Saturday, February 15, 2014

ဒီတစ်ခါတင်မယ့် အကြောင်းအရာကတော့... Honda Fit နှင့် Honda saloon များနှင့် အခြားသော saloon ကားငယ်တွေမှာ... Anti-lock brakes system (ABS) မီးလင်းရတဲ့ အကြောင်းရင်းတွေထဲမှာ... အဓိကကျတဲ့ အကြောင်းအရင်းတစ်ခုဖြစ်တဲ့... Wheel bearing ဟက်ဘောအကြောင်းဖြစ်ပါတယ်... ABS အလုပ်မလုပ်လို့ ABS မီးလင်းနေရင် ABS စနစ်ကနေပြီး အဓိကထိန်းချုပ်... အလုပ်လုပ်ပေးတဲ့... အရှိန်ပြင်းပြင်းမောင်းလာစဉ်မှာ ရုတ်တရက် ဘရိတ်အမြန်နင်းလိုက်သော်လည်း ကားကို ဘေး ဘယ်/ညာ မတိမ်းစောင်းသွားအောင်ထိန်းသိမ်းပေးခြင်း... ဘရိတ်မာစတာပန့်ဝါရှာ မကောင်းတော့၍ ဘရိတ်သိပ်မမိသောအခါများတွင်... ABS မှ ဘရိတ်ကူဖမ်းပေးခြင်း... Vehicle Stability Control (VSC) စနစ်အတွက် မိုးရေထဲနှင့်ရွံ့ဗွက်တောထဲတွင် ကားလမ်းချော်သည့်အခါ အလိုအလျောက် ထိန်းချုပ်ပေးခြင်း... Truth and Reconciliation Commssion System(TRC) စနစ်ဖြစ်သော... ဗွက်ထဲတွင်ကားရုန်းသည့်အခါ ဘီးတစ်ဘက်တည်းလည်နေပါက... လည်နေသောဘီးကို ဘရိတ်လိုသလောက်ဖမ်းပေးကာ... ဘီးဘယ်/ညာ ကို ပြိုင်တူရုန်းစေခြင်း... စသောစနစ်များလည်း အလုပ်မလုပ်တော့ပါ... ကျွန်တော်ပြင်ဖူးသော ဟွန်ဒါဖစ်နှင့် ဆလွန်းကားတော်တော်များများတွင်... ABS မီးလင်းရာတွင် စက်နဲ့ စစ်ကြည့်သောအခါ ဘယ်ဘီးက ABS ဆင်ဆာ အလုပ်မလုပ်ဟု ပြသော်လည်း...ABS ဆင်ဆာ မီးလိုင်းအကုန်ကောင်းနေပြီး... စက်နဲ့ ABS reset လုပ်သော်လည်းမရပါ...အပြစ်ရှာရအလွန်ခက်သော... အပြစ်ဖြစ်ပါသည်...ထိုအပြစ်မှာ ဆင်ဆာ မီးလိုင်းအားလုံးကောင်းနေပါက... ဟက်ဘောတွင်သာအဓိကဖြစ်ပါသည်...ယခုနောက်ပိုင်းလာသော ဖစ်နှင့် အခြားသောဟွန်ဒါနှင့် ဆလွန်းကားများတွင် ABS signal ring ကို... ဟက်ဘော သဲကာအဖုံးတစ်ဘက်တည်း(တစ်ဖက်သာပါပြီး အခြားတစ်ဖက်မှာ သံလိုက်မပါပါ)တွင် အားအလွန်နည်းသောသံလိုက်(magnet) ထည့်ကာ... ဆင်ဆာကို အလုပ်လုပ်စေပါသည်... ထိုအခါ သတိမထားမိသောအချို့ဝပ်ရှော့များတွင်...ဟက်ဘောကို ဆိုဒ်အားလုံး တူလျှင် ထည့်၍ ရသောကြောင့် သံလိုက် signal ring မပါသောဟက်ဘောများ ထည့်မိခြင်း...သံလိုက်ပါသော်လည်း မျက်နှာပြင်မှား၍ ထည့်မိခြင်းကြောင့်... ABS sensor ဆင်ဆာအလုပ်မလုပ်တော့သောကြောင့်... ABS စနစ်တစ်ခုလုံးအလုပ်မလုပ်တော့ပါ...ထိုအခါ အထက်ဖော်ပြပါ... ABS စနစ်ကထိန်းချုပ်ပေးသော VSC စနစ်နှင့် TRC စနစ်တို့လည်း အလုပ်မလုပ် နိုင်တော့ပါ...ထိုသို့ မဖြစ်စေရန် မော်ဒယ်မြင့် ဆလွန်းကားငယ်များ... ဗင်ကားငယ်များ...ဝက်စ်ဂွန်ကားငယ်များကို ဟက်ဘောလဲရာတွင်... (၁)သူ့ကားအမျိုးအစားအတွက် ထုတ်လုပ်ထားသော ဟက်ဘောကိုသာသုံးပါ (၂)မိမိကားအမျိုးအစားအတွက် ဟက်ဘောမရလျှင် ဆိုဒ်အားလုံးတူသော ဟက်ဘောကို သံလိုက်ပါမပါ လွှကျိုးပြားငယ်လေးဖြင့် သဲကာကိုကပ်စမ်းကြည့်ပါ (၃)သံလိုက်ပါသော ဟက်ဘောကို မျက်နှာပြင်မှားမထည့်မိစေရန် ဂရုပြုပါ... (၄)သံလိုက်ပါသော သဲကာမျက်နှာပြင်သည် ABS ဆင်ဆာရှိရာ အတွင်းပိုင်းဘက်ကိုသာထည့်ရပါမည်... (၅)ဟက်ဘောလဲရာတွင် ဘက္ထရီ အနုတ်ကြိုးကို ဖြုတ်ထားပါ... ထိုသို့ မဖြုတ်ထားပါက ABS မီးလင်းလာတတ်ပါသည်... စက်နိုးပြီး ABS မီးလင်းလာလျှင် ဘက္ထရီ အနုတ်ကြိုးကို ၁ မိနစ်ခန့်ဖြုတ်၍... ထားပြီးလျှင် ပျောက်သွားမည်...မပျောက်ပါက ကားမောင်းသွားလျှင် ၁ ကီလို ကျော်အတွင်းပျောက်ပါသည်(ဆင်ဆာနှင့် ABS မီးလိုင်းအပြစ်မရှိပါက) (၆)ပုံ (၅) တွင်ပါသော ABS signal ring အပြင်တွင်ပါသောကားငယ်များ... ဟက်ဘောသဲကာတွင် သံလိုက်ပါရန်မလိုပါ... ABS စနစ်ဟာ ကားတစ်စီးမှ ယာဉ်မောင်းသူအတွက် အန္တာရာယ်မှ... ကာကွယ်ပေးသော အရေးကြီးစနစ်တစ်ခုဖြစ်သဖြင့် အားလုံးသိရှိစေရန်... မျှဝေလိုက်ပါတယ်ခင်ဗျား... ပုံစာများ... ပုံ(၁)သံလိုက်သဲကာ signal ring ပါသော Honda Fit wheel bearing ဟက်ဘောအုံပုံ... ပုံ(၂)ဟက်ဘောတွင် သံလိုက်သဲကာပါသော မျက်နှာပြင်ဘက်အခြမ်းပုံ... ပုံ(၃)ဟက်ဘောတွင် သံလိုက်သဲကာမပါသော မျက်နှာပြင်ဖက်အခြမ်းပုံ... ပုံ(၄)ABS sensor ဆင်ဆာနှင့် Signal ring အလုပ်လုပ်ပုံ... ပုံ(၅)သံလိုက်သဲကာပါစရာမလိုသော Signal ring အပြင်တွင်ပါသော... ဟက်ဘောအုံပုံတို့ ဖြစ်ကြပါတယ်ခင်ဗျား... မင်ဘာများအတွက် ကျွန်တော်ဟာ တစ်ရက်ကို အနည်းဆုံး တစ်ပို့စ်တင်ချင် သော်လည်း...မနက်ပိုင်းတွင် ကျွန်တော့်ဝပ်ရှော့တွင် လုပ်ရပြီး... ညနေ ၅ နာရီကျော်တွင် ကျွန်တော့်ဆရာ၏ဝပ်ရှော့သို့ သွားကူပေးရခြင်း... အိမ်ပြန် ထမင်းစားပြီးချိန်တွင် ည ၁၁ နာရီခန့်ဖြစ်နေကာ...ပို့စ်တစ်ခုတင်ပြီးချိန် တွင် မနက် ၂ နာရီကျော်အထိ ဆက်တိုက်ဖြစ်နေသည့်အပြင် တောင်ပေါ်သို့ လည်းကားသွားပြင်ပေးရပါသောကြောင့် ပင်ပန်းလွန်း၍ ပို့စ်မတင်ဖြစ်သည်ကို နားလည်ပေးကြပါရန်နှင့် တင်စရာပို့စ်များရော ECU Wiring Diadram တွေနဲ့ အလုပ်လုပ်ပုံများကိုပါ အချိန်ရတိုင်းတင်ပေးပါ့မယ်ခင်ဗျား...

No comments: