Saturday, August 23, 2014

သူဌေးဖြစ်မဲ့သူနှင့်သာမန်သူဟာ ဘာကွာခြားသလဲ။

သူဌေးဖြစ်မဲ့သူနှင့်သာမန်သူဟာ ဘာကွာခြားသလဲ။ ၁.သူဌေးဖြစ်မယ့်သူကတော့ လွတ်လပ်စွာ နေထိုင်နိုင်ဖို့အတွက် ပိုက်ဆံကို ရင်းနှီးပေမဲ့၊ သာမန်လူကတော့နောင်ရေးကိုတွေးပြီးပိုက်ဆံကိုစုလေ့ရှိတယ်။ ၂.သူဌေးဖြစ်မယ့်သူကတော့ကိုယ်အပေါ်ကျေးဇူးရှိတဲ့သူအတွက်ပိုက်ဆံကိုသုံးဖို့ မနှမြောပေမဲ့၊ သာမန်သူကတော့ စုထားတဲ့ပိုက်ဆံလေးကုန်သွားမှာကို စိုးရိမ်ပြီး နည်းနည်းပဲ သုံးလေ့ရှိတယ်။ ၃.သူဌေးဖြစ်မယ့်သူကတော့ဆုံးရှုံးသွားတဲ့ပိုက်ဆံကိုနောင်ပြန်ရှာရင်ရတာပဲလို့တွေးပြီး၊သာမန်သူကတော့ဆုံးရှုံးသွားတဲ့ပိုက်ဆံကိုတွေးပြီးရင်းတွေးလေ့ရှိတယ်။ ၄.သူဌေးဖြစ်မယ့်သူကတော့ပိုက်ဆံမရှိလဲဘဝကိုဘယ်လိုပျော်အောင်နေရမလဲဆိုတာကို နားလည်တယ်။ သာမန်သူကတော့ ပိုက်ဆံမရှိရင် ဘဝကို ပျော်ရွှင်အောင်နေလို့မရဘူးလို့ ထင်နေတတ်တယ်။ ၅.သူဌေးဖြစ်မယ့်သူကတော့အနာဂတ်မှာဝင်ငွေကိုပိုများအောင်ဘယ်လိုလုပ်မလဲကိုတာကို စဉ်းစားပြီး၊ သာမန်သူကတော့ အနာဂတ်မှာ ဝင်ငွေမရှိရင်ဘယ်လိုလုပ်မလဲဆိုတာကို တွေးနေတတ်တယ်။ ၆. သူဌေးဖြစ်မယ့်သူကတော့ ပိုက်ဆံကို ကိုယ့်ဟာကို ထိန်းသိမ်းရမယ်လို့ စဉ်းစားပြီးသာမန်သူကတော့ဘဏ်မှာထည့်ထားရင်စိတ်ချမ်းသာနေတတ်တယ်။ ၇.သူဌေးဖြစ်မယ့်သူကတော့ခရီးသွားရင်ခရီးမှာတွေ့ခဲ့တဲ့အတွေ့အကြုံအသစ်တွေကိုရှာတတ်ပေမဲ့၊ သာမန်သူကတော့ခရီးမှာနေစဉ်ဘဝကိုမေ့ပစ်ဖို့ကြိုးစားပါတယ်။ ၈. သူဌေးဖြစ်မယ့်သူကတော့ ကိုယ့်ရဲ့လုပ်ငန်းကိုအောင်မြင်မယ်လို့ ယုံကြည်ပြီး အလုပ်လုပ်ပင်မဲ့ သာမန်သူကတော့ ငွေစုစာရင်းထဲက စုစုပေါင်းငွေ အပေါ်မှာ ကိုယ့်ရဲ့တန်ဖိုးကို ဆုံးဖြတ်လေ့ရှိတယ်။ ၉. သူဌေးဖြစ်မယ့်သူကတော့ကျန်းမာရေးအတွက်စဉ်းစားပြီးသေသေချာချာ စားသောက်တတ်ပင်မဲ့၊ သာမန်သူကတော့ ပိုက်ဆံကိုချွေတာပြီး ဖြစ်သလို စားတတ်သည်။ ၁၀.သူဌေးဖြစ်မယ့်သူကတော့လူတွေအတွက်ဘာအကျိုးရှိအောင်လုပ်ရမလဲဆိုတာကိုစဉ်းစားပြီးသာမန်သူကတော့သူတပါးဆီကဘာကိုရမလဲဆိုတာကိုပဲ စဉ်စားလေ့ရှိ၏

No comments: