Saturday, May 19, 2012

မန္တလေး​သား ကမ္ဘာကျော် HTC စီ​အီး​အို ဝင်း​သန်း (သို့မဟုတ်) Peter Chou

ကမ္ဘာ​ကျော် အီ​လက်​ထ​ရော​နစ် Company ဖြစ်​တဲ့ HTC (High Tech Computer Coporation) ရဲ့ ဥက္ကဌ Peter Chou ခေါ် ဦး​ဝင်း​သန်း ဟာ မေ​လ ​၁​၉ ရက်​နေ့၊ မနက် ​၁​ဝ​နာရီ​မှာ လှိုင်​တက္ကသိုလ်​ဝင်း​အတွင်း၊ မြန်မာ​အိုင်​စီ​တီ (Myanmar Infto-tech) ရှိ ဟော​ခန်းမ​တစ်​ခု​တွင် တွေ့​ဆုံ​ဆွေးနွေး​ပွဲ​တစ်​ခု​ပြုလုပ်​ခဲ့​ပါ​တယ်။ တွေ့​ဆုံ​ပွဲ​မှာ မြန်မာ​နိုင်ငံသား နည်း​ပညာ​လောက​မှ လူ​ငယ်၊လူကြီး​များ​နှ​င့္ ​အ​တွေ့​အ​ကြုံ​များ ဆွေးနွေး​တိုင်ပင် ခဲ့​ကြ​ပါ​တယ်။ ပီ​တာ​ချူး​ဟာ မြန်မာ​နိုင်ငံ​ဖွား​ဖြစ်​ပြီး မွေး​ရပ်​ဇာတိ​က မန္တလေးမြို့​ဖြစ်​ပါ​တယ်။ ​၁​၉​၅​၃ ခု​နှစ်​ဖွား ပီ​တာ​ချူး​ဟာ မန္တလေး​ဒေသ​ကော​လိပ်​မှာ ပညာသင်​ယူခဲ့​ပါ​တယ်။ ဒုတိယ​နှစ် ရောက်​တဲ့​အခါ​မှာ ကျောင်း​က​ထွက်​ပြီး ထိုင်​ဝ​မ်​နိုင်ငံ​ကို သွား​ရောက်​လုပ်ကိုင်​ခဲ့​ပါ​တယ်။ စ​စ​ရောက်​ချင်း​မှာ သူ​ဟာ အီ​လက်​ထ​ရော​နစ်​အင်​ဂျင်​နေ​ယာ​အနေ​ဖြင့် ထိုင်​ဝ​မ် အီ​လက်​ထ​ရော​နစ် Company တစ်​ခု​မှာ ဝင်​ရောက်​လုပ်ကိုင်​ခဲ့​ပါ​တယ်။ အလုပ်​လုပ်ကိုင်​ပြီး​တော့ ပညာ​ဆက်လက်​သင်ကြား​ဖို့ စိတ်ကူး​ရ​လာ​တဲ့​အခါ​မှာ သူ​ဟာ National Taiwan Ocean University တက်​ရောက်​ခဲ့​ပါ​တယ်။ ​၁​၉​၈​၅​ခု​နှစ်​မှာ Electronic Engineering ဘွဲ့​ရ​ရှိ​ခဲ့​ပြီး ​၁​၉​၉​၇ ခု​နှစ်​မှာ HTC Coporation ကို စတင်​တည်ထောင်​ခဲ့​ပါ​တယ်။ အင်​ဂျင်​နေ​ယာ ​၁​၀ ဦး​နဲ့​စတင်​တည်ထောင်​ခဲ့​တဲ့ HTC ဟာ က​မ္ဘာ့​အဆင့်​မှီ အီ​လက်​ထ​ရော​နစ်​ပစ္စည်း​များ​ကို​သာ​ထုတ်​လုပ်​မယ် လို့ ဆုံးဖြတ်ချက်​ချ​ပြီး လုပ်ကိုင်​ခဲ့​ပါ​တယ်။ ဒါ​ကြောင့် နှစ်​နှစ်​အတွင်း​မှာ အရှိန်​အဟုန်​နဲ့​အောင်မြင်​လာ​ခဲ့​ပါ​တယ်။ သူ​ဟာ ပညာသင်​ကြား​ခြင်း​ကို မ​ရပ်တန့်​ခဲ့​ပါ​ဘူး။၂​၀​၀​၃ ခု​နှစ်​မှာ National Chenghi University မှ MBA ဘွဲ့​ရ​ရှိ​ခဲ့​ပါ​တယ်။ ​ဒါ့​အပြင် ​၂​၀​၀​၆ ခု​နှစ်​မှာ အ​ရေိ​ကန်​နိုင်ငံ၊ Harvard Business School မှ Advanced Management Program တက်​ရောက်​အောင်မြင်​ခဲ့​ပါ​သေး​တယ်။ ဦး​ဝင်း​သန်း ခေါ် ပီ​တာ​ချူး​ရဲ့ ကြိုးစား​မှု​ကြောင့် HTC ရဲ့ အောင်မြင်​မှု​အရှိန်​အဟုန်​ဟာ မြင့်​မား​ခဲ့​ပြီး က​မ္ဘာ့​ပထမ​ဆုံး Window စ​မတ်​ဖုန်း​ထုတ်​လုပ်​နိုင်​တဲ့ Company ဖြစ်လာ​ခဲ့​ပါ​တယ်။ Microsoft ပိုင်​ရှင် ဘီ​လ်​ဂိ​တ် နဲ့ စတင်​လုပ်ကိုင်​ခဲ့​တဲ့ Window Phone ဟာ HTC တစ်​ခု​တည်း​မဟုတ်​တော့​ပဲ Nokia တို့​လို Company ကြီး​တွေ​ပေါ်ထွက်​လာ​ပါ​တယ်။ ပြိုင်ဘက်​တွေ​ရှိ​နေ​သော်ငြားလည်း HTC ဟာ စ​မတ်​ဖုန်း ဈေး​ကွက်​ရဲ့ ထိပ်​တန်း ငါး​ခု​စာရင်း​မှာ ပါဝင်​ခဲ့​ပါ​တယ်။ စ​မတ်​ဖုန်း​နည်း​ပညာ​ပထမ​ဆုံး စတင်​တီထွင်​တဲ့ Company များ​ထဲ​မှ ထိပ်​တန်း​စာရင်း​ထဲ​မှာ ပါဝင်​သူ​ဖြစ်​ပါ​တယ်။ လက်​ရှိ မှာ က​မ္ဘာ့ အကောင်း​ဆုံး​အိုင်​တီ Company ၁​၀​၀ မှ နံပါတ် ​၁​၁ ၊ အာ​ရှ​မှာ ထိပ်​တန်း​ငါး​ခု​စာရင်းဝင်​ပြီး ပီ​တာ​ချူး​ကိုယ်တိုင်​ဟာ က​မ္ဘာ့​အလွမ်း​မိုး​ဆုံး​အိုင်​တီ​လုပ်​ငန်း​ရှင် (CEO) ၅ ဦး​စာရင်း​မှာ ပါဝင်​နေ​သူ​ဖြစ်​ပါ​တယ်။ သူ​ဟာ မြန်မာ​ပြည်​မှာ​နေ​ခဲ့​စဉ်​ကတည်းက အိုင်​တီ​နည်း​ပညာ​ကို အင်မတန်​စိတ်ဝင်စား​သူ​ဖြစ်​ပါ​တယ်။ ​၁​၉​၇​၀ နှောင်း​ပိုင်း​ကာလ​မှာ ပညာသင်​ရ​တဲ့ ပီ​တာ​ချူး​ဟာ မန္တလေးမြို့ ​၈​၃ လမ်း​မှာ လျှပ်စစ်​ပစ္စည်း​ပြင်​ဆိုင်​လေး​ဖွင့် လှစ်​ခဲ့​ဖူး​ပါ​တယ်။ သီ​အို​ရီ​ထက် လက်တွေ့​ကို​အားသန်​တဲ့ ပီ​တာ​ချူး​ဟာ ကျောင်း​တက်​ရက်မ​မှန်​ပါ​ဘူး။ တစ်​လ​မှာ မြန်မာ​ငွေ​ကျပ် ​၃​၀ သာ​ဝင်ငွေ​ရှိ​တဲ့ ဝင်း​သန်း​ဟာ ထိုင်​ဝ​မ်​နိုင်ငံ​သွား​ဖို့ စိတ်ကူး​ရ​ခဲ့​ပါ​တယ်။ ကျောင်း​ပညာ တစ်ဝက်​တစ်​ပြတ်​နဲ့ တိုင်း​တစ်ပါး​မှာ သွား​ရောက်​လုပ်ကိုင်​ဖို့ စိတ်​အား​ထက်သန်​ခဲ့​တဲ့ ဝင်း​သန်း​ဟာ လက်တွေ့​မှာ ထူးချွန်​သူ​ဖြစ်​တဲ့​အတွက် ထိုင်​ဝ​မ် အီ​လက်​ထ​ရော​နစ် Company များ​က နှစ်သက်​ခဲ့​ပါ​တယ်။ နောက်​ပိုင်း​တော့ သီ​အို​ရီ​ပိုင်း​လည်း​အရေးကြီး​တယ်​လို့ သိ​လာ​တော့ ထိုင်​ဝ​မ်​မှာ တက္ကသိုလ် ဆက်လက်​တက်​ရောက်​ခဲ့​ပါ​တယ်။ တက္ကသိုလ်​မှာ သူငယ်ချင်း​များ​နဲ့ HTC ဆို​တဲ့ ကော်​ပို​ရေး​ရှင်း​ကို ​၁​၉​၉​၇ ခု​နှစ်​က​စတင်​တည်ထောင်​ပါ​တယ်။ အင်​ဂျင်​နေ​ယာ ​၁​၀​ဦး​နဲ့​စတင်​တည်ထောင်​တဲ့ HTC ဟာ အမှန်​တော့ အဆင့်​မြင့် ကွန်ပျူတာ​များ ထုတ်​လုပ်​ဖို့ ဖြစ်​ပါ​တယ်။ သို့​ပေ​မဲ့ မိုဘိုင်းဖုန်း​နည်း​ပညာ​မှာ အခြား​အဖွဲ့​အစည်း​များ​ထက် ထူးခြား​ပြောင်​မြောက်​အောင် တီထွင်​နိုင်​ခဲ့​ပြီး ဒီ​ဂျစ်​တယ်​ဖုန်း​မှ စ​မတ်​ဖုန်း​သို့ ကူးပြောင်း​ပေး​တဲ့ ပထမ​ဆုံး Company များ​စာရင်း​မှာ ပါဝင်​ခဲ့​ပါ​တယ်။ အမေ​ရိ​ကန်​အခြေ​ဆိုက် မိုက်​ခ​ရို​ဆော့​ခ် Company မှ ဥက္ကဌ ဘီ​လ်​ဂိ​တ်​ကိုယ်တိုင် ပီ​တာ​ချူး​ကို ဖိတ်ကြား​ပြီး လုပ်​ငန်း​ဆိုင်​ရာ​ဆွေးနွေး​ခဲ့​ပါ​တယ်။ ဘီ​လ်​ဂိ​တ်​ရဲ့ ကမ်းလှမ်း​ချက်​ကို သဘောတူ​ပြီး Window ဖုန်း​ဖြစ်​ပေါ်လာ​ဖို့ ပူးပေါင်း​လုပ်ကိုင်​ခဲ့​ပါ​တယ်။ ယင်း​နောက်​ပိုင်း HTC စ​မတ်​ဖုန်း​ဟာ Window Phone လောက​မှာ ဆရာ​တစ်​ဆူ​ဖြစ်လာ​ခဲ့​ပါ​တယ်။ ကမ္ဘာ​ကြီး​ကို ပြောင်းလဲ​စေ​မယ်​လို့ ဆုံးဖြတ်ချက်​ချ ကြိုးစား​ခဲ့​ပါ​တယ်။ ငွေ​ရ​ဖို့​ရည်​ရွယ်​ချက်​နဲ့ အသက်မွေး​ဝမ်းကြော​င်း​လုပ်ကိုင်​ခြင်း​ဟာ ညံ့​ဖျင်း​ပြီ ကမ္ဘာ​ကို အကျိုး​ထူး​စေ​မယ်​ဆို​တဲ့ ရည်​ရွယ်​ချက်​က​သာ အောင်မြင်​စေ​နိုင်​တယ်​လို့ ယုံကြည်​ထား​သူ ဖြစ်​ပါ​တယ်။ ယနေ့​အချိန်​ထိ​လည်း အောင်မြင်​လျက်​ရှိ​နေ​တဲ့ HTC ဟာ မြန်မာ​ပြည်​ဖွား ဦး​ဝင်း​သန်း​ခေါ် ပီ​တာ​ချူး​က ဦးဆောင်​လုပ်ကိုင်​နေ​တာ​ဟာ ဂုဏ်​ယူ​စရာ​ဖြစ်​ပါ​တယ်။ ​၃​၃ နှစ်​ကြာ​ပေ​မဲ့ မြန်မာ​ပြည်​ကို မ​မေ့​ပါ​ဘူး။ ပီ​တာ​ချူး​ရဲ့ ငယ်​သူငယ်ချင်း​များ​က​လည်း မြန်​မာ့ အိုင်​တီ​လောက​မှာ အောင်မြင်​နေ​ကြ​ပါ​တယ်။ MCPA ဥက္ကဌ ဦး​သောင်း​တင်​ဟာ ပီ​တာ​ချူး​ရဲ့​ငယ်​သူငယ်ချင်း ဖြစ်​ပြီး မြန်မာ​ပြည်​လာ​ရောက်​ရန် ဖိတ်ကြား​မှု​ကို လက်ခံ​ခဲ့​ပါ​တယ်။ မြန်မာ​ပြည်​ရောက်​ရောက်​ချင်း မြန်မာ​စကား ပြော​ဖို့ ခဲယဉ်း​ပေ​မဲ့ မန္တလေး​မှာ တစ်​ပတ်​သွား​ရောက်​နေထိုင်​ပြီး​နောက် ဗမာ​လို အဆင်​ချော​စွာ​ပဲ ပြောဆို​နိုင်​ခဲ့​ပါ​တယ်။ တွေ့​ဆုံ​ဆွေးနွေး​ပွဲ​မှာ​လည်း မေးမြန်း​သူ​များ​ကို မြန်မာ​လို​ရော၊ အင်္ဂလိပ်​လို​ပါ ပီပီ​ပြင်​ပြင်​ဖြေ​ကြား​ခဲ့​တဲ့ ဦး​ဝင်း​သန်း​ကို လာ​ရောက်​သူ ဧည့်သည်​များ လေးစား​ခဲ့​ရ​ပါ​တယ်။ ဆွေးနွေး​ပွဲ​မှာ သူ့​ဘဝ​အ​တွေ့​အ​ကြုံ​များ​ကို အထက်​ပါ​အတိုင်း ရှင်းလင်း​ပြော​ကြား​သွား​ခြင်း​ဖြစ်​ပါ​တယ်။ မြန်မာ​ပြည်​မှာ​လည်း သူ့​လို အောင်မြင်​တဲ့ အိုင်​တီ​လောက​သား​များ ပေါ်ထွက်​လာ​ဖို့​မျော်​လင့်​ကြော​င်း ပြော​ကြား​ခဲ့​ပါ​တယ်။ ပီ​တာ​ချူး​ဟာ သူ​အောင်မြင်​မှု​ရ​ရှိ​ဖို့​အတွက် ကိုင်ဆွဲ​ထား​တဲ့ ဆောင်​ပုဒ်​များ​ကို ရှင်းလင်း​ပြော​ပြ​ခဲ့​ပါ​တယ်။ အချက်​၃ ချက်​ရှိ​ပြီး Passion, Fearless နှင့် Vision ဖြစ်​ပါ​တယ်။ “လူ​တိုင်း​ဟာ သူ့​ဝါသနာ​ပါ​ရာ​သူ လုပ်ဆောင်​သင့်​ပါ​တယ်။ ကျွန်တော်​ဆို​ငယ်​ငယ်​က ​ဂီ​တာ​တီး​တာ​ဝါသနာ​ပါ​တယ်။ ရေကူး​တယ်။ သူငယ်ချင်း​တွေ​နဲ့​အတူ ဝါသနာ​ပါ​ရာ စိတ်​အပန်း​ဖြေ ကစား​ကြ​တယ်။ ဒါ​တွေ​ကို ချုပ်တည်း​မ​ထား​ရ​ပါ​ဘူး။ Innovation လုပ်​နိုင်​ဖို့ စိတ်​ကို လွတ်လွတ်​လပ်​လပ်​ထား​ဖို့​လို​ပါ​တယ်။ ဒါ​ကြောင့် လူ​တစ်​ယောက်​ဟာ အောင်မြင်​ဖို့​အတွက် Passion က အဓိက​ကျ​ပါ​တယ်။ နောက်​တစ်​ချက်​ကတော့ Fearless ပါ။ ဘာ​ကို​မှ ကြောက်ရွံ့​မှု​မ​ရှိ​ရ​ပါ​ဘူး။ လုပ်​ချင်​တာ​တွေ​ကို လုပ်​နိုင်​ရ​မယ်။ အခက်​အခဲ​တွေ​ဘယ်လောက်​ပဲ​ရှိ​ရှိ။ ပတ်ဝန်းကျင်​နဲ့​အခြေအနေ​ကြောင့် မိမိ​ရဲ့ ရည်​မှန်း​ချက်​တွေ ​ပျော​ပျက်​သွား​တာ​ဟာ အင်မတန်​ပျော့​ညံ့​မှု​ပါ။ မှား​တာ​ကို​လည်း မ​ကြောက်​ရ​ပါ​ဘူး။ လူ​တိုင်း​အမှား​လုပ်​ကြ​ပါ​တယ်။ အမှား​က​နေ​ပဲ သင်​ခန်း​စာ​ယူ​ရ​ပါ​တယ်။ မှား​တယ်​ဆို​တာ သ​ဘာ​ဝ​တရား​ပါ။ မှား​မှာ​ကြောက်​နေ​ရင်​ဘာ​မှ ဖြစ်လာ​မှာ​မဟုတ်​ပါ​ဘူး။ နောက်​တစ်​ချက်​က Vision။ ကျွန်တော် HTC စ​ထောင်​တော့ မူ​ဝါဒ​ခိုင်​ခိုင်​ထား​ပါ​တယ်။ ဒါ​ကတော့ က​မ္ဘာ့​အဆင့်​မှီ (World Class) ကို​ပဲ တီထွင်​ဖန်တီး​မယ်​ဆို​တာ​မျိုး​ပါ။ အဆင့်​နိမ့်​ပစ္စည်း​များ ထုတ်​လုပ်​ဖို့ လုံး​ဝ​စိတ်​မ​ကူး​ခဲ့​ပါ​ဘူး။ ဒါ​ကြောင့်​ပဲ အချိန်​တို​တွင်း​မှာ အောင်​မြင့်​တာ​ဖြစ်​ပါ​တယ်။ ကျွန်တော်​ကျောင်းသား​ဘဝ​က ဒီ​ဂျစ်​တယ်​ပညာ​ရပ်​ကို လေ့​လာ​သူ​နည်း​ပါ​တယ်။ ယင်း​ဒီ​ဂျစ်​တယ်​ပညာ​ကို ရွေးချယ်​လိုက်​တဲ့ ကျွန်တော့​ကို​တောင် လောင်​ပြောင်​ခဲ့​ကြ​ပါ သေး​တယ်။ သို့​ပေ​မဲ့ ဒါ​တွေ​ဟာ တစ်​နေ့​အောင်မြင်​မယ်​ဆို​တာ​ကို ကြို​မြင်​ထား​တဲ့ ကျွန်တော်ဟာ HTC ကို အကောင်း​ဆုံး​လုပ်​နိုင်​ခဲ့​ပါ​တယ်။” အထက်​ပါ​အတိုင်း ပီ​တာ​ချူး​ဟာ သူ့​ရဲ့​ခံယူ​ချက်​ကို ပြောဆို​ခဲ့​ပါ​တယ်။ “မြန်မာ​ပြည်​အတွက်​ဆို ကျွန်တော်​ဘာ​မ​ဆို​လုပ်​ပါ့​မယ်။ နည်း​ပညာ​ဆိုင်​ရာ​ဖွံ့ဖြိုး​ဖို့​အတွက် ရင်းနှီး​ဖို့​အ​စီ​အစဉ်​တွေ​ရှိ​ပါ​တယ်။ ဒီ​တစ်​ခါ​လာ​ရောက်​တာ​ကတော့ လေ့​လာ​တဲ့​သဘော​ပဲ ရှိ​ပါ​သေး​တယ်။ ဘာ​မှ ရင်းနှီး​မြှုပ်​နှံ​ဖို့​မ​ရှိ​သေး​ပါ​ဘူး။ နေပြည်တော်​က အစိုးရ​အဖွဲ့​ဝင်​တွေ​ကို​လည်း သွား​ရောက်​တွေ့​ဆုံ​ခဲ့​ပြီး​ပါ​ပြီ။ HTC လာ​ရောက်​ရင်းနှီး​မြှုပ်​နှံ​ဖို့​ကို ကြိုဆို​တာ​တွေ့​ရ​တဲ့​အ​တွ​က အ​ထူး​ပင်​ဝမ်းသာ​ပါ​တယ်။ HTC ကို​မြန်မာ​ပြည်​မှ သိ​လောက်​မယ်​လို့ မ​ထင်​ခဲ့​ဘူး။ သို့​ပေ​မဲ့ HTC ဟာ မြန်မာ​ပြည်​မှာ​လည်း လူ​သိ​များ​တဲ့ Brand တစ်​ခု​ဖြစ်​နေ​တယ်​လို့ သိ​ရ​တဲ့​အတွက် ဝမ်းသာ​ပီ​တိ​ဖြစ်​ရ​ပါ​တယ်။ မြန်မာ​ပြည်​ရဲ့ နိုင်ငံ​ရေး​အရ​ပြောင်းလဲ​မှု​တွေ မြန်ဆန်​ပါ​တယ်။ ပြောင်းလဲ​မှု​တွေ​ဟာ အကောင်း​ဘက်​ဦးတည်​တဲ့​အတွက် ကျွန်တော်​တို့​လာ​ရောက်​ရင်းနှီး​လုပ် ကိုင်​ဖို့ ပိုမို​လွယ်ကူ​လာ​မှာ​ဖြစ်​ပါ​တယ်။ မြန်​မာ့​ဆက်​သွယ်​ရေး​နဲ့ ပူးပေါင်း​လုပ်ကိုင်​မည့်​အ​စီ​အစဉ်၊ မန္တလေး​မှာ HTC အ​ရောင်း​စင်​တာ ဖွင့်​လှစ်​မယ်​ဆို​တာ​တွေ​ကတော့ မဟုတ်​ပါ​ဘူး။ ကျွန်တော်​ပြော​သ​လို​ပဲ ဒီ​တစ်​ခါ​က Listen လာ​လုပ်​တဲ့​သဘော​ပဲ​ရှိ​ပါ​သေး​တယ်။ မြန်​မာ့​ကွန်ပျူတာ​နဲ့​ ွOS ​လောက​မှာ မြန်မာ input system ဖြစ်​ပေါ်လာ​ဖို့ HTC မှ ကြိုးစား​ပါ​မယ်။ ဒါ​ဟာ အင်မတန် အရေးကြီး​ပါ​တယ်။ မြန်မာ​စာ​စနစ်​ကို မြန်​မာ့​အိုင်​တီ​လောက​မှာ အ​လွယ်​တ​ကူ​သုံး​နိုင်​ဖို့​ဆို​တာ လို​အပ်​ပါ​တယ်။ ဒါ​ကို ကျွန်တော်​တို့​လုပ်​ဖို့ Plan ရှိ​ပါ​တယ်။ မြန်မာ​ပြည်​တွင်း​က ကွန်ပျူတာ​ပညာ​ရှင်​များ​နဲ့​လည်း ဆွေးနွေး​တိုင်ပင်​လျက်​ရှိ​ပါ​တယ်။ မြန်မာ​ပြည်​မှ​လူ​ငယ်​များ​အတွက် ဖောင်​ဒေး​ရှင်း​တစ်​ခု​ဖန်တီး​ပေး​ခဲ့​ပါ​တယ်။ ဒါ​ကတော့ စဉ့်​ကူ​ဖောင်​ဒေ​ရှင်း​လို့ အမည်​ရ​ပြီး မြန်မာ​လူ​ငယ်​တွေ​ကို Innovation မှာ ပါဝင်​လာ​နိုင်​ဖို့ မြေတောင်​မြောက်​ပေး​ပါ​မယ်။ ဒီ​အတွက် ကျွန်တော်​နဲ့ MCPA ဥက္ကဌ ကို​သောင်း​တင်​နဲ့​အတူ တိုင်ပင်​ဆုံးဖြတ်​ခဲ့​တာ​ဖြစ်​ပါ​တယ်။” ဟု ပီ​တာ​ချူး​ဟာ သူ​နေ​ခဲ့​တဲ့ တက္ကသိုလ်​အဆောင်​အမည်​ကို အမှတ်တရ​ဖြစ်​စေ​ပြီး စဉ့်​ကူ​လို့​အမည်ပေး​ခဲ့​ပါ တယ်။ တစ်​နှစ်​တစ်​ခါ ဖောင်​ဒေး​ရှင်း​အစည်းအဝေး​ကို​လာ​ရောက်​ဖို့​လည်း သဘောတူ​ကတိ​ပေး​ခဲ့​ပါ​တယ်။ တွေ့​ဆုံ​ဆွေးနွေး​ပွဲ​ဟာ နေ့​လည် ​၁​၁ နာရီ​ခွဲ​မှာ ပြီး​ဆုံး​ခဲ့​ပြီး MCPA မှ ပီ​တာ​ချူး​ကို အမှတ်တရ လက်ဆောင်​ပေး​အပ်ခဲ့​ပါ​တယ်။

No comments: