Saturday, August 23, 2014

ရှာရှာဖွေဖွေ အထွေထွေ ၂

ရှာရှာဖွေဖွေ အထွေထွေ ၂ ================= (1) လူတစ်ယောက်ဟာ မွေးစကနေ သေတဲ့အချိန်အတွင်း သူရဲ့ နှလုံးကနေ ဖြတ်စီးသွားတဲ့ သွေးပမာဏက စည်တိုင်ကီ (၁)သန်းလောက် ရှိတယ်တဲ့ (2) လူတွေရဲ့ အူမကြီးထဲမှာ ဘက်တီးရီးယား အမျိုးပေါင်း (400)ကကျော်လောက် ရှင်သန်နေထိုင်တယ်တဲ့ (3) ငှက်ပျောပင်ဟာ တကယ်တော့ မြက်ပင်အကြီးစားတွေတဲ့ သရက်ပင်တို့ မကျီးပင်တို့လိုပင်စည် မရှိဘူးတဲ့ (4) (1883)ခုနှစ်က ဂျာဗားကျွန်းနားက ပေါက်ကွဲတဲ့ မီးတောင်ရဲ့ အသံဟာ ဘယ်လောက်ကျယ်လဲဆို သြစတေးလျတိုက်ကနေတောင် ကြားရတယ်တဲ့ (5)လူတွေနဲ့ နွားတွေရဲ့ ကိုယ်ဝန်ဆောင်ချိန်က တူညီကြတယ်တဲ့ (6) Sloth ဆိုတဲ့ မျောက်က အစာစားပီးရင် အစာကျေဖို့(6)ရက် လောက်အချိန်ယူရတယ်တဲ့ (7) စစ်ဗိုလ်ကြီး နပိုလီယံဟာ အသက် (26)နှစ်နဲ့ အီတလီမှာရှိတဲ့ ပြင်သစ် စစ်တပ်ကြီး တစ်ခုလုံးကို အုပ်ချုပ်ခဲ့တာတဲ့ (8) ကမ္ဘာမှာ လတစ်စင်းပဲရှိပေမဲ့ ယူရေးနပ် ဂြိုတ်မှာ လ (၂၇) လုံးတောင်ရှိတယ်တဲ့ (9) ကမ္ဘောဒီးယားနိုင်ငံမှာရှိတဲ့ Tonel Sap ဆိုတဲ့ မြစ်ဟာ တစ်နှစ်မှာ ၆လ လုံးလုံး မြောက်ကနေတောင်ကိုစီဆင်းပီး ကျန်တဲ့၆လ မှာ တောင်ကနေမြောက်ကို စီးဆင်းတယ်တဲ့ (10) လူတွေရဲ့ အစာအိမ်က ၃ရက်ကို တစ်ကြိမ် အမြဲ အသစ်လဲတယ်တဲ့

No comments: