Saturday, May 3, 2014

အော်တိုဂီယာတွေမှာ OD Button ပါတဲ့ကားတွေရှိသလို လုံးဝမပါတဲ့ကားတွေ လည်းရှိပါသည်...အောက်က ပုံတွေမှာပါတဲ့ကားတွေက... ဂီယာမောင်းတံ (Shift Lever) မှာ OD လုံးဝမပါတဲ့ကားတွေပါ... Shift Lock Button ပါတဲ့ကားတွေရှိသလို... Shift Lock Button လုံးဝမပါတဲ့ကား... Shift Lock ကို ကားသော့ထည့်ပြီးသုံးရတဲ့ကားတွေလည်းရှိပါတယ်... တန်ဖိုးကြီးကားတစ်ချို့မှာတော့ လုံးဝမထည့်ထားပါ... ကားလုံခြုံရေးအတွက် သော့ဖွင့်ပြီး ဘရိတ်နင်းမှသာ ဂီယာထည့်လို့ရအောင် လုပ်ထားပေးပါတယ်... ဂီယာမောင်းတံရွေ့ရာတွင် Release button ခေါ် ဂီယာမောင်းတံဘေးမှ ခလုတ်ကို နှိပ်မှရွေ့ပြောင်းဂီယာထည့်ရသော ကားများရှိသလို... Release button ခလုတ်မပါဘဲရွေ့၍ရသော ဂီယာမောင်းတံများလည်း... ရှိပါသည်...ပုံ (၂) မှ Mercedes Benz သည် Release button မပါပါ... နမူနာပြထားပါသည်... Shift Lock ဆိုတာ အော်တိုဂီယာကားတွေမှာ ဂီယာမောင်းတံကို P Position ကနေ စက်နိုးပြီးဘရိတ်မနင်းပဲ ကျန်တဲ့ ဂီယာတွေကို ထည့်မရအောင် အထိန်းသဘောမျိုး ထည့်ထားပေးခြင်းဖြစ်ပါသည်... ဘရိတ်နင်းလိုက်ချိန်တွင် ဘရိတ်(Brake pedal)နင်းတံအတွင်းဘက်တွင်တပ် ဆင်ထားသော ဘရိတ်မီးခလုတ်(Brake pedal switch) မှ တစ်ဆင့်... ရီလေး(Relay)သို့ မီးပေးကာ...Shift lock solenoid ခလုတ်ကို ဖွင့်ပေးပါသည် ထို့ကြောင့် ဘရိတ်နင်းမှ ဂီယာမောင်းတံ ပြောင်းလို့ရခြင်းဖြစ်သည်... ဘရိတ်နင်းသော်လည်း ဂီယာတံနေရာပြောင်းမရခြင်းသည်... ဘရိတ်မီးအဝင် Fuse ပြတ်ခြင်း... Brake pedal switch မကောင်းခြင်း... Shift lock solenoid အလုပ်မလုပ်ခြင်းတို့ကြောင့်ဖြစ်ပါသည်... Shift lock solenoid အလုပ်မလုပ်ခြင်းကြောင့် လဲပေးရသောကားများရှိပါသည်.. Park ( P ) ကားရပ်ထားစဉ် ကားမရွေ့စေရန်အသုံးပြုသည်... P Position တွင်ဂီယာမောင်းတံထားပါက ကားရွေ့မရခြင်းသည်... အော်တိုဂီယာဘောက်အတွင်းရှိ ဂီယာမိန်းရှပ်တွင်(Output shaft) Lock လုပ်ထားသော ပင်နယံ(Pinion)နှင့် Lock switch တို့ကြောင့်ဖြစ်သည်... Lock switch သည် ဂီယာမောင်းတံအား P မှရွေ့လိုက်သည်နှင့် Lock အထိန်း ဖြုတ်ပေးကာ P သို့ ပြန်ရောက်သည်နှင့် စပရိန်အားကြောင့် အလိုအလျောက် Lock Switch အလုပ်လုပ်ကာ ရပ်ထားစဉ်ကားနေရာမရွေ့အောင်ထိန်းပေးပါသည်... သို့သော်အတက်အဆင်းများတွင်ကားရပ်ထားစဉ်... လက်ဆွဲဘရိတ်(Parking Brake)(Hand Brake) ပါသုံးသင့်ပါသည်... အချို့ကားများတွင် Parking Brake သည် ခြေနင်းအသေးလေးနှင့်... ဘယ်ဘက်တွင်ပါတတ်ပါသည်... ဂီယာမောင်းတံအား P တွင်ထားမှ သော့ဖြုတ်၍ရသောကားများရှိသလို... N (Neutral / No gear) တွင်ထား၍ သော့ဖြုတ်၍ရသောကားများလည်း ရှိပါသည်...ပုံ (၁) တွင် N Position တွင်ထား၍ သော့ဖြုတ်ထားသည်ကို... နမူနာတင်ထားပါသည်... Reverse (R) နိုင်ငံတစ်ကာတွင်ရော မြန်မာပြည်မှာပါ ဘက်ဂီယာဟုသုံးပါသည်... ကားနောက်ဆုတ်ရန်အတွက်သာသုံးပါသည်... N (Neutral / No gear) နိုင်ငံအလိုက် ဖရီးဂီယာ...No Gear ဟုသုံးပါသည်... ဘယ်ဂီယာမှ မဝင်သောကြောင့် ဖြစ်ပါသည်... Drive (D) ရှေ့သို့မောင်းနှင်ရာတွင်သုံးပါသည်... နံပါတ် ၁ ဂီယာမှ စတင်ကာ အရှိန်အများဆုံးဂီယာအထိ အလိုအလျောက် ကားအရှိန်ကိုလိုက်ကာ TPS (Throttle position sensor) , Speed meter sensor,TCU(Transmission control unit box) တို့မှ Solenoid များကို အလုပ်လုပ်စေကာ... ဂီယာချိန်း(Change)ပေး...ဒေါင်း(Down)ပေးပါသည်... ဂီယာတစ်ခု မဝင်ပဲ လက်ရှိမောင်းနေသောဂီယာမချိန်း မဒေါင်းပေးပါ... ဂီယာထည့်ကာမောင်းနှင်နေစဉ် ဖရီး (N) ဖြစ်သွားသည်မရှိပါ... Third (3) ဂီယာနံပါတ် ၁ မှ ၃ အထိ ကားအရှိန်လိုက်ကာ... ဂီယာ အတင် အချ ပြုလုပ်ကာ ချိန်းပေး ဒေါင်းပေးပါသည်... သိပ်မမြင့်သောတောင်တက် တောင်ဆင်းများနှင့်... Off Road များနှင့် Sport များတွင်လည်းသုံးပါသည်... Sport မောင်းသောအခါ (3) ဂီယာနှင့် လီဘာ(Accelerator pedal) ကိုနင်း၍ မိမိလိုချင်သောအရှိန်ရောက်မှ (D) သို့ ပြောင်းထည့်ပါသည်... ECT Power Switch ပါသောကားများတွင် Sport မောင်းရာတွင်... power တွင်ထား၍ မောင်းကြပါသည်... Second (2) ဂီယာနံပါတ် ၁ မှ ၂ အထိ ကားအရှိန်လိုက်ကာ ဂီယာပြောင်းပေးပါသည်... မြင့်မားသောတောင်များတွင် အတက်အဆင်းဂီယာအဖြစ်သုံးပါသည်...ှဆီးနှင်းကျသောနိုင်ငံများတွင် နှင်းထဲမောင်းနှင်ရန်သုံးပါသည်... First (L) Low ဂီယာအဖြစ် ရွံ့ထဲရုန်းသောအခါများ အလွန်မြင့်မားသောတောင်များကို ဝန်အလေးနှင့်အတက်အဆင်းလုပ်သောအခါ သုံးပါသည်... နံပါတ် ၁ ဂီယာတစ်ချက်တည်းသာဖြစ်ပါသည်... အချို့သောအော်တိုဂီယာများတွင် Manual စနစ်ဖြင့်မောင်းနှင်နိုင်ရန်... ဂီယာမောင်းတံ ဘေးဘယ်ညာတွင် အပေါင်း အနုတ်နှင့်အကွက်လေးများ ပါရှိပါသည်...Manual တွင်ထားမောင်းပါက... ဂီယာ ၁ ၂ ၃ ၄ ၅ သို့ပြောင်းရာတွင် အပေါင်းဘက်သို့... တစ်ချက်ချင်းတွန်းကာ ဂီယာချိန်းပေးရပါသည်... အလိုအလျောက် မချိန်းပါ... သတ်မှတ်အရှိန်မရှိသေးပါက ၂ ၃ ၄ ၅ မဝင်ပါ... သူ့သတ်မှတ်အရှိန်ရောက်မှသာ ဂီယာဝင်ပါသည်... အနုတ်ဘက်သို့ တစ်ချက်တွန်းလျှင် ဂီယာ ၅ ၄ ၃ ၂ ၁ သို့... တစ်ချက်ချင်းဒေါင်းပေးပါသည်... ဘရိတ်နင်းလျှင်လည်း သတ်မှတ်အရှိန်အတိုင်း... အလိုအလျောက် ဒေါင်းပေးပါသည်... Manual ဖြင့်မောင်းနိုင်လျှင် ဆီစားအနည်းငယ် သက်သာပါသည်... ပုံတွင် အော်တိုဂီယာတွင် Manual စနစ်ပါသော ဂီယာမောင်းတံကို ပြထားပါသည်... အော်တိုဂီယာ(ATF)ဆီကို ဆီအမျိုးအစားပေါ်လိုက်ကာ... ၃၅၀၀ ကီလိုမှ ၄၀၀၀၀ အတွင်းလဲလှယ်ပေးလျှင်အကောင်းဆုံးဖြစ်ပါသည်... အော်တိုဆီကို Dexron 3H နှင့်အထက်ထည့်လျှင်သာအကောင်းဆုံးဖြစ်ကာ... Genuine ထည့်လျှင်တော့ အကောင်းဆုံးဖြစ်ပါသည်... ကျွန်တော်တို့ဆီတွင် အော်တိုဆီအဟောင်းသည် အလွန် ညစ်ပတ်နေပါက... အော်တိုဆီစစ်ပါလဲပေးပါသည်...အသစ်မရလျှင် ဖြုတ်ဆေးပေးပါသည်... CVT(Continuously variable transmission) အော်တိုဂီယာတွင်... ကားအရှိန်အနှေးအမြန်ကို Metal Belt ခေါ် ပူလီကြိုးဖြင့်... Driven Pulley ၂ ခုကို အတင်းအလျော့လုပ်ပေးကာ မောင်းနှင်ပါသည်... Ds or Low ဂီယာဖြင့်မောင်းလျှင် ပူလီကြိုးလျော့ပေးကာ... Over drive မောင်းချိန်တွင် ပူလီကြိုးအတင်းဆုံးသို့ Sensor, Solenoid များ ဖြင့် အလုပ်လုပ်စေပါသည်...ထို့ကြောင့် CVT ဂီယာသည် ရိုးရိုးအော်တိုဂီယာ ထက် အထအလွန်မြန်ပါသည်... CVT ဂီယာတွင် CVT Oil သာ အသုံးပြုရပါမည်... အော်တိုဂီယာများအားလုံးသည် Hydraulically ခေါ်... ဆီဖိအားကို အသုံးပြုကာမောင်းနှင်ခြင်းဖြစ်ပါသည်... အော်တိုဂီယာဆီပန့်(Oil pump) မှာ ဖရုံသီး (converter)အဝင်ဂီယာ၏ input shaft တွင်ထိုင်ထားပါသည်... အော်တိုဆီမရှိပါက ကားမသွားပါ...ဆီနည်းပါက ကားဆန့်ငင် ဆန့်ငင်ဖြစ်တတ်ပါသည် ဆီများပါကလည်း ဆီအပူရှိန်လွန်ကဲကာ Clucth plate ပြားငယ်များကို လောင်တတ်ကာ ဂီယာပျက်တတ်ပါသည်... ထို့ကြောင့် အော်တိုဂီယာတိုင်းတွင် သတ်မှတ် ဆီအတိုင်းအတာအတိုင်း အတိအကျထည့်ရန် အရေးကြီးပါသည်... အော်တိုဂီယာများ စက်နိုးရာတွင် P နှင့် N position တွင်သာစက်နိုး၍ရပါသည် ထိုသို့ဖြစ်ရခြင်းမှာ ... စတတ်ရီလေး(Start relay) မီးအဝင်ကြိုးသည် သော့အုံမှ... ဂီယာဘောက်ရှိ ဂီယာမီးပြသောစနစ် (Gear position control light) သို့ဝင်ရောက်သွားကာ... P နှင့် N position တွင်သာ စတတ်ရီလေးသို့မီးပေး ပါသည်...သို့သော် ကားစက်နိုးသည်နှင့် NSW မီးကြိုးသည်... ECU box သို့ဝင်ကာ TCU မှတစ်ဆင့် ဂီယာဘောက်အတွင်းရှိ... Solenoid ကို မီးဖြင့် ထိန်းချုပ်ကာ စက်နိုးချိန်ဂီယာ ဖရီးဖြစ်ရန် အလုပ်လုပ်ပေး ပါသည်...စတတ်မီးကြိုးချို့ယွင်းချက်ရှိ၍ ဂီယာဝင်နေချိန်တွင်နိုးမိပါက... ကားဆောင့်ထွက်သွားမှာကိုကာကွယ်ထားခြင်းဖြစ်သည်... ကားကုမ္ပဏီများ၏ လုပ်ထားပုံသည် အလွန် အကွက်စေ့ကာတိကျပါသည်... OD Off Button ကို နှိပ်ထားလျှင် အမြန်ဆုံး ဂီယာတစ်ချက်ကို မထည့်ပေးဘဲ ထိန်းထားခြင်းဖြစ်ပါသည်...OD နှိပ်ထားပြီး လီဘာနင်းလျှင်လည်း... ကားအရှိန်သည် ပုံမှန်ထက်အနည်းငယ် လျော့သွားပါသည်... အရှင်းဆုံးပြောရလျှင် OD off ကို နှိပ်ထားပါက ဂီယာ တစ်ချက် လျော့ထားပေးခြင်းဖြစ်ပါသည်...အရှိန်အမြင့်ဆုံးဂီယာ တစ်ချက်မဝင်ပါ...ထိုအချိန်တွင် ECU , TCU တို့မှ တစ်ဆင့်... အင်္ဂျင် TPS , Throttle motor တို့ကိုထိန်းချုပ်ကာ... ပုံမှန် အင်္ဂျင်အပတ်ရေ RPM ထက် ကားအသွားနှေးစေရန် အလုပ်လုပ်ပေးပါသည်... OD ကို တောင်တက်ဆင်းလမ်းများတွင် အသုံးပြုရခြင်းမှာ... ပုံမှန်မောင်းပါက ဂီယာခဏ ခဏချိန်းကာ ဆီပူလာပြီး... ကလပ်ပလိတ်(Clucth plate)ပြားများနာကာ ဂီယာပျက်မှာကို... ကာကွယ်ခြင်းဖြစ်ပါသည်...အော်တိုဂီယာကားများ ဂီယာအပျက်အများဆုံးမှာ လည်း တောင်ပေါ်သုံးကားများသာဖြစ်ပါသည်... ကျွန်တော်တို့ဝပ်ရှော့တွင် ပြင်ရသောအော်တိုဂီယာကားများမှာ... တောင်ပေါ်က ကားများသာဖြစ်သည်... OD Off ကိုသုံးပြီး ခရီးဝေးမောင်းပါက ဂီယာတစ်ချက်လျော့နေသဖြင့်... ဆီပိုစားကာ အင်္ဂျင်အလွန်နာပါသည်... OD ကို အသုံးပြုသောနေရာအများစုမှာ တောင်တက်ဆင်းလမ်း... ဟိုင်းဝေးလမ်းမပေါ်ရှိ မြို့များအဝင်တွင် ကီလို ၆၀ ၈၀ ထက်ပိုမမောင်းရသော နေရာများ...အမောင်းသင်စ သူများတွင်လည်းသုံးပါသည်... အော်တိုဂီယာတွင် ABS ပါသောကားဖြစ်စေ မပါသောကားဖြစ်စေ... ဘရိတ်နင်းလိုက်သည်နှင့် အရှိန်အလိုက်တွက်ချက်ကာ ဂီယာဒေါင်းပြီး... ဂီယာနှင့် ဘရိတ်ကိုတွဲကာ အရှိန်ထိန်းသော စနစ်ကိုသုံးပါသည်... အော်တိုဂီယာကားတိုင်းတွင် ဘရိတ်ခြေနင်းမီးခလုတ်(Brake pedal switch) မှတစ်ဆင့် ဘရိတ်နင်းတိုင်း ECU box သို့ STP(Stop Light Switch) မီးကြိုးမှတစ်ဆင့်မီးဝင်ပါသည်...ဘရိတ်နင်း၍ STP မီးဝင်တိုင်း... ECU box သည် အင်္ဂျင်အပတ်ရေ RPM ၁၀၀၀ အောက်သို့... ချက်ချင်း ဆီ...မီးလျော့ပေးပါသည်...အရှိန်ကိုလိုက်ကာ ဂီယာဒေါင်းပေးပြီး... ဂီယာ ဘရိတ်ကို တွဲ၍ အရှိန်ကိုသေစေပါသည်... အချို့ဂီယာအော်တိုကားများတွင် ဘရိတ်နင်းသော်လည်း အရှိန်မသေခြင်းမှာ... STP မီးလိုင်းစနစ် ချို့ယွင်းချက်ကြောင့်သာဖြစ်သည်... အော်တိုဂီယာကို ထုတ်သော ကားကုမ္ပဏီတိုင်းသည် သေချာစမ်းသပ် စီစဉ်ပြီးမှ ထုတ်ခြင်းဖြစ်ပါသည်... ဘရိတ်ကို ဂီယာမောင်းတံကို ဒေါင်း၍၎င်း... OD ကိုနှိပ်၍ တွဲသုံးရသည်ကို၎င်း တစ်ခါမှ မကြားဖူးပါ... ကားကီလို ၁၂၀ ကျော်မောင်းနေချိန်တွင် ဘရိတ်နင်း၍ လက်ကိုင်ဂွေကို လွှတ်ကာ မောင်းတံသို့...OD ခလုတ်သို့ လက်တစ်ဖက်သွားခြင်းသည်... အလွန်အန္တရာယ်များ မများကို စာဖတ်သူများကိုယ်တိုင်ဆုံးဖြတ်ရန်သာ... ဖြစ်ပါသည်...အော်တိုဂီယာသည် ဘရိတ်နင်းလိုက်သည်နှင့်... အင်္ဂျင် ဂီယာဖြင့် ထိန်းပြီးရန် ကုမ္ပဏီမှ ပြည့်စုံအောင်လုပ်ပေးထားပါသည်... အသက်ဥာဏ်စောင့်ဆိုသည့်စကားအတိုင်း မိမိတို့ကိုယ်တိုင်ဆုံးဖြတ်ရန်သာ... ကားတစ်စီးသည် အော်တိုဂီယာဖြစ်စေ...ရိုးရိုး(Manual)ဂီယာဖြစ်စေ... ယာဉ်အန္တရာယ်ဖြစ်ခြင်းမှာ ယာဉ်မောင်းသူ၍ ကျွမ်းကျင်မှု့... မိမိထိန်းသိမ်းနိုင်သော အရှိန်ထက်ပိုမောင်းခြင်း... အရက်သေစာသောက်စာမူးယစ်၍ မောင်းခြင်း... လမ်းစည်းကမ်း...ယာဉ်စည်းကမ်းမလိုက်နာဘဲ မောင်းခြင်းနှင့်သာဆိုင်ပါသည်... မင်ဘာတွေ တောင်းဆိုလို့ အကြမ်းဖျင်းရေးပေးလိုက်ပါတယ်ဗျာ... အချိန်မရလို့ နောက်မှ အသေးစိတ်ထပ်ရေးပေးပါမယ်ခင်ဗျာ... မင်ဘာများ အန္တာရာယ်ကင်းရှင်း၍ ကျန်းမာရွှင်လန်း ကြပါစေ...

No comments: