Monday, May 14, 2012
ဗုံးခွဲရန် ကြံစည်မှု၊ နိုင်ငံတော်အကြီးအကဲများကို လုပ်ကြံရန် စီစဉ်မှုစသည့် စွဲချက်မျိုးစုံဖြင့် သေဒဏ်ကျခံစေရန် အမိန့်ကို ကြုံတွေ့ခဲ့ရသူ ကိုဇော်သက်ထွေး၏ ကိုယ်တွေ့ပြောကြားချက် by-EMG
ရန်ကုန်မြို့ရှိ အထင်ကရနေရာများကို ဗုံးခွဲရန်ကြံစည်မှု၊ နိုင်ငံတော်အကြီး အကဲများကို လုပ်ကြံရန် စီစဉ်မှုစသည့် အခြားစွဲချက်မျိုးစုံဖြင့် သေဒဏ်ကျခံစေရန် အမိန့်ချခံရပြီး ထောင်အတွင်း၌ ၁၇ လ အကြာအချုပ်ခံရကာ ပြန်လည်လွတ် မြောက်လာသူ ကိုဇော်သက်ထွေးက ‘ကျွန်တော်က နိုင်ငံရေး လှုပ်ရှားခဲ့တဲ့အတွက်ကြောင့် ၁၉၉၀ပြည့်နှစ်ကနေ ၁၉၉၅ ခုနှစ်အထိ ထောင်ကျခဲ့ပါတယ်။ ပြန်လွတ်လာတော့ ကျွန်တော် အေးအေးဆေးဆေးပဲ နေထိုင်ခဲ့တယ်။ ၂၀၀၀ပြည့် နှစ်မှာ First Eleven အားကစားဂျာနယ်မှာ အယ်ဒီတာချုပ် တာဝန်ယူခဲ့ပါတယ်။ ကျွန်တော့်ရဲ့နာမည် က ဂျာနယ်ထဲမှာပါတော့ ထောင်ထဲက ခင်တဲ့ သူငယ်ချင်းတွေကလည်း ဂျာနယ်က တစ်ဆင့်ကျွန်တော့်ကို ဆက်သွယ်ကြတယ်။ သူတို့က ကျွန်တော့်ကို နေကောင်းလား။ အဆင်ပြေလားစတဲ့ မိတ်ဆွေ အပေါင်းအသင်း သဘောမျိုးနဲ့ နိုင်ငံခြားကနေဖုန်း တစ်ခါတလေဆက်ပါတယ်။ တစ်နေ့မှာ အသက် ၇၀ ကျော်လောက် ရှိတဲ့ အဘိုးကြီးတစ်ယောက်က သူက မြဝတီက လာတာပါ။ ခင်ဗျားတို့ဂျာနယ်ကို ကိုယ်စားလှယ် လိုချင်တယ်လို့ ကျွန်တော့် ကိုလာပြောတယ်။ ဒါနဲ့ ရုံးကလုပ်ပေးခဲ့ တယ်။ နောက်တစ်နေ့ကျတော့ အဲဒီအဘိုး ကြီးကပဲ ခင်ဗျားရဲ့ထိုင်းမှာရှိတဲ့ သူငယ်ချင်း တစ်ယောက်က ဒီစာလေးပေးလိုက်ပါတယ်လို့ပြောလို့ သူ့ရှေ့မှာပဲ ဒီစာကိုဖောက် ဖတ်ခဲ့ပါတယ်။ စာထဲမှာက ပန်းချီကားချပ်နှစ်ချပ်နဲ့ မန္တလေးသိန်းဇော်ဗီစီဒီ တစ်ချပ်ကို လူကြုံပေးလိုက်ပါလို့ ပါတယ်။ ဒါနဲ့ ကျွန်တော်က အဲဒီအဘိုးကြီးကို ကျွန်တော် ဒီကိစ္စမလုပ်ပေးနိုင်ဘူးလို့ ပြောပြီးတော့ သူ့ရှေ့မှာပဲ အဲဒီစာကို ဖြဲပြီး အမှိုက်ပုံးထဲ လွှင့်ပစ်ခဲ့ပါတယ်။
ဟီးနိုးကားကြီးနဲ့ ခေါ်တင်သွားတယ်။ ပြီးတော့ မင်းတို့ပူးပေါင်းကြံစည်တဲ့ သူအချင်းချင်းတွေ တွေ့ရပြီလို့ ပြောတယ်။ ကားပေါ်ရောက်တဲ့အခါမှာ အခြား သူတွေကို ကြည့်လိုက်တော့ သူတို့ကို တစ်ခါမှမမြင်ဖူးဘူး။ သိလည်းမသိပါဘူး။ စစ်ကြောရေးမှာ ကျွန်တော့်ဆီလာသွားတဲ့ ဦးမျိုးချစ်အကြောင်း မေးတော့ ထောက်လှမ်းရေးတွေက . . .
နောက်တစ်ရက် မှာ ကျွန်တော်အလုပ်လုပ်နေတဲ့ First Eleven ဂျာနယ်တိုက်ကို အကူ(၂) ထောက်လှမ်းရေးအယောက် ၃၀ လောက် က ဝုန်း၊ ဝုန်း၊ ဝုန်းဝင်လာပြီးတော့ တွေ့ တဲ့ဝန်ထမ်းတွေကို ကြမ်းပြင်ပေါ်မှာ ထိုင်ခိုင်းပြီးတော့ ကျွန်တော့်ကိုလူအများ ရှေ့မှာပါးရိုက်ပြီး စစ်ကြောရေးဆောင်ရွက် စရာတွေရှိပါတယ်ဆိုပြီး ခေါ်သွားပါတယ်။ သူတို့တွေက မင်းကဖောက်ခွဲရေးသမား တွေနဲ့ အဆက်အသွယ်လုပ်ပြီးတော့ ရန်ကုန်မှာ ဖောက်ခွဲရေးတွေလုပ်ဖို့ စီစဉ်နေတယ်လို့ ပြောတယ်။ သူတို့ပြောတဲ့အရာတွေအားလုံး ကျွန်တော်ဘာမှမသိဘူး။ ကျွန်တော့်ဆီကို လာသွားတဲ့ အဘိုးကြီးရဲ့ နာမည်က ဦးမျိုးချစ်လို့ သိရတယ်။ သူတို့တွေက ကျွန်တော့်ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ စစ်ကြောရေးမှာ စစ်တဲ့အခါမှာ ကြမ်းလွန်းလို့ အသက်အန္တရာယ် တော်တော်လေးကို စိုးရိမ်ခဲ့ရပါတယ်။ တစ်ခါတစ်လေဆိုရင် သေပြီလို့တောင် ထင်ရပါတယ်။တစ်ရက်မှာ ဟီးနိုးကားကြီးနဲ့ ခေါ်တင်သွားတယ်။ ပြီးတော့ မင်းတို့ပူးပေါင်းကြံစည်တဲ့ သူအချင်းချင်းတွေ တွေ့ရပြီလို့ ပြောတယ်။ ကားပေါ်ရောက်တဲ့အခါမှာ အခြားသူတွေ ကို ကြည့်လိုက်တော့ သူတို့ကို တစ်ခါမှ မမြင်ဖူးဘူး။ သိလည်းမသိပါဘူး။ စစ်ကြောရေးမှာ ကျွန်တော့်ဆီလာသွားတဲ့ ဦးမျိုးချစ် အကြောင်းမေးတော့ ထောက်လှမ်းရေးတွေက အဲဒီအဘိုးကြီးက အသက်အရွယ်ကြီးလို့ ရောဂါနဲ့ သေသွားပြီလို့ ပြောတယ်။ တရားရုံးရောက်တဲ့ အခါမှာအမှုတွဲထဲမှာ ဦးမျိုးချစ်ဆိုတဲ့ အဘိုးကြီးနာမည် မပါခဲ့ပါဘူး။ ကျွန်တော်တို့ ရှေ့နေငှားခွင့်တောင်း ခဲ့ပေမယ့် မပေးခဲ့ဘူး။ သူတို့ပေးတဲ့ရှေ့နေနဲ့ပဲ ရင်ဆိုင်ခဲ့ရတယ်။ အဲဒီရှေ့နေကလည်း ကျွန်တော်တို့ကို ဒီအမှုက သေဒဏ်ပဲချမယ့် အမှုလို့ပဲပြောတယ်။ ထောင်ထဲမှာ ပူးပေါင်း ကြံစည်တယ်လို့ စွပ်စွဲတဲ့ လူရှစ်ယောက်နဲ့ ကျွန်တော်စကားပြောဖြစ်တယ်။ ဒီအခြေအနေထိ ရောက်အောင် ပြန်သုံးသပ်ကြည့်တဲ့အခါမှာ အဓိက ဒါရိုက်တာကတော့ ဦးမျိုးချစ်ပဲ။ စစ်ကြောရေးစစ်တဲ့အခါမှာ ဦးမျိုးချစ်က ကျွန်တော့်ဆီ လာပေးတဲ့ စာကိုထောက်လှမ်းရေးက မိတ္တူဆွဲပြီးသား ပြတယ်။ ဒါကြောင့်၂၀၀၃ ခုနှစ်၊ နိုဝင်ဘာလမှာ သေဒဏ်အမိန့်ချခဲ့တယ်။ သေဒဏ်ချမှတ်တဲ့ စီရင်ချက်ထဲမှာ ILO ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်ကို တရားမဝင်အဖြစ် ရေးသားထားတယ်။ ဒါကိုသိ သွားတဲ့ ILO က တာဝန်ရှိသူတွေက ဒီက သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ကျွန်တော် တို့အမှုကို ဆွေးနွေးခဲ့တယ်။ ထောက်လှမ်းရေးက စွပ်စွဲထားတဲ့ အကြောင်းအရာတွေ ထဲမှာ ILO ဖွဲ့စည်းပုံဥပဒေ စာအုပ်ကိုင်ဆောင်မှုနဲ့လည်း စွပ်စွဲထားတဲ့အကြောင်း အရာတွေပါလို့ သူတို့ဆွေးနွေးခဲ့ပါတယ်။ ပြီးတော့ International Amnesty တာဝန်ရှိသူတွေနဲ့ ထောင်ထဲမှာ ကျွန်တော်တို့ တွေ့ဆုံခွင့်ရခဲ့တယ်။ ဒီတော့ ကြိုတင် ကြံစည်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဆိုတာ နိုင်ငံတကာက သိသွားတယ်။ ၂၀၀၄ ခုနှစ်၊ မေလ ၁၃ ရက်နေ့မှာ သေဒဏ်ကနေ ထောင်ဒဏ် ၃ နှစ်အမိန့်ကို ပြောင်းလဲ ထုတ်ပြန်ခဲ့တယ်။ ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလမှာ ထောင်ဒဏ် ၂ နှစ်ကို ထပ်မံ ပြောင်းလဲပေးခဲ့တယ်။ ၂၀၀၅ ခုနှစ်၊ ဇန်န ဝါရီလ ၃ ရက်နေ့မှာ လူသားချင်းစာနာမှုအရ လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့ပါတယ်။ အဲဒီနေ့မှာ ပူးပေါင်းကြံစည်တယ်လို့ စွပ်စွဲထားတဲ့ ၉ ယောက်အဖွဲ့က ၄ ယောက် ကလွတ်မြောက်ခဲ့တယ်။ ၂ ဦးက ထောင်ထဲမှာပဲ သေဆုံးခဲ့တယ်။ နောက် ၂ ဦးက ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သာယာဝတီ အကျဉ်းထောင်ကနေ လွတ်မြောက်ခဲ့တယ်။ သူ့တို့ ဆိုရင်(၈)နှစ်ကျော်(၉)နှစ်နီးပါး ထောင်ထဲမှာနေခဲ့ရတယ်။ ကျန်တစ်ယောက်ကတော့ အခုချိန်ထိ ဘာသတင်းမှ မရသေးဘူး။ ဒီရက်ပိုင်းမှာ လွတ်သွားတဲ့နှစ်ဦးကို လည်း ကျွန်တော့်ကို စာလာပေးတဲ့ အဘိုးကြီး ဦးမျိုးချစ်ကပဲ မင်းတို့လျှပ်စစ်ပစ္စည်းတွေ အကြွေးပေးမယ်။ အရောင်းအဝယ် လုပ်မလားလို့ ပြောတော့ စိတ်ဝင်စားလို့ ရန်ကုန်ကို ပစ္စည်းတွေလိုက်ယူရင်းနဲ့ စစ်ကြောရေးထဲ ရောက်ပြီး သေဒဏ်ချမှတ် ခံရတဲ့သူတွေ ဖြစ်ပါတယ်။ ဘာအပြစ်မှမရှိ ဘူး။ သူတို့ဆင်တဲ့ အကွက်ထဲမှာ သူတို့လုပ်ချင်ရာ လုပ်ပြီးတော့ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ဒီလိုလုပ်လိုက်တဲ့ အတွက်ကြောင့် ကျွန်တော့်အနေနဲ့ တရားရေး မဏ္ဍိုင်ကို အများကြီးသံသယဝင်ခဲ့တယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေက အမှန်တရားကိုဘယ်လို ကာကွယ်စောင့်ရှောက် နေလဲဆိုတာကို ကျွန်တော်ဘယ်လိုမှ နားမလည်နိုင်ပါဘူး။ ကျွန်တော့်လိုပဲ ဒီလို ဘဝမျိုးခံစားနေရတဲ့သူတွေကို ကိုယ်ချင်း စာပါတယ်။ တကယ်အပြစ်ရှိရင် အပြစ်ပေးခံရတာ မထူးဆန်းဘူး။ ဒါပေမယ့် ဘာမှမလုပ်ခဲ့တဲ့သူတွေ ထောင်ကျသွားရင်တော့ ဘယ်လိုလျော်ကြေးမျိုးနဲ့မှ ပြန်လည် ပေးဆပ်လို့မရပါဘူး။ အခုထောင်ထဲမှာ ကျန်ရှိနေသေးတဲ့ သူတွေထဲမှာ ဖောက်ခွဲ ရေးပုဒ်မအမျိုးမျိုးနဲ့ ၁၇(၁)(၂)တွေအမျိုးမျိုး ထောင်ဒဏ် ချမှတ်ခံရသူတွေ အများကြီး ကျန်ပါသေးတယ်။သူတို့ကိုလည်း ကျွန်တော့်လိုပဲ ကံကောင်းစေချင်တယ်။ လွတ်မြောက်စေချင်ပါတယ်။ ထောင်ထဲမှာ ဒီလို နိုင်ငံရေး အကျဉ်းသားတွေ အများကြီးရှိနေတုန်းပါပဲ။ သူတို့ကို ပြန်လွှတ်ပေးစေလိုပါတယ်။’ဟု ပြောပြပါသည်။
ဓါတ်ပုံ-၂၇-၇-၂၀၀၃ နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ကိုဇော်သက်ထွေး ဖမ်းဆီးခံခဲ့ရသော ဖြစ်စဉ်နှင့်
ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ သတင်းဖော်ပြချက်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment