Sunday, August 3, 2014

Hyperthermia (ခန္တာကိုယ် အပူချိန် လွန်ကဲစွာမြင့်မားခြင်း)

ကျွန်တော် လွန်ခဲ့တဲ့ တစ်နာရီလောက်တုန်းက Hyperthermia (ခန္တာကိုယ် အပူချိန် လွန်ကဲစွာမြင့်မားခြင်း) ဆိုတဲ့ ဝေဒနာကို ရုပ်တစ်ရက် ရရှိခဲ့ပါတယ်။ တစ်ကိုယ်လုံး အသားတွေရော ရင်ဘတ်ထဲမှာ ခြစ်ခြစ်တောက် ပူလာတာကနေစတာပါဘဲ။ အဖျားတက်လို့ ကိုယ်ပူတာနဲ့ ဆင်သယောင်ယောင်ရှိပေမယ့် Hyperthermia က အဖျား ခေါ် Fever လို မခံစားရတဲ့အတွက် လူအများစု နားလည်မှုလွဲလေ့ရှိပါတယ်။ မြန်မာတွေက ကိုယ်ပူပြီဆိုရင် ဒါ ဖျားလို့ဘဲဆိုပြီး စောင်တွေ အနွေးထည်တွေ ထပ်ဝတ်ပေးကြလေ့ရှိပါတယ်။ အဲ့ဒါကြောင့် ဦးဏှောက်ရဲ့ အာရုံကြောတွေက အပူကို လုံးဝ ထပ် မခံနိုင်တော့တဲ့ အခါ သူ့ရဲ့ ရှိသမျှ ထိန်းချုပ်မှု စနစ်ကြီးတစ်ခုလုံးကို လူရဲ့ ဆန္ဒမပါဘဲ အရေးပေါ်ရပ်တန့်ပြစ်လိုက်တတ်ပါတယ်။ အဲ့ဒါကို Heat Stroke လို့ ခေါ်ပါတယ်။ မြန်မာတွေကတော့ အပူရှပ်တယ် လို့ ခေါ်တယ်ထင်ပါတယ်။ ဘာမှန်းမသိဘဲ ပူလိုက်တာ ပြောနေရင်း သတိလစ်ပြီး အသက်ပါပါသွားတာ အဲ့ဒါကြောင့်ပါဘဲ။ ကျွန်တော်က ကျမ္မာရေး နဲ့ ပါတ်သက်ပြီး စာတော်တော်များများဖတ်ထားတော့ စဖြစ်ဖြစ်ချင်း ကျွန်တော် Heat Stroke ရတော့မယ်ဆိုတာ ချက်ချင်းသိလိုက်ပါတယ်။ ကျွန်တော် ထိလိုက်မိတဲ့ တစ်ကိုယ်လုံးက အသားတွေတိုင်းဟာ ခြစ်ခြစ်တောက် ပူနေပြီ ဒါပေမယ့် အဖျားမိနေတဲ့ ခံစားချက်မျိုးမရှိပါဘူး။ ကျွန်တော့် အမြင်တွေ စမကြည်လင်တော့ပါဘူး။ လည်ချောင်းတွေ အရမ်းစခြောက်လာပြီး လူက မူးနောက်လာသလိုစဖြစ်လာပါတယ်။ ဒါနဲ့ ကျွန်တော် Thermometer လေး နဲ့ ကိုယ်ပူချိန်တိုင်းလိုက်တော့ 99.8F လောက်ဖြစ်နေပါတယ်။ ဒီအချက်တွေအားလုံးက ကျွန်တော် သိနေတဲ့ လက္ခဏာတွေဖြစ်နေတာမို့ ကျွန်တော် ချက်ချင်း အင်္ကျီတွေအားလုံး ချွတ်ပြီး ရေချိုးခန်းထဲကို ဝင်ပြီး ရေကို ခပ်နွေးနွေး ဆိုတာမျိုး မရှိတရှိ ချိန်လိုက်ပါတယ်။ ပြီးတာနဲ့ ရေအေးအေး (ရေခဲရေ လောက်မအေး) ကိုလဲ အများကြီး သောက်ပြီး ရေကို ခြေထောက်ကနေ ဖြေးဖြေးချင်း စလောင်းပါတယ် စစခြင်းတော့ မီးခဲကို ရေလောင်းသလို တွန့်ကနည်းဖြစ်သွားပေမယ့် ခံနိုင်လာပြီဆိုတာနဲ့ ရေကို ဒူးဆစ်ကနေ ပေါင် လက်မောင်း ရင်ဘတ် တို့ကိုဆက်လောင်းပါတယ်၊ ပြီးတော့ အပူဓါတ်အများဆုံးထွက်တတ်တဲ့ ဂျိုင်း နေရာမျိုးတွေကနေ ခေါင်းကို ဆက်လောင်းပါတယ်။ လောင်းနေရင် အပူရှိန်အသားကျလာတာနဲ့ ထပ် ထပ်ပြီး ဖြေးဖြေးချင်းပို အေးအောင် လုပ်ယူပါတယ်။ အဲ့လိုနဲ့နောက်ဆုံး ရေနွေးလုံးဝ မပါတော့တဲ့ထိ အေးသွားတာကို ခံနိုင်နေပြီဆိုတော့မှ ခေါင်းကိုလောင်းပြီး ရေထဲမှာ နာရီဝက်လောက်နေလိုက်ပါတယ်။ ဒီနေရာမှာ အရမ်းသတိထားရမှာက Body Heat ကို ဖြေးဖြေးချင်းဘဲ ပြန် လျှော့လို့ရတယ်ဆိုတာ မမေ့ဖို့ပါဘဲ။ ကိုယ်ခန္တာက အရမ်းပူနေတုန်း ရေခဲရေလို အေးစက်နေတဲ့ အပူချိန်နဲ့ ချက်ချင်း မထိတွေ့မိစေဖို့လိုပါတယ်။ အဲ့လို တဆင့်ချင်း မလုပ်ဘဲ ချက်ချင်း အရမ်းကွာနေတဲ့ အပူချိန်ကို ထိတွေ့လိုက်ရင်လဲ ဦးဏှောက်ဟာ Shock ဖြစ်ပြီး ရပ်တန့်သွားတတ်ပါတယ်။ ပြီးတော့မှ အဝတ်အစားပြန်လဲပြီး အပူချိန်ပြန်တိုင်းလိုက်တော့ 97.2F လောက်ထိ ပြန်ကျသွားပါတယ်။ ခု ထပ်တိုင်းတော့လဲ တူတူပါဘဲ။ မျက်စေ့တွေလဲ ပြန်ကြည်သွားပြီး အရေပြားတွေမီးလောင်နေသလို ခံစားနေရတာတွေလဲ မရှိတော့ပါဘူး။ မိတ်ဆွေတို့လဲ အရမ်းပူလွန်းတဲ့ အချိန်တွေမှာ ကျွန်တော်ဖြစ်သလိုတွေ သတိထားမိလာရင် အထက်ပါနည်းနဲ့ဘဲ မိမိအသက်ကို ကယ်တင်နိုင်တာ မှတ်ထားစေချင်ပါတယ်။ အားလုံး ကျမ္မာချမ်းသာကြပါစေ။ ထာဝရမေတ္တာဖြင့် မျိုးချစ်မြန်မာ

No comments: