Sunday, August 3, 2014
ဆူနာမီ မလာခင် ဘာကြောင့် ပင်လယ်ရေ ရုတ်တရတ် ကျသလဲ ..?
ဆူနာမီ မလာခင် ဘာကြောင့် ပင်လယ်ရေ ရုတ်တရတ် ကျသလဲ ..?
မနေ့က ဂျပန် ဆူနာမီ ဗီဒီယိုကို share တော့ "ပင်လယ်ရေ ရုတ်တရတ် ကျရင် ဆူနာမီ ဒီလှိုင်း
ဝင်တက်ပါတယ် .." လို့ ရေးလိုက်မိတာ .. အဲဒါ ဘယ်သူမှ မမေးပါဘဲလဲ ကွကိုယ် ဂျောင်တော်
ကျောင်းသဂန်းကနေ ရသေ့စိတ်ဖြေ ပြန်ရှင်းလိုက်တယ် .. ဟဲ ဟဲ ...
ပင်လယ်တွင်း ငလျင် ဖြစ်တဲ့ နေရာ အထက်မှာ ပင်လယ်ရေဟာ ကန်တင်လိုက်သလို မို့မောက်
တက်သွားတော့ ပင်လယ်ကမ်းစပ်က ရေတွေကို ဆွဲယူလိုက်သလို ဖြစ်ပြီး ရေကျသွားပါ သတဲ့ ..
ပြီးတော့ မောက်တက်သွားတဲ့ ရေထုက ပြန်ပြီး အကျမှာ ဘေးကို တွန်းထိုးထွက်သွားတဲ့ ရေထုနဲ့
ကမ်းစပ်က ဆုတ်ဆင်းလာတဲ့ ရေထု ပေါင်းပြီး ဆူနာမီ ဖြစ်လာပါတယ် ... ( ပုံကို ကြည့်ရင် သိပြီး
သားကို ဆက် အာချောင်လိုက်အုံးမယ် )
လေကြောင့် ဖြစ်တဲ့ အလိမ့်လှိုင်းတွေနဲ့ မတူဘဲ ဆူနာမီဟာ ထုလိုက် လာတော့ တပေလောက်
အမြင့် ဆိုရင်ပဲ လူကြီး တယောက် ပစ်လဲပြီး မျောပါသွားနိုင်ပါတယ် .. ဒါကလဲ ဂျပန်မှာ ဆူနာမီ
မြောင်းအတု ဖန်တီးပြီး စမ်းသပ်တာကို တီဗွီမှာ ကြည့်လိုက်ရတာပါ .. တကယ့် ဆူနာမီ အစစ်က
ပိုပြင်းမယ် ထင်ပါတယ် ...
ဒါပေမဲ့ အဲဒီလို ပင်လယ်ရေ ကျတာကို သတိထားမိရင် ပြေးသာပြေးတဲ့ , အမြင့်ကို .. အနီးအဝေး
မူတည်ပြီး အနှေးအမြန် ကွာပေမဲ့ ပုံမှန်က ပြေးဖို့ အချိန်ရ , လွတ်နိုင်ခြေလဲ အများကြီး ရှိသတဲ့...
ဒါနဲ့ စကား ဖြတ်တော့မယ် ...
ဘိခ်ျ သွားပါတယ် ဆိုမှ ရေကြီး ထိုင်ကြည့်ပြီး ပင်လယ်ထဲ ဆင်းဖို့လဲ မမေ့နဲ့အုံးနော့ ...
ဘီယာလေး စုပ် ( သို့မဟုက် ) အုန်းရည်လေး စုပ် ( သို့မဟုက် ) ကြိုက်ရာသာ စုပ်ပြီး
ဖရန့်ဒ်များ
သက်တော် ရာကျော် ရှည်စေလိုကြောင်းရယ်နဲ့ ......။
Photoes : YAHOO ! JAPAN
Subscribe to:
Post Comments (Atom)
No comments:
Post a Comment