Saturday, August 23, 2014

ဆေးနဲ့ တွဲဖက် မစားသင့်တဲ့ အစာများ

ဆေးနဲ့ တွဲဖက် မစားသင့်တဲ့ အစာများ လူတွေ အများ စုက ဆေးကို ဘယ်အ ရည်နဲ့ မဆို သောက်ရင် ပြီးရော ဆိုပြီး ဖြစ်သလို နေတတ် ကြပါ တယ်။ဒါပေမယ့် ဆေးတွေ မှာလည်း သူတို့နဲ့ တွဲဖက် စားမ သုံးသင့်တာတွေ ရှိပါတယ်။အဲဒါ တွေက တော့... ၁။ Grape Fruit Juice က ဆေးတွေကို ချေဖျက် စေပါ တယ်။ ၂။Orange , tomato Juice ပိုးသတ် ဆေး ပိဋိဇီဝ ဆေးကို ခန္ဒာက စုပ်ယူခြင်း ကို နှောက်ယှက် စေပါ တယ်။ ၃။ အစိမ်း ရောင်ရှိ ဟင်းသီိး ဟင်းရွက် (ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ကညွန့်...) စတာ တွေက vitamin-K ဓာတ်တွေ အများကြီး ပါဝင် ပါတယ်။vitamin-K များ တာက သွေးကြဲ ဆေးကို သောက်သူတွေ အတွက် နှောင့်ယှက်ပါတယ်။ ၄။ နို့ နဲ့ နို့်ထွက် ပစ္စည်း ဆိုရင် သံဓာတ်စုပ် ယူမှု နှောက်ယှက် စေတာကြောင့် သံဓာတ် အားဆေး နဲ့ သံဓာတ် ချို့တဲ့သူဟာ နို့ နဲ့ နို့ထွက် သောက်ရာ မှာ သတိထား သင့်ပါ တယ်။ ၅။ Fibers က ဆေးစုပ် ယူမှု ပြောင်းလဲ စေပါ တယ်။ဆေးတိုင်းနဲ့ မတွဲသင့်ပါ ဘူး။နှလုံးဆေး , Digitals ,Penicillin စတဲ့ ဆေး အချို့နဲ့ တွဲဖက် မစားသင့် ၆။ Coffee , Cola စတဲ့ ကာဖင်း ပါတဲ့ အစား အသောက်က ပန်း နာရင် ကျပ် ဆေး အာနိ သင်နဲ့ တူပါတယ်။asthma ဆေး ဖြစ်တဲ့ thephylline စတာ သောက်ရင် caffeine မသောက် သင့်ပါဘူး။နိုးကြား စေပါ တယ်။ဒါကြောင့် ဆန့်ကျင်ဘက် ဆေးတွေကို မသုံးသင့်ပါဘူး။ ၇။ Wine နဲ့ Cheese တွဲ ဖက်သောက်ရင် စိတ်ဓာတ် ကျရာမှာ သုံးတဲ့ Anti-depressant ဆေးရဲ့ မကောင်းတဲ့ အာနိသင် ထက်တောင် ပိုဆိုးနိုင် ပါတယ်။ အခန့် မသင့် ရင် အသက်တောင် သေစေ နိုင်ပါ တယ်။ ကဲ...ဘယ်လိုပဲ ဖြစ်ဖြစ် နော် ဆေးတွေကို ရေနဲ့ သောက်တာ အန္တရာယ် အကင်း ဆုံးပါပဲ...... health digest

Auto CAD သင်ကြားရေးစာအုပ်များစုစည်းမှု ( ၄ အုပ် )

Auto CAD သင်ကြားရေးစာအုပ်များစုစည်းမှု ( ၄ အုပ် ) ၁၀.စာအုပ်စဉ်ပြတိုက်Add PhotosTagEdit Auto CAD သင်ကြားရေးစာအုပ်များစုစည်းမှု ( ၄ အုပ် ) အတွဲလိုက်အဆက်သင်ကြားရေးစာအုပ်များဖြစ်ပါသည် ... သက်သက်စီမပာုတ်ပါ ... Credit To MM ITHELPER AUTO CAD ( အပိုင်း ၁ ) - http://adf.ly/cebaX AUTO CAD ( အပိုင်း ၂ ) - http://adf.ly/ceble AUTO CAD ( အပိုင်း ၃ ) - http://adf.ly/cebpZ AUTO CAD ( အပိုင်း ၄ ) - http://adf.ly/cebuA အပိုင်း (၄) မှာသင်ကြားရေး Video တွေပါ ၊ ပါပါတယ်

ချစ်သူအားရင်တုန်စေမည့်အနမ်း (၁၀)မျိုး

ချစ်သူအားရင်တုန်စေမည့်အနမ်း (၁၀)မျိုး လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျား/မ မရွေးအတွက် ရည်စူးပြီး ကောင်းရာညွှန်လက်လိုက်ပါတယ် :D (၁) ရေတံခွန်အနမ်း= ချစ်သူနဲ့တွေ့တဲ့အခါ တောင်အမြင့်ပေါ်က စီးကျလာတဲ့ ရေတံခွန်လို ချစ်သူ့ကိုယ်လုံးလေးကို ခပ်ကြမ်းကြမ်း ပွေ့ဖက်ထားပြီး အားပါးတရ တရစပ် နမ်းခြင်း။ (၂) ရွှင်ပျော်ပျော်အနမ်း= ချစ်သူ့ကိုယ်ပေါ်မှာရှိတဲ့ ယားတတ်တဲ့ နေရာတွေကို လက်ချောင်းလေးတွေနဲ့ တို့ဆိပ်ရင်း ရယ်ရွှင်လာ အောင်လုပ်ပြီးမှ နမ်းခြင်း၊ (၃) ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀အနမ်း= ချစ်သူရဲ့နှုတ်ခမ်းကို ငုံစုပ်ပြီး မနမ်းပဲ အပေါ်ယံနှုတ်ခမ်းသားလေးတွေအပေါ် လျှာဖျားလေးနဲ့ တို့ထိကလိ ပေးလျှက် နမ်းခြင်း၊ (၄) စွမ်းအင်ပြည့်အနမ်း= နှုတ်ခမ်းကို လုံးဝမထိမိစေပဲ ချစ်သူ့တစ်ကိုယ်လုံးကို ရင်ခွင်ထဲထည့်ကာ ချစ်သူ့ကျောပြင်ကို လက်ချောင်း များဖြင့် ပွတ်သတ်ပေးခြင်းဖြင့် နမ်းခြင်း၊ (၅) ရေခဲစိမ်အနမ်း= ပူအိုက်တဲ့ရာသီမှာ ချစ်သူနဲ့အတူ ရေခဲမုန့်စားခြင်းဖြင့်ဖြစ်စေ၊ အအေးသောက်ခြင်းဖြင့်ဖြစ်စေ၊ နှစ်ဦးစလုံးရဲ့ နှုတ်ခမ်းများကို အေးစက်အောင်လုပ်ပြီးမှ နမ်းခြင်း၊ (၆) မူဟန်ကြွယ်အနမ်း= ချစ်သူနဲ့အတူနေတဲ့အခါ အလျှင်စလိုမနမ်းမိစေပဲ ချစ်သူလိုလားမှန်းသိသည့်တိုင် မသိယောင်ဆောင်နေပြီး သူ့ဘက်က အငမ်းမရတောင်းတလာမှ နမ်းခြင်း၊ (၇) တူးတူပုန်းအနမ်း= ချစ်သူနဲ့ပြေးလွှားဆော့ကစားရင်း ကိုယ်အချင်းချင်းပွတ်သတ်ထိတွေ့စေပြီး ပျော်ရွှင်အူမြူးအောင်လုပ်ပြီးမှ နမ်းခြင်း၊ (၈) အာရှအနမ်း (သို့) မွှေးမွှေးပေးခြင်း= နှုတ်ခမ်းချင်းမထိစေပဲ ချစ်သူရဲ့ နဖူးပြင်၊ ပါးပြင်စသည်ကို မွှေးမွှေးပေးခြင်းဖြင့်နမ်းခြင်း၊ (၉) သကာစိမ်အနမ်း= ချော့ကလက်သကြာလုံးစသည်ကို တစ်ဦးပါးစမ်းထဲ တစ်ဦးပါးစပ်ဖြင့်ထည့်ပေးလျှက် အပြန်အလှန်နမ်းခြင်း၊ (၁၀) ငတက်ပြားအနမ်း= ချစ်သူနဲ့အတူ တွဲသွားတဲ့အခါ ပတ်ဝန်းကျင်လူ အခြေအနေကြည့်လျှက် လစ်ရင်လစ်သလို နမ်းခြင်း၊ ဟု အနမ်း (၁၀)မျိုးကို မှတ်သားရပါကြောင်း။ Credit - Original Writer

ကျရှုံးမှုကို စိန်ခေါ်မှုအဖြစ် အစားထိုးခြင်း

ကျရှုံးမှုကို စိန်ခေါ်မှုအဖြစ် အစားထိုးခြင်း +++++++++++++++++++++ လက်ရှိဆုံးရှံးသွားတဲ့ အခွင့်အရေးတစ်ခုအပေါ် ခံစားနေမယ့်အစား နောက်ထပ် ရရှိလာမည့် အခွင့်အရေးအတွက် စိန်ခေါ်မှုတစ်ခု အသွင် ပြောင်းလဲပစ်ကြရမည်။ ဘ၀မှာ ကြိုးစားမှုနဲ့ လိုက်ပြီး အခွင့်အလမ်းအသစ်တွေများစွာရောက်လာတတ်ပါတယ်၊ ဒါက ရှေ့ ဆက်ရင်ဆိုင်ဖို့  လက်တို့ လိုက်တာလည်း ဖြစ်သည်။ ဒါနဲ့ ပက်သတ်ပြီးတော့ ပြောစရာလေး တစ်ခုရှိလာပါသည်။ ဂျက်ဖရီအာချား( JEFFREY ARCHER)လို့ ပြောလိုက်တာနဲ့ သူ့ရဲ့တတိယ မြောက် KANE and ABLE ဆိုတဲ့စာအုပ်လေးကို မြင်မိမယ်ထင်ပါတယ်။ သူရဲ့ ပထမဆုံး နာမည်ကျော်စာအုပ်ကလေး ဖြစ်လာပုံဟာ တော်တော် စိတ်ဝင်စားဖို့ ကောင်းပါသည်။ ဂျက်ဖရီအာချားက သန်းကြွယ်သူဌေးပေါက်စလေးပါ။ ၁၉၇၃ ခုနှစ်၊ ကနေဒီယံကုမ္ပဏီမှာဒေါ်လာတစ်သန်းရင်းနှီးမြှုပ်နှံဖို့ စီးပွား ရေးနယ်ပယ်က မိတ်ဆွေတွေက သူ့ ကို တိုက်တွန်းကြသည်။ သူကလည်း ပွပြီဆိုပြီးတော့ ပိုင်ဆိုင်သမျှ ဒေါ်လာတစ်သန်းကို အကုန်လုံးကို အစုရှယ်ယာအဖြစ် ရင်းနှီးမြှုပ်နှံလိုက်ပါသည်။ နောက်တစ်နှစ်ခန့် ကြာတော့ " စကော့တကန်ယာ့ဒ် " စုံထောက်အဖွဲ့ ကြီးက တာဝန်ရှိတဲ့သူတွေ သူ့ ဆီရောက်လာပြီး 'လူကြီးမင်း မြှုပ်နှံရင်းနှီးထားတဲ့ အစုရှယ်ယာတွေ တစ်ပြားမှ တန်ဖိုးမရှိတော့ဘူး၊ အားလုံးအသုံးမကျတဲ့ စက္ကူစုတ်တွေ ဖြစ်ကုန်ပြီ ' လို့ ပြော ကြသည်။ ဒီလိုနဲ့ သူလည်း သန်းကြွယ်သူဌေးပေါက်စလေးဘ၀ကနေ ချူးတစ်ပြားမှမရှိတော့တဲ့ ဘ၀ကိုနေ့ ချင်း၊ ညချင်းကို ရောက်သွားပါ သည်။ လက်ရှိအချိန်မှာ သူက အင်္ဂလန်အောက်လွှတ်တော်ရဲ့ အသက်အငယ်ဆုံး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်ပါ သည်။ ထိုသို့ အလိမ်ခံရတဲ့ဂယက်ကြောင့် နောက်နှစ်မှာ သူ့ ကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှလည်း ရပ်နားလိုက်ရသည်။ ဒါပေမယ့် ဂျက်ဖရီအာချားကတော့ ဒါကို အဆိုးလို့ မမြင်ဘူး၊ အရှုံးမပေးဘူး။ မိမိစီးပွားရေးပါးမ၀လို့ သာ ခုလို အလိမ်ခံရတာပဲလို့  သဘောထားလိုက်သည်။ ဒါကို အကြောင်းပြုပြီး ' Not A Penny More, Not A Penny Less ' (မပိုကြေး၊ မလိုကြေး) အမည်ဖြင့် ၀တ္ထုတစ်ပုဒ်ရေးထုတ်လိုက်ပါသည်။ ဒီဝတ္ထုဟာ ၁၉၇၆ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ ဂျိုနေသန်ကိပ်စာအုပ်တိုက်မှ ထုတ်ဝေခဲ့ရာ ယနေ့ အထိ ရိုက်မလောက်ရောင်းတိုင်းစွံ နေတုန်းပါပဲ။ ဒီအချိန်ကစပြီး ဂျက်ဖရီအာချားရဲ့ဘ၀လည်း လုံးဝပြောင်းလဲပြီး သန်းကြွယ်စာရေးဆရာတစ်ယောက်အဖြစ်သို့ ရောက် ရှိသွားသည်။ ပြောချင်တာက ပြောင်းလဲလိုက်တဲ့အမြင်တစ်ခုဟာ ဘ၀ရဲ့စိန်ခေါ်မှုတစ်ခု ဖြစ်လာခြင်းဆိုတာလေးပါ။ ငွေတွေသန်းချီပြီး ရှုံးတာကို မခံစားဘဲ၊ အခြားအမြင်တစ်ခုကနေပြောင်းလဲပြီး မဆုတ်မနှစ်ကြိုးပမ်းအားထုတ်လိုက်တဲ့ ဂျက်ဖရီအာချားက ဒါကို သက်ပြေခဲ့တာပါ။ အခွင့်အရေးဆိုတာ တစ်ကြိမ်တည်းလာတာ မဟုတ်ပါဘူး၊ ကြိုးစားနေရင် အကြိမ်ကြိမ် ရောက်ရောက်လာပါသည်။ သို့ သော် အမြဲတမ်း တော့ ရောက်မလာဘူးပေါ့။ ရှုံးနိမ့်သွားတာ မပြစ်မဟုတ်ပါဘူး၊ ဆက်ပြိုင်လိုစိတ်မရှိတော့ခြင်းသာ အပြစ်ပါ။ လဲကျတာ အပြစ်မဟုတ်ပါ၊ ပြန်ပြီးမထတော့ခြင်းကသာ အပြစ်ဖြစ်ပါသည်။ ကျရှုံးမှုတွေကို အောင်မြင်မှုတဖြစ် ပြောင်းလဲလာအောင် စိန်ခေါ်မှုနဲ့ ပြောင်းလဲမြင်လိုက် ရအောင်ပါ။ (JEFFREY ARCHER ရဲ့ KANE and ABLE ကို မောင်ပေါ်ထွန်းဘာသာပြန်တဲ့ 'ကမ္ဘာရန်' စာအုပ်ထဲမှတစ်ချို့  ကောက်နုတ်တင်ပြ ထားပါသည်)
မြန်ဆန်လွန်းတဲ့ အင်တာနက်ခေတ်မှာ Q သောသူ နှင့် ချစ်သောသူကို ကွဲကွဲပြားပြား သိဖို့တော့လိုလိမ့်မယ်…. Q သောသူ - ညသန်းခေါင် မင်းဆီဖုန်းဆက်ပြီး ညဥ့်နက်သည်အထိ ဖုန်းပြောတတ်တယ်။ ချစ်သောသူ - သင့်ကို ညသိပ်မနက်ဖို့ပြောလိမ့်မယ်။ Q သောသူ - သူကမင်းကို လုပ်စရာရှိတာမလုပ် ခိုင်းဘဲ သွားလည်ဖို့ခေါ်လေ့ရှိတယ်။ ချစ်သောသူ - သူကမင်းကို အလုပ်ကောင်းကောင်းလုပ် ဖို့လောဆော်နေလိမ့်မယ်။ Q သောသူ - မင်းနေမကောင်းချိန်မှာ၊ နားဝင်ချိုတဲ့စကားတွေပြောပြီး မင်းကိုဂရုစိုက်ပြလိမ့်မယ်။ ချစ်သောသူ - မင်းနေမကောင်းချိန်မှာ၊ သူ့ဂရုစိုက်မှုတွေက စိတ်ရှုပ်လောက်အောင်ကို ရှိပြီး ဆရာဝန် အတင်းသွားကြည့်ခိုင်းတတ်တယ်။ Q သောသူ - သူကမင်းကို စကားအကောင်းတွေပြောပြီး မင်းရဲ.နှစ်သက်မှုကိုရယူဖို့ ကြိုးစားလေ့ရှိတယ်၊ မင်းကလဲဒါကိုဘဲ မွေ့လျော်နေတတ်တယ်။ ချစ်သောသူ - သူပြောသမျှစကားတွေက မင်းကိုဂရုစိုက်တဲ့စကားတွေဖြစ်ပြီး အများအားဖြင့် မင်းကို အမိန့်ပေးတာမျိုးနဲ့ပြောလေ့ရှိတယ်။ Q သောသူ - သူကမင်း အလိုကိုလိုက်တတ်ပြီး မင်းပျော်နေရင်ရပြီ။ ချစ်သောသူ - သူကမင်းကို အမှားအမှန်တွေ ခွဲခြားပြတတ်ပြီး မင်းကတော့သူ့ကို တော်တော်လျှာရှည်တတ်သူလို့ သတ်မှတ်တတ်တယ်။ Q သောသူ - သူကမင်းကို အပျော်ဆုံးပေးမယ်လို့ ပြောလေ့ရှိတယ်။ ချစ်သောသူ - သူကတော့ မင်းကို သူနဲ့အတူရှိနေခြင်းဟာ သူ့ရဲ. အပျော်ရွှင်ဆုံးအချိန်ဆိုတာကိုဘဲ ကတိပေးလိမ့်မယ်။ Q သောသူ - သူက မင်းရဲ. လှုပ်ရှားမှု အသေးစိတ်ကို သတိထားလိမ့်မယ်၊ မင်းမှားတာလုပ်မိရင်တောင် မင်းကို ထောက်ပြမှာမဟုတ်ဘူး။ ချစ်သောသူ - သူက မင်းရဲ. လုပ်ပုံကိုင်ပုံ ကို သတိထားပြီးဘယ်နေရာမှာ မှားနေလဲဆိုတာကို ထောက်ပြလိမ့်မယ်။ ဘယ်နေရာမှာ ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုလူတွေနဲ့ဆက်ဆံရမှာကို ပြောပြလေ့ရှိတယ်။ Q သောသူ - မင်းဘာလုပ်နေသလဲ၊ ဘယ်သူနဲ့ တွဲနေသလဲဆိုတာကို ဂရုစိုက်မှာမဟုတ်ဘူး။ ချစ်သောသူ - မင်းဘာတွေလုပ်နေသလဲ၊ ဘယ်သူနဲ့တွဲနေလဲ ဆိုတာကို အရမ်းအလေးထားတတ်ပြီး မင်းကို ဘယ်လိုလူတွေနဲ့ မပေါင်းသင့်ဘူးဆိုတာကို သတိပေးတတ်တယ်။ Q သောသူ - သူကအခုချိန်ကိုဘဲစဉ်းစားတယ်။ ချစ်သောသူ - သူကရှေ့ရေးကိုတောင်မျှော်မှန်းနေပြီး မင်းစိတ်ချမ်းသာအောင် ဘယ်လိုကြိုးစားရမလဲဆိုတာကို တွေးခေါ်တတ်တယ်။ Q သောသူ - သူက ငါမင်းကို ကြိုက်တယ်လို့ ပြောလေ့ရှိတယ်။ ချစ်သောသူ - သူကတော့ ငါမင်းကိုချစ်တယ် လို့ ပြောတတ်တယ်။ တကယ်လို့မင်းသာ တစ်ယောက်ယောက်ကို ချစ်ခဲ့ဖူးတယ် သို့မဟုတ် ချစ်ခံ ခဲ့ ရဖူးတယ်ဆိုရင်တော့ ဒီစာတွေဟာသိပ်ကိုမှန်ကန်တယ်လို့ ခံစားရပါလိမ့်မယ်။ Credit : HZ Zane

ကျောက်ကပ်ရောဂါအတွက် ဆေးတစ်လက်

ကျောက်ကပ်ရောဂါအတွက် ဆေးတစ်လက် ======================= လရောင်ရဲ့ ဖခင်ဟာ ကျောက်ကပ်ပျက်စီးသွားသောကြောင့် ကျောက်ကပ်တု သွေးသန့် စင်ခန်း မှာ သုံးရက်လျင် တစ်ကြိမ် ၅၀၀၀၀ ခန့်  ကုန်ကျ နေ ပါ တယ် ။ လေး ရက်မြောက် ဆေးမဲ့ နေ့  ညမှာ လုံးဝ အိပ်စက်ဖို့  အဆင် မပြေ ဖြစ်လာရှာ ပါတယ် အရမ်းအမော လာပါတယ် ။ ယ္ခု အခါ (ကုန်းကတက် ) ပင် ရဲ့ အခေါက်ကို သွေး ပြီး သံပုရာသီး အစစ်နဲ့ တစ်နေ့  တစ်ကြိမ် သောက်သုံး လာခဲ့ ရာ ခြောက်ရက်လျင် တစ်ကြိမ်သာ ကျောက်ကပ်ဆေး ခြင်း ပြုလုပ် နေရပြီး ညစဉ်တိုင်းမှာလည်း လုံးဝ မမော တော့ပါ ။ အခြားအမော ရောဂါသည် များလည်း သိသာစွာ သက်သာ လာပါတယ် ။ မန္တလေးတိုင်း အတွင်းမှာပင် ကျောက်ကပ် ပျက်စီးသူ ၁၀၀၀ ခန့် ရှိနိုင် ပြီး တစ်နိုင်ငံလုံး အတိုင်းတာဖြင့် ဆိုလျင် များစွာ ရှိနေပါလိမ့် မယ် ။ ထိုရောဂါ စွဲကပ်လာပါက မည်သူုမဆို တစ်လ လေးသိန်း ငါးသိန်းခန့်  ကုန်ကျပါမှ အသက်ရှင် နေထိုင်ခွင့် ရသလို မိသားစု လိုက် ဆင်းရဲမွဲတေ စေတဲ့ ရောဂါ တစ်ခု ဖြစ်ပါတယ် ။ သို့ ပါ သောကြောင့် ထိုဆေးနည်း ဖြင့် ဖြစ်ပြီးသား ဝေဒနာ ရှင်များ သက်သာ ပါစေကြောင်း နှင့် ဖြစ်ခါစ ဝေဒနာ ရှင်များ ပျောက် ကင်း ပါစေကြောင်း စေတနာ စစ်စစ်ဖြင့် ဖော်ပြ ပေး လိုက်ပါတယ် ။ ဖိုးလရောင်

AIDS ရောဂါပိုးကိုနိုင်သည့် တိုင်းရင်းဆေးနည်း

AIDS ရောဂါပိုးကိုနိုင်သည့် တိုင်းရင်းဆေးနည်း -------------------------------------------------------- ပြည်တွင်းမှာ AIDS လူနာ (ဆေးစစ်၍ သိရသူ) တသိန်းနှစ်သောင်းကျော် ရှိတဲ့အနက် ART (ဝေဒနာရှင်များအတွတ် ကမ္ဘာ့ ကျန်းမားရေးဌာနမှ အထူးထုတ်ထားသည့် ဆေး)မပေးနိုင်သူ နှစ်သောင်းကျော်ရှိနေတော့စိတ်ကျရောဂါဖြစ်ပြီး ဒီဆေးရတဲ့အထိစောင့်နေစရာမလိုပါဘူး။ ဒီရောဂါပိုးရှိနေတယ်လို့ သိရတဲ့သူတော်တော်များဟာ စိတ်ထိခိုက်ခြင်း-စိတ်ဓါတ်ကျခြင်းကြောင့် ရောဂါတွေတိုးလာကြတာများတယ်၊ တချို့ ဝေဒနာရှင်တွေဟာ ရှက်စိတ်နဲ့  တချို့ ကလည်း ဆေးရုံမှာဆေးမစစ်ရဲ့ ကြဘူး ဟိုရောဂါလို ဒီရောဂါလိုလိုနဲ့ အသေခံသွားကြတယ်။ ဒီလိုဘဲဆေးရုံက ဆေးကုသရင် စရိတ်တွေ အကုန်မခံနိုင်တဲ AIDS ဝေဒနာရှင်တဦးက ရောဂါ တနေ့ တခြားဆိုးလာလို့  သူမိသားစု တွေပြောရင်လဲ ၀ိုင်းပါယ်ကြမှာစိုးပြီး လူရှင်းတဲ့ ခြံတခုမှာ သေဘို့ ဆုံးဖြတ်ပြီး တဦးတည်း တဲထိုးနေရင်း လဲနေရင်း ရောဂါကလဲဖေါက်နေချိန်မှာ- အနာတွေပေါက်နေတဲ့ ခွေးပိန်ညောင် တကောင်ဟာ သူ့ အနားက ရှားဇောင်းပင်ကို လာကိုက်ပြီး ထွတ်လာတဲ့ အနှစ်တွေကို ရှာနဲ့လျှက်နေတာတွေ့ ရတယ်...။ ပြီးတော်ရှားဇောင်ပင်နားမှာဘဲ အိပ်နေတယ်၊သူလဲအားနည်းပြီး အိပ်ပျော်သွားခဲ့ပြီး နောက်တနေ့ မှာ ခွေးပိန်က လန်းလန်းဆန်းဖြစ်နေတာတွေ့ ရတယ် ပြည်တွေနဲ့ စိုနေတဲ့အနာတွေလည်းခြောက် သွားတယ်။အဲဒီဝေဒနာရှင် ဟာ ခွေးပိန်ရဲ့ ဆေးကုနည်းကိုအတုခိုးပြီး ရှားဇောင်းလက်ပတ်ပင်တွေ ကို နေ့ စဉ်မှီဝဲရာက ယနေ့ တိုင်းကျန်းကျန်းမာမာနဲ့  အသက်ရှင်နေပါတယ်။ အောက်မှာဖေါ်ပြထားတာကတော့ ဒေါက်တာဖြိုးသီဟဇော်ရဲ့  တိုင်းရင်းဆေးနဲ့ ကုတဲ့နည်း ++++++++++++++++++++++++++++++++++ ၁..။ ကျွန်တော်တို့ သိတဲ့ Aloevia ( ရှားစောင်းလတ်ပတ် ။ တစောင်းလတ်ပ် ) ပင်ဟာ ကိုယ်ခံအားတတ်စေတဲ့အကျိုးအာနီသင် အပြည့်ရှိတယ် လို့  နိုင်ငံတကာ ကလက်ခံယုံကြည် ထားပါတယ်..။ ဒီ ရှားစောင်းလတ်ပတ်ထဲက အသား ( ဂျယ်လီ တုံး ) ပုံလေးတွေကို ချစ် ယူပြီး သကြားနဲ့  အစိမ်းလိုက်ဖြော်ရည်လုပ်သောက် ခိုင်းထားတာတွေ့ ရပါတယ်....။ ဒီလို သောက်သုံး ချင်းအားဖြင့် ကိုယ်ခံအား ကို မြှင့် တင်ပေးပြီး.... အသားအရည်ကိုလည်း စိုပြည်စေတာတွေ့ ရှိရပါတယ် ခင်ဗျာ...။ ဒီလို လုပ်နည်းကို မြနှ်မာမှာသာမက အနောက်နိုင်ငံကြီးများ , Korea , Africa စတဲ့နိုင်ငံတွေမှာပါအခုလက်ရှိသုံးနေကြတာကို တွေ့ ရှိရပါတယ်ခင်ဗျာ........။ တစောင်းလက်ပတ်ဖျော်ရည်ကို တစ်နေ့ သုံးခွက် မှန်မှန်သောက်ပေးရင် CD4 Cell တွေပြန် တက်လာတဲ့လူနာတွေအခုမြန်မာနီင်ငံမှာလက်ရှိရှိနေပါတယ်ခင်ဗျာ....။နောက်တစ်ခုကတော့............................................. ၂ ။ ကြက်သွန်နီ ပါခင်ဗျာ..။ ဒီဟာကတော့ ကျွန်တော်သိတာ မကြာသေးပါဘူး...။ မြန်မာ့ ဆေးကျမ်း ထဲက တိုင်းရင်းဆေးဆရာကြီးတွေ သုံးခဲ့တဲ့နည်းလို့ ဆိုပါတယ်......။ ဒီ ကြည်သွန်နီနဲ့  ရောဂါ ပြင်းထန်ရာကနေ သက်သာသွားတဲ့လူတွေ ရှိနေတာအခု လက်ရှိမှာ တွေ့ နေရပါတယ်.........။ ဘာကြောင့်လဲဆိုတာ မသိပေမယ့် ....... AIDS ဖြစ်လို့  ကိုယ်ခံနာ မှာ ယားနာပေါက်တာ တွေ . ၀မ်းသွားတာတွေ . အနာဖြစ်တာတွေ . အားလုံး သက်သာပြီးပျောက်ကင်းသွားတာ တွေ့ ရှိနေရပါတယ်။လူလောကတစ်ခုလုံးက ကုသလို့ မရဘူးဆိုတဲ့ .....ဒီရောဂါ ဆိုးကြီးကို....( ကြက်သွန်နီ ) ဥ က သက်သာအောင်လုပ်ပေးတာ ကျွန်တော်လဲအစကမယုံပါဘူး....။ နောက်မှ ရောဂါရှင်ကိုယ်တိုင် လာပြောမှ သာလက်တွေ့ ယုံခဲ့ပါတယ်.......။ ၀မ်းသာစရာပါခင်ဗျာ....။ သုံးပုံသုံးနည်းက တော့ - ကြက်သွန်နီ ဥကြီး ၃ ဥလောက်ကိုနေ့ စဉ် အခွံနွာ ... ကြက်သွန်နီဘေးမှာရှိတဲ့ မိုမဲမဲလေးတွေကို ရေစင်အောင်ဆေးပြီး .....အရည်ရအောင် ထောင်းပါ ..။ ထောင်းတဲ့ ငရုပ်ဆုံ ကလည်း သီးသန့် ဖြစ်ဖို့ လိုပါတယ်...။သန့် ရှင်းရပါမယ် .....။ ရလာတဲ့ အရည်ကို ....တစ်နေ့  သုံးခွက်မှန်မှန် သောက်ပေးပါ.....။ ၁ လ အတွင်းမှာ ရောဂါသက်သာလာတာ .... လက်တွေ့ မြင်ရမှာပါ ခင်ဗျာ.....။ သောက်သုံးနေစဉ်အတွင်း ... ၃ . ၄ ရက် အတွင်းမှာ အရေပြားမွေးညှင်းလေးတွေထဲက နေ ရွ စိ ရွစီ နဲ့ ပိုးလေးတွေ ထွက်လာတယ်လို့  ဆေး ပညာရှင်တွေက ဆိုထား ပါတယ်.....။ ဆက်သာသောက်ပါ..။ စိုးရိမ်စရာမရှိပါဘူး ....။ နည်းနည်းတော့ အနံ့တော့ဆိုး မှာပေါ့ခင်ဗျာ........။ ရောဂါသက်သာသွားရင်လဲ နေ့ တိုင်းတစ်နေ့ သုံးခွက်သာပုံမှန် သောက်သွား ပါတဲ့.........။ သက်တမ်းစေ့အောင် ကျန်းမာစွာ နေနိုင်မှာ ဖြစ်ပါတယ်လို့  တိုင်းရင်းဆေးဆရာများက လက်တွေ့ ဆိုထားပါတယ် ။ Credit to Min Burma သက်ရှည်ကျန်းမာ www.facebook.com/pages/သက်ရှည်ကျန်းမာ/364484143692148