Sunday, August 3, 2014

Suspension System

လမ်းမျက်နှာပြင် အခြေအနေ အမျိုးမျိုးတွင် ကားတစ်စီးအား လမ်း အဆောင့်ဒဏ်၊ လူးလိမ့်လှုပ်ရှားမှုများ မှ သက်သာမှုရရှိစေရန်နှင့် ကားတစ် စီးတည်ငြိမ်စွာမောင်းနှင်နိုင်ရန်အ တွက် ဆပ်စပန်းရှင်းစနစ်က ဆောင် ရွက်ပေးသည်။ ဆပ်စပန်းရှင်းစနစ်တွင် ကား အလိုင်းမင့်စနစ်များပါဝင်သည်။ ဆပ် စပန်းရှင်းစနစ်ကောင်းမှ ကားတစ်စီး သည် အလိုင်းမင့်မှန်အောင်ချိန်နိုင် မည်။ အလိုင်းမင့်ကောင်းမှ စတီယာ ရင်ထိန်းချုပ်ရသည်မှာ ကောင်းမွန် မည်။ ထို့အပြင် တာယာဘီးပွန်းစားမှု သက်သာပြီး သက်တမ်းပြည့်တာရှည် ခံအသုံးပြုနိုင်မည်။ ကားတစ်စီးတွင် စနစ်တစ်ခုနှင့် တစ်ခုသည်ဆက်စပ် လျက်ရှိသည်။ ဆပ်စပန်းရှင်းစနစ်တွင် လေး များ၊ ကွိုင်စပရိန်များ၊ တောရှင်းဘား (Torsion Bars) များ၊ ချုပ်တန်းများ၊ ဘောလ်ဂျွိုင်းများ၊ ရာဘာဘွတ်များ၊ လေးပင်နှင့် လေခုံအထိုင်များ၊ ကွိုင် စပရိန်အထိုင်များ၊ ရှော့ဘား (Shock Absorber)များ၊ Strut Assembly များကို စနစ်တကျတပ်ဆင်ထားသည်။ လမ်းကောင်းတွင် ဆပ်စပန်းရှင်း အ စိတ်အပိုင်းများ ပွန်းစားပျက်စီးမှု နည်းပါးပြီး လမ်းဆိုး လမ်းညံ့များတွင် ဆပ်စပန်းရှင်းစနစ် ပျက်စီးမှုမြန်သည်။ ဆပ်စပန်းရှင်းစနစ်ရှိ အစိတ် အပိုင်းများ ပျက်စီးခြင်း၊ ပွန်းစားခြင်း ကြောင့် ၎င်းင်းစနစ်၏တာဝန်များ အ ပြည့်အ၀ မထမ်းဆောင်နိုင်လျှင် အ ခြားစနစ်များကိုလည်း ထိခိုက်သည်။ လမ်းအန္တရာယ်လည်းဖြစ်မည်။ ဆပ်စပန်းရှင်းစနစ်အား ပုံမှန် ပြုပြင်ထိန်းသိမ်းခြင်း ================================= (၁) တာယာပွန်းစားမှု ပုံမှန် မဟုတ်ပါက အောက်ပိုင်းစစ်ဆေးပြီး အလိုင်းမန့်ချိန်ကြည့်ပါ။ (၂) ခရီးမိုင် (၁၀၀၀၀) မောင်း ပြီးတိုင်း အောက်ပိုင်းစနစ်များကို ဆီ ထိုးပေးပါ။ (၃) ခရီးမိုင် (၂၀၀၀၀) မောင်း ပြီးတိုင်း ဘောလ်ဂျွိုင်း (Ball Joints) များကို စစ်ဆေးပါ။ (၄) ခရီးမိုင် (၂၀၀၀၀) မောင်း ပြီးတိုင်း စတီယာရင် Linkage အဆက်များ ချောင်ပြီး (Free Play) အလွတ်ကစားတတ်သည်။ စတီယာ ရင် Linkage များကိုစစ်ဆေးပါ။ (၅) ခရီးမိုင် (၂၄၀၀၀) ခန့်မောင်း ပြီးတိုင်း ရှေ့ဘီး ဟတ်ဘောလ်များ (Roller Bearing)ကို စစ်ဆေးပြီးဝိုင်း ဆီးအသစ်၊ အမဲဆီအသစ်လဲ ပေးပါ။ (၆) မိုင် (၂၀၀၀၀) ပြည့်တိုင်း နောက်ပိုင်း ဆပ်စပန်းရှင်း အစိတ် အပိုင်းများကို စစ်ဆေးပြုပြင်ပါ။ (၇) ခရီးမိုင် (၂၀၀၀၀) ခန့် မောင်းပြီးတိုင်း တာယာဘီးများကို ရှေ့ ^နောက်၊ ဘယ်^ညာလှည့်ပေးပါ။ (၈) ခရီးမိုင် (၇၅၀၀) ခန့် မောင်းပြီးတိုင်း တာယာများပွန်းစားမှု အခြေအနေကို စစ်ဆေးပါ။ ထူးခြား စွာ တာယာပန်းသားများပွန်းစားနေပါ က သင့်ကားအောက်ပိုင်းစနစ်တွင် အ ပြစ်ရှိနေသည်။ (၉) ခရီးမိုင် (၁၀၀၀၀) ခန့် မောင်းပြီးတိုင်း ပါဝါစတီယာရင်ကို စစ်ဆေးပါ။ ပါဝါဆီ ယိုစိမ့်မှုရှိ ^မရှိ၊ လျော့နည်းမှု ရှိ ^မရှိ စစ်ဆေးပါ။

No comments: