Saturday, August 23, 2014
အင်ဂျင်အမျိုးအစားများ အပိုင်း(၂)
အင်ဂျင်အမျိုးအစားများ အပိုင်း(၂)
Turbocharged Petrol Engines
========================
သူကတော့ များသောအားဖြင့် ခရီးသည်တင် ဘတ်စ်ကားတွေမှာ အသုံးများတာ တွေ့နိုင်ပြီး ဒီအင်ဂျင်စနစ်က စွမ်းအင် ထုတ်လုပ်မှု ကောင်းမွန်တာကြောင့် အသုံးပြုတာ ဖြစ်ပါတယ်။ နောက်ပြီးတော့ အင်ဂျင်ရဲ့ အရွယ်အစား အလိုက် စွမ်းအင် ထုတ်လုပ်မှု ကောင်းမွန်တာကြောင့် ခရီးသည်စီး ကားတွေမှာ ဆိုရင် အင်ဂျင်ခန်း နေရာပိုမို ပေးစွမ်းနိုင်တာကြောင့် အင်ဂျင် အရွယ်အစား ကြီးကြီးမားမား ဖန်တီး တည်ဆောက်ပြီး တပ်ဆင်ထုတ်လုပ်လေ့ရှိတာ တွေ့ရပါတယ်။ ဒီနေရာမှာ Turbochargedစနစ်ရဲ့ သဘောက နေရာစား သက်သာပြီး စွမ်းအင် ထုတ်လုပ်မှု ပိုမို ကောင်းမွန်အောင် ရည်ရွယ်တာကြောင့်လည်း တကယ်လို့သာ Petrolအင်ဂျင် စနစ်မှာ Turboစနစ် မပါဘူးဆိုရုင် အခုထက်ကိုပဲ အင်ဂျင် အရွယ်က ပိုမို ကြီးမားအောင် ဖန်တီးရလိမ့်မယ်ဆိုတာကိုတော့ သိထားရမှာ ဖြစ်ပါတယ်။
အလွယ်ဆုံး ဥပမာ တစ်ခု ပေးရမယ် ဆိုရင် Porsche 944ရဲ့ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု စွမ်းရည်ရော၊ စွမ်းအင် ထုတ်လုပ်နိုင်မှု အပိုင်းမှာပါ သူက အင်ဂျင် အရွယ်သေးပြီး Turboစနစ် ပါဝင်တာကြောင့် သူ့ထက် အင်ဂျင် အရွယ်ကြီးမားတဲ့ Porsche 928လောက်ထိအောင် စွမ်းဆောင်ရည် ကောင်းမွန်တာကို တွေ့နိုင်တာပဲ ဖြစ်ပါတယ်။ နောက်ပြီးတော့ Turbochargingစနစ်က Superchargingစနစ်ထက် ထုတ်လုပ်မှု စရိတ် ပိုမို နည်းပါးတာကြောင့် Turboစနစ်က အသုံးများတာ ဖြစ်သလို Superစနစ်နဲ့ နှိုင်းစာမယ်ဆိုရင်လည်း အားသာချက် တစ်ချက်က အကျိုးသက်ရောက်မှု အပိုင်းမှာ ပိုမိုတာကြောင့် ကုမဏီ တော်တော်များများက သဘောကျ အသုံးများတာ တွေ့ရပါတယ်။ နောက်ပြီးတော့ လက်ရှိမှာ အိမ်စီးကားတွေမှာ အသုံးများတဲ့ Turboစနစ်ရဲ့ နောက်ဆက်တွဲ စနစ်တွေ ဖြစ်တဲ့ Twin-turboလို့ လူသိများတဲ့ biturboစနစ်နဲ့ Twin-scroll turboစနစ်တွေကလည်း ပုံမှန် Turboတွေထက် စွမ်းဆောင်ရည် ကောင်းမွန်သလို နေရာစားလည်း လျော့နည်းအောင် ဖန်တီးလာနိုင်တာ တွေ့ရပါတယ်။
ကောင်းပါပြီ၊ ကျွန်တော်တို့ ဆက်ပြီးတော့ Turbo Petrolစနစ်ရဲ့ သမိုင်းကြောင်းကို ဆက်ကြည့်ရအောင်ပါနော်။ ၁၉၆၂ခုနှစ်မှာ နာမည်ကျော် General Motorsက ပထမဆုံး Turbochargeredအင်ဂျင် စနစ်ကို ထုတ်လုပ်ခဲ့တာ တွေ့ရပြီး သူ့မှာ Oldsmobile Jetfireထည့်သွင်းတပ်ဆင်ထားတဲ့ Turbo Jetfireengineကို အသုံးပြု ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲဒီ ပထမဆုံး Turbpစနစ်မှာ စွမ်းအင် ထုတ်လုပ်မှု အပိုင်းက ပုံမှန်ထက် သိသိသာသာတိုးတက်ကောင်းမွန်လာတာ တွေ့ရပေမယ့် အင်ဂျင် အပေါ် ယု့ကြည်စိတ်ချရမှု အပိုင်းမှာတော့ အားနည်းတာ တွေ့ရသလို မထင်ရင် မထင်သလို မောင်းနှင်နေရင်းမှာကိုပဲ ရပ်တန့် ချို့ယွင်းတတ်တာကြောင့် ၁၉၆၃ခုနှစ်မှာ GMက လက်လျှော့ပြီး ထုတ်လုပ်မှုကို ရပ်နားလိုက်ပါတယ်။
အဲဒီနောက် ၁၉၇၃ခုနှစ် အရောက်မှာတော့ BMWက Turboစနစ်ကို ပြန်လည် အသက်သွင်းလာတာ တွေ့နိုင်ပြီး ၁၉၇၃ခုနှစ်အတွင်း ဖရန့်ဖတ်မှာ ကျင်းပခဲ့တဲ့ ကားပြပွဲမှာ ၂.၀လီတာသုံး ကုမဏီထုတ် Turboအင်ဂျင်ကို ထည့်သွင်းမိတ်ဆက်ခဲ့တာ တွေ့ရသလို အောင်မြင်မှု ရခဲ့ပေမယ့် ၁၉၇၃-၇၄ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ စက်သုံးဆီ အကျပ်အတည်းကြောင့် ၁၉၇၄ခုနှစ် အရောက်မှာ BMWရဲ့ အိပ်မက်လည်း ချုပ်ငြိမ်းသွားပြန်ပါတယ်။ ဒါပေမယ့် BMWရဲ့ လုပ်ငန်းတွေ ရပ်တန့်သွားပြီး ၁၉၇၄ခုနှစ်အတွင်းမှာပဲ ပြိုင်ဖက် Porscheက 911 Turboအမည်ရှိ အင်ဂျင် စနစ်တစ်ခုကို မိတ်ဆက်လာတာ တွေ့ရပြီး အောင်မြင်မှုတွေ ရရှိခဲ့သလို အဲဒီ အချိန်က 911 Turboက အမြန်ဆုံး စွမ်းဆောင်နိုင်တဲ့ အင်ဂျင် စနစ်လည်း ဖြစ်လာပါတယ်။
အဲဒီလို Porscheရဲ့ အောင်မြင်မှုက Turboစနစ်ကို အင်ဂျင်စနစ်တွေရဲ့ လောကထဲ တည်မြဲစွာ ရပ့်တည်နိုင်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ Saabကလည်း ၁၉၇၇ခုနှစ်မှာ Sabb 99အမျိုးအစား Turbochargedအင်ဂျင်ကို မိတ်ဆက် ထုတ်လုပ်လာတာ တွေ့ရသလို ၁၉၇၈ခုနှစ် အရောက်မှာ Buickကလည်း Buick Regal V6ကို Turboစနစ်သုံးပြီး ထုတ်လုပ်လာတာ တွေ့ရပါတယ်။
တစ်ဆက်တည်း အနေနဲ့ Turboစနစ်တွေရဲ့ နောက်ဆက်တွဲ စနစ်တွေ အကြောင်းကိုလည်း ပြောချင်ပါသေးတယ်။ ပထမဆုံး ပြောချင်တာကတော့ Twin-turboစနစ်တွေရဲ့ အကြောင်း ဖြစ်ပြီးတော့ သူက လွယ်လွယ် နားလည်အောင် ပြောရမယ်ဆိုရင် Turboစနစ်ကို ပုံမှန် တစ်ခုံးနေရာမှာ နှစ်လုံးထိုင်ပြီး တည်ဆောက်ထားတဲ့ စနစ် ဖြစ်ပါတယ်။ နောက်ထပ် စနစ်တစ်ခုက Parallelစနစ် ဖြစ်ပြီးတော့ အထိုင် ပုံစံမှာ Twinက နေရာ ရသလို ထိုင်တတ်ပေမယ့် Parallelကတော့ အပြိုင်ပုံစံထိုင်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ သူကတော့ V Seriesအင်ဂျင်တွေမှာ ထိုင်တတ်တဲ့ ပုံစံ ဖြစ်ပြီးတော့ Twinကတော့ ပုံမှန် ထိုးပြွန်အထိုင် အင်ဂျင် စနစ်တွေမှာ အသုံးပြုလေ့ရှိတာ တွေ့နိုင်ပါတယ်။
Sequentialစနစ်ကတော့ Twinစနစ်ရဲ့ နောက်ဆက်တွဲ စနစ် ဖြစ်ပြီးတော့ သူက Turboစနစ် နှစ်ခုလုံး အပြိုင် လည်ပတ် လုပ်ဆောင်တဲ့ စနစ်ဖြစ်ကာ စွမ်းအင် ထုတ်လုပ်မှု အားနည်းနေတဲ့ Turboစနစ်တစ်ခုက သူ့ထက် စွမ်းအင် ထုတ်လုပ်မှု အားကောင်းတဲ့ Turboစနစ်ကို ထောက်ပံ့ လုပ်ဆောင်ပေးတဲ့ စနစ် ဖြစ်ပါတယ်။ ဒါကြောင့် Sequentialစနစ်မှာက အင်ဂျင်ရဲ့ လည်ပတ်အား မြန်ဆန်စွာ မြှင့်တင်နိုင်တာ တွေ့ရသလို ကားရဲ့ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုလည်း ပုံမှန်ထက်ကောင်းမွန်တာ တွေ့ရပါတယ်။ နောက်ထပ် အမျိုးအစား တစ်ခုကတော့ Triple-Turboစနစ် ဖြစ်ပြီး သူက ထုတ်လုပ်သူ နည်းပါးတာ တွေ့ရပြီး BMWရဲ့ နာမည်ကျော် M3မှာ ဆိုရင် Turboစနစ်ကို သုံးလုံးထိအောင် အထိုင်ထားပြီး ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ နောက်ဆုံး ပြောရမယ့် အမျိုးအစားကတော့ Quad-Turboစနစ် ဖြစ်ပြီးတော့ သူကတော့ Supercarတွေမှာ တပ်ဆင်တာမျိုး တွေ့ရပြီးတော့ နာမည်ကျော် Bugattiရဲ့ W 16အင်ဂျင်တွေမှာ Quadစနစ်ကို တပ်ဆင်ထားတာ တွေ့ရပြီး Bugatti Veryon EB110ဟာဆိုရင်လည်း Quadစနစ်သုံး V12အင်ဂျင်တပ် မော်ဒယ် ဖြစ်ပါတယ်။
Turboစနစ်ကို မော်တော်ကား ပြိုင်ပွဲဝင် မော်ဒယ်တွေမှာလည်း ထည့်သွင်းသုံးစွဲတာ တွေ့နိုင်ပြီးတော့ ၁၉၇၀မော်ဒယ်နဲ့ ထုတ်လုပ်ထားတဲ့ Toyota 7မော်ဒယ်မှာဆိုရင် Twinစနစ်သုံး Turboကို ထိုင်ထားတဲ့ ပြိုင်ကားကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး နာမည်ကျော် F1လို ပြိုင်ပွဲတွေမှာလည်း ၁၉၇၇ခုနှစ်ကစပြီး ၁၉၈၈ခုနှစ်လောက်ထိအောင် Renault, Honda, BMWနဲ့ Ferrariတွေက Turboစနစ်သုံး ပြိုင်ကားတွေနဲ့ ယှဉ်ပြိုင်ခဲ့တာ တွေ့ရသလို နောက်ပိုင်းမှာ ပြိုင်ပွဲ အတွင်း Turboအင်ဂျင်တပ် စနစ်တွေ ဖယ်ထုတ်လိုက်ကာမှာ ပြိုင်ပွဲဝင်မှု ရပ်တန့်သွားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြောင်းလဲမှု တစ်ခုအနေနဲ့က ဒီနှစ်မှာ F1ပြိုင်ပွဲမှာ Turboစနစ်တွေ ပြန်လည် သုံးစွဲခွင့်ပြုလိုက်ပြီ ဖြစ်ပြီး နောက်ပိုင်းမှာ Turboစနစ်သုံးပြိုင်ကားတွေ ပြန်လည် မြင်တွေ့ရတော့မှာလည်း ဖြစ်ပါတယ်။ Rallyပြိုင်ပွဲတွေမှာတော့ Turboစနစ်က အရင်ကတည်းက အသုံးပြုခွင့်ပေးထားတာ ဖြစ်ပြီး ကန့်သတ်ချက် အနေနဲ့ ၂၀၁၂ခုနှစ်က နောက်ဆုံး ထုတ်ပြန်ချက် အရ ၃၄မီလီမီတာထက် မပိုတဲ့ Turboတွေ တပ်ဆင်ခွင့်ပေးထားတာ တွေ့ရပါတယ်။
လင်းလင်း (IA)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment