Saturday, February 15, 2014

ကားအကြောင်းသိကောင်းစရာများ စက်သုံးဆီချွေတာခြင်းဟာ ကားအတွက် ကုန်ကျစရိတ်လျှော့ချခြင်းရဲ့ အဓိကအချက်ဖြစ်တယ်ဆိုတာ အားလုံးသိကြပြီး ဖြစ်ပါတယ်။ အသုံးစရိတ်လည်းချွေတာရင်း ကားကြံ့ခိုင်မှုလည်းပြုလုပ်ပြီးသားဖြစ်မယ့် တစ်ချက်ခုတ်နှစ်ချက်ပြတ်နည်းလမ်းလေးတွေကို ဝေမျှချင်ပါတယ်။ ၁) ကားကိုဝိတ်လျှော့ပေးပါ ဆီစားသက်သာအောင်လုပ်ဖို့ရာအတွက် အဓိကအရေးအကြီးဆုံးအချက်ကတော့ ကားရဲ့အလေးချိန်ပဲဖြစ်ပါတယ်။ ဒါကြောင့် ကားထုတ်လုပ်သူတွေဟာ ၄င်းတို့ရဲ့ကားတွေထုတ်လုပ်ရာမှာ ဆီစားသက်သာအောင် ကားရဲ့ အလေးချိန်လျှော့ချထုတ်လုပ်နိုင်ဖို့ကို အစွမ်းကုန်ကြိုးစားကြပါတယ်။ သင်လည်း သင့်ကားထဲက မလိုအပ်တဲ့ပစ္စည်းတွေကို အပြင်ထုတ်ထားလိုက်ပါ။ ၂) တာယာကိုနားလည်ပါ တာယာလေပေါင်ချိန် ကို မကြာခဏစစ်ပေးပါ။ တကယ်လို့များ လေလျော့နေမယ်ဆိုရင် ကားဘီးလည်ဖို့ရာအတွက် engine RPM (revolutions per minute) ကိုမြှင့်လိုက်ရတဲ့အတွက် ဆီစားတော့မှာ သေချာပါတယ်။ ဒါကြောင့်မို့လို့ သင့်ရဲ့ကားတာယာလေဖိအားကို မကြာခဏစစ်ပေးဖို့ လိုအပ်ပါတယ်။ ကားဘီးလေပေါင်ချိန်အပြင် တာယာအခြေအနေကို သတိပြုဖို့လည်း လိုအပ်ပါတယ်။ ကွန်ကရစ်ခင်းလမ်းတွေမှာမောင်းတာများမယ်ဆိုရင် တာယာတွေမြန်မြန်ပါးကုန်မှာ အသေအချာပါပဲ။ ၃) လေအေးပေး လေစစ်ကို ပုံမှန် စစ်ဆေး လဲလှယ်ပါ လေအေးပေး လေစစ်ဆိုတဲ့ အတိုင်း သူ့ရဲ့လုပ်ဆောင်ပုံတွေကတော့ - လေစစ်ကနေ အင်ဂျင်ကိုလေအေးမှုတ်ပေးပါတယ်။ လေစစ်မှာ ဖုန်တွေနှင့် ပိတ်ဆို့နေတယ် ဆိုရင်တော့ အင်ဂျင်ကို မှုတ်ပေးတဲ့ လေအေးပမာဏလည်း လျော့နည်းလာပြီး အင်ဂျင်ရဲ့ လောင်စာဆီ စွမ်းဆောင်ရည် ကျဆင်းလာပါတယ်။ လေအေးပေး လေစစ်ကို ပုံမှန်စစ်ဆေးပေးသင့်ပြီး တစ်နှစ်တစ်ကြိမ် လဲပေးသင့်ပါတယ်။ ၄) Fuel injector ကို သန့်ရှင်းရေးလုပ်ပေးပါ ယနေ့ခေတ် ကားတော်တော်များများမှာ fuel injector ပါရှိပါတယ်။ အဓိက ကတော့လောင်စာမှာပါရှိတယ့် ကာဗွန်တွေကို fuel injector ရဲ့ ထိပ်မှာ စုစည်းထားဖို့ပါ။ ကား fuel injector တွေကို ပုံမှန် စစ်ဆေးလဲလှယ်သင့်ပါတယ်၊ ဓာတ်ဆီကားတွေ အနေနဲ့ကတော့ ၃ နှစ်တစ်ကြိမ် သို့မဟုတ် ကီလို ၆သောင်း မောင်းနှင်ပြီးတိုင်း စစ်ဆေးလဲလှယ် သင့်ပါတယ်။ ၅) Eco Mode ကို တွင်တွင်ကျယ်ကျယ် သုံးပါ Eco Mode ဆိုတာ ကားထဲမှာပါတဲ့ Electric Control Unit Program ပါ။ ကားရဲ့ အင်ဂျင်ပိုင်းအပြင် အခြား အစိတ်အပိုင်းတွေကိုလည်း ထိန်းချုပ်ပါတယ်။ Eco Mode ဖွင့်ထားရင် ကားရဲ့ အရှိန်ကိုထိန်းချုပ်ပေးမယ်၊ လောင်စာဆီ စွမ်းအင်ကိုလည်း သိသာစွာ လျော့ချပေးပါတယ်။ လူထူ ကားကျပ်တဲ့နေရာတွေမှာဆိုရင် Eco Mode က လောင်စာဆီဖိုးကို အကောင်းဆုံးချွေတာပေးပါလိမ့်မယ်။ Ref : KIA Myanma

No comments: