Saturday, May 31, 2014

အစွမ်းထက်သော ရေကုထုံး ---------------------------------- နေ့စဉ် နံနက်ခင်း အိပ်ယာထထချင်း ရေကိုသောက်ပေးသော အလေ့အထသည် ယနေ့ဂျပန်ပြည်တွင် အလွန်ခေတ်စားနေသော ကျန်းမာရေးအလေ့အကျင့်တစ်ခု ဖြစ်နေပါသည်။ သိပ္ပံပညာရှင်အများကလည်း နံနက်ခင်းအိပ်ယာထခါစမှာ ရေသောက်ခြင်း၏ ကောင်းကျိုးများနှင့် ပျောက်ကင်းစေနိုင်သော ရောဂါများ၊ ကာကွယ်ပေးနိုင်သော ရောဂါများကို သက်သေပြနိုင်ခဲ့ကြပါပြီ။ ထို့ကြောင့် ရေသည် သောက်တတ်လျှင် အသက်ကယ်ဆေး၊ အသက်ရှည်ဆေး ဖြစ်စေနိုင်ပါသည်။ လူ၏ ခန္ဓာကိုယ်သည် ရေဓါတ်တို့ဖြင့် အများဆုံးတည်ဆောက်ထားသောကြောင့် ရေသည် လူ့ကျန်းမရေးအတွက် မရှိမဖြစ် လိုအပ်နေသော အရာတစ်ခုဖြစ်နေပါသည်။ ရေကို ဆေးအဖြစ်သောက်သုံးရန်နည်းလမ်း- ၁။ မနက်အိပ်ရာနိုးနိုးချင်း သွားမတိုက်ခင်တွင် ရေ တစ်လီတာဘူးကြီး တစ်ဘူးခန့် (သို့မဟုတ်) သုံးပုံနှစ်ပုံခန့် သောက်ပါ။ ၂။ ပြီးနောက် သွားနှင့်ခံတွင်း သန့်ရှင်းရေးလုပ်ပါ။ ရေသောက်ပြီး (၄၅) မိနစ် အတွင်း မည်သည့်အစာကိုမျှ မစားပါနှင့်။ ၃။ (၄၅) မိနစ်ကျော်ပြီးလျှင် နဂိုစားနေကျပုံစံအတိုင်း မနက်စာကိုစားနိုင်ပါပြီ။ ၄။ မနက်စာ၊ နေ့လည်စာနှင့် ညစာ စားပြီးနောက်ပိုင်း (၂) နာရီအတွင်း မည်သည့်အစာနှင့်ရေကိုမျှ မသောက်ရ မစားရပါ။ ၅။ အသက်ကြီးသူများနှင့် မကျန်းမာသူများဆိုလျှင် သောက်နိုင်သည့်ရေ ပမာဏမှစ၍ သတ်မှတ်ထားသောရေပမာဏထိ လေ့ကျင့်သောက်ပေးပါ။ ၆။ အထက်ပါနည်းလမ်းသည် သာမန်လူအတွက် ကျန်မာပျော်ရွှင်သော ဘဝတစ်ခုကိုပိုင်ဆိုင်စေနိုင်ပြီး ရောဂါဖြစ်နေသူကို ပျောက်ကင်းအောင် ကုသနိုင်ပါ၏။ ပျောက်ကင်းနိုင်သောရာဂါများ- ခေါင်းကိုက်ခြင်း ၊ဝက်ရူးပြန်ရောဂါ၊ ဦးနှောက်အမြေးရောင်ရောဂါ၊ အန်ခြင်း၊ မျက်စိရောဂါအမျိုးမျိုး၊ နား နှာခေါင်း လည်ချောင်းရောဂါများ၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ပန်းနာရင်ကျပ်ရောဂါ၊ တီဘီရောဂါ၊ အဝလွန်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အစာအိမ်နာရောဂါ၊ ဝမ်းလျှောရောဂါ၊ လိပ်ခေါင်းရောဂါ၊ ဝမ်းချုပ်ခြင်း၊ ကင်ဆာရောဂါနှင့် အမျိုးသမီးများ ရာသီလာမမှန်ခြင်းတို့ဖြစ်၏။ ရောဂါအမျိုးအစားအလိုက် ပျောက်ကင်းသက်သာ လျှော့နည်းစေနိုင်သော ရက်များ (၁) သွေးတိုးရောဂါ - ရက်ပေါင်း ၃၀ ရက် (၂) အစာအိမ်ရောဂါ - ၁၀. ရက် (၃) သွေးချိုဆီးချိုရောဂါ - ၃၀. ရက် (၄) ဝမ်းချုပ်ခြင်း - ၁၀. ရက် (၅) ကင်ဆာရောဂါ - ၁၈၀. ရက် (၆) တီဘီရောဂါ - ၉၀. ရက် (၇) အဆစ်အမြစ်ရောင်ရောဂါ - ၃ ရက် - ၂ ပတ် (သတိပြုရန်) ရေကုထုံးတွင် ရေနွေး(သို့မဟုတ်) ရေခပ်နွေးနွေးနှင့် ရေသန့်ကိုသာ သုံးသင့်၏။ ညသိပ်ရေနွေးနှင့် ဓါတ်ဗူးထဲတွင် (၆) နာရီကျော်အောင် သိပ်ထားသော ရေနွေးသည် အဆိပ်ထက်ပြင်းသည်ကိုလည်း သိထားရန်လိုအပ်၏။ (ဇီဝိတဒါနအဖြစ် မည်သူမဆိုင် မျှဝေပေးနိုင်ကြပါသည်။ လူသားတိုင်း သက်ရှည်ကျန်းမာကြပါစေ) စောနွဲ့ နေဆိုင် (ပူတာအို) ကိုးကား။ ။ ဦးတိုးအောင်၏ အစွမ်းထက် ရေကုထုံးအား ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ Credit to : ကျန်းမာရေးသတင်းများ

No comments: