Saturday, May 31, 2014

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်..

ဗမာ့လွပ်လပ်ရေးကြိုးပမ်းမှုကာလအတွင်း ဗိုလ်မှူးကြီးဗထူးအောက်မှာ ဂျပန်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့တဲ့ ဦးတင်ဦး။ တရုတ်ဖြူကို လက်ပစ်ဗုံးပိုက်ပြီး ရင်ဆိုင်လို့ သူရဘွဲ့ရခဲ့တဲ့ .. ရှာမှရှား သူရဲကောင်း ဦးတင်ဦး။ ဗိုလ်ချုပ်တစ်ယောက်ရဲ့အခြေအနေနဲ့ ဆန့်ကျင်စွာ.. တန်းလျားကိုသွား ရဲဘော်များနဲ့ ထမင်းအတူစားပြီး မိမိ အတွေ့အကြုံတွေကို စကားဝိုင်းဖွဲ့ပြောတတ်တဲ့ ဦးတင်ဦး။ ၁၉၅၀ ကျော်များက ကာချုပ်မဖြစ်ခင်မှာ ရခိုင်ဒေသ စစ်မင်းကြီးအဖြစ် ရခိုင်ပြည် ဘူးသီးတောင် မောင်တောမှာ.... ယခု ရိုဟင်ဂျာဆိုသူ "ဘင်္ဂလီ မူဂျာဟစ်ဒင်"တွေကို နှိမ်နင်းခဲ့ပြီး .. နယ်မြေရှင်းလင်း/ ပြန်လည်ထူထောင်ရေးကိုလုပ်ခဲ့တဲ့ ဦးတင်ဦး..။ မြန်မာ့သမိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းပြီးရင် .. အသက်အငယ်ဆုံး ဗိုလ်ချုပ်တစ်ယောက်ဖြစ်ခဲ့တဲ့.. ဦးတင်ဦး။ အနောက်တောင်တိုင်း နဲ့ အလယ်ပိုင်းတိုင်း စစ်တိုင်းနှစ်ခုကို တယောက်တည်းကိုင်ခဲ့ရတဲ့ တဦးတည်းသောအသက်အငယ်ဆုံး တိုင်းမှုးဖြစ်ခဲ့တဲ့ ဦးတင်ဦး။ စစ်သက်ကာလတစ်လျှောက်မှာ တိုင်းတပါး လူမျိုးခြား ကျူးကျော်သူ သုံးမျိုး (ကုလား/တရုတ်ဖြူ/ဂျပန်)သုံးမျိုးစလုံးကို တွေ့ကြုံတွန်းလှန်ခဲ့တဲ့ ဦးတင်ဦး။ သူ့ ရဲ့လက်ထက်မှာ.. မြန်မာ့တပ်မတော်ကို... ပြောင်ပြောင်ရောင်ရောင်ရှိ စေခဲ့ပြီး...ပြည်သူ့တပ်မတော်ပီသစွာနဲ့.. အရည်အချင်းပြည့်ဝအောင် စွမ်းဆောင်နိုင်တဲ့.. အဲဒီခေတ်က ... မြန်မာ့တပ်မတော်ရဲ့ "တပ်မတော်ကာကွယ်ရေးဦးစီးချုပ်.. ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး" ( ယခု NLD နာယက ဦးတင်ဦး)ဟာ.. တပ်မတော်ခေါင်းဆောင် ပီသခဲ့သလား၊ မပီသခဲ့ဖူးလားဆိုတာ... အဲဒီခေတ်ကပြည်သူအားလုံးသိကြပါတယ်။ ၁၉၇၄ ခုနှစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ဈာပနမှာ ဆန္ဒပြကြတဲ့ကျောင်းသားတွေက “ဗိုလ်ချုပ်ကြီးတင်ဦး အသက် ရာကျော်ရှည်ပါစေ” လို့ အော်ဟစ် ကြွေးကြော်တဲ့စကားအပေါ်.. မနာလိုဖြစ်ခဲ့တဲ့ ဦးနေ၀င်းရဲ့ ..စနက်ကြောင့် နိုင်ငံခြားက ပစ္စည်းမှာတယ်..ဆိုတဲ့ ဘာမဟုတ်တဲ့ စွပ်စွဲမှုတွေအပါအ၀င် နိုင်ငံတော်အာဏာသိမ်းရန်ကြံစည်တယ်ဆိုပြီး ရာထူးမှနှုတ်ထွက်ခိုင်းပြီး ထောင် ချခဲ့ပါတယ်..။.. နိုင်ငံတော်အာဏာသိမ်းရန်ကြံစည်တယ်ဆိုတာထက်.. ပြည်သူတွေချစ်တယ်၊ လူကြိုက်များတယ်ဆိုတဲ့ အချက်က အဓိကပိုကျခဲ့တယ်ဆိုတာ အားလုံး သတိထားမိကြပါတယ်..။ အဲဒီအတွက်ကြောင့်..နာမည်တစ်လုံးနဲ့ .ဂုဏ်သိက္ခာအပါအ၀င် ပြည်သူ့တပ်မတော်ရဲ့ ကာချုပ်စစ်စစ်တစ်ယောက်ဖြစ်ခဲ့တယ်...ဆိုတာ မျိုးဆက်သစ် လူငယ်များ.... သိပါလေစ...။ Credit - ဒေါင်းမာန်ဟုန်

No comments: