ရှင်သန်နိုင်ဖို့ လိုအပ်သော ကိုယ်ခံအားစနစ်နှင့် အစာရေမျိုစနစ်တို့ကို သဟဇာတဖြစ်ဖြစ် အသားကျအောင် လှုံ့ဆော်ပေးသည်။ ဤအပြောင်းအလဲများကို အကြောင်းပြု၍ သွေးအုပ်စုမျုားသည် လူသားဖွံ့ဖြိုး တိုးတက်မှု၏ အဓိကကျသော အပြောင်းအလဲများကို ရင်ဆိုင်ကျော်ဖြတ်ရင်း သွေးအုပ်စုမျိုးများ ကွဲပြားခဲ့ရသည်။



အထင်ရှားဆုံးသော သွေးအုပ်စုမျိုးများမှာ - O , A , B နှင့် AB သွေးအုပ်စုတို့ဖြစ်ကြသည်။ သွေးအုပ်စုမျိုးများ စတင်ဖြစ်ပေါ်ခြင်းကို လေ့လာရာမှ သွေးအုပ်စုမျိုးများ သည် အိုသွေးအုပ်စု ၊ အိုသွေး မှ အေသွေးအုပ်စု ၊ အေသွေး မှ ဘီသွေးအုပ်စု နှင့် နောက်ဆုံး အေဘီသွေးအုပ်စု အဖြစ်တဖြည်းဖြည်း ဆင့်ကဲ ပြောင်းလဲလာသည်ဟု ခန့်မှန်း ကောက်ချက်ချထားကြသည်။ ၄င်းခန့်မှန်း ကောက်ချက်များအရ သွေး အုပ်စု အားလုံး ၏ မူရင်း အစ သို့မဟုတ် အစောဆုံးပေါ်သော သွေးအုပ်စု မှာ အိုသွေး ဖြစ်သည်ဟုဆိုသည်။၎င်း အိုမင်းလှပြီဖြစ်သော အိုသွေး အကြောင်း သမိုင်းကောက်ချက် ချရသည်ရှိသော် BC 400 000 ခန့်တွင် ခရိုမက်နွန်-CroMagnon ( သမိုင်းမတင်မီခေတ်က ဥရောပတိုက်တွင် နေထိုင်သော ကော့ကေးဆွိုက်မျိုးနွယ်လူသား ဖြစ်သည်။ ကော့ကေးဆွိုက်-Caucasoid ဆိုသည်မှာ ဥရောပ၊ အာဖရိက၊ အိန္ဒိယနှင့် အရှေ့ဖျားဒေသတို့တွင် နေထိုင်ခဲ့သည့် ရပ်အမောင်းကောင်းပြီး ဆံပင်ဖြောင့်သော လူမျိုးများဖြစ်သည်ဟု ဆိုသည်။ ) ဘိုးဘွား ဘီဘင်များ ပေါ်ပေါက်လာသည်။

ထိုသူတို့သည် လူသားမျိုးနွယ်စုတို့ကို အစားအစာ ကွင်းဆက်၏ ထိပ်ဆုံး ရောက်အောင် တွန်းပို့ခဲ့ပြီး ကမ္ဘာမြေပေါ်တွင် အန္တရယ် အပေးဆုံး မုဆိုးများ ဖြစ်စေခဲ့သည်။ သူတို့သည် အစုအဖွဲ့နှင့် အမဲလိုက်ခဲ့ကြပြီး အချိန်တိုအတွင်း လက်နက်များ ပြုလုပ် အသုံးပြုလာခဲ့သည်။ ထို့ကြောင့် ၄င်းတို့သည် သဘာဝအလျောက် ပိုင်ဆိုင်သော ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးများထက် သာလွန်သော စွမ်းဆောင်ရည်နှင့် အားသားမှုများကို လက်နက်များ အသုံးပြုခြင်းဖြင့် ရရှိခဲ့ကြသည်။ ကျွမ်းကျင်လိမ္မာ ပါးနပ်သော မုဆိုး များ အဖြစ် လူသားတို့သည် သတ္တ၀ါကြီးများကိုအနိုင်ယူပြီး အသက်ရှင်သန်မှုနှင့် စားဝတ်နေရေးကို ဖန်တီးခဲ့ကြသည်။ ပြိုင်ဘက်ကင်း မုဆိုးများ ဖြစ်လာသော လူတို့တွင် လူဦးရေး တဖြည်းဖြည်း တိုးတက်များပြားလာပြီး လူဦးရေပေါက်ကွဲမှု အသွင်ဖြစ်ပေါ်လာခဲ့သည်။ ခရိုမက်နွန်တို့ သည် မုဆိုးများ ဖြစ်သည့်အလျောက် သူတို့အတွက် အသားဓါတ်သည် သာလျှင် အကောင်းဆုံး အာဟာရ လောင်စာဖြစ်ခဲ့သည်။ ထိုအခြေအနေ တွင် သွေးအုပ်စု အို သည် ၄င်း ၏ အစာချေဖျက်ခြင်းနှင့် ဆိုင်သော အရည်အသွေးကို အပြည့်အ၀ သက်သေပြနိုင်ခဲ့သည်။

လူသားတို့သည် အစားအစာ ဖြစ်သော အသားအတွက် အာသာငမ်းငမ်း ဖြစ်ခဲ့ကြပြီးနောက် သားကောင်များကို ဖမ်းဆီး သတ်ဖြတ်ရင်း သားကောင်များ ရှားပါးလာသည်။ ထိုအချိန်တွင် လူဦးရေ ပေါက်ကွဲမှုသည်လည်း အဆမတန် ဖြစ်ပေါ်လာသဖြင့် ကျွေးမွေးရမည့်သူ များလာသောကြောင့် အစားအစာဖြစ်သော အသားကို ရလိုမှုအတွက် လူသားတို့သည် အပြင်းအထန် ပြိုင်ဆိုင်လာကြသည်။ လူသား မုဆိုးတို့သည် နယ်မြေများ သတ်မှတ်ပိုင်းခြားကာ သူ့နယ်ကိုယ့်နယ် သတ်မှတ်ခဲ့ပြီးနယ်ကျော် ၀င်ရောက်လာသူမှန်သမျှကို တိုက်ခိုက် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြသည်။ အမဲလိုက်ရန် ကောင်းသော နေရာများ ရှားပါးလာသဖြင့် လူသားတို့သည် နယ်ပယ်သစ်များကို ပြောင်းရွှေ့အခြေချ နေထိုင်ခဲ့ကြသည်။ နောက်ဆုံးတွင် ပြိုင်ဘက်ကင်း မုဆိုးများ ဖြစ်သော လူသားတို့အတွက် အန္တရာယ် အပြုနိုင်ဆုံးသော သူများမှာ လူသားတို့ပင် ဖြစ်ခဲ့သည်။



BC 30 000 ခန့်တွင် လူသားတို့သည် အမဲလိုက်ရန် နယ်မြေများ ချဲ့ထွင်ရင်းဖြင့် အမဲလိုက်ရန် အလွန်ကောင်းသော အာဖရိက ဆာဟာရ ဒေသတွင် ခြောက်ကပ်လာခဲ့သည်။ ယခင် ရေခဲနေသော ကမ္ဘာ့မြောက်ခြမ်း ဒေသများသည် တဖြည်းဖြည်း ပူနွေးလာသည့် အတွက် လူသားတို့သည် အာဖရိကဒေသမှ အာရှနှင့် ဥရောပဆီသို့ ပြောင်းရွေ့  အခြေချခဲ့ကြသည်။ ထိုပြောင်းရွေ့ အခြေချမှုများသည် ကမ္ဘာမြေပေါ်တွင် အိုသွေး အုပ်စုဝင် လူများကို အခြေခံလူ့အဖွဲ့အစု ကြီး အဖြစ် စတင် အခြေတည် ဖြစ်ပေါ်လာစေခဲ့သည်။ ယနေ့အထိလည်း ကမ္ဘာ့လူဦးရေ အများစုမှ အိုသွေးများ ဖြစ်နေဆဲပင်ဖြစ်သည်။



BC 20 000 ခန့်တွင် ခရိုမက်နွန် လူသားတို့သည် ဥရောပနှင့် အာရှဒေသများတွင် လုံးလုံးလျားလျား အခြေချ နေထိုင်ခဲ့ကြသည်။ အမဲလိုက်ရန်ခက်ခဲလာချိန်တွင် အခြားအစားအစာများကို တွေ့ရှိခဲ့ကြခြင်းဖြင့် လူသားတို့သည် အခြေအနေသစ် တစ်ခုဖြစ်သော အစုံစားသတ္တ၀ါ အဖြစ် ရောက်ရှိလာခဲ့ကြသည်။ ကမ်းရိုးတန်း တစ်လျှောက် တွင် ထူထပ်သိပ်သည်းစွာ အခြေချနေထိုင်ခဲ့သည်။ ငါးနှင့် ရေထွက် အစားအစာ ပေါသော မြစ်၊ ချောင်း၊ အင်း၊ အိုင်များအနီးအနားတွင် အခြေချ နေထိုင်သူများပြားခဲ့သည်။



BC 10 000 ခန့်တွင် အန္တာတိကတိုက်မှ လွဲ၍ ကမ္ဘာ့ကုန်းမြေ ဒေသတစ်ခုလုံးနီးပါးတွင် လူသားတို့ အခြေချ နေထိုင်ခဲ့ကြသည်။ ထိုကဲ့ သို့ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွေ့ အခြေချရင်း ကမ္ဘာဦး လူသားတို့သည် အရေပြားဖြူဖျော့ဖျော့၊ ပေါ့ပါးသော အရိုးဖွဲ့စည်းမှု၊ ဖြောင့်စင်းသော ဆံပင်တို့ကို ပိုင်ဆိုင်ခဲ့ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ လူသားတို့သည် နေထိုင်ရာ နေရာဒေသကိုလိုက်၍ လိုက်လျောညီထွေဖြစ်စေရန် သဘာဝအလျောက် ပြောင်းလဲလာခဲ့ကြသည်။ မြောက်ဘက်သို့ပြောင်းရွေ့ အခြေချခဲ့သော လူသားတို့သည် မဲနက်သော အရေပြားထက်နှင်းကိုက်နာကို ပိုမိုခံနိုင်ရည်ရှိစေမည့် ဖြူဖျော့ဖျော့ အရေပြားကို ပိုင်ဆိုင် လာခဲ့ကြသည်။ ဖြူဖျော့ဖျော့ အရေပြားသည် ညတာရှည်၍ နေ့တာတိုသော ဒေသများတွင် ဗီတာမင် ဒီ (Vitamin D) ကိုချေဖျက်နိုင်ရန် ပံ့ပိုးပေးခဲ့သည်။



သို့သော်လည်း လူဦးရေပေါက်ကွဲမှုသည် ဆက်လက်ဖြစ်ပေါ်နေပြီး အမဲကောင်များ ရှားပါးလာသော အချိန်တွင် အစားအစာရရှိရေးအတွက် လူသားအချင်းချင်း တိုက်ခိုက်ပြိုင်ဆိုင်မှုများ တိုးတက် များပြားလာခဲ့ပြီး နေရာဒေသများ သတ်မှတ်နေထိုင်ကာ ပြောင်းရွေ့ အခြေချမှုများကို အဆုံးသတ် သွားစေခဲ့သည်။ သို့သော်လည်း BC 250 000 မှ BC 150 000 အတွင်း လူသားတို့သည် နေရာပြောင်းရွေ့ရင်း အရှေ့  အလယ်ပိုင်းဒေသ နှင့် အာရှ ဒေသများ တွင်သဘာဝပတ်ဝန်းကျင် ကို ရင်ဆိုင် အံတုရင်း အသက်ရှင်သန်နိုင်အောင် ကြိုးစားခြင်းဖြင့် အေသွေးအုပ်စု များစတင် ပေါ်ပေါက်လာခဲ့သည် ဟု ယူဆခဲ့ကြသည်။ ခရိုမက်နွန် မုဆိုးများ လွှမ်းမိုးသော ကျောက်ခေတ် နှောင်းပိုင်းကာလ ၊ အထွဋ်အထိပ် အခြေအနေ တွင် အေသွေးအုပ်စု သို့မဟုတ် လယ်သမား သွေးအုပ်စု ပေါ်ပေါက်လာသည်ဟု ယူဆခဲ့ကြသည်။



လူသားတို့၏ ယဉ်ကျေးမှု တိုးတက်လာသည်နှင့်အမျှ အမဲလိုက်၍ အသက်မွေးရာမှ တဖြည်းဖြည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများပေါ်ပေါက်လာခဲ့ပြီး လူသားတို့၏ ဘ၀ အရာရာသည် ပြောင်းလဲလာခဲ့သည်။လူသားတို့သည် အမဲလိုက်အသက်မွေးခြင်းကို ပယ်စွန့်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ကာ နေထိုင်သော လူများအဖြစ် အမြဲတမ်း နေထိုင်မှုပုံစံကို ပထမဆုံး စတင် တည်ထောင်သည်။ ခရိုမက်နွန် တို့နှင့် မတူညီသော နေထိုင်မှုပုံစံနှင့် စားသောက်မှု ပုံစံပြောင်းလဲခြင်း၊ အဓိကကျသော ပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲခြင်း တို့ကြောင့် ကျောက်ခေတ်နှောင်းပိုင်း လူသားတို့၏ ရောဂါ ခုခံကာကွယ်ရေးစနစ်နှင့် အစာချေစနစ်တို့သည် လုံးဝနီးပါးပြောင်းလဲခဲ့သည်။ လူသားတို့သည်စိုက်ပျိုးသီးနှံနှင့် ဆက်စပ်လျက်ရှိသော အစားအစာ များကိုစားသောက်ပြီးသည့်အခါ အစာခြေ အင်္ဂါစနစ်က ချေဖျက်နိုင်ပြီး ဖြစ်လာသည့်အာဟာရကို စုပ်ယူကာ အစားအသောက်ပြောင်းလဲမှုဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း သွေးအုပ်စု အေ ပေါ်ပေါက်လာခဲ့သည်။

လယ်ယာစိုက်ပျိုး မွေးမြူရေးကျေးရွာများအဖြစ် အမြဲတမ်း အခြေချနေထိုင် လာသောအခါ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ စိန်ခေါ်မှု အသစ်များနှင့် ရင်ဆိုင်ခဲ့ရသည်။ ခရိုမက်နွန် မုဆိုးဘ၀က စုပေါင်းလုပ်ဆောင်မှု အရည်အသွေးများကို စုပေါင်းနေထိုင်ရသော ယခင်နှင့်ခြားနားသည့် အခြေအနေသစ် လူ့အဖွဲ့အစည်း ပုံစံသစ်တွင်ကောင်းမွန်စွာ အသုံးချနိုင်ခဲ့သည်။ တစ်ဦးတစ်ယောက်စီ၏ ကျွမ်းကျင်မှုကို အခြေတည်သည့် အပြန်အလှန် အမှီသဟဲ ပြုမှုစနစ်ကို ရုပ်လုံး ပေါ်လာစေခဲ့သည်။ ( ဥပမာ အားဖြင့် ဆန်စက်ပိုင်ရှင်သည် သူ့စက်တွင် စပါးလာ ကြိတ်ခွဲစေရန် လယ်သမားများကို အားကိုးနေရသကဲ့ သို့ လယ်သမားများ သည်လည်း စပါးများကို ကြိတ်ခွဲရန် အတွက် ဆန်စက် ပိုင်ရှင်ကို အားကိုးနေရသည်။ လူအများနှင့် ဆက်သွယ်လုပ်ကိုင်ရခြင်း၊ အစီအစဉ်ချ လုပ်ကိုင်ရခြင်း တို့သည် တိုးတက် ဖြစ်ထွန်းလာကြသည်။

အေသွေးအုပ်စုတို့၏ မျိုးရိုးဗီဇသည် အစောပိုင်းကာလ လယ်ယာစိုက်ပျိုးသော လူ့အဖွဲ့အစည်းတွင် စတင် ဖွံ့ဖြိုးခဲ့သည်။ အိုသွေးမှ အေသွေးသို့ ပြောင်းလဲသော မျိုးရိုးဗီဇသည် အလျင်အမြန် ပြောင်းလဲစေခြင်းမှာ အသက်ရှင်သန်မှုနှင့် ဆက်စပ်နေသည်။ ယခင်နှင့် မတူ ပိုမိုထူထပ် သိပ်သည်းလာသော ပတ်ဝန်းကျင်၊ ပြောင်းလဲလာသော အစာအာဟာရ၊ သဘာဝနှင့် ပိုးမွှားများ တိုက်ခိုက်မှုဒဏ် စသည်တို့ကို ခံစားရင်း လူနေထူထပ်သော လူ့အဖွဲ့အစည်းတွင် လိုက်လျောညီထွေ နေသားတကျ အသက်ရှင် သန်နိုင်ရေးအတွက် ပြောင်းလဲလာခြင်း ဖြစ်သည်။

ထို့ကြောင့် အေသွေးအုပ်စုဝင်များသည် လူနေထူထပ်သော ဒေသများတွင် ဖြစ်လေ့ဖြစ်ထရှိသည့် ရောဂါများကို ပိုမိုခံနိုင်ရည်ရှိသည်။မြို့ ပြနှင့် စက်မှု ဖွံဖြိုးသော လူ့အဖွဲ့ အစည်းများသည် အေသွေးအုပ်စုများ အဖြစ် အလျင်အမြန် ပြောင်းလဲလာသည်။ ယနေ့ ခေတ်တွင် ပလိပ်ရောဂါ၊ ၀မ်းရောဂါ နှင့် ကျောက်ရောဂါ ကပ်ဘေးများမှ အသက်ရှင် ကျန်ရစ်သူများတွင် အေသွေး အုပ်စုဝင်များသည် အိုသွေးတို့ထက် ပိုများခဲ့သည်။ နောက်ဆုံးတွင် အေသွေးအုပ်စုတို့၏ မျိုးရိုးဗီဇသည် အင်ဒို ဥရောပသားများမှ တဆင့် အာရှနှင့် အရှေ့ အလယ်ပိုင်းဒေသကို ကျော်လွန်ကာ အနောက်ဥရောပဒေသ အထိ ပြန့်နှံ့ခဲ့သည်။ အင်ဒိုဥရောပသားများသည် ကျောက်ခေတ်နှောင်းပိုင်း မတိုင်မီကာလ အထိ အမြောက်အများရှိနေခဲ့ပြီး ရုရှအလယ်ပိုင်း၏ တောင်ဘက်ပိုင်းတွင် မူလက အခြေချခဲ့သည်။ ထိုမှနောက်တွင် BC2500 မှ BC 2000 အတွင်း အာရှဒေသ၏ အနောက်တောင်ဘက်သို့ ပြောင်းရွေ့အခြေချကာ ယခု အီရန်နှင့် အာဖဂန်နစ္စတန် နိုင်ငံတွင် နေထိုင်သော လူမျိုးများ ဖြစ်လာသည်ဟု ခန့်မှန်းရသည်။

အင်ဒို ဥရောပသားများ၏ ၀င်ရောက်လာမှုကြောင့် အစားအသောက် တော်လှန်ရေးကို ဖြစ်စေခဲ့သည်။ ကျောက်ခေတ်ဦးပိုင်းကာလ မုဆိုးများ၏ သမားရိုးကျရောဂါ ခုခံကာကွယ်ရေးစနစ်နှင့် အစာချေစနစ်များကို အစားအသောက် အသစ်များ ၊ ပတ်ဝန်းကျင်နေထိုင်မှု အမူအကျင့် အသစ်များနှင့် မိတ်ဆက်ပေးပြီး ပြောင်းလဲစေခဲ့သည်။ ဥရောပသား များတွင် ယနေ့အထိ အေသွေး အမျိုးအစားသည် ရာခိုင်နှုန်း အမြင့်ဆုံး ရှိနေဆဲဖြစ်သည်။ မက်ဆီဒိုးနီးယား၊ စပိန် ၊ တူရကီနှင့် ဘော်လကန်ဒေသများတွင် အေသွေးအုပ်စုဝင်များကို ပိုမိုတွေ့ရှိရသည်။ BC 150 000 နှင့် BC 100 000 အချိန်ကာလအတွင်း ဘီသွေးအုပ်စုသည် ရာသီဥတု အပြောင်းအလဲများကို တုံ့ပြန်ရာမှ ယခု ပါကစ္စတန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံဖြစ်သော ဟိမ၀န္တာတောင်တန်း၏ ကုန်းမြင့်ပိုင်းဒေသတွင် စတင် ဖွံ့ဖြိုးခဲ့သည်ဟု ယူဆရသည်။ ပထမဆုံး စတင် ပေါ်ပေါက်ခဲ့သော နေရာများမှာ ကော့ကေးရှန်နှင့် မွန်ဂိုလီးယန်းလူမျိုးများ ပေါင်းစပ်နေထိုင်သော အာရှဒေသ၏ ယူရယ်ဒေသ သို့ အိန္ဒိယ ဟုယူဆခဲ့ကြသည်။ မွန်ဂိုလီးယန်းတို့သည် အာရှတိုက် တစ်ခုလုံးကို တိုက်ခိုက်ခဲ့သဖြင့် ဘီသွေးအုပ်စုသည် အာရှတိုက်တစ်ခုလုံးတွင် ခိုင်ခိုင်မာမာ အခြေပြုခဲ့သည်။

ဆက်လက်ဖော်ပြပါမည်။

Dr.ဇီဝက (ဆေးလောက)

ကိုးကား~


(၁) Eat Right for Your Type By Dr. Peter J.D` Adamo

(၂) သွေးအုပ်စု အလိုက် နေထိုင်စားသောက်မှုအတတ်ပညာ(ဒေါက်တာ ရန်မျိုးသိန်း )

(၃) Fwd Mail များ


Saturday, October 15, 2011

ကျန်ရှိနိုင်ငံရေးအကျဉ်းသားများ​ လွတ်မြောက်ရေး စာရေးသားဖြန့်ဝေလှုပ်ရှား

ကျန်ရှိနိုင်ငံရေးအကျဉ်းသား​များ လွတ်မြောက်ရေး စာရေးသားဖြန့်ဝေလှုပ်ရှား
October 15th, 2011 | စာရေးသူ - ဘုန်းခိုင် သတင်း ရိုးမ3

မြန်မာနိုင်ငံတွင်းရှိ အကျဉ်းထောင်များတွင် ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လွှတ် ပေးဖို့ ရေးသားထားသည့် စာရွက်များ ဖြန့်ဝေခြင်း လှုပ်ရှားမှုများ ယမန်နေ့မှစ၍ ယနေ့ မနက်ပိုင်းအထိ နှစ်ရက်ဆက်တိုက် ရန်ကုန်တိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသားခွင့်အမိ​န့်ဖြင့် အောက်တိုဘာလ (၁၂) ရက်၊ သီတင်းကျွတ်လပြည့်နေ့တွင် အကျဉ်းသား ၆ ထောင်ကျော် လွှတ်ပေးခဲ့သည်။ ထိုအကျဉ်းသားများထဲတွင် နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်သာ ပါဝင်ခဲ့သည့်အပေါ် မကြေနပ်သည့် လူငယ်များက ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေးအတွက် စာရွက်များ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုသည့် စာရွက်များ ရန်ကုန်မြို့တွင်း ဖြန့်ဝေနေခြင်းနှင့်ပတ်သတ်၍​ စာရွက်ရခဲ့သည့် ရန်ကုန်မြို့ခံတဦးက “ ဒီကနေ့မနက်ပိုင်းက တောင်ဒဂုံသွားတဲ့ ဘက်စ်ကားတွေနဲ့ သင်္ကန်းကျွန်းဘက်သွားတဲ့ ဘက်စ်ကားတွေပေါ်မှာ ဝေတယ်။ အများဆုံးဝေသွားတာတော့ အင်းယားဘက်မှာ။

နောက်ပြီးတော့ သိမ်းကြီးဈေးထဲမှာရော သိမ်းကြီးဈေးအရှေ့ ကားတွေပေါ်မှာပါ တက်ဝေတာ တွေ့ တယ်။ ဝေတဲ့စာရွက်ကတော့ အေးဖိုး(A4)ခေါက်ချိုးစာရွက်အရွယ်ပေါ့။ အဲဒီမှာ ကျန်ရှိနေတဲ့ အကျဉ်းသားနဲ့ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွှတ်ပေးရန်တောင်းဆိုသည်လို့​ စာပါတယ်။ အောက်ကမှ ခွပ်ဒေါင်းငယ်ဆိုပြီး လက်မှတ်ထိုးထားတာ တွေ့တယ်” ဟုပြောသည်။

အလားတူ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုသည့် စာရွက်များ ယမန်နေ့က နေ့လယ်ပိုင်းတွင် ရန်ကုန် သိမ်းကြီးဈေးတ၀ိုက် ဖြန့်ဝေလှုပ်ရှားမှုများလည်း​ ရှိခဲ့ကြောင်း ရန်ကုန်ဒေသခံများက ပြောသည်။

မြန်မာနိုင်ငံအကျဉ်းထောင်များတွင် ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ခန့်ကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂအပါအ၀င် အမေရိကန်နှင့် မြန်မာ့အရေး ဆောင်ရွက်နေသည့် အာဆီယံလွှတ်တော်အမတ်များအဖွဲ့​ (AIPMC) တို့မှ တိုက်တွန်းတောင်းဆိုနေသည့် အချိန်နှင့်တပြေးညီ ယခုကဲ့သို့ ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန် တောင်းဆိုသည့် စာရွက်ဖြန့်ဝေလှုပ်ရှားမှုများ ရန်ကုန်တိုင်းအတွင်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။


Thursday, October 13, 2011

ဦးခင်ညွန့် မြေးလေးတွေ ကျောင်းကောင်းကောင်း မတက်ရလို့ သနားပါတယ်

ဦးခင်ညွန့် မြေးလေးတွေ ကျောင်းကောင်းကောင်း မတက်ရလို့ သနားပါတယ် ၊
လို့ ပြောနေတဲ့ လူတွေ ဒီကလေးလေးကို ကြည့်ပါ..... မိဘ ရှိပါလျှက် အဖေနဲ့အမေ ဆိုတဲ့ စကားကို သူ့မှာ အခုချိန်ထိ ခေါ်ဆိုပိုင်ခွင့် မရှိသေးဘူး ။

ဦးခင်ညွန့်ကို သူရဲကောင်သဖွယ် ချီးကြုးပြောဆိုသံတွေ ကြားတိုင်း.. သူကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ အပြစ်မဲ့ ကျောင်သားကျောင်းသူတွေ အတွက် ရင်နာမဆုံးဖြစ်မိတယ် ခင်ဗျာ ။

လူသားချင်း စာနာထောက်ထားစိတ်နဲ့ သူ့ကို လွတ်မြောက်စေလိုတာ မှန်ပေမယ့် သူတော်ကောင်းတစ်ယောက်လိုတော့ မချီးကြူးကြပါနဲ့အုံး.......လို့​ လေးစားစွာ မေတ္တာရပ်ခံချင်ပါတယ် ။




နိုင်ငံရေး အကျဉ်းသားမျ�

မိဘ ရှိပါလျှက် အဖေနဲ့အမေ ဆိုတဲ့ စကားကို သူ့မှာ အခုချိန်ထိ ခေါ်ဆိုပိုင်ခွင့် မရှိသေးတဲ့ ဘ၀လေး....... ဘယ်လောက် ရင်နင့်စရာ ကောင်းလိုက်မလည်း ။

တွေးလိုက်တိုင်း မျက်ရည်ကျမိတယ်........။

မင်းမိဘတွေရဲ့ လက်ကို တဖက်စီတွဲပြီး အနာဂတ် ဘ၀ခရီးလမ်းကို လျှေက်လှမ်းနိုင်ပါစေ ကလေးလေးရေ.....။


သူတို့တတွေဟာ အခု သမ္မတကြီးတို့ ကြွေးကြော်နေတဲ့ ဒီမိုကရေစီ တိုင်းပြည်ကြီး ထူထောင်နိုင်အောင် ရှေ့ဆုံးက ဦးဆောင်လမ်းပြနေကြသူတွေပါ ။ ထိုအချိန်က သမ္မတကြီးနှင့် အပေါင်းအပါများက အာဏာရှင် စနစ်ကို ကျင့်သုံးတာ အမှန်ပါလို့ ထင်နေကြချိန်ဖြစ်လို့ ရန်သူလို့ ထင်ကာ မတရားသော ပုဒ်မ အမျိုးမျိုးတပ်ကာ ဖမ်းဆီးချုပ်နှောင် ခံနေကြရသူတွေပါ ။ တကယ်တော့ သဘောထား အယူအဆ မတူညီမှုကို ရှုထောင့် တဖက်တည်းက ကြည့်ခဲ့ကြလို့ ကျနော်တို့ တိုင်းပြည်ဟာ တပါးသော တိုင်းပြည်များထက် အစစ အရာရာ နောက်ကျ ကျန်ခဲ့ရတာပါ ။ အခုဆိုရင် အစိုးရအသစ်က ဒီမိုကရေစီ နိုင်ငံတော်ကြီး ထူထောင်နေပါတယ်လို့ ကြွေးကြော်ထားလို့ သူတို့တွေနဲ့ ရည်ရွယ်ချက်တွေ တူညီနေကြပြီ ဖြစ်တဲ့ အတွက် သူတို့ကို အမြန်ဆုံးပြန်လွှတ်ပေးကြပါလို့ လေးစားစွာ မေတ္တာရပ်ခံချင်ပါတယ် ခင်ဗျာ ။ သမ္မတကြီးတို့ အဖွဲ့က ဖမ်းဆီးထားတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများကို ပြန်လွှတ်ပေးရင် စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းပေးပါ့မယ်လို့ အတိအလင်းကြေငြာထားလို့ တိုင်းပြည် အကျိုးစီးပွားကို တကယ်ဖွံ့ဖြိုး တိုးတက်စေချင်တဲ့ စေတနာ မှန်ရင်တွေဝေ နေစရာ အကြောင်း မရှိဘူးလို့ ထင်မြင်ယူဆမိပါတယ် ခင်ဗျာ ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများကို ဆက်လက် ချုပ်နှောင်ထားသမျှ ဒီမိုကရေစီ ၀ါဒကို ကျင့်သုံးပါတယ်လို့ ပါးစပ်က အမြုပ်ထွက်အောင် အော်နေလည်း ပြည်သူလူထုက ယုံကြည်ဖို့ ခက်နေကြလို့..... လွှတ်ငြိမ်းချမ်းသာခွင့်ရက်ကို စောင့်မျှော်နေပါတယ် ခင်ဗျာ


Source: Burma Thwe

Friday, September 30, 2011

မြစ်ဆုံရေကာတာ စီမံကိန်းရပ်ဖို့ သမ္မတကြေညာ

ကန့်ကွက်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတဲ့ ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းကို ရပ်ဆိုင်းဖို့ သမ္မတ ဦးသိန်းစိန်က လက်ရှိအစည်းအဝေး ကျင်းပနေတဲ့လွှတ်တော်ကို ဒီကနေ့ သ၀ဏ်လွှာ ပေးပို့လိုက်ပါတယ်။ ဒီလိုရပ်ဆိုင်းလိုက်တဲ့ ဆုံးဖြတ်ချက်ကိုတော့ အများက ကြိုဆိုခဲ့ကြသလို ဧရာဝတီမြစ် ရှင်သန်ရေးအတွက်ဆိုရင် စက်ယန္တရားတွေအသုံးပြုပြီး ရွှေတူးဖော်တာတွေနဲ့ သစ်တော ပြုန်းတီးနေရတာတွေကို ဆက်လက်တားဆီးဖို့ လိုအပ်နေတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အခုလို မြစ်ဆုံ ဆည်စီမံကိန်းကို ရပ်ဆိုင်းမှာဖြစ်တဲ့အကြောင်း သမ္မတဦးသိန်းစိန်ရဲ့ သ၀ဏ်လွှာကို လွှတ်တော်အစည်းအဝေးတွေ စတင်ချိန်မှာ သက်ဆိုင်ရာ အမျိုးသားနဲ့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌတွေက ဖတ်ကြားပြခဲ့တာဖြစ်ပါတယ်။

သမ္မတရဲ့ သ၀ဏ်လွှာမှာ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ထည့်သွင်း ပြောကြားခဲ့တာကိုတော့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဖုန်းမြင့်အောင်က အခုလို ပြန်လည်ပြောပြပါတယ်။

“မြစ်ဆုံစီမံကိန်းက အဓိကကတော့ ပြည်သူလူထုဘက်က မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး စိုးရိမ် ကြောင့်ကြမှုတွေ ရှိပါတယ်ပေါ့လေ။ ဒါကြောင့် မြစ်ဆုံစီမံကိန်းကို လက်ရှိ အစိုးရလက်ထက်မှာ သူတို့အစိုးရလက်ထက်မှာ ရပ်ဆိုင်းထားပါမယ်တဲ့။”

သမ္မတက မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းတယ်ဆိုတာကို လက်မခံတဲ့ ကိုယ်စားလှယ်တွေ ရှိရင်တော့ လွှတ်တော်တွင်းမှာ အဆိုတင် ဆွေးနွေးရဖို့ရှိနေပြီး လက်ရှိအခြေအနေမှာတော့ ကိုယ်စားလှယ်အများစုက လက်ခံကြတဲ့အခြေအနေ ရှိတယ်လို့လည်း ပြောပါတယ်။

သ၀ဏ်လွှာမှာပါဝင်တဲ့ အခြားအချက်တွေကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတာ၊ အကျဉ်းသားတွေ လွတ်မြောက်ရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဆောင်ရွက်မယ်ဆိုတာနဲ့ တိုင်းပြည်တည်ငြိမ်ရေးဆိုင်ရာ အချက်တွေ ပါဝင်တယ်လို့ ပြောပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သူ့အစိုးရလက်ထက်မှာ မြစ်ဆုံဆည် တည်ဆောက်ရေးကို ရပ်ဆိုင်း လိုက်တဲ့အပေါ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လူအများက ကြိုဆိုခဲ့ကြပါတယ်။ ရေကာတာစီမံကိန်း တည်ဆောက်မယ့် ဒေသမှာရှိတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာက ဒါဟာ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတယ်ဆိုတာ သက်သေပြလိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

“လူထုအားလုံးလိုလိုပေါ့ဗျာ ဒီချိန်ခါမှာ ဒီဟာကို ရပ်တန့်သင့်တယ်လို့ သဘောထား ပေးလာကြတယ်လေ။ ပြောဆိုလာကြတယ်ဆိုတော့ ဒါကတော့ ဆက်မလုပ်သင့်ဘူးလို့ ကျနော်တို့လည်း မြင်တယ်လေ။ ဒါကြောင့်မို့ သမ္မတကြီးအနေနဲ့ ပြည်သူလူထုရဲ့ သဘောထားဆန္ဒကို အလေးထားတဲ့အနေနဲ့ အခုလို ရပ်တန့်ထား လိုက်တယ်ဆိုတာ အင်မတန်ကောင်းတဲ့ဟာ ဖြစ်ပါတယ်။ ဒါ ဒီမိုကရေစီလမ်းကြောင်းကို တကယ် လျှောက်လှမ်းနေပါတယ် ဆိုတာကို သက်သေသာဓက ပြလိုက်တဲ့သဘောလည်း ဆောင်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့ကတော့ အင်မတန် ၀မ်းသာတယ်။ ကြိုဆိုတယ်။ အားလုံးကလည်း ကြိုဆိုကြလိမ့်မယ် ၀မ်းသာကြလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။”

ဒေါက်တာတူးဂျာက လက်ရှိအစိုးရအနေနဲ့ အများပြည်သူတွေ လိုလားနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့နဲ့ နိုင်ငံရေးပြဿနာတွေကို သွေးထွက်သံယိုနည်းနဲ့ မဖြေရှင်းဖို့ အကြံပြုထားပါတယ်။

FREDA ခေါ် သယံဇာတ ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေး အသင်းရဲ့ ဒုဥက္ကဋ္ဌ ဦးအုန်းကလည်း မြစ်ဆုံဆည်တည်ဆောက်ရေး ရပ်ဆိုင်းလိုက်တာကို ကြိုဆိုကြောင်း အခုလို ပြောပါပါတယ်။

“၂၀၁၁ ခုနှစ်ရဲ့ အကောင်းဆုံး မင်္ဂလာအရှိဆုံး သတင်းပဲ။ ကမ္ဘာ့ ဆည်တွေကို watch လုပ်တဲ့အဖွဲ့ကြီးက ပေ ၅၀ လောက်ရှိတဲ့ဆည်ဆိုရင် သဘာ၀၀န်းကျင် မထိခိုက်ဘူးတဲ့။ ဒီထက်ကြီးတဲ့ ဆည်အမြင့်ဆိုရင် သဘာ၀၀န်းကျင်ကို ထိခိုက်တယ်တဲ့။ အဲဒီတော့ ဆည်ကြီးတစ်ခုတည်း မဆောက်ဘဲနဲ့ ပေ ၅၀၊ ၆၀ လောက်ရှိတဲ့ ဆည်တွေ အများကြီးဆောက်မယ်ဆိုရင် သဘာ၀၀န်းကျင်လည်း မထိခိုက်ဘူး။ ကိုယ်လိုချင်တဲ့ ရေအားလျှပ်စစ်လည်း ရမယ်။ အဲဒါ အဖြေပဲလေ။”

တဆက်တည်းမှာပဲ ဦးအုန်းက ဧရာဝတီမြစ် ဆက်လက်ရှင်သန်ဖို့အတွက် အခုလို ဆက်လက် အကြံပြုထားပါတယ်။

“ဧရာဝတီတို့ ချင်းတွင်းတို့မှာ ရွှေထွက်တော့ အခုဟာက တနေ့ကို ရွှေပိဿာ ၃၀ လောက်ရအောင် တူးနေကြတာ။ အဲဒီလို စီးပွားရေးသောင်းကျန်းတဲ့သူတွေကို ရပ်တန်းက ရပ်ရမယ်။ ရွှေတူးတဲ့အခါမှာ မာကျူရီ သုံးတယ်။ ဆိုင်ယာနိုက်သုံးတယ်။ မြစ်ရေကို အဆိပ်ဖြစ်တယ်။ ငါးတွေ၊ ပုဇွန်တွေ၊ လိပ်တွေ၊ လင်းပိုင်တွေ အကုန်သေကုန်တယ်။ ရွှေတူးတဲ့အခါမှာ တောင်တွေဖြိုတယ်။ မြစ်ကြောင်းတွေလည်း အမျိုးမျိုး ပျက်စီးသွားတယ်။ အဲဒါတွေကို ရပ်ရမယ်။”

ဒါ့အပြင် မြေဆီလွှာမပျက်စီးအောင် သစ်တောထိန်းသိမ်းဖို့ မြစ်ကမ်းတလျောက် တည်ဆောက်ထားတဲ့ စက်ရုံအလုပ်ရုံတွေက စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ ထိန်းသိမ်းဖို့နဲ့ ကမ်းပါးမပြိုအောင် သဲတူး ကျောက်တူးတာတွေကိုလည်း စနစ်တကျ ဆောင်ရွက်ဖို့ကိုလည်း အကြံပြုထားပါတယ်။

ဒေါ်လာသန်းပေါင်း ၃,၆၀၀ တန်ဖိုးရှိတဲ့ မြစ်ဆုံဆည်စီမံကိန်းကို မြန်မာအစိုးရနဲ့ တရုတ် အစိုးရပိုင် China Power Investment Corporation တို့က ၂၀၀၇ ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ မြစ်ဆုံဆည်ဟာ အမြင့်ပေ ၅၀၀ ကျော်ရှိမှာ ဖြစ်ပါတယ်။ ဆည်တည်ဆောက် ပြီးစီးသွားရင် ရေလွှမ်းမိုးမယ့်ဧရိယာဟာ စတုရန်းမိုင် ၄၅၀ ကျော်ရှိပြီး ဒါဟာ ရန်ကုန်မြို့ထက် နှစ်ဆမက ကြီးတယ်လို့ ခန့်မှန်းကြပါတယ်။

ဆည် တည်ဆောက်မယ့်နေရာဟာ စစ်ကိုင်းငလျင် ပြတ်ရွေ့ကြောနဲ့လည်း ဆက်စပ်နေတာဖြစ်ပြီး ငလျင်ကြောင့် ဆည်ကို ထိခိုက်မယ်ဆိုရင် ဆည်အောက်ဘက်မှာရှိတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေအတွက် စိုးရိမ်စရာလည်း ရှိနေတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အခြေစိုက်လှုပ်ရှားနေတဲ့ မြန်မာ့မြစ်ကြောင်းများ စောင့်ကြည့်ရေး ကွန်ယက်အဖွဲ့ကတော့ တရုတ်အစိုးရကုမ္ပဏီ CPI ကလည်း မြစ်ဆုံစီမံကိန်းအပါအ၀င် မေခနဲ့ မလိခမြစ်ပေါ်က ရေကာတာ စီမံကိန်း ၇ ခုကိုရပ်ဆိုင်းကြောင်း တရားဝင် သတင်းထုတ်ပြန်ပေးဖို့ တောင်းဆိုထားပါတယ်။

တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရအမျိုးသမီး ဟုန်လီ က မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းမယ်ဆိုတဲ့ သတင်းကို လေ့လာဆန်းစစ်ဖို့ လိုအပ်နေသေးတယ်လို့ ဖြေကြားထားပါတယ်။

ဒီကနေ့ လွှတ်တော်မှာဖတ်ကြားတဲ့ သမ္မတရဲ့ သ၀ဏ်လွှာမှာတော့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ မြစ်ဆုံဆည်စီမံကိန်းဆိုင်ရာ စာချုပ်စာတမ်းတွေကို နှစ်နိုင်ငံ မိတ်မပျက်စေဘဲ သဘောတူ ညှိနှိုင်းဆောင်ရွက်မှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

Source : VOA Burmese

ဒေါ်စုနဲ့ ဦးအောင်ကြည် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် ဧရာဝတီမြစ်ပေါ်မှာ မြစ်ဆုံ ရေကာတာ ဆောက်လုပ်မှုကို သမ္မတက ရပ်ဆိုင်းလိုက်တဲ့အပေါ် ကြိုဆိုတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒီကနေ့ အစိုးရဧည့်ဂေဟာမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ခုလို ပြောခဲ့တာဖြစ်ပါတယ်။ ဧရာဝတီမြစ် ထိန်းသိမ်းရေးအတွက် အစိုးရနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ အကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ ဒီကနေ့ တွေ့ဆုံပွဲအကြောင်း အသေးစိတ်ကို မစုမြတ်မွန်က တင်ပြထားပါတယ်။

ပြည်သူတွေအကျိုးအတွက် မြန်မာအစိုးရသစ်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကြားမှာ ပူးပေါင်း ဆောင်ရွက်မှုတွေကို လုပ်ဆောင်သွားနိုင်ဖို့ဆိုပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ ထပ်မံတွေ့ဆုံခဲ့ကြတာပါ။ တစ်နာရီကျော်ကြာ တွေ့ဆုံမှုအတွင်း ဧရာဝတီမြစ် ထိန်းသိမ်းရေးကိစ္စ အပါအဝင် ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်လို့ ဝန်ကြီး ဦးအောင်ကြည်က ဆွေးနွေးပွဲအပြီးမှာ ခုလို သတင်းထောက်တွေကို အသိပေးခဲ့ပါတယ်။

“ဒီကနေ့ တွေ့ဆုံဆွေးနွေးမှုတွင် နိုင်ငံတော်သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စဉ်းစား ဆောင်ရွက်နေသည့်ကိစ္စ၊ ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးအတွက် နှစ်ဘက် ပူးပေါင်းဆောင်ရွက်နိုင်သည့် နည်းလမ်းများကိစ္စ၊ ဥပဒေပြင်တွင် လက်နက်ကိုင်ဆောင် ဆန့်ကျင်နေကြသူများကို ဥပဒေဘောင်အတွင်း ထာဝရငြိမ်းချမ်းရေး တည်ဆောက်ပေးရန် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်နေသည့် ကိစ္စများနှင့် ပြည်တွင်းတည်ငြိမ် အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့အတွက် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတို့ကို ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံ ဆွေးနွေးမှုများကို ဆက်လက် ပြုလုပ်သွားရန် သဘောတူညီကြပါသည်။ ဒီလောက်ပါပဲခင်ဗျာ။”

ဒီကနေ့မှာပဲ ပြည်သူအများ ကန့်ကွက်နေတဲ့ ဧရာဝတီမြစ်ပေါ်က မြစ်ဆုံရေကာတာ ဆောက်လုပ်ရေး စီမံကိန်းကို သူ့အစိုးရလက်ထက်မှာ ရပ်ထားမယ်လို့ သမ္မတ ဦးသိန်းစိန်က လွှတ်တော်ကို သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ဒါကို ကြိုဆိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ခုလို တုံ့ပြန်ပါတယ်။

“ဒီမနက်က လွှတ်တော်ကို သမ္မတကြီး ဦးသိန်းစိန်ကနေ သ၀ဏ်လွှာပို့တယ်လို့ ပြောပါတယ်။ အဲဒါက သ၀ဏ်လွှာမှာဆိုရင် သမ္မတကြီးကနေပြီးတော့ ပြည်သူလူထုရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို ထောက်ထားပြီးတော့ မြစ်ဆုံရေကာတာ စီမံကိန်းကို ရပ်ဆိုင်းထားမယ်လို့ ဒီလို မှာကြားလိုက်တယ်လို့ ကျမ နားလည်ပါတယ်။ ဒါကတော့ ကျမ အမြင်မှာတော့ ပြည်သူရဲ့ အသံကို နားထောင်တယ်ဆိုတာ အင်မတန်မှ ကောင်းပါတယ်။ ဒီဟာ ဟာ အစိုးရတိုင်း လုပ်ရမယ့်ကိစ္စပါ။ ပြည်သူတွေရဲ့ အသံကို နားထောင်ရမယ်။ ပြည်သူတွေရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို တကယ်ပဲ လေးလေးနက်နက် ထားပြီးတော့ ဖြေရှင်းပေးရမယ်။ အဲဒါကြောင့် ကျမ ဒါကို ကြိုဆိုပါတယ်။”

သမ္မတဦးသိန်းစိန်ရဲ့ လွှတ်တော်ကို ပေးပို့ခဲ့တဲ့ သဝဏ်လွှာထဲမှာပဲ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ ဆွေးနွေးခဲ့ကြတဲ့ အချက်တွေထဲက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့နဲ့ ငြိမ်းချမ်းရေးယူဖို့ကိစ္စ၊ တရားဥပဒေစိုးမိုးရေး ကိစ္စတွေကို ထည့်သွင်းဖော်ပြထားတာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ရဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာတော့ မြန်မာနိုင်ငံမှာ နောင်ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲကျရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ရေး မဝင်ရေးနဲ့ပတ်သက်လို့လည်း သတင်းထောက်တစ်ယောက်က မေးခွန်းတွေ မေးပါတယ်။ NLD က ရွေးကောက်ပွဲကို မူအရ ဆန့်ကျင်တာမဟုတ်ပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ဖြေခဲ့တာက -

“ကျမတို့က ရွေးကောက်ပွဲကို မူအရ ဆန့်ကျင်တာမဟုတ်ပါဘူး။ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီစနစ်ရဲ့ တစိတ်တပိုင်းဖြစ်တယ်ဆိုတာကို ကျမတို့က လက်ခံပြီးသားပါ။ ဒီလို ရွေးကောက်ပွဲ ၀င်ပုံဝင်နည်း အခြေအနေ အခင်းအကျင်းအရ ဒါကိုပဲ ကျမတို့က ကြည့်မှာဖြစ်ပါတယ်။”

၂၀၁၀ မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာတုန်းကတော့ ရွေးကောက်ပွဲဥပဒေအရ နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ဖူးသူတွေ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရှိတဲ့အချက်ကို NLD က အဓိက သဘောမတူတဲ့အတွက် ပါတီ ပြန်လည် မှတ်ပုံ မတင်တဲ့အပြင် ရွေးကောက်ပွဲကိုလည်း မဝင်ခဲ့ပါဘူး။ အဲဒီအတွက်ကြောင့် NLD ကို တရားဝင် ပါတီ မဟုတ်တော့ဘူးလို့ သက်ဆိုင်ရာက ကြေညာခဲ့ပါတယ်။ အခုတော့ အစိုးရက NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး၊ လူမှုရေး စီးပွားရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးလာတာဖြစ်ပါတယ်။ NLD ပါတီသာ လွှတ်တော်ထဲကို ဝင်လာမယ်ဆိုရင် ကြိုဆိုတယ် ဆိုတာမျိုးတွေကိုလည်း တာဝန်ရှိသူတွေက ပြောလာခဲ့ပါတယ်။ NLD လွှတ်တော်ထဲ ဝင်လာအောင် အစိုးရဘက်က ညှိနှိုင်းပေးနိုင်တဲ့ အနေအထားရှိသလား ဆိုတဲ့အမေးကို ဒီကနေ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က ခုလို ဖြေသွားကြပါတယ်။

ဦးအောင်ကြည်။ ။ “ဥပဒေနဲ့အညီ ကျနော်တို့ မှတ်ပုံတင်ပြီးသွားတဲ့အချိန်မှာ ကျနော်တို့ NLD နဲ့အတူ လက်တွဲပြီးတော့ ဆောင်ရွက်သွားဖို့အတွက် ကြိုဆိုသွားဖို့ ရှိပါတယ် ဆိုတဲ့အကြောင်း ဖြေကြားလိုပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်။ ။ “NLD ကတော့ ကျမက NLD အတွက် အားလုံးအတွက် ပြောပေးလို့မရဘူးလေ။ စီးအီးစီ (ဗဟိုအလုပ်မှုဆောင်ကော်မတီ) ကို ပထမ တင်ပြရဦးမှာ။ စီးအီးစီကို တင်ပြပြီးတော့မှ ကျမတို့ ဘယ်လို ဖြေမလဲဆိုတာ ပြောနိုင်မှာဖြစ်ပါတယ်။”

ဒီကနေ့ စက်တင်သာ ၃၀ ရက်နေ့မှာ အစိုးရသစ်ဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တတိယအကြိမ် တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ကြတာဖြစ်ပါတယ်။ နောက်ထပ် တွေ့ဆုံ ဆွေးနွေးမှုတွေကို ထပ်လုပ်သွားမယ်လို့လည်း ပြောပါတယ်။ ဦးအောင်ကြည်ဟာ အရင် စစ်အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျနေစဉ်ကာလအတွင်းက စစ်ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားမှာ ဆက်ဆံရေးအရာအရှိအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ အဲဒီတုန်းကတော့ သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုတွေ အကြိမ်ကြိမ်ရှိခဲ့ပေမဲ့ ထူးခြားတဲ့ ရလဒ်တွေ မရှိခဲ့ပါဘူး။ အခုအစိုးရသစ်လက်ထက် ဆွေးနွေးမှုတွေမှာတော့ ဆွေးနွေးပွဲအပြီး သတင်းထောက်တွေကို ရှင်းလင်းပြောကြားမှုတွေရှိပေမဲ့ နှစ်ဘက် အသေးစိတ် ဆွေးနွေးတဲ့ အချက်တွေကိုတော့ အပြည့်အစုံ ထုတ်ပြန်ခြင်းမရှိကြပါဘူး။

Source :VOA Burmese

Friday, August 26, 2011

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ထောင်ဒဏ် ၁၀ နှစ်ချ

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ပုဒ်မ ၃၃ (က) အရ ရန်ကုန်မြောက်ပိုင်း ခရိုင် အင်းစိန် ထောင်တွင်း တရားရုံးက ယနေ့နေ့လယ် ၂ နာရီတွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်သည်။



ဗိုလ်ကြီးဟောင်း နေမျိုးဇင် (ဓာတ်ပုံ - DVB)ဦးနေမျိုးဇင်သည် ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်တွင် ဖွင့်လှစ်ထားသည့် BG သွေးလှူ ဘဏ်တာဝန်ခံ တဦးဖြစ်ကြောင်း၊ ပြီးခဲ့ သည့် ဧပြီလ ၂ ရက်နေ့တွင် အထူးသတင်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရာ စစ်ကြောရေး ကာလအတွင်း နှိပ်စက်မှုကြောင့် ခါးရိုးပဲ့သွား၍ လမ်းမလျှောက်နိုင်တော့ကြောင်း၊ တရားရုံးသို့ လက်တွန်းလှည်းဖြင့် လာရောက်အမှုရင်ဆိုင်ခဲ့ရကြောင်း လိုက်ပါဆောင်ရွက် ပေးနေသည့် ရှေ့နေ ဦးလှမျိုးမြင့်က ပြောသည်။



“လမ်းမလျှောက်နိုင်ဘူး၊ မထိုင်နိုင်ဘူး။ အမြဲတမ်း လှဲနေရတယ်။ ဒါကြောင့် လက်တွန်းလှည်းနဲ့ ထုတ်ပြီး ပြစ်ဒဏ်ချတာ” ဟု ၎င်းက ဆိုသည်။



ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ကြည့်မြင်တိုင်မြို့နယ်ရှိ အရိုးအထူးကု ဆေးရုံတွင် ခါးဒဏ်ရာကို ကုသမှု ခံယူနေရသည်ဟု သိရ သည်။



ဗိုလ်ကြီးဟောင်း နေမျိုးဇင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၃၉ ကျောင်းဆင်း အရာရှိ တဦးဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် အငြိမ်းစားယူခဲ့ သူဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရသစ်တက်ပြီး ၂ ရက်အကြာတွင် ဖမ်းဆီးခံခဲ့ရသည်။



ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာပြီး နောက်တရက် တွင် NLD သွေးလှူ လူငယ်အဖွဲ့ကို အကူအညီပေးနေခဲ့သည့် ဦးနေမျိုးဇင်ကို ထောင်ဒဏ် အပြစ်ပေးခဲ့ခြင်းဖြစ်သည်။



မြန်မာနိုင်ငံတွင် ယုံကြည်ချက်ဖြင့် နိုင်ငံရေး လုပ်ကိုင်နေသူများ၊ လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသူများကို ၂၀၀၄ ခုနှစ်က ထုတ်ပြန်ခဲ့သည့် အီလက်ထရွန်းနစ် ပုဒ်မမှ စ၍ အမှုအမည် အမျိုးမျိုးတပ်ကာ ဖမ်းဆီးလျက်ရှိသည်။



ပြီးခဲ့သည့် တနင်္ဂနွေနေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ မစ္စတာ ကင်တားနားက မြန်မာနိုင်ငံ၌ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူများကို စုံစမ်းစစ်ဆေးနေစဉ် ကာလတွင် ရိုက်နှက်ခြင်း၊ လိင်အင်္ဂါအပါအ၀င် ခန္ဓာကိုယ် တချို့ အစိတ်အပိုင်းများအား မီးရှို့ကာ နှိပ်စက်ညှဉ်းပမ်းခြင်း၊ နာမကျန်း ဖြစ်နေစဉ် ဆေးဝါးကုသမှု လုံလောက် စွာမပေးခြင်း၊ အစာရေစာဖြတ်တောက်ခြင်း၊ အိပ်စက်ခြင်းခွင့် မပေးခြင်းများရှိကြောင်း အစီရင်ခံစာတစောင် ယမန်နေ့က ထုတ်ပြန်ခဲ့သည်။



အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးတို့က မြန်မာနိုင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ မရှိဘဲ ပြစ်မှုကျူးလွန်၍ ပြစ်ဒဏ် ကျခံရသူများသာ ရှိကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက မစ္စတာကင်တားနားနှင့် တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။



အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ယခုအစိုးရသည် သဘောထားပျော့ပြောင်းကြောင်း၊ နိုင်ငံတော်၏ လုပ်အားစု များကို အဆုံးအရှုံးခံပြီး အကျဉ်းထောင်ထဲ ထည့်ထားခြင်းမျိုးအား မည်သည့်အစိုးရကမျှ ပြုလုပ်လိုမည် မဟုတ်ကြောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို အနှောင့် အယှက် မပြုကြောင်း သေချာသည့် အချိန်တွင် အကျဉ်းသားများအား ပြန်လည်လွှတ်ပေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

by:The Irrawaddy (Burmese Version)

Sunday, August 14, 2011

Cheers in Myanmar as Suu Kyi travel tests freedom

BAGO, Myanmar—Thousands of well-wishers lined roadsides in Myanmar to welcome opposition leader Aung San Suu Kyi as she tested the limits of her freedom Sunday by taking her first political trip into the countryside since being released from house arrest.
The military-dominated country's government had warned that the democracy icon's journey could trigger riots, but it took place peacefully in two towns north of the main city of Yangon, and Suu Kyi returned home without incident.

The last time Suu Kyi traveled out of Yangon to meet supporters, assailants ambushed her entourage. She escaped harm but was detained and placed under seven years of house arrest, from which she was only released last November.

Suu Kyi met hundreds of supporters in Bago, about 50 miles (80 kilometers) north of Yangon, and the nearby town of Thanatpin, where she gave a 10-minute speech calling for unity and support for her political party. She also urged residents to persevere despite economic hardships that have forced many to seek jobs abroad.
Addressing a crowd later in Bago, Suu Kyi implied that true democratic change will take time.

"I know what the people want and I am trying my best to fulfill the wishes of the people," she said. "However, I don't want to give false hope."

After half a century of army rule, the country formerly known as Burma organized elections late last year and officially handed power to a civilian administration in
March. But Suu Kyi's party boycotted the vote and decried it as a sham. Critics say the new government, led by retired military figures, is a proxy for continued military rule and that little has changed.
Some 2,000 political prisoners remain behind bars, more than 100,000 refugees live in neighboring countries and sporadic clashes have erupted in the northeast between government troops and ethnic militias who have been fighting for greater autonomy for decades.
On Sunday, Suu Kyi

Well-wishers applaud Myanmar democracy icon Aung San Suu Kyi during her visit to Bago, 80 kilometers (50 miles) north of Yangon, Myanmar, Sunday, Aug. 14, 2011. Suu Kyi tested the limits of her freedom Sunday by taking her first political trip into the countryside since being released from house arrest. ((AP Photo/Khin Maung Win))traveled in a three-car convoy followed by about 27 more vehicles filled mostly with journalists and supporters. Security agents, with wireless microphones protruding from their civilian clothes, monitored each stop she made.
Thousands of people lined the roadsides to catch a glimpse of Suu Kyi's convoy as it passed by, some cheering and waving. The Nobel Peace Prize laureate stopped several times, and well-wishers handed her red roses and jasmine flowers.

Win Htein, a leader of Suu Kyi's party, said the trip was crucial because it "will test the reaction of the authorities and will test the response of the people."

One of her party's spokesmen, Nyan Win, said more trips will follow, but neither the dates nor the destinations have been decided.

Earlier in the day, crowds shouted "Long Live Daw Aung San Suu Kyi!" as she visited a pagoda. A 35-year-old woman watching the scene, Ma Thuza, said, "I can die happily now that I've seen her."

Suu Kyi donated rice and money to a monastery where nearly 2,000 victims of recent floods have sought shelter.

Last month, Suu Kyi journeyed to the ancient city of Bagan with her son on a private pilgrimage that nevertheless drew large crowds of supporters and scores of undercover police and intelligence agents. Suu Kyi made no speeches, and the trip ended without incident.

In June, the government said it would not stop Suu Kyi from traveling to the countryside to meet supporters, but warned that the visits could trigger riots.

While little has changed in Myanmar since Suu Kyi's release, there have been tentative signs of a detente with the government. On Friday, Suu Kyi held her second meeting with Labor and Social Welfare Minister Aung Kyi, a rare dialogue between the two sides. Few details of the meeting have been revealed, but the state-run New Light of Myanmar newspaper reported Saturday that the two sides agreed to cooperate on national stability and development.

Also Friday, Information Minister Kyaw Hsan urged Suu Kyi to officially register her National League for Democracy as a party, a step that would imply its acceptance of the government's legitimacy and also allow it to legally take part in politics.

If Suu Kyi's group reaches an accommodation with the government, it could serve as a reason for Western nations to lift political and economic embargoes on the country that have hindered development and pushed it into dependence on neighboring China.

The previous military government ordered the party's dissolution after it refused to register for last November's general election.

A girl pays respects to Myanmar democracy icon Aung San Suu Kyi during Suu Kyi's visit to Bago, 80 kilometers (50 miles) north of Yangon, Myanmar, Sunday, Aug. 14, 2011. Suu Kyi tested the limits of her freedom Sunday by taking her first political trip into the countryside since being released from house arrest. ((AP Photo/Khin Maung Win))




Source: SANTA CRUZ, CA

Wednesday, August 10, 2011

HIV ပိုး​ပမာဏကို မစစ်​ဆေး​ဘဲ ARV ​ဆေး​ ​သောက်ခိုင်း

HIV ဆိုတာနဲ့ သွေးစစ်တာ၊ သွေးထဲပါဝင်တဲ့ ပိုးပမာဏ ဘယ်လောက်ရှိလဲ ဆိုတာတွေ မစစ်ဘဲ ARV ဆေးသောက်ခိုင်းတဲ့ ဆရာဝန်တချို့ ရှိနေတယ်လို့ သိရပါတယ်။

အခုလိုမျိုးလုပ်တာ နယ်ဘက်က ပြင်ပဆေးခန်းထိုင်တဲ့ ဆရာဝန်တွေများတယ်လို့ HIV နှစ်သိမ့်ဆွေးနွေး ပညာပေးနေတဲ့ HIV Hotline Initiative Group ရဲ့ တာဝန်ခံ ကိုဝဏ်ဏက ပြောပါတယ်။

“အဓိက ကျနော်တို့ဆီကိုရောက်လာတဲ့ နယ်ဘက်ကဆေးခန်းတွေပေါ့။ အမျိုးသား HIV Positive ဆိုတာနဲ့ မိန်းမကိုမစစ်တော့ဘဲနဲ့ သူတို့ARV ဆေး တန်းပြီးတော့ သောက်ခိုင်းလိုက်တယ်။ တချို့ လူနာတွေဆိုလည်း သွေးထဲပါဝင်တဲ့ စီပိုးပမာဏကို မစစ်တော့ဘဲ တန်းပြီးတော့ သောက်ခိုင်းလိုက်တယ်။ အဲ့ဒါမျိုးတွေက ကျနော်တို့ဆီ ရောက်ရောက်လာတဲ့ထဲမှာတွေ့ရတယ်။ အဲ့ဒီ့တော့ လူနာတွေဘက်က အရမ်းကို နစ်နာတယ်ပေါ့နော်။”

ARV ဆေးဆိုတာ အင်မတန်ဈေးကြီးတယ်မဟုတ်လား။ အဲဒီလိုအလွယ်တကူ သောက်ခိုင်းလိုက်တော့ လူနာရှင်တွေဘက်က သောက်တာပဲလား၊ သူတို့ကဘယ်လိုသောက်လဲ။

“ကျနော်တို့ ကိုယ်တိုင်ကလည်း ဘာပဲဖြစ်ဖြစ် ဖြစ်ပြီဆိုကတည်းက ပျောက်ချင်ကြတယ်လေ။ ပျောက်ချင်တဲ့ဇောနဲ့ ကိုယ့်မှာရှိတာ မရှိတာအပထား လောလောဆယ်ဝယ်သောက်လိုက်ကြတယ်။ နောက်ပိုင်းသာ သူတို့သောက်နိုင် မသောက်နိုင်ဆိုတာ အဲ့ဒါသူတို့ မစဉ်းစားဘူး။ လောလောဆယ်တော့ သူတို့ ဘာပဲဖြစ်ဖြစ် သောက်ခိုင်းလိုက်တယ်ဆိုကတည်းက သူတို့ဝယ်သောက်ကြတယ်။”

နောက်တခုက သူတို့က ဘယ်လိုကြောင့် ဆုံးဖြတ်ပြီး အဲ့လိုဖြစ်တယ်လို့ ကိုဝဏ်ဏ မြင်လဲဗျ။

“ကျနော့်ရဲ့ အထင်ကတော့ ဆေးကုမ္ပဏီတွေက သူတို့ရဲ့ဆေးကြော်ငြာ တွေဝင်တယ်။ သူတို့ရဲ့ ဆေးတွေဖြုန်းပေးဖို့။ အဲ့လိုမျိုးတွေ ထင်တဲ့အခါကျတော့ Positive ဖြစ်တာနဲ့ ဒီဆေးကို သောက်ခိုင်းလိုက်တာပဲ။ဒီ ARVဆေးရဲ့ ကုထုံးကိုလည်း သူတို့ ကောင်းကောင်းမွန်မွန်နဲ့ ကျယ်ကျယ်ပြန့်ပြန့် သိပုံမရဘူး။ ဒီဆေးကို right time သောက်ရမယ်ဆိုတာလည်း သူတို့မပြောဘူး။ လူနာကို တနေ့ နှစ်ကြိမ်သောက်ဆိုပြီး အဲ့လိုပဲပေးလိုက်တာပဲ။ ဒီနစ်နာမှုဖြစ်တယ်ဆိုတာက right time မဖြစ်တဲ့အတွက် ဒီဆေးရဲ့ ယဉ်ပါးမှုတွေဖြစ်လာပြီး နောက်ဆေးတမျိုး ထပ်ပြောင်း ရမယ်ဆိုတာမျိုးတွေ ဖြစ်လာနိုင်တယ်။”

ဆရာဝန်တွေရဲ့အားနည်းချက်ကြောင့် ဒီလိုဆေးတွေ မလိုအပ်ဘဲ ဆေးတွေတိုက်တဲ့အခါ ဖြစ်လာနိုင်တဲ့ အကျိုးဆက် ကိုဝဏ်ဏတို့ တွေ့မြင်နေရသလောက် ဘယ်လောက် အန္တရာယ်ကြီးသလဲ။

“ဥပမာ သက်တမ်းပြည့် နေရမယ့် လူတယောက်က ၄၊ ၅၊ ၁၀ နှစ်လောက်နဲ့ သူရဲ့ ဆေးမတိုးမှုတွေ ရသွားပြီးတော့ ဆုံးရှုံးနစ်နာမှုတွေ ဖြစ်သွားနိုင်တာပေါ့နော်။ အမှန်မှန်ဆို ဒီလူတယောက်က ပုံမှန်ဆို ဒီဆေးနဲ့ သက်တမ်းပြည့် နေသွားလို့ရတဲ့အခါမှာ ဒီဆေးကို ရှင်းပြမှုမရှိဘူး၊ ဒီဆေးကို right time တနေ့ကို နှစ်ကြိမ်လောက် သောက်လို့တော့ သူတို့ပြောလိုက်တယ်။ ဒါပေမယ့် ဒီလူဟာ နိုးတဲ့အချိန်သောက်တယ် သတိရတဲ့ အချိန်သောက်တယ်။ အဲ့ချိန်ကျတော့ ဒီဆေးက ဆေးမတိုးမှုတွေ ဖြစ်သွားတာပေါ့နော်။ ဆေးမတိုးတော့တဲ့အခါမှာ နောက်ဆေးတမျိုးကိုတင်တဲ့အခါမှာ ဈေးကြီးမှုလည်းတွေ့ရမယ်၊ သူ့အတွက်လည်း ဆုံးရှုံးနစ်နာမှုတွေ အများကြီးဖြစ်သွားတာပေါ့။ သက်တမ်းကအစ အဲ့လိုဖြစ်သွားနိုင်တာပေါ့။”

ဝေဒနာသည်ရဲ့ သက်တမ်း ပိုတိုတောင်းသွားနိုင်တာပေါ့နော်။

“ဟုတ်ပါတယ်”

ဒီလိုမျိုးတွေ ဖြစ်နေတာက ဘယ်လိုအဖြေရှာကြရင် ကောင်းမလဲ။ ကိုဝဏ်ဏတို့က လက်တွေ့မှာ ကွင်းဆင်းလုပ်နေတဲ့ သူတွေဆိုတော့ နည်းနည်းလောက်ပြောပြပါလား။

“အဓိကကတော့ အထွေထွေရောဂါကုဆေးခန်း ဖွင့်ထားတဲ့ ဆေးခန်း ဆရာဝန်တွေကို HIV/AIDS နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်ကြီးတွေကနေပြီးတော့ သင်တန်းပေါ့နော်။ အဲ့လိုမျိုးလေးတွေ လုပ်မယ်ဆိုရင်တော့ အရမ်းကို အဆင်ပြေမယ်လို့ ကျနော်တို့က ထင်တယ်လေ။ ARV နဲ့ ပတ်သက်တဲ့ သင်တန်းလေးတွေ ခေါ်ပေးပြီးတော့မှ သေသေချာချာ တိတိကျကျလေး ကုထုံးလေးတွေမှန်ကန်အောင် လုပ်ပေးလိုက်ရင်တော့ အရမ်းအဆင်ပြေသွားမယ်လို့ ကျနော်တို့က ထင်တယ်။”

ရန်ကုန်က အစိုးရဆေးရုံနှစ်ရုံမှာ ARV ဆေး တိုက်ကျွေးနေပေမယ့် ဆေးမလုံလောက်တာကြောင့် အလှည့်ကျစောင့်ရတယ်လို့ ဆိုပါတယ်။

ပြင်ပမှာဝယ်သောက်ရင် ပထမအဆင့်ဆေး တလစာကို ဆေးအမျိုးအစားပေါ် မူတည်ပြီး ကျပ်သုံးသောင်းကနေ ကျပ်ခုနှစ်သောင်းထိ ပေးရပြီး ဒုတိယအဆင့် သောက်ရတဲ့ဆေးက တလစာကို ကျပ်နှစ်သိန်းလောက်ထိ ပေးဝယ်သောက်ရတယ်လို့လည်း သိရပါတယ်။

Source:DVB

Wednesday, July 20, 2011

Martyrs' Day

About 100 people led by Vice Chairman U Tin Oo and General Secretary Daw Aung San Suu Kyi, People democracy Network members, youth and women members went to Martyrs' Mausoleum and paid respect to martyrs and offered flower wreaths at 12:45 p.m.

They set off from the NLD headquarters at about 12:30 by cars and responsible authorities accompanied them to the foot of the mausoleum. Then they were allowed to take place on the platform of the mausoleum to pay respect. Vice Chairman U Tin Oo made order to salute the martyrs.

After paying respect, the group returned to the NLD headquarters by car. General Secretary Daw Aung San Suu Kyi was invited by authorities to pay respect and went to the mausoleum at 8:00 a.m. to pay respect to her father.


Source: http://www.nldburma.org

Wednesday, July 13, 2011

မြန်မာသံရုံး နောက်ထပ် အရာရှိတဦး အမေရိကားမှာ ခိုလှုံ

မြန်မာသံရုံး နောက်ထပ် အရာရှိတဦး အမေရိကားမှာ ခိုလှုံ

By ဦးသားညွန့်ဦး ဗုဒ္ဓဟူး, 13 ဇူလိုင် 2011



ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးက နောက်ထပ် မြန်မာသံတမန်တဦးဟာ အမေရိကန် ပြည်ထောင်စုမှာ ဒီကနေ့ ဇူလိုင်လ ၁၃ ရက်နေ့မှာ နိုင်ငံရေး ခိုလှုံဖို့ ဆုံးဖြတ်လိုက်ပါတယ်။



ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က ၀ါရှင်တန်ဒီစီ သံရုံးက သံမှူးကြီး ဦးကျော်ဝင်း အမေရိကန် ပြည်ထောင်စုမှာ နိုင်ငံရေး ခိုလှုံခဲ့တာနဲ့ ဆက်စပ်ပြီး မြန်မာသံရုံး ပထမအတွင်းဝန် ဦးစိုးအောင်ကို ၂၄ နာရီအတွင်း နေပြည်တော်ကို ပြန်လာဖို့ ဆင့်ခေါ်ခဲ့တာကြောင့် ဦးစိုးအောင်က မပြန်ဖို့ ဆုံးဖြတ်ပြီး နိုင်ငံရေးခိုလှုံမှု ရယူခဲ့တာလို့ သိရပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။



ဝါရှင်တန်ဒီစီ မြန်မာသံရုံးက ဒုတိယ တာဝန်ခံ သံမှူးကြီး ဦးကျော်ဝင်း အမေရိကန် ပြည်ထောင်စုမှာ ခိုလှုံခဲ့ပြီး တပတ်အကြာမှာပဲ နောက်ထပ် မြန်မာသံအရာရှိတဦး ထပ်ပြီး အမေရိကန်မှာ ခိုလှုံခွင့် တောင်းခံလိုက်တာပါ။ အခုလို ခိုလှုံခွင့် တောင်းတဲ့ကိစ္စ အမေရိကန် နိုင်ငံခြားရေးဌာနကို ဒီနေ့ ဇူလိုင်လ ၁၃ ရက်နေ့မှာပဲ အကြောင်းကြားလိုက်တယ်လို့ မြန်မာသံရုံး ပထမအတွင်းဝန် ဦးစိုးအောင်က ဗွီအိုအေကို ပြောပါတယ်။



ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သံမှူးကြီး ဦးကျော်ဝင်း အမေရိကန် ပြည်ထောင်စုမှာ ခိုလှုံသွားတာနဲ့ ပတ်သက်လို့ စုံစမ်းဖို့အတွက် နေပြည်တော်ကို ပြန်လာဖို့ ဆင့်ခေါ်လိုက်တာကြောင့် သူ အခုလို ဆုံးဖြတ်တာ ဖြစ်တယ်လို့ ဦးစိုးအောင်က ပြောပါတယ်။ မကြာခင်ကမှ အမေရိကန်က ပြန်သွားတဲ့ မြန်မာသံရုံး အမှုထမ်း ၂ ဦးလည်း နေပြည်တော်မှာ စစ်ဆေးခံနေရတယ်လို့ သိရပါတယ်။





ဝါရှင်တန်ဒီစီ မြန်မာသံရုံး ပထမအတွင်းဝန် ဦးစိုးအောင်။



ဦးစိုးအောင်ကိုတော့ ၂၄ နာရီအတွင်း စစ်တပ်က အရာရှိတဦးနဲ့အတူ နေပြည်တော်ကို ပြန်ရမယ်ဆိုပြီး ဇူလိုင် ၁၂ ရက်နေ့က မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနက အမိန့်ထုတ်ခဲ့တဲ့အပြင် သူ့ရဲ့ သံတမန် နိုင်ငံကူး လက်မှတ်တွေကိုလည်း သံရုံးက သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ အပြစ်ပေးတဲ့ ပုံစံမျိုး ဖြစ်တယ်လို့ ဦးစိုးအောင်က ယူဆပါတယ်။



ဒီကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့အပတ် အတွင်းက အမေရိကန်မှာ နိုင်ငံရေးခိုလှုံခွင့် ယူခဲ့တဲ့ မြန်မာသံရုံး ဒုတိယ တာဝန်ခံဟောင်း ဦးကျော်ဝင်းကတော့ သူ့ကိစ္စကို စုံစမ်းဖို့ ပိုပြီး တာဝန်ရှိတဲ့ စစ်ဘက်ကလာတဲ့ အရာရှိတွေအစား အခုလို အရပ်ဘက် အရာရှိတွေကို ပစ်မှတ်ထားတဲ့အပေါ် ဝေဖန်ပါတယ်။ မြန်မာအစိုးရဌာန အကြားမှာ အရပ်ဘက်နဲ့ စစ်ဘက်ကလာသူတွေ အပေါ်မှာ ခွဲခြားဆက်ဆံမှုတွေ ရှိနေတဲ့ကိစ္စ မကျေနပ်မှုတွေ ပိုတိုးလာတယ်လို့ သူက ပြောပါတယ်။



“ကျနော် သိရသလောက် သူ့ကို ၂၄ နာရီအတွင်း ပြန်ခိုင်းတယ်ဆိုတာ ဒါ အပြစ်ရှိတဲ့သူတွေကို ပြန်ခိုင်းတဲ့ဟာမျိုးလေ။ နောက်ပြီးတော့ ဘာကို ပုံပေါ်လဲဆိုတော့ ၀န်ထမ်းချင်း အတူတူ အရပ်သား ၀န်ထမ်းကို မယုံဘူး၊ တပ်ကလာတဲ့ ၀န်ထမ်းကိုမှ ယုံတယ်ဆိုတာ ဒါ အဆင်မပြေဘူးလေ။”




ဦးကျော်ဝင်း ပြောသွားတဲ့ အထဲမှာ သံရုံးဝန်ထမ်းတွေ အနေနဲ့ စစ်ဘက်ကလာတဲ့ လူတွေနဲ့ အရပ်ဘက်ကလာတဲ့လူတွေ ခွဲခြား ဆက်ဆံတယ်ဆိုတာ ဘယ်လိုမျိုးလဲခင်ဗျ။




“ဆိုကြပါစို့၊ အခုလို ကျနော်လည်း ဒီဘက်မှာ နိုင်ငံရေး ခိုလှုံခွင့်ရှိလို့ ကျန်တဲ့လူကို စစ်ဆေးတယ် ဘာညာဆိုတာ ကိုစိုးအောင်က ကျနော်တို့လိုပဲ အရပ်သားပဲလေ။ သူ့ကျတော့ ဒီလိုပဲ ကြီးကြီးကျယ်ကျယ်နဲ့ ချက်ချင်းပြန်လာ ဘာညာနဲ့၊ ကျန်တဲ့ တာဝန်ရှိတဲ့သူတွေ ရုံးမှာ မရှိကြတော့ဘူးလား။ နောက်ပြီးတော့ ရုံးတွေမှာ ၀န်ထမ်းတွေကို ခံစားခွင့်ပေးတာ၊ ၀န်ထမ်းတွေနဲ့ ပတ်သက်တဲ့ ရာထူးတိုးတာတို့၊ Transfer ပေးတာတို့ ဒါတွေအားလုံးကို စဉ်းစားတဲ့အခါ ကွဲပြားတာ သိပ်သိသာတယ်။



“ကျနော်တို့ ဆိုလိုတာ တကယ် အရည်အချင်း ပြည့်တဲ့လူ၊ တကယ် ဦးဆောင်နိုင်တဲ့လူ၊ တကယ် နားလည်တဲ့လူဆို ကျနော်တို့က နောက်ကလိုက်ရတာ ၀န်မလေးပါဘူး။ အခုလောလောဆယ် ကျနော်တို့ဆီမှာ တပ်ကလူတွေ ရှိနေတာပဲ။ ရှိနေတဲ့ တပ်ကလူတွေနဲ့ အရပ်ဘက်ကလူတွေ ယှဉ်ကြည့်ပါ။ အောက်ခြေမှာ ဖြစ်နေတာကို သေချာကြည့်ပြီးတော့ ၀န်ထမ်းတွေကို သေချာ ပြန်ပြုပြင်ဖို့ လိုတယ်။



“ကျနော်တို့ ၀န်ထမ်းအဖွဲ့အစည်းတွေက ပွင့်ပွင့်လင်းလင်း ကျနော့်အမြင် ပြောရရင်တော့ တပ်ကလူတွေ ၀င်လို့ ကျနော်တို့ နိုင်ငံမှာရှိတဲ့ ၀န်ထမ်းအဖွဲ့အစည်း အားလုံးက ပျက်တာပဲ။ နိုင်ငံကို ပြန်တည်ဆောက်တဲ့ အခါကျတော့ နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းကို ပြန်ပြီးတော့ မပြုပြင်ဘဲ၊ ပြန်မတည်ဆောက်ဘဲနဲ့ ဘယ်လိုလုပ် သွားကြမလဲ။”



ဝါရှင်တန် မြန်မာသံရုံးက သံအရာရှိတွေ အနေနဲ့ အမေရိကန်၊ မြန်မာ ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးပမ်းခဲ့ကြပေမဲ့ မြန်မာအာဏာပိုင်တွေဘက်က နိုင်ငံတကာ လိုလားတဲ့ အပြောင်းအလဲမျိုးတွေ လုပ်မလာတဲ့ အပေါ်မှာလည်း မြန်မာ သံအရာရှိတွေဘက်က စိတ်ပျက်ကြရတယ်လို့ ဦးကျော်ဝင်းက ပြောပါတယ်။



“ကျနော်တို့ဘက်ကတော့ ဒီဘက်မှာ ကိုယ်မြင်တာကို တင်ပြကြတဲ့အခါ သူတို့ဘက်က၊ ဆိုကြပါစို့ အမေရိကန်ကို ကျနော် နားလည်သလောက်က အမေရိကန်ရဲ့ နိုင်ငံခြားရေး ပေါ်လစီက ကျနော်တို့ အပေါ်မှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီပေါ်မှာ တည်တယ်။ ခက်တာက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုတာ တော်တော့ကို အခြေအနေ ဆိုးတယ်။ လူကို လူသားတယောက်လို မဆက်ဆံဘူး ဆိုကတည်းက ဒါ အခြေအနေက တော်တော်ဆိုးတယ်။ နယ်တွေမှာ ကြုံနေကြတာပဲ။



“ဒါပေမဲ့လည်း ကျနော်တို့က မှန်းကြည့်ရတာ တောက်လျှောက် လုပ်လာကြတယ်ဆိုတာ ပြောင်းလာမလား၊ ပြောင်းလာမလား၊ ဒီလိုမျှော်လင့်ချက်နဲ့ တောက်လျှောက် လုပ်ခဲ့ကြတာပဲ။ ဒါပေမဲ့ တကယ်တမ်းကျတော့ ပြောင်းလာတာကို မတွေ့ဘူး ဖြစ်နေတယ်။ ၈၈ ပြီးတဲ့ နောက်ပိုင်းမှာလည်း အစိုးရသစ် ဖြစ်လာပြီး နိုင်ငံတော်ကို လူကြီးတွေကလည်း အဲဒီအချိန်မှာ ပြောင်းကြမယ် ပြောတော့ တကယ်ပဲ ပြောင်းမယ် အောက်မေ့ကြတာ။ တကယ်လည်း ပြောင်းမလာပြန်ဘူး။ နောက်တခါ ၂၀၀၄ မှာ ဦးခင်ညွန့်တို့ကို ဖယ်လိုက်ပြီး နောက်ပိုင်း ပြောင်းဖို့ လုပ်ကြတာပဲ။ ဒါပေမဲ့ တကယ်တမ်း ပြောင်းမလာဘူး။ အခုလည်း သေချာကြည့်၊ ပြောင်းမလာတဲ့အပြင် ပိုဆိုးလာတယ်။”



သံမှူးကြီး ဦးကျော်ဝင်း ကိုယ်တိုင်ဟာလည်း အမေရိကန်၊ မြန်မာ ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးပမ်းခဲ့ပေမဲ့ တဘက်မှာ နေပြည်တော်ဘက်က သူ့အပေါ် အမြင်မကြည်လာတာကြောင့် ဒီအပေါ်မှာ စိုးရိမ်စိတ်ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုမှာ ခိုလှုံခွင့် တောင်းခဲ့သူ ဖြစ်ပါတယ်။



အခု ဒီနေ့ အမေရိကန်မှာ ခိုလှုံခွင့် တောင်းခဲ့တဲ့ ဦးစိုးအောင်ဟာ မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ ၁၉၇၉ ခုနှစ် ကတည်းက တာဝန်ထမ်းဆောင်ခဲ့တဲ့ လုပ်သက်ရင့် အရပ်သား ၀န်ထမ်းတဦးဖြစ်ပြီး ၂၀၀၈ ခုနှစ်ကတည်းက ၀ါရှင်တန်မြို့တော် မြန်မာသံရုံးမှာ ပထမ အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ သူဟာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ မြန်မာသံရုံး၊ ထိုင်းနိုင်ငံနဲ့ စင်ကာပူမှာရှိတဲ့ မြန်မာသံရုံးတွေမှာလည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။





ဦးစိုးအောင်ဟာ ဒီနှစ်ပိုင်းတွေအတွင်း သံမှူးကြီး ဦးကျော်ဝင်းနဲ့ ၂၀၀၅ ခုနှစ်က အမေရိကန်ကားမှာ ခိုလှုံခဲ့တဲ့ ထောက်လှမ်းရေး အရာရှိ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ် ပြီးရင် ၀ါရှင်တန်မှာရှိတဲ့ မြန်မာသံရုံးကနေ အမေရိကန် ပြည်ထောင်စုမှာ ခိုလှုံဖို့ ဆုံးဖြတ်ခဲ့တဲ့ တတိယမြောက် သံအရာရှိတဦး ဖြစ်ပါတယ်။

Source:VOA Burmese

Meeting with Japan Vice Foreign Minister


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ဂျပန်နိုင်ငံခြား...ရေး ဒု ၀န်ကြီးနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ တွေ့ဆုံခဲ့ကြပါတယ်။ ဂျပန် ကိုယ်စားလှယ်အဖွဲ့နဲ့ တနာရီကြာ လက်ခံတွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့် လည်းတက်ရောက်ခဲ့ ပါတယ်။

Source: NLD Facebook

.DASSK and son visited Shwedagon & Martyrs' Mausoleum



ဒေါ်အောင်ဆန်းစုကြည်ဟာ သားငယ်ကိုထိန်လင်းနဲ့ အတူ ဇူလိုင်လ ၁၂ရက် နံနက် ၇ နာရီက ရွှေတိ...ဂုံစေတီတော်မြတ်ကြီးအား ဖူးမျှော် ကြည်ညိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ သားငယ်တို့ ဟာ ရွှေတိဂုံစေတီတော် မြတ်ကြီး ရဲ့ မြောက်ဘက် စောင်းတန်း မှ တက်ရောက်ပြီး ရင်ပြင်တော်ပေါ်ရှိ အင်္ဂါထောင့်မှာ ပန်းရေချမ်း ကပ်လှူ ပူဇော်ပါတယ် ။ စေတီတော်ကြီးအား ရင်ပြင်တစ်ပတ် လှည့်လည်ကာ ဖူးမျှော် ပြီး မြောက်ဖက် စောင်းတန်းကဆင်းကာ အာဇာနည်ဗိမာန် ကို သွားရောက်ခဲ့ပါတယ်။ ဖခင် ဖြစ်သူ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကို ရည်စူးပြီး ပန်းစည်းချ ကာ ဂါရ၀ပြုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ်တို့ဟာ ရွှေတိဂုံဘုရားလမ်းရှိ မိခင်ကြီး ဒေါ်ခင်ကြည်ရဲ့ အုတ်ဂူ ကိုလည်း သွားရောက်ပြီး ပန်းစည်း များချကာ ဂါရ၀ခဲ့ပါတယ်။

Source: NLD Face book

Friday, May 27, 2011

ကိုယ့်အသည်းလေးကို သနားလို့ စောစောအိပ်ဖို

သူငယ်ချင်းတို့ရေ....

ကျန်းမာရေးအတွက် အရေးကြီးလို့ အချိန် ၃မိနစ်လောက်ယူပြီး ဖတ်လိုက်ပါ။

အဲဒါဖတ်ပြီး ကိုယ့်အသည်းလေးကို သနားလို့ စောစောအိပ်ဖို့ ကြိုးစားလိုက်ဦးမယ်။

ကျန်းမာရေးပညာပေး ဆောင်ရန် ရှောင်ရန်

၁. အသည်းနဲ့ ကလီစာများသည် လုပ်ဆောင်မှုတူသည့်အပြင်
ဆက်စပ်နေကြသည် ။ ထို့ကြောင့် အသည်းတွင် တစ်ခုခုဖြစ်ပါက ကလီစာများတွင်လည်း
တစ်ခုခုဖြစ်နိုင်သည် ။ ကလီစာတွင် တစ်ခုခုဖြစ်လျှင် အသည်းတွင်လည်း
ထိခိုက်နိုင်သည် ။

၂. အသည်းမှာ ဒါဏ်ရာအနာတရဖြစ်ပါက သာမန်အားဖြင့် မခံစားရပါ ။
မည်သည့်နည်းနှင့်မှ မသိနိုင်ပါ ။ကင်ဆာအတော်များများ မဖြစ်ခင်တွင်
အသည်းသည် အရင်ဆုံး ပျက်စီးရသည် ။ ထို့ကြောင့် အသည်းကို သေသေချာချာ
ဂရုစိုက်ပါက ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်ပေသည် ။

၃. အသည်းသည် ကိုယ်ခန္ဓာ တစ်ခုလုံး၏ အဆိပ်အတောက်များကို
ဖယ်ရှားပေးရသည် ။ ထို့ပြင်
ကိုယ်ခန္ဓာအတွင်းရှိဗိုင်းရပ်(စ်)ပိုးများကိုလည်း တိုက်ခိုက်ရသည် ။

၎. တရုတ် လူမျိုး ၉၀ ရာခိုင်နှုန်းသည် အသည်းမကောင်းကြပါ ။
အဘယ်ကြောင့်ဆိုသော် ၄င်းတို့တွင် အသားနှင့် အဆီ
စားသုံးမှုများခြင်းကြောင့် ဖြစ်သည် ။

၅. အသည်းသည် ၂၄ နာရီပတ်လုံး အလုပ်လုပ်သည်ဟု ဆိုသော်လည်း
၎င်းကိုယ်တိုင်လည်း ဆားဗစ်စင် ပြန်လုပ်ရသည် ။ ထိုအချိန်သည် ၊ ည (၁၁) နာရီ
မှ မနက်စောစော (၃) နာရီ ကြားတွင် ဖြစ်သည် ။ ထို့ကြောင့် ည (၁၁) နာရီ
နောက်ပိုင်းမှ အိပ်ခြင်း ၊ ညစာကို နောက်ကျမှ စားခြင်းသည် အသည်းကို
အားနည်းစေသည် ။ ထို့ပြင် မအိပ်ခင် (၂) နာရီ အတွင်း အသားနှင့် အဆီများ
စားခြင်းသည် အသည်းကို အားနည်းစေသည် ။ အဘယ်ကြောင့်ဆိုသော် စားသုံးထားသော
အဆီများကို ချေဖျက်နေရသောကြောင့် အသည်းသည် နားချိန်မရဘဲ အလုပ်လုပ်နေရသည်
။ ညအိပ်ယာဝင်နောက်ကျသဖြင့် မနက်တွင် နေမြင့်သည်အထိ အိပ်စက်ခြင်း ၊
နေ့လည်စာ မစားခင် တရေးအိပ်ခြင်းတို့သည် အိပ်ရေးဝရုံသာရှိသော်လည်း ၊
အသည်းအတွက် မည်သို့ အကျိုးမျှ မရရှိစေပါ ။

၆. အကယ်၍ ည အိပ်ယာဝင်ခါနီးတွင် ဗိုက်ဆာပါက ၊ အသီးအနှံ
စားသုံးနိုင်ပါသည် ။ ထိုအစာများသည် အစာကျေလွယ်သည် ။ အသားသည် စားသုံးပြီး
(၄)နာရီကြာမှ အူမကြီးသို့ ရောက်သည် ။ထိုအသားကိုပင် အဆီများများနှင့်
ချက်ထားပါက (၁၂)နာရီကြာမှ အူမကြီးထဲသို့ ရောက်သည် ။ ထို့ကြောင့် ည
အိပ်ယာဝင်ခါနီးတွင် ထိုအရာများ မစားသုံးသင့်ပေ ။အကယ်၍ စားသုံးမိပါက အသည်း
သည် ထို အဆိပ်အတောက်များ ကို ဖယ်ရှားနေရသောကြောင့် မနားရပေ ။ မနက်စောစော
အိပ်ယာထစာတွင် ပင်ပန်းသည်ဟု ခံစားရခြင်းမှာ အထက်ပါ
အကြောင်းများ၏ရလာဒ်ဖြစ်သည် ။ ထို့ကြောင့် ည အိပ်ယာဝင်ခါနီးတွင်
အသီးအနှံစားပါက မနက် အိပ်ယာထတွင် အားအင်ပြည့်ဖြိုး လန်းဆန်းနေပါမည် ။

၇. အဆီသည် အသည်း၏ အဓိက ရန်သူဖြစ်သည် ။ အဆီသည် အသည်း၏
လုပ်ငန်းများကို ပျက်စီးစေပြီး အသည်းကိုလည်း အားနည်းစေသည် ။
ဆေးစားခြင်းဖြင့်လည်း အသည်းကို ပြန်လည်ကောင်းမွန်အောင် မလုပ်နိုင်ပေ ။
ဆေးတွင်ပါဝင်သော အခြားဓာတု ဒြပ်ပေါင်းများကို အသည်းက ထပ်မံ ချေဖျက်နေရသည်။

၈. သံလွင်ဆီ ၊ မုန်လာဥ ၊ သခွားသီး ၊ ငရုပ်သီးစိမ်း ၊
ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ဆား ၊ ရွှေဖရုံသီးနှင့် အရိုးပါ စားနိုင်သော
ငါးကလေးများသည် ၊ ခန္ဓာကိုယ်အတွက်ကောင်းမွန်သော အစာများဖြစ်သည် ။ နှမ်းဆီ
သည်လည်း ခန္ဓာကိုယ်အတွက် ကောင်းမွန်သည် ။

၉. အစာကို ကြာရှည်ခံစေသော ဓါတုဆေး ၊ အရောင်တင်ဆေးနှင့်
ကြာဆံသည် အလျူမီနီယံ ဓါတ်ပါခြင်းကြောင့် မကောင်းပါ ။ ပိုးသတ်ဆေးနှင့်
အရောင်ချွတ်ဆေးသည် အသည်းအတွက် မကောင်းပါ ။ ဆေးစားမှားခြင်းကြောင့်
အသည်းကို ပျက်စီးစေသည် ။ ကျူံ့သွားစေသည် ။ မိုက်ခရိုဝေ့ မီးဖိုက
ရောင်ခြည်သည် ၊ အစားအစာတွင် ပါဝင်သော အာဟာရဓါတ်အားလုံးကို ပျက်စီးစေသည် ။

၁၀. အင်္ဂလိပ်ဆေးဝါးများသည် ဓါတုနည်းနှင့် ဖော်စပ်ထားသောကြောင့်
အသည်းအတွက် မကောင်းပါ ။ တရုတ်ဆေးများသည် ကျောက်ကပ်အတွက် မကောင်းပါ ။
မုန်လာဥဖြူက တရုတ်ဆေးတွင် ပါဝင်သော ဆေးစွမ်းကို ဖျက်ဆီးသည် ။

၁၁. ကလေးများ အိပ်ယာဝင်နောက်ကျခြင်းသည် မှတ်ဥာဏ်နှင့်
စဉ်းစားဥာဏ် ကို အားနည်းစေသည် ။

၁၂. အကောင်းဆုံး အိပ်ချိန်သည် ည (၉) နာရီနှင့် (၁၁)
နာရီကြားတွင် ဖြစ်သည် ။ များများအိပ်ခြင်းဖြင့် အသည်းကို
ကောင်းမွန်စေသည် ။ နလံထစ လူနာများသည် အိပ်ရေးဝအောင် အိပ်ရသည် ။

၁၃. သဘာဝ အစားအစာများသည် အသည်းအတွက်ကောင်းမွန်သည် ။ စည်သွပ်ဗူး
စားသုံးခြင်း ၊ စည်သွပ် အချိုရည်သောက်သုံးခြင်း များသည် အာဟာရ မဖြစ်ပါ ။

၁၄. စိတ်ဓါတ်နှင့် ခံစားမှု ညီမျှနေရန် အရေးကြီးသည် ။
စိတ်ဖိစီးမှုများခြင်း ၊ အသံ ဆူညံခြင်း ၊ ဒေါသထွက်ခြင်း ၊ ကြာရှည်စွာ
အောင့်အည်းသည်းခံခြင်း ၊ အဆိုးမြင်ဝါဒ ၊ စိတ်ကျရောဂါ ၊ ရည်ရွယ်ချက်မဲ့ ဘဝ
၊ တန်ဖိုးမရှိသော ဘ၀နှင့် လူတကာကို အပြစ်တင်တတ်သော စိတ်များသည် ၊
ခန္ဓာကိုယ်ကို အားနည်းစေသည် ။ လူတစ်ယောက်၏အသည်းသည် မကျန်းမာပါက ထိုလူသည် ၊
ဒေါသထွက်လွယ်ခြင်း ၊ စိတ်တိုခြင်း ၊ စိတ်ကောက်လွယ်ခြင်းများကို
ဖြစ်ပေါ်ခံစားရသည် ။

၁၅. လေလည်ခြင်း ၊ ချွေးထွက်ခြင်း ၊ ဆီးသွားခြင်းတို့သည်
ခန္ဓာကိုယ်အတွင်းရှိအညစ်အကြေးများကို စွန့်ပစ်ခြင်းပင် ဖြစ်သည် ။
လေအေးခန်းထဲတွင် ကြာရှည် နေပြီး ချွေးထွက်နည်းပါက ကျန်းမာရေး
မကောင်းနိုင်ပါ ။ သဘာဝအရ လေလည်ခြင်း ၊ ချွေးထွက်ခြင်းနှင့်
ဆီးသွားခြင်းများသည် အသည်းအတွက်ကောင်းစေသည် ။ ပြူတင်းပေါက်များကို ဖွင့်၍
သဘာဝလေကောင်းလေသန့်များကို ရှုသင့်သည် ။

၁၆. ခန္ဓာကိုယ် တစ်နေရာ ရာတွင် အနာတရဖြစ်ပါက နွေးအောင်
ပြုလုပ်ပေးခြင်းဖြင့် နာကျင်ခြင်းကို လျော့ပါးသွားစေပါသည် ။
ရေနွေးကန်တွင် စိမ်ခြင်းသည်လည်း ကျန်းမာရေးအတွက်ကောင်းပါသည် ။ သို့သော်
နှလုံးရောဂါရှိသူများ သတိထားရန်မှာ ၊ ရေနွေးကန်ထဲစိမ်ခြင်းလျှင်
ရင်ဘတ်ကို မစိမ်မိပါစေနှင့် ။ အဘယ်ကြောင့်ဆိုသော် အပူဓါတ်သည် နှလုံးပို၍
အလုပ်လုပ်စေသဖြင့် နှလုံးအတွက် မကောင်းပါ ။

၁၇. ဆန်လုံးတီး ၊ ဂျူံကြမ်း ၊ ကွေကာအုတ် ၊ ကန်စွန်းဥ ၊ ပိန်းဥ
နှင့် ပြောင်းဖူး စသည်တို့ စားသုံးခြင်းသည် ၊ ကျန်းမာရေးအတွက်
ကောင်းပါသည် ။

၁၈. သွေးအုပ်စု အေ အမျိုးအစားရှိသူများသည် ၊ ကင်ဆာရောဂါ
ဖြစ်ရန် အလားအလာများသည် ။ ထို့ပြင် သွေးအုပ်စု အို အမျိုးအစားရှိသူများသည် အသည်းရောဂါဖြစ်နိုင်ရန် အခွင့်အရေးများသည် ။

၁၉. မိန်းမများသည် ပို၍ အသက်ရှည်ကြသည် ။ အဘယ်ကြောင့် ဆိုသော်
မိန်းမတို့ သဘာဝ ရာသီသွေးလာခြင်းဖြင့် ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးနှင့်
ဒေါသကို မှန်မှန် စွန့်ထုတ်၍ စိတ်ဓါတ်ကို ပို၍ တည်ငြိမ်စေသည် ။

၂၀. ၀သော သူများသည် ပုံမှန်အားဖြင့် အစားအစာ
တရားလွန်စားကြသည့်အတွက် အသည်း ၊ နှလုံးနှင့် အူလမ်းကြောင်းတွင် မကျန်းမမာ
ဖြစ်တတ်သည် ။ နှလုံးကို ထိခိုက်လျှင် ပုံမှန်အားဖြင့် သွေးဖိအားလည်း
ထိခိုက်ပြီး သွေးတိုးရောဂါ ဖြစ်တတ်သည် ။

၂၁. အစာအိမ် ရောဂါ ရှိသူများသည်လည်း အစာများများနှင့်
အဆီများများ စားခြင်းနှင့် ပတ်သက်သည် ။

၂၂. နှလုံးနှင့် သားအိမ်သည် ဆက်နေသည် ။ တစ်နေ့လျှင် ရေ (၂)
ပုလင်းမှ (၃) ပုလင်း မှန်မှန် သောက်ပေးခြင်းဖြင့် ကျန်းမာစေသည် ။

၂၃. မလိုအပ်ဘဲ အိပ်စရေး (X-ray) ရိုက်ခြင်း (C.T. Scan )
လုပ်ခြင်းတို့ကို မလုပ်ပါနှင့် ။ ကိုယ်ခန္ဓာကို ထိခိုက်စေပါသည် ။ နှစ်စဉ်
ပုံမှန် ဆေးစစ်ခြင်းဖြင့် ကင်ဆာရောဂါနှင့် တခြားရောဂါများကို မသိနိုင်ပါ
။ ပုံမှန် ဆေးစစ်၍ သိရသော အချိန်တွင် ၊ ရောဂါအများစုသည်
ရောဂါရင့်နေကြပေပြီ ။ မည်သည့် ရောဂါဖြစ်စေ ခွဲစိတ်မည်ဆိုလျှင် ၊ ဆရာဝန်(၂)ဦး ၊ သို့မဟုတ် ၊ (၃) ဦးနှင့် တိုင်ပင်ဆွေးနွေးပြီး
အကြံဥာဏ်တောင်းပါ ။ အသည်းရောဂါဖြစ်လျှင် ၊ အင်္ဂလိပ်ဆေးမစားဘဲ သေချာစွာ
အနားယူပါ ။

၂၄. အသီးအရွက်မှ ဗီတာမင်စီ ( Vitamin-C ) သည် ခန္ဓာကိုယ်အတွင်းမှ
အဆိပ်အတောက်များကို ထုတ်ပစ်ရာ၌ အလွန် အသုံးဝင်သည် ။

၂၅. နံနက်စောစော (၅) နာရီနှင့် (၇) နာရီ ကြားအချိန်သည် မစင်
စွန့်ခြင်းအတွက် အကောင်းဆုံးအချိန် ဖြစ်သည် ။ သို့မဟုတ်လျှင် အူသိမ်သည်
မစင်မှ အဆိပ်အတောက်ကို စုပ်ယူပေလိမ့်မည် ။ ထိုအကြောင်းများကြောင့်
ဝမ်းချူပ်သူများ နေထိုင်မကောင်းကြခြင်းဖြစ်သည် ။

၂၆. သည်းခြေတွင် ကျောက်တည်ခြင်း ၊ အသည်းနှင့် ဦးနှောက်တွင်
ကျောက်တည်ခြင်းများသည် အသားနှင့် အဆီမှ အဆိပ်အတောက်များကြောင့်
ဖြစ်ပေါ်လာခြင်းဖြစ်သည် ။

၂၇. ကယ်လ်စီယမ် ( ထုံး၊ ဂေါ်ဖီပန်း ၊ သဘောင်္သီး ) နှင့် သံဓါတ် ၊
(ထန်းလျက် ၊ ဟင်းနုနွယ် ) စသည်တို့သည် ၊ သည်းခြေနှင့် ကျောက်ကပ်ကို
သန်မာစေသည် ။

၂၈. မျက်စိဝါနေလျှင် အသည်းနှင့် သည်းခြေတွင် ပြဿနာရှိသည် ။

၂၉. အနီရောင်ရှိသော အသီးအရွက်များသည် ဦးနှောက်နှင့်
နှလုံးအတွက်ကောင်း၏ ။ အ၀ါရောင် ရှိသော အသီးအရွက်များသည်
အစာချေခြင်းအတွက်ကောင်း၏ ။

၃၀. သွေးပေါင်နည်းနေသော်လည်း နေထိုင်ကောင်းနေလျှင် မစိုးရိမ်ရပါ ။

၃၁. မျက်နှာတွင် ၀က်ခြံ ထွက်ပေါ်လာခြင်းသည် သွေးထဲမှ
အဆိပ်အတောက်များကို မဖယ်ရှားနိုင်ခြင်း လက္ခဏာ တစ်ရပ်ပင် ဖြစ်သည် ။

၃၂. နံနက်စောစော အချိန်တွင် လေ့ကျင့်ခန်းလုပ်ခြင်းသည်
အကောင်းဆုံးဖြစ်သည် ။ အဘယ်ကြောင့်ဆိုသော် သစ်ပင်ပန်းမာလ်များမှ
အောက်ဆီဂျင်ကို နံနက်ပိုင်းတွင် အများဆုံးရခြင်းကြောင့် ဖြစ်သည် ။
ညနေခင်းအချိန်တွင် သစ်ပင်များမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်သည့်အတွက်
လေ့ကျင့်ခန်းလုပ်ရန် မသင့်လျှော်ပါ ။

၃၃. ခေါင်းကိုက်ခြင်းသည် နှလုံးမှ သွေးများတွင် အောက်ဆီဂျင်
ပမာဏ နည်းပါးနေခြင်းကို ပြသသော ရောဂါ လက္ခဏာ တစ်ရပ် ဖြစ်သည် ။

၃၄. မျက်ကွင်းညိုခြင်းသည် အသည်းနှင့် ကျောက်ကပ်
အားနည်းနေခြင်းကို ပြသည် ။ ထိုအတွက်ကြောင့် ညဉ့်နက်သန်းခေါင်
အလုပ်လုပ်သူများ အသည်းအနားမရ၍ မျက်ကွင်းညိုကြခြင်းဖြစ်သည် ။

၃၅. ရင်သားနှင့် ဆီးကျိတ်ကင်ဆာ ရှိသူများ ငန်သောအစားအစာနှင့်
ပင်လယ်မျှော့ စားသုံးခြင်းကို ရှောင်ကြဉ်ရပါမည် ။

ကျန်းမာရေးအတွက် အာယုဒါန ပြုပါသည် ။ ေ၀ေနယ် သတၱ၀ါ အားလံုး
ကိုယ်စိတ်နှစ်ပါး ကျန်းမာ၍ ချမ်းသာကြပါစေ

မိန်းကလေးတိုင်း ဖတ်သင့်တယ်လို့ ယူဆတဲ့အတွက် ဒီစာကို ဝေမျှလိုက်ပါတယ်.

မိန်းကလေးတိုင်း ဖတ်သင့်တယ်လို့ ယူဆတဲ့အတွက် ဒီစာကို ဝေမျှလိုက်ပါတယ်..
.

တစ်ခါတုန်းကပေါ့။ အထက်မြန်မာပြည်ရှေးဟောင်းမြို့နားက ရွာလေးတစ်ရွာမှာ တစ်ရွာလုံးက ချစ်ခင်လေးစားကြတဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းဆရာလေးတစ်ယောက်ရှိသတဲ့။ သူကကျောင်းပိတ်ရင် ရွာမှာ ကလေးတွေကို စာသင်ပေးတယ်။ ကျောင်းဖွင့်ရင်တော့ ရန်ကုန်မှာ ကျောင်းပြန်တက်ပေါ့။ အင်္ဂလိပ်စာတတ်ရင် ဘုရားဒကာထက် အထင်ကြီးလေးစားခံရတဲ့ အချိန်ကာလမျိုးမှာ ကလေးတွေကို အလကားစာသင်ပေးနေတော့ ရွာရဲ့ အသည်းနှလုံး ဆိုလဲ မမှားဘူးပေါ့လေ။ ဒီကျောင်းဆရာလေးရဲ့ အိမ်ကလဲ စီးပွားရေးတောင့်တင်းတယ်။ ရုပ်ရည်ကလဲ ဖြူဖြူသန့်သန့်ဆိုတော့ သမီးရှင်တို့ မျက်စိကျတဲ့ ယောင်္ကျားလေးမျိုးပေါ့။ သူတို့ အိမ်မှာ လေးတန်းအောင်ပြီး ကတည်းက ခေါ်ထားတဲ့ ဆွေမျိုးနီးစပ်ထဲက အသားမဲမဲ ရွက်ကြမ်းရေကြို ကောင်မလေးတစ်ယောက်လဲ ရှိတယ်။ အဲဒီကောင်မလေးကလဲ ဒီကျောင်းဆရာလေးကို ရင်ထဲက ကျိတ်ပြီး သဘောကျနေတာပါ။ ဒီလိုနဲ့ပဲ တစ်အိမ်ထဲအတူနေ ဒီကျောင်းဆရာလေးနဲ့ ကောင်မလေးနဲ့ ညိကြရော ဆိုပါတော့။ ဒီတော့ ကျောင်းဆရာလေးက လူကြီးတွေကို အသိမပေးပါနဲ့ဦး။ ကျောင်းပြီးတဲ့ အခါမှ လက်ထပ်ကြမယ်လို့ စီစဉ်သတဲ့။ ဒါကိုကောင်မလေးက ကျောင်းပြီးတဲ့ အထိစောင့်ရင်သူ့ကိုပစ်သွားမှာပဲဆိုပြီး ရှိသမျှ ကြီးတော်တွေ၊ ဒွေးလေးတွေ အကုန်ကြေငြာမောင်းခတ်လိုက်သတဲ့။ မယူရင်မရတော့ပါဘူး၊ ဘာညာပေါ့လေ။ ကျောင်းဆရာလေးရဲ့ မိဘတွေလဲ စိတ်ဆိုးကြ၊ ဒေါသတွေကြီးနဲ့ ဆွေမျိုးအုပ်စုတစ်ခုလုံး ပွက်လောရိုက်သွားတာပေါ့။ နောက်ဆုံးတော့လဲ ရှေးတောရွာသူတို့ရဲ့ စိတ်နဲ့ ရှုပ်ရှုပ်ထွေးထွေး စဉ်းစားမနေတော့ပဲ ပေးစားလိုက်ကြရော ဆိုပါတော့။

မင်္ဂလာဆောင်တဲ့ ညမှာပဲ သတို့သားလောင်းက တစ်ခါမှ မသောက်ဘူးတဲ့ အရက်တွေသောက်၊ ဘယ်ခွေးမှ လူမထင်ဘူးကွ ဆိုပြီး ပြန်လာသတဲ့။ ပြီးတော့ ငါ့ဘ၀ကို ဖျက်ဆီးတဲ့ မိန်းမ လာခဲ့ ဆိုပြီး ခြေသလုံးကျော်ကျော်ထိ ရှည်တဲ့ ကောင်မလေးရဲ့ ဆံပင်ကို တရွတ်ဆွဲပြီး ရွာကိုပတ်ပါလေရော။ အမြဲ ယဉ်ယဉ်ကျေးကျေး ချိုချိုသာသာ ပြောလေ့ရှိတဲ့ လူက ပါးစပ်က မကြားဝံ့၊ မနာသာတွေ ဆဲဆိုလိုက်တာ တစ်ရွာလုံး ဘယ်သူမှလဲ မဆွဲရဲ၊ဲဆွဲ တဲ့လူကို သတ်မယ်ဆိုပြီး ဓါးနဲ့ကလဲ ကြိမ်းထားသေးတော့၊ နှိပ်စက်နေတာကို ဒီအတိုင်း ကြည့်နေလိုက်ရသတဲ့။ အဲဒီမင်္ဂလာဆောင်တဲ့ နေ့ကစပြီး ပြောင်းပြန်ကြီး ပြောင်းလဲသွားလိုက်တာ တစ်ရွာလုံးက အော်ကြောလန်တဲ့ အဆင့်ထိရောက်ပါလေရော။ နေ့တိုင်းနီးပါး ငါ့ဘ၀ကို ဖျက်ဆီးတဲ့ မိန်းမ၊ ငါအမုန်းဆုံး မိန်းမနဲ့ ရိုက်နေတာတဲ့။ ကြာလာတော့ ညနေမိုးချုပ်တာနဲ့ အဲဒီ မိန်းမလဲ တခြားအိမ်မှာ သွားပုန်းနေရတာပေါ့။ အိမ်မှာ ရှာလို့ မတွေ့ရင် ဓါးဆွဲပြီး လက်ခံထားတယ်လို့ ထင်တဲ့ အိမ်တွေမှာ ဓါးနဲ့ကြိမ်း၊ အိမ်ရှေ့ကသစ်ပင်တွေခုတ်နဲ့၊ ဆဲလိုက်တာလဲ မိုးမွှန်နေတော့ တခါတလေများ တခြားရွာအထိ သွားပုန်းနေရသတဲ့။ မကျေနပ်တာလေး တစ်ခုနဲ့ ဘ၀တစ်ခုလုံးနဲ့ ကိုယ့်ကိုကိုယ် ဖျက်ဆီးပစ်လိုက်တာ အရက်သမား လူရမ်းကားကား လုံးလုံးဖြစ်ရောပေါ့။ နေ့လည်ဘက်ဆိုရင်လဲ ဘယ်သူ့ကိုမှ စကားဟဟမပြောတော့ဘဲ ငူငူကြီးထိုင်နေသတဲ့။ ဒီလိုနဲ့ လင်ဆိုးမယား တဖားဖားဘ၀နဲ့ သမီးလေးတစ်ယောက်ရသတဲ့။ အဲဒီသမီးလေးကိုလဲ တစ်ခါမှ သေတဲ့အထိ သမီးလို့ မခေါ်ခဲ့ဘူးတဲ့။ ဟဲ့ကောင်မလေးလို့ ပဲခေါ်ပြီး တခါမှလဲ မချီဘူး။ ချော့မြူတာလဲ မရှိ၊ သူနဲ့ မဆိုင်သလိုပဲတဲ့။ ယောင်္ကျားတစ်ယောက်ရဲ့ အသုံးကျမှု၊ မကျမှုကို ပြောချင်တာမဟုတ်ပါဘူး။ ယောင်္ကျားတွေဟာ သူတို့လက်မထပ်ချင်သေးတဲ့အချိန်မှာ လက်ထပ်လိုက်ရတဲ့အခါ၊ လက်ထပ်ချင်တဲ့ အခါ လက်မထပ်ရတဲ့အခါ ဒါမျိုးတွေဖြစ်တတ်လား ကျွန်တော်မသိပါဘူး။ မိန်းမတစ်ယောက်ကို သူတို့ယူချင်တဲ့ အချိန် အဆင်သင့်ဖြစ်ရမယ် ဆိုတဲ့ အတ္တမျိုးရှိတတ်လား မတွေးတတ်ပါဘူး။ သူ့စိတ်ဓါတ်ကိုလဲ မဝေဖန်လိုပါဘူး။ အဓိက ကတော့ မိန်းမတစ်ယောက်ရဲ့ အိမ်ထောင်ရေးကံကြမ္မာကို ပြောချင်တာပါ။ တစ်ရွာလုံးလေးစားကြည်ညိုတဲ့ ကျောင်းဆရာကို ယူလဲ အရက်သမား မယားဖြစ်သွားနိုင်သလို တစ်ရွာလုံး အော်ကြောလန်ကို ယူလဲ အံ့သြလောက်အောင် လိမ္မာသွားလို့ ဘုရားဒကာ၊ ကျောင်းဒကာဖြစ်သွားနိုင်တယ်လေ။ အားလုံးက ကြောက်စရာကောင်းပြီး မမြင်နိုင်တဲ့ ကံကြမ္မာတွေပေါ့။ တကယ်တော့ အိမ်ထောင်ရေးဆိုတာ အမြင့်ဆုံး တန်ဘိုးနဲ့ ထပ်ပြီးကံကြမ္မာနဲ့ လောင်းရတဲ့ စိန်ခေါ်ပွဲ တစ်ခုပါဘဲ။



ကောင်မလေးတစ်ယောက်လဲ ဒီလိုပဲ။ ၁၀ တန်းဖြေဘို့ နယ်ကနေ မြို့ကိုလာနေရင်းက ဆေးကျောင်းမှာ အလုပ်လုပ်တဲ့ ယောင်္ကျားတစ်ယောက်နဲ့ တွေ့ပါလေရော။ ဆေးကျောင်းက ဓါတ်ခွဲခန်းမှာ လုပ်တယ်ဆိုတာပဲ သိပြီး တွဲနေလိုက်တာ လက်ထပ်ဖို့ အိမ်ကို ပြောတော့ ပွဲရုံ ပိုင်ရှင် မိဘတွေက သဘောမတူတာနဲ့ လိုက်ပြေးပါလေရော။ လက်ထပ်ပြီးမှ သေချာသိရတာက ဆေးကျောင်းက ဓါတ်ခွဲခန်းမှာ အလောင်းတွေ ခွဲရ၊ ဖြတ်ရတဲ့ အလုပ်သမားပါ။ ဆေးကျောင်းကို လှူတဲ့ အလောင်းတွေကို ဖြတ်၊ ဆေးစိမ်သင့်တာစိမ်၊ လွှတ်ပစ်သင့်တာ လွှတ်ပစ်၊ တစ်ခါတလေ ဆေးကျောင်းသားတွေက စာကျက်ဘို့ အရိုးခြောက်တွေ ဘာတွေ လိုချင်ရင် သူ့ဆီမှာ ၀ယ်ရတာပေါ့။ နောက်ပြီး သေပြီးသားလူတွေ ကြာကြာအထားခံအောင် ဆေးထိုးတဲ့ အလုပ်လည်း လုပ်သေးတယ်။ တစ်ခါတလေများ အိမ်ပြန်မိုးချုပ်တဲ့ အခါ သူလမ်းထဲဝင်လာရင် တိုက်ဆိုင်တာလားမသိ၊ လမ်းပေါ်မှာ ရှိတဲ့ ခွေးတွေက ဆွဲဆွဲငင်ငင်အူလို့၊ လူကလည်း သွေးညီနံ့တွေနဲ့၊ အော်ဒါမှာထားတဲ့ ကျောင်းသာရှိရင် လူရိုးထုပ်ကြီးက ပါသေးတယ်။ အလုပ်ဟူသမျှ ဂုဏ်ရှိစွပါ။ အပြစ်မဆိုပါဘူး။ ဒါပေမယ့် ဒီကောင်မလေးသာ ဒါတွေကို ကြိုသိခဲ့ရင် သူ့ကံကြမ္မာက တစ်မျိုးတစ်မည် ပြောင်းသွားနိုင်တယ်လို့ ဆိုချင်တာပါ။ အိမ်ထောင်ကျပြီးမှ ကိုယ့်မိဘထားနိုင်တာထက် များစွာ နိမ့်ကျတဲ့ ဘ၀ကို ရောက်တဲ့အပြင် မသာဆေးထိုးပြီး လူရိုးထွင်ရောင်းတဲ့ လူမှန်းသိရတဲ့အခါ ကိုယ်ချစ်မိသွားတဲ့ လူတစ်ယောက်အတွက်၊ ကိုယ်ကံကြမ္မာအတွက် ဘာလုပ်လို့ရတော့မှာလဲ။



ဒီထက်ဆိုးတဲ့ နောက်တစ်ယောက်လဲ ရှိသေးတယ်။ ချစ်သူ ကြိုက်သူ ၀ိုင်းဝိုင်းလည်နေတဲ့ ကြားက လက်ကလေးတောင်မကိုင်၊ ချစ်သူကို တန်ဘိုးထားပြီး သက်သတ်လွတ်စားနေတဲ့ လူတစ်ယောက်ကို သူတော်ကောင်းလေး ဆိုပြီး ရွေးချယ်လိုက်သတဲ့။ ဒီလူက အိမ်ထောင်ကျပြီးတော့လဲ တကယ် သက်သတ်လွတ်စားတာပါ။ ဆိုးတာက မိန်းကလေး လုပ်သူက မကောင်းတဲ့ မိန်းမကိုသာ သွားရှာပါတော့လို့ တောင်းတောင်းပန်ပန်ပြောယူရလောက်အောင် ကာမကိုလည်း စားတာပါ။ နောက်ဆုံးတော့ ဘယ်သူမှ မကယ်နိုင်တဲ့ အဆုံး ကောင်မလေးလည်း အိမ်ကထွက်ပြေးလိုက်တာ သေလား၊ရှင်လား သတင်းအစအနတောင် မရတော့ဘူးတဲ့လေ။



မိန်းမတစ်ယောက်အိမ်ထောင်ကျပြီးတဲ့နောက်မှာ ကြေကွဲစွာ လက်ခံလိုက်ရတဲ့ ကံကြမ္မာတွေ၊ နာကျည်းခံပြင်းစွာ လက်ခံလိုက်ရတဲ့ အဖြစ်အပျက်တွေ၊ ဆုပ်လည်းစူး စားလည်းရူးတဲ့ ဘ၀တွေ၊ ဆုပ်လည်းနွေး စားလည်းအေးတဲ့ ဘ၀တွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့ပြီး ဘ၀မှာ ပြီးပြည့်စုံသွားပြီလို့ ခံစားရမျိုးလည်း ဖြစ်နိုင်ပါတယ်။ ယောင်္ကျားတွေဘက်ကလည်းဒီလိုပါဘဲ။ အိမ်ထောင်ကျပြီးမှ ပိုတော်လာတဲ့ ယောင်္ကျားတွေရှိသလို၊ အရည်အသွေးကျသွားတာတွေလည်း ဒုနဲ့ဒေးပါဘဲ။ လူနှစ်ယောက်ပေါင်းပြီး ဘ၀တစခုကို တည်ဆောက်တဲ့အခါ ဘေးမှာ တစ်ချိန်လုံးရှိနေတဲ့ တစ်ဦးတည်းသော အဖော်ရဲ့ အားပေးမှု၊ ကူညီမှု၊ ပါရမီဖြည့်နိုင်မှု တွေက ဦးဆောင်နေတဲ့ ယောင်္ကျားအတွက် အရေးကြီးတဲ့ အင်အားပါပဲ။ အပေါင်းအသင်းမိတ်ဆွေတွေတောင် ကြာကြာပေါင်းရင် တဖြည်းဖြည်း သူ့စိတ် ကိုယ့်စိတ် ဓါတ်ကူးတတ်တယ်မဟုတ်လား။ ကိုယ့်ရဲ့ မသိစိတ်က တဖြည်းဖြည်း သူလုပ်သလို၊ သူပြောသလို လုပ်မိ၊ ပြောမိ နေတာမျိုးလေ။ လင်မယား ဆိုတာ အရင်းနှီးဆုံး တစိမ်းဆိုတော့ ယောင်္ကျားတစ်ယောက်ဆီက ဘ၀ကို ရင်ဆိုင်ရဲ၊ ဆုံးဖြတ်ချက်ကို ပီပီပြင်ပြင် ချရဲတဲ့ သတ္တိမျိုးတွေ မိန်းမဆီ ဓါတ်ကူးတာက တော်ပါသေးရဲ့။ မိန်းမဆန်လွန်းတဲ့ မိန်းမတွေမှာ ရှိတတ်တဲ့ မနာလိုဝန်တိုစိတ်တွေ၊ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးနဲ့ အတင်းပြောတတ်တဲ့ စိတ်တွေ၊ ယောင်္ကျားဆီ ဓါတ်ကူးကုန်ရင်တော့ ပြီးပါလေရော။ အသွင်မတူတာတွေ ညှိရင်းညှိရင်းနဲ့ မကောင်းတာတွေပဲ ကျန်ခဲ့ရင် ဒုက္ခ။ အရမ်းအောင်မြင်တဲ့ ယောင်္ကျားတစ်ယောက်ရဲ့ နောက်မှာ သိပ်တော်တဲ့ မိန်းမတစ်ယောက်ရှိတယ်လို့ ဆိုထားတယ် မဟုတ်လား။



ကျွန်တော်အမြင်နဲ့ ပြောရရင်တော့ တချို့ယောင်္ကျားတွေက ကျွန်နဲ့တူသော မိန်းမကို ရတယ်။ ဆိုလိုတာက အိမ်မှုကိစ္စတွေလုပ်မယ်။ ကလေးမွေးမယ်။ ယောင်္ကျားကို ပြုစုမယ်။ ပေးသလောက်ပိုက်ဆံနဲ့ လောက်အောင်သုံးမယ်။ ယောင်္ကျားရဲ့ အလုပ်မှာ ရှိနိုင်တဲ့ စိတ်ဖိစီးမှုတွေ၊ ပြဿနာတွေအတွက် သူမဖြေသိမ့်ပေးနိုင်ဘူး။ အကြံဥာဏ်မပေးနိုင်ဘူး။ သူသိတာက ယောင်္ကျားခိုင်းရင်လုပ်မယ်။ ပေးရင်ယူမယ်။ ကျွေးရင်စားမယ်။ ဒါပဲပေါ့။



တချို့ယောင်္ကျားတွေကျတော့ အလုပ်ရှင်နဲ့တူသော မိန်းမကိုရတယ်။ သူများကားစီး စီးချင်ပြီ။ သူများတိုက်ဆောက် ဆောက်ချင်ပြီ။ ယောင်္ကျားကို ရှာပါလား။ လုပ်ပါလား။ အလုပ်ရှင်က အလုပ်သမားကို ခိုင်းသလိုမျိုး အချိန်မဖြုန်းနဲ့၊ အပိုမသုံးနဲ့ ဆိုတဲ့ မိန်းမမျိုးတွေပေါ့။ တချို့ကျတော့ ဘုရင်မနဲ့ တူတဲ့ မိန်းမကို ရတယ်။ ရှာသမျှ ပိုက်ဆံအကုန်အပ်ရပြီး နေရာတကာ သူပြီးမှ ပြီးရတယ်။ ဘာပဲလုပ်ချင်လုပ်ချင် အသေးအဖွဲကအစ သူ့မျက်နှာအရိပ်အကဲ ကြည့်ပြီး အတည်ပြုချက်ယူရတယ်။ ချစ်မြတ်နိုးလွန်းလို့ အလိုလိုက်နေရတာမျိုး မဟုတ်တော့ဘဲ အနိုင်ကျင့်ခံနေရတဲ့ ဘ၀မျိုးပါ။ ဘ၀မှာ ပျော်ရွှင်သင့်သလောက် ပျော်ရွှင်ခွင့် မရတဲ့ ယောင်္ကျားမျိုးတွေပေါ့။



တချို့ကျတော့ မိတ်ဆွေနဲ့ တူသော မိန်းမကို ရတယ်။ ကိုယ့်ကို အစစ အရာရာ ကူညီပေးနိုင်သလို သူကိုယ်တိုင်မှာလည်း ကိုယ်နဲ့ သိပ်မကွာတဲ့ အရည်အချင်းတွေရှိတယ်။ ကိုယ့်ကို လက်တွဲခေါ်ယူနိုင်ပြီး ဟာသဥာဏ်လည်းရှိတယ်။ ဘ၀ကို စိတ်လက်ပေါ့ပါးစွာ လျှောက်လမ်းခွင့်ကိုပေးတဲ့ မိန်းမမျိုးပေါ့။



တချို့ကျတော့ ချစ်တီးနဲ့ တူသောမိန်းမကိုရတယ်။ ပိုက်ဆံကို အရမ်းမက်မော၊ သူလည်းရှာ၊ ယောင်္ကျားကိုလည်း ရှာခိုင်း၊ ပြီးရင် သူတို့ရဲ့ လက်သုံးစကားက ပိုက်ဆံသာရမယ်ဆို ယောင်္ကျားတောင် ပေါင်လိုက်ချင်သတဲ့လေ။



တချို့ကျတော့ မိခင်နဲ့တူသော မိန်းမကိုရတယ်။ နွေးထွေးတဲ့ မေတ္တာနဲ့ ကိုယ့်ကို နားလည်ပေးနိုင်သလို အခက်အခဲ တစ်စုံတစ်ရာ ဖြစ်လာရင်လည်း မိခင်တစ်ယောက်က သားအပေါ်မှာထားတဲ့ မေတ္တာမျိုးနဲ့ ရင်ဆိုင်ရပ်တည်ပေးနိုင်တယ်။ လဲကျတဲ့အခါ ညင်သာစွာ ထူပေးနိုင်သလို အောင်မြင်တဲ့အချိန်မှာလည်း သူများအလဲမထိုးနိုင်အောင် ဂရုစိုက် တည့်မတ်ပေးတယ်။ အရာရာကို ထပ်တူနီးပါး ခံစားနားလည်ပေးနိုင်တဲ့ နှလုံးသားကို ပိုင်ဆိုင်တယ်။ ဖြတ်ထိုးဥာဏ်ကောင်းပြီး ပြဿနာတော်တော်များများကို သိမ်မွေ့စွာဖြေရှင်းနိုင်တယ်။ ယောင်္ကျားကိုယ်တိုင်ကလည်း မိန်းမဖြစ်သူကို လေးစားချစ်ခင်စွာမြတ်နိုးတယ်ဆိုရင်တော့ ဘုရားသခင်ပေးတဲ့ ဆုလာဒ်ကိုရတဲ့ ယောင်္ကျားမျိုးပေါ့ဗျာ။



ကိုယ့်ရွေးချယ်မှုတစ်ခုက ကိုယ့်ဘ၀တစ်ခုလုံးကို မသိမသာ ဖြေးဖြေးချင်း ပြောင်းလဲသွားနိုင်တဲ့အရာ၊ ဘာတွေဘယ်လိုပြောင်းလဲမယ်ဆိုတာ တိတိကျကျဘယ်သူမှ မသိနိုင်တဲ့အရာ၊ အကောင်းဆုံးဆိုတာကို ကိုယ်သတ်မှတ်တဲ့ စံနဲ့ လွပ်လပ်စွာရွေးချယ်ခွင့်လဲ ပေးထားတဲ့ အရာ၊ အချစ်ဆိုတာကို ဓါးစာခံလုပ်ပြီး ရဲရဲကြီးစွန့်စားကြည့်ကြတဲ့ အရာ၊ ပြီးသွားတဲ့ အခါ တိတ်ဆိတ်စွာ လူမသိ၊ သူမသိ တိတ်တိတ်လေး ကြေကွဲရတဲ့ အရာ၊ ဒါမှမဟုတ် ပွင့်လင်းစွာ ပျော်ရွှင်ခွင့်ရတဲ့အရာ၊ ဒါမှမဟုတ် မချိသွားဖြဲ ဖြစ်ကြရတဲ့ အရာ၊ ထိုထိုသော အရာများ ပေါင်းဆုံရာ လူ့ဘ၀ရဲ့ တစ်ခုတည်းသော အရသာကတော့ အိမ်ထောင်ရေးပါဘဲ။



အောင်မြင်တဲ့ အိမ်ထောင်တစ်ခုကို ခိုင်ခိုင်မာမာတည်ဆောက်ထားနိုင်တဲ့ အစ်ကိုကြီးတစ်ယောက်ကို လျှို့ဝှက်ချက်မေးကြည့်တာကတော့ ယောင်္ကျားလေးရော မိန်းကလေးရော နှစ်ယောက်စလုံးက “ဘာပဲဖြစ်ဖြစ် ကျေကျေနပ်နပ်ကြီး (ကျေကျေနပ်နပ်ကြီးနော်) သည်းခံခွင့်လွှတ်နားလည်ကြမယ်ဆိုတဲ့ အချစ်မျိုးနဲ့ ချစ်နိုင်ပြီဆိုမှ အိမ်ထောင်ပြုပါ” တဲ့။ ဒီနေ့အထိ ကျွန်တော် ကြားဖူးသမျှထဲမှာတော့ သူ့အဖြေက အကောင်းဆုံးပါဘဲ .

Thursday, May 26, 2011

Joke

ဟန်သစ်ငြိမ်။ ။ အရှင်နတ်မင်းဘုရား.. .။



နတ်မင်း။ ။ ပြော မောင်ဟန်သစ်၊ မျက်နှာမသာမယာနဲ့ ဘာများဖြစ်လေသနည်း။



ဟန်သစ်ငြိမ်။ ။ ပြော၊ မပြောချင်ပါဘူး အရှင်နတ်မင်း ဘုရား... အရှင်စောင့်ကြပ်လေေ သာ Facebook မှာ...



နတ်မင်း။ ။ ဘုရား၊ ဘုရား၊ မထိတ်သာ မလန့်သာ ရှိလိုက်တာ၊ Facebook မှာ ဘာများ ဖြစ်လေသနည်း မောင်ဟန်သစ်ရဲ့...။



ဟန်သစ်ငြိမ်။ ။ မှန်လှပါဘုရား၊ မှန်ရာကို အမြန်မကြာ ထွက်ကာဆိုရမည်ဆိုလျှင် အကျွန်ုပ်ကို စိတ်အနှောက်အယှက် ဖြစ်စေသော အကြောင်းခြင်းရာ ဆယ်ချက်ထက်မက ဖြစ်ပေါ်နေသောကြောင့်ပါ ဘုရား။



နတ်မင်း။ ။ အလျှင်အမြန် လျှောက်တင်စမ်း၊ ငါကိုယ်တော် အကြံပြုတော် မူချေမည်။



ဟန်သစ်ငြိမ်။ ။ မှန်လှပါဘုရား၊ အချို့သော သူများသည် ကျွန်တော်မျိုးအား သူငယ်ချင်း အဖြစ် Facebook တွင် လက်ခံထားပြီး သူတို့၏ Wall ကိုမူ ပေးမမြင်တွေ့ပဲ Private လုပ်ထားကြောင်းပါ ဘုရား။



နတ်မင်း။ ။ အိန်း၊ ထိုသူတို့သည်ကား အကြောက်တရား စိုးမိုးသူများ ဖြစ်လေသတည်း။



ဟန်သစ်ငြိမ်။ ။ မှန်ပါ့ဘုရား။ အချို့သော သူတို့ကမူ ကျွန်တော်မျိုးအား Invite လုပ်လိုက်၊ တစ်ခါ Remove လုပ်လိုက်၊ တစ်ခါ ထပ်ပြီး Invite ပြန်လာလုပ်လိုက် ဖြစ်နေပါသည် ဘုရား။



နတ်မင်း။ ။ အိန်း၊ ထိုသူတို့ကား စိတ်မမှန်သူများ ဖြစ်လေသည် မောင်ဟန်သစ်။



ဟန်သစ်ငြိမ်။ ။ မှန်ပါ့ဘုရား။ အချို့သူတို့ကား ကျွန်တော်မျိုး Invite လုပ်သည်ကို လက်မခံပဲ ရှိနေလို့ပါ ဘုရား။



နတ်မင်း။ ။ အိန်း၊ ထိုသူတို့ကား သွေးကြီးသူများ ဖြစ်လေသည် မောင်ဟန်သစ်။



ဟန်သစ်ငြိမ်။ ။ မှန်ပါဘုရား၊ အချို့သော သူတို့ကား ဟန်သစ်ငြိမ်မှာ မဲသည်၊ ဖြူသည် သေချာမသိဘဲ အတင်းကို Invite လာလုပ်ပြီး မိတ်ဖွဲ့နေကြပါသည် ဘုရား။



နတ်မင်း။ ။ အိန်း၊ ထိုသူတို့သည် Facebook အကြောင်း သေချာမသိသူများ ဖြစ်လေသည် မောင်ဟန်သစ်။



ဟန်သစ်ငြိမ်။ ။ မှန်ပါဘုရား၊ ယခုထပ်မံ တင်ပြလိုသည်ကား။ အချင်းချင်း၊ မျှဝေ၊ ရေးသားကြသည့် ကိစ္စများ ဖြစ်ပါသည် ဘုရား။



နတ်မင်း။ ။ ဆိုစမ်းပါဦး၊ မောင်ဟန်သစ်ရဲ့... ဘယ်လိုတွေများ ဖြစ်ပျက်နေကြသနည်း။



ဟန်သစ်ငြိမ်။ ။ မှန်လှပါဘုရား။ အချို့သောသူများသည် သူတို့ရေးသမျှ ပို့စ်၊ သီချင်း၊ ဓာတ်ပုံ စသည်တို့ကို ကျွန်တော်မျိုး ကြိုက်သည် မကြိုက်သည် မမေးမြန်းဘဲ အတင်းကာရော Tag လုပ်နေကြခြင်း ဖြစ်ပါသည်။



နတ်မင်း။ ။ အိန်း၊ ထိုသူတို့သည်ကား နာမည်ကြီးချင်သူများ ဖြစ်လေသည် မောင်ဟန်သစ်။



ဟန်သစ်ငြိမ်။ ။ မှန်ပါ့ဘုရား၊ အချို့သော သူများကား ကျွန်တော်မျိုး အတည်အတန့် ရေးတင်ထားသော Status များ Notes များတွင် နောက်ပြောင်၊ ကျီစားသော Comment များ ပေးသွားကြပါသည်ဘုရား။ တခါတရံ ဘာမှ မရေးဘဲ :) :D :P စသဖြင့် လုပ်သွားပါသည် ဘုရား။



နတ်မင်း။ ။ အိန်း၊ ထိုသူတို့သည် အားယားတိုင်း အပျော်ရှာနေကြသူများ ဖြစ်လေသည် မောင်ဟန်သစ်။



ဟန်သစ်ငြိမ်။ ။ မှန်ပါ့ဘုရား၊ အချို့တမူကား ကျွန်တော်မျိုး ဘာပဲတင်တင် တစ်ခုမကျန် လာရောက် Like လုပ်နေ ကြပါသည် ဘုရား။



နတ်မင်း။ ။ အိန်း၊ ထိုသူတို့သည်ကား အထီးကျန် ဆန်သူများ၊ သို့မဟုတ် အဆင်အခြင်နည်းသော သူများ ဖြစ်ချေမည် မောင်ဟန်သစ်။



ဟန်သစ်ငြိမ်။ ။ မှန်ပါ့ဘုရား၊ အချို့သော သူတို့ကား မည်သည့်ရန်ညှိုးမျှ မရှိဘဲ ကျွန်တော်မျိုး၏ Notes များ၊ Status များတွင် လာရောက်ဆဲဆို ရေးသားသွားကြပါသည် ဘုရား။



နတ်မင်း။ ။ အိန်း၊ ထိုသူများသည် မိုက်ကန်းပြီး မနာလိုစိတ်ကြီးသူများ ဖြစ်လေသည် မောင်ဟန်သစ်။



ဟန်သစ်ငြိမ်။ ။ မှန်ပါ့ဘုရား၊ အချို့သော သူတို့ကား ဤသို့ ရှိပါသည်။ သူတို့၏ Status များ Wall များတွင် ကျွန်တော်မျိုး သွားရောက် ရေးသား Comment သောအခါ ကျွန်တော်မျိုးအား Block လုပ်ပစ်ကြပါသည် ဘုရား။



နတ်မင်း။ ။ အိန်း၊ ထိုသူတို့ကား လူမှုရေးနားမလည်သူများ ဖြစ်လေသည် မောင်ဟန်သစ်။



ဟန်သစ်ငြိမ်။ ။ မှန်ပါ့ဘုရား၊ လူမှုရေးနှင့် ဆိုင်သဖြင့် ခံစားရသော ပြဿနာ အနည်းငယ်ကို ပြောချင်ပါသည် အရှင်ဘုရား။



နတ်မင်း။ ။ အိန်း၊ ပြောချေလေ၊ မည်သို့သော ပြဿနာများနည်း။



ဟန်သစ်ငြိမ်။ ။ မှန်ပါ့ဘုရား၊ အချို့သော သူတို့မှာကား ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ ကျွန်တော်မျိုး၏ ကိုယ်ရေးကိုယ်တာ သမီးရည်းစားကိစ္စများတွင် ဝင်ရောက် စပ်စုချင်ကြပါသည် ဘုရား။



နတ်မင်း။ ။ အိန်း၊ ထိုသူတို့သည် မီးလောင်ရာ လေပင့်ချင်သူများ၊ ယနေ့ခေတ်အခေါ် ဖွတတ်သူများ ဖြစ်လေသည် မောင်ဟန်သစ်။



ဟန်သစ်ငြိမ်။ ။ မှန်ပါ့ဘုရား၊ အချို့သော သူများသည် Relationship Status ကို ရည်းစားများပြောင်း တိုင်း မကြာခဏ ပြောင်းတင်နေပါသည် ဘုရား။



နတ်မင်း။ ။ အိန်း၊ ထိုသူတို့သည် ပေါ်ပြူလာဖြစ်လိုသူများ ဖြစ်လေသည် မောင်ဟန်သစ်။



ဟန်သစ်ငြိမ်။ ။ မှန်ပါ့ဘုရား၊ အချို့သော သူတို့သည် ဆန့်ကျင်ဘက် လိင်များကိုသာ သွားရောက် မိတ်ဖွဲ့ကြသည်ကို သတိထားမိပါသည် ဘုရား။



နတ်မင်း။ ။ ထိုသူတို့သည်ကား တဏှာကြီးသူ၊ ယနေ့အခေါ် ဖွန်ကြောင်သူများ ဖြစ်လေသည် မောင်ဟန်သစ်။



ဟန်သစ်ငြိမ်။ ။ မှန်ပါ့ဘုရား၊ အချို့သောသူများသည် အပျိုကြီး၊ လူပျိုကြီးဖြစ်ရသည် ကို အင်မတန်မှ ဂုဏ်ယူကြောင်းကို Facebook ကို အသုံးချပြီး ကြော်ငြာဝင်နေကြပါသ ည် ဘုရား။



နတ်မင်း။ ။ အိန်း၊ ထိုသူတို့သည် ရှက်ရမ်းရမ်းသူများ ဖြစ်ကြလေသည် မောင်ဟန်သစ်။



ဟန်သစ်ငြိမ်။ ။ မှန်ပါဘုရား၊ အချို့သော သူတို့သည် Profile ဓာတ်ပုံများကို အမှန်မပြဘဲ မျောက်အကိုကြီးယား၊ မျောက်အမေကြီးကားတိုက် စသည်မှ မင်းသမီး၊ မင်းသားပုံများ တင်ထားကြပါသည်ဘုရား ။



နတ်မင်း။ ။ အိန်း ထိုသူတို့သည် အရှက်ကြီးသော အုံ့ပုန်း သမားများ ဖြစ်ကြလေသည် မောင်ဟန်သစ်။



ဟန်သစ်ငြိမ်။ ။ မှန်ပါ့ဘုရား၊ အချို့သော သူများသည် သူတို့ ငယ်စဉ်က ကိုယ်လုံးတီးပုံများ၊ မိသားစုပုံများကို တင်ပြီး Sibling များပင် ထားရှိကြပါသေးသည် ဘုရား။



နတ်မင်း။ ။ အိန်း၊ ထိုသူတို့သည်ကား အုပ်စုနှင့် ဖြဲချောက်လိုသူများ ဖြစ်လေသည် မောင်ဟန်သစ်။



ဟန်သစ်ငြိမ်။ ။ မှန်ပါ့ဘုရား၊ အချို့သော သူတို့သည်ကား...



နတ်မင်း။ ။ ဒီမယ်...၊ မောင်ဟန်သစ်...



ဟန်သစ်ငြိမ်။ ။ မှန်ပါ့ဘုရား



နတ်မင်း။ ။ မောင်မင်း ဒီလောက် စိတ်ရှုပ်နေရင်လည်း Facebook သုံးမနေနဲ့တော့ကွယ် ။ ငါကိုယ်တော် ဒီထက်ပိုပြီး အကြံမပြုတတ်ချေတော့ ဘူး။



ဟန်သစ်ငြိမ်။ ။ မှန်ပါ့ဘုရား၊ ဒါပေမယ့် မရှိမကောင်း၊ ရှိမကောင်း ဆိုသလို မသုံးရင်လည်း မနေနိုင်လေတာကြောင့်...



နတ်မင်း။ ။ ဒါဆိုလည်း မောင်မင်းသဘောလေကွယ်၊ ငါကိုယ်တော် ပြန်ကြွတော်မူပြီ... Facebook မှာ လိမ်မာမာ နေကွယ့်၊ ဒါပဲ ပြောမယ်။



ဟန်သစ်ငြိမ်။ ။ မှန်ပါ့ဘုရား။။



(မှတ်ချက်။ ။ Facebook ကို စိတ်စွဲသဖြင့် မနေ့ညနေက မက်သော အိပ်မက် ဖြစ်လေသည်။)



မေတ္တာဖြင့်



ဟန်သစ်ငြိမ်



credit-ဟန်သစ်ငြိမ်

Tuesday, May 24, 2011

သမိုင်းဦး လူသားတွေ ဘာကြောင့် မတ်မတ် စရပ်

သမိုင်းဦး လူသားတွေ ဘာကြောင့် မတ်မတ် စရပ်
Evolution

မြေကြီးကို ငုံ့ကြည့်ရာက မိုးကို ဦးမော့လာကြ

ဟိုး နှစ်ပေါင်း သန်းချီပြီး ရှိခဲ့တုန်းက သမိုင်းဦးလူတွေ ဟာ ရန်ဖြစ်တဲ့ အခါ ထိုးကြိတ်လို့ လွယ်အောင် မတ်မတ်စပြီး ရပ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက် အသစ်တခုက ဆိုလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု ယူးတား တက္ကသိုလ်က ပါမောက္ခ ဒေးဗစ် ကယ်ရီယာက သမိုင်းဦး လူတွေဟာ မိတ်လိုက်ဖက်ရှာရင်း ကိုယ့် ကလေးငယ်တွေကို ကာကွယ်ရင်း တခြားလူတွေနဲ့ တိုက်ခိုက်ကြရတဲ့ အခါ ခြေနှစ်ချောင်းပေါ် မတ်မတ်ရပ်ပြီး ထိုးရင် သုံးဆလောက် ပိုပြီး ပြင်းထန်တဲ့ အားနဲ့ ထိုးနိုင်တယ်ဆိုတာကို တွေ့ရကြောင်း သုတေသနပြုချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာဦး လူသားတွေ လေးဖက်သွားရာက ဘယ်လို မတ်တတ် ရပ်လာခဲ့သလဲ ဆိုတဲ့ သီအိုရီကို ပညာရှင်တွေ ဆွေးနွေး ငြင်းခုံနေကြတာ ကြာပါပြီ။ အပင် အမြင့်တွေ ပေါ်မှာ ရှိတဲ့ သစ်သီးတွေ ခူးစားလို့ ရအောင်လို့ တချို့က ပြောသလို တချို့ကလည်း ပိုပြီး မြန်မြန် ပြေးနိုင်အောင်လို့လို့ ဆိုကြပြန်ပါတယ်။

အခု ပါမောက္ခ ကယ်ရီယာရဲ့ သီအိုရီကတော့ ကမ္ဘာဦးလူတွေဟာ တိုက်ခိုက်ရေးမှာ ပိုပြီး အစွမ်းထက်အောင်၊ တဖက် ရန်ဖက်ကို အပေါ်စီးက ချ နိုင်အောင် ထရပ်လာတာ ဖြစ်နိုင်တယ်လို့ ဆိုနေပါတယ်။

နောက်ပြီး အမျိုးသမီးတွေကလည်း အရပ်ရှည်တဲ့ လူတွေကို ပိုပြီး စွဲလမ်းတတ်ကြတယ်၊ ဒါကလဲ အရပ်ပိုမြင့်တဲ့ လူက တိုက်ပွဲတွေမှာ အနိုင်ပိုရပြီး သူ့ရဲ့ သားသမီးတွေက အသက်ရှင်နိုင်စွမ်း ပို များတယ်၊ တခါ အရပ်ရှည်တဲ့ လူ နဲ့ ပေါင်းဖက်ရရင် မွေးလာတဲ့ ကလေးတွေဟာလည် ပိုပြီး အရပ်ရှည်ကြ သန်စွမ်းကြတယ်လို့ ယူဆခဲ့ကြဟန် တူကြောင်းလဲ ပါမောက္ခ ကယ်ရီယာက ပြောခဲ့ပါတယ်။