Saturday, August 23, 2014

ပျားရည်ကို ဘာကြောင့် မှီဝဲသင့်သလဲ

ပျားရည်ကို ဘာကြောင့် မှီဝဲသင့်သလဲ ဘယ်လိုရောဂါတွေ အတွက် ကောင်းပါသလဲ ပျားရည်ဟာ ကြာရှည်ခံသော အစားအစာ ဖြစ်ရုံတင် မကဘဲ ဆေးဘက် ဝင်သော အရည်တစ်မျိုး ဖြစ်ပါတယ်။ အထူးသဖြင့် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင် ရုံတင်မကာဘဲ အခြားသော ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ပျားရည်ဟာ ချိုမြိန်သော အရသာ ရှိသည့်အတွက် လူတိုင်းကြိုက်နှစ် သက်လို့ မှီဝှဲရန် အဆင်ပြေတဲ့ အစားအစာ တစ်မျိုးဖြစ် ပါတယ်။ ပျားရည်ကို မှီဝဲလို့ ကာကွယ်ပေး နိုင်တဲ့ ရောဂါတွေ ကတော (၁) ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ (၂) နှလုံးရောဂါ များကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ (၃) ပြည်တည်နာနှင့် အနာဆွေး၊ အနာဟောင်း အတွက်လည်း ပျားရည်ဟာ အသုံးဝင်ပါတယ်။ (၄) ခန္ဓာကိုယ်အတွက် ခွန်အားကို ပေးစွမ်းပါတယ်။ (၅) ချောင်းဆိုးခြင်းများ အတွက်လည်း မှီဝဲပေးနိုင်ပါတယ်။ (၆) အစာကို အလွယ်တကူ ကြေစေနိုင်တဲ့ သတ္တိရှိပါတယ်။ (၇) မီးလောင်နာနှင့် ပြတ်ရှနာများ အတွက်လည်း ကောင်းမွန်ပါတယ်။ (၈) နို့ပူပူလေး တစ်ခွက်ကို ပျားရည်တစ် ဇွန်းခန့်ရော စပ်ပြီး အအေးခံသောက်သုံးပါက အိပ်မပျော်သူများ အိပ်ပျော်စေနိုင်ပါတယ်။

No comments: