Saturday, February 15, 2014

နှစ်သစ်မှာ ပျော်ရွှင်စရာ နေ့ရက်တွေကို ပိုင်ဆိုင်စေမည့် နည်းလမ်းကောင်းတစ်ချို့ (၁) ကျန်းမာရေး ကောင်းအောင် ရေများများ သောက်ပါ။ (၂) မနက်စာကို ရှင်ဘုရင်လို စားပါ။ နေ့လယ်စာကို သူဌေးလို စားပြီး ညနေစာကို သူတောင်းစားလို စားပါ။ (၃) သဘဝအစား အစာများကို များများ စားပါ။ ထုတ်လုပ်စာများကို လျော့စားပါ။ (၄) အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် တွေးတော ဆင်ခြင်ပါ။ (၄) တရားထိုင်ပါ။ (၅) အားကစားလုပ်ပါ။ (၆) စာဖတ်ပါ။ (၇) တိတ်ဆိတ်ငြိမ်သက်ပြီး စိတ်ကို လန်းဆန်းစေမည့် နေရာမှာ တစ်နေ့ကို ၁၀ မီနစ်ခန့်လောက် နေပေးပါ။ (၈) တစ်နေ့ကို ၇ နာရီလောက် အိပ်ပေးပါ။ (၉) တစ်နေ့မှာ မီနစ် ၃၀ ခန့်လောက် လမ်းလျှောက်ပေးပါ။ လမ်းလျှောက်နေစဉ်မှာ ပြုံးပါ။ (၁၀) စိတ်တွေ အရမ်းမွမ်းကျယ်နေပြီး အလုပ်အတွက် ဘာမှ မကြံစည်နိုင်ဘူးဆိုလျှင် စိတ်ကို လန်းဆန်းစေမည့် ခရီးတစ်ခု ထွက်လိုက်တာဟာ အကောင်းဆုံး ဖြစ်ပါတယ်။ (၁၁) အလုပ်ကို ပုံမှန်လုပ်ပါ။ ဒီနေ့နည်းနည်းလုပ်ပြီး နောက်နေ့ အများကြီး လုပ်တာမျိးကို ဖြစ်နိုင်ရင် ရှောင်ပါ။ (၁၂) အချိန်တိုင်းကို တန်ဖိုးရှိစွာ အသုံးချပါ။ (၁၃) တစ်ပါးသူ အောင်မြင်တာကို မြင်လျှင် မနာလို မဖြစ်ပါနဲ့။ မိမိကိုယ်တိုင် ကြိုးစားပါ။ (၁၄) သူငယ်ချင်းတွေ အပေါ်မှာ အနစ်နာခံပါ။ ထိုသို့ အနစ်နာခံခြင်းကြောင့် သင့်မှာ ပျော်ရွှင်မှုတွေကို ပိုမိုရရှိစေနိုင်ပါတယ်။ (၁၅) ဘဝဟာ အလွန်တိုပါတယ်။ ဒါကြောင့် အမုန်းပွါးမှုတွေကို လျော့ပြီး လူတိုင်းနှင့် တည့်အောင် ပေါင်းသင်း ဆက်ဆံပါ။ (၁၆) အရင်တုန်းက သူငယ်ချင်းတွေက ပေးခဲ့သော လက်ဆောင်တွေကို သိမ်းထားပါ။ ထိုလက်ဆောင်တွေက နောင်တစ်ချိန် သင့်ကို ပျော်ရွှင်ပါလိမ့်မယ်။ (၁၇) တစ်နေတာအတွက် များများပြုံးပါ။ များများ ရယ်ပါ။ (၁၈) အငြင်းအခုန် ဖြစ်လျှင် အလျော့ပေးပါ။ အလျော့ပေးခြင်းဟာ သင့်စိတ်ကို သက်သာစေပါတယ်။ (၁၉) အဝေးတစ်နေရာကို ရောက်နေလျှင် မိသားစုထံသို့ ဖုန်းခဏခဏခေါ်ပါ။ (၂၀) အတွေးအခေါ် ကောင်းတဲ့သူ ကောင်းသော အကြံဥာဏ်ပေးနိုင်သူ ထံမှ အကြံဥာဏ်ယူပါ။ (၂၁) ဖြစ်နိုင်လျှင် သူငယ်ချင်းတွေ အားလုံးကို အဆက်အသွယ်မပြတ် ပါစေနဲ့။ (၂၂) အချိန်ပိုတွေ သင့်မှာ ရှိတယ်ဆိုလျှင် အသက် ၇၀ ကျော် ဒါမှမဟုတ် အသက် ၆ နှစ်အောက် သူတွေနှင့် အတူနေပါ။ (၂၃) နေမကောင်း ဖြစ်လျှင် အလုပ်မလုပ်ပါနဲ့။ (၂၄) မှန်ကန်သော နည်းလမ်းတွေကိုသာ ကျင့်ကြံအားထုတ်ပါ။ ( ၂၅) မနက်ခင်း အိပ်ယာထသောအခါ သဘဝအလှများကို ကြည့်ရှုခံစားပါ။ ကျော်လင်းနိုင် (ရိုးရာလေး)

No comments: