Sunday, August 3, 2014
ငြိမ်းအေးစွာနေထိုင်းခြင်း
ငြိမ်းအေးစွာနေထိုင်းခြင်း ))
ဘ၀မှာ ငြိမ်းအေးစွာနဲ့ နေရဖို့  လူတိုင်းမျှော်လင့်ကြတာချည်းပါပဲ။ ငြိမ်းအေးခြင်း၊ရိုးရှင်းခြင်းဟာ
ဘာနဲ့ မှ တန်ဖိုးမဖြတ်နိုင်တဲ့ လူသားတွေရဲ့ လိုအပ်ချက်တွေပါ။ ရုပ်ပိုင်း ဆိုင်ရာတွေကို လိုချင်
တပ်မက်နေခြင်းဟာ အပူသောကတွေကို အိမ်ထဲဖိတ်ခေါ်ခြင်း တစ်မျိုးခြင်းပါပဲ။ ပစ္စည်းဥစ္စာနဲ့ 
ငြိမ်းအေးချင်းဟာ ပြောင်းပြန်အချိုးကျပါတယ်။ ဥစ္စာတွေ ပေါများလာလေလေ၊ ပူလောင်လာလေ
လေ၊ ငြိမ်းအေးခြင်းကို လိုချင်လာလေလေ၊ ဥစ္စာပစ္စည်းတွေအပေါ် လိုချင်မှုနည်းလာလေလေ
ဖြစ်တယ်။ ဒါကြောင့် ငြိမ်းအေးခြင်းကို လိုချင်လာရင် လိုချင်တပ်မက်မှုနည်းပြီး ရောင့်ရဲတင်းတိမ်
တတ်တဲ့စိတ် မွေးမြူရမှာ ဖြစ်ပါတယ်။
မိမိမှာ ရှိနေတဲ့၊ မိမိမှာ ပိုင်ဆိုင်ထားတဲ့ အ၀တ်အထည်လေးတွေကိုပဲ၊ သန့် သန့် ရှင်းရှင်း၊တောက်
တောက်ပြောင်ပြောင်လေး ဖြစ်အောင် လျှော်ဖွတ်ပြီးဝတ်တတ်အောင်ကျင့်ကြံနေထိုင်ပါ။ အ၀တ်
အစားတွေအရမ်းဈေးကြီးပြီး သစ်လွင်နေဖို့ မလိုပါဘူး။ ကိုယ်မတတ်နိုင်တဲ့တန်ဖိုးမျိုးကို ရယူလို
စိတ်ရှိနေခြင်းဟာ ပူလောင်တယ်၊ သောကများတယ်။ ကိုယ့် ရှိတာလေးကို စမတ်ကျနေအောင်
ဝတ်တတ်ရင် လူအထင်မသေးပါဘူး။"အချိန်မှီချုပ် အစုတ်သက်သာ" ဆိုသလို ချုပ်ပြီးအဆင်ပြေ
ပြေလေး ၀တ်ရင်ရပါတယ်။ အဲ့ဒါ စိတ်ကို ငြိမ်းအေးစေပါတယ်။ ရှိတာလေးနဲ့ လှအောင်ဝတ်တတ်
ရပါမယ်။
အစားအသောက်ဆိုရင်လည်း ချွေတာစားသောက်ခြင်းဖြင့် စိတ်အေးချမ်းမှုကို ရယူနိုင်ပါတယ်။
ရရင်ရသလို ဗိုက်ရိုက်စားနေရင်တော့ ၀မ်းရေးအတွက် အမြဲပူလောင်နေတော့မှာပါ။ မိမိရဲ့ခန္ဓာ
ကို မညှင်းဆဲရာလည်းရောက်အောင်၊အဟာရလည်း ဖြစ်အောင်၊စည်းကမ်းတကျနဲ့ အကုန်ကျ
ပါသက်သာအောင် နေ့ စဉ်ရတဲ့ဝင်ငွေလေးနဲ့ လောက်ငှအောင် စားလို့ ရပါတယ်။ ဒီလိုဆို စား
ရေးသောက်ရေးလည်း နေ့ စဉ်နဲ့ အမျှ မပူမပင်ရတော့ဘူးဆိုရင် ၀မ်းမီးကို ငြိမ်းအေးစေပါတယ်။
ရတာလေးနဲ့ ဝအောင် စားတတ်ရပါမယ်။
ဘ၀မှာတွေ့ ကြုံခွင့်ရတဲ့ သူတွေဟာ ရှေးရေစက်ကြောင့်သာ မြစ်ထဲက ဗေဒါပင်လေးတွေလို
ပေါင်းစုံခွင့်ရကြတာပါ။ အတိတ်ကံ ကုန်ကြတဲ့အခါ ပြန်လည်ခွဲခွာကြရဦးမယ်လေ။ ဒါကြောင့်
တွေ့ ကြတဲ့ တခဏတာလေးမှာ လူဆိုးပဲဖြစ်ဖြစ်၊ လူကောင်းပဲဖြစ်ဖြစ်အဆင်ပြေအောင်ပေါင်း
သင်းတတ်ရပါမယ်။ မိမိက မေတ္တာထားရင် မိမိအပေါ်၌လည်း အရာအားလုံးက ငြိမ်းအေးစွာ
ရှိနေမှာပါ။ ဒါကြောင့်တွေ့ တဲ့သူနှင့်လည်း တည့်အောင်ပေါင်းရပါမယ်။
မိမိရဲ့ဘ၀ရှေ့ ရေးအတွက် အရပ်ဒေသမရွေး ခြေဆန့် ထုတ်ရပါတယ်။ ဒီလိုကူးသန်းသွားလာ
ကြတဲ့အခါ တစ်ခဏတာရှိသလို၊ တစ်ဘ၀စာလောက် ကြာသွားတဲ့သူတွေလည်း ထုနဲ့ ဒေးပါ။
ကိုယ့်အတွက် ဘ၀အာမခံချကခ်ပေးနိုင်မယ့် နေရာမျိုးဖြစ်တဲ့ အလျောက် အရေးပါတယ်လို့ 
ဆို ရမှာပါ။ ပျော်ရာမှာမနေ တော်ရာမှာနေ ဆိုတဲ့အတိုင်းပဲ မိမိသွားရောက် လုပ်ကိုင်ရတဲ့အ
ရပ်ဒေသကို မိမိရဲ့မွးရပ်မြေလို့ သဘောထား လုပ်ကိုင်မှ အဆင်ပြေမှာပါ။ ဒါမှလည်း စိတ်အေး
ချမ်းစွာနဲ့ အလုပ်ကို အောင်အောင်မြင်မြင်လုပ်နိုင်တော့မှာပါ။ ရောက်တဲ့အရပ်မှာ ပျော်အောင်
နေတတ်ရပါမယ်။
အထက်ပါ အချက်ကလေးတွေဟာ သာမန်အားဖြင့်ဘ၀ပျော်အောင်နေနည်းအတွက် အခြေ
ခံ ကျတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီအခြေခံကျတဲ့အချက်ကလေးတွေကနေ အားယူပြီး
ကြိုးစားသွားမယ်ဆို လောကကြီးဟာ ပျော်စရာကောင်းနေပါလိမ့်မယ်၊ စိတ်ချမ်းသာစရာသိပ်
ကောင်းနေပါ လိမ့်မယ်၊ မိမိ စိတ်ထဲမှာလည်း ငြိမ်းအေးနေပါလိမ့်မယ်။ ဒါကြောင့် ပြောချင်ပါ
တယ်၊ မိမိရဲ့ အေးချမ်းမှုကို မိမိကိုယ်တိုင်ပဲ ရှာယူတတ်မှ ရပါလိမ့်မယ်။ ငြိမ်းအေးစွာနဲ့ နေထိုင်
သွားချင်ရင် ရောင့်ရဲတတ်တဲ့စိတ်ကို မွေးမြူဖို့ အထူးလိုအပ်လှပါတယ်။
True Man
Subscribe to:
Post Comments (Atom)
No comments:
Post a Comment