Sunday, August 3, 2014
ခွဲခွါနေရခြင်းသည်အောင်မြင်မှုအတွက်
ခွဲခွါနေရခြင်းသည်အောင်မြင်မှုအတွက်
အားဖြစ်ပါစေ *
• ဘဝတိုးတက်ဖို့အတွက်
ကိုယ်ချစ်ရပါသော
မိဘ မိတ်ဆွေ ချစ်သူ ကြင်ဖော်
သူငယ်ချင်း များနဲ့ခွဲခွာနေရခြင်းဆိုတာ
လူတိုင်းကြုံဆုံနေရသော
လောကဓံတရားပါ ။
• အဲဒီ ဘဝတိုးတက်ဖို့အတွက်
ခွဲခွာနေခြင်းဆိုတာဟာ
အဆင်မပြေ မအောင်မြင်သေးတဲ့အခါ
ခါးသီးစရာကောင်းခဲ့ပေမယ့်
• အောင်မြင်မှုကိုဖွေ့ပိုက်ရလာလို့
ပြန်ဆုံရတဲ့အခါ
အလွန်ချိုမြိန်မှုကို
ခံစားလာရမှာပါ ။
• ဒါကြောင့်………
ဘယ်သူနဲ့ပဲ ခွဲခွါနေရပါစေ
အဲဒီ ခွဲခွါခြင်းကိုလိုက်ပြီးခံစားမနေပဲ
အောင်မြင်မှုအတွက်
အားအဖြစ်အသုံးချလိုက်ပါ ။
မေတ္တာဖြင့်
အရှင်ဇနက (မန္တလေးစာသင်သား)
by ပညာပေးသော စာသားများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment