Saturday, May 3, 2014
မြန်မာပြည် ... RON( Research Octane Number)...
ပလပ်(plug) ...ကားရှင်ဒုက္ခနှင့်
LPG(Liquefied Petroleum Gas) "
မြန်မာပြည်တွင် VVT- i ကားများရော...VVT- i မဟုတ်သည့်ကားများရော...
i - DSI , VTEC, i - VTEC တွေရော လဲလိုက်ရသည့် ပလပ်တွေ...
မေးလိုက်ကြသည့် ကားရှင်တွေကလည်း မနည်း...
ပလပ်ကိစ္စကို မေးလိုက်သည့် ကားရှင်တိုင်း ပလပ်လဲပြီးတာနှင့်မကောင်းလို့...
ပလပ်မလဲခင်က တောက်တောက်နဲ့ မီးသံထွက်နေတယ်...
ပလပ်လဲပြီးလည်း ခဏသာ ပြန်ထွက်လာတယ်ပေါ့ဗျာ...
ထွက်မှာပေါ့... ဆီမှမကောင်းဘဲ Petrol octane rating RON ပြည့်လား မပြည့်လားမသိ...အဲ့လိုဆီတွေ သုံးမိတဲ့အခါကြာတော့ ဆီမသန့်တဲ့အတွက်...
ပါလာတဲ့ အပိုဆုလေးတွေက ဆီစစ်မှာပိတ်နေတာ...ရန်ကုန်က လာတဲ့ကားလေးတစ်စီးကို မဆွဲလို့ တာချီလိတ်မှာပြင်တုန်းက အဲ့ဒီဆီစစ်ဟာ...
ကျွန်တော့် တွေ့ဖူးသမျှ ဆီစစ်တွေထဲမှာ အညစ်ပတ်ဆုံးပါ...
အသစ်လဲဖို့ကလည်း ဆီစစ် မှာရင် ၃ ရက်လောက်ကြာမှာမို့...
ကားရှင်တွေ မစောင့်နိုင်တာနဲ့ ဆေးပေးတာတောင် ဓါတ်ဆီ ၄လစ်လောက်ကုန်ပြီး...လေအိုးကြီး ၃ အိုးလောက်နဲ့ အချိန် ၁ နာရီကျော်လောက်
ကြာမှ မဲတူးညစ်ပတ်အမှုန်တွေနဲ့ပြည့်နေတဲ့ လေပိတ်နေတဲ့ ဆီစစ်ဟာ...
သန့်ရှင်းသွားကာ အဆင်ပြေသွားပါတယ်...
ဒါကြောင့် မီးသံတွေထွက်လာပြီဆိုရင် ဆီတိုင်ကီဖြုတ်ဆေး...
ဆီစစ်အသစ်လဲ ဆီပိုက်လိုင်းတွေပါလေနဲ့ မှုတ်...
ဆီအဟောင်းကို ပြန်မသုံးဘဲ...ဆီအသစ်ထည့်သုံးမှ အဆင်ပြေမှာပါ...
ပလပ်တစ်ခုထဲ လဲယုံနဲ့တင် အဆင်မပြေပါဘူး...
ဟွန်ဒါ ဖစ် i - DSI အင်္ဂျင်ဆို ကားကပေါက်စလေး...
တစ်ခါပလပ်လဲ ၈ လုံး ကြာတော့ ဖစ် i - DSI ဝယ်ထားရင်...
ကားပစ္စည်းဆိုင်တွဲဖွင့်ထားရမလိုဖြစ်နေပြီ...
ဆီမကောင်းခြင်းရဲ့ အကျိုးဆက်အဖြစ်...
ဆီပါဝါမပြည့်တဲ့အတွက် ဆီပိုစားမယ်...
ကားဆွဲအားလည်း ၁၀၀ ရာခိုင်နှုန်းမပြည့်ဘူး...
ပလပ်တွေ ပျက်စီးမယ်...
ဆီမကောင်းလို့ ကာဗွန်ငွေ့တွေပိုထွက်လာမယ်...
ကျောက်ဇကာ(Catalytic Converter) ပိတ်မယ်...
ကျောက်ဇကာပိတ်တဲ့အချိန်...
ရေတိုင်ကီပန်ကာ(Cooling fan)နဲ့
ရေတိုင်ကီရေအေးစနစ်(Radiator cooling system)
မကောင်းတဲ့ကားတွေ တောင်တက်တွေနဲ့ ...
ရာသီဥတုအရမ်းပူတဲ့အချိန် ရေဆူပြီး အင်္ဂျင်ခန်းအပူချိန်မြင့်ပြီး...
ကားမီးလောင်နိုင်ပါတယ်...
ပလပ်နဲ့ပတ်သက်ပြီးပြောရင် ကားတိုင်းမှာ အသုံးပြုရမယ့် ပလပ်အမျိုးအစားနဲ့
Iridium , Platinum နံပါတ်တွေနဲ့တစ်ကွ လာပေမယ့်...
ကားအမျိုးအစားအလိုက် တစ်မျိုးချင်းမှာရတာခက်တာရယ်...
ဈေးနှုန်းကြီးမြင့်မှု့ရယ်ကြောင့် ကျွန်တော်တို့ ပလပ်အမျိုးမျိုးစမ်းသပ်သုံးကြည့်ကာ
ဈေးလည်း သက်သာ ကားတိုင်းလိုလိုလည်း ထည့်သုံးလို့ရကာ...
သက်တမ်းလည်း အနည်းဆုံး ကီလို ၃၀၀၀၀ မှ ၅၀၀၀၀ ကျော်အထိအသုံးခံတဲ့
ပလပ်အမျိုးအစားတစ်မျိုးကိုသာ သုံးပါတော့တယ်...
Octane rating လည်း သိပ်မရွေးပါဘူး...
အဲ့အမျိုးအစားကတော့ NGK Platinum BKR6EGP-7092 ပါ...
မီးကူးခေါင်းလေးက အပ်ဖျားလောက်သာရှိပါတယ်...
ပလပ်နံပါတ်ကို အပေါ်အဖုံးမှာသာရိုက်ထားပြီး...
ဘေးဘက်တွေမှာ ရိုက်မထားပါဘူး...
ကျွန်တော်တို့ဆီမှာ အရင်ဓါတ်ဆီ အောက်တိန်း ၉၁ နဲ့ ၉၅ ရှိပေမယ့်...
ခုဓါတ်ဆီ အောက်တိန်း ၉၁ သာသုံးပါတယ်...
နောက်တစ်ခုက LPG ဂက်စ် သုံးတာပါ...
ကျွန်တော်တို့ဆီမှာ LPG နဲ့ CNG/NGV (Compressed Natural Gas/Natural Gas Vehicle) ၂ မျိုးရှိပေမယ့် ကျွန်တော်နေတဲ့ နယ်ဘက်မှာတော့...
LPG ကိုသာသုံးပါတယ်...ဘာဖြစ်လို့လည်းဆိုတော့ LPG ပန့်တွေဟာ...
မြို့တိုင်းတွင်ရှိခြင်း...ဂက်ဖြည့်ရာတွင်လည်း LPG ၄၈ လီတာအိုးမှသည်
၇၅ လီတာအိုးအထိ ၃ မိနစ်မှ ၅ မိနစ်ထက်ပိုမကြာခြင်း...
ဂက်ဖြည့်လျှင်မစောင့်ရခြင်းတို့ကြောင့်ဖြစ်ပါတယ်...
CNG ကတော့ ဂက်ပန့်လည်းကျွန်တော်တို့နယ်ဘက်တွင်ရှာပါးကာ...
မည်သည်နယ်တွင်မဆို ဂက်ဖြည့်လျှင်တန်းစီရပါသေးတယ်...
ကိုယ့်အလှည့်ရောက်လို့ ဂက်ဖြည့်တာတောင် ပန့်ကောင်းလျှင် နာရီဝက်ကျော်...
ပန့်သိပ်အားမကောင်းလျှင် ၄၅ မိနစ်အထိ ဂက်အိုးပြည့်အောင်စောင့်ရပါတယ်...
ဒါကြောင့် ကျွန်တော်တို့ဘက်မှာ LPG သာသုံးကြတာပါ...
ပလပ်အကြောင်းပြန်ဆက်ရရင် ဆီက အော်တိန်း ၉၁ သာရှိပါတယ်...
LPG Octane rating ကတော့ ၁၀၀ မှ ၁၀၅ အထိရှိပါတယ်...
LPG ကအောက်တိန်းမြင့်ပေမယ့် မီးလောင်ပေါက်ကွဲအားနဲ့...
ကားဆွဲအားကတော့ ဓါတ်ဆီထက်နည်းနည်းနိမ့်ပါတယ်...
ဒီလိုဖြစ်ရတာကတော့ ဂက်စ်ကအေးတာကြောင့် အင်္ဂျင်ထဲရောက်တဲ့အချိန်...
မီးလောင်ပေါက်ကွဲအားနည်းပြီး ကားဆွဲအားကျရတာပါ...
LPG Reducer ထဲမှာ ရေနွေးလှည့်စနစ်ပါပေမယ့်...
ဂက်စ်ဟာ အင်္ဂျင်ထဲရောက်ချိန် အနည်းနဲ့အများအေးနေဆဲပါ...
LPG Reducer ထဲ ရေမရောက်တဲ့အချိန်ဆို...
LPG Reducer အိုးအပြင်မှာရေခဲတွေဖြစ်နေပါတယ်...
ဒါကြောင့် LPG ဂက်စ်လောင်စာသုံးကားတွေဟာ ပလပ်အမျိုးအစားမကောင်းရင်
မဆွဲပါဘူး...ကျွန်တော်တို့ နှစ်ပေါင်းများစွာ စမ်းသပ်ပြီးမှ...
LPG Mixer နဲ့ဖြစ်စေ LPG Injector နဲ့ဖြစ်စေ...
၉၁ ဆီနဲ့ဖြစ်စေ အားလုံးအဆင်ပြေအောင်သုံးလို့ရတဲ့ ဒီပလပ်ကိုသုံးတာပါ...
ခုဆို ဆီလောင်စာစနစ်ကားရော ဂက်လောင်စာစနစ်ကားပါ ဒီအမျိုးအစားတစ်ခုကိုသာသုံးတော့ပါတယ်...
တစ်ချို့ ကားကုမ္ပဏီတွေရဲ့ စံနှုန်းမှီ ပလပ်တွေဟာ...
အောက်တိန်း ၉၅ မဟုတ်ရင် မဆွဲတာကြောင့် ဒီပလပ်ကိုသာ သုံးရတာပါ...
ပလပ်ဝယ်ထည့်တဲ့နေရာမှာလည်း အစစ်ဖြစ်ဖို့တော့ အရေးကြီးပါသေးတယ်...
ကျွန်တော်တို့ကတော့ အမြဲတမ်း ကုမ္ပဏီကနေ အလုံး ရာချီမှာပြီးမှ ထည့်ပေးပါတယ်...အသုံးခံသလို ဈေးလည်းမများပါဘူး...
ကျွန်တော်တို့ဆီမှာ ကျပ်နဲ့ဆို ၅၀၀၀ တောင်မပြည့်ပါဘူး...
အော်တိန်း RON နံပါတ်လည်းမရွေးပါဘူးဗျာ...
နောက်တစ်ခုက ကျွန်တော်တို့ မြန်မာပြည်မှာ စံချိန်မပြည့်တဲ့...
ဆီတွေကိုတင်သွင်းပြီး တိုင်းတစ်ပါးကို နိုင်ငံခြားငွေပေးနေမယ့်အစား...
LPG ဂက်ကို ပြည်တွင်းမှာထုတ်နိုင်အောင်ကြိုးစားသင့်ပါတယ်...
ဒါကတော့ ဘယ်အစိုးရတက်တက် လုပ်ကိုလုပ်သင့်တဲ့ အချက်ပါ...
ဘာဖြစ်လို့လည်းဆို ဒီသဘာဝဓါတ်ငွေ့ကုန်ကြမ်းတွေက မြန်မာပြည်ကထွက်တာပါ...
ကျွန်တော်တို့က နည်းပညာနည်းတော့ သူများပြု ပြင်ပြီး LPG ကို...
ဈေးကြီးကြီးပေးကာ သူတစ်ပါးဆီကပြန်ဝယ်သုံးနေရပါတယ်...
နယ်စပ်ဒေသတွေမှာပါ...
LPG လောင်စာနဲ့မောင်းတဲ့ ကျွန်တော့်ကား ၁၅၀၀ စီစီ ကားလေးဟာ...
ခရီးဝေးမောင်းရင် ကီလို ၁၀၀ ကို ဘတ် ၁၂၀ သာကုန်ပါတယ်...
၁ ကီလို ၁.၂၀ ဘတ်သာကျပါတယ်...ကျပ်နဲ့ဆို ၃၆ ကျပ်လောက်သာကျပါတယ်...
LPG ဈေးကတော့ ၁ လစ် ၁၄ ဘတ်ပါ...ဒါတောင် ဈေးတက်သွားလို့ပါ...
အရင်တုန်းက ၁ လစ် ၁၀. ၄၉ ဘတ်သာရှိပါတယ်...
ဓါတ်ဆီနဲ့မောင်းရင် ခရီးဝေး ကီလို ၁၀၀ ကို ၃၆၀ ဘတ်ကျပါတယ်...
၁ ကီလို ၃.၆၀ ဘတ်ကျပါတယ်...LPG နဲ့မောင်းတာထက်...
၃ ဆပိုကုန်ပါတယ်...
ဒါကြောင့် ပြည်တွင်းမှာ LPG ထုတ်လုပ်နိုင်ခြင်းအားဖြင့်...
ကားရှင်တွေအတွက် ဆီဖိုး ၃ ပုံ ၁ ပုံသာကုန်တော့မယ်...
ကုန်ကားတွေလည်း LPG ဆင်လို့ရပါတယ်...
အဲ့တော့ ခရီးသွားလာစရိတ်တွေကျလာမယ်...
နယ်တွေကနေမြို့ကရောက်လာတဲ့ ကုန်ပစ္စည်းတွေ...
မြို့တွေကနေ နယ်တွေရောက်လာတဲ့ ကုန်ပစ္စည်းတွေရဲ့...
ဈေးနှုန်းဟာ သယ်ယူပို့ဆောင်ခအပေါ် တိုက်ရိုက်အချိုးကျနေတာမို့...
သယ်ယူခ ဈေးကျရင် ကုန်ပစ္စည်းလည်းဈေးကျလာလို့...
စားသုံးသူတွေ အသုံးပြုသူတွေ သက်သာချောင်ချိလာမယ်...
နောက်ပြီး ကုန်တန်ချိန်သတ်မှတ်ချက်နဲ့ ဆီဖိုးမကိုက်လို့ မပြေးနိုင်လို့...
ရပ်ထားရတဲ့ ဆယ်ဘီးကုန်တင်ကားတွေရော ရှိတော့မှာမဟုတ်ဘူး...
နောက်အဓိကအချက် ခု ဆီမကောင်းလို့ ဖြစ်နေတဲ့ ဒုက္ခတွေကနေ...
ကားရှင်တွေ ကင်းဝေးသွားမယ်...
ကားတစ်စီးမှာ...ဓါတ်ဆီနဲ့ ဂက်စ်နဲ့ လောင်စာ ၂ မျိုးလုံးနဲ့ မောင်းနှင်အသုံးပြု
နိုင်မယ်...ဓါတ်ဆီကနေ ဂက်စ်ပြောင်းရင် အော်တိုခလုတ်လေးနှိပ်လိုက်ယုံပါ...
အကုန်အကျသက်သာပြီး ဘယ်လောက်အဆင်ပြေလည်းဗျာ...
ဒါကြောင့်မို့ ကျွန်တော်ကတော့...
မော်တော်ယာဉ်အသုံးပြုသူများရော...
စာသုံးသူ ကုန်ပစ္စည်းအသုံးပြုသူများပါ သက်သာချောင်ချိရေးအတွက်...
မြန်မာပြည်မှာ ဘယ်အစိုးရတက်တက် LPG ထုတ်လုပ်နိုင်အောင်...
လုပ်ပေးစေချင်ပါတယ်ခင်ဗျာ...
မင်ဘာများ အန္တာရာယ်ကင်း၍ ကျန်းမာရွှင်လန်းကြပါစေဗျာ...
Toetar Atoe
Subscribe to:
Post Comments (Atom)
No comments:
Post a Comment