Saturday, May 31, 2014
ဖြစ်ချင်တာတွေ အများကြီးမှာမှ နှစ်ခြမ်းခွဲလိုက်ရင် အောင်မြင်ဖို့ လမ်းနဲ့ ကျရှုံးဖို့ လမ်း ဆိုပြီး နှစ်လမ်းပဲ ရှိမှာပါ။ စိတ်ထဲမှာ လူများများ
နဲ့ အချိန်များများမှာ လုပ်ချင်စိတ် အာသီသ ပြင်းပြနေပြီဆိုရင် ဒီအလုပ်မျိုးကို မလုပ်မိအောင် ထိန်းလိုက်ပါ။ ဒါဟာ ဘ၀ကို ကျရှုံးစေ
မည့် လမ်းကို သွားဖို့ ဦးတည်နေတာ ဖြစ်ပါတယ်။
လူတော်တော်များများ လုပ်ဖို့ စိတ်ကူးမရှိတဲ့အလုပ်၊ မိမိကိုယ်တိုင်လည်း လုပ်ရမှာ စိတ်ကူးထဲတောင် မရှိတဲ့ အလုပ်မျိုးဟာ ရွေးချယ်
ဖို့ အသင့်တော်ဆုံးအလုပ် တစ်မျိုးဖြစ်ပါတယ်။ ဒီအလုပ်မျိုးဟာ ဘ၀မှာ အာမခံချက်တစ်ခုခုတော့ မိမိကို ပေးနိုင်ပါလိမ့်မယ်။ လူတစ်
ယောက် ဘ၀မှာ အောင်မြင်တာ နည်းလမ်းတစ်ခုနဲ့ ပါပဲ၊ ဒါပေမယ့် ကျရှုံးဖို့ ဆိုရင်တော့ ဘ၀မှာ နည်းလမ်းတွေ သိပ်များပါတယ်။
ဘ၀မှာ ကိုယ်လှမ်းမယ့် ပန်းတိုင်ကို လှမ်းမမြင်နိုင်ပါဘူး။ ဒါကြောင့် အလုပ်တစ်ခုတည်းနဲ့ တင် အောင်မြင်မယ်၊ ကျရှုံးမယ်လို့  ဆုံးဖြတ်
နိုင်ဖို့ တော့ ခက်ပါတယ်။ ရေရှည်စီမံကိန်းအောင်မြင်ဖို့ ရာ ရေတို စီမံကိန်းလေးတွေ အောင်မြင်ဖို့ တော့လိုပါလိမ့်မယ်။ ရေတိုစီမံကိန်း
ဆိုတာ မိမိရဲ့ ရည်မှန်းချက်ကိုမရောက်ခင်စပ်ကြား ဘ၀အတွက် မဖြစ်မနေလုပ်နေရတဲ့ အလုပ်ကလေးတွေဖြစ်ပါတယ်။
True Man
Subscribe to:
Post Comments (Atom)
No comments:
Post a Comment