Tuesday, May 15, 2012
U Thant
“သည်းမခံနိုင်ခြင်းကလွဲလို့ အားလုံးကို သည်းခံနိုင်ဖို့ ကျွန်တော် အလေ့အကျင့် လုပ်ထားခဲ့တာပါ။ သည်းခံခြင်း စိတ်ဓာတ်ကို မွေးမြူဖို့ စိတ်ဓာတ်ရေးရာ၊ စာရိတ္တ ရေးရာ အရည်အသွေး တွေကို တန်ဖိုးထားဖို့ ကျွန်တော့် ဘ၀ တစ်လျှောက် သွန်သင်ခံခဲ့ရတယ်။ အထူးသဖြင့် နှိမ့်ချမှု၊ ရိုးရိုးကုပ်ကုပ် နေထိုင်မှု၊ ကြင်နာမှုနဲ့ အရေးအကြီးဆုံးကတော့ စိတ်ခံစားမှု မျှခြေကို ထိန်းသိမ်းထားဖို့ အသွန်သင် ခံခဲ့ရတယ်။ တရားထိုင်ခြင်းနဲ့ သမာဓိတို့ရဲ့အကူအညီနဲ့ ခံစားချက်တွေကို ထိန်းချုပ်ဖို့ သွန်သင်ခံခဲ့ရတယ်။ ပုထုဇဉ် လူသားတစ်ယောက်သာ ဖြစ်နေပြီး ရဟန္တာ မဖြစ်သေးတဲ့ အတွက် ကျွန်တော့် ခံစားချက် တွေကို အလုံးစုံ ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော် အလွယ်တကူ မတုန်လှုပ်ဘူး၊ စိတ်မလှုပ်ရှားဘူး။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment