Sunday, August 3, 2014

ကင်ဆာရောဂါ တစေ့တစောင်း

ကင်ဆာရောဂါ တစေ့တစောင်း ( ၁ ) အသည်းကင်ဆာ ကင်ဆာနှင့်ပတ်သက်သည့် ရောဂါများထဲ့မှ အသည်းကင်ဆာအကြောင်းဦးစွာပြောကြားလိုပါသည်။အသည်းကင်ဆာဆိုတာ အရက်သောက်လို့ ပါဆိုပြီး တစ်ခုတည်းသော အကြောင်းအရာကို ကောက်ချက်ချလို့ မရပါဘူး လူတိုင်းနေစဉ်စားသုံးနေသော အစားသောက်တွေထဲ့မှ ကင်ဆာကိုဖြစ်ပေါ်သည့်အစားသောက်များကို စားသောက်နေခြင်းကြောင်းကို သတိမမူကြခြင်း တစ်ခုအဖြစ် လေ့လာတွေ့ ရှိသုံးသပ်မိပါသည် ။ အရက်သောက်သုံးသည့်သူများသည့် အ၀င်ကောင်းအောင်ဆိုပြီး အချိုရည်ရောနှောသောက်သုံးခြင်း ၊ ရေမနှောဘဲ အလွန်အကျွံသောက်သုံးခြင်း နှင့် အရက်ကို ရေလို့ သဘောထားပြီး သောက်သုံးနေပြီဆိုလျှင် သင့်အတွက် အသည်းကင်ဆာဖြစ်နိုင်စရာရာခိုင်နှုန်းပိုမိုများပြားလာပြီးဆိုတာကို ကြိုတင်အသိဝင်သင့်ပါတယ် ။ ကိုယ်တွင်းကလိစာတွေကောင်းမွန်စာအလုပ်မလုပ်တော့သည့်အခါ ကျန်းမာရေးဖောက်လာပြီးဆိုလျှင် ဆေးခန်းသွားဆေးကုရသည့်အခါကျမှသာ အလွန်နှောင်တတရား ရရှိပြီးအခါလွန်သည့်မိုးသည်းတော့မှ မိုးစိုတာကို မခံနိုင်အအေးပတ် နာမကျန်းဘ၀နှင့်သည်လိုအခါတွင်ဝယ် ရောဂါဆိုးကပ် အသက်တိုတောင်ကြပါတော့သည် ။ ဆေးရှိတယ်ဆိုတာနှင့်ကုသခြင်းထက် ကြိုတင်ကာကွယ်မှု့ ဖြစ်သာ ရောဂါဖြစ်ပွားစေသည့်အကြောင်းအရာများဖြစ်ပေါ်မှု့ နည်းပါးစေပါတယ်။ကင်ဆာဆိုသည့်ရောဂါဆိုတာလည်းကြိုတင်သိနိုင်သည့်အရာတစ်ခုမဟုတ်ပေမဲ့ ဖြစ်ပေါ်နေသည့်အချိန်ကာလကြာမြင့်လာပြီးဆိုမှသာလျှင် ရောဂါဗီဇက အတော်ပင်ဆိုးရွားတက်တာကိုလည်းဆေးပညာအသိရှိသူတွေ သိနေကြမယ်လို့ ပြောကြားလိုပါတယ် ။ အသည်းကိုဒုက္ခပေးသည့်အစားအစာတွေကတော့ အရက် ၊ ငရုတ်သီး ၊ မှိုတက်နေသော အစားအသောက် ၊ အာဆင်းနစ်များသော ရေ ၊ သံဓာတ်များသော အစားအစာ ၊ မကျက်သော အကင်အသားများ ၊ သန္ဒေတားဆေးလုံး ၊ ဆေးရွက်ကြီး ၊ မသန့် သောဆီ ( အကြိမ်များစွာကြော်လှော်နေသော ဆီ ) တို့ ဖြစ်ကြပါတယ် ။ မိန်းကလေးများသည့်အများအားဖြင့် စားသောက်သည့် အခါတွင် စပ်သော အရသာ ပိုမိုကြိုက်ခြင်းသည် အသည်းရောဂါဖြစ်ဖို့ အားပေးပါတယ် ။ အသည်းကိုထိခိုက်လာပြီးဆိုလျှင် ခံစားမှု့ ဝေဒနာလေးတွေ လူ့ အသည်းစကားပြောလာတက်ပါတယ် ညာဘက်နံရိုး အောက်ဘက်တွင် နာလာတက်ခြင်း ၊ အသည်းအရွယ်အစားကြီးလာခြင်း ၊ နေမထိထိုင်မသာတဖြေးဖြေးဖြစ်ပေါ်လာခြင်း ၊ အသားအရည်များ ၀ါလာခြင်း ၊ အားအင်ကုန်ခန်းခြင်း ၊ ပျို့ အန်လာခြင်း ၊ လေချုပ်ဝမ်းဗိုက်ကယ်လာခြင်း ၊ သွေးအားနည်း လာခြင်း နှင့် အကြောင့်မဲ့  ကိုယ်အလေးချိန်ကျဆင်းလာခြင်းတို့ ဖြစ်ပေါ်လာလို့ အသည်းစကားပြောလာ အသည်းအရောဂါ စလာတက်တာတယ် ဒီလိုဖြစ်ပေါ်နေခြင်း ကာလာကြာရှည်လာမယ်ဆိုလျှင် ပိုဆိုးလာတော့မယ်လို့  ပြောချင်ပါသည် ။ အသည်းစကားမပြောခင် ကြိုတင်ကာကွယ်ခြင်းသည့် ထိရောက်သော ကုသခြင်းပင်ဖြစ်ပါတော့သည် ။ ကင်ဆာဆိုသည့်ရောဂါဆိုး ကင်းဝေးကြပါစေ ….. Mg Mandalay ကင်ဆာရောဂါ တစေ့တစောင်း ( ၂ ) အဆုတ်ကင်ဆာ ရောဂါဖြစ်ပွားမှု့ အကြောင်းအရာများရှိနေပေမဲ့ အဓိကတော့ ဆေးရွက်ကြီးများပါသော ဆေးလိပ်သောက်သုံးခြင်းကြောင်း ဖြစ်ပွားမှု့ များပြားပါတယ် ။ မိမိကိုယ်တိုင်ဆေးလိပ်မသောက်သုံးပေမဲ့ အနီးနားတွင် ဆေးလိပ်သောက်သုံးကြောင့် ထွက်ပေါ်လာသော ဆေးလိပ်အခိုးအငွေ့ များကို ရှူရှိက်မိလျှင်လည်း အဆိုးတူ အချိုးတူ အဖြစ် ရရှိပါစေတယ် ။ ကလေးသူငယ်များ ကိုယ်ဝန်ဆောင်များနှင့် တစ်ခြား ရောဂါဝေဒနာခံစားဖြစ်ပေါ်နေသူများ အနေဖြင့် အထူးသတိထားသင့်ပါတယ် ။ ဘေးနားမှာ ဆေးလိပ်သောက်သုံးသူရှိနေလျှင် အဝေးတစ်နေရာသို့ ခေတ္တရှောင်ရှားနေလိုက်ပါ ။ ဆေးလိပ်သောက်သုံးစွဲလမ်းနေသူတစ်ဦးဖြစ်နေလျှင် နံနက်အိပ်ယာထထခြင်း မျက်စိဖွင့်လိုက်တာနဲ့ ညကသောက်ထားသည့် ဆေးလိပ်အတိုလေးကို ကောက်ယူဖွာသောက်သုံးကြခြင်းသည့် ပုံမှန်ဆေးလိပ်သောက်သုံးခြင်းထက် အဆများစွာ အဆုတ်ကိုထိခိုက်ပါစေတယ် ။ ဝေဒနာဖြစ်ပေါ်စေနိုင်သည့်ကိုပြောပြရင်ရင်ဖြင့် အသက်ရှူခြင်းဆိုင်ရာလမ်းကြောင်းမှ တစ်ဆင့် ဆင့်ပွားဖြစ်စဉ်များလည်းရှိပါတယ် ။ ရေဒီယိုသတ္တိကြွပစ္စည်းများကိုင်တွယ်သူ အနံ့ သက်ကို ရှူမိခြင်း ၊ အနံ့ အမွှေးကြိုင်ဆေးများကို နေ့ စဉ်ရက်ဆက်ပတ်ဖြန်းအလုပ်လုပ်ခြင်း ၊ ပိုးသတ်ဆေးသုံးစွဲခြင်းကို စနစ်မကျသုံးစွဲခြင်းကြောင့် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် အဆုတ်သို့ ဝင်ရောက်စွဲကပ်စေခြင်း ၊ တီဘီရောဂါ ဖြစ်ခဲ့ဖူးခြင်း ၊ ကဖင်းန်ပါဝင်သော အစားသောက်များကို များများမှိဝဲစားသောက်ခြင်း ၊ အရက်များခြင်း ၊ မာဂျရင်းန် ထောပတ် အပါအ၀င် အဆီအစားများခြင်း နှင့် ကင်ဆာဆေးများ သွင်းရခြင်း ( ဆိုက်ကလိုဖော့စ်မာမိုက်ဒ် ) စသည့်တို့ ကြောင့် အဆုတ်ရောဂါအဖြစ်မှ ပြင်းထန်ဆိုရွားလာစေသော ကင်ဆာသို့ ကူးပြောင်းဖြစ်ပေါ်စေပါတယ် ။ ရွှေလှော်ချက်ရာတွင် သုံးစွဲသည့် ငရဲမီးအငွေ့ များကို နေ့ စဉ်ရက်စက်ရှူမိပါက အဆုတ်လုပ်ဆောင်ချက် အားနည်းစေသည့်အပြင် ပြင်းထန်အဆုတ်ရောဂါ ဖြစ်ပေါ်စေပါတယ် ။ အဲလိုမျိုးကူးပြောင်းဖြစ်ပေါ်စေသည့် ရောဂါဝေဒနာရှင်တစ်ယောက်တွင် ရင်ဘတ်အောင့်အောင့်ခြင်း ၊ နောက်ကျောဖက် ကိုက်ခဲးလာခြင်း ၊ ခြေကုန်လက်ပန်းကျပြီး နုံးလာခြင်း ၊ ချောင်းဆိုးသည့်အခါ သွေးအမျှင်လေးများ သို့ တည်းမဟုတ် သွေးအဖတ်များအနေဖြင့် ပါလာခြင်း ၊ ရက်ရှည်အဖြစ်ချောင်းဆိုးနေပြီး ချောင်းဆိုးမပျောက်ခြင်း ၊ အသက်ရှုမ၀ခြင်း ၊ ရင်ကျပ်ခြင်းဖြစ်ပေါ်လာခြင်း ၊ အသံဝင်ပြီး မူလအသံလိုမျိုး မဟုတ်တော့ဘဲ အသံပြောင်းလဲလာခြင်း ၊ ကိုယ်အလေးချိန်ကျဆင်းပြီး အားနည်းလာခြင်း အနေဖြင့် ရောဂါ လက္ခဏာအနေဖြင့် ပြသလာပါတယ် ။ ဖုံအမှိုက်များ နှင့် ဓာတ်ငွေ့ လေများရှူမိသည့်အခါ ၊ ဌက်ပျောသီးကိုစားပေးသင့်သလို့  နှာခေါင်းပေါက်ကနေ ရေကိုလည်း ရှူသွင်းထုတ်လုပ်ပေးရပါမယ် ။ အသက်ရှူလမ်းကြောင်းဆိုင်ရာများကို သန့် ရှင်းမှု့ ဖြစ်ပေါ်စေပါသည် ။ အဆုတ်ရောဂါပြင်းထန်းလာနေပြီးဆိုလျှင် အသက်ရှူမ၀ မောဟိုက်လာ နာကျင်ကိုက်ခဲး ချောင်းဆိုးမပျက် အနေခက် ချွေးဇောပြန်လာ မူးမေ့လာ ခံရခက်ခက် ကင်ဆာဖက် လို့  ပြောကြားရင်း …. ကင်ဆာဆိုသည့်ရောဂါဆိုး ကင်းဝေးကြပါစေ ….. Mg Mandalay

No comments: